Pages

Sunday, July 10, 2011

စပီကာဦးမြင့် ဟောပြီးပြောပြီးမှ NLD ကို ချေမှုန်းတော့မှာလား..... ဆောင်းပါးရှင် (အောင်မျိုးထွန်း)

စပီကာဦးမြင့် ဟောပြီးပြောပြီးမှ NLD ကို ချေမှုန်းတော့မှာလား
ဆောင်းပါးရှင် (အောင်မျိုးထွန်း)
ညစဉ် ညတိုင်း ၉း၃၀ နာရီ လောက်ဆို မဟာအွန်လိုင်းလို့ ခေါ်ရမယ့် ဂျီမေး ဂျီတော့နဲ့ ဖေ့ဘွတ်အွန်လိုင်းတွေပေါ်မှာ ပုံမှန်နီးပါး ကျွန်တော် ရှိတတ်ပါတယ်။ ရေဒီယိုသတင်းနဲ့ ဂျာနယ်သတင်းတွေ မရှိမဖြစ် လိုအပ်သလို အွန်လိုင်းသတင်းတွေဟာလည်း ကျွန်တော့်အတွက် ဒုတိယလေလို့ ခံယူထားပါတယ်။

ကျွန်တော်နေတဲ့ စမ်းချောင်းနဲ့ NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်ဟာ သိပ်မဝေးလို့ ပြီးခဲ့တဲ့ညက သန်းခေါင်ယံလောက်ကြီး အဖွဲ့ချုပ်ရုံးရှေ့ကို ရောက်သွားပါတယ်။ အဲဒီလို ရောက်သွားဖြစ်အောင် စေ့ဆော်ကြတဲ့ ပုဂ္ဂိုလ်များကတော့ အပြင်လောကမှာ တကယ်မတွေ့ဖူးတဲ့ အွန်လိုင်းမိတ်ဆွေတွေပါဘဲ။ လိုင်းပေါ်မှာ ကျွန်တော် ရှိတုန်း တစ်ယောက်ပြီး တစ်ယောက်မေးကြတာက NLD ဌာနချုပ်ကို ၀င်စီးတဲ့ကိစ္စပါ။

ဒီအချိန်မှာ မဇ္ဇျိမသတင်းက လွှတ်လိုက်တဲ့ ရုံးချုပ်သတင်းကို အခြေခံပြီး သတင်းမုဆိုးတွေနဲ့ သတင်းချစ် ကြသူတွေ အလွန်သိချင်ကြလို့ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ယူဆပေမယ့် အွန်လိုင်းမိတ်ဆွေများကိုတော့ ကွန်ဖန်း လုပ်ကြည့်ပါဦးမယ်ဆိုပြီး မယုတ်မလွန် တုန့်ပြန်ခဲ့ပါတယ်။ ပိုးကလည်း မနေနိုင်ဘူးလို့ ပြောချင်ပြော၊ အင်တာနက်ဆိုင်ထဲက ထွက်ပြီး လမ်းမှာ သူငယ်ချင်း တစ်ယောက်ကားနဲ့ တွေ့တာနဲ့ ရွှေဂုံတိုင် NLD ရုံးရှေ့ ကို ရောက်သွားတယ်။ အားလုံး ပုံမှန်အခြေအနေပါဘဲ။ ကျွန်တော်တွေ့ ခဲ့တဲ့ မြင်ကွင်းလေးကို ဖေ့ဘွတ် မှာ ရေးတင်ချင်ပေမယ့် အမြဲသုံးနေကြ ဆိုင်လေးက ပိတ်သွားတာမို့ စိတ်မကောင်းစွာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

