ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ(၁)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
စိတ်ထဲမကောင်းဘူး။ န.အ.ဖ. လက်ထက်တလျှောက်လုံး နိုင်ငံရေးသမားတွေက နိုင်ငံတော်က လုပ်တာကိုင်တာ လွဲမှားနေတာတွေကို ဝေဖန်ရင် ဒါရန်သူ။ အဖျက်သမား ဘေးထိုင်ဘုပြော။ အစိုးရလုပ်သမျှ အကောင်းမမြင်သူတွေ။ ပြည်ပအားကိုး ပုဆိန်ရိုး။ သူတို့လက်ထက် တစတစ တိုင်းသူပြည်သားတွေ မွဲလာတာကို လက်တွေ့ မျက်မြင် မြင်နေရတာကိုဘဲ မျက်စေ့ဇွတ်မှိတ်ငြင်းတယ်။ သူ တို့ လုပ်နေတာ အားလုံးကောင်း VERY GOOD။ ကိုယ့်အလုပ်ရဲ့ အခြေအနေကို အရှိကို အရှိအတိုင်း သတ္တိရှိရှိ မှန်မှန်ကန်ကန် မသုံးသပ်ရဲဘူး။
ကျနော်နဲ့ ကိုမောင်မောင်ဝမ်းနဲ့ သင်္ဘောသားတဦးတို့ ၁၉၉၅- မှာ ကက်ဆက်အခွေ တခုစာ နိုင်ငံတော်ကနေ ကျန်းမာရေး လူမှုရေး ပညာရေး ရှုဒေါင့်စုံမှာ ပြုပြင်သင့်တာလေးတွေ ထိန်းသိမ်း ပေးစေချင်တာလေးတွေကို အင်တာဗျူးပုံစံလုပ်ပြီး ဖြန့်ခဲ့ပါတယ်။ ပထမဆုံးဖြန့်တာကို အခွေ ၅၀- ပါ။ နောက်ထပ်လဲ ဖြန့်ခဲ့ပါတယ်။ ကက်ဆက်အခွေ ဆိုတော့ ရတဲ့သူတွေ လွယ်လွယ်နဲ့ ကူးပြီးဆက်ဖြန့် ကြပါတယ်။ ဥပမာ မြန်မာပြည်မှာနေ မြန်မာမြေပေါ်မှာ ကြီးပွားပြီး မြန်မာတွေကို သေစေနိုင်တာ သိသိကြီးနဲ့ တရုတ်လူမျိုးတွေ ထုတ်လုပ်ဖြန့်ချီနေတဲ့ အ၀တ်အထည်ဆိုး ဆေးအရောင်တွေ ကော်မှုန့်တွေ မော်တော်ကား ဘက်ထရီသုံး အက်စစ်တွေနဲ့ ဖေါ်စပ် ထုတ်လုပ်ထားတဲ့ ငရုတ်ဆီ စတာမျိုးတွေကို တင်ပြထားတာပါ။
ထူးဆန်းတာက အဲဒီအခွေ တပြည်လုံးနီးနီး ပြန့်သွားတယ်။ လူတွေကလည်း တော်တော်လေး တဆင့်တဆင့် ဆက်ဖြန့်ကြတယ်။ အဲဒီအခွေ ဖြန့်မှုအတွက်နဲ့ ကျနော်တို့ကို မဖမ်းဘူး။ အခွေထဲမှာ ဗြောင်ဘဲ နာမည်နဲ့ မေးထားတာ။ ကိုမောင်မောင်ဝမ်း အမြင်လေးပြောပါဦး တလျှောက်လုံး ဗြောင်ဘဲ နာမည်နဲ့ အမေးအဖြေ လုပ်မေးပြီးဖြန့်တာဘဲ။ နောက်မှသိရတယ်..