Pages

Sunday, July 10, 2011

IMF နှင့်နိုင်ငံတော်အခြေခံဥပဒေ ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)


IMF နှင့်နိုင်ငံတော်အခြေခံဥပဒေ 
 ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ကျနော့်ဆောင်းပါးမှာ အာရှငွေကြေးပြိုကွဲမှု အကြောင်းနဲ့ဆက်စပ်ပြီး အများစုဆွေးနွေးလာတာ အတော်လေး ကောင်းပါတယ်။ ကွန်မာန့်မှာ Socretes (ဆိုကရေးတီး) ဆိုသူ ဆွေးနွေးလာချက်တွေ ဟာ မြန်မာ့ နိုင်ငံရေးကို အထူးလေ့လာထားတဲ့ (တာဝန်ရှိအဖွဲ့ဌာန တခုဆိုတာ) တစတစ ရုပ်သွင် ပေါ်လွင်လာပါတယ်။ န.အ.ဖ. လိုလားတဲ့အဖွဲ့ထက် န.အ.ဖ.ရဲ့ ဌာန တခုလို့ကို သုံးသပ်လို့ ရလာပါပြီ။ Socretes က ကျနော်ထက် စာပေ အထောက်အထားတွေ ပိုမိုတိကျပါတယ်။ ကျနော် မယှဉ်နိုင်ပါဘူး။ ကျနော်ကသူ့ ကို မမှုတာက ကျနော်က အမှန်တရားဘက်ကနေ ထိုင်ထားတာ။ ဥပမာပေးရရင် သူက လက်နက်ပေါင်းစုံနဲ့ စက်အကူအညီနဲ့ အတိအကျ ပစ်နိုင်တယ်။ ကျနော်က ဂျင်ကလိလေးနဲ့ အနိုင်နဲ့ ဖိပြောနေတာလေ။ သူကကောင်းပေ့ဆိုတာနဲ့ ပစ်ပါ။ ကျနော်ရဲ့ အမှန်တရားဆိုတဲ့ ဒိုင်းကြီးကို မဖေါက်နိုင်ပါဘူး ။

ကျနော်ကအချက်အလက်တွေ မှားလည်းနိုင်  မှန်လည်းနိုင်ပေါ့။ Socretes အပါအ၀င်အားလုံးကို စိန်ခေါ်ထားတာ ဘယ်သတ္တိရှိလှပါတယ်ဆိုတဲ့ အခုကျနော်ကို ကလော်တုတ်နေတဲ့ လူတွေတဦှးကမှ အဓိက စိန်ခေါ်ချက်ကို မထိရဲ ကာကွယ်ပြီးတောင် မပြောရဲကြပါဘူး။ ဗိုလ်ချုပ်တွေ အထဲမှာ လာဘ်မစားဘူးသူ ရှိရင်ပြောပါ အခုချက်ချင်း လာပြီးကန်တော့ချင်လို့ပါ။ (အဆိပ်သောက်တဲ့အထိ စိန်မခေါ်တော့ပါဘူး ...တထစ်လျှော့ပေးလိုက်ပါတယ်) တကယ်တော့ အာရှငွေကြေးပြိုကွဲနေချိန် ၁၉၉၆- ကနေ ၂၀၀၂ - နှစ်ကုန်အထိ ကျနော် ထောင်ကျနေပါတယ်။ အာရှငွေပြိုကွဲတာကို ၁၉၉၇-ဒီဇင်ဘာလောက်မှ ကျနော်တို့ သဲ့သဲ့လေးသိရတာပါ။ ထောင်မှာ မိသားစုအရေးက လွဲလို့ဘာမှ ပြောခွင့်မရှိတော့ ကျနော်တို့ ဘာမှမသိရပါဘူး။ ထောင်ကလွှတ်လာမှ တတ်နိုင်သမျှ လက်လှမ်း မှီသလောက်လေး ပြန်ရှာဖတ်ရတာပါ။ ကျနော်တို့ လွှတ်လာချိန်ကျတော့ SARSတို့ ကြက်ငှက်တုတ်ကွေး တခြားစတာတွေဘဲ အဲ့ဒီကာလက သတင်းဖြစ်နေချိန်ပါ။

ထိုင်း-ငွေကြေးပြိုကွဲမယ်ဆိုတာကို Bangkok Post အယ်ဒီတာ မြန်မာလူမျိုး Ralph Ba Cho ဆီရေးထားတဲ့စာနှင့် မိတ်ဆွေ တဦး Mr.B K ဆီကို အိမ်ခြံမြေမှာ ရင်းနှီးထားတာတွေ အမြန်ဆုံး ပြန်ထုတ်ဖို့ (ထပ်မံ တိုက်တွန်း) တဲ့စာတွေမိလို့ ထောက်လှမ်းရေးအရာရှိက ခင်ဗျားက လူဆရာဝန်လုပ်ပြီး ဘာတတ်လို့ စီးပွားရေးကို ဘယ်လောက်နားလည်လို့ အာဆီယံမှာ ဒုတိယစီးပွား အင်အားအကြီးဆုံး နိုင်ငံကို စီးပွားရေးပြိုကွဲမယ် ငွေတန်ဖိုး ထိုးကျသွားမယ် ရေးရတာလည်းဆိုပြီး ဝေဖန်ပါတယ်...။ ရှင်းပြလိုက်ပါတယ် ကျနော် စီးပွားရေးကိန်းဂဏန်းတွေ တတ်လို့ သိလို့ပြောနေတာ မဟုတ်တဲ့အကြောင်း။ ဘဏ်ကြီးတွေ မှာဖြစ်ပျက်နေတာတွေ ဈေးကွက် တကယ့်လက်ရှိ ဖြစ်ပျက်နေတာတွေအပေါ်အခြေခံ ပြောနေတယ်ဆိုတာကို ရှင်းပြလိုက်တော့ (ခင်ဗျားပြောတာ လက်တွေ့ကျတယ်လို့) လက်ခံသွားကြပါတယ်။ ကျနော်ကိုဖမ်းတာ ၉၆-မေလ-။

အဲဒီမှာ အထူးပြောစရာလေးကတော့ အာဆီယံဟာ န.အ.ဖ ကို ၉၇-မေလမှာ လက်ခံလိုက်ပါတယ်။ မေလ-၁၉-ရက်ဟု ထင်ပါတယ်။ ရက်ခြောက်ဆယ်မခြားဘူး ငွေကြေး ပြိုကွဲရတော့တာပါဘဲ။ အာဆီယံမှာ မသူတော် န.အ.ဖ. ပါလာလို့ ဒီလိုဖြစ်လေသလားတောင် ပြောဆိုယူကြရတဲ့အထိ ဖြစ်သွားတာပါ။ ပြောလဲပြောစရာပါဘဲ... ယခင်ရေးဖူးသလိုပါဘဲ ထိုင်းမှာ ဝန်ကြီးချုပ်က န.အ.ဖ.ကို အသားလွတ်ဖါး ဖေါရှော ဗိုလ်ချုပ်ကြီး ချောင်ဗာလစ်ယောင်ချာယု။ လူကလဲ ပြည့်တန်ဆာခန်းတွေ ပိုင်သူလေ။ န.အ.ဖ. ရဲ့ အရင်းနှီးဆုံး ထိုင်းဝန်ကြီးချုပ်ကပြည့်တန်ဆာခန်း ပိုင်ရှင်လေ။


ဆိုကရေးတီး ပြောသလို ထိုင်းက IMF အကူကိုယူခဲ့လို့ ပိုဆိုးသွားရတာ မဟုတ်ပါဘူး။ IMF အကူမယူရင် ဘယ်လောက်အထိ ဖြစ်သွားမယ်ဆိုတာ ကာယကံရှင်နိုင်ငံတွေ သိပါတယ်။ နေမကောင်းလို့ ဆေးရုံတင်ရတာပါ။ ဆေးရုံတင်လို့ နေမကောင်းဖြစ်သွားရတယ် သဘောမျိုး ရောက်နေပါတယ်။ ကာယကံရှင်နိုင်ငံတွေ မှာ စီးပွားရေးပြန် နလန်ထူနိုင်အောင် IMF ရဲ့မူကိုတော့ လက်ခံရတာပါဘဲ။ မိသားစုတခုအတွင်းမှာကို မိဘက အမွေပေးရင် သူတို့ချမှတ်ထားတဲ့ လမ်းစဉ်ကို လိုက်နာမှသာ အမွေရသလိုပါဘဲ.. (သဘောအဖြစ်ပေါ့ )။

စီးပွားရေးပြိုကွဲတာက စီးပွားရေးပေါ်လစီ မူပေါ့လေ မှားလို့ကွဲရတာကို ပေါ်လစီမပြင်ရင် နောက်ထပ်ကူတဲ့ငွေပါ ပလုံသွားမှာပေါ့။ မူမှားလို ပြင်ခိုင်းတာပေါ့။ တဖက်ကလည်း မှားပါတယ်ကို လက်တွေ့ ၀န်ခံရတာဘဲလေ။ IMF ဟာ သူ့ငွေကို နိုင်ငံတခု အခြေအနေ အကြပ်အတည်းချိန်မှာ ၀င်ကူညီပေးတာပါ။  တနည်းကတော့ တခြားနိုင်ငံတွေနဲ့ တခြားဒေသတွေကိုပါ စီပွားရေးဂယက် ကူးစက်မလာအောင် ကာကွယ် ဟန့်တားပေးတာပါ။ နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေ ကို တိုက်ရိုက် ၀င်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ ယခင်လည်း ရေးနေကြပါ။ နိုင်ငံတခုရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး (အခြေံဥပဒေ) ဟာ ဒင်္ဂါးပြားတခုရဲ့ မျက်နှာပြင်နစ်ဘက် သာဖြစ်ပြီး ဘယ်လိုမှ ခွဲခြားမရတာပါ။ အဲဒီလိုခွဲခြား ခွာပြီး ဆွေးနွေး လို့သာရရင် အခု လက်ရှိ နာဂစ်ဥပဒေကြီးနဲ့ ချေးယူဖို့ စကားပြောနေတာ ကြာပါပြီ။ ဒါပေမယ့် အာဏာရှင်တွေ အာဏာကို အသုံးချပြီး စီပွားရေး ကိုမမှန်မကန် လုပ်နေသူတွေကတော့ IMF မူဝါဒတွေကို လက်မခံလိုကြပါဘူး။ အဲဒါကြောင့် IMF ကို နာမည်ဖျက် အရောင်ဆိုးနေကြတာပါ။ ဒါပေမယ့် ဘယ်သူကမှ IMF ရဲ့ မူဝါဒ ထဲက ဒါတွေဟာ ငွေကြေးအကူအညီ ယူတဲ့နိုင်ငံတွေအပေါ် မချမှတ်သင့် မတောင်းဆိုသင့်လို့ တရားဝင် ဆွေးနွေးလာတာ မရှိပါဘူး။ မကျေနပ်ချက်တွေ ထုတ်ပြောနေတာလောက်ပဲ ဖြစ်ပါတယ်။

ဒါဟာဘာကိုပြသလဲဆိုရင် အာဏာရှင်နိုင်ငံတွေဟာ တိုင်းပြည်ဘဏ္ဍာရေး စီမံခန့်ခွဲမှုမှာ မိမိ အကျိုးကိုသာ ဦးစားပေး စဉ်းစားထားတာ ဆိုတော့ ဆိုခရီးတီး ချပြထားသလို စီးပွားရေး လွတ်လပ်ခွင့်ပေးဖို့ လိုလားသူတွေ ဖြစ်နေလို့ပါ။ မိမိက တိုင်းပြည်ရဲ့ အကြီးအကဲ။ မိမိ မူဝါဒဟာ တိုင်းပြည် တိုးတက်ရေးအတွက် အသင့်တော်ဆုံးလို့ ကြွေးကြော်ထားတယ်။ တကယ် အဖြေထွက်လာတာက မိမိ ကတော့ အချိန်တိုလေးအတွင်း မတရား (လူထု ကိုပင် ပကတိ အရှိကို အရှိအတိုင်း ထုတ်ဖေါ် မကြေငြာရဲအောင်)  ကျိကျိတက် ချမ်းသာသွားပြီး တိုင်းပြည်က စုတ်ပြတ်သွားပါတယ်။

