နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၁)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ကျနော် ယခုရက်ပိုင်းမှာ ကျောင်းက ကလေးတွေရဲ့  ကာယ ဥာဏ စိတ်ဓါတ် စသည် တနှစ်အတွက် ဖွံ့ဖြိုးမှု တိုးတက်မှု စတာတွေကို တဦးချင်းစီရဲ့ တိုးတက်မှုတွေကို ပြီးခဲ့တဲ့နှစ် ဆရာ/ဆရာမတွေ သုံးသပ်ချက်တွေ နဲ့ယှဉ်ပြီး မှတ်တမ်းတွေ ရေးနေရလို့ မအားတာရော နိုင်ငံတော်အရေးအတွက် တခြားအရေးကြီး ကိစ္စလေးတွေ ရှိနေလို့ ဆောင်းပါးတွေ မရေးနိုင်တာနားလည်ပေးစေလိုပါတယ်။ နောက်တချက်ကလဲ တရုတ်ပြည် စီးပွားရေးသုံးသပ်ချက်ပေါ့။ ဖိုးသူတော်လဲတော့ တောင်းဝှေးမကူနိုင် ဆောင်းပါးက ကျနော်က ဒီမိုဝေယံကိုပို့ထားတာ ကြာပါပြီ။ ဟိုဘက်ကလည်း အလုပ်တဖက်နဲ့ မအားတာလည်းပါတယ်။ နောက် ကျနော်က မြန်မာစာက တော်တော်လေးညံ့တော့ သူ့ခမျာ ကျနော်ပို့တာကိုတန်းတင်ဖို့က စာလုံးပေါင်းတွေ အပိုဒ်ခွဲတာတွေ တော်တော်လေး ပြင်ဆင်ပေးရရှာပါတယ်။ မတတ်နိုင်ဘူး။ ကျနော်လည်း တတ်နိုင် သလောက်တော့ စစ်တာဘဲ ။
အဲဒီမှာ မန္တလေးတရုတ် ကျောက်ဝိုင်းကိစ္စပေါ်လာတော့မှ ဒီမိုဝေယံကလဲ ကမန်းကတန်း ဖိုးသူတော် ဆောင်းပါးကို တင်ပေးရပါတော့တယ်။ အခု တရုတ်ပြည်တင်မကပါဘူး .... ကမ္ဘာကြီးတခုလုံးပါ စီးပွားရေး အကြပ်အတည်းကို တာဆူစ ပြုနေပါပြီ။ တော်တော်လေး ရင်လေးစရာကောင်းတဲ့ အကြပ်အတည်းကြီး ပေါ်လာနိုင်ပါတယ်။ အခုလည်း သွားနိုင်တဲ့ဖိုးသူတော်ကြီးက တရုတ်တင်မက ဥရောပ နဲ့ သြစတေးလျ တို့ပါ ထိခိုက်လာနိုင်တယ်ဆိုပြီး စီးပွားရေးပညာရှင်တွေ သုံးသပ်လာနေကြပါတယ်။ ကျနော် ဝေဖန်ချက်မဟုတ်ပါ ။
ဖိုးသူတော်ဆောင်းပါးနဲ့ ဆက်စပ်ပြီး ဆက်ရေးရန် ရှိနေပါတယ်။ အဲဒီဟာကို ဆက်မရေးခင် တခြားကို လိုင်းအသစ်ဖွင့် ရေးလာတာကိုလည်း နားလည်ပေးစေ လိုပါတယ် ။
ဒါကလဲ ကျနော်ရေးချင်နေတာ ကြာပါပြီ။ အထဲက ပါတီကြီးတွေ၊ ပါတီအသစ်တွေကို အဓိက ထားဝေဖန်ရတာမို့ မေးခွန်းထုတ်ရတာမို့ သူတို့ရဲ့ အနေအထားကို မထိခိုက်စေချင်လို့ မဝေဖန်ခဲ့ပါဘူး။ သို့သော် တချို့သော မိတ်ဆွေတွေ၊ တချို့အီးမေးလ်တွေကနေ ဆရာက နှစ်ဖက် မျှမျှတတတော့ ဝေဖန်သင့်ပါတယ်။ ပြောလာတာကလည်း ရှိလာတာရော တိုင်းပြည်ပြုပြင်ရေးမှာ လက်ရှိအတိုင်း အစိုးရအသစ်ကို ဗိုလ်နေမြဲကျားနေမြဲ ဆက်သွားနေရင် မရတော့လို့ အခုတော့ ပါတီကြီးတွေနဲ့ ကိုယ်ရဲ့ ဒီမိုကရေစီ ဘက်တော်သားတွေအပေါ် ဝေဖန်တာကို လုပ်ရတာပါ။ တကယ်တော့လည်း တိုင်းပြည်အရေးကို အလေးထားသူမှန်ရင် နှစ်ဘက် ကိုယ်မြင်တာလေးတွေ ထောက်ပြမှသာ သမာသမတ် ကျမှာလည်း ဖြစ်ပါတယ်။
တိုင်းပြည်အရေးကို ကိုယ်မြင်တာမှ အမှန်ကန်ဆုံး အလုပ်သင့်ဆုံးလို့တော့ ကျနော်မဆိုလိုပါဘူး။ အဲဒီစိဓါတ်ဟာ အတ္တကြီးမားသူတွေရဲ့ စိတ်ထားကိုဖေါ်ပြတဲ့ မျက်နာပြင်တခုပါဘဲ။ စိန်တပွင့်မှာ မျက်နှာပြင်တွေ အများကြီးရှိသလိုပါဘဲ။ ငါသာလျှင်အသိဆုံး အမှန်ဆုံးဆိုတဲ့စိတ်ဟာ အတ္တကြီးတာကိုပြတဲ့ မျက်နာပြင်တခုပါဘဲ ။ အဲဒီလိုစိတ်ဓါတ်တွေဟာ ဦးနေ၀င်း (ဦး) သန်းရွှေနဲ့ ဗိုလ်ချုပ်တွေမှာ လွှမ်းမိုးခဲ့လို့ တခြားတတ်ကျွမ်းသူ ပညာရှင်တွေကို အလေးထားရကောင်းမှန်းတောင် အသိတရားမဲ့သွားလို့ ကျနော်တိုင်းပြည်ကြီးဟာ သယံဇာတတွေ ဒီလောက်ပေါကြွယ်ပြီး ကုန်းကောက်စရာမရှိအောင် မွဲပြာကျသွားစေခဲ့တာဟာ ဒီလို အတ္တစိတ် လွန်ကဲမှုတွေကြောင့်ပါ။ ငါလုပ်တာ ငါသိတာ ငါပြောတာမှ အမှန်ဆိုတဲ့စိတ်ဟာ အာဏာရှင်စိတ်ဓါတ်ပါ။
ကျနော်ရေးထားတာလေးတွေကို အမြင်မတူတာရှိရင် (ရှိမှာပါဘဲ တတိုင်းပြည်လုံး အရေး ဘယ်သူ တဦးတယောက်မှ မှန်ကန်အောင် မတွေးနိုင်ပါဘူး) ပိုကောင်းမှာလေးတွေကို ဆွေးနွေးလာကြဖို့ ဖိတ်ခေါ်ပါတယ်။ သို့သော် တချို့ပုဂ္ဂိုလ်ရေး အာဃာတ တွေနဲ့ လူကိုထိခိုက်လာတာ ကလော် တုတ်လာတွေကိုတော့ (နာမည်လဲမဖေါ်ရဲဘဲ) ကိုတော့ အရေးလုပ်စရာမလိုလို့ပါ။ အခု ရန်ကုန်က ဖုံးဆက်လာတာကတော့ ကျနော်ကို အမျိုးမျိုးပုတ်ခတ်နေသူက ၁၉၈၆-မှာ ကျနော်က သောက်ရေသန့်လုပ်ဖို့ ငွေအားလူအား အစုအစပ် လိုက်ရှာနေတာကို ဟာသလုပ်ခဲ့သူ ရေရောင်းစားဖို့ စဉ်းစားနေတာ ရူးနေပြီ ပြောခဲ့သူဖြစ်နေပါတယ်။ (အဲဒီတုန်းက ရေသန့်တွေ မပေါ်သေးပါဘူး) အခုလဲရူးနေပြီ ကိုယ်မိသားစု အရေးဘဲ လုပ်ပါဦးဆိုပြီး ကွန်မာန့်ရေးလာပါတယ်။ အဲ့ဒီလို ကွန်မာန့်လာရေးတဲ့သူ ကိုယ်တိုင်က မိသားစုတွေက ပါယ်ထားသူ မိန်းမများစွာ ယူထားသူ။ ကိုယ်တိုင်ကတော့ ချဲထိုးလို့ မိဘလက်ငုတ်စီးပွားပြုတ်ပြီး မြို့သစ်မှာ အိမ်ငှားနဲ့ နေတဲ့ဘ၀ ရောက်သွားသူပါ။ အဲဒီလိုရှိတာလေးတွေ စာဖတ်သူတို့  သိထားဖို့ လိုနေလို့ပါ။
