
ယနေ့ နေပြည်တော် စီပွားရေးအလုပ်ရုံဆွေးနွေးပွဲရဲ့ ရှေ့ဆုံးမှာ မြင်တွေ့ရတဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...။
အနောက်မှာ ထိုင်နေသူကတော့ ဇေကမ္ဘာဦးခင်ရွှေပါ...
ဓာတ်ပုံများအောက်မှာ ဆက်လက်ကြည့်ရှုပါရန်...
အများပြည်သူတွေ မျှော်လင့်နေတဲ့ ကြယ်တွေဆုံမယ့်ညကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်...
ဓာတ်ပုံ AP..









ဒါမျိုးပုံလေးတွေ အမြဲတမ်းတွေ့ချင်ပါတယ်
ReplyDeleteရင်ထဲမှာ ငြိမ်းချမ်းလွန်းလို့ပါ အမြဲတွေ့ချင် မြင်ချင်ပါတယ်
ReplyDeleteရင်ထဲကို ကြည်နှုးသွားတာဘဲ .. လူထုခေါင်းဆောင် ဆိုတာ မြင်ယုံနဲ့ မေတ္တာဓာတ်တွေ ပွားများမိပါတယ် ...ဒါကမှ တကယ့် လူထုခေါင်းဆောင် အစစ်ပါဗျာ ..
ReplyDeleteI hope...all of the peoples are happy & welcome forever...
ReplyDeleteThere are still need to be release Ko Min Ko Naing, Zaganar, Ko Ko Gyi, Khwan Tun Oo..etc..., and all of prisoner, Those people are also power for our country..Now they meet and on the other hand, they are arrange Ko Nay Myo Zin to put jail..How about that? Don't forget it?
ReplyDeletewe can do.
ReplyDeleteမြင်ရတာဝမ်းသာလွန်းလို့... ရင်ထဲမှာကြည်နူးလွန်လို့...... မျက်ရည်များတောင်လည်မိတယ်ဗျာ.....
ReplyDeleteအမေစုကို အဲလိုနေရာမျိုးမှာ အမြဲမြင်ချင်တယ်ဗျာ...
ReplyDeleteဒါပေမယ့် ဒီအစိုးရနဲ့ စစ်တပ်ကို ကျွန်တော်အယုံအကြည် လုံးဝမရှိဘူးဗျာ...
ဟိုအရင်ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွှန့်တို့နဲ့ အကြိမ်များစွာ..တွေ့ပြီးထဲ က အမေစုရဲ့မျက်နှာကိုစာလိုဖတ်တတ်ခဲ့တယ်..ခုလဲဗိုလ်သိန်းစိန်နဲ့တွေ့ပြီးတဲ့ အမေ့ရဲ့မျက်နှာမှာ..သူတို့ က..မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ်ပြီး....ဆိုတဲ့စကားလုံးတွေနဲ့ .နိုင်ငံရေး အကျဉ်းသား..ပြည်တွင်းစစ်...၉၀ ရွေးကောက်ပွဲရလဒ်...ပါတီရပ်တည်ခွင့်...စတာတွေကိုချေမှုန်းနေလို့...အမေခံပြင်းနေတယ်လို့ထင်မိတာ က ကျွန်တော် အထင်မှားတာသာ ဖြစ်ပါစေ..ပြဇတ်တစ်ပုဒ်ဆက်တင်ပြင်ထားသလိုဘဲ...ဖခင်ဗိုလ်ချုပ်ပုံ က...ဦးသိန်းစိန်ရုံးခန်းထဲမှာ နေ့ချင်းညချင်းများ ချိတ်ဆွဲလိုက်တာ..နိုင်ငံခြားဧည့်သည်တော်တွေလာတုံးက မတွေ့မိပါဗျား..ဦးသိန်းစိန် အာဇာနည်နေ့ က ဘာတွေအလုပ်ရူပ်နေပါလိမ့်
ReplyDeleteကျေနပ်လိုက်ပါ
ReplyDeleteအများကြီးမျှော်လင့်လို့မရသလို အကုန်လုံးကိုလည်းတစ်ချိန်ထဲပြီးပြတ်အောင်လုပ်လို့မှမရတာ အချိန်ပေးကြည့်တာပေါ့ အရင်ကထက်တော့အများကြီးတိုးတက်လာတာလက်ခံရမှာပါ
စစ်အုပ်စုရဲ့ တကောင်ကြွေးပြီး နှစ်ကောင်ပြန်စားတဲ့ရွေ့ ကွက်၊
ReplyDeleteကစားကွက်တွေအောက်မှာ မတွေဝေကြပါနဲ့ ။
တကမ္ဘာလုံးနဲ့ တတိုင်းပြည်လုံးက လေးစားချစ်ခင်တဲ့
ဒေါ်စုရဲ့ခေါင်းဆောင်မှုအောက်မှာ စုရုံးကြပါ။
လေးစားစွာဖြင့် -
စိန်မောင်မောင်အေးမျင့်
မြင်ရတာဝမ်းသာလွန်းလို့... ရင်ထဲမှာကြည်နူးလွန်လို့...... မျက်ရည်များတောင်ကျမိပါတယ်..ပြည်သူအားလုံးရဲ့ထွက်ပေါက်ဟာအမေစုပါပဲ..လွပ်လပ်ရေးဖခင်ကြီးဗိုလ်ချူပ်အောင်ဆန်းကိုအစားပြန်ရသလိုပါပဲ...ထာဝရဒီအတိုင်းဖြစ်ပါစေ..