အဲဒီလိုအုပ်စိုးသူတွေက IMF မူဝါဒတွေကို သူတပါးလွတ်လပ်ခွင့်ကို ထိပါးတယ် ပြောလာတာကတော့ ကျနော်အနေနဲ့ ဒီလိုသူခိုးတွေ ပါးစပ်ကစကားကို လက်ခံရတာခက်နေပါတယ်။ သူတို့ကိုယ်တိုင် ကတော့ ပြည်သူလူထု ကို စိးပွားရေး လွတ်လပ်ခွင့်ဆိုတာတောင်းရင် ထောင်ချပြစ်တဲ့အထိ လုပ်နေကြပြီး သူတို့ကို ထိပါးလာတာကျတော့ သိတတ်ကြတယ်။ တကယ်သာ လာဗျာ ခင်ဗျားစီးပွားရေးမူ ဒီလိုရှိတယ် IMF စီးပွားရေးမူဝါဒက ဒီလိုရှိတယ်ဆိုပြီး မြန်မာပြည်သူတွေကို ယှဉ်ပြရရင်ပိုကောင်း ပါမယ်။ ဘယ်သူ့ စီးပွားရေးမူဝါဒက တိုင်းသူပြည်သား အပေါ် ပိုအကျိုးပြုသလဲ ဆိုတာပိုပေါ်လွင်ပါမယ်။ IMF မူတွေနဲ့ ဆိုရင် ဒီလို ကွာတယ် ဆိုတာကို တိုင်းသိပြည်သိ အားလုံးသိအောင် ယှဉ်ချမပြရဲသူတွေက IMF ကို ဝေဖန်နေတာမဆန်းပါဘူး။ အာဏာရှင်လိုလားသူတွေ ရဲ လက်သုံးစကားတွေပါ။ ချတောင် မပြရဲသူတွေပါ။

တိုင်းပြည်တိုင်းမှာ အုပ်စိုးသူ ချမ်းသာသွားလေ တိုင်းသူပြည်သားတွေ မွဲလေဟာ အချိုးချယူလို့ ရပါတယ်။ ၁၉၇၉-ခုနှစ်တွေ ဆီက နံမည်ကျော်သွားခဲ့တဲ့ (ရှဖါး -စီးပွားရေး ဇယားပြမျဉ်းကြောင်း) နဲ့နှိုင်းထိုးယူလို့ ရပါတယ်။ အခု န.အ.ဖ ဟာ တခြားအာဏာရှင်တွေ လုပ်သလို တိုင်းပြည်ရဲ့ သယံဇာတ တွေ ထုတ်ရောင်း ရောင်းပြီး ခိုးတာထက်ပိုဆိုးတဲ့ အာဏာရှင်ပါ။ တိုင်းသူပြည်သားတွေရဲ့ မရှိမဲ့ ရှိမဲ့ လက်ထဲပိုင်ဆိုင်ထားတဲ့ ဓန တွေကို ကားပါမစ် / ဖုံးပါမစ်တွေနဲ့ အသားလွတ် ရိတ်ဝိုက်ထဲ့လိုက်သူပါ။ ကမ္ဘာမှာ အဲဒီလောက် ကားဈေး ဖုံးဈေး တင်ရောင်းတဲ့ နိုင်ငံမရှိပါဘူး။

ဒါကို ကာတွန်းဆွဲတတ်သူ တဦး ကူညီနိုင်ရင်ပေါ့။ န.အ.ဖ. စီးပွားရေးစက်က အလည်က ပန့်ပေါ့ (တုံကင်ပေါ့ ) တဖက်က လူထု။ တဖက်က ဗိုလ်ချုပ်တွေ။ ပန့်ကိုတချက် ရိုက်လိုက်တိုင်း လူထု ဘက်က ပိန်ချပ်သွား ဗိုလ်ချုပ်တွေ ဘက်ဖေါင်းသွားတဲ့ တုံကင်ပန့်လေးပေါ့။ တုံကင်ရဲ့ ဘားက တဖက်ကိုဘဲ သွားတဲ့ ဘားလေးနဲ (one way bar) လေ။ အဲဒါလေးဆွဲနိုင်ရင်ပေါ့ ... တုံကင်လေးက ပါမစ်ပေါ့။ အဲဒါဆို စာတလုံး နှုတ်တရာ စုတ်တချက် စာတစ်ထောင်။ တုံကင်တချက်ဆွဲလိုက်တိုင်း လူထုဘက်က ပိန်သွား ဗိုလ်ချုပ်တွေဘက်က ဖေါင်းလာ ဟန်ကိုကျလို့။ ကမ္ဘာမှာ အကောင်းဆုံး စီးပွားရေးစီမံကိန်းလေ။ အခုအဲဒီလိုလုပ်တာ မှားပါတယ်လို့ သမ္မတကြီးက ပြန်ပြင်လိုက်ပြီ။ ဗိုလ်ရွှေ ၂၃-နှစ်လုပ်ခဲ့တာ အမှားတွေပါ ဆိုပြီး ချက်ချင်းပြင်နေရပြီ။ လက်တွေ့နော်။

ကုန်ဈေးနှုန်းတွေတက်ရင် ဗိုလ်မျိုးညွှန့်တို့ ခင်ညွှန့်တို့ သတင်းစာကြီးတွေမှာ စားသုံးသူ တွေ အပေါ် မတရားဈေးတင်တယ် အော်ချက်ထုတ် သူတို့စကားလေးရှိပါတယ်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်တွေပေါ့။ အခုဟာက ဘယ်သူသေသေ ငရွှေ စိန်ဝယ်ရပြီးရောဘဲ။ အခုမြင်တယ် မဟုတ်လား သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင် အမှားတွေ ပြုပြင်ပါမယ် ကိုယ်တိုင်မိန့်ခွန်းနဲ့ ဝန်ခံထားသလို ဖုန်းတွေကို ချက်ချင်း ဈေးချပေးလာတာလေ။ ကမ္ဘာ့ဖုန်းဈေး ကျလာတယ်လည်း မကြားမိဘဲ မြန်မာမှာထိုးကျသွား တာလေ။
 ယနေ့တိုင်းပြည်ရဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခု
ကနေ့မြန်မာနိုင်ငံကြီး မွဲနေတာကိုတော့ ကလေးအတော်များများ ကျောင်းမနေနိုင်တာက ပြနေပါပြီ။ UNICEF စာရင်းကိုတော့ သံသယ ဖြစ်မိပါတယ်။ မှားတယ်လို့ တော့မပြောလိုပါ။ မြန်မာတွေ သူတပါးနိုင်ငံ မှာအမှိုက်ပုံကို ပျော်လို့သွားကောက် နေကြတာမဟုတ်ပါဘူး။ ငတ်ကုန်ကြ စားစရာမရှိကြတော့လို့ပါ။ ကနေ့ အဲဒီကလေးတွေကို လက်ဘက်ရည်ဆိုင်မှာ သင့်တင့်တဲ့ အလုပ်လေးပေးကြည့်ပါ။  ဘယ်ကောက်ချင်ပါ့မလည်း။ ကနေ့လမ်းပေါ်မှာ တောင်းစားနေသူတွေကို နေ့စဉ် ထမင်းမှန်နေရင် ဘယ်သူက တောင်းစားချင်ကြပါ့မလည်း။ မရှိဘူးတော့ မဟုတ်..  သက်သက်တောင်းသူလည်း ရှိပါတယ်။  အခုလို အများစု မဟုတ်ပါ။ အခုဧရာဝတီ မှာပါလာတယ်။ ထိုင်းနိုင်ငံမှာ မြန်မာမလေးတွေ ပြည့်တန်ဆာလုပ်နေကြတာ။ မ.ဆ..လ. လက်ထက်မှာ မရှိဘူးမဟုတ် မြန်မာမလေးတွေ ရှိတတ်ကြပါတယ်။ မြန်မာလို့ ၀န်မခံကြဘူးလို့ သိရတယ်။ အခုဟာကတော့ ပြည့်တန်ဆာခန်းမှာ မြန်မာစကားဘဲ ပေါ်တင် ပြောနေကြတဲ့အထိ ဖြစ်နေပြီ။

အဲဒီမှာပါတာလေ H.I.V. ကူးမှာ မပူနိုင်ဘူးတဲ့။ လောလောဆယ် စားရေးသောက်ရေး ပြေလည်ဖို့ဘဲ ပူရတာပါတယ်။ အခုနေ မြန်မာဆင်းရဲသားများကို H.I.V. ထိုးပေးမယ်။ တယောက်ကို ၁၀- သိန်း ၁၅- သိန်းပေးမယ်ခေါ်လိုက်ရင် ဘယ်လောက်များ ထွက်လာကြမလဲမသိဘူး။ ၁၀-သိန်း ၁၅-သိန်းဆိုတာ ဒေါ်လာနဲ့ ၂၀၀၀-လောက်ဘဲရှိတာပါ။ ဆိုခရီးတီး ချပြလာတဲ့ IMF လုပ်ငန်းဆောင်ချက်တွေ ကို န.အ.ဖ.ကတော့ ပြောဆိုဘွယ်မရှိပြီ။ ယခု ဦးသိန်းစိန် ပင် အပြည့်အ၀ လက်ခံဖို့  ခက်နေကြပါတယ်။ IMF က ချမှတ်ထားတဲ့ မူဝါဒတွေဟာ နိုင်ငံတနိုင်ငံထဲကို ရည်စူးပြီး ချမှတ်ထားတာ မဟုတ်ဘဲ နိုင်ငံအများ လက်ခံနိုင်အောင် ရေးဆွဲထားတာဖြစ်ပါတယ်။ န.အ.ဖ. အခြေခံဥပဒေကို အာဆီယံမှာ လက်ခံသင့် နမူနာယူသင့်တဲ့ ဥပဒေတွေ ယှဉ်လိုက်ရင် အဆင့်ဘယ်လောက်ရမယ် ပြောရဲပါသလဲ။

န.အ.ဖ. ချပေးထားတဲ့ ပေါ်လစီဟာ မြန်မာပြည်သူတွေ ၉၂.၄၈-% ထောက်ခံထားပြီးပြီလို့ တရားဝင် ကြေငြာထားပါတယ်။ ဒီလောက်လူထု ထောက်ခံမှု ရထားရင် အခုကမ္ဘာမှာ နာဂစ်ဥပဒေကို ဆန္ဒခံယူပွဲဟာ မဲလိမ်သွားတာပါလို့ စွပ်စွဲနေတာတွေ ရပ်သွားအောင် နိုင်ငံတကာ အကဲခတ်တွေ လာရောက် လေ့လာခွင့်ပေးပြီး လူသူ အကဲ့အရဲ့ လွတ်အောင် နောက်တကြိမ်ပြန်ပြီး ဆန္ဒခံယူပွဲ ကိုလုပ်ပြသင့်ပါတယ်။  ပြန်သက်သေ ထူပြသင့်ပါတယ်။ ၉၂.၄၈ရာခိုင်နှုန်း ဆိုတာ ကိုယ်ဘက်က အခိုင်အမာရထားတာ ဘာမှုစရာ မလို လိမ်နေစရာ လိုတော့လို့လဲ။ ဒါတောင် နာဂစ်ဖြစ်ပြီးစမှာ နိုင်ငံတကာ အကူအညီတွေ မပေး မြန်မာတွေကိုလည်း ကူညီခွင့်မပေး လုပ်ခဲ့တဲ့အချိန်မှာကို ၉၂.၄၈- % ရထားတာ။ အခုဆို သမ္မတအသစ်ကြီးကိုလည်း လူထု ကတော်တော်လေးကြည်ညိုနေတဲ့ အရိပ်အရောင်တွေ ရှိနေတယ်ဆိုရင် နာဂစ်ဥပဒေကို နိုင်ငံတကာ ဝေဖန်နေသူတွေ ပါးစပ်ပိတ်သွားအောင် ပြန်ကောက်ပြလိုက်ပေါ့။ ကျုပ်သာဆို အခုလို အပြောခံမနေဘူး။ ကျုပ်တို့ဗိုလ်ချုပ်လို ရာဇ၀င်မှာ အဆဲခံမယ့် လူစားလား ရာဇ၀င်မှာ အရေးခံမယ့် လူစားလားဆိုတာ သက်သေပြလိုက်တယ်။ သတ္တိရှိသူက အဆဲ မခံဘူး။ ဒူးထောက်တဲ့ အဆင့်ဆိုတာကိုတော့ အသက်သာအသေခံသွားမယ်။ ရှင်းတယ်နော် သတ္တိ သတ္တိ။