ထားပါတော့ အထက်ကပြောခဲ့တဲ့ ငါလုပ်သာတာအမှန်ဆိုတဲ့ အဲဒီလိုစိတ်ဓါတ်မျိုး ဒီမိုကရေစီ အမည်ခံထားတဲ့ အခုအစိုးရကို ဆန့်ကျင်နေတဲ့ ပါတီတွေထဲမှာ ဘယ်သူမဆို အဲဒီလိုစရိုက် ယောင်ယောင်လေး ရှိနေရင် သတိထား သုံးသပ်ကြပေတော့။ တရက် အဲဒီလူအာဏာရလာရင် အခုထိုင်းက သက်ဆင်ရှင်န၀ပ် လိုဘဲ ဥပဒေကိုလိုသလိုပြုပြင်ပြီး ဒီမိုကရေစီ အာဏာရှင်နိုင်ငံတည်ထောင်လာမှာပါဘဲ။ အခုနေ အာဏာမရသေးတော့ အာဏာရှင်ကြီးကို တော်လှန်နေတာပါဘဲ။ တရက်အာဏာရလာရင် ဘယ်လိုလူလဲဆိုတာ ကြိုမြင်ထားဖို့ သတိပေးတာပါ။ (ဘယ်သူကိုမှ မရည်ညွှန်းပါ သို့သော် သတိကြီးကြိးထားကြဖို့ လိုပါတယ်)။
အခုကျနော်တို့ အတိုက်အခံ (အဲဒီအသုံးအနှုန်းကို တချို့က လက်မခံကြပါဘူး) ပါတီတွေ နိုင်ငံရေးအင်အားစုတွေ (ပြည်တွင်း ပြည်ပ) တွေဟာ အစိုးရကို ဖယ်ရှားဖို့ ဖြုတ်ချဖို့ (တော်လှန်းရေး- REVOLUTION) သို့မဟုတ် အသွင်ကူးပြောင်းရေး (EVOLUTION)ပေါ့ ကိုယ်အတိုင်းအတာနဲ့ ကိုယ်လုပ်တောင် နေကြတယ်လို့ ယုံကြည်ပါတယ်။ ဒီလိုရည်မှန်းချက်ကြီးကို ၈၈၈၈- ကာလနောက်ပိုင်း ချမှတ်ခဲ့ကြပါတယ်။ တိုင်းသူပြည်သား အများစုကလည်း အာဏာရှင်စံနစ်ကြီးကို မနှစ်မြို့ခဲ့ကြတာကို ၈၈၈၈-မှာပြသခဲ့သလို ၉၀-ခုနှစ်ရွေးကောက်ပွဲမှာလဲ တော့ တာဝန်ကျေပါပြီ။ ပြည်သူလူထုဘက်ကတော့ တာဝန်ကျေခဲ့ကြပါပြီ။ ဒီထက်ပိုတာဝန် ထပ်ပေးစရာမလိုတော့ပါဘူး ။
ပြည်သူလူထုဘက်က ဒီမိုကရေစီကို နားလည်မှုမှာ ဝေဝါးကောင်းဝေဝါးနေတယ် ပြောချင်ပြောကြပါ။ ဒီမိုကရေစီကို လိုချင်နေတဲ့ စိတ်ဓါတ်ကိုတော့ ထူးပြီးစည်းရုံး နေစရာမလိုတော့ပါဘူး။ ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးမှာလဲ ပြည်သူတွေ တာဝန်ကျေခဲ့ကြပါတယ်။ တာဝန်ကျေသလို လူတွေလည်း သေကြေကုန်ရပါတယ်။
အဲဒီတော့ ပြည်သူလူထုကို စည်းရုံးနေစရာမလိုတော့ လို့ဘဲမြင်ပါတယ်။ ကြံ့ဖွတ်က ညစ်ပတ်လိမ်ညာ ကောက်ကျစ်လုပ်နေတာကို လက်မခံအောင် လိုက်စည်းရုံးရန်ကတော့ လိုနေပါတယ်။ ဒီနေရာမှာ ပြည်သူလူထုကို ကြံ့ဖွတ်က န.အ.ဖ. လက်ထက်က မိုက်ကြေးခွဲပြီး အကြပ်ကိုင် ခြိမ်းခြောက်ပြီး စည်းရုံးခဲ့တယ်။ ရွေးကောက်ပွဲနီးလာတော့တာနဲ့ ယခုရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ အခုဆို အကူအညီ မဖြစ်စလောက်လေးပေး စည်းရုံးလာပါတယ်။ တကယ်က ပြည်သူလူထုက စိတ်ဓါတ်အနေနဲ့ကတော့ ကြံ့ဖွတ်ကို အသံတောင် မကြားချင်တော့ဘူး။ မျက်နှာကို ဆိုတာကေတော့ ပြောဖွယ်မရှိပါ။ တကယ်သာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိကြေးဆိုရင် ကြံ့ဖွတ်ကို တုတ်ထိုး လုပ်စားချင်နေကြတာပါ။ ပြည်သူက အခံရဆုံးဆိုတော ဒီလူစိတ်ကင်းမဲ့နေတဲ့ သတ္တ၀ါတွေကို အံကြိတ်ပြီး အချိန်အခါစောင့်နေကြတာပါ။
အဲဒိတော့ ကျနော်တို့က ပြည်ပမှာ အတော်အတန် လုံလုံခြုံခြုံနဲ့ ကြံ့ဖွတ်ကို သူခိုးကို သူခိုးလို့ ဗြောင်ကလော် တုတ်ခွင့်ရှိနေတယ်။ အဲဒီလို ကလော်တုတ်ရတာ တကယ်ကျနော် အနေနဲ့ ကလော်တုတ်ရတာလည်း ရန်တော့ မကင်းလှပါဘူး။ သူတို့လက်တံတွေဟာ ဒုစရိုက်သမားတွေနဲ့ အဆက်အသွယ် ကောင်းကောင်း ရှိနေကြသူတွေပါ။ ကမ္ဘာကို မူးယစ်ဆေးဝါး ထုတ်လုပ် တင်ပို့နေတဲ့သူတွေကို ပေါ့သေးသေး တွက်ဆရင် မှားသွားပါမယ်။ အဲဒီလိုပြောတော့ ကျနော်က တကယ့် အသက်စွန့်စားပြီးရေးနေတယ် ပြောလာနိုင်ပါတယ်။ တကယ်တော့ ကျနော့်အတွက်ရန်ရှိပါတယ်။ အဲဒီရန်ကို ကြောက်ကြလို့လည်း တချို့ နိုင်ငံရေး ပညာရှင်ကြီးတွေ စီးပွားရေး ပညာရှင်ကြီးတွေဆို ပြတ်ပြတ်သားသား မပြောကြ မဟောကြတာပါ။ ကျနော့်မိသားစုတွေကို ရန်ပြုနိုင်ပါတယ်။ သို့ပေမယ့် အခုနေ ကျနော် အသတ်ခံရရင်တောင် ကျနော်ပြောရရင် ဒီမိုကရေစီနိုင်ငံကြီးမှာ လူဖြစ်ခွင့် ခံစားရဘူးထားတော့ ကျနော့်ကို ဒီလိုခံစားခွင့်ရဖို့ အသက်ပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာ၊ ဘ၀အခက်ခဲပေါင်းများစွာ၊ ပေးဆပ်ခဲ့သူ ပေးဆပ်နေဆဲ ရဲဘော်တွေအပေါ် တိုင်းရင်းသားတွေအပေါ် မျက်ကွယ်ပြုရာ ရောက်နေပါတယ်။ တနည်း သစ္စာမဲ့ရာ ရောက်နေပါတယ်။ ဒါကြောင့် ကျနော်ဟာ အခုလို တစ်တစ်ခွခွ ရေးနေရုံတင်မကပါ ကျနော့်ဝင်ငွေထဲက အတော်များများကို တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်ရေးအတွက် သုံးခဲ့ပါတယ်။ အတော်များများကို သုံးခဲ့တယ်... သုံးနေဆဲပါ။ ဆက်လက်ပြီးတော့လည်း သုံးပါဦးမယ်။
