သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ရေးရတာလဲ တချိန်လုံး ကလော်ဆဲတာတွေချည်း ဖြစ်နေတော့ ကြာရင်စာဖတ်သူတွေ ကတောင် ကျနော်စိတ်မှ မှန်သေးရဲ့လားထင်စရာ ရောက်နေပြီ။ ခက်တာကလဲ ဗိုလ်သန်းရွှေက လုပ်လိုက်ရင် တိုင်းပြည် နာစေတာချည်းလုပ် ကျနော်ကလဲ ဓါးခုတ်ရာလက်ဝင်လျှိုလို့ ပြောစရာကလဲ ရှိဆိုတော့ ၀င်ဝင်ပါတတ်မိတယ်။ ရှေးရေစက်လားလို့တောင် ထင်ရတယ်။ အရေးထဲ အမျိုးကတော်လိုက်သေးတယ်။ တော်တော့လဲ ကျနော့်စကား သူ့ကိုဆော်ကားမိလျှက်သားဖြစ်သွားတယ်။ ကျနော် ခယ်မက ပထမ အိမ်ထောင်ရှိတယ်။ ပထမအိမ်ထောင်နဲ့ ဟိုက ခယ်မထက် အသက်၁၉-နှစ်ကြီးတယ်။ အရေးအခင်းပြီးစ န.၀.တ လက်ထက် ပထမဆုံး နိုင်ငံခြားလုပ်ငန်း ကန်ထရိုက်ကို ရသူပါ။ ပြီးရုပ်ရှင်မင်းသမီးပေါက်စ နာမည်ကျော်နဲ့တွဲ မယားကို အရာမသွင်းတော့ ကွဲကြတာပေါ့။အဲဒီမှာ ဗိုလ်သန်းရွှေသား(ထွန်းနိုင်ရွှေ)နဲ့ ဆုံပြီး သူ့ကို အသေကပ်ပါလေရော။ ထွန်းနိုင်ရွှေက သူ့ကို ပြန်မကြိုက်ရင် သူ့ကိုသူပါ သေနတ်နဲ့ပစ်သတ် Sucide လုပ်မယ်တွေ လုပ်ပါလေရော။ ခယ်မလဲ ကျနော်ကို တိုင်ပင်ပေါ့။ ကျနော်ကတော့ပြတ်တယ်။ အရေးမလုပ်နဲ့။ မယူနဲ့... ဒီကောင်တွေက အဖေကအစ လူစိတ်ရှိတာ မဟုတ်ဘူး။ ပြီးဘာအရည်အချင်းမှ မရှိတဲ့အပြင် အရည်အချင်း ရှိသူကိုတောင် တန်ဖိုးထားရမှန်း ပညာရှင်တန်ဖိုးကိုတောင် နားမလည်သူ တွေပေါ့။ စကားက ဟိုအထိရောက်တော့တယ်။ ပြသနာက အဲဒီကတည်းက ကျနော်က သူတို့ကို စော်ကားတယ် လူပါးဝတယ် တွေဖြစ်ရော။ မတတ်နိုင်ဘူး။ ကိုယ်စိတ်ထဲ ထင်တဲ့အတိုင်း ပြောတာလေ။ အားလုံးကတော့ ဗိုလ်ချုပ်မှုးကြီးသား ဆိုတော့ သဘောတော် ကျနေကြတာပေါ့။ အပြတ်ကန့်ကွက်သူက ကျနော်တယောက်ထဲ။ ကန့်ကွက်တာထက် ပက်ပက်စက်စက် ပြောတာကို သူတို့ဖက်ကနာတာ။
ထားတော့။ ၁၉၉၁- လောက်မှာ န.၀.