ဆိုခရီးတီး ချပြထားတဲ့ IMF ရဲ့  မူတွေအထဲက

(၁) အသုံးစားရိတ်လျှော့ချ ဖြတ်တောက်ရေးပေါ့။ အခု ဂရိမှာ အဲဒီလို အသုံးစားရိတ် လျှော့ချမယ်လို့ အစိုးရက လက်ခံတာကို ပြည်သူတွေက ကန့်ကွက်နေကြပါတယ်။ ကျနော်တို့ဆီနဲ့ ပြောင်းပြန်။ ကျနော်တို့ဆီမှာ လူထု အများစုက န.အ.ဖ လက်ထက် မြို့တော်ကို ကြပ်ပြေးရွှေ့ ပြီး မဟားဒယားကြီး ဇာချဲ့  လှိုဏ်ခေါင်းတွေတူး လက်နက်တွေ မတရားထုတ်နေတာ ရပ်တန့် နေစေချင်ကြတယ်။ န.အ.ဖ. မလိုအပ်ပဲ  လုပ်နေတာတွေကို လူထုကို လိုချင်လား/ ချွေတာရေးလုပ် စီးပွားရေးထူထောင်တာ လိုချင်လား လူထုကို မေးကြည့်ပါ။ လူထု ကို ၂-ဖွဲ့ ခွဲပြီး ဆန္ဒပြခွင့်ပေးလိုက်ပါ။ ဘယ်ဘက်က လူထု များမလဲ။ ဗေဒင် မေးစရာမလိုပါဘူး။ ရှင်းတယ်နော် အနေ IMF ဆီကနေ ငွေအကူပေးမယ်ပေါ့။ အသုံးစားရိတ်တွေ ဖြတ်တောက်ရမယ်ဆိုရင် ပြည်သူတွေ ပျော်ကြမလား ကန့်ကွက်ကြမလား စမ်းကြည့်လိုက်ရင် သိပါတယ်။ စစ်အသုံးစားရိတ်ကို ဖြတ်တောက်ပြီး ကျန်းမာရေး ပညာရေး အရင်းအနှီးတွေကို တိုးသုံးပေးလာရမှာလေ။ ဆိုကရေးတီးရဲ့ မိတ်ဆွေတွေ စစ်သားတွေ ကိုဘဲ အရင်ချပြ ပြောကြည့်ပါဦး။

အဲဒီလို မူတွေကို မြန်မာပြည်သူတွေ လိုချင်နေတာပါ။ တိုင်းပြည်အတွက် တိုးချဲ့မယ်။ အဲဒါမြန်မာတိုင်း လိုလားနေတာပါ။ ကိုယ်နေတဲ့လမ်းတွေ ကောင်းအောင် ပြုပြင်တိုးချဲ့ ပေးစေချင်တာပါ။ လူတစုလေး နေနေတဲ့ နေပြည်တော်က လမ်းတွေကျတော့ မဟားဒယားချဲ့ လူထုအများစုနေတဲ့ လမ်းကျတော့ ကိုယ့်စားရိတ်နဲ့ ကိုယ်ပြင်တာတောင် မကူချင်တာ။ အခုဘဲဗျာ န.အ.ဖ.က နေပြည်တော်ဆိုပြီး ချဲ့နေတာကို လုပ်ငန်းရှင် တစုကတော့ လုပ်ငန်းလုပ်ကိုင်ခွင့်ရလို့ ကျေနပ်နေကြတယ်။ ဒါဟာ တိုင်းပြည် အကျိုးရှုဒေါင့်ကနေ ကြည့်လိုက်ရင် ဥပမာပေးပါမယ်။ မိသားစု တခုလိုပေါ့။ လုပ်ငန်းလေး မဖြစ်စလောက်တော့ ရှိပါတယ်။ မြန်မာနိုင်ငံလိုပေါ့။ ၀င်ငွေလေး မဖြစ်စလောက်နဲ့။
 ကြံ့ဖွတ် ဝန်ကြီး ဝန်ကလေးများ အိမ်တော်တွေ...
အဲဒါကို စီးပွားရေးနဲ့ နီးနီးနားနားလဲမကျ (အလုပ်နဲ့ အတော်လေးဝေေ၀းမှာ) အိမ်ကြီးအိမ်ကောင်းတွေ နင်းကန်ဆောက်တယ်။ ၀င်ငွေရဲ့ ၅၀-% မကလောက် ဒီအိမ်ကြီးအတွက်လုပ်နေတယ်။ ပြီးမိသားစုမှာ တဦးဘဲနေဖို့။ ကျန်လူတွေ မကပ်ရ ပုံစံပေါ့။ အဲဒီမိသားစု စီးပွားရေး ဇယားပေါ့ ဂရပ်ပေါ့ အတက်ဘက်ကို ညွှန်းမလား အကျဘက်ကို ညွှန်းပြနေမလား။ တကယ်လို့သာ ငွေကြေး ပြိုကွဲတယ်ထားပါတော့။ IMF အကူယူရတယ် ထားပါတော့။ နေပြည်တော်ဆိုတာကြီးကို ချက်ချင်း အရပ်မခိုင်းပေဘူးလား။ နေပြည်တော်ကြီးကို ဇာချဲ့နေတာကိုရော ဆိုကရေးတီး စိးပွားရေးရှုဒေါင့်အရ လက်ခံနိုင် ကောင်းတယ် ပြောနိုင်မလား။ အလွန်သင့်လျှော်တယ် ပြောနိုင်ပါ့မလား။ လုပ်ဖို့ မလုပ်မဖြစ် လိုအပ်နေပါတယ်။ တိုင်းပြည်ရဲ့ ကျန်တဲ့ အခြားကဏ္ဍတွေ ထက်ကို ဦးစားပေး လုပ်သင့်တယ် ပြောနိုင်ပါသလား။

အခုအမေးကို ခင်ဗျားရဲ့ ဆရာကြီးဦးမြင့်ကို အရင်မေးပေးပါ။ ဘယ်ဖြေရဲမှာလည်း။ လှီးလွှဲဖြေတော့မပေါ့။  စိတ်ထဲမယ်တော့ ကမ္ဘာကြီးဟာ နေကိုပတ်နေတာ လို့ဆိုခဲ့တဲ့ Galelio လိုပေါ့။  သူ့ကိုသတ်မယ် လုပ်လာတော့ နေက ကမ္ဘာကိုပတ်တာပါလို့ ထွက်ဆိုပေးရပြီး အသံတိုးတိုးလေးနဲ့ ခုကို ကမ္ဘာကြီး လည်ပတ်နေတာ သိနေရပါတယ် ဆိုသလိုပေါ့။ ဘယ်ထွက်ဆိုရဲပါ့မလဲ။

နောက်တခု ကျနော်ထောက်ပြတဲ့ နိုင်ငံရပ်ခြားကလွှဲငွေ (၂.၀ ဘီလျှံ နီးပါးလောက်) ကို စင်ကာပူမှာတင် တေဇနဲ့ အခြားခပ်ငယ်ငယ် အဖွဲ့တွေရဲ့ ဘဏ်ထဲမှာ သိမ်းပြီး ပါမစ်နဲ့ရိတ်ယူထားတဲ့ ကျပ်ငွေတွေကို ပြန်အမ်းနေတယ် ဆိုတာ ကျနော်လဲ နယ်စပ်နဲ့ နီးရင်တောင် မပြောရဲပါဘူး။ ဒါပေမယ့် ပြည်ပက စိးပွားရေးပညာရှင်ကြီးတွေ ဒါကို မဆွေးနွေးတာကတော့ စဉ်းစားရပြီ။

(၂) စီးပွားရေး ထုတ်လုပ်မှုကို တွန်းအားပေးရန် FOCUS ECONOMIC OUTPUT ဟုတ်ကဲ့ လောင်စာကို ပြည်ပထုတ်ရောင်းပြီး စီးပွားရေး တိုးမြင့်မယ်ဆိုတော့ စွမ်းအင်ကို ဗေဒင်ဆြာကြီးတွေရဲ့ ယတြာတွေ နဲ့လုပ်ပေးမလို့လား။ နိုင်ငံကိုဦးဆောင်သူဟာ ဘာမှ သိပ်နားမလည်သူ ယတြာအခါပေးတွေ ကို ဆရာတင်မှတော့ အာဏာ ကို ယုတ်မာရက်စက် အရှက်မရှိ ယူထားနိုင်ပေမဲ့ စီးပွားရေးကတော့ ဇီးရိုးဆိုတာ သက်သေပြထားပြီးပါပြီ။ နောက်ရှိတဲ့ အရင်းအနှီး အားလုံးနီးပါးဟာ စက်ရုံကြီးတွေ အတွက်မဟုတ်တော့ဘဲ ဂူတွေ လှိုဏ်ခေါင်းတွေ နန်းတော်ကြီးတွေ လမ်းကြီးတွေ နောက်ဆုံးဗျာ လူသူကင်းမဲ့နေတဲ့ အရပ်က လျှပ်စစ်မီး ထိန်ထိန်ငြီးနေပြီး လူထုတရပ်လုံးနေထိုင်ရာ မြို့တော်ကြီးက မှောင်မဲနေတာကတော့ အခု အမြင်မှန်ရှိရင် အခုချက်ချင်း လျှပ်စစ်မျှဝေပေးလို့ ရနေတာပါ။ အဲဒီလို လူသူမရှိတဲ့ အရပ်မှာထက် စက်ရုံတွေက ပိုအရေးကြီးလား ခင်ဗျားသဘောထားလေးပေါ့။
 ကြပ်ပြေး နေပြည်တော် ည မြင်ကွင်းတစ်ခု..
နောက်ဆုံးဗျာ နေပြည်တော်လင်းနေလို့ လျှပ်စစ်ဓါတ်အားခ ကို အစိုးရကပြန်မရဘူး။ လူထုလဲ အကျိုးမရှိ ဘယ်သူ့ အတွက်မှအကျိုးမရှိဘူး။ အလဟဿ ကုန်ဆုံး ဆုံးရှုံးနေရတာပါ။ ရန်ကုန်မြို့တော် မီးလင်းရင် လျှပ်စစ်ဓါတ်အားခတွေ အစိုးရ ဘဏ္ဍာတော်ထဲ ပြန်ဝင်ပါသေးတယ်။ လူထု အတွက်လည်း အကျိုးရှိပါတယ် လူထုကလည်း ကျေးဇူးတင်နေကြပါမယ်။ ဆိုကရေးတီး အမြင်လေးပေါ့။ အဲဒီလို ကုန်ထုတ်လုပ်မှုကို IMF ရဲ့ မူက ကျနော်တို့ နိုင်ငံအတွက် အကောင်းပြထားနိုင်တာ ရှိနေပြီ။ ဘာလို့အခု အစိုးရက မချမှတ်နိုင်ရတာလဲ။  ဘယ်မလည်း စွမ်းအင်ဆိုင်ရာ ပြုပြင်မှု စွမ်းအင်ဘယ်လို လုံလောက်အောင် ပေးမယ်။ ဘယ်နည်းဘယ်ပုံပေါ့။ ဘယ်တော့ ပေးနိုင်မယ်ဆိုတာ ချမပြနိုင်ဘဲ ဘယ်သူက ရင်းနှီးမြုပ်နှံဝံ့မှာလဲ။ အစိုးရသစ်ဆိုပြီး အီလည်လည် လုပ်ခွင့်တောင်းနေပါတယ်။ ဒေါ်စု လွတ်လာတာ ၆ လ / ၇-လ ရှိပြီရေးလာသူတွေ အခုအစိုးရသစ် သုံးလ ရှိပါပြီ။ အလုပ်ကိုလက်တွေ့ မစနိုင်သေးတောင် စီးပွားရေးတိုးတက်ဖို့ စွမ်းအင်ကို ဒီလို လုပ်ပေးဖို့ ရှိပါတယ် ဆိုတဲ့မူကိုတောင် ချမပြနိုင်သေးပါဘူး။

