ဟိုဘက်အခြမ်းမှာတော့ ဒေါ်စုနဲ့ ဦးမြင့်တို့ပါ..
ပုံရဲ့ ဒီဘက်အခြမ်းကတော့ ဦးအောင်တောင်းနှင့် ငိုကျော်ဆန်းတို့အဖွဲ့ ဓာတ်ပုံ AP
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
(၁) ပြည်ထောင်စု မပြိုကွဲရေး ..............ဒို့ အရေး(၂) တိုင်းရင်းသား စည်းလုံးမှု မပြိုကွဲရေး............ဒို့ အရေး
(၃) အချုပ်အခြာ အာဏာ တည်တန့်ခိုင်မြဲရေး......ဒို့ အရေး
ဒီသုံးခုမှာ နံပတ် (၁)နဲ့ (၂) က အနှုတ်လက္ခဏာ သဘောဆောင်နေတဲ့ အော်ချက်ဖြစ်နေတယ်။ ဥပမာပေးရရင်ပေါ့။ ချစ်သူနှစ်ဦး မင်္ဂလာဆောင်ကြတယ်ပေါ့။ မင်္ဂလာအခါပေးသူက နှုတ်ခွန်းဆက်/ သြ၀ါဒ-စကားပေါ့ သို့မဟုတ် ဆရာတော်တပါးက သြ၀ါဒပေးတယ်ပေါ့။ ဒီမင်္ဂလာဆောင်သူနှစ်ဦးကို ရိုးမြေကျပေါင်းရပါစေ အသက်ထက်ဆုံး အိုအောင်မင်းအောင် ပေါင်းကြရပါစေသားလို့ဘဲ ဆုပေးကြပါတယ်။ ဘယ်သူကမှ မင်းတို့ဇနီးမောင်နံ မကွဲကြပါစေနဲလို့ ဆုပေးတာ မလုပ်ကြပါဘူး။ ဒီအပြောအဆိုနစ်ခုက အဓိပါယ်ကတော့ အတူတူဘဲလေ။ အသက်ထက်ဆုံး ပေါင်းကြရပါစေသားနဲ့ မကွဲကြပါစေနဲ့ အဓိပ္ပါယ်အတူတူဘဲလေ။ အနုတ်လက္ခဏာဆိုတာ အဲဒါကိုပြောတာ။
သူတို့ အခါတော်ပေးတွေ ဘယ်လောက် အသုံးမကျသလဲဆိုတာ။ မင်္ဂလာစကားနဲ့ အမင်္ဂလာ စကားကိုတောင် မသိကြဘူး။ မင်္ဂလာနဲ့ အမင်္ဂလာတောင် မကွဲပြားသူတွေကို အခါတော် တွက်ခိုင်းနေကြတာ။ အဲဒီလိုလူတွေကို ကိုးကွယ်လို့ တိုင်းပြည်စုတ်ပြတ် သတ်အောင်မွဲသွားတာပါ။ တခါ ဒီဒို့အရေး သုံးပါးကို အနှစ်ထုတ် ကြည့်လိုက်တော့လဲ အဓိက အနှစ်သာရက တခုထဲ။ ဥပမာ (၁) စပါးးအထွက်တိုးရေး (၂) ဆန်အထွက်တိုးရေး (၃) ထမင်းအထွက်တိုးရေး ဆိုပြီး သုံးမျိုးခွဲအော်နေတာနဲ့ တပုံစံထဲပါ။ အနှစ်ချုပ်ရင် (ကစီဓါတ်- Starch) ပါဘဲ။
အဲဒီလို အူလည်လည်လူတွေ ဦးဆောင်မှတော့ ဒီတိုင်းပြည်မမွဲရင် ဘယ်တိုင်းပြည် မွဲဦးမှာလဲ။
အခုအလုပ်ရုံ ဆွေးနွေးပွဲလုပ်ပါပြီ။ ဒေါ်စု မတက်တာကို ငဖါးတွေက ဘာမှန်းမသိရသေးဘူး စွတ်ဝေဖန်နေကြတယ်။ ဒေါ်စု ကို သူ့အမြင်တွေ အကုန်ထုတ် ပြောခွင့်ပေးရဲလို့လား။ သယံဇာတတွေ အများကြီးထွက်ပြီး မွဲနေရတာက အုပ်ချုပ်စီမံမှုလွဲမှားနေလို့။ အုပ်ချုပ်ရေးလွဲမှား နေတယ်ဆိုတာ အခြေံဥပဒေကြီးကိုက မှားနေလို့။ နာဂစ် အခြေခံဥပဒေဆွဲခဲ့သူတွေ စီမံအုပ်ချုပ်ခဲ့ချက် ညံခဲ့လို့မွဲနေရတာ။ ဒီလောက် သယံဇာတွေ ထွက်ပြီးတိုင်းပြည် မွဲပြာကျအောင်လုပ်ခဲ့သူတွေက ဆွဲထားတဲ့ အခြေခံဥပဒေကရော မှန်နိုင်ပါ့အုံးမလား။ ဦးဏှောက်ရှိရှိလေး စဉ်းစားကြပါဦး။ တနည်း သွားတွေနဲ့ ၀ါးစားကြပါ။ လျှာနဲ့မစားကြပါနဲ့  ။
ဆင်းရဲမွဲတေမှုတိုက်ဖျက်ဖို့က အခြေခံကအစ ပြင်ယူရမှာ။ ဗိုလ်သန်းရွှေ အားပေးခဲ့တဲ့ ပေပါသံပြားဟောင်းတွေကို သံတူကြီးတွေနဲ့ ထုပြီးမော်တော်ကား ဘော်ဒီလုပ် ကားထုတ်သလို ဟိုတစဒီတစ လုပ်နေရင် စက်မှုဇုံထုတ် ကားအစစ်တွေ လိုဘဲဖြစ်နေမှာပေါ့။ ခိုးသွင်းကားတွေနဲ့ လိမ်ပြနေတဲ့ စံနစ်ကြီးဘဲဖြစ်လာမှာပေါ့။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးက မော်တော်ကား ထုတ်သလို သေးငယ်ငယ်တဲ့ ကိစ္စမဟုတ်ဘူး။ တကယ်ကို တိုက်ဖျက်ချင်ရင် တကယ်ပြုပြင်ရမှာ။ ဒေါ်စု တကယ်မြင်တာတွေ ပြောခွင့်ပေးရဲလား အရင်စုံစမ်းကြပါအုံး။ နိုင်ငံတကာပညာရှင်ကြီးတွေ ကိုဖိတ်ခေါ်ရဲလို့လား။
အဲဒီမှာ ထူဆန်းနေတာလေးက ပြည်ပ(ထိုင်း)က အခြေဆိုက် ဒေါက်တာဇော်ဦးက သမ္မတကြီးက ပြန်လာလို့ ရပါပြီခေါ်တာက သြဂုတ်လ-၁၇-ရက်.. ညပိုင်းမှ ပြည်ပက လူတွေသိရတာ။ သူက စာတမ်းဖတ်မယ်ဆိုပြီး စာရင်းထွက်လာတာက -၁၈-ရက်။ ၂၄-နာရီတောင်မပြည့်တဲ့ အချိန်လေးမှာ ပြည်ဝင်ခွင့်ဗီဇာတွေ လေယာဉ်လက်မှတ်တွေ နောက်ဆုံး စာတမ်းဖတ်ဖို့ ဘွတ်ကင်ကို ဘယ်လိုလုပ်စီစဉ်တာလဲ မရှင်းဘူးဖြစ်နေပါတယ်။ ဒေါ်စုကိုတောင်ဖိတ်တာ အချိန်ကပ်ဖိတ်ထားတာ။ တမျိုးကြီးပါလား။