တ ဟာ ရတနာဓါတ်ငွေ့သိုက်ကို တွေ့လိုက်ပါတယ်။ အဲဒီတော့ ဓါတ်ငွေ့ကို ရောင်းဖို့ကို ထိပ်ကထား စဉ်းစားတယ်။ ပညာမတတ်တော့ သုံးစွဲပြီး စွမ်းအင် ဖူလုံအောင်လုပ်ပေးရင် တိုင်းပြည် ပိုတိုးတက်မယ်ဆိုတာ မမြင်နိုင်ဘူး။ ရောင်းစားရင် ပိုက်ဆံရမယ် လောက်သာမြင်တာ။ မဆန်းပါဘူး အသိက ဒီလောက်ဘဲရှိတာကိုး။ ပိုဆိုးတာက ပြည်တွင်းသုံးစွဲရင် ကျပ်ငွေဘဲရမယ်။ မြန်မာ့အစိုးရလုပ်ပြီး ကိုယ့်ကျပ်ငွေကို မလိုချင်တာကတော့... ပြည်ပကို အထင်ကြီးတာ ဘယ်သူလဲ ပြန်မေးကြည့်ပေတော့။ ကိုယ်ပစ္စည်းကို ကိုယ်ပြန်မသုံးချင် မလိုချင်မှတော့ သူ့အလုပ်က မဟန်လို့ပေါ့။
အဲဒီမှာ ဓါတ်ငွေ့ရောင်းမယ်ဆိုပြီး ၀ယ်လိုသူတွေကို တင်ဒါခေါ်ပါတယ်။ ၁၉၉၄-ခုနစ် ကုန်လောက်မှာ ခေါ်ပါတယ်။ အဲဒီကနေ ၁၉၉၅-လောက်မှာ ကျနော်ဟာ မိတ်ဆွေ ပြင်သစ် ကုမ္မဏီကြီး- ၂-ခု ပူးပေါင်း (နာမည် ထုတ်ဖေါ်ရန်မသင့်ပါ။ သို့ပေမယ့် ပြင်သစ်က ကြီးမားသော ကုမ္မဏီကြီ-၂-ခု ဖြစ်ပါတယ်) ဓါတ်ငွေ့ကို မြန်မာနိုင်ငံအနေနဲ့ အကုန် သုံးစွဲရန် ဖွံ့ဖြိုးမှု မရှိသေးတော့ တပိုင်းကိုရောင်း တချို့ တ၀က်ကို ပြည်တွင်းသုံးရန်တင်ပြပြီး ဒီကုမ္မဏီ-၂-ခုမှ စီမံကိန်းကြီိးတွေ တင်ပြပါတယ်။
တင်ပြထားတာကတော့ ထိုင်းကို အခုလက်ရှိ ပိုက် လက္မ-၄၈- အထိ မပေးဘဲ ၃၆- လက္မခန့်သာပေးပြီး ရန်ကုန်ကို ၃၂-လက္မ ဆိုဒ်ပိုက်နဲ့ သွယ်ယူပြီး တွံတေးမြို့ အနားမှာ- ၅၀၀-မီဂါဝပ် လျှပ်စစ်ဓါတ်အားစက်ရုံ -၂-ခု နင့် တနေ့လျှင် တန်ချိန်- ၁၈၀၀- ကျမည့် ဓါတ်မြေသြဇာစက်ရုံ ၂- ခု တည်ဆောက်ရန် တင်ပြပါတယ်။ အဲဒီတင်ပြတဲ့ ပိုက်ဆံကို ဗိုလ်သန်းရွှေက လက်မခံလို့ ပိုက်အသေးနဲ့ ပြန်တင်ပြီး လျှပ်စစ်စက်ရုံတခု.. ဓါတ်မြေသြဇာစက်ရုံတခု အထိ ထပ်လျှော့တင်ပြရပါတယ်။
၂၀၀၅ -မှာ ကုမ္မဏီတွေ အများထဲက ဆန်ကာတင် ကုမ္မဏီ ငါးခု ရွေးပါတယ်။ အဲဒီအထိ ဒီပြင်သစ်ကုမ္မဏီ ပါသေးတယ်။ နောက် ဆန်ကာတင်- ၃-ခု လုပ်တဲ့အထဲ ပါမလာတော့ပါ။ ကြားတာကတော့ ထိုင်းက သူ့မိသားစု စီဝင်လိုက်ပါတယ်။ နောက်ဆုံးတော့ အခုထိုင်းကို ရောင်းဖို့ လက်မှတ်ထိုးလိုက်ပါတယ်။ ပထမပိုင်းမှာ အဲဒီတုန်းက စွမ်းအင်ဝန်ကြီးက အတော်လေး သဘောကျနေတာပါ။ ပြည်တွင်းမှာလည်း သုံးမယ်။ ရန်ကုန်မှာ မီဂါဝပ်-၁၀၀၀- လျှပ်စစ်ဓါတ်အားရရင် တမြို့လုံးမီးထိန်ထိန်လင်းပြီး စက်မှုလုပ်ငန်းတွေ တိုးလာမယ့်စီမံကိန်းလေ။ မရဘူး .. ဘဘကြီးဗွီတိုဘဲ။ စက်မှုလုပ်ငန်းတွေသာ သဘာဝ လျှပ်စစ်လုံလုံလောက်လောက် ရနေမယ်ဆိုရင်.. အခုလို စက်ရုံကြီးတွေ ကိုယ်ပိုင်မီးစက်တွေနဲ့ လည်မနေရဘူးဆိုရင် ဘယ်လောက်လုပ်ငန်း အတွက်အဆင်ပြေမယ် ဆိုတာကတော့. ထမင်းစားသူတိုင်း သိပါတယ်။