အဲဒီတော့ နံပတ်-၂ မှာဘဲ ရေးထားတဲ့ ပို့ကုန်တိုးမြင့်ရေး သယံဇာတ တိုးတက်ထုတ်လုပ်ရေး ကို ဒီလောင်စာ (စွမ်းအင်) ကိုမူတောင် ချမပြနိုင်သေးတော့ ဆက်လက် မဆွေးနွေးတော့ပါဘူး။ ၀-မရှိဘဲ ၀ိ လုပ်နေတာ ဖြစ်နေပါမယ်။

(၃) ငွေကြေးတန်ဖိုး လျှောချရေး။ ဒါကတော့ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာကို ထုတ်ကုန်တွေ ပို့နိုင်ဖို့ မိမိငွေကြေးတန်ဖိုးကို လျှော့ချပေးကြရတာပါ။ IMF က မူသာ ပြနိုင်တာပါ။ အကြံပြုနိုင်တာပါ။ တကယ်က ကမ္ဘာ့ ကုန်သွယ်ဖက်နိုင်ငံတွေက ဈေးကို အလိုလို ပေါက်ဈေးပေးလာတာပါ။ ဥပမာ အာရှငွေဈေး ကျဆင်းတော့ ထိုင်းဘတ်ငွေဟာ အမေရိကန် တစ်ဒေါ်လာကို ၂၄- ဘတ်ရှိရာကနေ ၅၀ လောက်အထိ ကျသွားပါတယ်။ နောင်စိးပွားရေးပြန်ခိုင်မာလာတော့ အခု ဘတ်-၃၀ -၀န်းကျင်ကို ပြန်ရောက်လာပါတယ်။

တနည်းကတော့ ထိုင်းမှာ ရှိနေတဲ့ စတော့ရှယ်ဈေးကွက် အပေါ် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှု တန်ဖိုးပြကိန်းပါဘဲ။ ဒါဟာ အစိုးရရဲ့ လုပ်ရည်ကိုင်ရည် အပေါ်မူတည်နေတာပါ။ အစိုးရဟာ မူဝါဒကို ဥပဒေပါ အတိုင်းလေးစားရင် စတော့ဈေးကွက် တည်ငြိမ်ပါတယ်။ တကယ်တော့ အရပ်ထဲမှာ လူတဦးဟာ ငွေချေးတယ်ပေါ့။ အပေါင်မပါဘဲ ချေးရင် ငွေရှင်က လူတိုင်းကို မချေးငှားဘူး။ ချေးငှားသူဟာ စကားတည်သူ ဥပဒေကိုလေးစားသူ ကတိတည်ကြည်သူဆိုရင်သူက ချေးငှားချင်ချေးငှားပါမယ်။ စာချုပ်လေးနဲ့ပေါ့။ သူခိုးလူလိမ် ကိုယ်ထုတ်ထားတဲ့ဥပဒေ (စကား)ကိုတောင် ကိုယ်အလေးမထားသူ တဦးကို ခင်ဗျား ချေးရဲပါ့မလား။

ကတိမတည်သူ လူယုတ်မာ တရားဥပဒေကိုလဲ မလိုက်နာသူဆိုရင် ဘယ်လိုကတိစာချုပ်နဲ့ အာမခံပါစေ မချေးတော့ပါဘူး။ တကယ်တော့ စတော့ရှယ်ယာဆိုတာ အဲဒီနိုင်ငံရဲ့ စီးပွားရေး အလားအလာ နိုင်ငံရဲ့ အခြေခံဥပဒေဟာ တရားမျှတတယ် (တရားမှလည်း ခိုင်မာတာလေ) အစိုးရကလဲ ကတိတည်တယ်ဆိုရင် ဥပဒေကိုလဲ အလေးထားတယ်ဆိုရင် စတော့ရှယ်ယာ ဈေးကွက်ပေါ်လာတာပါဘဲ။ ခိုင်မာလာတာပါဘဲ။

န.၀.တ. လက်ထက်က (၁၉၉၃) အခု ဂန္ဒီခမ်းမနဲ့ မျက်နာချင်းဆိုင်မှာ ဂျပန်နိုင်ငံက DIAWA ဆိုတဲ့ ငွေကြေးဝန်ဆောင်မှု အဖွဲ့ကြီးဟာ န.၀.တ. အတွက် နိုင်ငံတကာနဲ့ ဆက်နွယ်ပေးမယ့် စတော့ရှယ်ယာ ဈေးကွက်ကြီးစတင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၅- မှာစတင် ဖွင့်လှစ်ပါတော့မယ်။ မသူတော်နဲ့ ပေါင်းရင် ကွဲကြတာလေ။ ၁၉၉၅- မှာ လုံးဝ အရှုံးကြီးပြလို့ ဖျက်သိမ်းလိုက်ရပြီး သူ့ရုံးခန်းတွေ ပိုင်ဆိုင်မှုတွေကို SUMITOMOကို လွှဲအပ်လိုက်ရပါတယ်။ အဲဒီနောက် မြန်မာ စတော့ ရှယ်ယာဆိုတာ အိပ်မက်လို ဖြစ်နေပါတယ်။ ပိုဆိုးသွားတာက အမေရိကန်မှာ ရှိတဲ့ ဌာနရုံးခွဲက ရှုံးနေတာကို ထိမ်ချန်လိုက်တာကနေ အရေးယူခံရတဲ့အထိ ဖြစ်သွားတာပါ။ လိမ်တတ်သူဘဲ န.အ.ဖ.လာတွဲတာလေ။

အခုစတော့ ရှယ်ယာမရှိတော့ အိမ်ခြံမြေတွေကို စတော့လို ကစားနေကြပါတယ်။ တနည်းမြန်မာပြည်သူတွေ ပိုင်တဲ့ငွေအများစုက အိမ်ခြံမြေဈေးကွက်ထဲ စုပုံ အောထားတာဟာ အင်မတန် ကြောက်စရာ ကောင်းနေပါတယ်။ (ထပ်မံ ပြောပါမယ် - အင်မတန်ကို ကြောက်စရာကောင်းနေပါတယ်)။ နိုင်ငံတခုရဲ့  ငွေကြေး အင်အားတွေဟာ စီးပွားရေးတခုထဲကို အများကြီး စွတ်ဝင်နေတာဟာ အဲ့ဒါ စီးပွားပျက်ကိန်းကို ဦးတည်စေတဲ့ အဓိကအကြောင်းရင်းပါဘဲ။ အဲဒီမှာ မီးလောင်လေပင့်ဆိုသလို တရုတ်တွေက ပြည်တွင်း တရုတ်တွေ အမည်ခံပြီး ပိုတိုးဝင်လာတော့ အိမ်ခြံမြေဈေးကွက်က အဆပေါင်းများစွာ ထိုးတက်သွားတာကို အစိုးရက ဟန့်တားရမှန်း မသိတာကတော့ NAIVE အတော်ကို နားမလည်တာဘဲလို့ ခပ်ရိုင်းရိုင်း ပြောလိုက်ပါတယ်။

မြန်မာတွေ ပိုင်တဲ့မြေဈေးတက် ဈေးကောင်းနဲ့ ရောင်းရရင် ပိုကောင်းတယ်တောင် ထင်နေကြပုံရတယ်။ အခုနေ စီးပွားရေးယိုင်လိုက်ရင် တရုတ် ကုလား အချင်ချင်း အပြိုင်အဆိုင် ထိုးရောင်းပြစ်ကြမယ်။ အဲဒီမှာ ဟိုးအပေါ်ကနေ ကျလာမဲ့ ဈေးနှုန်းရဲ့ အင်အားကိုသာ တွက်ဆကြည့်ပေတော့။ CRASH ဖြစ်မဲ့အားက ကြောက်ခမန်း လိလိနော်။ အဲဒီကျတော့လဲ မဟာသီယာနည်းနဲ့ဘဲ ကုစားရပါတော့မယ်။ အိမ်ခြံမြေတွေ ရောင်းအ၀ယ် ပိတ်လိုက်သည်ပေါ့။ ဒီနည်းနဲ့ မကုရင်မရတော့ဘူး။

(၄) စီးပွားရေးလွတ်လပ်ခွင့်နှင့်  ပို့ကုန်သွင်း- သွင်းကုန်အပေါ် ကန့်သတ်ချုပ်ချယ်မှုများ ဖြေလျှော့ပေးရေး။ ဒီမှာ ရှင်းနေပါပြီ။ IMF ကို စီးပွားရေးအကူအညီ တောင်းကြရတဲ့ နိုင်ငံတွေဟာ စီးပွားရေးကို အုပ်ချုပ်သူ လူတန်းစားက အခွင့်ထူး ခံယူကစား လုပ်စားနေတတ်တာ ရှိနေပြီလေ။ အရက်သမားကို နေမကောင်းတော့ အရက်မသောက်နဲ့ တန်းညွှန်ကြားချက်ထဲမှာကို ပါထားပြီးသားလေ။ အဲဒီတော့ နိုင်ငံတခုဟာ စီးပွားပျက်နေတာ ကနေတောင် IMFက ကယ်ဆယ်နိုင်တယ်။ ကယ်ဆယ်ခဲ့တယ်။ ကယ်ဆယ်ခံရတဲ့နိုင်ငံဟာ စီးပွားရေးမူကို ပြင်ပေးရတယ်နော်။ ဥပမာ ကျနော်တို့ နိုင်ငံမှာ ပြည်ပပို့တာကို ဘေးဖယ်ထားပါ။ ၂၀၀၀- ခုဝန်းကျင်မှာ အခု ဦးရွှေမန်း ဧရာဝတီတိုင်းမှူးလုပ်တော့ ဧရာဝတီ ကထွက်တဲ့ ငါးပုဇွန်ကို တနယ်နဲ့ တနယ်တောင် သယ်ယူခွင့် မပေးပါဘူး။ သူ့သားကုမ္မဏီရဲ့ ဒိုင်တွေမှာဘဲ ရောင်းချရပါတယ်။ သူ့သားကုမ္ပဏီကလည်း ဈေးလဲ နှိမ်ဝယ်တယ်။ အလေးလည်း အပြတ်ခိုးတယ်ဗျာ။ ရန်ကုန်မှာ ပုဇွန်တပိသာ ၁၅၀၀၀- ပေါက်နေတာကို ၆၀၀၀- ပဲပေးတယ် အလေးလဲ ခိုးတော့ အဲဒီဒေသ လူတွေ ၄၅၀၀-ဈေးလောက်ဘဲ ရရှာကြပါတယ်။

ကျနော့်ကို လာတိုင်ပင်တယ်။ ကျနော်က အပြတ်ပြောလိုက်တယ်။ အဆိပ်ခတ်ပြီး ရောင်းထဲ့ပေးလို့။ အဆိပ်ကလဲ လွယ်တယ် ပေါလဲပေါတယ်။ ဘာအဆိပ်ဆိုတာ အခု ဗိုလ်ခင်ညွှန့် လက်ထက်က အဖြုတ်ခံရတဲ့ အထဲမပါပဲ ကျန်ခဲ့တဲ့ ကျနော့်ကို ကိုင်တဲ့ ဗိုလ်ချုပ်(ထောက်လှမ်း)မျိုးလွင် တို့ကတော့ ဘာအဆိပ်ဆိုတာ သိထားတယ်။ ကျုပ်ဆီကမိတဲ့ မှတ်စုထဲမှာ ပါထားတာကိုး။ မျိုးလွင်က ကျုပ်ကို ၁၉၈၄- မှာဆွဲတုံးက၂- ပွင့်ပေါ့။ နောက်သူက ကျောင်းသားလိုင်းကိုင်တာ ကျုပ်က ကျောင်းသားသမဂ္ဂ လိုင်းသမားလေ။ ဟိုနယ်ကလူတွေ ကမလုပ်ရဲကြဘူး။ အုပ်ချုပ်သူက လူစိတ်ပျောက် ဒီလောက် ယုတ်ပတ်နေမှတော့ ကိုယ်က လူစိတ်ထားနေစရာ မလိုဘူးလေ။ သေမှာက အမေရိကန်တွေ များမယ်။ မြန်မာပုဇွန် အကောင်းစားတွေက သူတို့ဆီ တဖက်လှဲ့နဲ့ ရောက်သွားတာ။