အိမ်ဝယ်ဖို့ ကားဝယ်ဖို့ အိုစာမင်းစာဆိုတာ ကျနော့်ခေါင်းထဲ တခါမှမစဉ်းစားဘူးပါ။ အချားနိမ်းဘဲ။ ခေါင်းထဲမှာ အိုစာမင်းစာဆိုတာကို တစက်ကလေးမှ ထည့်မတွက်ပါ။ မှန်တာပြော သစ္စာပါ။ နယ်စပ်မှာ တိုင်းရင်းသား မိသားစုတွေဆို မိဘတွေပူပင်နေရ ကလေးငယ်လေးတွေ ဘ၀ဆိုတာ နက်ဖြန်အတွက် ဘယ်လိုဖြစ်မယ်တောင် မတွေးတော ၀ံ့အောင်ဖြစ်နေတဲ့အချိန်မှာ ကျနော်က အေးအေးဆေးဆေးနေရပြီး နောင်လာမဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ်အတွက် တွေးပြင်ဆင်နေတာကတော့ သစ္စာမရှိရာ ရောက်နေပါတယ်။ အ၀တ်အစားဆိုရင် အိမ်မှာလာကြည့်ပါ။ တထည်ကို -၂၅-ဒေါ်လာထက် တန်ဖိုးကြီးတာတွေ့ရင် ဒေါ်လာ- ၁၀,၀၀၀ ပေးပါမယ်။ ဘုရားကျောင်းကရောင်းတဲ့ အဟောင်းတွေ ၀ယ်ဝတ်တယ်။ မုန့်ဆို ခါလေးတောင် ၀ယ်မစားဘူး။ ရေသန့် ဝယ်မသောက်ဘူး။ တိုင်းပြည်အတွက်ဘဲ သုံးပါတယ်။
ကျနော်ဆိုတဲ့သစ္စာက ကျနော်အခုလိုပြောဆိုတာ စိတ်ထဲတကယ် အမှန်အတိုင်း ပြောဆိုတဲ့အတွက် အိုစာမင်းစာ ကိုမကြံဆရဘဲ အိုစာမင်းစာ အခက်မတွေ့ ပါရစေဆိုတာပါဘဲ။ တကယ်ပါ တစက်ကလေးမှ မတွေးခဲ့ မကြံစည်ခဲ့ပါ။ မကြံစည်တော့ အဲဒီအတွက် ပူပင်ရတာကို မရှိတော့ပါဘူး။ တကယ်လည်း ကိုယ့်ရဲ့သစ္စာကို လေးလေးနက်နက် အားပြုထားပါတယ်။ အဲဒီလောက်ကို ကိုယ့်သစ္စာအပေါ် အပြတ် ယုံကြည်မှုထားပါတယ်။ အဲဒီ သစ္စာကြောင့်လဲ မလေးရှားမှာ ကျနော့်ကိုပြန်ပေးဆွဲဖို့ မရရင် အပြတ်ရှင်းဖို့ကို လုပ်မယ့်ဟာကနေ လွတ်မြောက်ခဲ့ပါတယ်။ သစ္စာတရားဆိုတာ မမြင်ရပေမဲ့ အလွန်အားကြီးပါတယ်။ အခုကျနော်ကိုသတ်လဲ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘူး အစိုးရကိုတော့ ဝေဖန်တယ် တော်လှန်ရေးလုပ်တယ်။ ကျနော်ကို သတ်သူဟာ ဘယ်သူဆိုတာ အဖြေတွက်နေစရာ မလိုတော့ပါဘူး။
ကျနော် မိသားစုကို ထိလို့ကလည်း ပြန်လုပ်စရာရှိတယ်လေ။ ကားယား မှောက်သွားအောင် ပြန်တွယ်မယ်။ ဗိုလ်ချုပ်ပြောခဲ့စကား (မနိုင်ရင် လက်လွတ်နေရင် လက်သီးနဲ့ ပြန်ထိုး လက်မလှုပ်နိုင်ရင် ခြေတောက်နဲ့ကန် မနိုင်တကာ့အဆုံး ပါးစပ်နဲ့ကိုက်) ဘဲ။ ကျနော်တို့ တတွေမှာ အစွယ်တွေရှိတယ်။ အဆိပ်တွေရှိတယ်။ ပြန်ကိုက်ရဲကြဖို့သာ လိုပါတယ်။ ပြည်တွင်းက ကျနော့်ညီတွေ / ညီမတွေ ဆွဲရဲဆွဲကြည့်ပါ။ ဆွဲတယ် ဖမ်းတယ် ဆိုလိုက်တာနဲ့ တပတ်အတွင်း ဆော်ပြပြစ်ပါမယ်။ ဗိုလ်ချုပ်မိန့်ခွန်း လက်သီးတို့ပါးစပ်နဲ့ ကိုက်ဆိုတာ တကယ် လက်သီးလို့တော့ ဘောင်ခတ်မမြင်ကြပါနဲ့။ တကယ်ပါးစပ်နဲ့ ကိုက်ခိုင်းတယ်လို့ ဘောင်ကျဉ်းကျဉ်းလေးထဲက မြင်ယောင်တာ မလုပ်မိဖို့ တော့လိုပါတယ်။ ဖေါက်ထွက် မြင်ကြစေလိုပါတယ်။ ဗိုလ်ချုပ်မိန့်ခွန်းမှာ သူတို့က ယုတ်မာရင် ကိုယ်ကလည်း ယုတ်မာပြရမယ်။
ဥပမာလေးပေါ့ဗျာ။ ကျနော် ၂၀၀၇-လောက်က ဆေးခန်းတခုမှာ ဖတ်ရတဲ့ Australia National Geographic မဂ္ဂဇင်းထဲက ဖတ်ရတာလေးပါ။ သြစတေးလျက ကျီးကန်းတွေက အခွံမာသစ်သီး(nuts) တွေကို စားချင်တဲ့အခါ သူတို့က အခွံတွေကို မခွဲနိုင်ဘူး။ အဲဒီတော့ အဲဒီသစ်သီးတွေကို ကားလမ်းမတွေ၊ မီးပွိုင့်မှာ မီးအနီပြတာကို ထိုင်စောင့်တယ်။ မီးနီလို့ ကားတွေရပ်ရင် ကားဘီအောက်ထဲကို အဲဒီအခွံမာ အသီးကိုချထားတယ်။ မီးပွိုင့်ကစိမ်းလို့ ကားတွေ လှိမ့်တော့ အခွံကိုကားဘီးက ကြိတ်တော့ ကွဲကုန်တော့မှ အထဲက အဆံကိုစားကြတယ်။ သူတို့က မီးပွိုင့်ကို မီးနီစောင့်တာတောင် နောက်ဆုံးကား အောက်မှာမှ အသီးကို ချထားဖို့  သူတို့ ရဲ့ ဦးဏှောက်သေးသေးလေးနဲ့  သိကြတာ။
အဲဒီလောက် ဥာဏ်ထုတ်သုံးပြီး အခက်အခဲကိုဖြေရှင်းနိုင်ကြတာ ကျနော်တို့က ဒီလောက်အတ္တလွန်ကဲပြီး တလွဲတချော်တွေ မတရားလုပ် နေတဲ့ အစိုးရကို ထိအောင် ယိုင်သွားအောင် မလုပ်နိုင်တာ အစိုးရကကိုတော်လွန်းနေတာလား ကျနော်တို့ နိုင်ငံရေးပါတီကြီးတွေက ချော်လွန်းနေလို့ လား ကိုတော့ သုံးသပ်ဖို့အချိန်က အတော်လေးကို လွန်နေခဲ့ပါပြီ။ အစိုးရကိုက တော်လွန်းနေရင်လည်း သူတို့ဆက် အုပ်ချုပ်ပါစေတော့။ ပြုပြင်ပြောင်းလဲရေး လုပ်မနေတော့ဘဲ လက်တွဲလိုက်တာ တိုင်းပြည်အတွက် ပိုကောင်းပါမယ်။ ကိုယ်ဘက်က ညံ့နေတာဆိုရင်လည်း ကိုယ့်အားနည်းချက်ကို အရှိကိုအရှိအတိုင်း ပြန်သုံးသပ် ကြရပါတော့မယ်။ ကျနော်ကတော့ အစိုးရဟာ အလွန်ညံ့တယ်ဘဲ မြင်ထားလို့ ရှိတာနဲနဲလေး အင်အားနဲနဲရရင်ကို ဆော်ချင်တာ။ ကိုယ့်ဘက်ကလဲ ညံ့တယ်လို့မြင်ပါတယ်။ ဒီလောက်ညံ့တဲ့ အစိုးရကို ထိုးမချနိုင်တာ ကိုယ့်ဘက်က ညံ့နေလို့ပေါ့။
ဒါပေမဲ့ လက်ရှိ လွန်ခဲ့သော ၂၃- နှစ်က ပုံစံအတိုင်း သွားနေလို့ အပြောင်းအလဲကို ဖေါ်ဆောင်နိုင်မယ်ဆိုတဲ့ လမ်းစဉ်ကို ကျနော်တော့ သိပ်အားမရတော့ဘူး။