အခုတော့ သူ့သဘောက ဖိုင်နယ်ဘဲ။ သွားပါလေရော။ တမြို့လုံး အိမ်တိုင်း ရုံးတိုင်း မီးစက်တွေ တ ဒုံးဒုံးနဲ့။ မီးအားလဲ စိတ်တိုင်းကျမရနိုင် ကုန်ကျငွေကလဲ သဘာဝလျှပ်စစ်အတွက် ကုန်ကျရတာရဲ့  ငါးဆ -မှ ၈-ဆ ပိုကုန်ကျရပါတယ်။ တနိုင်ငံလုံး တရုတ်မီးစက်တွေ ၀ယ်လိုက်ရတဲ့ငွေက ဒေါ်လာနဲ့ဆို.. သန်း-၅၀ -မက ရှိနိုင်ပါတယ်။ ဒီကြားထဲ မီအားထိန်းစက် (Voltage regulator) မီအားမြှင့်စက်။ မီးအားမမှန်တော့ ထားရတဲ့ ရေခဲသေတ္တာ မီးအားကာကွယ်စက် (Safe Guard) စတာတွေဟာ နှစ်စဉ်.. တိုင်းပြည်က ပြည်သူတွေ ကုန်ကျရတာ ဒေါ်လာ-၁၀ -သန်းမကဘူး။ ဒေါ်လာ၁၀-သန်းဆိုတာ ပြည်မြို့က ဧရာဝတီ မြစ်ကူးတံတားကြီးရဲ့ အပေါ်က တံတားသံထည်တွေဟာ လေလံနဲ့ဝယ်တာ..ဒေါ်လာ-၁၂-သန်းဘဲရှိပါတယ်။ ဖေါင်ကြီးရေကာတာဟာ အထဲက သံချောင်း ဘိလပ်မြေ ဒီဇယ်ဘိုးက.. ဒေါ်လာ-၁၀-သန်းဘဲကုန်ကျပါတယ်။
အဲဒီတော့ မြန်မာနိုင်ငံမှာ နှစ်စဉ် နှစ်စဉ် အဲဒီ တခြားနိုင်ငံတွေမှာ လုံးဝမတတ်ရတဲ့ မီးအားကို ထမ်းရတဲ့စက်လေးတွေရဲ့ အလကားနေရင်း အပိုကုန်ရတဲ့ငွေဟာ နှစ်စဉ်နှစ်စဉ် ပြည်က ဧရာဝတီ မြသ်ကူး တံတားကြီးတခုကို ဖျက်ဖြိုချပစ်နေရတယ်လို့သာ မြင်ကြည့်ကြပါ။ အဲဒါပြည်သူတွေရဲ့ငွေတွေပါ။ အဲဒါ ခင်ဗျားတို့ မစဉ်းစားမိကြတဲ့ အစိုးရတရပ်ရဲ ကိုယ်ကျိုးဘဲကြည့်မှုရဲ့ မမြင်သာတဲ့ ပေးဆပ်ရမှုတွေ။ မတိုးတက်ရတဲ့ အပြင် အပိုပါထပ်နာရတာ။ အရှုံးချည်းဘဲ။ အနာချည်းဘဲ။ အစိုးရရဲ့  သစ္စာမဲ့မှုကြောင့် ကျနော်တို့ငွေတွေ တအိအိ ယိုစိမ့် ထွက်သွားရတာတွေပါ။ ကိုယ်ကျိုး တဘို့ဘဲ ကြည့်သူတွေ တိုင်းပြည်အုပ်ချုပ်ရင် ဘယ်လောက် နစ်နာတယ်ဆိုတာ မျက်တောင် တဆုံးဘဲမကြည့်ဘဲ တလှန် မျက်စေ့တဆုံး ကြည့်တတ်ကြပါ။