။ ဒါကိုဖမ်းရင် တရားရုံးမှာ ပြန်ဖွင့်ပြရမယ်။ ပြန်ဖွင့်ပြရရင် ကိုယ်ပေါင်ကိုယ်လှန် ထောင်းသလိုဖြစ်နေလို့တဲ့။ သဘောကတော့ ကျနော်တို့ ဗျူးထားတာတွေက အမှန်တွေ သူတို့က မှားနေတယ်ဆိုတာ ၀န်ခံတာပါဘဲ။ ကျနော်တို့ ဗျူးထားတာထဲမှာ အခုပြောနေတဲ့ စီးပွားရေးဖွ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမှာတွေပါ မေးထား ဖြေထားပါတယ်။ တနည်း အဲဒီကထဲက ကျနော်တို့က မြန်မာတွေ ထိုင်းမလေးရှားမှာ ကျွန်ခံနေရပြီ ဆိုပြီး ဆွေးနွေးထားပါတယ်။
ဒါကို န.အ.ဖ.က ဖမ်းလဲမဖမ်းဘူး။ ကျနော်တို့ကို ဖမ်းတာက ကျောင်းသားသမဂ္ဂ (ဖွဲ့ဖို့ ကြံစည်မှုနဲ့ ကအဓိက အကြောင်းရင်း) တရားစွဲတာကျတော့ အခု သမ္မတကြီးမင်း ကိုယ်တိုင် လက်ခံတွေ့ဆုံနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသတင်းထောက်က အင်တာဗျူးထားတာ။ အဲဒီအထဲမှာ ဗိုလ်ချုပ်ထွန်းကြည် ဗိုလ်ချုပ်ကျော်ဘ နိုင်ငံတော် စီးပွားရေးအကြံပေးအဖွဲ့ (THINK TANK) အဖွဲ့ ခေါင်းဆောင် ဦးဆက်မောင် စတာတွေကို ဗျူးထားတဲ့အခွေ ကိုဖြန့်မှုနဲ့ထောင် (၁၀) နှစ်ချတာပါ။ အခွေနာမည်က (THE LADY) ပါ။ Australia နိုင်ငံ တီဗွီ Channel-NINE ကနေ ၁၉၉၅- ဒီဇင်ဘာလလောက်မှာ လွှင့်တဲ့ 60-Minutes program ထဲက ၁၂-မိနစ် မျှရှိတဲ့ အပိုင်းလေးပါ။
စစ်ကြောရေးမှာတော့ မေးတယ်။ ကက်ဆက်အခွေဖြန့်တဲ့ ကိစ္စကိုမေးပါတယ်။ ဘယ်မှာ အမေးအဖြေ လုပ်တာလဲပေါ့။ ကြက်တွန်သံတွေ ကားအသံတွေ ခွေးဟောင်သံတွေ ပါနေတာတွေ မေးပါတယ်။ ဒါပေမဲ့ အဲဒီကက်ဆက် အခွေအတွက် အမှုမဖွင့်ခဲ့ပါဘူး။
အခု ဒီမိုကရေစီ (စည်းကမ်းပြည့်တာပင်ဆိုပါဦး) အမည်ခံလိုက်တော့ သမ္မတကြီးက အစိုးရဖွဲ့တဲ့နေ့မှာကို တိုင်းပြည်အတွက် မျှော်လင့်စရာ မိန့်ခွန်းကို ပြောရပြီ။ န.အ.ဖ. ခေတ်ကလို ငါတို့က အာဏာနဲ့ အုပ်ချုပ်နေတာ။ DECREE နဲ့ အုပ်ချုပ်နေတာ။ လူသန်း-၅၀-မကလို့ ဘယ်လောက်ဘဲရှိရှိ စောက်ရေးလုပ် ရှင်းလင်းနေစရာမလိုဘူး ဆိုတဲ့ပုံစံချိုးလို့ မရတော့ဘူး။ သတင်းမီဒီယာ သမားတွေ ဗိုလ်ချုပ်တွေ ပြောနေတဲ့ကျ အခေါ် (သတင်းရောင်းစားသူတွေ) ကို ပလပ်ထားလို့ မရတော့ဘူး။