အဲဒီတော့ IMF ကိုအခုနေ အကူယူလဲ ရနိုင်ပါတယ်။ အလကားတော့မရဘူး။ စီးပွားရေးမူတွေ ပြောင်းပေးရတော့ ကြံ့ဖွတ်တွေကတော့ လက်ခံနိုင်မှာမဟုတ်ဘူး။ ကြံ့ဖွတ်အမတ်တွေကလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထု အားလုံးက လက်ခံမယ်။ မဲပုံးထောင်လိုက်ရင် ရှင်းတယ်။ အဲဒီတော့ Socretes အနေနဲ့ IMF ထဲက ကျနော်တို့ နိုင်ငံအတွက် မသင့်တော်ပါဘူး ဆိုတာလေးတွေ ထုတ်ပြ ရှင်းပြပေးနိုင်ရင် ပိုဆွေးနွေးလို့ ကောင်းတာပေါ့။ ကောင်းတာဘယ်ဟာ မကောင်းတာက ဘယ်ဟာ ဆိုတာကိုပေါ့။

အဲဓိတော့ ပို့ကုန်ကို ဆက်ဆွေးနွေးရရင် အခု တကမ္ဘာလုံးတောင်မှ တရုတ်ကို ပို့ကုန်မှာ မယှဉ်နိုင်အောင် ဖြစ်နေပါတယ်။ နိုင်ငံတိုင်းက မိမိနိုင်ငံမှာ ရှိနေတဲ့ စက်ရုံတွေ တရုတ်နိုင်ငံကို ရွှေ့ မသွားအောင် အခွန်တွေ လျှော့ပေးရတာတွေ ပံ့ပိုးမှုတွေ ခိုးလုပ်ပေးနေကြရပါတယ်။ ဗြောင်လုပ်လို့မရဘူး။  ဥပမာ QUANTAS / Australia Airways ဆိုရင် သူ့ရဲ့ လေယာဉ်မောင်နဲ့ လေယဉ်မယ် အလုပ်သမားတွေကို ထုတ်လို့မရတော့ အလုပ်ထွက်ရင် ဘယ်လောက်ပေးပါ့မယ်ပေါ့။ လေယဉ်မယ်တွေကို အာရှလူတွေနဲ့ အစားထိုးဖို့ လေယာဉ်ပြင်ဆင် ထိန်းသိမ်းမှုလုပ်ငန်းကို စင်ကာပူကိုရွှေ့ဖို့တွေ လုပ်နေရပြီ။

ကျုပ်တို့ဆီက စက်မှုထုတ်ကုန်ပေါ့။ ဥပမာ ထရန်စဖေါ်မာ တွေပေါ့။ အရည်အသွေးက ကမ္ဘာဈေးကွက် ၀င်နေတယ်။ ကုန်ကြမ်းပစ္စည်းက တရုတ်ဆီက ၀ယ်ရတယ်။ တခါ စွမ်းအင်ခက ဈေးကြီး။ တခါပို့ကုန် အခွန်ဆောင်ရတော့ တရုတ် ထရန်စဖေါ်မာတွေကို ဈေးမယှဉ်နိုင်ကြတော့ဘူး။ အရည်အသွေးက ယှဉ်နိုင်တယ်။ ကုန်ကျစားရိတ်က ဒီမှာက လာဘ်ပေးရတယ်။ အခွန်က မလုပ်ခင် ကြိုဆောင်ထားရတယ်။  ကမ္ဘာ့ဘယ်နိုင်ငံမှာမှ အမြတ်ခွန် ကြိုဆောင်ရပါတယ်လို့ ကြားတောင်မကြားမိပါ။ ကျနော်ဘဲ ညံ့လို့လား။  မလုပ်ရသေးဘူး အမြတ်အတွက် ဆောင်ထားရတယ်လို့။ နောက် ပို့ပြန်တော့ ဘာညာ ကန့်သတ်ချက်တွေ ချထားတယ်။ ဘာမှမဟုတ် ကန့့် သတ်ထားတာလေး လျှော့ပေးအောင် ၀င်စေဖို့ သက်သက် ညစ်ထားတာ။ သွင်းကုန်လဲ ထို့အတူဘဲ။ အပြိုင်အဆိုင်သွင်းခွင့် မရှိတော့ သွင်းခွင့်အတွက် ၀င်ကြရတော့ အပိုစားရိတ်တွေ ကုန်ပစ္စည်းပေါ်တင် ရောင်းလာရပြီလေ။ ဒါတွေ လျှော့ခိုင်းတာပါ။ သမ္မတကြီးက လာဘ်မစားဘူး ပြောထားပေမယ့် ဒုသမ္မတကြီး ရှစ်လုံး (သီဟသူရတင်အောင်မြင့်ဦး) က ဘယ်လက်ခံနိုင်မလဲ။ မ၀ါးရရင် ခေါင်းကိုက်တဲ့ ရောဂါရှိနေလို့ပါ။ ပါးစောင်ကြွက်သားတွေက မာမာမ၀ါးရရင် ကိုက်တတ်လို့။ အာရုံကြောယောင်တဲ့ ရောဂါထင်ပါတယ်။ ဆေးပညာအခေါ်ကတော့ TRIGEMINAL NEURALGIA လို့ခေါ်ပါတယ်။

(၅) နိုင်ငံခြားရင်းနှိးမြုပ်နှံ မှုတည်ငြိမ်ရေး လုပ်ဆောင်ပေးရန်နှင့်  စတော့ ရှယ်ယာဈေးကွက် ဖေါ်ဆောင်ပေးရန် တို့ဖြစ်၏။ ဒါကတော့ ရှင်းသွားပြီ။ မှန်ကန်သင့်မျှတဲ့ စီးပွားရေးမူ (ဥပဒေ) ရေးဆွဲပေးရမယ် ပြောထားတာ။ မူပြင်ပါတဲ့။  မူဆိုတာ ဘာလဲ။ ရှင်းပါတယ်။ မူပြင်တာနဲ့ အဲဒီမူဟာ ပွင်းလင်းမြင်သာတဲ့ လုပ်နည်းဆောင်တာတွေ ပါလာပါပြီ။ မူကိုပြည်သူလူထုကို ချပြရပါပြီ။ မဲလိမ်လို့ မရတော့ပါဘူး။ ဘာလို့လည်းဆိုတော့ မဲလိမ်တာကို မကျေနပ်တာကနေ နိုင်ငံရေးအုံကြွမှု ကအမြဲ လိုက်လာတတ်လို့။ နာဂစ်ဥပဒေကို ပြန်လည်ပြီး လူထု သဘောထားယူပေးပါ လုပ်လာမှာလေ။ ဆူဟာတိုကြီး ၉၇- နှစ်အစလေးမှ မဲအပြတ်အသတ်နိုင်ထားတာ အဲဒီလိုပြင်ပေးလိုက်ရလို့ ပြုတ်သွားရတာပါ။

အဲဒီလို ပွင့်လင်းထင်သာ မြင်သာမရှိဘဲ စတော့ရှယ်ယာဈေးကွက် ဖွင့်ထားရင် ခင်ဗျားဝယ်ပါ့မလား။ ဘယ်သူမှ မ၀ယ်ပါဘူး။ အာဏာရှင်အားကောင်းလေ စတော့ရှယ်ယာဈေးကွက် ဝေးလေဘဲ။ မြင်နေတာဘဲ အာဏာရှင်နဲ့ငွေ အတူမနေ ဆိုတာလေ။ န.အ.ဖ .က ၁၉၉၃- ကထဲက စတော့ရှယ်ယာဈေးကွက်ကို ကြိုးစားခဲ့တာဘဲ။ ဒိုင်ဝါ လဲ ဒိုင်ဝါး သွားတာဘဲ။

အဲဒီတော့ အခုလက်ရှိ နာဂစ်ဥပဒေနဲ့ နိုင်ငံခြားစတော့ရှယ်ယာ ဈေးကွက်ဖွင့်ကြည့်ပါလား။  အာဏာရှင်နိုင်ငံတွေမှာ စတော့ရှယ်ယာဈေးကွက် မလုပ်ရဖူးလို့ တားထားတာမရှိပါဘူး။ အာဏာရှင် တ၀က်တပျက် ထိုင်းနိုင်ငံက စတော့ရှယ်ယာကိုတောင် အာရှမှာ မယုံစားကြတော့တာ န.အ.ဖ.လားဖွင့်ကြည့်ပေါ့။ အဲဒါပါဘဲ... ပါးစပ်က ကိုယ့်ကောင်းကြောင်း ပြောနေရင် ငြင်းနေရတယ်။ အကဲဖြတ်တွေ ရှာနေရမယ်။ ဟိုလူက ဟိုဘက်ဘက်လိုက်တယ် ဘာညာ။ စတော့ရှယ်ယာကတော့ ကိန်းဂဏန်းနဲ့ ပြတာလေ။ ဘက်မလိုက်ဘူး .... အာဏာမတည်ငြိမ်တာနဲ့ ဝုတ်ဆိုထိုးကျသွားမယ်။

ပြောလို့သာပြောတာ လုပ်လို့ရရင်တောင် သူတို့လားလုပ်ရဲမှာ။ ဒီပဲယင်းလို ယုတ်မာမှုမျိုး လုပ်လိုက်တာနဲ့ ထိုးစိုက်ကျသွားမယ် ပလုံ။ အဲဒါပြောတာ လူမိုက်နဲ့ငွေ အတူမနေဆိုတာ။ သေနတ်ကြီး ခါးချိတ်ထားပြီး ဥပုသ်စောင့်တာမှ တော်သေးပြောယူရမယ်။ အထက်မှာ စတော့ ရှယ်ယာအကြောင်းလည်း ပါထားပြီးပါပြီ။

(၆) ဘတ်ဂျက်ညှိနှိုင်းပြီး အပိုသုံးစွဲမှုလျှော့ချရေး (ဘတ်ဂျက် ခြိုးခြံခြွေတာရေး)  ဒါကတော့ နိုင်ငံတော်လုံခြုံရေး ဘတ်ဂျက်ကို လွှတ်တော်ကို ရှင်းလင်းတင်ပြရန်မလို ဆိုတဲ့မူနဲ့ ဘယ်လိုလုပ် နီးစပ်ကြတော့မလည်း။

အားလုံးကို လေးစားလျှက်
လှိုင်မြင့်
ဆက်လက်ဖော်ပြပါမည်...

