နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၃)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
အထက်ကပြောခဲ့သလို ပြည်သူလူထုကို သူ့တို့ရဲ့ တကယ့်အရေးကိစ္စ (နေ့တဓူဝ ၀မ်းရေးကိစ္စ) ကို လိုင်းတင်လိုက်ပါ။ လွှတ်တော်ထဲမှာ တင်မလား။ မီဒီယာပေါ်ကိုတင်မလား။ ကျနော်ပြောသလို ဒေါ်စု မဟုတ်တောင် ဦးခင်မောင်ဆွေတို့က ကြိုတင်အကြောင်း မကြားထားဘဲ ကျောင်းဆရာ/ဆရာမ မိသားစု ၀န်ထမ်းမိသားစု တအိမ်အိမ်ကို ရုတ်တရက်ဝင်ပြီး မိသားစုထမင်းဝိုင်းမှာ ကိုယ်တိုင် ၀င်ရောက်စားသောက် တအိမ်လုံးရိုက်ပြီး မီဒီယာပေါ်တင်ပေးလိုက်ပါ။ သမ္မတကြီး ပူထွက်သွားပါမယ်။ တခါမီဒီယာတွေကလည်း ထိုင်းနဲ့မလေးရှားက ကျောင်းဆရာ/ ဆရာမတွေအိမ်တွေကို ၀င်ရိုက်ပြီး နိုင်းယှဉ်ချက်သာ (တာဝန်ရှိရှိ) ပေါ့လေ တင်ပေးမယ်ဆိုရင် ...သဘောပေါက်ကြပါမယ်။ အစိုးရ နှစ်ရပ်ရဲ့ ကျောင်းဆရာ/ဆရာမတွေကို ခိုင်းတဲ့ လုပ်အားချင်းအတူတူမှာ ဘယ်လောက် မတရားလုပ်နေတယ် ပေါ်လွင်အောင်လုပ်ပြရမှာ နိုင်ငံရေးတာဝန်ပါ။ ဒီတာဝန်ကို လက်ရှောင်တဲ့ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေကို စာဖတ်သူများ ပြန်သုံးသပ်စရာ လိုလာပါပြီ ။
အထက်ကပြောခဲ့သလို သမ္မတကြီးမှာလဲ ၀န်ထမ်းတွေရဲ့ လစာဟာ မတရားနည်းနေတာကိုလဲ သူသိတယ်။ သူ့မှာတိုးပေးချင်တဲ့ စေတနာရှိတယ်။ ဒါပေမဲ့ဘတ်ဂျက် ကမနိုင်ဘူး။ ငွေခက်ခဲနေတယ်။ နိုင်ငံတော်ဘဏ္ဍာအများစု အထူးသဖြင့် ရလာတဲ့ နိုင်ငံခြားငွေ ဒေါ်လာတွေကို တပ်မတော်က လူလည်ကျ အများစုကို သုံးထားတယ်။ နိုင်ငံတော်ဘတ်ဂျက်မှာတော့ တပ်မတော်က- ၂၃-% ယူထားတယ်။ တကယ်ကတော့ အဲဒီ-၂၃-% ဆိုတာကိုက သူတို့သုံးထားတဲ့ဒေါ်လာကို အစိုးရ တရားဝင်ငွေလဲနှုန်း - (၆.၀/ကျပ်) နဲ့ တွက်ထားတာပါ။ အဲဒီလို မလှိမ့်တပတ် ဘတ်ဂျက်ပြချင်လို့ အစိုးရက ဒေါ်လာနှုန်းထားကို မပြင်ချင်တာပါ။ ငွေလဲနှုန်းပြင်ပေးလိုက်ရရင် စစ်တပ်အသုံးစားရိတ် အမှန်ဟာ ၂၃-% မကတော့ဘဲ ရာခိုင်နှုန်း ၆၀-%-အထက်ဖြစ်နေတာ ပေါ်သွားပါမယ်။
ကမ္ဘာမှာ ဒေါ်လာနှုန်းထား (သုံး)စား ရှိနေတာ ကျနော်တို့ တနိုင်ငံဘဲရှိပါတယ်။
(၁) အစိုးရနှုန်းက -၆.၀/ကျပ်။
(၂) တခါအစိုးရကဘဲ အကောက်ခွန်နှုန်းထားဆိုပြီး (၁၉၉၆- ဇွန်လက စတင်ကျင့်သုံးပါတယ်) ကအခု -၄၅၀-ကျပ်နှုန်းထား။ ဒါကိုတောင် ၂၀၀၉-လောက်က နယ်စပ်မှာ ၈၅၀-ကျပ်နုံး ခေတ္တခဏ လုပ်လိုက် ပါသေးတယ်။
(၃) နောက်အခု အပြင်မှာဖြစ်နေတဲ့ ကာလပေါက်ဈေး နှုန်းထား။ အခု မြန်မာငွေ ခိုင်မာလာတယ်ဆိုတဲ့ နှုန်းထားပေါ့။
အဲဒါကို ကူညီရာလဲ ရောက်အောင် ပွင့်လင်းထင်သာမြင်သာရှိတဲ့ အစိုးရဆိုတာလဲ တကယ်လက်တွေ့ ပေါ်လာအောင် ဦးသန်းရွှေ-ဒေါ်ကြိုင်ကြိုင်တို့ ခိုးဝှက်ထားတာတွေ ပြန်သိမ်းစေတာ ဖြစ်အောင် သူတို့ချင်း ပြန်ဖြဲတာဖြစ်လာအောင် အိမ်ကြက်ချင်း အိုးမဲသုတ်ပေးရမှာက နိုင်ငံရေးပါးနပ်တဲ့ နိုင်ငံရေး သမားတွေရဲ့ အလုပ်ဘဲ။ သူတို့ချင်းကို အိုးမဲသုတ်ပေးရမှာကိုက ကျနော်တို့ရဲ့ မဟာနိုင်ငံရေး တာဝန်အကြီးကြီး။ နိုင်ငံတော်ဘဏ္ဍာတွေလည်း ပြန်ရစေရမယ်။ သူတို့ချင်းလဲ ဆော်ကြခွပ်ကြ။ ကွဲကြပြဲကြ။ ဒီတချီကတော့ အရပ်ကူလို့ မရနိုင်မယ့် အသေဆော်ကြရမယ့်ပွဲ။ သူတို့ခိုးထားတာလဲ ဗူးပေါ်သလိုပေါ်လာမယ်။ သိပ်လှတဲ့ ပွဲပေါ့။ တချက်ခုတ် အချက်နှစ်ဆယ်ပြတ်ပေါ့ မခုတ်တတ်ရင် သမ္မတကြီးလည်း ဇက်ပြတ်ပေါ့။ မခုတ်လို့ ကလည်း မရတော့ဘူး။ သူခုတ်ကိုယ်ခုတ် အချင်းချင်းပြန်ဆော်အောင် ကဲကျနော်တို့ အမတ်မင်းတွေ လုပ်တတ်ကြရဲ့လား။ လုပ်ရဲကြရဲ့လား။ သတ္တိရှိရှိ လုပ်သာလုပ်ကြပါ။ တသက်လုံး သူတို့ကချည်း ကိုယ့်အချင်းချင်း သတ်ကြအောင် အချင်းချင်းရန်တိုက်ပေး ကိုယ်အဖွဲ့ ပြိုကွဲအောင် သံသယတွေ သွပ်သွင်းဖြိုခွဲလာခဲ့တာ အကြိမ်ကြိမ်။ ဒီတခါမင်းတို့အလှည့်။ အလှည့်ကြတော့မှ မနွှဲ့ကြနဲ့ ဗိုလ်ချုပ်ကြီးတို့ရေ။
အခုတေဇက သူဟာ မြန်မာဘီလျှံနာလို့ တရားဝင် ကြေငြာလိုက်ပြီ။ တစ်ဘီလျှံ ပိုင်ဆိုင်နိုင်ဖို့ ဆိုတာ နိုင်ငံတော်ကို အခွန်ဘယ်လောက် ဆောင်ထားသလဲ။ တစ်ဘီလျှံ ပိုင်ဆိုင်ရင် အနည်းဆုံး အခွန်ဒေါ်လာ-သန်း-၃၀၀ ဆောင်ထားတာ ပြနိုင်ရမယ်။ ဒါကို မသိသလိုလုပ်နေရင် သမ္မတကြီးကိုပါ ဖြုတ်ချပြစ်လို့ရတဲ့ အထိ အမှုကကြီးပါတယ်။ အခွန်ရှောင်ထားရင် ဒါဏ်ကြေးပါ အပိုဆောင်းကောက်ရမှာ သမ္မတကြီးရဲ့ သန့်ရှင်းသော အစိုးရတရပ် ဖေါ်ဆောင်ရမယ့် တာဝန်။ သမ္မတကြီးမှာ တာဝန်ရှိသလို အမတ်မင်းတွေမှာလည်း တာဝန်ရှိနေပါတယ်။ ဒါကိုရေငုံနုတ်ပိတ် လုပ်နေရင် မိမိတာဝန်ကို မကျေပြွှန်တာပါဘဲ။ ဒုတိယ-သမ္မတနဲ့ လွှတ်တော်ဥက္ကဌ တွေမှာလည်း အသီးသီး တာဝန်ရှိတာဘဲ။ ဒါကိုအာဏာပြပြီး ဟန့်တားဖို့ ကြိုးစားသူဟာ နိုင်ငံတော်သစ္စာမဲ့သူဘဲ။
နိုင်ငံတော်ကို အခွန်ရှောင်သူ တဦးဟာအခွန် (တခါလေး) ရှောင်ဘူးရုံနဲ့တင် တသက်လုံး အမတ် ၀င်ရွေးခွင့်မရှိတော့ပါ။ ဘာလို့လဲဆိုတော့ လူလိမ်ဖြစ်သွားတာရယ် နိုင်ငံတော်အပေါ် သစ္စာမဲ့တဲ့ ရာဇ၀င်ရှိသွားလို့ပါ။ ဒါဟာ နိုင်ငံအများစုရဲ့ ကျင့်ထုံးတွေပါ။ ထောင်ပါချရတဲ့အထိ အပြစ်ကြိးပါတယ်။ ၁၉၉၀-ခုလွန်နှစ်တွေက ဂျာမဏီနိုင်ငံက ကမ္ဘာ့တင်းနစ်ချန်ပီယံ တင်းနစ်မယ် စတက်ဖီဂရပ်ရဲ့ ဖခင်ဟာ အခွန်တိမ်းရှောင်မှုကြောင့် ထောင်ကျခဲ့ရသလို စတက်ဖီဂရပ်ရဲ့  ဂုဏ်သိက္ခာကိုပါ ထိခိုက်ခဲ့ရပါတယ်။
ဒီလိုလူလိမ်တွေကို နိုင်ငံတော်လုပ်ငန်းတွေ ပေးနေတာကိုက ပေးနေသူဟာ နိုင်ငံတော်ကို သစ္စာဖေါက်နေတာ။ မိမိအစိုးရရဲ့ အသက်သွေးကြော ဘဏ္ဍာငွေတွေ ဆုံးရှုးံနေစေသူကို လုပ်ငန်းတွေ ပေးနေသူဟာ နိုင်ငံတော်အပေါ် သစ္စာဖေါက်သူတွေကို အားပေးနေတာပါဘဲ။ နိုင်ငံတော်ကို သစ္စာဖေါက် နေတာပါဘဲ။ ပါတီကပါ ထုတ်ပစ်ရပါမယ်။ အခွန်ရှောင်တာဟာ သူမှာပေးဆောင်ရမယ့် တာဝန်ကို မပေးတာဟာ လိမ်ညာမှုလဲ မြောက်နေတယ်။ ခိုးမှုတမျိုးလည်း ဖြစ်ပါတယ်။ အဲဒီတော့ သမ္မတကြီးရော ဗိုလ်ချုပ်လူထွက်ကြီးများ အားလုံး တပ်မတော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ (တပ်မတော်ဟာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖေါက်လို့) ဆိုင်းဘုတ်ကြီးတွေကို ဖြုတ်ချမလား။ မဖြုတ်ချနိုင်ဘူးဆိုရင် တိုင်းပြည်အပေါ် သစ္စာဖေါက်ထားတဲ့ သူဌေးကြီးတွေအပေါ် အခွန်ကို စီစီစစ်စစ် ပြန်ကောက်ပေးမလား လမ်းနှစ်ခုမှာ ကြိုက်တဲ့လမ်းတခုခုကို ရွေးရပါတော့မယ်။
