Pages

Saturday, August 13, 2011

မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ...)

ယနေ့ ယနေ့ ၂၀၁၁ သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁း၀၅ အချိန်၌ ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒုတိအကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ (၁)နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုအပြီး၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ (ယခုအကြိမ် ထပ်မံတွေဆုံရာ၌ နှစ်ဦးနှစ်ဖက် ကျေနပ်မှုရရှိပါကြောင်း၊ ပြည်သူလူထုအတွက် ကောင်းကျိုးပြုရေးအတွက်ကို အလေးပေး ဆွေးနွေးခဲ့ပါကြောင်း) ပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (တွေ့ဆုံဆွေးနွေးမှုအတွက် ကျေနပ်ဝမ်းသာပါကြောင်း) ပြောကြားသွားခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ထပ်တွေ့ဆုံ ဆွေးနွေးရန် ရှိပါသေးကြောင်း ပြောဆိုသွားခဲ့ပါသည်ဟု သတင်းရရှိပါသည်။

သတင်း၊ ဓာတ်ပုံ.... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်...

5 comments:

  1. ဒီစစ်ဗိုလ်မိန်းမရှာတွေလိမ်နေတာအကြိမ်ပေါင်းမနဲတော့ပါ..ဒီတခါထပ်လိမ်ရင်. ထမိန်နဲ့ပတ်ပီး.မျက်နာကို.ဖိနပ်ချီးသုတ်ရိုက်ဖို့ဘဲရှိတော့တယ်.

    ReplyDelete
  2. လိမ်နေတာပါဘဲ၊ဒါပေမဲ့ဒီတခါလိမ်တဲ့လူအပြစ်မဟုတ်တော့ပါဘူး

    ReplyDelete
  3. တသက်လုံးနိုင်ငံေ၇းခုတုံးအလုပ်ခံနေတော့မှာလား?ဒေါ်အောင်ဆန်းစုကြည်?
်နိုင်ငံတကာဖိအားများလာတိုင်း၊တွေ့သလိုဆုံသလိုလုပ်လိုက်၊ဓါတ်င်္ပုတွဲ၇ိုက်လိုက်၊သတင်းထုတ်ပြန်လိုက်၊အကျိုးအမြတ်တခု၇လိုက်၊ပြီးသွား၇င်ပြန်ဖိနိပ်လိုက်၊နှစ်
    (၂၀)ကျော်ခဲ့ပါပြီ၊
    ပြဿနာတခုကိုအဖြေ၇ှာတဲ့အခါအချိန်ကာလသကန့်အသတ်လေးတော့၇ှိသင့်တယ်ထင်ပါတယ်၊နှစ်(၂၀)ကျော်ကာလအတွင်းNLD မှာအခွင့်အေ၇းတွေ၇ှိခဲ့
    ပါတယ်၊မဆုပ်ကိုင်ခဲ့ဘူး၊တွေ့ဆုံဆွေးနွေးေ၇းအတွက်စကားလေးတခုအကျိုး
    ဖြစ်စေဖို့်နောက်ထပ်နှစ်(၂၀)စောင့်၇၇င်တော့၊ဒီပြဿနာဖြေ၇ှင်းမှု့မှန်၊မမှန်လူ
    ကြီးမင်းတို့ဘဲသုံ့သပ်ကြည့်ကြပါ။

    ReplyDelete
  4. အောင်ကြည်ရုပ်ရည်ကိုက.ကလိမ်ကကျစ်၊သူခိုးရုပ်...သူခိုးဓမြတပ်မတော်တဲကလာတော့လဲသူခိုးရုပ်ပဲထွက်နေတာပေါ့..ခွေးသူခိုးအောင်ကြည်..

    ReplyDelete
  5. အနှစ် (၂၀) လုံး အသားကျနေတာကို ... အမေစုလည်း လူပဲလေ .. ချက်ချင်းကြီးတော့ ဘယ်ပြောင်းလဲအောင်လုပ်နိုင်အုံးမှာလဲ ... သင့်တင့်တဲ့ အချိန်တော့ လိုမှာပဲလေ ... ဟိုတုန်းက အဲဒီလိုတောင် အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှုမျိုးတောင် လုပ်လို့ရလို့လား ... နည်းနည်းတော့ စိတ်ရှည်ပါ .... ခုမှ စရုံးရှိသေးတယ် ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။