အဲဒီမှာ ဘာတွေကို နံပတ်တစ်ထား ဆွေးနွေးကြသလဲတော့ မသိသေးပါဘူး။ ပညာရှင်အဆင့်တွေ ပါတော့ဘာပြောပြော တိုးတက်မှုနဲ့ တကယ်ထိရောက်မဲ့ လမ်းစတွေ ပေါ်လာပါမယ်လို့ အထူးမျှော်လင့်ပါတယ်။ အခုကျနော်ဝေဖန်တာကို မဖတ်ခင် ဒီနေရာမယ် ကျနော်ဆောင်းပါးရေးတိုင်း ကျနော်မှ တော်တယ်တတ်တယ်လို့ မပြောခဲ့ပါဘူး။ ကွန်မာန့်တွေမှာကျတော့ ကျနော့်ကို သူမှ တတ်တယ်သိတယ် လုပ်နေတယ် ဝေဖန်လာသူတွေကို ကျနော့်ဆောင်းပါးတွေကို အသေအချာ ပြန်ဖတ်ကြည့်ပါ။ ပြတ်ပြတ်ရေးထားပါတယ်... ကျနော်မှ မှန်တယ်တတ်တယ် သတ္တိရှိတယ်လို့ ရေးမထားပါဘူး။ ပုဂ္ဂိုလ်ရေး အာဃာတ အဘိဇ္ဇာစိတ်တွေ လဲလျှော့ကြပါဦး။ ကျနော်ပြောနေတာက ကျနော်က တိုင်းပြည်အရေးကို အမြဲတွေးဆနေတယ်။ လူအားလုံးမှာ ဦးဏှောက်ကိုယ်စီ ရှိကြတာဘဲ။ အနည်းငယ်တော့ ကွာခြားပါမယ်။ သိပ်အများကြီးတော့ မကွာခြားလှပါဘူး။ ဦးဏှောက်ကို အသုံးပြုနေတာ ကွဲလဲသွားတော့ ရလဒ်မတူတာဘဲရှိပါတယ်။ နောက်ကျနော်က ကိုယ်မှန်တယ်ထင်ရင် ပြောရဲတယ်။ ဒါပါဘဲ။ ပုခုံးမှာ အပွင့်တွေ့တာနဲ့ လက်ဖျားတွေအေးနေတဲ့ လူမဟုတ်ဘူး။ ခေါင်းထဲ ဒီလူတွေက ကြောက်စရာလူလို့ကို ထဲ့မတွက်တာပါ။
ဥပမာ ဒု-ဗိုလ်ချုပ်ကြီးထွန်းကြည်ကို အစည်းအဝေးခန်းမှာ ကိုယ်ပြောချင်တာကို တားနေတဲ့အထဲက ထပြောတယ်။ တခြားသူတွေက ထဖါးနေတယ်။ တချို့ကလည်း ကိုယ်ဖြစ်ချင်တာတွေ အခက်အခဲတွေကို တင်ပြတယ်။ ဟိုဘက်က မလိုက်လျောဘူး မျက်နှာနဲနဲတင်းပြရင် ရပ်ပေးလိုက်ကြတယ်။ ကျနော်က အစပိုင်းမှာ နုတ်ချို လျှိုတပါး စံထားပြောတယ်။ မရရင် ကောတော့တာ။ ကြောက်နေသူတွေက ငါ့အလုပ်ကိုများ ဒုက္ခပေးလေမလား။ ငါ့အရေးအတွက် ပူတော့ ကြောက်ကုန်ကြတာ။ ကျနော်က ဖမ်းချင်တောင်ဖမ်း ပြောစရာရှိတာ ခပ်ပြတ်ပြတ်ဘဲပြောထဲ့တာ။ ကြောက်တာဟာ ကိုယ့်အတ္တ ပါလာလို့ပါ။
ကဲဦးဏှောက် အသုံးပြုတာ မတူတာလေးပြောကြရအောင်။ ဥပမာ ကျနော်တို့ ကားစီးသွားနေတုံး ကားတစီိးက ကျော်ဖြတ်တက်သွားတယ်။ ကားအရောင်းအ၀ယ်သမားက ဒီကျော်သွားတဲ့ကားကို ဒါဘယ်မော်ဒယ် ဘယ်ဈေး အင်ဂျင်သံကောင်းသေးတယ်။ ဘော်ဒီဆေး မိုက်တယ်။ နံပါတ်ဘယ်လောက် သူ့အာရုံနဲ့သူမှတ်၊ သူ့အကြံနဲ့သူ ဒီကားကို စိတ်ကူးဖေါ်တယ်။ ဒီကားကိုဘယ်ဈေးနဲ့ ၀ယ်ရမလဲ။ ၀ယ်လက် ဘယ်နယ်သားတွေက ကြိုက်နေတယ်။ ချဲသမားကတော့ ကားအရောင်က ဘာအရောင် ဘယ်ဂဏန်းကိုယူမယ်။ နံပတ်က ဘယ်လိုစတယ်။ ဘယ်ဂဏန်း။ ထောက်လှမ်းရေး ရဲတွေကတော့ ဒီကားက ဘယ်သူ့ကား ဘယ်တုံးက လိုက်နေတဲ့ကား။ လူအမျိုးမျိုး သူ့ စိတ်ကူးနဲ့သူလေ။
ဒီလိုဘဲ ဗိုလ်သန်းရွှေတို့ ဦးဏှောက်တွေက အဓိက အသုံးပြုနေတာက နိုင်ငံတကာကို ဘယ်လို ကစားရမယ်။ အာဏာကိုဘယ်လို လိမ်ကောက်ညစ်ပတ် အချိန်ရနိုင်သမျှ ဆွဲထားမယ်။ ဘယ်ဗိုလ်ချုပ်ကို ဖြုတ်ရမယ်။ ဘယ်တိုင်းရင်းသားအဖွဲ့ကို ဘယ်လို ကွဲအောင် ခွဲရမယ်။ ဘယ်သူ့ကိုဘယ်လို သပ်လျှိုရမယ်။ နေရွှေသွေးအောင်အတွက် ဘာလုပ်ပေးရမလဲ။ သူတို့ ဆယ်သက် အန္တရယ်ကင်းအောင် ဘယ်လိုလုပ်ရမလဲ မလဲတွေ အများကြီးတွေးနေရတာ။ ကျနော့်တို့ခေါင်းတွေထက် အများကြီး ကစားနေရတာပါ။ ကျနော်တို့ သူ့နေရာဆို ပြုတ်ထွက်သွားပြီ။ အဲဒီနေရာနားတောင် ကပ်နိုင်မှာမဟုတ်ဘူး ။