ဒီခေတ်ပျက် သူဌေးကြီးတွေဟာ နိုင်ငံတော်အစိုးရက (စစ်ဗိုလ်ချုပ်တွေက) ကသူ့တို့ အပေါ် ကောင်းသလောက် သူတို့က နိုင်ငံတော်အပေါ် သစ္စာမဲ့ပြသူပါ။ အရပ်စကားနဲ့ဆို မိတ်ဆွေတောင် မဖွဲ့သင့်သူဖြစ်သွားပြီ။ နိုင်ငံတော်ရဲ့ တနည်းမြို့တခုရဲ့ မြို့မိမြို့ဖဆိုတာမျိုးနဲ့ တောင်မတန်တော့ဘူး။ လူလိမ်တွေ အခွန်လိမ်ညာသူ ဖြစ်သွားပြီ။ သူတို့ကို ကြီးပွားအောင် ကန်ထရိုက်တွေပေးတဲ့ အစိုးရကို ပြုတ်အောင် ပြိုကွဲအောင် အတွင်းကနေ လှိုက်စားနေတဲ့ ခြတွေ ဂျပိုးတွေပါ။
အခု ၂၀၁၀ -ရွေးကောက်ပွဲမှာကို ပုဇွန်တောင်ကနေ ၀င်ပြိုင်ဖို့ စာရင်းတင်သွင်းခဲ့သူ တဦးဟာ သင်္ဘောသားလုပ်စဉ်က အခွန်ရှောင်ခဲ့ဘူးတဲ့ ရာဇ၀င်ကြောင့် ၀င်ပြိုင်ခွင့်အပိတ်ခံရပါတယ်။ အခု နိုင်ငံတော် ကန်ထရိုက်တွေကို အထူးလက်ဝါးကြီးအုပ်ထားသူ အထူးအခွင့်အရေးတွေ ပေးထားရသူက နိုင်ငံတော်စီမံချက်တွေကနေ မတရားချမ်းသာလာတယ်။ ယူဘဲယူချင်တယ်။ ဒီလိုမတရားမြတ်အောင် ကူညီခဲ့တဲ့အုပ်စိုးသူ အစိုးရကိုတောင် ဒီအမြတ်ထဲကပြန် အခွန်မဆောင်ချင်တာဟာ ကျေးဇူးရှင်အစိုးရကို ကျေးဇူးကန်းတာလဲ ဟုတ်တယ်။ နိုင်ငံတော် အခွန်ရှောင်တာဟာ ပြစ်မှုလဲမြောက်နေပါတယ်။ ဝေးဝေးရှောင်ရမယ့်လူတွေပါ။ အစိုးရဟာ ဒီလူတွေကိုတော့ နိုင်ငံတော်ရဲ့ စံပြုရမယ့် နိုင်ငံသားကောင်းတွေအဖြစ် ဂုဏ်ထူးဆောင်ဘွဲ့ကြီးတွေ ချီးမြှင့်ပြီး မင်းကိုနိုင်တို့ကိုတော့ ထောင်ဒါဏ် နှစ်ရှည်ချထားတာကိုက ပြောင်းပြန်တွေ လုပ်နေတဲ့အစိုးရ။
ဦးသိန်းစိန် ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြသေးတာပေါ့။ ဒီလူလိမ် အခွန်ရှောင်သူတွေကို နိုင်ငံသားကောင်းတွေ သတ်မှတ်ပေးရင် ပြည်သူအားလုံး အခွန်ရှောင်ကြပေတော့။ အခွန်ဆောင်ရင် အလကားလူ အခွန်ရှောင် သူတို့ကို ပေးကမ်းရင် နိုင်ငံသားကောင်း။ ရွေးကြပေတော့ ကြိုက်တဲ့လမ်း။
ပိုဆိုးတာက သူဒီလို အခွန်ရှောင်နိုင်အောင် အကာအကွယ် ပေးသူရှိခဲ့ရင် အဲဒီသူကိုပါ အာဏာအလွဲ သုံးစားပြုမှုနဲ့ တရားစွဲဆိုရပါမယ်။ န.အ.ဖ. အစိုးရလက်ထက်က အခွန်အရာရှိတွေကိုလဲ မှန်မှန်ကန်ကန် စစ်ဆေးခဲ့မှု မရှိတဲ့ အခွန်ဝန်ထမ်းတွေကို တာဝန်ပျက်ကွက်မှုနဲ့ပါ အရေးယူရမှာဖြစ်သလို အာဏာကို ကြောက်ရလို့ ဆိုလာရင်လည်း ကြောက်ရတာကို သက်သေမပြနိုင်ရင်လည်း တန်ဇိုးလက်ဆောင် လာဘ်ယူပြီး ဖုံးကွယ်ပေးမှုနဲ့ တရားစွဲဆိုရပါမယ်။ တေဇကို ကိုင်သလို တခြားကုမ္မဏီတွေကိုပါ ပြန်စစ်ရပါမယ်။ ဥပမာ အာရှဓနလုပ်ငန်းစုတွေ ရဲ့ တန်ဖိုးကိုစစ်ရင် ဒေါ်လာ ဘီလျှံပေါင်းများစွာ တန်နေတာ ဘယ်လိုရပါသလဲ။ ဘယ်လိုမြတ်တယ်ဆိုတာကို စာရင်းလိမ်ထားရင် လိုင်စင်ပါဖျက်သိမ်းတဲ့အထိအရေးယူ အခွန်ကိုဒါဏ်ကြေးနဲ့ ဆောင်စေလုပ်ရပါမယ်။
ဒီိလို တကယ်ဧရာမ စီမံကိန်းကြီးတွေကတော့ အမြတ်မတရားရကြပြီး ဧရာမကန်ထရိုက်ကြီးတွေ အပြိုင်အဆိုင်လုရကြပြီး အခွန်ရှောင်ခွင့်ရတယ်။ ဘာမဟုတ်တဲ့ ၀န်ထမ်းတွေက လယ်သမားတွေကျတော့ နင့်နေအောင် အခွန်ဆောင်စေတာက မတရားတဲ့ စံနစ် မတရားတဲ့အမိန့် အာဏာကို ဆန့်ကျင်ရမှာ အားလုံးရဲ့တာဝန်ပါ။ မတရားတာမှန်သမျှ ဆန့်ကျင်ရမှာ တာဝန်ဖြစ်သလို မတရားနေတာကို အမှန်ပြန်ဖြစ်အောင် တည့်မတ်ပေးရမှာကလည်း သမ္မတကြီးရော ဒုတိယ-သမ္မတကြီးတွေရော နိုင်ငံရေးသမား အားလုံးရဲ့ တာဝန်ပါ။