အဲဒီမှာ ကျနော် တခုစိတ်ထဲမကောင်းတာပါ။ တိုင်းပြည်အရေးဆိုတာ လူတိုင်းကို သက်ရောက်နေတယ် မပတ်သက်ချင်လို့ကို မရဘူးလေ။ တခုခုလုပ်မိတာ မသိလို့ပါ ဆင်ခြေပေးလို့မှ မရတာ။ ပတ်သက်နေရတာလေ။ စိတ်မကောင်းတာက လေယာဉ်ပျံစီးတယ်။ ခရီးသည်တွေက ဥပမာ ရန်ကုန်ကနေ ဘန်ကောက်ကိုသွားတယ်။ ခရီးသည်တွေက ဟိုအမြင့်ကြီးမှာဆိုတော့ ဘယ်ရောက်နေတယ်။ ဘယ်လောက်မြင့်နေတယ် မသိရပါဘူး။ ဒါပေမဲ့ လေယာဉ်မှုးကြီးက အခုပျံသန်းချိန် ဘယ်လောက်ရှိနေပြီ။ အမြင့်ဘယ်လောက်ကနေ ပျံသန်းနေပါတယ်။ ဘယ်နိုင်ငံ ဘယ်ပြည်နယ် ဘယ်မြို့အပေါ်က ဖြတ်သန်းနေပါပြီ အသိပေးနေပါတယ်။ ဒါတွေသိရလို့လဲ ကျနော်တို့ဘ၀ကို ဘာမှ ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ကျနော်တိုလည်း ဘာမှ ပါဝင်စွက်ဖက်ခွင့်မရှိပါဘူး။ ဒါပေမဲ့အသိပေးနေပါတယ ။
ကျနော်တို့ ဘ၀ကို ပြောင်းလဲသက်ရောက်စေမဲ့ နိုင်ငံအရေးကို အုပ်ချုပ်သူတွေက သတင်းစာထဲမှာတော့ နိုင်ငံတော်၏ အုပ်ရေးအာဏာသည် ပြည်သူလူထုဆီက ဆင်းသက်၏လို့ ရေးထားတယ်။ နိုင်ငံတော်၏ အသက်သွေးကြော ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးသည် ပြည်သူလူအားလုံး၏ ပဓါန ကျသောတာဝန်လို့ ရေးထားတယ်။ လက်တွေ့ ကျတော့ကျနော်တို့ က ဘယ်လို ဆွဲပါ လို့ ပါဝင်ပတ်ခွင့်မပေးခဲ့ဘူး။ ပိုဆိုးတာက ဘယ်လို လိုအပ်နေပါတယ်။ ဘယ်လို နစ်နာနေပါတယ်တောင် တင်ပြခွင့်မရှိခဲ့ပါဘူး။ ငါတို့လုပ်ချင်သလို လုပ်မယ်။ လာမစပ်စုနဲ့။ အခုန လေယာဉ်မှုးကြီိးနဲ့  ပြောင်းပြန်။
ဟောအခုတော့ ဒီမိုကရေစီ အမည်ခံလိုက်တော့ တကယ်က ဒီမိုကရေစီအတု(ကြီး)ပင် ဖြစ်သော်လည်း ယိုးဒယားအကလို့ အမည်ခံထားပြီး ဟစ်ဟော့ သီချင်းနဲ့ပင် ကပြရသော်လည်း ယိုးဒယားလိုတော့ ၀တ်ပြရပြီလေ။ အမည်ခံထားတော့ ယိုးဒယားအက။ ဖွင့်ထားတဲ့တီးလုံးက ဟစ်ဟော့။ ဘယ်လိုဘဲ ဟစ်ဟော့ဟော့ ယိုးဒယားအကနဲ့ တူအောင် အခင်းကျင်းလုပ်ရပြီလေ။ သမ္မတကြီးတိုင်းပြည်ကို အဖွင့်မိန့်ခွန်း ပြောကြားရပြီ။ ငါ့စကားနွားရ ပြောချင်သလိုပြောလို့ မရတော့ဘူး။ ဒါဒီမိုကရေစီဆိုတဲ့ ရလဒ်ဘဲ။ အတုကြီးပင်ငြားလဲ တိုက်ဆောက်ပါတယ် ပြောရင် တိုက်လိုဘဲ အုတ်နဲ့ ဆောက်ရတာပေါ့။