ဒါပေမဲ့ တိုင်းပြည်အရေးနဲ့ ပတ်သက်လာတော့ (နိုင်ငံရေးထက် စီးပွားရေးပေါ့) မှာတော့ ကျနော်ကသူ့ထက် အားနေတယ်။ စိတ်ကလဲ အပူအပင်မရှိ လွတ်လွတ်လပ်လပ်။ သူလို အင်မတန်ကြီးတဲ့ တာဝန်လည်း ဘာမှ မရှိဘူး။ အားရင်သူ့ထက် ပိုစဉ်းစားနေတယ်။ ပိုစဉ်းစားနေတော့ ပိုမြင်လာတာပါ။ သူလို မဟုတ်တာတွေ လုပ်ထားတာမရှိတော့ စိတ်ကအေးငြိမ်းနေတယ်။ ဘာမှပူစရာမရှိ။ ကျနော်ကို တော်လှပြီတတ်လှပြီ လူတတ်ကြီးနဲ့ ဘာညာဝေဖန်နေသူတွေဟာ သူတို့ဟာ တိုင်းပြည်အတွက် သိပ်မစဉ်းစားထားတော့ ကျနော်တို့က စဉ်းစားပြီး တွေ့လာတာကို မယုံနိုင်ကြတော့ဘူး။ ဥပမာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆိုတာ ကျနော် မော်လမြိုင် အောက်ဘက်ကိုတောင် မရောက်ဘူးပါ။ သိထားတဲ့ အသိပညာနဲ့ စဉ်းစားတတ်တဲ့အကျင့် အလေ့အထ ဖတ်ထားတာတွေနဲ့ စာရွက်ပေါ်ကနေ စဉ်းစား ဖေါ်ထုတ်လိုက်တာပါ။ အင်္ဂလိပ်လိုတော့ DAWEI DEEP SEA-PORT PROJECT IS MY BRAINCHILD PROJECT လို့ ပြောလို့ရတာပေါ့။ ခင်ဗျားတို့လည်း တိုင်းပြည်အတွက် နဲနဲလေး အချိန်ပေး စဉ်းစားကြပါလို့ အထူးပန်ကြား လိုပါတယ်။ တိုင်းနိုင်ငံအရေးက တဦးတယောက် တဖွဲ့တလေလောက်နဲ့ မမြင်နိုင်ပါဘူး။ ကူညီကြပါဦး။ Brainchild နဲ့Childbrain နဲ့က ပြောင်းပြန်ပေါ့။
အဲဒီလိုဘဲ န.အ.ဖ စစ်အစိုးရကိုထိုးနှက်ဖို့ ကြံစည်တော့လဲ ကျနော်ကထိုးနှက်ဖို့ အကွက်ကိုရှာရာမှာ ရန်သူရဲ့ အားနည်းချက်ကိုဘဲ အဓိကထားရှာတယ်။ ရန်သူ အဓိက အားသာတာကို အထူးရှောင်တယ်။ သုံးသပ်ချက်မတူတော့ အမြင်မတူဘူး။ ဒါ ရိုးရိုးရှင်းရှင်းလေးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၎-/ ၅-ထောင်လောက်က စစ်ရေးနည်းဗျူဟာတွေပါ။ သိပ်ခက်ခက်ခဲခဲ ချတွေးနေစရာ မလိုပါဘူး။ န.အ.ဖ ဆိုတာ အလွဲလွဲလုပ်နေသူတွေ သူတို့ကိုဆော်ရတာ သိပ်မခက်ခဲလှပါဘူး ။
အဓိကကတော့ ဘောင်ချပြီး မတွေးတောကြဖို့ပါဘဲ။ ကျနော်ကတော့ ဖေါက်တွေးတတ်တယ်။ ဆေးကျောင်းတုန်းက ပါမောက္ခကြီးဒေါ်မြင်မြင့်ခင်နဲ့ ဒေါ်မြင့်မြင့်အေးတို့က မကြာခဏ ဆေးကျောင်းသား နှစ်အကြီးတွေကို လူနာကိုစမ်းခိုင်းတယ်။ မေးခွန်းက ဥပမာ နှလုံးကိုစမ်းခိုင်းပြီး ဘာသံကြားလဲပေါ့။ ကျောင်းသားအားလုံးက ဘာသံ ညာသံပေါ့။ နဲနဲလေးဖေါက်ထွက်ပြီး အသံထက် ပိုနေတာဘာရှိလဲ မစဉ်းစားကြဖူး။ အသံကိုဘဲ ဖြေနေတယ်။ ကျနော့်ကိုတော့ အမြဲတမ်း နောက်ဆုံးမှ စမ်းခိုင်းတယ်။ ဖိုင်နယ်-၀မ်း ကိုမေးပြီး ဖိုင်နယ်တူးကိုမေး။ ပြီး အလုပ်သင် ဆရာဝန်တွေကိုမေး။ ပြီးလက်ထောက် ဆရာဝန်တွေကိုစမ်း။ ပြီးမှ ကျနော့်ကိုစမ်းခိုင်းတယ်။ စာမှာကျနော့်ထက် တော်သူတွေ တပြုံကြီး။ လက်တွေ့ ကျတော့ သူတို့က ဘောင်ထဲက တွေးနေတာ။ ဖေါက်ထွက် မတွေးကြတော့ ရှိနေတဲ့ ထူးခြားချက်ကို မမြင်ကြတော့ဘူး။ မြင်ရင်တောင် မပြောရဲကြဘူး ။
ကျနော်က စဉ်းစားတာကိုက တခုခုထူးတာရှိနေပြီ။ ဆရာမကြီးတွေ မေးထားတဲ့ ဘောင်ခတ် မေးခွန်းထက်ပိုတာ အသံထက်ပိုတာ ကိုရှာတယ်။ ဆရာမကြီးတွေ မြုပ်ကွက်ကို ကြံဆရှာကြည့်တယ်။ ဒေါ်မြင့်မြင့်ခင်ကို မေးကြည့်လို့ရပါတယ်။ ဆရာမကြီးကအသက် ၉၀-နားနီးနေပေမဲ့ မှတ်ဥာဏ်အား သိပ်ကောင်းတုန်း။ အဲဒါကိုဖြေလိုက်တယ်။ ဒါပါဘဲ။ ကျနော်တော်တယ်လို့လည်း မပြောပါဘူး။ တွေးဆတာမှာ ကိုယ့်အရေးဘဲ တွေးနေတဲ့ ဦးဏှောက်နဲ့ တိုင်းပြည်အရေး တွေးနေတဲ့ ဦးဏှောက် အဖြေမှာ ကွဲထွက်သွားတာပါ။ ရလဒ်မတူတာပါ။ အဲဒီတော့ ကျနော့်ကို ဝေဖန်သူတွေဟာ သူတို့ ဘယ်လောက် ကိုယ့်အရေးကိုဘဲ တွေးနေသလဲ ဆိုတာ ထုတ်ဖေါ် ၀န်ခံနေမိလျှက်သား ဖြစ်နေကြပါတယ်။ မိမိအရေး မိမိရဲ့ မိသားစုအရေးဘဲ တွေးနေကြတယ်ဆိုတာ ရှင်းနေပြီ။ လူတိုင်း လူတိုင်းမှာ ဥာဏ်စွမ်းအား သိပ်မကွာလှပါဘူး။ တိုင်းပြည်အတွက် အချိန်မပေးကြတော့ မတွေးတော့ မသိကြဘူး။ ကိုယ့်ခေါင်းထဲပေါ်လာတာ မရှိတော့ဘူး။ ကိုယ်ခေါင်းမှာ မရှိတော့ တခြားသူကရှိလာလို့ ပြောတော့ လက်မခံနိုင် ကြတော့ဘူး။ ဒါပါဘဲ။ ကိုယ့်ကို ပြန်စမ်းစစ်ကြပါဦး။