အဲဒီတော့ပြည်သူလူထုအားလုံးကလဲ မိမိတို့အရပ်မှာ ဗိုလ်ချုပ်တွေ အခွင့်ထူးခံပြီးရယူခဲ့တဲ့မြေတွေ လုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ကားတွေ လက်ဝတ်ရတနာတွေကို ကိုယ်သိသမျှကို အဖွဲ့ ချုပ်က အဖွဲ့ ဝင်တွေဆီနဲ့ ကြံ့ခိုင်ပါတီကအစကို သတင်းပေးကြပါ။ ဒီလိုသတင်းပေးလို့ ခြိမ်းခြောက်လာရင် အဲဒီသူဟာ နိုင်ငံတော်အစိုးရရဲ့ ရန်သူစစ်ဆိုတာ ပေါ်သွားပြီ။ အစိုးရတရပ်ဟာ အခွန်ကို မှန်မှန်ကန်ကန် ကောက်အောင် အစိုးရခိုင်မြဲရေးအတွက် အခွန်ရှောင်ထားသူတွေ ဖေါ်ထုတ်ပေးတာဟာ သမ္မတကြီးဦးသိန်းစိန်ကို အပြုသဘောကူညီတာပါ။ ဘာမှကြောက်နေစရာ မလိုပါဘူး။ ဒါဟာ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုရာလည်း ရောက်ပါတယ်။
အခွန်ရှောင်သူဟာ ဒို့အစိုးရရဲ့ ရန်သူ။ အခွန်ရှောင်သူဟာ ဒို့အစိုးရကိုသစ္စာဖေါက်သူ။
ပြည်သူလူထုကို အဲဒီလို အခွန်ရှောင်နေတဲ့ သူခိုးတွေဖေါ်ထုတ်ပေးရမယ်ဆိုတာဟာ အမျိုးသားရေးတာဝန် ဆိုတာကို အစိုးရကိုယ်တိုင်က ပညာပေးရမှာပါ။ ဒီလိုပညာမပေးရင် ဒီလိုလူတွေကို အစိုးရကိုယ်တိုင်က မရှုံ့ချရင်ဒါဟာ ဒီလိုလူတွေကို တဖက်လှဲ့ ခိုးခိုင်းစေရာရောက်နေပါတယ်။ IF YOU DON'T CONDEMN IT ,YOU CONDONED IT. တာဝန်ရှိသူတဦးဟာ မကောင်းမှုတခုကို မရှုံ့ချရင် ၎င်းကိစ္စကို လက်ခံသူဖြစ်နေပါတယ်။
(လက်နက်ကိုင်တော်လှန်ရေး)
အခု အင်မတန် ဘဏ္ဍာငွေတောင့်တင်းလှပါပြီဆိုတဲ့ ကချင်တိုင်းရင်းသားအဖွဲ့ လူမျိုးစုလဲရှိတယ် ဘာသာနောက်ခံရှိတယ် အဖွဲ့နောက်ခံအင်အား နယ်မြေအကျယ်အ၀န်း အကျယ်ရှိသူတွေတောင် တကယ့် ထိုးစစ်ကိုရေရှည်မှာ ခံတိုက်ဖို့ မလွယ်ဘူး။ အခု လက်နက်ကိုင်လမ်းစဉ် ဘာညာအော်ပြီး ရန်ပုံငွေကောက် နေသူတွေဟာ တကယ် ရိုးရိုးသားသားလား လုပ်စားဖို့ဂွင်သက်သက်လား။ တော်လှန်ရေး အင်အားစုတွေရဲ့ အင်အားတွေကို ခွဲဖြိုဖို့လား လမ်းလွှဲအောင် လုပ်နေတာလားလား- တွေအများကြီး စဉ်းစားကြရပါမယ်။
အခု Australia က ထူးထူးဟန်နဲ့ ကရင်လူမျိုးမူးဆာတို့ ထုတ်ဖေါ်လာတာဟာ လူအများစု ယူဆသလို စိတ်မူမမှန်တာလို့ ကျနော်ကတော့သိပ်မထင်။ နိုင်ငံတကာခုံရုံးကိစ္စ လမ်းလွှဲအောင် တမင်လုပ်လာသူတွေလို့ဘဲ ကျနော်ကတွက်ဆပါတယ်။ သူတို့ကို စစ်သူလျှို (လုပ်ခဲ့ဘူးသူ) လို့မြင်တာထက် အခုလဲ သူလျှိုလုပ်နေဆဲမို့ အော်ချက်ထုတ်တယ်လို့ဘဲ မြင်ပါတယ်။ နေပြည်တော်ရဲ့ ထောက်ပံ့စာ စားနေသူတွေလို့ဘဲ မြင်ပါတယ်။ နေပြည်တော်ကနေ အမိန့် ပေးလိုက်တယ် လို့ဘဲ ကျနော်ကတော့ ထင်တယ်ဗျာ။ မဟုတ်မှလွှဲရောဗျာ။ တပ်ချုပ်ကြီးက ဆိုဒ်ဝါး သိပ်ကစားတတ်တယ်။ သူကတချိန်လုံး ဆိုဒ်ဝါးတွေ လုပ်လာခဲ့သူ။ ထောင်ထဲကိုဆိုရင် ခနခန ဆိုဒ်ဝါးတွေထဲ့တယ်။ အဲဒီလိုဆိုဒ်ဝါး ထုတ်ကစား ရတာကိုလည်း ဟုတ်လှပြီလို့ သူ့ကိုယ်သူ သိပ်ထင်တတ်တယ်။ အခုဘဲ တပ်ချုပ်ကြီး သေတော့မလိုလို နေပြည်တော်ကို စင်ကာပူက ဆရာဝန်တွေပါတဲ့ လေယာဉ်ကြီး ရောက်လာတယ်။ ဘာညာ ဆိုတာတွေဟာ သူ့ ဆိုဒ်ဝါးတွေပါ။ တမင်ထုတ်နေတာ။
အဲဒီတော့ လက်နက်ကိုင် ဘာညာ အော်လာသူတွေဟာ တကယ်ကို လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်လို့လား လမ်းလွှဲအောင် လုပ်နေတာလား။ တွက်ဆကြည့်ကြပါ။ အော်တော့ AK- ၄၇; BOMBS. ..တကယ်လက်တွေ့က AQUA (LIQUOR) နဲ့ BARBECUE။ အော်နေတာက အေကေနဲ့ ဗုံးသီး လက်တွေ့က အကင်နဲ့ဘီယာ။ စဉ်းစားကြပါ။ ချိန်ထိုးကြည့်ကြပါ။ ပေါ့ပေါ့လေးမထားကြပါနဲ့။ ဒီလူတွေ ဘာသဘောနဲ့ လုပ်နေတာလဲလို့  တပ်ချုပ်ကြီး ပြောသလို စကုတ်ချဲ့ ကြည့်ကြပါ။