အဲဒါကြောင့် အချိန်အကြာကြီးအောင့်ထား မျိုသိပ်ထားရတာကို ကနေ့ ဖွင့်ချလိုက်တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ နိုင်ငံရေးခေါင်းဆောင်ကြီးများ ပါတီခေါင်းဆောင်ကြီးများ ဘယ်လိုခြေလှမ်းနဲ့ ဘယ်လို စခန်းသွားကြပါမလဲ...။ ပြည်သူလူထုကို နဲနဲလေးတော့ ချပြသင့်ပါပြီ။ ဒီလိုပြောလာတော့ အစီိုးရသိလို့မဖြစ်ဖူး ဒါလျှို့ဝှက်လို့ ပြောစရာရှိတာပေါ့။ ဟုတ်ပါတယ်။ ဒါပေမယ့် အစိုးရကလည်း ကိုယ်ထက်တော်တော့ အခုနိုင်ငံရေးပါတီကြီးတွေ လျှို့ဝှက်ထားတာ အကုန်နီးပါးကို ရအောင် ယူနိုင်တာကိုလည်း ပြန်စဉ်းစားရပါမယ်။ နောက်တခုက ပြည်သူလူထုအရေးကို အပြောင်းအလဲ ဖြစ်အောင်လုပ်ရာမှာ ပြည်သူလူထုကိုတော့ အသိပေးရန်လည်း တာဝန်ကရှိနေလို့ပါ။ ဘာလို့လည်း ဆိုတော့ ၂၀၀၄-နောက်ပိုင်းကထဲက ပြည်ပကဆရာကြီးတွေ နိုင်ငံရေး ပရောဟိတ်ကြီးတွေက အပြောင်းအလဲ ဖြစ်အောင် ပြည်တွင်းက ပြည်သူလူထုကိုယ်တိုင် တော်လှန်ရေးလုပ်မှသာ ဖြစ်ပါတော့မည်လို့ အပြတ် ပြောထားခဲ့ကြပါပြီ။ မှန်ပါသည်.. အပြောင်းအလဲကို ပြည်သူလူထုကသာ ဆုံးဖြတ်ပွဲဆင်နွှဲ ပေးနိုင်မှာဖြစ်ပါတယ်။
အဲဒီမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်လာဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါလာမယ့် လူထုအုံကြွမှုကြီးကို နိုင်ငံရေးခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။ တနည်း အာရပ်ကမ္ဘာလို အုံကြွမှုကြီးမျိုးကို မျှော်နေကြပါတယ်။ မျှော်တာ မှားတယ်လို့ မပြောလိုပါ။ စစ်အာဏာရှင်ကို ဖြုတ်ချဖို့က ပြည်သူတရပ်လုံး အုံကြွလာမှသာ (တတိုင်းတပြည်လုံး) အတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ်အားလုံး ပါဝင်လာမှသာ ဖြစ်နိုင်ပါမယ်။ ၈၈၈၈-လုံး နဲ့ ရွှေဝါရောင်မှာလို အဓိက မြို့ကြီးနှစ်ခုလောက် ဆန္ဒပြရုံလေးနဲ့ ကတော့ အစိုးရကလဲ မုဆိုးစိုင်သင် ဖြိုးခွင်းရေး ပြင်ထားပါတယ်။ သူတို့ က အံတိုနေပါပြီ။
အဲဒီတော့ တပြည်လုံး (တိုင်းရင်းသားတွေပါ မကျန်) ပါလာမှသာ အောင်မြင်နိုင်ပါမယ်။ ဒီတနည်းဘဲရှိပါတယ်။ အဲဒီလိုဖြစ်လာဖို့ကတော့ ထိုင်ပြီးမျှော်နေတာမျိုး မလုပ်သင့်ပါ။ ထိုင်မျှော်နေတာ ကတော့ နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေ မလုပ်သင့်ပါ။ အခုနပြောတဲ့ ကျီးကန်းလို သစ်သီးကို ကားဘီးအောက်ထဲ ချထားတာမလုပ်ဘဲ ကားလမ်းပေါ် သူ့အလိုလိုကျလာတဲ့ သစ်သီးအကွဲကို လိုက်ရှာနေတဲ့ ကျီးကန်း အဆင့်ဘဲဖြစ်ပါမယ်။ ကားလမ်းပေါ် သစ်သီးက ဘယ်လိုလုပ် ရောက်လာပါ့မလည်း။ တလုံးတလေလောက်ဘဲ ရောက်လာနိုင်ပါမယ်။ တခါ ကားတိုင်း တက်ကြိတ်ထားရင်ရော စားစရာကျန်ပါ့အုံးမလား။
(၁) လက်နက်ကိုင် လမ်းစဉ်လား။ အခုတချို့ က ၈၉-၉၅- လောက်အထိ လက်နက်ကိုင် တိုက်ခဲ့ကြတယ်။ အများစုက တတိယနိုင်ငံတွေမှာ အခြေချကုန်ပြီ။ အိမ်ဝယ်ကားဝယ်နဲ့ ပညာသင်ကြပြီး ကမ်းခြေတွေမှာဇိမ်ခံ ငွေစု နိုင်ငံတကာ အပျော်ခရီးထွက်ကြ စားသောက်လို့ ဝဖီးနေကြပြီး ဖေ့စ်ဘွတ်ပေါ်မှာ ငါတို့က ဒီလိုနေတယ် ဒီလို အပျော်ခရီးထွက်နေကြတယ် ကြွားနေကြတယ်။ အခုတရေးနိုထပြီး အေကေ-၄၇ ကိုင်ကြမယ်အော်တယ်။ တကယ်ကိုင်ထားတာက အေကေ မဟုတ် အကင်နဲ့ဘီယာ။ နယ်မြေရှိတယ် ငွေအင်အားရှိတယ် လူမျိုးစုရှိတယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေတောင် အခုအင်မတန် အင်အားကြီးထွားလာ လက်နက်ပိုပြည့်စုံလာတဲ့ စစ်တပ်ကြီးကို ခံစစ်ဆင်ဖို့တောင် ခက်ခဲနေချိန်မှာ လက်နက်ကိုင် တော်လှန်ကြမယ် အော်နေကြတာ တော်လှန်ရေးအာရုံကို လမ်းလွဲအောင် လုပ်နေသူတွေလို့ဘဲ အပြတ်ပြောချင်ပါတယ်။ တကယ်လက်နက်ကိုင် လမ်းစဉ်ကို လုပ်ချင်ရင် ပထမဆုံးကိုယ့်ရဲ့ ပိုင်ဆိုင်မှုထဲက (သုံးပုံတပုံလောက်) တွေကို အဲဒီတိုင်းရင်းသား လက်နက်ကိုင်တွေ ဆီ နဲနဲ ထည့်ဝင်ပေးကြပါ။ သူတို့ လိုနေတာ ဒေါ်လာပါ ။
နောက်လက်နက်ကိုင်လမ်းစဉ်မှာ ကိုယ်ကလက်နက်ကို မှောင်ခိုဈေးကြီး ပေးဝယ်နေရတယ်။ ထိုင်းက ကြပ်ထားရင် ရဖို့မလွယ်ဘူး။ စစ်တပ်က ကိုယ်တိုင်ထုတ်လုပ်တယ်။ ဈေးက နဲနဲလေး။ လူအင်အား စစ်တပ်ကလိုရင် တပ်သားသစ်ဆွဲမှာဘဲ။ ပေါ်တာဆွဲ ... ရွာသားတွေ ခံရရုံမပြီးသေး မုဒိမ်းကျင့်ခံရ အသတ်ခံရ။ ဘယ်လိုလုပ်ပြိုင် ယုတ်မာနိုင်မှာလဲ။ နိုက်ကလပ်ထဲကနေ ဘီယာမူးလာမှ ပါးစပ်နဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး အော်နေတာတွေရပ်ကြပါ။ လူနှစ်ယောက် ကြုံဖးပါတယ်။ ကျနော်တို့က နောက်ဆုံးမရတော့ရင် လက်နက်ကိုင်မယ် ဘာညာနဲ့။ ကျနော်က အခုမရနိုင်တော့ဘူး။ တကယ် လက်နက်ကိုင်မှာလား။ အခုသွား တယောက်ကို လက်နက်ကျည်ဆံ အပြည့်တာဝန်ယူတယ်။ မြန်မာပြည်ထဲမှာ ရှိနေတဲ့ရက်တွေအတွက် တယောက်ကို လစဉ်တလ အတွက်ဒေါ်လာ-၁၅၀ တာဝန်ယူတယ်။ ထိုင်းဘက်ပြန်နေရင် မပေးဘူးပြောလိုက်တော့ ပါးစပ်ပိတ်သွားတယ်။
(၂) တွေ့ဆုံဆွေးနွေးရေးလား
ဆက်လက်ဖော်ပြပါမည်...