နေ့စဉ် တင်သမျှ ပိုစ့်များအား ကွန်မာန့်များ မအားမလပ်ရအောင် နေ့စဉ်အချိန်ပြည့် လာရောက် ရေးသားနေတဲ့ ဆိုကရေတီးရဲ့ ဒီဆောင်းပါးနဲ့ ဆိုင်တဲ့ ကွန်မာန့် ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/07/blog-post_4680.html

27 comments:

  1. ကျေးဇူး..ကိုဒီမိုဝေယံရေ...။ ဆရာလှိုင်မြင့် ပြီးအောင်ရေးတာစောင့်လိုက်ဦးမယ်ဗျ...။ ဆက်ရန်ရှိသေးသည်ဆိုလို့ ပါ။ မေးလ်ထဲကို ပို့ ပေးလိုက်ပါဦးဗျ။ အားလုံးပြီးမှ ဆုံကြသေးတာပေါ့...။ ဝေဖန်ဖို့ နဲ့ စဉ်းစားဆင်ခြင်ဖို့ ပါ...ပျော်ပျော်ပါးပါးပေါ့...။

    ReplyDelete
  2. ဟားဟားဟား ဆိုကရေးတီးဆိုတဲ့ ဂျော်လကီး။ ဘာတွေဘယ်လိုပြန်ရေးရမယ်ဆိုတာ အထက်ကိုပြန်တင်ပြီး အစည်းအဝေးထိုင် ဆုံးဖြတ်ချက်နာခံလို့ ကြေညာချက် မြန်မာ့အမှောင် သတင်းစာမှာ ပါလာပြီးမှ ပြန်လာရေးတော့ဗျို့။ အရှက်မရှိစောင့်လိုက်အုံးမယ်တဲ့။ ဒါမှမဟုတ်လဲ အိမ်ပြန် မိန်းမနဲ့တိုင်ပင်ပြီး ဗေဒင်တွေဘာတွေ မေးပြီးမှ ပြန်လာပြော။ ဒီလောက် ဒေါက်တာလှိုင်မြင့်ပြောထားတာ ရှင်းနေပြီ။ ကြောင်ချေးလုပ်ပြီး အရူးကွက်လာနင်းနေသေးတယ် ဘာတဲ့ "ဝေဖန်ဖို့နဲ့ စဉ်းစားဆင်ခြင်ဖို့ပါ... ပျော်ပျော်ပါးပါးပေါ့..." တဲ့။ ပေါ်တင်ကြီး စစ်အစိုးရအောက်ဆွဲ ပီသတယ်။ မိန်းမစစ်စစ်တွေတောင် ညည်းထက်ရှက်တက်သေးတယ် သိလား။ x-( x-( x-(

    ReplyDelete
  3. သြော် . . . အဲဒီလို ငါနဲ့မတူ ငါ့ရန်သူစိတ်တွေနဲ့ေ-ာက်တလွဲ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း တွေပဲပြောနေကြတာ ဘယ်လောက်ကြာပြီလဲ။ ဘာမှလည်း အဖြစ်ရှိအောင် မလုပ်နိုင်ကြဘူး။ ကိုယ်ကိုတိုင် ရအောင်လူထုကို မစည်းရုံးနိုင်၊ ထိရောက်တဲ့လှုပ်ရှားမှုလည်း ဘာမှမလုပ်တတ်၊ စစ်အစိုးရမကောင်းကြောင်း ငါကောင်းကြောင်းတွေပဲ ပါးစပ်အရသာခံပြီးပြော၊ ဘေးကဝေလေလေတွေက လက်ခုပ်တီး ဒါတွေနဲ့ပဲကျေနပ်နေကြတယ်။ တစ်ခုခုပြန်ဝေဖန်လိုက်ရင် စစ်အစိုးရက ရက်စက်လို့ပါ၊ ဖိနှိပ်လို့ပါ၊ အနိုင်ကျင့်လိုပါနဲ့ သနားစဖွယ်ဖြစ်အောင် ပဲပြောတတ်ကြတယ်။ ကိုယ်အဖြစ်မရှိကြောင်းတော့ ၀န်မခံကြဘူး။ တော်လှန်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေမှာ ဖိနှိပ်မှုတွေ၊ မတရားမှုတွေ ရှိစမြဲပါ။ ဒါတွေကိုပဲ ရအောင်တော်လှန်ကြရတာပါ။ သူများအတင်းထိုင်ပြောနေလို့ကတော့ နောက်ထပ်နှစ်ပေါင်း တစ်ရာလဲ ဒီအတိုင်းပါပဲ။ ဦးလှိုင်မြင့်ဆောင်းပါးတွေ အကုန်ပြန်ဖတ်ကြည့်လိုက်တော့ သူအရမ်းတော်ကြောင်း၊ စစ်အစိုးရ ဘာမှမသိကြောင်းတွေပဲ ပြောပြီး အရသာခံနေသလိုပဲ။ :)

    ReplyDelete
  4. Hi Anonymous,
    If you think the Gov knows about the economy then tell us and give us the lists what the gov did during 23 yrs?

    ReplyDelete
  5. ဆရာလှိုင်မြင်ဟာသမိုင်းကိုရေးနေတာပါ...ကျွန်တော်တိုမသိတာတွေကိုရေးပြ
    နေတဲသူတစ်ယောက်ပါ...ဘယ်ပြည်သူမှမပေးခဲတဲနိုင်ငံတော်အာဏာကိုလက်
    နှက်နဲရယူထားတဲသန်းရွေအစစ်တပ်ကို..မကောင်းကြောင်းပြောတယ်..ဆရာ
    ဟာကို့ကောင်းကြောင်းတွေရေးတယ်..ဆရာပဲသိတယ်..သန်းရွေစစ်တပ်ကဘာ
    မှမသိဘူး...လို့အထပ်ကသူပြောခဲတယ်ဟုတ်ပါတယ်..ဆရာထက်သန်းရွေစစ်တပ်
    ကစီပွားရေးကိုပိုနားလည်တယ်ဆိုတာကိုသက်သေပြဖို့...နှစ် 20 တောင်အချိန်
    ရခဲပါတယ်...သန်းရွေစစ်တပ်ကညံ့လားမညံ့လားဆိုတာ..ပြည်သူတွေအားလုံး
    သိပါတယ်...

    ReplyDelete
  6. ကိုမိုဒီမိုဝေယံရေ...ဆရာလှိုင်မြင့်ကို ပြန်ပြောရမှာတွေကများနေတယ်ဗျ...။ Economic Policy ကို...နဝေတိမ်တောင်ဖြစ်နေလေတော့...ကလေးတစ်ယောက်ကိုရှင်းပြသလို ပြရမှာဗျ..။ ဆိုတော့..ကွန်မင့်အကွက်နဲ့ ဆိုရင်...ခနခနတင်နေရမယ်ထင်တယ်..။ အားလုံးပြီးရင်..ခင်ဗျားမေးလ်ထဲကိုပို့ ပေးရမလားဗျ။ လောလောဆယ်...သုတေသနစာတမ်း တစ်စောင်လုပ်နေရလို့ ဗျို့ ။ ရေးတာမကြာဘူး...တင်ရတာကကြာတာ.....။

    ReplyDelete
  7. ကိုဆိုကရေးတီး ခင်ဗျား ဆရာလှိုင်မြင့်ကို တိုက်ရိုက် ပေးပို့လိုက်ပါ.. papagyi@gmail.com ဆရာ့အီးမေးလ် လိပ်စာပါ....

    ReplyDelete
  8. မအားသေးလို့ပါ ။ ဒါပေမဲ့ အပေါ်က နံမည်ဝှက်က အတုက်အခံအားလုံးကို လူထုကို ရအောင်မစဉ်းရုံ့းနိုင်ဘဲဘေးကနေ ငါကောင်းကြောင်းဆိုပြီရေးထားတာကိုပြန်ပြောချင်ပါတယ် ။အစိုးရအသစ်ကိုယ်တိုင်ဒေါ်စုကိုနိုင်င့ရေးမလုပ်ရအောင်ကျပ်နေတာ မင်းဦးဏှောက်ရှိပါတယ်နော်။ငြင်းချင်သေးလား..၁၀-တန်းကျောင်းသားလေးတွေနဲ့ဆွေးနွေးကြည်ပေါ့။သတ္တိရှိရင်ဒေါ်စုကို လယ်ကွင်းလိုနေရာမှာလူထု ကိုစကားပြောခွင့်ပေးကြည့်လိုက်လေ ။ ဘယ်သူက သတ္တိနည်းနေတယ်ဆိုတနာ ကမ္ဘာကတောင်သိပါတယ် ။သတ္တိ သတ္တိ။ရာဇ၀င်မှာအဆဲခံရဲတဲ့ သတ္တိကတော့ မင်းတို့ ကိုမယှဉ်ရဲပါဘူး။

    ReplyDelete
  9. ငါနဲ့မတူ ငါ့ရန်သူ လုပ်နေတာ ဘယ်သူတွေလုပ်နေလဲဆိုတာ ပြည်သူတရပ်လုံးသိတယ် အပေါ်က anonymous နာမည်နဲ့ ကပ်ဖားရပ်ဖား ခြံခွပုဂ္ဂိုလ်။ ဆရာ ဦးလှိုင်မြင့်တို့၊ billy mackenzie တို့ပြောသလို တကယ်ရိုးသားပြီး ကိုယ့်ဖာသာကိုယ်ယုံကြည်မှုရှိရင် ပွင့်လင်းမြင်သာတဲ့ အခင်းအကျင်း ချဉ်းကပ်မှုမျိုးနဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို ခံယူရဲလား။ မင်းတို့ဒီလိုစကားတွေမျိုးတွေ ပြောတဲ့ လူတွေ အများကြီးကြုံခဲ့ဖူးပြီးသား အဖွားကြီးက အသက်ကြီးပါပြီ ဘာမှမလုပ်နိုင်တော့ပါဘူးတဲ့ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ငါနဲ့ စစ်ဗိုလ်ပေါက်စ ကျောင်းဆင်းစတွေ စကားနိုင်လုခဲ့ဖူးပြီးသား။ အဲ့ဒီကတည်းကပြောခဲ့တယ် မိန်းမတယောက်ကို စစ်သားသုံးသိန်းလောက်က ပြည်သူတွေနဲ့ထိတွေ့မှာကို ကြောက်လန့်တကြား ဖြစ်နေတာ ဘာကြောင့်လဲ။ အမေစု စကားတွေကိုမင်းတို့တွေလဲ ကြားမှာသိမှာပဲ။ မျက်စိမှိတ် ဖင်ပိတ် အားလုံးကောင်းပါသည် ဆိုပြီး ဇွတ်ငြင်းတတ်ကြတဲ့ စစ်သား ၃ သိန်းက အမေစု တယောက်ကို သေအောင်ကြောက်တာ မထူးဆန်းဘူး။ အခု ပုဂံ ဘုရားဖူးကိုပဲကြည့် မင်းတို့ ဘယ်စစ်ဗိုလ်တယောက်ကများ ဒီလို ပြည်သူလူထု အားကိုးတကြီး ကောင်းချီးပေးတာ ခံဖူးသလဲ။ ဒါတောင် လာမကြိုရလို့ ထမြုံခြုံထဲက လက်သီးပုန်းထိုးထားလို့။ အဲ့လိုများမလုပ်ထားရင်တော့ ဟင်းဟင်း....
    အခု နိုင်ငံခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပြည်သူတွေကြားထဲ ဒီလိုသွားရဲလား။ မကျေနပ်တဲ့ သူတွေ တောက်ခေါက်သံနဲ့တင် နားကန်းသေသွားနိုင်တယ်။ ပညာတတ်လိုလို ပညာရှင်ရှင်လိုလို နဲ့နောက်ဆုံးတော့လဲ အစိုးရကိုပဲ အားလုံးကောင်းပါတယ် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုလဲ ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ကိုယ့်အတ္တအတွက် ကိုယ့်သိက္ခာ၊ ကိုယ့်ပညာကို ရောင်းစားနေတယ်ပဲ မြင်တယ်။

    ReplyDelete
  10. ဆက်ပြောလိုက်အုံးမယ် တကယ်တိုင်းပြည်ချစ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဘယ်တော့မှ ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဘူး။ ပြည်သူ ထိခိုက်မယ့်အလုပ်ဘယ်တော့မှမလုပ်ဘူး။ အခု မင်းတို့အစိုးရခေါင်းဆောင်တွေ ကိုယ့်ဖာသာကိုယ် မှန်ထဲပြန်ကြည့်ပြီး ကိုယ်လုပ်တာတွေမှန်ရဲ့လားလို့ မေးရဲလား။ ငါ့လုပ်ရပ်ဟာ ပြည်သူတွေရဲ့ဆန္ဒသဘောထားအစစ်အမှန်ပါလို့ ကိုယ့်လိပ်ပြာကိုယ်သန့်ရဲ့လား။