ကြားထဲ ထိုင်းက ဓါတ်ငွေ့ငွေရပြီး စီးပွားရေးပိုခိုင်မာ ပိုထောင်တက်လာတော့ ဥပမာ အထည်ချုပ်လုပ်ငန်းပေါ့။ ကျနော်တို့က သူတို့ကို မယှဉ်နိုင်တော့ဘူး။ မယှဉ်နိုင်တော့ လုပ်အားခလည်း သူတို့လို မပေးနိုင်။ လုပ်ငန်းကလည်း ကြားထဲ ဟိုကဖြတ် ဒီကဖြတ် ဆိုတော့ နည်းနည်း အခြေအနေ မကောင်းရင် ပြုတ်ရော။ ဒီတော့မြန်မာတွေက ပတ်စ်ပို့ကလည်း မလွယ်တော့ တရားမ၀င် ထိုင်းကို ထွက်လုပ်ကြရတော့ ဟိုက မြန်မာလုပ်အားတွေကို ဈေးပေါပေါနဲ့လည်းရ။ ညစ်ပတ်ပြီး ထပ်အကြပ်ကိုင်တော့ အလွန် အမြတ်ရပြီး မျောက်အမြှီးနဲ့ မျောက်ပြန်ချည်ခံရတာ ဆိုတာ ကျုပ်တို့ဗမာ အတွက် စကားပုံလိုဖြစ်နေပြီ။ ကိုယ်တိုင်းပြည်ရဲ့ အားသာချက် သယံဇာတကို ကိုယ်ပြိုင်ဖက်နိုင်ငံ ကိုထိုးရောင်းတာဟာ သူခိုးဓါးရိုးကမ်း ဆိုတာ ဒါမှကွက်တိ။ ပြောရရင်တော့ ကိုယ့်လင်ကို မြင့်မြတ်တဲ့ သူတော်စင်အလား အမှတ်ထားအိပ်ပြီး လင်ငယ်အတွက် ဖင်ကိုခြင်ထောင် အပြင်ထုတ်ပေးထားတာ ဒါမျိုးပြောတာ။ ပြောတော့ တပ်မတော်ဟာ အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက်တဲ့။ ဒါကို သစ္စာဖေါက်တယ်လို့ မခေါ်ရင် ပြပါအုံးလို့။
ပြည်ပအားကိုး ပုဆိန်ရိုးအော်တယ်။ ကိုယ်တိုင်ကတော့ ဖင်ကို ခြင်ထောင် အပြင်ဖက် ခိုးထုတ်ပေးထားတယ်။ ခုလည်း ရွှေသဘာဝဓါတ်ငွေ့ကို အကုန်လုံး တရုတ်ကို ထိုးရောင်းစားပြန်တယ်။ တရုတ်ဆီက နိုင်ငံရေး ဗွီတိုအာဏာသုံးပေးဖို့ ကန့်ကွက်မဲ ကိုရဖို့ တရုတ်တောင်းသမျှ ပေးလိုက်ရတာပါဘဲ။ အဲဒါ တကိုယ်ကောင်းစိတ် ကြီးမားသူတွေ အတ္တအတွက် မမှန်တာတွေလုပ် တိုင်းပြည် ပြည်သူလူထု ထောက်ခံမှုမရတော့ ပြည်ပအားကိုး မဟုတ်တော့ဘူး။ အားကိုးရတဲ့အဆင့် ထက်ကျော်သွားပြီ။ ကျားကန် ပေးထားရတဲ့ အဆင့်ဖြစ်သွားပြီ။ ပိုဆိုးတာက အခုတရုတ်က သူ့လူမျိုးတွေရဲ့ စီးပွားကို အာမခံပေးရမယ်အထိ အကြပ်ကိုင်လာပါပြီ။
အဲဒါဟာ နိုင်ငံရဲ့နိုင်ငံ့ အာဏာကို ကျူးကျော်စော်ကားမှုပါ။ တရုတ်ဟာ ဒီလိုတောင်းဆိုမှုမျိုးကို တခြားဘယ်နိုင်ငံကိုမှ မတောင်းဆိုသေးပါဘူး။ နိုင်ငံတနိုင်ငံဟာ သူ့လူမျိုးအတွက် အဲဒီလိုအာမခံချက် မျိုးတောင်းဆိုခွင့် မရှိရပါဘူး။ တောင်းဆိုနိင်တာက သူ့နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကိုသာ တင်ပြခွင့်ရှိတာပါ။ ဥပမာ အမေရိကန်နိုင်ငံသား ခံထားတဲ့ ကိုညီညီလွင် ကိစ္စကိုကြည့်။ ဒေါ်စုအိမ် ရေကူးလာခဲ့တဲ့ ယက်တော။ ဒ့ါသူတို့နိုင်ငံသား။ အဲဒါပြောလို့ရတယ်။ ကျနော်တို့နိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်လူမျိုးအတွက် သူဘာမှဝင် အာဏာကျော်ပိုင်ခွင့်မရှိဘူး။ တရုတ်လူမျိုးဖြစ်ပေမဲ့ မြန်မာနိုင်ငံသား။ သူတို့ဟာ တရုတ်နိုင်ငံသားမဟုတ်ဘူး။
အခုတော့မဟုတ်ဘူး။ ဗွီတို ကိုဗန်းပြပြီး ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ တောင်းဆိုမှုမျိုး။ တရုတ်ကိုမေးကြည့်ပါ။ သူတို့ဒီလိုမျိုး အခွင့်အရေး တောင်းဆိုမှုကို ဘယ်နိုင်ငံနဲ့ ပြောဘူးလဲလို့။ အဲဒါ ပြည်ပအားကိုးထက် နိမ့်သွားပြီ။ ပြည်ပ ဒူးထောက် ဖြစ်သွားပြီ။ ဒါမြန်မာလူမျိုးရဲ့ ဇာတိမာန်ကို ဒူးထောက်စေတာဘဲ။ ဇာတိမာန် မကျန်တော့ဘူး။ ဆွေမျိုးခေါ်ပြီး အပေါက်ဖေါ် ပေးထားရပြီ။
ဒီဆောင်းပါး လွန်ခဲ့တဲ့ ၃ပတ်ခန့်က ပေးပို့ထားတာဖြစ်ပါတယ်.. ယခုမှ ဖော်ပြဖြစ်တဲ့ အတွက်ဆရာ့အား တောင်းပန်အပ်ပါတယ်။
လှိုင်မြင့်
ဆက်လက်ဖော်ပြပေးပါမည်...
ဆက်လက်ဖော်ပြပေးပါမည်...
ဒီဆောင်းပါး လွန်ခဲ့တဲ့ ၃ပတ်ခန့်က ပေးပို့ထားတာဖြစ်ပါတယ်.. ယခုမှ ဖော်ပြဖြစ်တဲ့ အတွက်ဆရာ့အား တောင်းပန်အပ်ပါတယ်။


ဒီမိုဝေယံ website ဆိုပီးတော့comment ရေးဖို့ တော်ကြာပိတ်လိုက်.တော်ကြာဖွင့်လိုက်လုပ်နေတာဟာ.ဒီမိုဆိုတဲ့နံမည်နဲ့မကိုက်ညီပါဘူး..ဘယ်လိုဘဲရေးရေး ဖြတ်တာတောက်တာတွေရှိနေတော့.နအဖ ဝက်ဆိုက်ဖြစ်နေပါတယ်..လွတ်လွတ်လပ်လပ်ရေးပါရစေကိုဒီမို.ကျေးဇူးတင်ပါတယ်..
ReplyDeleteအင်းပြောရရင်တော့ ကွန်မာန့်တွေမှာ Spam တွေပါလာနေတော့ တချို ဘလော့ဂ် ဖွင့်မရဘူးလို့ ပြောလာကြလို့ပါ..။ ဒါကြောင့် Spam ပါတဲ့ ကွန်မာန့်တွေနဲ့ အကြောင်းအရာထပ်နေတဲ့ ကွန်မာန့်တွေ ရေးသူတွေ သိချင်လို့ အကောင့်နဲ့ ဝင်ဖို့ လုပ်လိုက်တာပါ..။ ဆွေးနွေးနိုင်ပါတယ်.. ဆဲဆိုတာတွေ Spam ပါတာတွေကိုတော့ ဖျက်ပါမယ်...။ လာဖတ်တဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်... အမြင် ၂ဘက်လုံးက အားလုံးကိုပါ..