(၁) လက်နက်ကိုင် လမ်းစဉ်လား။ အခုတချို့ က ၈၉-၉၅- လောက်အထိ လက်နက်ကိုင် တိုက်ခဲ့ကြတယ်။ အများစုက တတိယနိုင်ငံတွေမှာ အခြေချကုန်ပြီ။ အိမ်ဝယ်ကားဝယ်နဲ့ ပညာသင်ကြပြီး ကမ်းခြေတွေမှာဇိမ်ခံ ငွေစု နိုင်ငံတကာ အပျော်ခရီးထွက်ကြ စားသောက်လို့ ဝဖီးနေကြပြီး ဖေ့စ်ဘွတ်ပေါ်မှာ ငါတို့က ဒီလိုနေတယ် ဒီလို အပျော်ခရီးထွက်နေကြတယ် ကြွားနေကြတယ်။ အခုတရေးနိုထပြီး အေကေ-၄၇ ကိုင်ကြမယ်အော်တယ်။ တကယ်ကိုင်ထားတာက အေကေ မဟုတ် အကင်နဲ့ဘီယာ။ နယ်မြေရှိတယ် ငွေအင်အားရှိတယ် လူမျိုးစုရှိတယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေတောင် အခုအင်မတန် အင်အားကြီးထွားလာ လက်နက်ပိုပြည့်စုံလာတဲ့ စစ်တပ်ကြီးကို ခံစစ်ဆင်ဖို့တောင် ခက်ခဲနေချိန်မှာ လက်နက်ကိုင် တော်လှန်ကြမယ် အော်နေကြတာ တော်လှန်ရေးအာရုံကို လမ်းလွဲအောင် လုပ်နေသူတွေလို့ဘဲ အပြတ်ပြောချင်ပါတယ်။ တကယ်လက်နက်ကိုင် လမ်းစဉ်ကို လုပ်ချင်ရင် ပထမဆုံးကိုယ့်ရဲ့ ပိုင်ဆိုင်မှုထဲက (သုံးပုံတပုံလောက်) တွေကို အဲဒီတိုင်းရင်းသား လက်နက်ကိုင်တွေ ဆီ နဲနဲ ထည့်ဝင်ပေးကြပါ။ သူတို့ လိုနေတာ ဒေါ်လာပါ ။
နောက်လက်နက်ကိုင်လမ်းစဉ်မှာ ကိုယ်ကလက်နက်ကို မှောင်ခိုဈေးကြီး ပေးဝယ်နေရတယ်။ ထိုင်းက ကြပ်ထားရင် ရဖို့မလွယ်ဘူး။ စစ်တပ်က ကိုယ်တိုင်ထုတ်လုပ်တယ်။ ဈေးက နဲနဲလေး။ လူအင်အား စစ်တပ်ကလိုရင် တပ်သားသစ်ဆွဲမှာဘဲ။ ပေါ်တာဆွဲ ... ရွာသားတွေ ခံရရုံမပြီးသေး မုဒိမ်းကျင့်ခံရ အသတ်ခံရ။ ဘယ်လိုလုပ်ပြိုင် ယုတ်မာနိုင်မှာလဲ။ နိုက်ကလပ်ထဲကနေ ဘီယာမူးလာမှ ပါးစပ်နဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး အော်နေတာတွေရပ်ကြပါ။ လူနှစ်ယောက် ကြုံဖးပါတယ်။ ကျနော်တို့က နောက်ဆုံးမရတော့ရင် လက်နက်ကိုင်မယ် ဘာညာနဲ့။ ကျနော်က အခုမရနိုင်တော့ဘူး။ တကယ် လက်နက်ကိုင်မှာလား။ အခုသွား တယောက်ကို လက်နက်ကျည်ဆံ အပြည့်တာဝန်ယူတယ်။ မြန်မာပြည်ထဲမှာ ရှိနေတဲ့ရက်တွေအတွက် တယောက်ကို လစဉ်တလ အတွက်ဒေါ်လာ-၁၅၀ တာဝန်ယူတယ်။ ထိုင်းဘက်ပြန်နေရင် မပေးဘူးပြောလိုက်တော့ ပါးစပ်ပိတ်သွားတယ်။
(၂) တွေ့ဆုံဆွေးနွေးရေးလား
ဆက်လက်ဖော်ပြပါမည်...
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

(ဒီလောက်ညံ့တဲ့ အစိုးရကို ထိုးမချနိုင်တာ ကိုယ့်ဘက်က ညံ့နေလို့ပေါ့။)
ReplyDeleteမှန်လိုက်လေ ဦးလှိုင်မြင့်-ရေ
(ဒါပေမယ့် အစိုးရကလည်း ကိုယ်ထက်တော်တော့ အခုနိုင်ငံရေး ပါတီကြီးတွေ လျှို့ဝှက်ထားတာ အကုန်နီးပါးကို ရအောင် ယူနိုင်တာ ကိုလည်း ပြန်စဉ်းစားရပါမယ်။)
လျှို့ဝှက်ကုန်သူ တော်တော်များများက သတင်းပေးတွေလေ ဦးလှိုင်မြင့်-ရဲ့ 
(၂၀၀၄-နောက်ပိုင်းကထဲက ပြည်ပကဆရာကြီးတွေ နိုင်ငံရေး ပရောဟိတ်ကြီးတွေက အပြောင်း အလဲ ဖြစ်အောင် ပြည်တွင်းက ပြည်သူလူထု ကိုယ်တိုင် တော်လှန်ရေး လုပ်မှသာ ဖြစ်ပါတော့မည်လို့ အပြတ် ပြောထားခဲ့ကြပါပြီ။)
မတရားအသင်းဖြစ်တဲ့ ဗကပက လက်နက်မရှိတော့ လူထုကို လက်နက်သဖွယ် သုံးမယ့်စီမံကိန်းပါ။ ပြည်ပမှာရော ပြည်တွင်းမှာပါ ရရာနေရာဝင်ယူမူ နဲ့ နေရာယူထားပြီး သူတို့ က ရှေ့မထွက်ဘူး သူတို့ ဦးဆောင်မူ အတိုင်း လိုက်လုပ်မဲ့သူတွေကို ခေါင်းဆောင်တင် ဒီမိုက်ရေစီ လူထုလှုပ်ရှားမူ အသွင်နဲ့ အမေရိကန်ပေးတဲ့ အကူအညီ အသုံးချပြီး လုပ်နေတာပါ။
အဲဒီမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်လာဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါလာမယ့် လူထုအုံကြွမှုကြီးကို နိုင်ငံရေးခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။ (တနည်း အာရပ်ကမ္ဘာလို အုံကြွမှုကြီးမျိုးကို မျှော်နေကြပါတယ်။ မျှော်တာ မှားတယ်လို့ မပြောလိုပါ။စစ်အာဏာရှင်ကို ဖြုတ်ချဖို့က ပြည်သူတရပ်လုံး အုံကြွလာမှသာ (တတိုင်းတပြည်လုံး) အတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ်အားလုံး ပါဝင်လာမှသာ ဖြစ်နိုင်ပါမယ်။ ၈၈၈၈-လုံး နဲ့ ရွှေဝါရောင်မှာလို အဓိက မြို့ကြီးနှစ်ခုလောက် ဆန္ဒပြရုံလေးနဲ့ ကတော့ အစိုးရကလဲ မုဆိုးစိုင်သင် ဖြိုးခွင်းရေး ပြင်ထားပါတယ်။ သူတို့ က အံတိုနေပါပြီ။)
ReplyDeleteအစိုးရတင် အံတိုတာမဟုတ်ဘူး၊ ပြည်သူလူထုကလဲ အံတိုနေပြီး ၀င်မပါကျတော့ ဘူးလေ။ ခံရတော့ကိုယ် စံမှာကသူတို့ ။ အခုလူထု အုံကြွမူကြီး တောင်းဆိုနေသူတွေ အာဏာရလာရင် ငါ့ခေါင်းမှ ရှိသေးရဲ့ လား ဆိုပြီး ဖြစ်နေမဲ့အတူတူ စစ်တပ်ရှိပေ လို့ သာဘဲလို့  အတွေးရှိတဲ့သူတွေ အများကြီး။
အာဏာကို ရွေးကောက်ပွဲကနေ တစ်ဆင့် ရယူပါလို့  သမတကြီးက ပြောပြီးသား။ ပြည်သူလူထုကလဲ အေးဆေး တည်ငြိမ်တဲ့ ဒီလမ်းကိုဘဲ ကြိုက်တယ်။
I am fully respect to U Hlaing Myint.