အခုတော့ ထင်သာမြင်သာတွေ လုပ်လာရတော့ တိုင်းပြည်ဟာ ကမ္ဘာမှာ ဘယ်အဆင့်အထိ နိမ့်ကျနေပါပြီ ၀န်ခံရပြီ။ န.အ.ဖ. ခေတ်ကလို သတင်းစာထဲကနေ ဆောင်းပါးရှင်တဦးဆိုပြီး တိုင်းပြည်ကြီး ဘယ်လောက် တိုးတက်နေပါပြီဆိုပြီး ဗြောင်လိမ်ရေးခိုင်းလို့ မရတော့ဘူး။ ကိန်းဂဏန်းတွေနဲ့ ပြောရပြီ။ လူလိုစကားပြောရပြီ။ အဲဒါဒီမိုကရေစီ အတုကြီးဘဲရှိသေးတယ်။ အာဆီယံကို သမ္မတကြီး ကိုယ်တိုင် ထွက်ပြရပြီ။ သူ့မှာအာဏာ အထွဋ်အထိပ် ရှိတာ မရှိတာ ဘေးချိတ်။ ယဉ်ကျေးတဲ့ လူကြီးအသိုင်းအ၀ိုင်းထဲမှာ မျက်နှာပြရပြီ။ န.အ.ဖ. လက်ထက်ကတော့ ၀န်ကြီးချုပ်ဘ၀နဲ့ပေါ့။ တဖက်မေးလာရင် ကျနော်အထက်ကို တင်ပြပါ့မယ် လုပ်လို့ရသေးတယ်။ အမြဲအဲဒီလို လုပ်ရှောင်ခဲ့တယ်။ အခုတော့ ဟဲဟဲ သားသား ဖေကြီးကို ပြောလိုက်ပါဦးမယ် လုပ်လို့ မရတော့ဘူး။
အခုတော့ ၀န်ခံရပြီ။ တိုင်းပြည်သူ ပြည်သားတွေဟာ ကမ္ဘာနဲ့ မနှိုင်းခင် အာဆီယံနဲ့ အာရှမှာ အမွဲဆုံးဖြစ်နေပြီ။ လာအိုနိုင်ငံထက်ကို နိမ့်ကျနေပြီ။ ဒါကြောင့်ကျနော်က တဖွဖွ အမြဲပြောနေတာ။ တိုင်းပြည်မှာ အပြောင်းအလဲဖြစ်အောင် အစိုးရကိုတိုက်ရာမှာ စီးပွားရေးက တအားကို လွဲမှားနေတယ်။ စီးပွားရေး စစ်မျက်နှာဖွင့်တိုက်ပါ။ ကားယားမှောက် လဲစေရမယ်လို့။ နိုင်ငံရေးသမားအများစု မီဒီယာကြီးအားလုံးနီးပါးက ပြည်တွင်းမှာ ဆူပူအုံကြွမှုဖေါ်ရမယ် ရေးထားတယ်။ အသံလွှင့်နေတယ်။ မျှော်လင့်နေကြတယ်။ တကယ်ပြည်တွင်း ဆူပူအုံကြွမှုကြီး ပေါ်ခဲ့တာလဲ ခဏခဏပါ။ ပေါ်အောင် မျှော်ခဲ့သူတွေအထဲက ဘယ်သူများ လူထုအုံကြွမှုကြီး ပေါ်လာတဲ့အခါ ကိုယ်တိုင်ဦးဆောင် ပါခဲ့ကြပါသလဲ။ ပေါ်လာတဲ့ လူထုအုံကြွမှုကြီးကို ဘယ်သူ ကပိုကြီးလာအောင် လုပ်ပေးနိုင်ခဲ့သလဲ။