သိပ်ဝမ်းနည်းစရာကောင်းနေတာက ကျနော်တို့ မြန်မာတွေ အလုပ်အကိုင် ရှားလာတော့ ချဲဘဲ ထိုင်တွက်နေကြတာ တိုင်းပြည်သိပ်နာပါတယ်။ ချဲဆိုတာ လောဘ ။ တနည်းအတ္တကြီးသူတွေ လုပ်ကြတာ။ ချဲထိုးလေ အတ္တက ပိုကြီးလာလေဘဲ။ ချဲထိုးရာကနေ မိသားစုတွေ ဘာဖြစ်ဖြစ် မမှုနိုင်တော့ဘူး။ အိမ်ပါပေါင် ရောင်းချကုန်တော့တာ။ ကျနော့်ဝန်းကျင်က လူတဦးဆိုရင် သူ့သမီးတွေက အဖေကိုတောင် ကားမငှားရဲတဲ့ အထိ ဖြစ်ကုန်တာ။ ဖအေကသမီတွေဆီက ကားငှားတယ်။ မထင်ရင်ကားကို ပေါင်ထားခဲ့ပြီး ချဲထိုးပြစ်ခဲ့တာ။ အဲဒီလောက်အထိ တပို့ထဲကြည့်တော့တာ။ အချိန်ပြည့်ချဲကို စာအုပ်အကြီးကြီးနဲ့ နေ့နေ့ ညည တွက်နေတော့တာ။ တိုင်းပြည်သိပ်နာတယ်။
အဲဒီလိုတွေ အတွေးတွေ အလေ့အကျင့် ကွာနေတော့ ကိုဇာဂနာကြီးက တဦးဦးက ပြောလိုက်ရင် တွေးနေကြ ဦးဏှောက် အလေ့အကျင့်ခြင်းကွာတော့ သူကဟာသတွေ ပေါ်ထွက်လာတယ်။ ဒီလိုဘဲ ကာတွန်းဟန်လေးကလဲ တပုံစံမြင်ပြီး ကာတွန်လေးတွေ ထွက်လာတာပါ။ ဗိုလ်သန်းရွှေတို့ကတော့ ပြောထားပြီဘဲ သမ္မတဟာ စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်တဲ့။ ရတနာဓါတ်ငွေ့ သိုက်ကြီးတွေ့တယ်။ ကျနော်က ပြည်တွင်းဦးစားပေး သုံးပြီးပိုတာကိုမှရောင်း။ ပြည်တွင်းအတွက် လျှပ်စစ်ထုတ်မယ်။ အလုပ်အကိုင်တွေ ထူထောင်မယ်။ ပြည်ပက၀ယ်နေရတဲ့ ဓါတ်မြေသြဇာတွေကို ကိုယ်နိုင်ငံမှာတင် ထုတ်မယ်။ သူကစစ်ရေးအမြင်နဲ့ အကုန်ထုတ်ရောင်း။ ရလာတဲ့ ဒေါ်လာအားလုံးကို စစ်စားရိတ်မှာသုံးမယ် နျူးကလီယား လက်နက်ဝယ်မယ်။ လှိုဏ်ခေါင်းတွေဖေါက်မယ်...၊ သူ့အာဏာတည်မြဲရေး အတွက်ဘဲ အဓိကထား စဉ်းစားတာကိုး။ တိုင်းပြည်မွဲတာ သူ့အရေးမဟုတ်ဘူးလေ။ ဒီတော့ စစ်ရေးအမြင်နဲ့ ချထဲ့လိုက်တာ အခုတိုင်းပြည်မွဲနေပြီ။
အခု နာဂစ်မုန်တိုင်း ကာကွယ်ရေးပေါ့။ နောင်ဖြစ်လာခဲ့သော် အခုအများစုက လေဘေးဒဏ်ခံနိုင်ဖို့ တိုက်ကြီးတွေ ဆောက်ကြတယ်ပေါ့။ ကောင်းပါတယ် ... အင်မတန် အကုန်အကျများပါတယ်။ ဧရာဝတီတခုလုံးအတွက် ဘယ်ဆောက်ပေးနိုင်ပါ့မလဲ။ ကျနော်တွေးဆတာက အုန်းပင်၊ ထန်းပင်တွေစိုက် ကြားထဲ အသီးလဲစားပေါ့။ အရည်လဲညှစ်ပေါ့။ အရေးဆို ထန်းပင်ပေါ်ခိုလှုံနိုင်တဲ့ အကာအကွယ်လေးတွေ လေအကွယ်လေးတွေ အမြင့်မှာဆောက်ထားပေါ့။ အကုန်အကျနဲ့ နယ်အကျယ်အပြန့် များများထားရမယ့် ကိစ္စလေ။ သုံးသပ်ချက်မတူတော့ အဖြေမတူတာပါဘဲ။ ဆူနာမိမှာရော နာဂစ်မှာပါ အုန်းပင်တွေ ထန်းပင်တွေ ခိုင်ခံ့ခဲ့ပါတယ်။ ဒါတောင် အပေါ်က အရွက်တွေကို ခုတ်ထားပြီး ပင်စည်အလုံးကြီး သက်သက်ဆို ဘယ်လောက် တောင့်ခနိုင်မယ်သာ မြင်ကြည့်ပါ။ ဘယ်လောက်မှ ငွေမကုန်ပါဘူး။ ဘာမှ ထိန်းသိမ်းစားရိတ် မရှိတော့တဲ့အပြင် ကြားထဲအသီးစား ထန်းအရည်ကနေ ၀င်ငွေပါရနေပါမယ်။
အခု ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးပေါ့။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ငွေကြေးထောက်ပံ့တာ နိုင်ငံတိုင်း မလုပ်နိုင်ကြပါဘူး။ တကယ်က ကျနော်တို့ နိုင်ငံလိုမျိုးဆိုရင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ရပါမယ်။ အခုလဲအားလုံးက အလုပ်အကိုင် ဖန်တီးရေးကိုဘဲ အဓိကထား ဆွေးနွေးကြရမှာပါဘဲ။ အလုပ်အကိုင် ဖန်တီးရေးနဲ့ ထက်ချပ်မကွာ တွဲနေတာက စွမ်းအင်ပါဘဲ။ စွမ်းအင်မရှိဘဲ အလုပ်အကိုင် မဖန်တီးနိုင်ပါဘူး။ တခါစွမ်းအင်ကလဲ န.အ.ဖ ချထားတဲ့ လမ်းစဉ်က သူများနိုင်ငံက လာရင်းနှီးပြီး စွမ်းအင်တွေ အကုန်ယူသွားတဲ့ အပေါင်ခွက်နဲ့ သူတောင်းစားနည်းလမ်း။ သူတောင်းစား ဘ၀မှာကိုတောင် တောင်းစားမယ့်ခွက်ကို အပေါင်ဆိုင်ကနေ အတိုးနဲ့ယူနေတဲ့ ပုံစံရောက်နေပြီ။ သိပ်ကို အောက်တန်းကျနေတဲ့ ဘ၀ရောက်နေပြီ။