ReplyDeleteတရုတ်ကြီး စီးပွားပျက်လား မပျက်လားတော့ မသိဘူး။အမေရိကန်ရဲ့ အဓိက အကြွေးရှင် နိုင်ငံဟာတရုတ် ဖြစ်နေတယ်။လောလောဆယ် အမေရိကန်မှာ အစိုးရ အသုံးစရိတ် ထပ်မံတိုးချေးဖို့ လွှတ်တော်မှာ အိုဘားမား အသည်းအသန် တောင်းဆိုနေတာကို ကြည့်တော့ ဘယ်လောက်တောင် အမေရိကန် ဘဝပျက်နေလည်းဆိုတာ....။(Army)
ReplyDelete"အိမ်ဝယ်ဖို့ ကားဝယ်ဖို့ အိုစာမင်းစာဆိုတာ ကျနော့်ခေါင်းထဲ တခါမှမစဉ်းစားဘူးပါ။ အချားနိမ်းဘဲ။ ခေါင်းထဲမှာ အိုစာမင်းစာဆိုတာကို တစက်ကလေးမှ ထည့်မတွက်ပါ။ မှန်တာပြော သစ္စာပါ။ နယ်စပ်မှာ တိုင်းရင်းသား မိသားစုတွေဆို မိဘတွေပူပင်နေရ ကလေးငယ်လေးတွေ ဘ၀ဆိုတာ နက်ဖြန်အတွက် ဘယ်လိုဖြစ်မယ်တောင် မတွေးတော ၀ံ့အောင်ဖြစ်နေတဲ့အချိန်မှာ ကျနော်က အေးအေးဆေးဆေးနေရပြီး နောင်လာမဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ်အတွက် တွေးပြင်ဆင်နေတာကတော့ သစ္စာမရှိရာ ရောက်နေပါတယ်။ အ၀တ်အစားဆိုရင် အိမ်မှာလာကြည့်ပါ။ တထည်ကို -၂၅-ဒေါ်လာထက် တန်ဖိုးကြီးတာတွေ့ရင် ဒေါ်လာ- ၁၀,၀၀၀ ပေးပါမယ်။ ဘုရားကျောင်းကရောင်းတဲ့ အဟောင်းတွေ ၀ယ်ဝတ်တယ်။ မုန့်ဆို ခါလေးတောင် ၀ယ်မစားဘူး။ ရေသန့် ဝယ်မသောက်ဘူး။ တိုင်းပြည်အတွက်ဘဲ သုံးပါတယ်။"
ReplyDeleteဆရာ ဦးလှိုင်မြင့်ရဲ့သတင်းတွေကို ဗမာပြည်မှာနေကတည်းက ကြားဖူးပါတယ်။ ကျနော့ ဦးလေးကလဲ တချိန်က NLD လူငယ်တယောက်ပါ။ ကျနော်ကတော့ ရွှေဝါရောင် အပြီး နိုင်ငံခြားထွက်အလုပ်လုပ်နေတဲ့ လူငယ်တယောက်ပါ။
ဆရာ့ စရိယ ကိုဖတ်ရတဲ့နောက် ကျနော့ဖာသာ ရှက်မိပါတယ်။ ကျနော်လဲ လူမှုရေးတွေမှာ အတတ်နိုင်ဆုံး ထောက်ပံ့ပါတယ်။ ကျနော်ဖာသာ အရမ်းတက်ကြွတယ်လို့ ယူဆထားမိတာ ဆရာကြိုးစားမှုရဲ့ လေးပုံတပုံတောင် မရှိသေးပါဘူး။ ဆရာစာကြောင့် အမှန်မြင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဆရာ။
ဆရာနောက်တခု ပြောထားပါတယ်။ " ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးမှာလဲ ပြည်သူတွေ တာဝန်ကျေခဲ့ကြပါတယ်။ တာဝန်ကျေသလို လူတွေလည်း သေကြေကုန်ရပါတယ်။.....
အဲဒီတော့ ပြည်သူလူထုကို စည်းရုံးနေစရာမလိုတော့ လို့ဘဲမြင်ပါတယ်။.....
ပြည်သူက အခံရဆုံးဆိုတော ဒီလူစိတ်ကင်းမဲ့နေတဲ့ သတ္တ၀ါတွေကို အံကြိတ်ပြီး အချိန်အခါစောင့်နေကြတာပါ။"
အရမ်းပဲမှန်ပါတယ်ဆရာ။ ကျနော်တို့ပြည်သူတွေ အထူးသဖြင့် ၂၀ နဲ့ ၃၅ ကြား လူငယ်တွေဟာ အမြဲ အဆင်သင့်ရှိနေခဲ့ပါတယ်။ အခုလဲ အဆင်သင့်ရှိနေဆဲပဲလို့ မျှော်လင့်ပါတယ်။
ဒါပေမယ့် ကျနော်တခုဆွေးနွေးချင်ပါတယ်။ (ပြည်သူတွေဟာ ပြည်သူတွေသာဖြစ်ပါတယ် နိုင်ငံရေးနားလည်သူတွေမဟုတ်ကြပါဘူး ဆိုတဲ့အချက်ကို ကျနော်ဆွေးနွေးချင်ပါတယ်) ကျနော်တို့ ရွှေဝါရောင် နောက်ဆုံးနေ့ (၂၈ ရက်နေ့ထင်ပါတယ်) နေ့ခင်းမှာ ဆူးလေဘက်ကနေ သိမ်ကြီးဈေး လသာ လမ်းမတော် တောက်လျှာက်လျှောက်လာခဲ့တာ စထွက်ကာစက ၂၅ ဝန်းကျင်လောက်ကနေ မြို့ထဲရောက်တော့ လူက ၁၀၀ ကျော်လောက်ပဲရှိနေပါပြီ ပြဿနာက ဘယ်သွားရမယ် ဘာလုပ်ရမယ် ဘယ်ကိုချီတက်မယ် စသည်ဖြင့် အသေးစိတ် စီစဉ်ထားတာ မရှိပါဘူး။ သာသနာ့အလံကိုတောင် လမ်းမတော် သံဈေးရှေ့ ဆွမ်းလောင်းအသင်းကနေ တောင်းယူခဲ့ရပါတယ်။ စစ်ကားတွေကလဲ ကိုယ်က ဗန္ဓုလလမ်းက သွားရင် ကန္တွားလမ်းကလိုက်။ ကိုယ်ကကျုံးကြီးလမ်းပေါ်သွားနဲ့ စိမ်ပြေးလိုက်တမ်း ကစားသလိုဖြစ်နေတယ်။ အားလုံးရဲ့စိတ်တွေက အရမ်းလှုပ်ရှားနေကြတယ်။ နိုင်ငံရေး ဦးဆောင်နိုင်စွမ်းက ကျနော်တို့လို သာမန် ပြည်သူတွေမှာ အဆင်သင့် ဖြစ်မနေပါဘူး ဆရာ။ ကျနော်တို့တွေဟာ ဘုန်းကြီးလမ်းအကျော် ၁၁ လမ်းထိပ်လောက်မှာ စစ်တပ်က လှမ်းပစ်တော့ လူစုကွဲသွားပြီး တာမွေဘက်မှာ ပြန်စုဖို့ ကြိုးစားကြပါတယ် ဒါပေမယ့်..... ဟိုဟိုဒီဒီတွေသာလျှောက်ရင်း အော်ရင်း လည်ချောင်းတွေနာရင်း ဝမ်းနည်းပူဆွေးမှုတွေနဲ့ အိမ်ပြန်ခဲ့ရပါတယ် ဆရာ။ ဒါဟာဘာကိုပြလဲဆိုတော့ ကျနော်တို့ ပြည်သူတွေ ကျောင်းသားလူငယ်တွေဟာ ဆန္ဒသာရှိတယ် နိုင်ငံရေးအတွေးအကြုံနဲ့ ပရိယာယ် မရှိလို့ပဲလို့ ကျနော်ယူဆပါတယ် ဆရာ။ (အောက်မှာထပ်ဆွေးနွေးထားပါတယ်။)
နောက်တခါ စည်းရုံးရေးစွမ်းရည်မှာလဲ ကျနော့အမြင်မှာတော့ လမ်းပေါ်ထွက်ဖို့ အော်နေရုံနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံဝန်ထမ်းတွေပါလာဖို့ အရမ်းအရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်ဆရာ။ ဒါကြောင့် တခါတခါ online ပေါ်မှာ ဝန်ထမ်းတွေ ဆရာဝန်တွေ စစ်သားတွေ အဲ့လိုအစိုးရ ဝန်ထမ်းတွေကို ပစ်ပစ်ခါခါ ပြောတာတွေ မြင်ရတော့ ကျနော်တခုစိုးရိမ်ပါတယ်။ ဒီလိုလူ (အစိုးရ ဝန်ထမ်း) တွေရဲ့စိတ်ထဲမှာ ကျနော်တို့ဘက်က သူတို့တွေရဲ့ အခက်အခဲကို ကိုယ်ချင်းစာစိတ်မထားနိုင်တဲ့အခါ နားလည်မပေးနိုင်တဲ့အခါ သူတို့တွေက ကိုယ့်ဖက်ကို ယိမ်းချင်တာတောင် သူတို့စိတ်ထဲမှာ ဒွိဟတွေ တွေဝေမှုတွေ ဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့တွေလဲ ကျနော့တို့လိုပဲ အခက်အခဲ အကျပ်အတည်းတွေနဲ့ပါပဲ (တချို့ဆို လာဘ်စားဖို့မပြောနဲ့ အိတ်စိုက်လုပ်နေရသူတွေတောင်ရှိပါတယ်) ကျနော့ကိုယ်တွေ့ကျောင်းဆရာတွေ ဆရာဝန်တွေပါ။