(လွှတ်တော်ထဲကနေ တစတစချဲ့ထွင်ယူကြမယ်ဆိုတဲ့ လမ်းစဉ်)
ကောင်းပါတယ်။ လွှတ်တော်ထဲကနေ တင်ပြပေါ့။ မှန်ပါတယ်။ အခုလွှတ်တော်က တနှစ်ကိုနိုင်ငံအရေးကို တကယ်ဆွေးနွေးချိန် ၁၀-နာရီတောင် မပေးထားတဲ့လွှတ်တော်။ အာလိမ် ဘုံခုနစ်ဆင့်နဲ့ ထားရမဲ့ လွှတ်တော်။ သူတို့က တင်ပြခွင့်မရအောင် ပိတ်ထားရင် စားရေးပြီးတင်ပါ။ တခြားပါတီတွေကိုပါ ကျုပ်တို့တင်ပြထားတာ သိရအောင်ဖြန့်ထားလိုက်ပေါ့။ ဖမ်းချင်လား လေလေးတ ချွန်ချွန်နဲ့ လမ်းလျှောက်သွား ဗွီဒီယိုလေးအရိုက်ခံပြီး သွားအဖမ်းခံပြလိုက်မယ်။ ဦးသိန်းစိန်အစိုးရရဲ့ ပထမဦးဆုံး ထောင်ကျသွားတဲ့ အမတ်ဆိုတဲ့ ဧရာမဂုဏ်ပုဒ်ကြီး။ ဒါကလည်း လိုချင်တိုင်း ရနိုင်တာမဟုတ်။ ဂင်းနစ် မှတ်တမ်းထဲ ပါရမှာနော်။ ကျုပ်သာဆို အမတ်ထောက်ပံ့ကြေးထက်ကို ပိုမက်တယ်ဗျာ ။
လွှတ်တော်မှာ ပိတ်ထားလေ တိုက်လို့ကောင်းလေပေါ့။ နောက်အမတ်မင်းတို့ကလည်း လွှတ်တော်မှာ နိုင်ငံအရေး ဆွေးနွေးတဲ့အချိန်တွေကို တကယ်အတိအကျတွက်ပြီး မီဒီယာကြီးတွေဆီ အမြဲသတင်းပို့နေဖို့ တာဝန်ရှိပါတယ်။ တနှစ်ကုန်တော့ လွှတ်တော်မှာ စုစုပေါင်းဆွေးနွေးတဲ့အချိန် ဘယ်လောက်ပေါ့။ ပြီးလွှတ်တော်အမတ်တွေကို ပေးတဲ့ထောက်ပံ့ကြေး (တနှစ်စာအတွက် စုစုပေါင်း)နဲ့ လွှတ်တော် အမတ်တယောက် ထတင်ပြရတဲ့အချိန် သင်္ချာနည်းနဲ့ စားကြည့်ရင် လွှတ်တော်အမတ်မင်း တယောက်ရဲ့ စကားတခွန်းဟာ ကုဋေဘယ်နှစ်သန်း တန်တယ်ဆိုတာကိုလဲ ဂင်းနစ်မှတ်တမ်း ထိုးပေးလို့ရလာပါမယ်။
ပါးစပ်ကို တခါမှမဟရတဲ့ စစ်ဗိုလ်အမတ်တွေရဲ့ စကားတခွန်းဆို ဘယ်လောက် တန်နေမလဲ ဂင်းနစ်စံချိန်တွေ တင်ပေးကြရအောင်။ အမေရိကန် သမ္မတဟောင်း ဘီကလင်တန်ဟာ အခုတက္ကသိုလ်ကြီးတွေ အဖွဲ့အစည်းကြီးတွေမှာ မိန့်ခွန်းတွေလိုက်ပေးတာ တနာရီကိုဒေါ်လာ- ၅၀၀၀၀-လောက်ရတဲ့စံချိန်ကို ကျနော်တို့အမတ် ပါးစပ်တွေက ဟချိန်လေးမှာ ရလိုက်တဲ့ ငွေပမာဏနဲ့ ချိန်ထိုးကြည့်ခွင့် ရလာပါမယ် ။
အခုအမတ်မင်းတွေ လွှတ်တော်ထဲဝင်ခွင့်ရနေပါပြီ။ လွှတ်တော်ဥက္ကဌက အခွင့်မပေးလို့ ပါးစပ်မဟ ရတာပါ မလုပ်နေကြပါနဲ့။ မပေးတာသူတို့အလုပ်။ မပေးတာကို ရအောင်ယူပြရမှာ ကိုယ့်တာဝန်။ လွှတ်တော်ဥက္ကဌကို ကြောက်နေရရင်လဲ ထမီဝတ်တက်ပေတော့။ ပါတီနာမည်ကိုလဲ (အလိမ္မာ မလေးများပါတီ) လို့နာမည် ပြောင်းလိုက်တော့။ မရှက်တတ်ရင်လဲ ပေးတဲ့ထောက်ပံ့ကြေး စားကြပေါ့။ ကျုပ်ကတော့ ရှင်းတယ်။ တိုင်းပြည်အတွက် တင်ပြတာလေးတောင် လုပ်မပေးရဘဲ ထောက်ပံ့ကြေးစားရတာ ခိုးတာနဲ့ လိမ်တာနဲ့ ထပ်တူလို့ ခံစားရတယ်။ မယူဘူး... ဘာမှတင်ပြခွင့် မရရင် ပေးနေတဲ့ ထောက်ပ့ကြေးကို မယူဘူး။ ဒီထောက်ပံ့ငွေဟာ တိုင်းသူပြည်သားတွေရဲ့ အခွန်ငွေ။ သူတို့ အတွက် တခုခုလုပ်ပေးဖို့ ပေးတဲ့ထောက်ပံ့ကြေး။ ဘာမှမလုပ်ပေးရဘဲယူတာဟာ ခိုးတာနဲ့ အတူတူဘဲ။ ငြင်းချင်သလား။ ဆရာတော်ကြီးတွေကို သွားလျှောက်ထားကြည့်ပါ။