အခု ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြီး။ တကယ်တော့ ကျနော်လူမျိုးရေး ခွဲခြားတာမဟုတ်ပါဘူး။ ကချင်ပြည်နယ်ဆိုတာ မြန်မာမင်းများလက်ထက်က မြန်မာဘုရင်တွေအောက် သိပ်မရောက်ခဲ့တဲ့ ပြည်နယ်ပါ။ ပြီးသူတို့ လူမျိုးတွေက ဒီမြစ်ဆုံကို ဘိုးဘွား အမွေအနှစ်လို တန်ဖိုးထားနေကြသူတွေ တန်ဖိုးထားနေကြတာပါ။ ဥပမာပေးရရင် အခု ဒု-သမ္မတကြီးတိုက်ပွဲမှာ ရွပ်ရွပ်ချွန်ချွန် တိုက်ထားလို့ ရထားတဲ့ ဂုဏ်ပြုဆု တံဆိပ်ကိုပေါ့ ဈေးကောင်းကောင်း ပေးဝယ်သူရှိတာနဲ့ ထုတ်ရောင်းပါ့မလား။ သားသမီး မြေးတွေအတွက် ဂုဏ်ယူစရာအနေနဲ့ သိမ်းထားမလား။ ရှင်းရှင်းလေးပါ။ အသက်စွန့်စားခဲ့လို့ ရလာတဲ့ အင်မတန် ရခဲလှတဲ့ ဒီတံဆိပ်ကို အင်မတန် ငွေလိုနေလို့ ထုတ်ရောင်းချကြကြေး ဆိုရင်တောင် နောက်ဆုံးမှ ထုတ်ရောင်းချမှာပါ။ ဒါကို ရောင်းချလိုက်ရပြီ ဆိုရင်လည်း ဘ၀ ဟာသိပ်ကို အောက်တန်းကျသွားပြီလို့ အလွန်ဝမ်းနည်းစွာ ခံစားရရှာမှာပါ။ တခါ ငွေအဆင်ပြန် ပြေလည်ပြီ ဆိုရင်လည်း ဒီတံဆိပ်ကို ကိုယ်ရောင်းခဲ့ရတဲ့ ဈေးထက် ဆယ်ဆမကလည်း ပြန်ဝယ်မှာပါဘဲ ။
ဒီလိုဘဲ အမေရိကန်မှာ နိုင်ရာဂရာ ရေတံခွန်ကြီးဟာလဲ လျှပ်စစ်တွေ အများကြီး ထုတ်နိုင်တာပေါ့။ သူတို့ နှစ်ပေါင်း သုံးရာလောက် သက်တမ်း ရှိသေးတဲ့နိုင်ငံ။ သိပ်ဘိုးဘွား အမွေအနှစ်ဆိုပြီး စကားချီပြောလို့ အားမရှိလှတဲ့ နေရာပါ။ ဒါပေမဲ့ ဒါကိုနိုင်ငံ့ ဂုဏ်ဆောင်အနေနဲ့ တန်ဖိုးထားကြတယ်။ အရာရာတိုင်းကို နို့မညှစ်ကြပါဘူး။ အခုဗိုလ်ချုပ်တို့ အသက်ပေးသွားထားတဲ့ ၀န်ကြီးများရုံးကို ဈေးပေးလို့ဆိုပြီး ရောင်းလို့ မကောင်းသလိုပေါ့။ ကချင်လူမျိုးတွေရဲ့ အမွန်အမြတ်ထားတာကို ငွေရလို့ ထိုးရောင်းတယ် ဆိုတာကတော့ ပါးစပ်က တိုင်းရင်းသား ညီအကိုလို့ ပြောနေတာ ရပ်ပြီးမှရောင်းပါ။ ရောင်းပြီးရင်လည်း တိုင်းရင်းသား ညီအကိုတွေဆိုတဲ့ စကားလုံး သုံးမနေပါနဲ့တော့။ နှစ်လမ်းကြိုက်ရာ ရွေးပေတော့။
မျိုးရိုဘိုးဘွား အမွေအနှစ်ဆိုတာ အမျိုးဂုဏ်ဇာတိမန် ရှိသူတွေရဲ့  စိတ်ထားပါ။ ဦးနေ၀င်းတောင် သူနေတဲ့ လမ်းကို မေခနဲ့ မေလိခ ဆိုပြီးမှဲ့ခေါ်တဲ့အထိ တန်ဖိုးထားခဲ့တဲ့မြစ်ပါ။ တန်ဖိုးလဲထားတယ်။ မြန်မာပြည်ရဲ့ ဦးခေါင်းလို့လဲ ယူဆထားတာပါ။ အခုတော့ ဘာမှမဖြစ်စလောက် ၀င်ငွေလေးနဲ့ ဦးခေါင်းကို ထိုးရောင်းတာတော့ ကျနော်တို့က ဘယ်လောက်ဝင်ငွေရှိရှိ လက်မခံနိုင်ပါဘူး။ တခြား သဘာဝ ဂေဟတွေ ပျက်တာကို နောက်ထားပါဦး။ ဒါကိုမှ ဇွတ်လုပ်ရင် ရပါတယ်။ ခင်ဗျားတို့ အစိုးရပြုတ်ကျသွားပါမယ်ဘဲ သတိပေးလိုပါတယ် ။ တချို့သောကိစ္စတွေက မလုပ်ကောင်းတဲ့ မမြင်ရတဲ့ တန်ခိုး၊ အာနိသင်တွေရှိပါတယ်။ ကံတရားဟာ သိပ်မသိနိုင်တဲ့အရာပါ။
နောက်ခုက ဒီလိုဆည်ကြီးတွေရဲ့ ဆိုးကျိုးတွေ ဘယ်လို ရိုက်ခတ်နိုင်တယ်ဆိုတာ ဘရာဇီးနိုင်ငံနဲ့ ပါရာဂွေးနိုင်ငံကြားမှာ ၁၉၇၉ ခုနစ်လောက်က ဆောက်လုပ်ပြီးသွားတဲ့ ITAIPU ရေကာတာကြီး (မီဂါဝပ်-၁၁၀၀၀)နဲ့ အဲဒီမတိုင်ခင်ကတော့ ရုရှားနိုင်ငံက ရေကာတာကြီးတွေကို လေ့လာဖို့လဲလိုပါမယ်။ အခုလောလော လတ်လတ်တော့ တရုတ်ရေကာတာကြီးတွေကိုပေါ့။