    ReplyDelete
  11. ဆရာလုပ်ပုံနဲ့ “စော်ဘွား ရှမ်းဖြစ်မှတော့ ရှမ်းခွေးဖြစ်ပြီပေါ့” ဆိုသလို ဖြစ်နေပါပြီ။ စော်ဘွားနေရာနေရမဲ့ဆရာက ရှမ်းအဖြစ်ခံပြီး၊ ကျန်တဲ့ ဆရာ့ sympathizer တွေ၊ ဆရာ့ကိုလေးစားသူတွေ၊ လူ့သဘာဝအရ ကိုယ်မပြောနိုင်တာ မပြောရဲတာကို တစ်တစ်ခွခွ ပယ်ပယ်နယ်နယ် ပြောနိုင်ပြောရဲ လို့ ဆရာ့အရေးအသား ကိုနှစ်သက်သူတွေ (အဲသည်ထဲမှာတော့ ကျွန်တော်မပါ။ ပြောရရင် ဆရာ့ကို ပညာတတ် တဦးအနေနဲ့ လေးစားတာ၊ ကိုယ့်ကိုမွေးထုတ်ပေးလိုက်တဲ့ နိုင်ငံအပေါ် အခြေခံအားဖြင့် ရိုးသားမှုရှိတယ်ထင်ရတာကြောင့် sympathize ဖြစ်တာမှန်ပေမယ့် ဆရာ့တစ်တစ်ခွခွ အရေးအသားကို ကျွန်တော်ဘယ်တုံးကမှ မနှစ်သက်ခဲ့ပါ) အားလုံးကို ခွေးဇာတ်သွင်းလိုက် သလိုဖြစ်သွားတာတော့ အတော့်ကို ရင်နာစရာပါ။ ပိုပြီးရင်နာစရာ ကောင်းတာက “ ဒီမိုဆိုတဲ့ကောင်တွေ ကွန်မြူနစ်ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် အာပလာဘဲ မြင်ပြီမို့လား” လို့ highschool drop-out အဆင့်လောက်ရှိသူရဲ့ မိုးမမြင်လေမမြင် ရမ်းကား လာမှာကိုပါ။ ခုဘဲစလာပြီ economic theory ကို နဝေတိမ်တောင်တို့ ဘာတို့။ အပေါင်ဆိုင် တရုပ်ဗဟုသုတ လောက်နဲ့ IMF ကိုတက်ဝေဖန်ပြီး (ကိုယ်ပိုင်ဟာလဲတခုမှ မပါ) ခုသုတေသနတောင် လုပ်ဦးမယ်ပြောနေပြီ။ တော်ကြာနို့ဆီခွက် လည်ပင်းဆွဲပြီးလမ်းပေါ်လျှေက်နေရင် ဆရာ့တာဝန်ဘဲ။ ထားပါလေ။ ကိုယ်ကအထွားသမားမို့ ကိုယ့်ထက်ထွားတာမြင်ရင် ဖျားချင်တာ သဘာဝပါ။ ဒါပေမယ့် ဆရာသိသင့်တာက ဒါဟာ လမ်းဘေးဇယ်တောက်ခုံက သူငယ်နာ မစင်တဲ့ခလေးတွေ အကြွားပြိုင်ရင်းငြင်းခုံ နေကြတာမျိုးမဟုတ်ဘူးဆိုတာပါ။ ဆရာ အာဘောင် အာရင်း သန်သန် တောက်လျှောက် ပြောခဲ့သမျှဟာ အဲသည်လိုကြွားလိုရုံသက်သက်နဲ့ ပြောခဲ့တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ ဆရာ့အကြွား (ကန်တော့နော်) နောက်မှာ ဆရာ့စေတနာ ရှိပြီးသား ဆိုတာရယ်၊ အဲသည်စေတနာ (နင်သနားတာငါသိပါတယ် ဆိုတာမျိုးမဟုတ်တဲ့စေတနာ) အပေါ် မဖေါက်မပြန် ရပ်တည်လိမ့်မယ်ဆိုတာရယ် အမြဲမျှော်လင့်ခဲ့တာပါ။ ခုလို ရုတ်တရက် ဘက်ဂီယာထိုးလိုက်တာ တောင် ပိုခရီးတွင်မဲ့လမ်း ရှာခြင်လို့လို့ ဖွဖွ တွေးနေတုံးပါ။
    ဆရာဝန်တယောက် IMF အကြောင်းမသိတာဘာမှမဆန်းသလို ဘာရေးကြီးခွင်ကျယ်ကိစ္စမှမဟုတ်ပါဘူး။ မသိတာကို သိသလိုနဲ့လေကျယ်လိုက်တာ (ဥပမာ IMF လာရင်တည်ဆဲအခြေခံဥပဒေ ဆိုတာကြီး ဒူးထောက်သွားစေရမယ် ဆိုတာမျိုး ရမ်းတုတ်လိုက်တာ) နဲနဲလွန်သွားသည့်တိုင် စောစောက ပြောတဲ့ စေတနာ ဆိုတာလေးနဲ့ ထေချင်ရင် ထေလို့ရပါတယ်။ ခုဟာက သူတို့ at all cost အားထုတ် လုပ်ကြံဖန်တီး အသက်သွင်းပြီး သူတို့အကျိုးအလို့ငှါ by all means ကာကွယ်စောင့်ရှောက်ဘို့ သံန္နိဋ္ဌံချထားပြီးဖြစ်တဲ့ ဒီ လူခြင်းမတူ သူခြင်းမမျှ အခခဥပဒေကိုမှ သွားပြီး မထိခလုပ် ထိခလုပ် လုပ်လိုက်တော့ ဆရာရော IMF ပါ ငရုတ်သီးနဲ့ကြက်သွန်လို ရောသမအမွှေခံရ ကိန်းဆိုက် သွားတော့တာပေါ့။ ဒါပေမယ့် ခုလိုမျိုး ဒို့ဥပဒေကို ကိုလိုနီလက်သစ်တွေဆီမှာ ဒူးထောက်ခိုင်း တဲ့ကောင် ဒင်းဒို့ဆီမှာ ဒူးထောက်ရပြီ မြင်နီးကီးပြီလား ဆိုတဲ့ ပုဏ္ဏားဝမ်းသာအောင် ပုဆစ်တုပ်ပြတဲ့အထိတော့ မလိုအပ်လှဘူးထင်တာပါဘဲ။ မှားတာကို ဝန်ခံတာမင်္ဂလာပါ။ ဆရာ ဝန်ခံပြီးပြီဘဲ။ အမှားကိုထောက်ပြတဲ့ အတွက် ကျေးဇူးတင်လိုက်ပါဦး။ နောက်ကိုဒါမျိုးမမှားအောင် သင်္ခမ်းစာယူလိုက်ပါဦး။ လုံလောက်ပါပြီ။ Blog ပရိဿတ် လဲကျေနပ်ကြမှာပါ။ ဒါကို ကျွန်တော်မှားတာ ကျွန်တော်ညံ့လို့ဖြစ်ပြီး ကျွန်တော့်အမှားကိုမြင်တာ သူတော်လို့ ပါလို့ နွားမူးဆူးတိုး အအော်မစော သင့်ပါဘူး။ ဘာလို့ဆို မှားတဲ့သူတိုင်း မညံ့ကြသလို အမှားမြင်သူတိုင်းလဲ လူတော်တွေမဖြစ်နိုင်လို့ပါ။ အထူးသဖြင့် အမှားကြည့်သူဟာ လူတော် ပိုမဖြစ်နိုင်ပါသေးတယ်။ ဆရာညံ့တာ ဆရာ့ကိုယ်ဆရာ သေချာနေရင်တောင်မှ သူတော်တာဆရာ သေချာမသိသေးပါဘူး။ ဒီအတွက် တန်းပြီး အလံဖြူမပြ သင့်သေးပါဘူး။

    ReplyDelete
  12. ဆရာက ဆရာဝန်၊ ခုအခြေအနေအရ ကလေးတွေစာသင်တဲ့ အလုပ်လုပ်တယ်၊ ဒီကြားထဲက တခုခုကို မချိတင်ကဲဖြစ်လို့ (ဆိုပါတော့) ကိုယ့်အတွေ့အကြုံ ကိုယ်ရေးတယ်။ ကိုယ်ကြုံခဲ့တာကိုယ်ရေးတယ် ဆိုတော့ သိပ်ရှာနေဖွေနေစရာမလိုဘူး။ မှန်တာ မှားတာ ကိုယ်ဘဲသိတယ်။ ကိုယ့်ကိုကိုယ်တာဝန်ယူနိုင်ဘို့ဘဲလိုတယ်။ ဆရာ့လိုလူအတွက် တာဝန်ယူ ဘို့ခဲယဉ်းမှာမှမဟုတ်တာ။ ပြဿနာမရှိဘူး။ ဒါပေမယ့် ရေးရင်းအရှိန်ရလာလို့ဖြစ်စေ၊ တကယ်လိုအပ် လို့ဖြစ်စေ အထောက်အထား ပြချင်တဲ့အခါ ဆေးအကြောင်း ခလေးအကြောင်းမဟုတ်ရင် မလွယ်တော့ဘူး၊ အဓိကက အချိန်။ ထမင်းစားဘို့ရှာတဲ့အထဲက ပေးရမယ့်အချိန့်။ ဘယ်သူ့ အထောက်ပံ့မှမခံဘဲ သူများတိုင်းပြည်မှာ ထမင်းတစ်လုပ်စားရဘို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ပြောလိုဇောကအားကြီး
    လေ့လာချိန်ကလဲပေးသင့်သလောက် မပေးနိုင်တာကြောင့်
    တကြိမ်တခါ ရမ်းတုတ်မိပြန်တော့လဲ professional စောင့်ကြည့် ဆန့်ကျင်ရေးဂုရုတွေနဲ့တွေ့ တဲ့အခါ ခုလိုမျိုး မအီမသာတွေ ဖြစ်ရတာပေါ့။ မဆန်းပါဘူး။ ဒါဆရာညံ့တာပေမယ့် သူ(တို့)တော်တာတော့လည်း မဖြစ်နိုင်ပါဘူး။ စေတနာနဲ့ ရပ်တည်ချက်ဆိုတာထည့်တွက်ရင် ပိုပြီးလိပ်ပြာမလုံဘွယ်တွေ့ရမှာပါ။ ဒါဟာ ဂျီသရီးတွေ ဂျင်ဂလိတွေ နဲ့ (အရှက်ပြေဘဲဖြစ်ဖြစ်) နှိုင်းအပ်တဲ့အရာမဟုတ်ပါဘူး။ ဒါဟာ နှလုံးရည်ကိစ္စသက်သက်ဖြစ်လို့ပါ။ ဒီလိုစဉ်းစားကြည့်ရအောင်။ တဦးတယောက် ဒါမှမဟုတ် တဖွဲ့ဖွဲ့က ဆရာ့ကို ခုရနေတဲ့ လစာအတိုင်း ပေးထားမယ်။ ဆေးကုစရာမလို၊ စာသင်စရာမလို။ လုပ်ရမယ့်အလုပ်က အကြောင်းအရာတခုကို ဘက်တဘက်ထည်းက မြင်တဲ့အမြင်နဲ့ ပတ်သက်သမျှ အထောက်အထားရနိုင်သလောက်ရှာပြီး အခွင့်သင့်သလို လူသိအောင်လုပ်ပေးရုံဘဲ။ ကိုယ်တင်တဲ့ အရာ ကိုယ်နားလည်ဘို့မလို။ ကိုယ်လဲနားမလည် သူလည်းမသိတဲ့ စကားမျိုးတော့ အခွင့်သင့်သလို ပြောနိုင်ရင်ပြော၊ မပြောလဲ ကိစ္စမရှိ။ အရေးကြီးတာ ပွဲဆူ လူအူ မူဖျက် ပွဲပျက်ဘို့။ ကဲ ခက်တယ်လို့ဆရာ ထင်သလား။ တော်လှချည်ရဲ့လို့ ချီးကျုးမှာလား။ ဆရာဆို ဒိထက်ပိုတော်ဦးမှာလို့ရော မယုံကြည်ဘူးလား။ အရေးအကြီးဆုံး မေးခွန်းက ဆရာဆိုဒီအလုပ်မျိုး လုပ်မလား။ ဒီလောက်ဆိုဆရာသဘောပေါက် လောက်ပါပြီ။

    ReplyDelete
  13. 3rd comment ရေးတဲ့သူပါဗျာ။ anonymous နဲ့ ၀င်တာကတော့ ကျွန်တော့်ကို လူမသိစေချင်လို့ပါဗျာ။ ကျွန်တော့်အနေနဲ့လည်း စစ်အစိုးရကောင်းကြောင်း မရေးမိပါဘူးဗျာ။ ဒီလောက်မကောင်းတဲ့ စစ်အစိုးရကို ဒီလောက်မိုးပျံအောင် တော်နေတဲ့သူတွေက ဘာလို့မနိုင်သလဲဆိုတဲ့ အတွေးကို ထုတ်ပြောတာပါဗျာ။ လက်နက်ကိုင်ထားတိုင်း ကြောက်ရလို့ပါ ဆိုတာကတော့ မှန်ကန်တဲ့ တော်လှန်ရေး ဆင်ခြေလို့ မမြင်မိကြောင်းပါဗျာ။ ဟော . . . အခုပဲကြည့် ဦးလှိုင်မြင့်ကြီးကို ဝေဖန်ရုံပဲရှိသေးတယ် ကျွန်တော်က စစ်အစိုးရဘက်ကလူ ဖြစ်သွားရပြီ။ ကျွန်တော်ပြောမိ အပြစ်ရှိပါသည်ဗျာ။ ဟား ဟား ဟား ဟား .... ( မြန်မာပြည်ကြီးရယ် စောင့်လေဦးပေါ့ နှစ်ထောင်ပေါင်းများစွာ )

    ReplyDelete
  14. Bravo!