ReplyDeleteဒီလို စည်းရုံးရေးစွမ်းရည်တွေ၊ စနစ်တကျ ပြင်ဆင်မှုတွေကို လုပ်ဖို့ဆိုတာ... နိုင်ငံရေး အတွေ့အကြုံရှိတဲ့ အတိုက်အခံအဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုက အများကြီး အရေးပါတယ်လို့ ယူဆပါတယ်ဆရာ။
နောက်ဆုံးတခု ကျနော်ပြောချင်တာလေးရှိပါတယ်။ ကျနော့ရိုးသားမှုအားလုံးနားလည်စေချင်ပါတယ်။ အခု ဒီ online ပေါ်မှာတက်တက်ဖွနေတဲ့ ရုရှားက တချို့စစ်ဗိုလ်တွေနဲ့ ပြည်တွင်းက ညာဝါးယောင်ဝါး လခစား ဖွတ်ငပွား တွေအကြောင်းပါ။ ကျနော် အမြင်က ဒီလူတွေထဲက အများစုကလဲ တကယ်အစိုးရကို ချစ်လွန်းလို့ ကြည်ညိုလွန်းလို့ လုပ်ပေးနေတယ်လို့ မထင်ပါဘူး (တချို့တွေကတော့ တကယ့်ကို အစွန်းရောက် အရည်းကြီးကို ဘုရားမှတ်နေတာတွေလဲ ရှိပါတယ်)။ သူတို့အခုလိုတက်တက်ရေးနေတာက ပွဲဆူအောင်ဖွနေတယ်ပဲမြင်ပါတယ်။ သူတို့ မကောင်းတာ သူတို့ သိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့အမြင်က (ကျနော့အထင်ပါ) "မင်းတို့က ငါတို့မကောင်းဘူး ပြောရအောင် မင်းတို့ကရော ဘယ်လောက်ကောင်းလို့လဲဆိုတဲ့သဘော၊ နောက်တခုက သူတို့က စာတိုလေးဖွလိုက်လို့ အောက်ကမကျေနပ်တဲ့သူတွေက ဒေါသတကြီး ဝိုင်းရေးကြတာကို ဖတ်ပြီး ကလိချင်တဲ့သဘော" အများစုက အဲ့လိုပဲလို့ယူဆပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံရေးတက်ကြွသူတွေ နိုင်ငံရေးသမားတွေ မမေ့ဖို့က ဆရာကြီး ဒဂုံတာရာ ပြောသလို နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေလုပ်ရတာပါ။ အဲ့ဒါကြောင့် အဲ့ဒီသူတွေကို ဆဲတာလဲဆဲပါ ဒါပေမယ့် မမုန်းကြဖို့နဲ့ ဖြစ်သင့်တာကို ပြောပြဖို့လိုပါတယ်။ ကျနော်တို့ဟာ စစ်ဗိုလ်စစ်သားမုန်းတီးရေးလုပ်တာမဟုတ်ဘူးဆိုတာကို သူတို့ သိအောင်ပြောပြသင့်တယ်ထင်ပါတယ် ဘာကြောင့်လဲဆိုတော့ သာမန်တပ်သားတွေ၊ တပ်ကြပ်တွေဟာ ကျနော်တို့ သာမန်ပြည်သူတွေလိုပဲ ဦးဆောင်နိုင်စွမ်းမရှိပါဘူး စိတ်ဓါတ်ပဲရှိပါတယ်။ ကျနော်တို့ ဦးဆောင်သူတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့လိုမယ်ထင်ပါတယ်(ကျနော်နိုင်ငံရေးပါးမဝသေးပါ။ အမှားပါရင် ကျနော့ညံ့ဖျင်းလိုပါ။)
(ဒီ comment က အပေါ်က comment အရင်တင်တာပါ။ ဒါပေမယ့် မပေါ်လို့ အောက်မှာ ထပ်တင်လိုက်ရတာ နားလည်ပေးကြပါ။) "အိမ်ဝယ်ဖို့ ကားဝယ်ဖို့ အိုစာမင်းစာဆိုတာ ကျနော့်ခေါင်းထဲ တခါမှမစဉ်းစားဘူးပါ။ အချားနိမ်းဘဲ။ ခေါင်းထဲမှာ အိုစာမင်းစာဆိုတာကို တစက်ကလေးမှ ထည့်မတွက်ပါ။ မှန်တာပြော သစ္စာပါ။ နယ်စပ်မှာ တိုင်းရင်းသား မိသားစုတွေဆို မိဘတွေပူပင်နေရ ကလေးငယ်လေးတွေ ဘ၀ဆိုတာ နက်ဖြန်အတွက် ဘယ်လိုဖြစ်မယ်တောင် မတွေးတော ၀ံ့အောင်ဖြစ်နေတဲ့အချိန်မှာ ကျနော်က အေးအေးဆေးဆေးနေရပြီး နောင်လာမဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ်အတွက် တွေးပြင်ဆင်နေတာကတော့ သစ္စာမရှိရာ ရောက်နေပါတယ်။ အ၀တ်အစားဆိုရင် အိမ်မှာလာကြည့်ပါ။ တထည်ကို -၂၅-ဒေါ်လာထက် တန်ဖိုးကြီးတာတွေ့ရင် ဒေါ်လာ- ၁၀,၀၀၀ ပေးပါမယ်။ ဘုရားကျောင်းကရောင်းတဲ့ အဟောင်းတွေ ၀ယ်ဝတ်တယ်။ မုန့်ဆို ခါလေးတောင် ၀ယ်မစားဘူး။ ရေသန့် ဝယ်မသောက်ဘူး။ တိုင်းပြည်အတွက်ဘဲ သုံးပါတယ်။"
ReplyDeleteဆရာ ဦးလှိုင်မြင့်ရဲ့သတင်းတွေကို ဗမာပြည်မှာနေကတည်းက ကြားဖူးပါတယ်။ ကျနော့ ဦးလေးကလဲ တချိန်က NLD လူငယ်တယောက်ပါ။ ကျနော်ကတော့ ရွှေဝါရောင် အပြီး နိုင်ငံခြားထွက်အလုပ်လုပ်နေတဲ့ လူငယ်တယောက်ပါ။
ဆရာ့ စရိယ ကိုဖတ်ရတဲ့နောက် ကျနော့ဖာသာ ရှက်မိပါတယ်။ ကျနော်လဲ လူမှုရေးတွေမှာ အတတ်နိုင်ဆုံး ထောက်ပံ့ပါတယ်။ ကျနော်ဖာသာ အရမ်းတက်ကြွတယ်လို့ ယူဆထားမိတာ ဆရာကြိုးစားမှုရဲ့ လေးပုံတပုံတောင် မရှိသေးပါဘူး။ ဆရာစာကြောင့် အမှန်မြင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဆရာ။
ဆရာနောက်တခု ပြောထားပါတယ်။ " ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးမှာလဲ ပြည်သူတွေ တာဝန်ကျေခဲ့ကြပါတယ်။ တာဝန်ကျေသလို လူတွေလည်း သေကြေကုန်ရပါတယ်။.....
အဲဒီတော့ ပြည်သူလူထုကို စည်းရုံးနေစရာမလိုတော့ လို့ဘဲမြင်ပါတယ်။.....