ReplyDeleteသမတကြီးတို့ခင်ဗျာ။လုပ်ကြပါ အမြန်ဆုံးအကောင်အထည်ဖေါကြပါ။ပြောလည်းပြော လက်တွေ့လဲလုပ်ကြပါ မြန်နိုင်သမျှမြန်အောင်လုပ်ပေးကြပါ တောင်းပန်ပါတယ် ကို့ပြည်ကို့မြေပေါမှာပဲအလုပ် လုပ်ချင်လှပါပြီ။ကျေးဇူးတင်ပါသည်။
ReplyDeleteဒေါ်စုကို ဒီနေရာမှာ မြင်ရလို့် အားရ၀မ်းသာသွားသလောက်၊ နောက်ကထိုင် နေတဲ့ ခင်ရွှေကို ကြည့်ပြီး ခံပြင်းမိတယ်။ ဒီကောင် စီးပွားရေး ပညာရှင် မဟုတ်ဘူး၊ စိုင်ကော်လို့ ခြုံပေါ်မက လွှတ်တော်ထဲအထိပါ ရောက်လာတဲ့ သူ။ မထင်မရှား ဆင်းရဲတဲ့မိဘမျိုးရိုးကနေ ပညာ စက်မှုအထက်တန်းထိသာ အောင်သူ။ ရှစ်လေးလုံး ဖြစ်ချိန်ထိ သူမှာ ဟုတ်တိပတ်တိ ဘာမှ ပိုင်ဆိုင်မှု မရှိသေးဘူး။ အရပ်သားပေမယ့် စစ်တပ်က အိမ်ယာတွေကို ပန်းရံဆရာ၊ လက်သမားဆရာနဲ့ အတူလက်တွဲပြီး အလုပ်ကြပ်အနေနဲ့ လုပ်ရသူ။ သူ့ကို အလုပ်ခိုင်းတဲ့ သူ့ဆရာတွေ (ကျနော့်အဖေအပါအ၀င် GTI အဆင့် အင်ဂျင်နီယာတွေကို) သီတင်းကျွတ်ရင် အိမ်မှာ လိုက်ကတော့တဲ့ အဆင့်ပဲ ရှိသေးတယ်၊ အရေးအခင်းပြီး ခင်ညွန့်ရဲ့တည်ဆောက်ပြုပြင် ထုံးသုတ်တဲ့ စီမံကိန်းမှာ ခင်ညွန့် မျက်စိကျအောင်လုပ်ပြ၊ ခင်ညွှန့်တို့လောကထဲ ၀င်သွားတယ်။ ခင်ညွန့်နဲ့ န၀တအကျိုးဆောင်ပေးပြီး၊ ခင်ညွန့်မပြုတ်ခင် သူ့ သမီးနဲ့ ကျန်းမာရေးမကောင်းတဲ့ ရွှေမန်း သားနဲ့အကြံကြီးစွာ ပေးစားပြီး ဒီလိုနေရာမျိုးထိ ရောက်လာသူ။ ဒီလိုနေရာမျိုးကို ဒီလိုကောင်မျိုး တွေ အစား ဒေါ်စုနဲ့ ပြည်သူ့အကျိုးပြု စီးပွားရေးပညာရှင်၊ တတ်သိပညာရှင်တွေသာ လွန်ခဲ့တဲ့ ၂၂နှစ်လောက် ကထဲက ရောက်နေခဲ့မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ….
ReplyDeleteဟုတ်ကဲ့၊စောင့်ကြည့်လိုက်ပါ။
ReplyDeleteဒီအစိုး၇အာဆီယံဥက္ကဋ္ဌဖြစ်ပြီးတဲ့နေ့အထိပေါ့။
သိန်းစိန်ဟာ၇ုပ်သေး၇ုပ်ပါ။
သူ့သဘောနဲ့သူဘာမှလုပ်လို့မ၇ပါဘူး။
ဟုတ်ကဲ့စောင့်ကြည့်လိုက်ပါ။
ReplyDeleteဒီအစိုး၇အာဆီယံဥက္ကဋ္ဌဖြစ်ပြီးတဲ့နေ့အထိပေါ့။သိန်းစိန်ဟာ၇ုပ်သေး၇ုပ်ပါ။
သူ့သဘောနဲ့သူဘာမှလုပ်လို့မ၇ပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မျိုးမှာ အကျယ်ချုပ်နဲ့လေ။ဒီနှစ်မှာတော့ သမ္မတနဲ့ တွေ့နေရတယ်။ ကြက်ဥနှစ်ရောင်တိမ်တောင်သဖွယ် မင်းရေးကျယ်၏။ တဲ့
ReplyDeleteLet's be careful of trick of wicked Junta ..because they have don since 1962.. !
ReplyDelete