လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ပါဝင်သရုပ်ဆောင်ထားတဲ့ THE LADY ရုပ်ရှင်ကားမှာ ဇာတ်ဝင်ခန်းမြင်ကွင်းတွေပါ..။ ယခုနှစ် ဇန္နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း ဇာတ်ဝင်ခန်းတစ်ချို့ကို ရိုက်ကူးခဲ့ပါတယ်။
ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်တဲ့ အချိန်မှာတော့ ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်များမှ Black List တွင် ပါရှိသည်ဟုဆိုကာ ပြည်ဝင်ခွင့်ကို တားမြစ်ခဲ့တဲ့အတွက် လက်ရှိ ရုပ်သေးအစိုးရရဲ့ သိမ်ဖျင်းတဲ့ သဘောထားမှန်ကို နိုင်ငံတကာမှ မျက်ဝါးထင်ထင် သိမြင်ခဲ့ရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ဟာ လူမှုရေးလုပ်ငန်းများနဲ့ ပရဟိတလုပ်ငန်းများကိုပါ လုပ်ဆောင်နေသူ တဦးဖြစ်ပါတယ်..။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်...။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်...။
THE LADY ဇာတ်ဝင်ခန်းမှ မြင်ကွင်းများ(၁) ပြန်ဖတ်ချင်ရင်









အသုံးမကျ (၈) လ
ReplyDeleteအပေါ်က ခွေးမသား မင်းဘာသဘောနဲ့ ဒီလိုရေးတာလဲ....
ReplyDeleteတကယ်အသုံးမကျတာက တိုင်းပြည်ကိုနှစ်ပေါင်းများများစွာ မတရားလုပ်နေတဲ့မင်းတို့ စစ်ခွေးတွေကွ
ReplyDeleteU junta dog go and die.
ReplyDeleteburmese army all that shit
ReplyDelete