နောက်ဆုံးဗျာ ပါဝင်ခဲ့သူတွေ ထောင်ကျကုန်တော့ ဘယ်သူတွေကကူညီခဲ့ကြပါသလဲ။ ရှိတော့ရှိပါမယ်။ အင်အားနည်းလှပါတယ်။ သံဃာတော်တွေကို ရုံးထုတ်တော့ ဆွမ်းဘုန်းရန်ပင်မရှိလို့ ဒေါ်ရှုတင် က လုပ်ပေးရတာ သက်သေဘဲ။ ချချငါတို့ အော်ပေးနေတယ်။ ထောင်ကျချိန်ကျတော့ သတင်းလေးတောင် မပါတော့ဘူး။ ဒေါ်စု လွတ်လာမှ အရှိန်အဟုန်လေး ပြန်ရှိလာပါတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေကို မတရားထောင်ချတယ်။ ပြစ်မှုတခုကို အမျိုးမျိုးပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုးခွဲပြိး နှစ်ရှည် ထောင်ဒါဏ်တွေချတယ်။ ပြီးနယ်ဝေးထောင်တွေကို ပို့ထားတယ်။ မိသားစုတွေပါ ဒုက္ခအများကြီး ရောက်အောင် ပို့ထားတယ်။ အဲဒါကို အသံထုတ် အော်ချက်ထုတ်နေရုံက လွဲပြိး ထိုးနှက်ချတာ မလုပ်ကြဘူး။ ဒီမောင်တွေက သူတို့ထိအောင် လုပ်မပြရင် သောက်ရေးကို မလုပ်တဲ့သူတွေ။ လုပ်ပြမှ နားလည်သူတွေ။ အော်နေရုံလောက်က ရှက်တတ်သူတွေမှ မဟုတ်တာ... လူလိမ်တွေဘဲ။ လိမ်ရမှာ တစက်လေးမှ မရှက်တတ်သူတွေ။
သူကယုတ်မာရင် ကိုယ်က ပြန်ယုတ်မာပြရမှာပေါ့။ ဒါဗိုလ်ချုပ်က ပြောခဲ့တယ်။ အခုဒေါ်စုနဲ့ ဆွေးနွေးနေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးမယ်လို့ လွတ်ပေးလာမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။ သမ္မတကြီးကလည်း ပြည်တော်ပြန်လို့ရပြီ ပြန်ခဲ့ကြပါ ကမ်းလှမ်းထားလို့ ခန (အချိန်တခုပေါ့) စောင့်ကြည့်လိုက်ပါဦးမယ်။ အချိန်တခု အရမှာမှ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ရင် အခု မျော့နေပြီး အသက်ထွက်လုလု ဖြစ်နေပြီဖြစ်တဲ့ စားကုန်ပို့ လုပ်ငန်းတွေ မြေဖို့ ပေးလိုက်ပါမယ်။ အထည်ချုပ်လုပ်ငန်းတွေကို အခေါင်းထဲ သွပ်သွင်းပေးလိုက်ပါမယ်။ ကျနော်မှာ လူရှိတယ်။ လုပ်ရတာလွယ်လွယ်လေး။ ဘယ်သူ့ အကူအညီမှ မလိုဘူး။ လုပ်ပြမယ်။
