Pages

Friday, July 1, 2011

အမေ့အိမ် အထက်တန်းပညာဒါနကျောင်း( မ/ဥက္ကလာ )

သူငယ်ချင်းများအားလုံး...မင်္ဂလာပါ။

အမေ့အိမ် အထက်တန်းပညာရေး နှင့် အင်္ဂလိပ်စကားပြောပညာဒါနကျောင်း မ/ဥက္ကလာ ရဲ့ပုံတွေ ဖြစ်ပါတယ်။ ကျောင်းနေရာကို ကျူးကျော်ရပ်ကွက် တစ်ခုဖြစ်တဲ့ (၂)ရပ်ကွက်၊ မုဒိတာလမ်းမှာ မြေကွက်ဝယ်ပြီး အခု ကျောင်းဆောက်ထားပါတယ်။ The Compassionate-hand ခေါ် ဂရုဏာလက် လူမှု အကျိုးပြုလူငယ်များမှ တက္ကသိုလ်ဝင်တန်းနှင့် န၀မတန်းအတွက် အင်္ဂလိပ်စာနှင့် စကားပြော သင်တန်းများကို သင်ကြားပေးနေပါသည်။ 

လိုအပ်တဲ့အကူညီတွေကတော့ စာရွက်စာတန်းများ( ဥပမာ A4-အပတ်စဉ် စာမေးပွဲအတွက်။ အထူးထုတ်စာအုပ်များ။ စာရေးကိရိယာများ လိုအပ်နေပြီး ကျောင်းသား/သူများ အားလပ်သည့် ညနေပိုင်းမှသာသင်ကြားနိုင်ခြင်းနှင့် ကျူးကျော် ရပ်ကွက်ဖြစ်၍ လျှပ်စစ်မီးမရှိခြင်းကြောင့် Search Light များဖြစ်သင်ကြားနေရပါသည်။ အိမ်သာဆောက်ရန်လည်း လိုအပ်နေပါသေးသည်။

သင်တန်းချိန်များမှာ နေ့လည(် ၂ )နာရီမှ ည ( ၉ )နာရီထိဖြစ်ပါတယ်။

ကျောင်းသားဦးရေ
တက္ကသိုလ်ဝင်တန်း ( ၃၀ ) ယောက်
န၀မတန်း ( ၉ ) ယောက်
အင်္ဂလိပ်စကားပြော ( ၁၆ ) ယောက်

လှူဒါန်းလိုသူများ အောက်ပါလိပ်စာအတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

(၂ )ရပ်ကွက်၊ မုဒိတာလမ်း၊ မ/ဥက္ကလာ
ကိုနိုင်ငံလင်း( 09 5071461 )
ကိုငယ် ( 09 5162060 )



1 comment:

  1. ဒီလိုမျိုးကျောင်းတွေက နိုင်ငံတ၀န်းလုံးမှာ လိုအပ်နေတာတော့အမှန်ပဲ။ ဒေါ်စု လွတ်လာမှပဲ NLD က ဒါမျိုးတွေ လုပ်လာတာတွေ့ ရတော့တယ်။
    ထိုင်းနယ်စပ်က "ဂစ်တာတီးပြီးစာသင်" နေတဲ့ ဆူးပုပ်ခြံက ဆရာနဲ့ ယှဉ်ကြည့်ရင်
    အနှစ် ၂၀ လုံးငုတ်တုတ်ထိုင်နေခဲ့တဲ့ လုပ်ရပ်ဟာ
    တွေးကြည့်ရင် ရှက်စရာကောင်းတယ်။
    ရေရှည်မှာ အောင်မြင်ဖို့ ဆိုရင်တော့ ပါတီနိုင်ငံရေးအြဇာ လောင်းရိပ်မမိဖို့ တော့လိုမှာပဲ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။