ပြည်သူက အခံရဆုံးဆိုတော ဒီလူစိတ်ကင်းမဲ့နေတဲ့ သတ္တ၀ါတွေကို အံကြိတ်ပြီး အချိန်အခါစောင့်နေကြတာပါ။"
အရမ်းပဲမှန်ပါတယ်ဆရာ။ ကျနော်တို့ပြည်သူတွေ အထူးသဖြင့် ၂၀ နဲ့ ၃၅ ကြား လူငယ်တွေဟာ အမြဲ အဆင်သင့်ရှိနေခဲ့ပါတယ်။ အခုလဲ အဆင်သင့်ရှိနေဆဲပဲလို့ မျှော်လင့်ပါတယ်။
ဒါပေမယ့် ကျနော်တခုဆွေးနွေးချင်ပါတယ်။ (ပြည်သူတွေဟာ ပြည်သူတွေသာဖြစ်ပါတယ် နိုင်ငံရေးနားလည်သူတွေမဟုတ်ကြပါဘူး ဆိုတဲ့အချက်ကို ကျနော်ဆွေးနွေးချင်ပါတယ်) ကျနော်တို့ ရွှေဝါရောင် နောက်ဆုံးနေ့ (၂၈ ရက်နေ့ထင်ပါတယ်) နေ့ခင်းမှာ ဆူးလေဘက်ကနေ သိမ်ကြီးဈေး လသာ လမ်းမတော် တောက်လျှာက်လျှောက်လာခဲ့တာ စထွက်ကာစက ၂၅ ဝန်းကျင်လောက်ကနေ မြို့ထဲရောက်တော့ လူက ၁၀၀ ကျော်လောက်ပဲရှိနေပါပြီ ပြဿနာက ဘယ်သွားရမယ် ဘာလုပ်ရမယ် ဘယ်ကိုချီတက်မယ် စသည်ဖြင့် အသေးစိတ် စီစဉ်ထားတာ မရှိပါဘူး။ သာသနာ့အလံကိုတောင် လမ်းမတော် သံဈေးရှေ့ ဆွမ်းလောင်းအသင်းကနေ တောင်းယူခဲ့ရပါတယ်။ စစ်ကားတွေကလဲ ကိုယ်က ဗန္ဓုလလမ်းက သွားရင် ကန္တွားလမ်းကလိုက်။ ကိုယ်ကကျုံးကြီးလမ်းပေါ်သွားနဲ့ စိမ်ပြေးလိုက်တမ်း ကစားသလိုဖြစ်နေတယ်။ အားလုံးရဲ့စိတ်တွေက အရမ်းလှုပ်ရှားနေကြတယ်။ နိုင်ငံရေး ဦးဆောင်နိုင်စွမ်းက ကျနော်တို့လို သာမန် ပြည်သူတွေမှာ အဆင်သင့် ဖြစ်မနေပါဘူး ဆရာ။ ကျနော်တို့တွေဟာ ဘုန်းကြီးလမ်းအကျော် ၁၁ လမ်းထိပ်လောက်မှာ စစ်တပ်က လှမ်းပစ်တော့ လူစုကွဲသွားပြီး တာမွေဘက်မှာ ပြန်စုဖို့ ကြိုးစားကြပါတယ် ဒါပေမယ့်..... ဟိုဟိုဒီဒီတွေသာလျှောက်ရင်း အော်ရင်း လည်ချောင်းတွေနာရင်း ဝမ်းနည်းပူဆွေးမှုတွေနဲ့ အိမ်ပြန်ခဲ့ရပါတယ် ဆရာ။ ဒါဟာဘာကိုပြလဲဆိုတော့ ကျနော်တို့ ပြည်သူတွေ ကျောင်းသားလူငယ်တွေဟာ ဆန္ဒသာရှိတယ် နိုင်ငံရေးအတွေးအကြုံနဲ့ ပရိယာယ် မရှိလို့ပဲလို့ ကျနော်ယူဆပါတယ် (အောက်မှာထပ်ဆွေးနွေးထားပါတယ်။)
ဆရာ့ ရဲ့ ဆောင်းပါး ကော အပေါ်က ဆွေးနွေးချက် ကော အမှန်တွေ ပါပဲ။ ကျနော်လဲ အဲဒီလိုခံယူတယ်။ ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေ နိုင်ငံရေး ပါတီ တွေဟာ
ReplyDeleteပြည်သူ လူထု လို့ပြောတယ် ပီးတော့ ဝန်ထမ်း တွေ စစ်မူထမ်းတွေ ဆို ဆဲမယ် ပြောမယ်စိုတာကြီးပဲ။ ပီးတော့ ဘယ်လိုစည်းရုံး မလဲ ဆိုတာတောင် နားမလည်တဲ့ သူတွေလဲ
ရှိသေးတယ်။ နေရာတကာ တိုင်မယ်တောမယ် ဆိုပီး ဝန်ထမ်း တွေ ကို သွားပြောတော့ ဟိုကလဲပြန်ပြောကော၊ အဲဒီတော့ ဟိုက အာဏာ ရှင်က ပိုကြိုက် တာပေါ့။
ပြောရင်တော့အများကြီးရှိပါတယ်။ ဆရာကြီး သခင်ဘသောင်း တို့ စည်းရုံး တာ ဟာ အတုယူစရာပါ။မန္တလေး မှာသခင် တရား သွားဟောတော့ မန္တလေး ရာစဝတ်ဝန် က
ဖမ်းပီး ထောင်ထဲပို့ တာ၊ပီးထောင်ထဲရောက်တော့English ရာစဝတ်ဝန် က မန္တလေး ထောင်ထဲ က နှစ်ကြီးသမားတွေကို စည်းရုံးပီး သခင်ဘသောင်း တို့ ကို ထိုးကျိတ် ကန်ကျောက် လုတ်လိုက်တာ သခင်ဘသောင်း တို့ မေ့မျော တောင်သွားတယ်။ ဒါပေမယ့် အဲဒီလူတွေကိုပြန်ပီးစည်းရုံးနိုင်ပီး ထောင်သပိတ် တောင်လုပ်လိုက်နိုင်တယ်။
ဒီအဆိုးရရဲ့ ယန္တရား ရပ်ဖို့ဆိုရင် ဝန်ထမ်း တွေ ကို စည်းရုံးနိုင်မှရမှာပါ။
ဟုတ်ပါတယ် သခငါဘသောင်းတို့လို ရန်သူကိုပါ အမှန်မြင်လာအောင် စည်းရုံးရေးက အရေးပါလှပါတယ်
ReplyDeleteသူတို့လည်း အမှားအမှန်သိမှာပါ
ညီကြမှ အောင်မြင်မှာပါ
သဘောထား ပိုကြီးနိုင်ဘို့ ပိုအနစ်နာခံကြဘို့ စိတ်အားမွေးကြပါ
နိုးကြားကြပါ
ထ လော့ မြန်မာ အိုမြန်မာ
ကျနော်က အေးအေးဆေးဆေးနေရပြီး နောင်လာမဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ်အတွက် တွေးပြင်ဆင်နေတာကတော့ သစ္စာမရှိရာ ရောက်နေပါတယ်။ အ၀တ်အစားဆိုရင် အိမ်မှာလာကြည့်ပါ။ တထည်ကို -၂၅-ဒေါ်လာထက် တန်ဖိုးကြီးတာတွေ့ရင် ဒေါ်လာ- ၁၀,၀၀၀ ပေးပါမယ်။ ဘုရားကျောင်းကရောင်းတဲ့ အဟောင်းတွေ ၀ယ်ဝတ်တယ်။ မုန့်ဆို ခါလေးတောင် ၀ယ်မစားဘူး။ ရေသန့် ဝယ်မသောက်ဘူး။ တိုင်းပြည်အတွက်ဘဲ သုံးပါတယ်../
ReplyDeleteverry good..
စက်တင်ဘာဦးနေမိန္ဒ(ဆုပ်ကိုင်ထားလို့မရပါဘူး)
ကျနော်က အေးအေးဆေးဆေးနေရပြီး နောင်လာမဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ် အတွက် တွေးပြင်ဆင်နေတာကတော့ သစ္စာမရှိရာ ရောက်နေပါတယ်။ အ၀တ်အစားဆိုရင် အိမ်မှာလာကြည့်ပါ။ တထည်ကို -၂၅-ဒေါ်လာထက် တန်ဖိုး ကြီးတာတွေ့ရင် ဒေါ်လာ- ၁၀,၀၀၀ ပေးပါမယ်။ ဘုရားကျောင်းကရောင်းတဲ့ အဟောင်းတွေ ၀ယ်ဝတ်တယ်။ မုန့်ဆို ခါလေးတောင် ၀ယ်မစားဘူး။ ရေသန့် ဝယ်မသောက်ဘူး။ တိုင်းပြည်အတွက်ဘဲ သုံးပါတယ်../
ReplyDeleteအေးဗျား ခင်ဗျား ကွန်မန်လေး ဖတ်ရတာ စိတ်မကောင်း ပါဘူး ...ခင်ဗျား လို လူမျိုးတွေများလာတဲ့ တစ်နေ့ တော့ အောင်မြင်လာမှာပါ ..