Pages

Tuesday, August 9, 2011

မင်းလုပ်ရက်ရင် ကဗျာရှင် (ဒေါင်းစကြာ)

မင်းလုပ်ရက်ရင်
ကဗျာရှင် (ဒေါင်းစကြာ)

စီးကရက်လေး ၊ ပါးစပ်မှာခဲ
ပါးပြင်ပေါ်မှာ ၊ မိတ်ကပ်လိမ်းမြဲ
ကွမ်းကလေးက ၊ နီရဲလိုရဲ
သွေးကတော့နည်း ။
ယမကာနဲ့
လမ်းမပေါ်မှာ ၊ လဲလိုကလဲ
မရေရာတဲ့ ၊ စကားတွေနဲ့
ပေါလို့နေမြဲ ၊ ဘောလုံးပွဲတွေ
လေသန်သန်နဲ့ ၊ ငြင်းခုန်ကြည့်ဆဲ
လိုင်းပေါ်တတ်လည်း ၊ ချာတိချာတာ
ရူးလို့ပေါလို့ ၊ အားရနေကြဆဲ။
ဆံပင်ကိုသ
ဖြောင့်လိုဖြောင့်ကြ ၊ ကောက်လိုကောက်ကြ
အတွေးကနည်း ၊ ရည်းစားလုနေ
လှပြိုင်နေမြဲ။

လက်ရှိဘယ်လဲ အနာဂတ်
ဘာကိုရှေးရှု ၊ စံပြုမှာလဲ
သမိုင်းဘာလဲ။
နှစ်ပေါင်း နှစ်ဆယ်
သုံးနှစ်ကျော်က ၊ ငါတို့ လူငယ်
တန်ဖိုးရှိလို့ ၊ ဘ၀တွေပေး
အသက်စတေး ၊ သွေးရဲ ပင်လယ်
ယုံကြည်ချက်နဲ့ ၊ ရွက်လွှင့်ခဲ့ကြ။
နိုင်ငံအတွက်
လူမျိုးအတွက် ၊ မှတ်တိုင်အသစ်
ရှစ်ဆယ့် ရှစ်မှာ ၊ စိုက်ထူခဲ့ကြ
အပ်တိုမပါ ၊ အကျီအဖြူ
ပုဆိုးစိမ်းစိမ်း ၊ အာဏာရှင်အောက်
သေနတ်အမြှောက် ၊ စစ်ဖိနပ်အောက်
ခွေးလိုသေရ ၊ သွေးလမ်းမကို
လေလေးကချွန် ၊ လူပုံကနွဲ့
ဖြတ်သန်းမင်းလျှောက် ၊ မေ့မေ့ပျောက်ပျောက်
ဒူးထောက်နေတာ ၊ မင်းကြိုက်ရင်လည်း
၈၈၈၈ ၊သမိုင်းစစ်ကို
ဖြဲစုတ်ရက်ရင် ၊ အခုလိုပဲ
နေမြဲနေကြ မိုက်ကြတော့..........။

ဒေါင်းစကြာ
၈.၈.၂၀၁၁

3 comments:

  1. ကောင်းတယ် အနာဂတ် သမိုင်း ကို ရေး ဘို့ ပြီးခဲ့တဲ့ အတိတ်ကို ဖော်ပြ ဘို့ ယနေ့ လူငယ်တွေက အဓိက ကြဆုးံဖြစ်ပါလိမ့်မည်.။
    စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  2. ကောင်းလိုက်တဲ့ ကဗျာ။ဒီနေ့ လူငယ်တွေ လမ်းပျောက်နေတဲ့ သရုပ်ကို အပီပြင်ဖော်ထုတ်လိုက်တာဘဲဗျား။ ဒီကဗျာထဲက Gay ပုံပေါက်နေတဲ့ လူငယ်တွေက ကြမ်းထမ်းရက်စက် ကောက်ကျစ်တဲ့ ကြံ့ဖွံ့ လူရမ်းကား အစိုးရကို ဘယ်လို တွန်းလှန်နိင်မှာလဲ။

    ReplyDelete
  3. ဒီမေးခွန်းက ချင်းမိုင်က အောင်မျိုးမင်း ကို သွားမေးရင် အဖြေတော့ ထွက်လောက်တယ် ထင်တယ်..။
    အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။