နောက်တခု တိုင်းပြည်အတွက် သုံးမယ်ဆိုရင် တရုတ်ကိုဖင်ပေးဖို့ မဟုတ်ဘူးဆိုရင် ဧရာဝတီတိုင်းမှာ ဒီရေကနေ လျှပ်စစ်ထုတ်လို့ အများကြီးရပါတယ်။ ပညာရှင်ကြီးတွေ သွားပြီး လေ့လာကြပါဦး။ မိမိရဲ့ မိသားစုအရေး ဘာအလုပ်လေး လုပ်ရကောင်းမလဲ တွေးနေတာလေးတွေရပ်ပါ။ တိုင်းပြည်အတွက် လျှပ်စစ်ထုတ်နိုင်တယ်လို့ ကျနော်ပြောတာ ဟုတ်ရဲ့လား ဆိုတာလေး သွားလေ့လာလိုက်ကြပါဦး။ မြင်အောင်ကြည့်ကြပါဦး။ မမြင်ရင် တပတ် နှစ်ပတ်ဆက်နေ ကြည့်ကြပါ။ ငါ့မိသားစုအရေး တွေသာ ခေတ္တဖြတ်ထား နိုင်ရင်မြင်လာပါမယ်လို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ တရားစခန်းဝင်ရင် ငါတွေဖြတ်နိုင်မှ တရာထူးကိုတွေ့ သလိုပေါ့နော်။ ငါ့မိသားစု ငါ ငါ ငါ တွေကို ခေတ္တဖြတ်ထားနိုင်မယ် တိုင်းပြည်အတွက်လည်း တကယ်စေတနာ ပြင်းပြမယ်ဆိုရင် မြင်လာပါမယ်။ ငပလီဘက်မှာလည်း ထုတ်လို့ ရပါတယ်။ ဘာဆည်ကြီးတွေမှ ဆောက်နေစရာမလိုပါဘူး။
လောလောဆယ်လေး အရပ်သား အစိုးရဆိုသူတွေကို အထူးပန်ကြား လိုတာလေးကတော့ မြန်မာတွေ ဆင်းရဲမွဲတေမှု သက်သာအောင် အစိုးရက လုပ်ပေးနိုင်တာလေးပါ။ အမိန့်လေး ပြန်ပြင်ပေးယုံလေးပါ။ ကျနော်မြန်မာတွေ အခုပြည်ပကို အများကြီး ရောက်နေကြပါတယ်။ မိသားစုဝင်တွေ အလုပ်ကိစ္စတွေအတွက် ပြည်တွင်းကို ဖုန်းခေါ်ကြရပါတယ်။ ခေါ်ဆို မြန်မာပြည်မှာကလဲ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေက အဟန့်အတားတွေ အခက်အခဲတွေက အများသား။ ပြောစရာဆိုစရာတွေက အများကြီး ဖုံးခေါ်ဆိုတာက ပြည်ပကနေ ခေါ်ရင် ဈေးအလွန်ကို မတရားမြင့်နေပါတယ်။ ၁၀-ဒေါ်လာဖုံးခေါ်တဲ့ကဒ်နဲ့ ခေါ်ရင် အများဆုံး မိနစ်-၃၆-မိနစ်ဘဲ ရပါတယ်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့ကိုခေါ်ရင် ၁၀-ဒေါ်လာကဒ်ဆိုရင် မိနစ် (၃၀၀၀ / ၄၀၀၀) ထောင်နဲ့ချီရပါတယ်။ ဒီတော့ မြန်မာတွေက Gtalk,Skype စတာတွေနဲ့ ခေါ်ဆိုလာတာကို ဆက်သွယ်ရေး ၀င်ငွေကျဆင်းလို့ ထောင်ချမယ်အထိ ဥပဒေထုတ်ထားတာ ဆင်းရဲမွဲတေမှုနဲ့ ဖီလာဆန့်ကျင်နေတာမို့။ အစိုးရကိုယ်တိုင် ကတော့ ကုန်သည်ကြီးတွေကို ကုန်ဈေးနှုန်းတက်ရင် ဘယ်သူသေသေ ငတေမာပြီးရောလို့ ကြိမ်းဝါးတယ်။ ကိုယ်တိုင်ကတော့ ရှက်စရာ။ ဆက်သွယ်ရေး ၀င်ငွေမရမှာစိုးလို့တဲ။
တဆက်ထဲ ဟစ်ဟော့တဖွဲ့ ကဆိုရင် ပြည်ပအတိုက်အခံတွေကို ဆော်ထားပြီး အစိုးရကိုဖါးပြီး HIP FROG သီချင်းဆိုထားတယ်။ သူတို့သီချင်းက HIP HOP ကနေထွင်ထားတဲ့ HIP FROG သီချင်း။ ဖုံးခေါ်ခနဲ့ မွဲမယ်လို့ ကမ္ဘာသိအောင် သီချင်းနဲ့ ကြေငြာ နေလိုက်ပါသေးတယ်။ ကျနော်တို့ အင်္ဂလိပ်လို ဘာသာပြန်ဆို ပြလိုက်ရင် ကမ္ဘာက မြန်မာပြည်ကို ဖုံးခေါ်ဆိုခက အဲဒီလောက်တောင် ကြီးနေတာပါလား။ ၀င်ငွေအနိမ့်ဆုံး တိုင်းပြည်မှာ ဖုံးခေါ်ခက တမိနစ်လောက် နိုငံခြားခေါ်လိုက်ရင်ကို တနေ့ အနိမ့်ဆုံးလုပ်ခ.. သုံးရက်စာ ပြောင်သွားပါတယ်လို့ ကမ္ဘာသိအောင် ဘာသာပြန် ပေးလိုက်ရမလား။ ဒီသီချင်းဟာ ဘယ်သူကို အရှက်ခွဲတယ် ဆိုတာလောက်တော့ နိုင်ငံကို အုပ်ချုပ်နေသူ ဆရာကြီးများ ပြန်သုံးသပ်ကြပါဦး။ အဲဒီဦးဏှောက်တွေနဲ့ဆိုရင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်မနေကြပါနဲ့တော့ ။
(ဆက်လက်တင်ဆက်ပါဦးမည် )
အားလုံးကိုလေးစားလျှက်
လှိုင်မြင့်
ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ ပြန်ဖတ်ချင်ရင် Labelမှ ဒေါက်တာလှိုင်မြင့် ဆောင်းပါးများအား နှိပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါသည်...။



ကဲ ဦးဏှောက်အသုံးပြုမှု မတူတာလေးတွေပြောကြရအောင်၊ ဖိုးဖိုးလှိုင်မြင့်က အားနေရင် အစိုးရကို ဘယ်လိုဆော်ရတီးရရင်ကောင်းမလဲ စဉ်းစားနေတော့ အသုံးဝင်တဲ့အကြံဥာဏ်တွေ မပေးနိုင်တော့ဘူး။ ခေါင်းထဲမှာ ငါပြောတဲ့အကြံအတိုင်း မလုပ်ရကောင်းလား၊ သူတို့လုပ်နေတာတွေ အမှား။ ဆိုတာပဲ မြင်နေတာပေါ့။ ကျွန်တော်ကတော့ ဘယ်သူကောင်း၏ ဆိုး၏ မကြည့်ဘူး ဘာပြောလဲ ဘယ်လိုလုပ်သလဲပဲ ကြည့်တာ။ နောက်ပြီးကျွန်တော်က တိုင်းပြည်ကို တစ်ဖက်တစ်လမ်းက တတ်သလောက်မှတ်သလောက် အကျိုးပြုတယ်ဗျ။ ဖိုးဖိုးလှိုင်မြင့်က လုပ်နေတဲ့လူကိုလည်းအားမပေး ကိုယ်တိုင်လဲဘာမှမလုပ် ပေါက်ကရအကြံတွေနဲ့ အတင်းအဖျင်းတွေတုတ်ပြီး အ၀ါရောင်စာမျက်နှာတွေ ဖန်တီး။ ဆက်မလုပ်ပါနဲ့တော့ဗျာ။ လူဆိုတာ ကိုယ်တိုင်တွေ့ကြုံရမှ အမှန်လို့ယူဗျ။ သူများပြောတာတွေကိုကြားပြီး လေဖမ်းဒန်းစီးပြီး တစ်ယောက်မှ အသုံးမကျဘူးပြောမနေပါနဲ့။ ကောင်းရာကောင်းကျိုးလုပ်နေတဲ့သူတွေရှိနေပါတယ်။ တကယ်ကို အားစိုက်လုပ်နေတာပါ။ အားမပေးချင်နေပါ။ ကဖျက်ယဖျက် အားလျော့အောင် မလုပ်ပါနဲ့။ ကောင်းတဲ့ တကယ်လုပ်နိုင်တဲ့ အကျိုးပြုနိုင်တဲ့ လက်ရှိအခြေအနေနဲ့ကိုက်တဲ့ အကြံကောင်းတွေပဲပေးပါ။ ဖိုးဖိုးလှိုင်မြင့်က အားယားနေတာပဲလေ။ တွေးနိုင်မှာပါ။ ထပ်ပြောလိုက်ပါဦးမယ်၊ တကယ်ကို အစိုးရကလိုက်လုပ်နိုင်မယ့် ဒေါ်စုလည်း လုပ်နိုင်မယ့် အကြံကောင်းလေးတွေပဲပေးပါ။ ချကွာ သတ်ကွာ ဒေါ်စုမှားနေတယ် ကျနော့်တုန်းက ဘယ်လိုလုပ်ခဲ့တာ။ မကောင်းမြင်အကြံတွေ ပေးမနေပါနဲ့။ လက်ရှိဖြစ်နေတဲ့အတိုင်းကို ဘယ်လိုလုပ်ရင်ကောင်းနိုင်မလဲဆိုတဲ့ အကြံပဲပေးပါ။ ဒေါ်စုကို 2008 ကိုလက်ခံခိုင်းရင်၊ ပါတီကိုဖျက်သိမ်းခိုင်းရင်ကြိုက်မှာ မဟုတ်သလို အစိုးရကိုလည်း 2008ကို ဖျက် ခင်ဗျားတို့ဆင်းပြောရင်လဲ ကြိုက်မှာ မဟုတ်ပါဘူး၊ ကျန်တာကိုထား ခုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲ။ သူလည်းနည်းနည်းလျော့ ငါလည်းနည်းနည်းလျော့၊ လုပ်လို့ရတာကိုပဲပြောပစေပေါ့ဗျာ။ နောက်တစ်စင်မျှော်နေရင် အမှိုက်ပုံထဲကကို ထွက်လို့ရမှာမဟုတ်ဘူး တည်လိုက် ဖြိုလိုက် ပြန်တည်လိုက်နဲ့။ တသက်လုံးပြီးမှာမဟုတ်ဘူး။ ရှိတာနဲ့ပဲ ဖြစ်အောင်လုပ်ကြရအောင်ဗျာ။ ဒါဆို ပြန်တည်တဲ့အချိန် သက်သာမှာပေါ့၊
ReplyDeleteဂျိုးသိန်းစောက်ပေါ။သန်းရွေလဥ
ReplyDeleteအော် တက်ယ်ခက်ပါလား မောင်ဂျိုးသိန်း ကမ္ဘာကြီးမှာ စောင်းပါးတွေ သတင်းတွေကနေ တစ်နည်းပြောရရင် မီဒီယာလောကကနေ နားထောင် ဖတ်မှတ်ပြီး ပြင်သင့်တာပြင် အရေးယူသင့်တာတွေယူနေတာ မင်းမသိရော့လေသလား မင်းလဲ ဒီကွန်းမင့်ကိုထောက်ခြင်းအားဖြင့် ငတေထဲမှာပါနေပြီပဲ ပြောပါအုန်း မကောင်းတာတွေကိုပဲ မကြည့်ပဲ ကောင်းတာတွေလဲ ကြည့်ပါအုန်းတဲ့ ဘာကောင်းလဲ အများပြည်သူအတွက် ကုန်ကျသွားတဲ့တန်ဘိုးနဲ့ ကိုက်ညီမတဲ့ ကောင်းကြိုးက ဘာလဲမင်းထောက်ပြစမ်းပါ ဒီကွန်းမင့်ကိုပေးခြင်းအားဖြင့် မင်းလဲ ပြည်ပတနေရာမှာဆိုတာငါသိတယ် မင်းပြောနိုင်ရင် ပြောလိုက်စမ်းပါ မင်း အဲဒီလိုပြောနိုင်ရင် စောင်းပါးရေသူကော ကြားထဲက ငါရော မင်းလက်ညှိုးထိုးပြီး ပြောသမျှတစ်ခွန်းမှပြန်မပြောပဲ ညိမ်နေပေးမယ်လေ မင်းစိန်ခေါ်ရဲလား အပြုသဘောနဲ့ ဝေဘန် အကြံပေးတာကို အဖျက်သဘောနဲ့ မမြင်ပါနဲ့ တစ်ကယ်တော့ မင်းလဲ မင်းနှင့် မင်းမိသားစု လက်တစ်ဆုပ်စာလေး အဆင်ပြေနေလို့ မျက်စိစုံမှိတ်နေတာလား ဒါမှ မဟုတ် စားနေရတာလေး ပျောက်သွားမှာဆိုးလို့ လိုက်ကာကွယ်နေတာလား
ReplyDeleteမအေ-း ဂျိုးသိန်း ငဖားလိုလို စစ်တပ်ကကော်င်လိုလို ရှင်းရှင်ြးေ့ပာလေ ငါတို့လဲ တပ်ကလာတာပဲ ကိုလှိုင်မြင့်ဖက်မှာရှိတယ် ၂၀၀၈ က ဖျက်ကိုဖျက်ရမယ့်ဟာဆိုတာနားလည်ထား မဖျက်ချင်ရင်တောင် လျော့တင်းဆိုတာလုပ်ရမယ်ဘာကြောင့်ဆိုတော့ပြည်သူလူထုအတွက်လုံးဝမဟုတ်ပဲမင်းအမေလင်ငသန်းရွှေက သူတို့အသ်က်အိုးအိမ်စည်းစိမ်အတွက်ရေးခဲ့တာမို့ပဲ မင်းပြောပုံက ကလေးဦးနှောက်နဲ့ စကားကိုတောင် ရည်ရွယ်ချက်ေ၇ာက်အောင်မေ၇းနိုင်ပဲ ဗမာစောက်ကျင့်ပီပီ ရိနေသေးတာယ် အေး ငါလည်းဗမာပဲသို့သော် မကောင်းတဲ့ဗမာစောက်ကျင့်ကိုပြင်ပါ ကော်င်းတဲံအကျင့်ကိုတော့ မွေးမြူပါထပ်ပြော၇င် မကောင်းတော့လို့ ငါပြောချင်တာမင်းသိလောက်ပြီ မေ- -း လေး။