    အဓိကက အချိန်။ ထမင်းစားဘို့ရှာတဲ့အထဲက ပေးရမယ့်အချိန့်။ ဘယ်သူ့ အထောက်ပံ့မှမခံဘဲ သူများတိုင်းပြည်မှာ ထမင်းတစ်လုပ်စားရဘို့ဆိုတာ လွယ်တာမှမဟုတ်တာ။

    စေတနာနဲ့ ရပ်တည်ချက်ဆိုတာထည့်တွက်ရင် ပိုပြီးလိပ်ပြာမလုံဘွယ်တွေ့ရမှာပါ။

    အရေးကြီးတာ ပွဲဆူ လူအူ မူဖျက် ပွဲပျက်ဘို့။ ကဲ ခက်တယ်လို့ဆရာ ထင်သလား။ တော်လှချည်ရဲ့လို့ ချီးကျုးမှာလား။

    အရေးအကြီးဆုံး မေးခွန်းက ဆရာဆိုဒီအလုပ်မျိုး လုပ်မလား။

    ReplyDelete
  15. (ငါနဲ့မတူ ငါ့ရန်သူ လုပ်နေတာ ဘယ်သူတွေ လုပ်နေလဲ ဆိုတာ ပြည်သူတရပ်လုံးသိတယ် အပေါ်က anonymous နာမည်နဲ့ ကပ်ဖားရပ်ဖား ခြံခွပုဂ္ဂိုလ်။ ဆရာ ဦးလှိုင်မြင့်တို့၊ billy mackenzie တို့ပြောသလို တကယ်ရိုးသားပြီး ကိုယ့်ဖာသာကိုယ်ယုံကြည်မှုရှိရင် ပွင့်လင်းမြင်သာတဲ့ အခင်းအကျင်း ချဉ်းကပ်မှုမျိုးနဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို ခံယူရဲလား။)

    တရားဝင်ပါတီထောင်ပြီး ရွေးကောက်ပွဲမှာ ၀င်ပြိုင်လေ လူထုကို တရားသောနည်းနဲ့ တရားဝင်အသိအမှတ် ပြုခိုင်းပေါ့။ အခုအာဏာရဖို့  မပြောနဲ့ ရုံေးတာင်ဘယ်တော့ ၀င်စီးမလဲ စိုးရိမ်နေရပြီ မလား?

    ReplyDelete
  16. ဒီထဲမှာ ကွန်မန့်ရေးဖို့ ပြည်တွင်းက မနည်းလုပ်နေရတဲ့ အချိန်မှာ
    သောက်ပေါများက အေ၇မရအဖတ်မရ လာလာရေးတာတွေ့တော့ တော်တော် အံ့သြရပါတယ် သူတို့ ဘယ်လို လိုင်းနဲ့ သုံးနေရတာလဲ သုံးသပ်ကြည့်ရင်သိပါတယ်
    ဆရာ လှိုင်မြင့်ရေ ဒီကောင်တွေက တစ်ယောက်ထဲမဟုတ်ပါဘူး အစုနဲ့အသင်းနဲ့ တနေကုန် အွန်လိုင်းပေါ် ၀ါဒဖြန့်နေကြတာပါ
    အီးဂရက်လောက်အောက်ခံ လခစားလုပ်နေကြတာပါ သူတို့ တည်နေရာက သမ္မတဟော်တယ် ပေါ်က အခန်းလေး တခန်းထဲမှာလို့ သတင်းရပါတယ်...... အထင်လည်း ကြီးစရာမရှိပါဘူး အချက်အလက်တေါကို စာအုပ်ဖတ်ပြောနေတာပါ တကယ်တိတိကျကျမေးရင်မဖြေနိုင်ပါဘူး
    ချမ်းမြေ့

    ReplyDelete
  17. မင်းတို့တွေ ဘယ်လောက်ပဲသိသိ ဘယ်လောက်တက်တက် ဘာမှမလုပ်တဲ့အတွက် ဘာမှမသိတာနှင့်အတူတူပါပဲ....

    ReplyDelete
  18. မောင်ဆိုကရေးတီးရေ မောင်ရင်ဘ၀ကို ဆန်ကုန်မြေလေးငပေါကြီး ဘ၀နှင့်ပဲ အဆုံးသတ်မယ့်အစား ဆရာတော်ရဲ့ သ.င.တ ကျောင်းမှာလာပြီး ပညာသင်ပါလားကွယ်...ဘာမှအားမငယ်ပါနှင့် ကျည်းပွေ့တောင် အတက်ပေါက်သေးတာပဲ...

    ReplyDelete
  19. မောင်ဆိုကရေးတီးရေ...မောင်ရင်ဘ၀ကို ဒီအတိုင်း ဆန်ကုန်မြေလေး ငပေါးကြီးဘ၀နှင်ပဲ နေသွားတော့မှာလားကွယ်...မောင်းရင် ဘ၀အကြိုးရှိအောင် ဆရာတော်ရဲ့ သ.င.တ ကျောင်းမှာလာပြီး ပညာသင်ပါ့လားကွယ်...ဘာမှအားမငယ်ပါနှင့် ကျည်းပွေ့ တောင်အတတ်ပေါက်သေးတာပဲ...

    ReplyDelete
  20. (မင်းတို့တွေ ဘယ်လောက်ပဲသိသိ ဘယ်လောက်တက်တက် ဘာမှမလုပ်တဲ့အတွက် ဘာမှမသိတာနှင့်အတူတူပါပဲ....)

    အေးပြောရတာပေါ့ကွာငါတို့ကတိုင်းပြည်အတွက်အတိုင်းအတာတစ်ခုအထိပေးဆပ်ခဲ့ပြီအခုအချိန်အထိတာဝန်ထမ်းဆောင်နေတုန်း၊ဒါပေမဲ့မင်းပထွေးနအဖ...ချီးထုပ်သန်းရွှေနဲ့အပေါင်းအပါတွေလိုမခိုးဘူး၊နိုင်ငံကိုမဖျက်ဆီးဘူး၊နိင်ငံကိုသူတပါးကျွန်ဖြစ်အောင်မလုပ်ဘူးကွ

    ReplyDelete
  21. အေး...အပြောကတော့ကြိုက်သွားပြီ ဒါပေမဲ့ တိုင်းပြည်အတွက် ဘာတွေပေးဆပ်ခဲ့တာလဲ...မင်းတို့တွေက နိုင်ငံတော်ကို သူတပါ ကျွန်ဖြစ်အောင် မလုပ်သလို သူတစ်ပါကျွန် မဖြစ်အောင်ရော ဘာတွေလုပ်ခဲ့လဲ အချီးမွန်းလည်း မခံရ အကဲ့ရဲ့လည်း မခံရ တစ်ညမှလည်း မကခဲ့ရတဲ့ မင်းသားကြီးလား...နိုင်ငံတော်အတွက် အမှန်တကယ် ပေးဆပ်နေတဲ့ သူရဲကောင်းတွေက ရေတွက်လို့ရပါတယ်...မင်းနံမည်ကို စာတင်လောက်တယ် ထင်ရင် ထုပ်ဖော်ပြောလိုက်ပါ။မင်းအမျိုးတွေမပါ ဘယ်သူတွေ ထောက်ခံမလဲ...

    ReplyDelete
  22. (မင်းတို့တွေ ဘယ်လောက်ပဲသိသိ ဘယ်လောက်တက်တက် ဘာမှမလုပ်တဲ့အတွက် ဘာမှမသိတာနှင့်အတူတူပါပဲ....)

    အေးပြောရတာပေါ့ကွာငါတို့ကတိုင်းပြည်အတွက်အတိုင်းအတာတစ်ခုအထိပေးဆပ်ခဲ့ပြီအခုအချိန်အထိတာဝန်ထမ်းဆောင်နေတုန်း၊ဒါပေမဲ့မင်းပထွေးနအဖ...ချီးထုပ်သန်းရွှေနဲ့အပေါင်းအပါတွေလိုမခိုးဘူး၊နိုင်ငံကိုမဖျက်ဆီးဘူး၊နိင်ငံကိုသူတပါးကျွန်ဖြစ်အောင်မလုပ်ဘူးကွ....

    အာနှင့်တော့ လာမရွှီးပါနှင့် မောင်ရင်ရယ် ခုခေတ်ကတွေမှ ယုံရတာ

    ReplyDelete
  23. မင်းကကောဘယ်လောက်ပေးဆပ်ခဲ့ပြီလဲ၊ခိုးလို့ဘယ်လောက်ချမ်းသာနေပြီလဲ...ဟဲဟဲ..နားထောင်နေမယ်ကွာ...ဒါနဲ့မင်းအမေ၊မင်းမယားစိန်တွေပန်နေပြီလား...ဟဲဟဲ.....ဒါမှမဟုတ်နိုင်ငံတော်ထောက်ပံ့ငွေ(ပြည်သူလူထုထောက်ပံ့ငွေ)တွေဘယ်လောက်ဖြုန်းတီခဲ့ပြီလဲ....ဟဲဟဲ......ဟားဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  24. မောင်ရင်က တကယ့်ဂျက်ကျတော့ အရူးကွက်နင်းသွားတာပဲ ချုံးတဲ့မိုးကမရွာဘူးဆိုတာ သိပြီးသာပါ...မောင်ရင် နောက်ဘယ်တော့မှ အာမချောင်နဲ့...အလုပ်နှင် သက်သေပြ...လာမယ့် အာဇာနည်နေ့ အတွက် မောင်ရင်ဘာတွေလုပ်မလဲ...ငါဘာတွေ လုပ်မလဲ...

    ReplyDelete
  25. တစ်ခုပြောချင်တယ်မိမိသတင်းလုံခြုံရေးသည်ပထမဦးစားပေး
    လုံခြုံရေးကိုဦးနှောက်လေးနှင့်သုံးပြုပါ

    ReplyDelete
  26. မောင်းပြန်ကို ကြောက်ရင် ဒေါင်းအလံကို မကိုင်ပါနှင့်လား...

    ReplyDelete
  27. ချွန်တဲ့လူကချွန်တယ်..မတဲ့လူကမတယ်..ဟဲဟဲ..ကောင်တာလုပ်ဖို့တော့စိတ်မကူးနဲ့ကိုယ့်လူ.....ဟဲဟဲ...သနားတယ်ကွာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။