အခု ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆိုပြီးလုပ်လာတယ်။ လူနေမှု ဘ၀မြင့်မားရေးဆိုတဲ့ ခေါင်းစဉ်တောင် မထိုးနိုင်သေးတဲ့ အစိုးရ။ ကျုပ်တို့ စစ်တပ် အုပ်ချုပ်လိုက်တာ အခုသိပ်မွဲနေပါပြီ ၀န်ခံထားပြီ။ ၁၉၉၅- သြဂုတ်လ/ စက်တင်ဘာလတွေက န.အ.ဖ.သတင်းစာ ဆောင်းပါးတွေမှာ စစ်တပ်အုပ်ချုပ်လိုက်ရင် ၁၀-နစ် ၁၅-နစ်အတွင်း အာရှမှာ ကျားကြီးနိုင်ငံဖြစ်လာတော့မယ် ရေးထားတာလဲ ဒီဆောင်းပါးရှင်တွေပါဘဲ။ အခုထောင်က ပြန်လွှတ်ပေးလိုက်တဲ့ ဆောင်းပါးရှင် (ပေါက်စ) ဗိုလ်မှုးကြီးစန်းပွင့်တို့ ထောင်ထဲမှာ သေသွားရရှာတဲ့ (စည်သူငြိမ်းအေး) ဦးဝင်းအောင် (နိုင်ငံခြားရေးဝန်ကြီး) တို့တွေရေးကြ ဖါးခဲ့ကြ လိမ်ခဲ့ကြပါတယ်။
အဲဒီအချိန်က ရွှေဈေးက တကျပ်သား (၂၀၅၀၀ -ကျပ်ပါ)။ ဒေါ်လာဈေးက -၁၂၀-၀န်းကျင်ပါ။ ဆန်ဈေးက ဆန်အကြမ်းတပြည်ကို ၆၀-ကျပ်ခန့်။ နေ့စားအလုပ်သမား (ပန်းရံအကူ-မိန်းခလေး)က တနေ့ကို ၁၅၀-ကျပ်ခန့် ရနေချိန်ပါ။ မြန်မာတွေ ထိုင်းဘက်၊ မလေးရှားဘက်ကို တစတစ လူသောင်းဂဏန်းလောက် စထွက်ပြီး အလုပ်လုပ်နေစ အချိန်ပါ။ အခုလို လူဦးရေသန်းနဲ့ ချီမထွက်ကြသေးဘူး။
အခုလက်ရှိအခြေအနေက ၉၅- တုန်းကထက် နိမ့်လာပါတယ်။ ဒါကိုသတင်းစာတွေမှာ ငဖါးတွေက ဘယ်သူဘာဖြစ်နေနေ ငါတို့ အစားချောင်ပြီးရော လိမ်ကြတယ်။ ဒါဆိုအခု သမ္မတကြီးကိုယ်တိုင် ၀န်ခံပါပြီ။ မဟုတ်ဘူးငြင်းချင်ကြလား။ ဒါဆို ၂၀၁၀ - ၂၀၁၁ နစ်အစပိုင်းအထိ တိုးတက်နေပါတယ် အော်နေတာတွေ ခုချက်ချင်းကြီး ဗြောင်းပြန်ဖြစ်သွားတာလား။ ဒီဆောင်းပါးရှင်ဆိုသူတွေ အခုတမျိုးတော်ကြာတမျိုး ရေးရဲသူတွေဆိုတာ ရှင်းနေပြီ။
အခု ဆင်းရဲမွဲတေမှု ခေါင်းစဉ်ကတော့ မကောင်းလှပါဘူး။ ဒါကိုအနုတ်လက္ခဏာလို့ ခေါ်တယ်။ သူများနိုင်ငံတွေလို အပေါင်းလက္ခဏာ ခေါင်းစဉ်မထိုးနိုင်ရှာဘူး။ လူနေမှု အဆင့်အတန်း မြင့်မားရေး ခေါင်းစဉ်တောင် မတတ်နိုင်ဘူး။ ဒီလိုဘဲ န.၀.တ. စတက်လာကထဲက ဒို့တာဝန် အရေးသုံးပါးပေါ့။ တပ်ထားတဲ့ ခေါင်းစဉ်ကိုက အနုတ်လက္ခဏာကြီးတွေနဲ့က အခုချိန်အထိ။ သူတို့ဗေဒင်အခါပေးတွေ ကလည်း ဒါကျတော့မမြင့်တတ်ကြဘူးကိုး။ ကြည့်ကြရအောင်။
ဆက်လက်ဖော်ပြပါမည်...