ရန်ကုန်က NLD ရုံးချုပ်ကို ကြံ့ဖွံ့အစိုးရရဲ့စစ်ပုလိပ်တွေ ရုတ်တရက် ၀င်ဝိုင်းပြီး လွန်ခဲ့တဲ့ (၄၉)နှစ်က ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို တစ်စစီ ဖြိုခွဲသုတ်သင်ခဲ့သလို မြင်ချင်ကြတာလား။ တကယ်ဘဲ လုပ်လာနိုင်တဲ့ ရိပ်ဖမ်းသံဖမ်း လက္ခဏာ တစ်စုံတစ်ရာကြားရလို့ ကြိုတင် “ပစ်” ထားကြတာလား။ အစိုးရဘက်က မကြာခင်မှာ အဖွဲ့ချုပ်ရုံးကို ၀င်စီးတော့မှာမို့  သူတို့ ထုံးစံအတိုင်း တုန့်ပြန်မှုဘယ်လိုလာမလဲ သိရအောင် “ပွိုင့်” ထောက်လိုက်တာလား။ ဒေါ်စုရဲ့ အေးစက်စက် ပုဂံခရီးကို အားမလိုအားမရ ဖြစ်ကြသူတွေ လာမယ့်အာဇာနည်နေ့ အတွက် ရည်ရွယ်လို့ “ဖွ” လိုက်ကြတာလား။ သတင်းတွေမှာ အပြစ်မရှိပါဘူး။ သတင်းတွေဟာ ချစ်စရာပါ။ နေ့စဉ်နဲ့အမျှ သတင်းတွေ ဝေေ၀ဆာဆာရှိနေဖို့ လိုအပ်ပါတယ်။ သတင်းမရှိတဲ့ နာရီတွေဟာ သက်မဲ့ဝိညာဉ်ပါ။ အဓိကက သတင်းတွေကို ဖတ်ရှု နားထောင်ကြတဲ့သူတွေရဲ့“အတွေ့အကြုံအနုအရင့် နဲ့ဝေဖန်စောကြောနိုင်စွမ်းအသိ”သည်သာ အခရာ မဟုတ်လား။ ကျွန်တော်လည်း ဒီလိုနဲ့ အညှောင့်ပေါက်၊ အတက်ထွက်ခဲ့ရပါတယ်။ တည့်တစ်ခါ လွဲတစ်လှည့်နဲ့။

NLD ရှိတာ ကြိုက်လား... မရှိတာ ကြိုက်လား...။ ဒီမေးခွန်းကို အစိုးရကို ၀ိုင်းမေးကြပါ။ ခဏခဏမေးကြပါ။ ကြုံတိုင်းမေးပါ။ လောလောဆယ်တော့ NLD ကို ၀င်ရောက်ဖြိုခွင်း စီးနင်းကြမှာကို စိုးရိမ်တကြီး ဖြစ်စရာ မလိုသေးပါ။ သန်ဘက်ခါ (၁၁ရက်၊ ဇူလိုင်၊ နေ့လည် ၁၂း၃၀နာရီ)မှာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးကြီး ဦးမြင့်တစ်ယောက် နိုင်ငံ့စီးပွားရေးအကြောင်းတွေ ဟောဖို့ပြောဖို့ ရှိသေးတယ်။ ဒီတစ်ချီတော့ ငါးလုပ်ငန်းမှာ မဟုတ်၊ UMFCCI မှာ မဟုတ်။ ရွှေဂုံတိုင်ရုံးချုပ်မှာတဲ့...။

စပီကာဦးမြင့် ဟောပြီးပြောပြီးမှ NLD ကို ချေမှုန်းတော့မှာလား။

အောင်မျိုးထွန်း
၉- ၇- ၂၀၁၁

5 comments:

  1. မဖြစ်နိုင်ဘူးထင်ပါတယ်။ NLD ကိုဖြိုခွင်းလိုက်လို့ အစိုးရအတွက် အပေါင်း လက္ခဏာ ထွက်စရာမရှိဘူး။ အသေးစိတ်တော့ ပြန်မပြောချင်တော့ဘူး အရှည်ကြီးပဲမလို့။ အမေစု၊ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် စတဲ့ပုဂ္ဂိုလ်ကြီးတွေ ပြောပြီးသားပါ။ ပါတီ ထက် ပါဝင်ဝင်တွေ စိတ်ဓါတ်က ပိုအရေးကြီးပါတယ်။ ဆွေငြိမ်းတွေ မပါတဲ့ NLD ကိုပိုကြိုက်ပါတယ်။ ကိုမင်းကိုနိုင်တို့ အဖွဲ့မှာဘာရုံးခန်းမှမရှိခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာက ကိုမင်းကိုနိုင်တို့ကို အသိအမှတ်ပြုပါတယ်။ တရုတ်ပြည်က လျူရှောင်ဘိုလဲ ရုံးခန်းမရှိပါဘူး။ အမေစုကို ပြည်သူတွေချစ်တာ NLD ကြောင့်မဟုတ်ပါဘူး။ NLD ဆိုင်းဘုတ်တွေ ဖြုတ်ချလို့ရချင်ရမယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ် ကတော့ ပြင်လို့မရပါဘူး။ :D :D :D
    ဂရိတ်ဝေါ တံတိုင်းကြီး တည်ဆောက်ခဲ့တဲ့ တရုတ်ဘုရင်ကြီးက သူ့အဖေကိုသတ်ခဲ့တယ်။ သူ့ဟာ အဲ့ဒါတွေကို သမိုင်းထဲမှာ မပါဖို့ စာအုပ်တွေအားလုံး မီးရှို့ဖို့အမိန့်ပေးခဲ့တယ်။ စာပေ ပညာရှင်ပေါင်းများစွာကို သတ်ခဲ့တယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူရက်စက်ခဲ့တာ ကျနော်လို့ ဗမာပြည်ကလူတောင် သိနေလို့ပဲ။
    အဲ့ဒီတော့ အူးတိမ်းဆိမ် (တမ်မတကြီး)နဲ့အစိုးရအဖွဲ့ ၊ဆွေငြိမ်းအပါအဝင် တခြား ခြံခွအဖွဲ့ တွေကိုလဲ အထူးသတိပေးလိုတာက သမိုင်းမှာ နာမည်ပျက်မခံပါနဲ့။ လူမိုက်တွေနဲ့ပေါင်းပြီး လူမိုက်မှတ်တမ်းဝင် အဝင်မခံချင်ပါနဲ့။

    ReplyDelete
  2. လက်ရှိမှာတော့ NLD ကို ၀င်စီးနိုင်ချေမရှိသေးပါဘူး လို့ ယူဆတယ် နောက်တစ်ချက်က ဒေါက်တာဦးမြင့် သူဟာ ဘက်မလိုက်တဲ့ ပညာရှင်ပီသတဲ့ ပညာရှင်တစ်ယောက် အဖြစ်နဲ့သူစွမ်းနိုင်သလောက်ကြိုးစား လိမ့်မယ်လို့ မျှော်လင့်ပါတယ်

    ReplyDelete
  3. မောင်အောင်မျိုးထွန်းရယ် ဆောင်းပါးလေးဘာလေးရေးရင်လည်း ဖတ်ရတဲ့သူတွေ အချိန်ကုန်ရကျိုးနပ်အောင် ဆရာလှိုင်မြင့် လိုရေးပါလား။
    အခုတော့ ဘာမှန်းကို မသိဘူး။ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီအောင် အတင်းကို ဆွဲစီပြီး ဖြစ်ညစ်ရေးထားရသလိုဘဲ...

    ReplyDelete
  4. (NLD ရှိတာ ကြိုက်လား... မရှိတာ ကြိုက်လား...။ ဒီမေးခွန်းကို အစိုးရကို ၀ိုင်းမေးကြပါ။ ခဏခဏမေးကြပါ။ )

    (NLD ရှိစေချင်လို့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်စေချင်လို့  တရားဝင် ပါတီ ဖြစ်အောင် မှတ်ပုံတင်ပါဆိုတော့ မတင်။ လူမူရေးလုပ်မယ် ဆိုလဲ မှတ်ပုံတင်ရမယ် လို့  သတင်းစာထဲ ပါပြီးပြီလေ။ ဆောင်းပါးရှင်က ပြောတာမဟုတ်ဘူး ပြည်ထဲရေးဝန်ကြီးဌာန က တရားဝင် သတင်းစာထဲ က အသိပေးထားပြီးပြီလေ။

    ReplyDelete
  5. မင်းတို့ရွေးကောက်ပွဲကအတုကြီးလေကွာဝင်ပြိုင်တဲ့ပါတီတွေတောင်အရူးဖြစ်ကုန်တာငါ့သားရ၊မင်းမသိယင်မင်းအမေငါ့မယားကိုမေးကြည့်လကွာ

    မင်းပထွေး

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။