ReplyDeleteသိပ်အကျိုးရှိပါတယ်။ ဆရာ့ရဲ့ ရေးသားချက်တွေက အမြင်ကို တိုးပွားစေပါတယ်။ မရေးတာကြာလို့ မျှော်နေတာပါ။ သိပ်ကောင်းတဲ့ဆောင်းပါးပါ။ ကျေးဇူးတင်ပါတယ်။
ReplyDeleteအေးဗျာ...ဆရာလှိုင်မြင့်ဘာရေးဦးမလဲ စောင့်နေတာ။ တရုပ်အကြောင်းစဉ်းစားရင် ရင်နာလွန်းလို့ ။ ဗကပ သောင်းကျန်းမှုကစလို့  ပြည်တွင်းစစ်မီးကို မငြိမ်းအောင်မွှေးထားတာလည်းတရုပ်။
ReplyDeleteခု KIA, SSA စတဲ့ လက်နက်ကိုင်တွေကလည်း တရုပ်ဖင်ရက်ချင်လို့ လေသံပစ်နေ။
မဆလ ခေတ်တုန်းကမှ တရုပ်ကို ရင်ပေါင်တန်းနိုင်ခဲ့သေးတယ်။
အခု လူမြိုပြီး လူမျိုးပါပျောက်တော့မယ်။
အမြင်ကျဉ်းစစ်ဗိုလ်ချုပ်တွေထုံးစံ တနပ်စားလုပ်ရပ်တွေနဲ့  အခွင့်အလမ်း စားရိတ် (opportunity cost) ကိုမတွက်တတ်မှန်ပေမယ့်
နိုင်ငံရေးဘောဂဗေဒ ရှုထောင့်ကိုပါ ယထာဘူတကျကျစဉ်းစားဖို့ တော့လိုမှာပဲ....
ဥပမာ..ဓါတ်ငွေ့ တွေ ကို တရုပ်နဲ့ ထိုင်းကို ဈေးပေါပေါနဲ့ 
ထိုးရောင်းတာ ကုလသမဂ္ဂ နဲ့  အာဆီယံ မှာထောက်ခံမှုရဖို့ မဟုတ်ဘူးလား...
အခု ဓါတ်ငွေ့ ပိုက်လိုင်းအတွက် စစ်တိုက်ပေးသလို...
တဖက်မှာလည်း အတိုက်အခံ အုပ်စုတွေရဲ့ နိုင်ငံရေးရွှေ့ ကွက်တွေကြောင့်..
ဂျောင်ပိတ်ရိုက်ခံရတဲ့ခွေးလို...
ဒီလိုတိုင်းပြည်ရဲ့  သယံဇာတတွေနဲ့  အာဏာမြဲအောင်လုပ်နေတာကိုပါ မြင်ဖို့ လိုမှာပဲ....
ဥပမာ စီးပွားရေးပိတ်ဆို့ မှုနဲ့  COI ကြောင့် တရုပ်ကြီးဘက် ဒီအမြင်ကျဉ်းဗိုလ်ချုပ်တွေကို တွန်းပို့ သလိုဖြစ်သွားတာ..
မျှော်နေတာကြာပြီ။ခုမှဘဲဖတ်ရတော့တယ်။ဆရာ့ရေးသား သော ဆောင်းပါ တွေက အရင်က ကောလဟာလအနေနဲ့ကြားဖူးတာတွေရှိ ပါ တယ်။(ဥပမာ ဒလဘက်ကမ်းစီမံကိန်းလို သတင်းတွေပါ။) အများကြီးဗဟုသုတ ရပါတယ်။ အပါတ်စဉ်လေးရေးပေးပါခင်ဗျား။ဆောင်းပါးအားလုံး ကို တခါတည်းဖတ်လို့ရအောင်လုပ်ပေးထားစေချင်ပါတယ်။ ဒီထက် ကောင်းအောင်လုပ်ပေးဖို့ပါ။ကျေးဇူးပါ။
ReplyDeleteဆရာ့ ဆောင်းပါးအားလုံးအတွက် ပို့စ်အောက်က label နေရာက ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ နေရာကို နှိပ်ရင် အကုန်ဖတ်လို့ ရပါတယ်.. ။ ဒုတိယပိုင်း စာလုံးတွေ စစ်ပြီးရင် အမြန်တင်ပေးပါမယ်...။ အားလုံးကို ကျေးဇူးဗျာ...