အဲဒီတော့လွှတ်တော်အမတ်မင်းများခင်ဗျား။ လွှတ်တော်ထဲကနေ တစတစပြင်ယူမယ်။ ဘယ်တော့လဲ... ဘယ်လိုလဲ... ဘယ်လောက်လဲ။ အဆုံးမတော့ သတ္တိ သတ္တိ။ မရဲဘဲနဲ့ ကျွဲပြဲစီးပြချင်ကြသူ ဖြစ်တော့မယ်။ လာမယ့် လွှတ်တော် ရွေးကောက်ပွဲတွေကြရင် လွှတ်တော်မှာ ဘယ်နှစ်မိနှစ်ပြည်သူ အတွက် တင်ပြဘူးသူ ဆိုတဲ့ မှတ်တမ်းလေး လာမှာနော်။ အိယောင်ဝါး အမတ်ဘ၀ မရောက်အောင် ကိုယ်ရဲ့ သတ္တိတွေ ထုတ်ပြကြပါ။
မဲဆန္ဒရှင် ပြည်သူများကလည်း ဒီတခါမဲလာဆွယ်ရင် လွှတ်တော်မှာ ခင်ဗျား (ဘယ်နှစ်မိနစ် တင်ပြဘူးပါလဲသာ မေးကြပါ.. ကျုပ်တို့ အရေးဘာ တင်ပြဘူးပါသလည်း) မေးကြဖို့ စောင့်ကြည့်နေကြပါ။ ခွေးအကို လှည်းကျိုးကြီး နင်းသလိုပေါ့။ ဒီအမတ်မင်း ပါးစပ်ဟာ တမိနစ်ကို ကုဋေနဲ့ကို ချီတန်နေသူလား။ မေးကြဖို့ သာပြင်ထားကြပါ။
အခုပြည်သူလူထု စားဝတ်နေရေး ၀န်ထမ်းလစာ/ စစ်သည်တော်လစာ/ နေ့စား အလုပ်သမား အနိမ့်ဆုံး လုပ်ခသတ်မှတ်ရေး ဒါအင်မတန်အရေးကြိးတဲ့ လူထုဘ၀ သေရေးရှင်ရေးကိစ္စ တင်ပြရဲသူ မဟုတ်ရင် ခပ်ပြတ်ပြတ်သာ လှောင်ပြောင် လွှတ်လိုက်ပေတော့။ ထောက်ပံ့ကြေး ညာစားမယ့် လူတွေလို့ အပြတ်သာ ပြောလွှတ်ပေတော့။ မဲဆွယ်ကတည်းက ကတိအပြတ်တောင်း။ လစာဘယ်နှုန်းကို တင်ပြပေးနိုင်မလဲ။ ပြည်သူလူထု လစာကိစ္စ ဘယ်လိုအပြတ် ရပ်တည်ပေးမလဲ။ အခုထိုင်းမှာကြည့်ပါ။ ထိုင်းမှာ အနိမ့်ဆုံးနေ့စားခ လက်ရှိကို-ဘတ်-၁၈၀/ ပေးထားတာကို အခုအမျိုးသမီး ၀န်ကြီးချုပ်က တိုးပေးတယ်။ ဒါလူထု ၀မ်းရေးပြည့်စုံနေတဲ့ နိုင်ငံနော်။ အဲဒါလူထုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အရေး။ ကျနော်တို့ဆီမှာ တနေ့ကို ဘတ်နဲ့ဆို-၄၀-လောက်ကိုမရဘူး။
ဟော်တယ်ကြီးတွေ တိုးတက်လာတာ လာမပြောနဲ့။ ကျုပ်တို့ ၀င်ခွင့်တောင်မရှိဘူး။ ကျောဆန့်ချင်ရင်တော့ မိန်းခလေးတွေ ၀င်လို့ရတယ်။ သာမန်လူ ၀င်ခွင့်မရှိဘူး။ ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ဆိုင်ချင်ရင် နောက်ဖေးပေါက်ကနေ၀င် ကျောဆန့်။ ကျုပ်တို့နဲ့ သက်ဆိုင်တာက လ/ခ နဲ့နေ့စားခ။ အပိုတွေ ဝေ့လည် ကြောင်ပတ် ပြောနေတာ ဆိုရပ်ပါဗျို့  လ/ခ ကိစ္စသာ မေးကြပေတော့။
နောက်တခုက အခုနိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ..
ဒါဟာ သက်သေခိုင်လုံရင် သန်းရွှေ ကိုကြိုးကွင်းစွပ်လို့ ရတဲ့ကိစ္စ....
အပိုင်း(၄) နောက်ဆုံးပိုင်း ဆက်လက် ဖော်ပြပေးပါမည်....
အားလုံးကို လေးစားလျှက်
လှိုင်မြင့်





(နိုင်ငံတော်ကို အခွန်ရှောင်သူ တဦးဟာအခွန် (တခါလေး) ရှောင်ဘူးရုံနဲ့တင် တသက်လုံး အမတ် ၀င်ရွေးခွင့် မရှိတော့ပါ။ ဘာလို့လဲဆိုတော့ လူလိမ်ဖြစ်သွားတာရယ် နိုင်ငံတော်အပေါ် သစ္စာမဲ့တဲ့ ရာဇ၀င်ရှိသွားလို့ပါ။ ဒါဟာ နိုင်ငံအများစုရဲ့ ကျင့်ထုံးတွေပါ။ ထောင်ပါချရတဲ့အထိ အပြစ်ကြိးပါတယ်။ ၁၉၉၀-ခုလွန်နစ်တွေက ဂျာမဏီနိုင်ငံက ကမ္ဘာ့တင်းနစ်ချန်ပီယံ တင်းနစ်မယ် စတက်ဖီဂရပ်ရဲ့ဖခင်ဟာ အခွန်တိမ်းရှောင် မှုကြောင့် ထောင်ကျခဲ့ရသလို စတက်ဖီဂရပ်ရဲ့  ဂုဏ်သိက္ခာကိုပါ ထိခိုက်ခဲ့ရပါတယ်။ )
ReplyDeleteဒေါ်စုကို တိုင်းပြည်ခေါင်းဆောင် လုပ်နိုင်အောင် အခွန်ဆောင်တဲ့ မှတ်တမ်းလေး လုပ်ထားဖို့  သတိပေးလိုက်ပါအုံး။
You ask your step father Thein Sein and all of General first, how they buy the big house in Singapore, use which money?