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဦးလှိုင်မြင့်ခင်ဗျား - ဦးလှိုင်မြင့်လဲ အပေါ်က ပုံထဲကလို စင်မြင့်ပေါ် တတ်ပြောပြီး ဆွေးနွေးနေတာ မြင်ချင်ပါတယ်။ တက်ပြောနိုင်အောင် လုပ်ပါဗျာ။
ReplyDeleteကျောက်ကောင်းဆိုတာ...ဘယ်တော့မှာအရောင်မကျသလို
ReplyDeleteအချိန်တန်ယင်....ပန်းပန်ရမယ်ရမဲ့ သူတွေပါလို့ 
ဒီလိုဆရာမျိုးတွေ...ကျန်းမာရေးကောင်းပြီး..အသက်ရှည်ပါစေ
လို့ ပဲဆုတောင်းပေးနေပါတယ်၊ဒေါ်စုအားထားရတဲ့ သူတွေပဲ...
တိုင်းပြည်ပြောင်းလဲရေးမှာ...မရှိမဖြစ်ပညာရှင်လမ်းမှန်လျှောက်
ရိုးသားသူတွေမို့ ...အချိန်ပါပဲ...
ကိုလှိုင်မြင့်ရဲ့ ဆောင်းပါးတွေကို အင်မတန် နှစ်သက်သူပါ။ ရှင်းရှင်းဘွင်းဘွင်း ရေးတာရယ် ခပ်ရိုင်းရိုင်း ရေးပြတာ ကိုလဲ ကြိုက်ပါတယ်။ အဓိက က အိုင်ဒီယာ အားဖြင့် သူများ နဲ့ မတူ ပဲ သီးခြား ကွဲလွဲမှု ရှိနေတာ က ပိုကောင်းပါတယ်။ ကိုလှိုင်မြင့် ဆောင်းပါး တွေကို ကျွန်တော် တို့ ဂရုတစိုက် ဖတ်သလို နအဖ သို့မဟုတ် ကြံ့ဖွတ် တွေကလဲ ဖတ်နေကြမှာပါ။ ပြော တာတွေ မှန်လွန်းလို့ စိတ်ထဲက ကြိတ်ပြီး ကျိန်ဆဲ နေကြမလားပဲ။ ကိုလှိုင်မြင့် အနေနဲ့ များများနဲ့ မြန်မြန် ဆက်တိုက်ရေးထုတ် ဘို့ တိုက်တွန်းပါရစေ။
ReplyDeleteသိပ်ကောင်းပါတယ် ဒါပေမဲ့ ဒါပေမဲ့ပေါ့
ReplyDeleteဘာလို့ဒါပေမဲ့ရတာလဲဆိုတော့ ဒီစောင်းပါးနဲ့သက်ဆိုင်တဲ့သူတွေက မသိမဟုတ် အသိ သိသိကြီးနဲ့ ငါနှင့်တစ်ကွ ငါ့မိသားစု ငါ့အသိုင်းဝိုင်း ကောင်းစားပြီးရောဆိုတဲ့သူတွေလေ အခုကောကြည့်ပါအုန်း အရင် အရိပ်က မလွှမ်းမိုးဘူးလို့ ဘယ်သူပြောနိုင်လဲ အခုကောင်းပြနေတာတွေကကော ငါးစာချတာမဖြစ်နိုင်ဘူးလား ဘာပဲဖြစ်ဖြစ် ချင့်ချိန်တွေးကြည့်နေရတယ်လေ
ဘာပဲဖြစ်ဖြစ် ကိုလှိုင်မြင့်ရေးတဲ့စောင်းပါးဖတ်ရတာ အသိပညာတိုးပွားရပါတယ် မသိသေးတာတွေသိခွင့်ရသလို တိုင်းပြည်တိုးတက်ရေးအတွက် စာပေသမားတွေက စောင်းပါးတွေနဲ့ မီးမောင်းထိုးပြမှု့ကလဲ အလွန်အင်မတန်မှကို အရေးကြီးပါတယ် တိုင်းပြည်ခေါင်းဆောင်တွေ ပညာရှိလားမရှိလားဆိုတာ ဒေါ်လာဈေးသတ်မှတ်ဘို့တောင် အခုထိမစီမံနိုင်ကြ အခုထိ မရေရာ တော်တော်အားရှိပါတယ် စိတ်ကောင်းလေးတွေဝင်ပြီး အများအကြိုးသည်ပိုးနိုင်ကြပါစေလို့ပဲ မြန်မာပြည်သူ ပြည်သားတွေအတွက် ဆန္ဒပြုလိုက်ပါတယ် ကျေးဇူးတင်ပါတယ် ဒီမိုနှင့် ကိုလှိုင်မြင့်