ReplyDeleteဒီမိုဝေယံ, ကျွှန်တော်တို့မြန်မာပြည်သာတွေအားလုံးဟာ..လွတ်လပ်မူ့တွေဆိတ်သုန်း.ဆင်းရဲသောကတွေနဲ့...ရင်ထဲမှာမွန်းကြပ်နေကြတာပါ...ထွက်ပေါက်တခုအနေနဲ့..ဒီမိုဝေယံကနေ..comment တွေရေးပီးစိတ်ပြေရာပြေကြောင်းရေးကြတဲ့အခါမှာ..တခါတလေ..ဆဲတာလေးတွေပါတတ်မှာပါ..ဒီအတွက်ရိုင်းတယ်လို့ထင်စရာပေါ့လေ..ဒါပေမဲ့အဲ့ဒီလိုလေးမှလဲ...ရင်ထဲမှာမွန်းကြပ်နေကြတာလေး.စိတ်သက်သာသွားသလိုပဲ...နားလည်ပေးစေချင်ပါတယ်..ကျေးဇူးတင်ပါတယ်..
ReplyDeleteI still remember last few years back, when i (we) saw the one of ASEAN assembly in Orchard Rd ( in Singapore),there are all of ASEAN members are represented to their country name and showing their culture, when reach to our country, they present as ( China-Myanmar instead of Myanmar). So we were really angry that time, How can be China-Myanmar? Now really going to happen china myanmar!!
ReplyDeleteနိုင်ငံအကျိုးပြု ဆောင်းပါးတွေကို ရေး-ဖတ်-ဝေဖန်ကြတဲ့အခါမှာ နိုင်ငံ့အကျိုး၊ လူထုအကျိုးကို ပိုပြီး လိုလားတောင့်တမိတတ်ကြပါတယ်။ ဒီမိုကရေစီ ပိုမို ထွန်းကားလာတာနဲ့အမျှ၊ ပရဟိတစိတ်ဓါတ်တွေ ပိုမိုရင့်ကျက် ခိုင်မာလာတာနဲ့အမျှ ရေး-ဖတ်-ဝေဖန်တာတွေက ပိုပြီး အကျိုးပြုလာနိုင်မှာပါ။
ReplyDeleteဦးလှိုင်မြင့်ရေ - အခုထိ ဟိုလူနဲ့အမျိုးတော်တယ် ဒီလူနဲ့ အမျိုးတော်တယ် ပါမှ ဗိုလ်ချုပ် သားသမီးတွေ နဲ့ ဆက်စပ်မှုလေး ပါမှ ဆောင်းပါးရေးလို့  ဖြစ်လား? ဦးလှိုင်မြင့် ခယ်မက ဦးလှိုင်မြင့် စကားလဲ နားမထောင်ပါလား ဦးလှိုင်မြင့်နဲ့ အမျိုးက အဝေးကြီးပါဗျာ။ လိုက်စပ်မနေပါနဲ့ သူ့ မှာ တိုင်ပင်စရာ မလိုလောက်အောင် အတွေ့ အကြုံနဲ့ အသိညဏ်တွေ ရှိပါတယ်ဗျ။ ဟိုလူ့ အပြစ်ပြော ဒီလိုအပြစ်ပြောနဲ့ ဒါဘဲလုပ်တတ်လား တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတဲ့ အကြံကောင်းတွေ ရေးရင် အထင်ကြီးမယ်။
ReplyDeleteတူးမောင်
ဟိုလူ အပြစ်ပြော ဒီလူအပြစ်ပြောက လုပ်ပုံကိုင်ပုံ မဟုတ်လို့ပြောတာ။
ReplyDeleteအပြောမခံချင်ရင် ကောင်းအောင်နေကြပါလား။ မှန်မှန်ကန်ကန် လုပ်ကြကိုင်
ကြပါလား။
ဦးမြင့်လှိုင်ရေ