ReplyDelete၈ျိုးသိမ်း တဂျိုးကတော့သိမ်းသွားရပြီးပြီ။ပြည်လုံးချောင်းဆိုး။မင်းအမေလင်သမ္မတကြီးစကားက ပညာရှိပီပီပြောလာပါပြီ။၂၀၀၈-ကိုလက်မခံသူတွေနဲ့ လဲညှိညှိနိုင်းနိုင်းလုပ်ပါမယ်ဆိုတာ။မင်းမှာဘ၀အသိရှိရင်ဘာကိုဆိုလိုတယ်ဆိုတာသဘောပေါက်ပါမယ်။ဟိုကတောင်ပြောလာပြီကိုမင်းက တယ်စဉ်းစားနိုင်အားနည်းသူက သူများကိုဝေဖန်တယ်။မင်းကောင်မလေးတယောက်ကိုကြိုက်ရင်တန်းပြီးငါ့နင့်ကိုလက်ထပ်ပြီး(-ိုး)မယ်တန်းပြောသလား။အခုမင်းအမေလင်ကြီးပြောလာတာသဘောပေါက်လား။
ReplyDeleteမင်းလဲဆရာလှိုင်မြင့်ထက်သာတယ်ထင်ရင်ရေးလေ။တိုင်းပြည်အတွက်မင်းဘာတွေလုပ်နေသလဲ။ရှိရင်ပြောလေ။မအာနဲ့ ။မင်းလုပ်တာမှန်တယ်ထင်ပြောရဲရမှာပေါ့။အမှန်ကိုဆုပ်ကိုင်ထားသူမှာ သတ္တိဆိုတာအလိုလိုရှိလာတာပါ။တိုင်းပြည်အတွက်အုပ်တချပ်သဲတပွင့်ဘဲဖြစ်ဖြစ်ပေါ့။အများအကျိုးအတွက်မဟုတ်တောင်မိသားစုအကျိုးသယ်ပိုးတာကိုပင်ကြိုပါတယ်။ပြောပြပါ။
ကျွန်တော်ပြောတဲ့အထဲမှာ မိုက်မိုက်ရိုင်းရိုင်း ရေးထားတာ တစ်လုံးမှ မပါပါဘူး၊ အစိုးရကို ထောက်ခံတဲ့ စကားမပါသလို၊ ဒေါ်စုကို ဆန့်ကျင်တာလဲ မပါပါဘူး၊ ပြောတဲ့ရည်ရွယ်ချက်ကလဲ ဂွတိုက်မနေပဲနဲ့ ကောင်းတဲ့ တကယ်လုပ်သာ ကိုင်သာရှိတဲ့ ဆောင်းပါးတွေကို ပဲရေးဖို့ပြောထားတာပါပဲ၊2008 ကို ထောက်ခံကြောင်းလဲ ရေးမထားသလို ဆန့်ကျင်ကြောင်းလဲ မပြောပါဘူး၊ ဘာကိုလိုရာဆွဲတွေးပြီး မိုက်မိုက်ရိုင်းရိုင်း တွေးတောထားကြသလဲ မသိပါဘူး၊ ပြန်ပြင်ပြီး အစက လုပ်နေမယ့်အစား ရှိတာနဲ့ တိုးတက်အောင်လုပ်ဖို့ ကျွန်တော်တွေးတတ်တဲ့ အတိုင်းရိုးရိုးသားသားပြောထားခြင်းသာ ဖြစ်ပါတယ်။ အဲဒီတော့ အမည်မသိရှေးစာဆိုတွေက ပုဂ္ဂိုလ်စွဲတွေ ဖျောက်ပြီး ရန်သူလိုမမြင်ပဲ အမှန်အတိုင်း တိုးတက်စေချင်တဲ့စိတ်နဲ့ ပြန်စဉ်းစားစေချင်ပါတယ်။ ကျွန်တော်ဒီနေ့ ဒီအချိန်ထိ ပြည်သူ့ဆီကမတရားရတဲ့ပိုက်ဆံနဲ့ အသက်မမွေးဘူးသလို ပြည်ပမှာလဲ မနေဘူးပါဘူး။ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းလုပ်နေပါတယ်၊ အုပ်တစ်ချပ် သဲတစ်ပွင့်ပေါ့ဗျာ။ (စကားမစပ်...သတ်ပုံတော့မှန်အောင် ရေးပါဗျာ၊ မမှားသင့်တဲ့ဟာမျိုးတွေပေါ့၊ စေတနာနဲ့ပါ)
ReplyDeleteမေ- - း ေ- း ဂျိုးသန်း မင်းလာကိုမေ၇းတာကောင်းတယ် စကားပြောတာကိုကဂေးလိုလို ဂန်ဒူးလိုလိုနဲ့ ဟိုဆိုဒ်မှာဝင်ေ၇းလိုက် ဒီဆိုဒ်မှာဝင်ေ၇းလိုက်နဲ့ အတော်မျက်စိနောက်အောင်လုပ်နေ =း=ပဲကွဘာဖြစ်တုန်းသတ်ပုံမမှန်တော့ မင်းဝင်မေ၇းတော့ အဆဲမခံ၇ဘူးပေါ့ကွ
ReplyDeleteသြော် ဘိုးစဉ် ဘောင်ဆက် သန္ဓေမကောင်းခဲ့ရှာတဲ့ အချို့အချို့သော ပြည်ပရောက် ဒီမိုကရေစီသမားများပါလား။ ငါ့စကားနွားရ ပြောဆိုဆဲနေကြတုန်းပါပဲ၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောနေကြတုန်းပါပဲလား။ :)
ReplyDeleteဂျိုးသိန်း ဆို တာ အမေ ပေး တဲ့ နာမည် လား။ သနားစရာကောင်းပါတယ်။နောက် ကို ခင်ဗျား လျှောက် ပြီး တော့ မရေးပါနဲ့ ဗျာ။ ခင် ဗျား အကြောင်းကို အစ အဆုံး ဖော် လိုက် ရ ရင် ကိုယ့် ကိုယ် ကို သတ် တော့ မ သေ ပါနဲ့ ၊ ကိုယ့် ဘဝ ကိုယ်သိပါ။
ReplyDeleteဂျိုးသိန်းအကြောင်းသိရင်တင်ပေးပါဗျာ ။ ဒီလိုတိုင်းပြည်ဖျက်သူတွေ ဘက်ကရပ်နေသူတွေကိုဖေါ်ထုတ်ရမယ် ။ သူများရေးတာ မကောင်းဘူးဆိုရင် ကိုယ်တိုင်ကောင်းတာရေးပြပေါ့။အစိုးရကောင်းတယ်ပြောနေတယ်။ သမ္မတကြီးကိုယ်တိုင် ယခင်အစိုးရလက်ထက်ကမှားခဲ့တာတွေဆိုပြီးပါးစပ်ကပြောလာပြီ ။ ဘရိတ်အုပ်ပြီး( နေပြည်တော်စီမံကိန်းကြီးရပ်နေပြီ) ဂျိုးသိန်းရေ ။ဖါးစား တဲ့ခေတ်ကုန်စပြုနေပြီ။
ReplyDelete