ဒီလိုဆောင်းပါး များများလိုပါသည်။
ReplyDeleteခေါင်းစဉ်က ''ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး'' နော်၊ ဆင်းရဲမှုတောင်မဟုတ်ဘူး၊
ReplyDeleteမွဲတေမှုတောင်ပါလိုက်သေးဗျား။
ဆရာဒေါက်တာလိုင်မြင့်ခင်ဗျာ အပိုင်း(၂)ကိုထပ်တင်ပေးပါခင်ဗျာ
ReplyDeleteကျွန်တော်လည်းဆရာ၇ဲ့ဆောင်းပါတွေ ကိုအမြဲးဖက်ပါတယ်ခင်ဗျာကျွန်တော်ယခုဆောင်ပါကိုကူယူသွားပါတယ်ခွင့်ပြုပါ
ခင်ဗျာ
လေးစားလျှက် အီ့ဂွမ်
လေးစားပါတယ်ဆရာ.....
ReplyDeleteဆရာ့ဆောင်းပါးတွေကိုအမြဲဖတ်ပါတယ်....သမီးကခုနိုင်ငံခြား တိုင်းပြည်တစ်ခုမှာ အလုပ်လုပ်နေသူပါ....ခေတ်ပညာလေးတက်တော့ နိုင်ငံခြားတိုင်းပြည်မှာ မျက်နှာမငယ်ပဲလုပ်နိုင်ပေမယ် မြန်မာပြည်ကို တကယ်ချစ်ပါတယ်....အဲဒီတော့ချစ်ရင် မြန်မာပြည်ကိုပြန်လို့ ပြောကြပါလိမ့်မယ်....သမီးမှာမပြန်နိုင်တဲ့အကြောင်းတွေရှိလို့ပါ တစ်ချိန်ကြရင်ပြန်မှာပါ.....ဘယ်တော့မှ သူများတိုင်းပြည်မှာမနေပါဘူး....သမီင်္းပြောချင်တာက...သမီးအခုလုပ် နေတဲ့အလုပ်ထဲမှာ မြန်မာ စီနီယာတွေ ရှိပါတယ်....အရမ်းတော်ကြပါတယ်...နိုင်ငံခြားသားတွေက အသိအမှတ်ပြုရတဲ့အထိကိုတော်ကြပါတယ်....ဒါပေမယ့် သူတို့တွေက ခုတခြားနိုင်ငံသားခံလိုက်ကြပါပြီ...သူတို့ပညာသင်ခဲ့တာ မြန်မာပြည်က သင်လာခဲ့တာပါဆရာ...ဒါပေမယ့် သူတို့အလုပ်အကြွေးပြုနေတာတော့ တိုင်းတပါးကိုဖြစ်နေပြီဆရာ....သမီးအရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်....သမီးတို့နိုင်ငံထဲက အဲလိုပညာရှင်တွေ ဘယ်လောက်တောင်များ ဆုံးရှုံးနေပြီလဲဆရာ....ဆရာ စာများများရေးပေးပါ....ဆရာ့ရဲ့အသိပညာတွေကို ဖြန့်ဝေပေးပါ.. သမီး တို့အတွက်...သမီးတို့မျိုးဆက်တွေအတွက် ဆရာ့လိုပညာရှင်တွေ အများကြီးလိုအပ်ပါတယ်ဆရာ......
လေးစားစွာဖြင့်.....
မေ
Tuesday, 06 September 2011 16:38
ReplyDeleteလွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။
ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။
ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။
(ရန်ပိုင်၊ ဧရာဝတီ)
http://www.bur.irrawaddy.org/index.php/news/7235-2011-09-06-09-41-23