ReplyDeleteဦးသန်းရွှေကြီးက တရုတ်ကြီးက လိုလို့တောင်းရင် ဖင်တင်မကဘူး သူ့မှာရှိတဲ့ xxxxxx ဘာညာ သာတကာ ဟိုဟာတွေတောင်ပေးအုံးမှာ..ဘာဖြစ်လို့လဲဆိုတော့ သူ မြန်မာပြည်တွင်းက မဖြစ်မနေထွက်ပြေးရတော့မယ်ဆိုရင် တရုတ်ကြီးက လက်သင့်ခံမယ် အကာအကွယ်ပေးထားမယ် ဒါကြောင့် အမေကန်ဒေါ်လာသန်းထောင်ကြော်တန်အိမ်ကြီးတွေဝယ် ရသမျှစိန် ရွှေရတနာ ဒေါ်လာတွေကို ရနိုင်သလောက် တရုတ်ကိုပို့ထားပြီးပြီ အရေးဆိုဖင်လေးခါပြီး တရုတ်ကိုထသွားရုံတင်...ပြသနာဖြစ်လို့ခံရပြီဆိုရင် အောက်ကမအူမလယ်ကိုရျွှေဗိုလ် ချုပ်တွေ ၀န်ကြီးတွေ ၀န်လေးတွေ ခံရမှာမသိ့ကြဘူးလား မကြောက်ကြဘူးလား အိမ်တလုံးရဖို့ပေးဝယ်ရသောဒေါ်လာသန်းထောင်ကျော်များကို မြန်မာပြည်ရဲ့ ပြည်နယ် တိုင်း ဒေသတခုခုဖွင့်ဖိုးမှူ့အတွက်သုံးလိုက်ရင်အရမ်းကောင်းမှာနော်..အခုလဲရခိုင်ကရတဲ့ ဓါတ်ငွေ့တွေဈေးပေါပါနဲ့ တရုတ်ကိုရောင်းပြန်ပြီ..အဲ့ဒါလဲသူ့အတွက်ဘယ်လောက်ကျန်အုံးမလဲဆိုတာ သိပရစေအုံး ဆရာမြင့်လှိုင်ရေ...ဆရာကိုကျေးဇူးတင်ပါသည်၊၊
ဘဘလိုင်မြင့်ရေ ရပ်ကွက်တွေထဲမှာ ဆွမ်းခံကြွလာတာတို့  အလျှုခံလာတာ
ReplyDeleteတို့ ဆိုရင် ရပ်ကွက်ကခွေးလေခွေးလွင့်တွေက ထထ အူ ကြတာဘဘသိမှာပါနော်
သူတော်ကောင်တွေလာတာကို ဒီလိုဘဲ ဟောင်တဲ့ကောင်တွေက ရှိမှာပါ
ဘာမှစိတ်မပျက်နဲ့ နော် မြန်မာစစ်စစ် မဟုတ်တဲ့ကောင်တွေက ဒီလို
ပါဘဲ လူစကားပြောနေရင် ထထ ဟောင်တတ်တာ ဘယ်တော့စောက်ခွက်
အရိုက်ခံလို့ သွားပြုတ်မလဲစောင့်ကြည့်ရသေးတာပေါ့
အရိုးကိုက်ပြီးဟောင်းတဲ့သူတွေ အသံမစဲအောင်ဟောင်ထားကြ
ဦးခင်ညွန့် ကိုလည်းနမူနာယူထားကြပေါ့ကွာ မင်းတို့ နေဝင်ချိန်ကနီနေပါပြီး ငါတို့ အလွန်းဆုံးစောင့်ရ ငါးနှစ်ပေါ့
ပိတောက်မြေ ပြောတဲ့နမူနာလေးက မှတ်သားလောက်အောင်ကို ကွက်တိပါဘဲ ။ ကျေးဇူးတင်လိုက်တာ ။ ဒီလို တကာင်ဟောင်တာနဲ့ အဝေးကနေ အူကြဟောင်ကြတတ်တဲ့အကောင်တွေက အရေးဆို လစ်ကြတာပါဘဲ ။ ဟုတ်ပါတယ် ဦးခင်ညွှန့် ပြုတ်တုံးက ခင်ညွှန့် ကိုဖါး ခင်ညွှန့် ပုံနဲ့  အရှိန်အ၀ါပြစားနေကြသူတွေ ညတွင်းချင်း ခင်ညွှန့် ပုံတွေ ဖြုတ်ချကြတာ ဒီလို အကောင်တွေပေါ့ ။ ခင်ညွှန့် ပုံကို ချိတ်ထားတာကိုက ခင်ညွှန့် ကို ချစ်လို့  ခင်လို့  လေးစားလို့ မဟုတ်ဘူး ။သူတို က့မဟုတ်တာလုပ်တယ် ။ ငါတို့ ကခင်ညွှန့် နဲ့ဒီလိုပိုင်တယ် ဆိုပြီး မဟုတ်တာလုပ် ဗိုလ်ကျချင်သူတွေ ရဲ့ စိတ်ဓါတ်တွေ ။
ReplyDeleteချီတွင်း ထဲကလောက်လို ဟိုထိုးဒီထိုး စိတ်ဓါတ်တွေ ။
လှိုင်မြင့်
ဆရာ့ရဲ့ နိုင်ငံရေး အတွေးအခေါ်တွေ ... စီးပွားရေး အတွေးအခေါ်တွေကို အရမ်းလေးစားပါတယ်..
ReplyDelete