ဤသို့ ကျောင်းသား၊ ပြည်သူ၊ လူငယ်များမှ အာဇာနည်ဗိမာန်သို့ ချီတက်လာစဉ်...
အဖွဲ့ချုပ်ရုံးရှေ့မှာ အာဇာနည်ဗိမာန်သို့ ငြိမ်းချမ်းစွာနဲ့ ချီတက်အလေးပြုကြမယ့် ကျောင်းသား၊ ပြည်သူများ၊ အဖွဲ့ချုပ်လူငယ်များနဲ အတူတွေ့ရတဲ့ ကိုဇေယျာသော်...
(ဓာတ်ပုံ ကိုဇေယျာသော် Facebook မှ)
လေးစားဂုဏ်ယူလျှက်...







ဆက်ကျိုးစား ဒကာတော် ကိုဇေယျာသော် မကြာခင် အောင်ပွဲရလာတော့မှာပါ သေချာတာတော့ အခုလို ခြေလှမ်း မျိုးဆက်တိုက်လှမ်းနေဘို့တော့ လိုတယ်..။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ .
အာဇာနည်နေ့မှာ အာဇာနည်တွေကို အာဇာနည်တွေက အလေးပြုကြတယ်။အလေးပြုခဲ့ရတဲ့ အာဇာနည်တွေကိုရော အလေးသွားပြုကြတဲ့ အာဇာနည်တွေကိုပါ ကျနော်က ကျေးဇူးတင်ပါတယ်.။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ(အောင်ပွဲမရသေးခင် အပြစ်ပြောကြတာ မဆန်းပါဘူး)
သာမန် လက်နက်မဲ့ကျောင်းသား လူငယ်တွေထဲကတောင် ရဲရဲတောက် အာဇာနည်တွေ ပေါ်လာသေးရင် စစ်ပညာသင်ထားတဲ့ တပ်မတော်သားတွေထဲကရော ပြည်သူအရှေ့ကမားမားမတ်မတ် ရပ်ရဲတဲ့ သူရဲကောင်းတွေ ပေါ်မလာနိုင်ဘူးလား။ အခုအချိန်မှာ အပေါ်က ဆရာတော် ဦးနေမိန္ဒပြောသလို (ပြည်သူတွေရဲ့ခံစားချက်ကို ပြည်ချစ်သားဇာနည် တပ်မတော်သားတွေက နားလည်ခွင့်လွှတ်ပြီး) အင်အားတွေ မွေးထားပြီး ပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ရမယ်အချိန်ကို စောင့်နေပါလို့ ဆန္ဒပြုပါရစေဗျာ။ အဲ့ဒီအချိန်ကျရင် ပြည်သူတွေက သပြေခက်တွေမှာ အပြုံးပန်းတွေဆင်လို့ လက်ကမ်းကြိုနေပါ့မယ်။ အတ္တသမား ညာဝါး ခြံခွ သာပေါင်း တွေကိုလဲ သတိပေးချင်တယ်။ မှားတာကို ပြင်ပါ။ NLD ဘာဖြစ်လို့ ဘာမှားလို့၊ အတိုက်အခံတွေက ဘယ်လိုညံ့တာ ဘာညာ အပြစ်တင်ပြီး ပထွေး စစ်အာဏာရှင်ရဲ့ အပစ်တွေကို ဖုံးဖိမနေပါနဲ့။ တိုင်းပြည်မှာ ဖြစ်သမျှ တာဝန်အရှိဆုံးက အစိုးရပဲ။ ဒီလောက်ချွတ်ချုံကျ မွဲနေတာ တောင် အားလုံးကောင်းပါတယ် လုပ်နေကြတဲ့ အောက်တန်းကျတဲ့ စိတ်တွေကို အမြန်ဆုံး စွန့်ပြစ်ပါလို့ သတိပေးချင်တယ်။ သမိုင်းတရားခံနေရာမှာ ခင်ဗျားတို့နာမည် ခင်ဗျားတို့အဖွဲ့အစည်းတွေ ပါသွားမယ်။
ReplyDeleteကျနော့် သဘောထားမဟုတ်ပါဘူး ... ဒါပေမဲ့ ဖတ်ကြည့်စေချင်ပါတယ်
ReplyDeletehttp://maungpeace.wordpress.com/tag/martyr/