ReplyDeleteအပေါ်က တစ်ယောက် ရေ မင်းပထွေးတွေ ၊ဘီလီယံနာ တွေပါလို့ ကြေငြာ ထားသူတွေ ရော အခွန်အပြည့်အ၀ ဆောင်လား မဆောင်လား အရင် စစ်ကြောစုံစမ်း လိုက်ပါအုံး။
ReplyDeleteအပေါ်ဆုံးက မလိမ်မိုးမလိမ္မာ လေးကိုခွင့်လွှတ်လိုက်ပါဗျာ....သူခများ ဆုချီမြင့် လို့ ရတဲ့ငွေ အခွန်ဆောင်စရာမလိုဘူးဆိုတာမသိလို့ နေမှာပေါ့ ကျွတ်ကျွတ်..... သနားစရာသတ္တ၀ါ
ReplyDeleteတခြားနိုင်ငံက ကျောင်းဆရာတွေတော့မသိဘူးးးမလေးရှား အစိုရကတော့ အခွန်ရှောင်ပြီးခိုးသွင်းလာတဲ့ အထက်ကားအသစ်တွေ ကို ဖမ်းပြီး ၁ နှစ်၁ခါ ကျောင်းအုပ်ဆရာ ဆရာမတွေကို ပိုက်ဆံပေးဝယ်ရတယ်ဆိုရုံ ဈေးပေါပေါနဲ့ ရောင်းပေးပါတယ် အောင်ချက်ကောင်းတဲ့ကျောင်းအုပ်ဆို အလကားတဲ့
အထက်က ထမိခြုံလေးရေ...ဒို့ ကလဲဒေါ်စုကိုပြောပါမယ်။ဗမာပြည်မှာ..၁၈-နှစ်သားလေးကဒေါ်လာ-သန်း၂၀လောက်တန်တဲ့အိမ်ကြီးပိုင်ထားတာအခွန်တကျပ်တောင်မဆောင်ထားပါဘူး။
ReplyDelete။ဒေါ်စုခင်ဗျာ..အခုသူတို့ ဖိတ်မဲ့ဆင်းရဲမွဲတေမှုပပျောက်ရေးဆွေးနွေးပွဲမှာ.လူကြီးအားလုံးတရားဝင်ပိုင်ဆိုင်မှုကြေငြာတာလုပ်ဖို့ တောင်းဆိုပေးပါ။ဒါကိုမတောင်းဆိုရင် ဒေါ်စုဟာ ပြည်သူတွေကိုသစ္စာဖေါက်ရာကျနေပါတယ်။
တိုင်းပြည်ကိုအုပ်ချုပ်သွားခဲ့တဲ့ အုပ်ချုပ်နေဆဲ..ဗိုလ်ချုပ်ဘူဇွာကြီးတွေ ပိုင်တာက ဘီလျှံနာတွေ အခွန်ဆောင်ထားတာရှိရင် ပြနိုင်ရင် ကျနော်တို့ ပြောမိတာမှားပါတယ်လို့ ၀န်ချတောင်းပန်ပါ့မယ်။ အခွန်ဆောင်ဖို့ နေနေသာသာ...၂၄-နာရီ မီးအားအပြည့်မတရားသုံးပြီး ကိုယ်သုံးထားတဲ့မီတာခအမှန်ကိုတောင်မေပေးဘဲ တလမှ..၈၀/ကျပ် ဘဲပေးသူတွေကများ..ငြင်းချင်လား ။ သမိုင်းမီတာကောက်တဲ့ရုံးမှာသွားမေးလိုက်အုံး ။ဗိုလ်ချုပ်ကြီးတွေအိမ်ကဆောင်ထားတာတွေ..ရှစ်မိုင်ရုံးသွားမေးပါအုံး ။
လှိုင်မြင့်
ဒေါ်စု အင်္ဂလန်မှာနေတုံးက အင်္ဂလိပ်အစိုးရနဲ့ မြန်မာအစိုးရ ဘယ်အစိုးရကို အခွန်ပေးလဲ သိကျပါသလား။ နောက်ပြီးတော့ ဒေါ်စုရတဲ့ဆုတွေက ဒေါ်လာတွေနော်။ ကျပ်ဖြစ်သွားအောင် ဒေါ်စု ဘယ်လိုလုပ်လဲ ဟင်? ဟွန်ဒီလား ?
ReplyDeleteဒေါ်စုတို့ တေဇတို့ အခွန်ဘယ်လိုဆောင်ကြလဲတော့မသိ။ ကျုပ်ကတော့ တစ်လကို SGD 80 ဆောင်ရပါတယ်။ ကျုပ်ရဲ့တစ်နှစ်ဝင်ငွေ ၂၀၀၀၀ မကျော်တာကြောင့် Singapore အစိုးရကိုဆောင်စရာမလိုသော်လည်း ဗမာအစိုးရကိုတော့ မပေးလို့မရ။ တစ်ချို့ဆိုရင် Spass သာကိုင်ထားပေမယ့် တစ်လကို ၈၀၀ လောက်ပဲရပါတယ်။ ဒါလည်း ၈၀ ပါပဲ။ ကိုယ်ဘာသာ လေယဉ်လက်မှတ်ဝယ်၊ ကိုယ်ဘာသာအလုပ်ရှာ၊ ဘာမှအထောက်အပံမပေးသူတွေကို အခွန်တော်ဆက်၊ ကောင်းလှချည်သေးဗျား။ ၃ နှစ်တစ်ခါ Passport သက်တမ်းတိုးခါနီး ဟိုကချေး ဒီကငှားနဲ့ အခွန်ဆောင်ရပါတယ်။
ReplyDeleteတောက်......ကောင်းလိုက်ကြတာ.. အခွန်ကိစ္စကတော့ ရေးချင်လှသဗျာ ငါတို့လည်း အခွန်ဆောင်နေကြရတာ 10% ။ အချက်အလက်တွေစုစည်းပီးမှ ရေးတင်လိုက်ဦးမယ် ကိုဒီမိုရေ။ အလုပ်ထွက်လို့ အခွန်ဆောင်ထားတဲ့ စာရင်းကြည့်လိုက်မှ ကိုယ်ဆောင်ထားတဲ့ ၀င်ငွေခွန်နဲ့ ကိုယ်စုစောင်းထားတာ ဘာမှမဆိုင်သလိုပဲ။ ငါဆောင်ထားတာမှ ဟုတ်ပါလေစ။ အလုပ်လုပ်ခဲ့တဲ့ တလျှောက်လုံးလည်း လစာနဲ့အကြွေးနဲ့ ပတ်လည်ရိုက်နေတာပါပဲ။ အဲဒီဆောင်ထားသမျှဝင်ငွေခွန်က သူဌေးတောင်ဖြစ်နိုင်တယ်..စီးပွားရေး တခုဖန်တီးနိုင်သဗျ.. ဆောင်ဆိုလည်း ဆောင်ရတာပေါ့။ အင်း ဆောင်နေရတာပါပဲ။ ဒါပေမယ့် ငါတို့ကျတော့ ဆောင်ပီး သူတို့ကျတော့ မဆောင်ဘူး...အော် အခွင့်ထူးခံများ.. ငရဲပြည်ရောက်မှ အခွင့်ထူးခံအနေနဲ့ အခွန်မဆောင်ရတဲ့ အိုးထဲထည့်ခံရမယ်.. အခွန်ဆောင်မှ လွတ်မယ်ဆိုတောင် ဆောင်သေးဦးမှာ မဟုတ်ပါဘူး.. လှိမ့်ပိန့်သာခံနေမှာ..
ReplyDeleteကေတီတီ
ပိုင်ဆိုင်မှုကြေငြာဖို့တောင်းတဲ့ကိစ္စကလုပ်သင့်တာကြာပြီ။တလောကရန်ကုန်
ReplyDeleteတိုင်းမှုးကိုဖြုပ်လိုက်ရတာကသူ့မှာအိမ်အလုးံတရာကျော်မိလို့။
ရှေ့တန်းရောက်တပ်မတော်သားတွေသိအောင်လို့ပြောပေးကြပါအုးံ၊နောက်
တန်းမှာဘာတွေဖြစ်နေတယ်ဆိုတာ။
Every year I pay tax SGD120 per month to Myanmar Embassy,Do they have any record or not, how many people are pay tax how much and where using this dollar?
ReplyDeleteဒီမှာ အလုပ်မလုပ်ဘဲ ခင်ပွန်းကို မှီခို နေရတဲ့သူလည်း ကိုယ်ရောက်ရှိ နေထိုင်တဲ့ နိုင်ငံရဲ့ အနိမ့်ဆုံးဝင်ငွေရဲ့ 10%ကို လတိုင်းအတွက် အခွန်ဆောင်နေရပါတယ်။ တရားကြပါသလား၊ အခွန် 10% မပေးဘူးဆိုရင် passport သက်တမ်း မတိုးပေးပါဘူးတဲ့။ မရှိမဲ့ ရှိမဲ့လေးတွေ passport သက်တမ်းတိုးတိုင်း ဆောင်ပေတော့ဘဲ။ အားလုံး သိအောင်ပါ။
ReplyDeleteအပေါ်က ထမင်းစားပီး ခွေးစကားပြောတဲ့ နွားလေးတွေ၊ မင်းတို့ စားနေတဲ့ ထမင်းလုပ်၊ ကျောင်းလခတွေ ဘယ်ကရတယ်ဆိုတာ သဘောပေါက်သင့်တယ်နော်။ မင်းတို့ကတော့ နောင်သံသရာထိ လိုက်ဆပ်ရဖို့ မြင်တယ်။ ကျေးဇူးများများကန်း..
ReplyDeleteအပေါ်ကနွားတွေကတော့လေ ... ကျွန်တော်တို့ စကာင်္ပူမှာနေသူတွေက မြန်မာ တစ်သိန်းရှိတယ်ထား .. Work Permit က SGD 40, S Pass က SGD 80, PR တွေက SGD 120 ပျမ်းမျဆို တစ်လ တစ်ယောက် SGD 80 လောက်ပေါ့ ဆိုတော့ တစ်လ အခွန် SGD ၈ သန်းရတာနော် ... အခုပေါက်ဈေး 1 SGD 650 Ks နဲ့ဆို တစ်ယောက် တစ်လ ကျပ် 52000 ဆိုတော့ လစာ 120000 ရ စစ်ဗိုလ်တစ်ကောင်ကို စကာင်္ပူရောက် မြန်မာနှစ်ယောက်က ကုန်းရုံးလုပ်ပြီး လစာပေးနေတာမဟုတ်ဖူးလို့ငြင်းချင်သေးလား ... စကာင်္ပူမှာ မြန်မာ ၃ သိန်းလောက်ရှိမယ်ထင်တယ် ဆိုတော့ သောက်သုံးမကျ ကျေးဇူးကန်းတဲ့ စစ်ဗိုလ် တစ်သိန်းခွဲလောက်ကို ကျုပ်တို့တွေ လစာပေးထားရတာ .. ထွီ ရွံ့စရာကြီး ...
ReplyDeleteအပေါ်က ငဖါးလေးတွေ..မကြာခင်လတ်စားတာတွေ တဖြေးဖြေးကျပ်လာရင်မင်းတို့ ဟိုလူနဲ့ သိလို့ လုပ်စားရိုက်စားဂွင်လေးတွေ ငုတ်သွားတော့မယ်နော်။ ပြည်သူလူထု အပေါင်းကနေပြီး နိုင်ငံရေးပါတီတွေအမတ်တွေကို လတ်စားမှုတိုက်ဖျက်ရေးအမြန်ဆုံးလုပ်လာအောင်..နဲ့  တဆက်ထဲ အမတ်/အာဏာရှိသူတွေ-တရားဝင်ပိုင်ဆိုင်မှုကိုထုတ်ပြန်ကြေငြာရေးအတွက်လက်မှတ်ထိုးကမ်းပိန်းလုပ်ပြီးအမတ်တွေဆီကိုတင်ကြပါ ။ဘာဥပဒေနဲ့ မှအရေးယူလို့ မရတဲ့ကိစ္စပါ။ အဲဒွဒီအကောင်တွေကို အင်တာနက်ပေါ်ကလော်တုတ်နေရတာထက် လက်တွေ့  ပါးစပ်ပေါက်ပိတ်ရိုက်တာပါဘဲ။သူတို့ ပြောနေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ..စည်းကမ်းပြည့်လာအောင် ၀ိုင်းကူကြရအောင် ။
ReplyDeleteနောက်အာဆီယံကိုလဲ သိန်းစိန်အစိုးရဟာ ပြည်ပအလုပ်သမားတွေကို ( အခွန်နစ်ထပ်ကောက်နေတာ ) အာဆီယံ နဲ့ သဘောတူညီချက်ကိုချိုးဖေါက်နေတာမို့  အာဆီယံ ဥက္ကဌ မပေးရေး ၀ိုင်းတောင်းဆိုသင့်ပါတယ်။ ကျွန်လိုလုပ်နေရသူတွေဆီကအခွန်ကောက်နေတဲ့ ကျွန်ခွန်စားနေရတဲ့အစိုးရဟာ အာဆီယံဥက္ကဌ နဲ့  လုံးဝမတန်ပါဘူး ။