Pages

Saturday, August 27, 2011

၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ဗိုလ်သန်းရွှေ၏ သားမက် ကောင်စစ်ဝန် ဇော်ဖြိုးဝင်းရဲ့ သံရုံးဧည့်ခန်းဆောင်မှာ တွေ့ရတဲ့ အာဏာရှင်ကြီး ဓာတ်ပုံ..

 ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့ နေ့လည်ပိုင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ယူနန်ပြည်နယ် တက္ကသိုလ်မှ ဒုကျောင်းအုပ်နဲ့ အဖွဲ့မှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေသားမက် သန္တာရွှေရဲ့ခင်ပွန်း ဦးဇော်ဖြိုးဝင်းအား လာရောက် တွေ့ဆုံခဲ့ပါတယ်...။

ကဲဆက်ကြည့်ရအောင်..

ဆွေးနွေးတာတွေကတော့ ယူနန်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ လာရောက်ပညာသင်ယူဖို့ကိစ္စနဲ့ အပြန်အလှန် တက္ကသိုလ်ပညာရေးစံနစ်တွေ လေ့လာဘို့ဆွေးနွေးခဲ့ကြပါတယ်..။ ကောင်စစ်ဝန်မှလည်း  မြန်မာကျောင်းသားတွေ တက်ရောက် ပညာသင်ကြားဖို့ စိတ်ဝင်စားကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်..။ ဒါကတပိုင်းပေါ့..။
မြန်မာနိုင်ငံ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲတွေ အပြီးမှာတော့ အရပ်သားအစိုးရ ဖြစ်နေပါပြီလို့ ကမ္ဘာကို ကြေငြာခဲ့ပါတယ်..။ ကြေငြာတာလား ကြေညာတာလားဆိုတာ စဉ်းစားကြည့်ရအောင်..။ ခုတရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ နိုင်ငံတကာ ဧည့်ခန်းမဆောင်မှာ ယခုထိ  ချိတ်ဆွဲထားတဲ့  ပြီးခဲ့တဲ့လ ၂၅ရက်နေ့က ပူပူနွေးနွေး ဓာတ်ပုံလေး ကြည့်ကြရအောင်..။ ယခင်အာဏာရှင်ကြီး ဗိုလ်သန်းရွှေရဲ့ ဓာတ်ပုံကို ယခုထက်ထိ ချိတ်ဆွဲထားတာကို မြင်တွေ့ရမှာပါ..။ အရပ်သားအစိုးရ ဆြိုပီး ပြောင်းတာ (၅)လပြည့်ပါတော့မယ်..။ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင်ဟာ သမ္မတဖြစ်တယ်လို့ ဆိုပါတယ်...။ ကဲဟုတ်ပြီ ဒါဆို သံရုံးဆိုတာ နိုင်ငံတကာရဲ့ ပြယုဂ်လို့ မြင်ပါတယ်...။ ဒီတော့ ဧည့်ခန်းဆောင်မှာ သမ္မတကြီးဦးသိန်းစိန်ပုံ မဖြစ်သင့်ဘူးလား...။

မေးခွန်းထုတ်ရပါတော့မယ်...။ လက်ရှိမြန်မာနိုင်ငံရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဟာ ဘယ်သူပါလဲ..။ ယခင်တပ်ချုပ်ကြီးသန်းရွှေလား၊ သမ္မတကြီးဦးသိန်းစိန်လား...။ တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဟာ  သမ္မတကြီးဦးသိန်းစိန်ဆိုရင် သမ္မတကြီးပုံထားပေါ့ ခုတော့ မြင်ရတဲ့အတိုင်း.. ဘာသဘောလဲဗျာ...။ ဒါဆိုရင် လွှတ်တော်ထဲက  နိုင်ငံရေးပါတီတွေက အမတ်မင်းတွေလည်း နေ့စဉ်နေ့တိုင်း အဏာရှင်ကြီးဦးသန်းရွှေကို ဦးထိပ်ထားနေရသလို ဖြစ်မနေဘူးလားဗျာ....။ တရုတ်သံရုံးဆိုတာ မြန်မာပြည်ရဲ့ အင်မတန် အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ နေရာပါ...။ 

သမ္မတကြီးဦးသိန်းစိန် အနေနဲ့လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က ရုံးခန်းမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို အပြေးအလွှား  အချိန်နီးမှ ကပ်ပြပြီး အော်ချက် လုပ်မနေပါနဲ့ဗျာ...။ ဗိုလ်သန်းရွှေပုံပဲ ကပ်ထားလိုက်ပေါ့...။ အတုအယောင် ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်တွေ အနေနဲ့လည်း မိမိတို့ ဘယ်သူအကျိုးကို ထမ်းရွက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်ကြပါဦး။ စိတ်တော့မဆိုးပါနဲ့ ရိုင်းတယ်ဆို ခွင့်လွှတ်ပါ.. ဂျိုစောင်းလေးတော့ နည်းနည်းလေး ပွတ်ကြည့်လိုက်ကြပါဦး။ ကဲယခုလက်ရှိတိုင်းပြည်မှာ ဘယ်သူအာဏာအရှိဆုံး ဆိုတာ သဘောပေါက်လောက်ပါပြီ။ တိုင်းပြည်မှာ ယနေ့လက်ရှိ အရေးကြီးနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဧရာဝတီမြစ်ဆုံဆည်အရေး စတဲ့ပြဿနာပေါင်းစုံဟာ ဘယ်သူ့အပေါ်မှာ တာဝန်ရှိလည်း စဉ်းစားတွေးခေါ်ကြည့်ကြပါ..။ 

ဒီဓာတ်ပုံတွေကို ဘာညာဆိုပြီး ငိုကျော်ဆန်းတို့ မုန်လာဥတော့ လာမလုပ်ပါနဲ့ဗျာ...။ အထောက်အထား အခိုင်အလုံရှိပါတယ်..။ ကဲကျွန်တော်တို့ အားလုံးလည်း မျက်စိလေးတွေ များများဖွင့်၊ နားလေးတွေ နည်းနည်းစိုက်ပြီး ပြည်တွင်းက အခြေအနေတွေ မျက်လုံးလေးဖွင့် နားလေးစွင့်ပြီး ဆက်လက် နားထောင် ကြည့်ကြတာပေါ.။ လောလောဆယ်တော့ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပါပဲ။ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံးအား အာဏာပိုင်များမှ ရိုးသားစွာပဲ အဖြေထုတ်စေချင်ကြောင်း၊ ရိုးသားမှုကိုပဲ အခြေခံသင့်ပါကြောင်း၊ တာဝန်သိ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ရိုးသားစွာ တောင်းဆိုအပ်ပါတယ်...။

ဒီမိုဝေယံ
ဒါကတော့ ၂၀၁၀ ဖေဖော်ဝါရီလက မြင်ကွင်း
၂၀၁၀ခုနှစ် စက်တင်ဘာလက အာဏာရှင်ကြီးရဲ့ တရုတ်ပြည် နောက်ဆုံးခရီး.. ဟိုးဘက်အနောက်မှာ ရပ်စကားပြောနေတာကတော့ ဗိုလ်ရွှေမန်းပါ...

16 comments:

  1. မအေ--ိုးသန်းရွှေ.August 27, 2011 at 6:33 PM

    ဒီအတိုင်းဆို..သိန်းစိန်လူလိမ်ပဲပေါ့..အမေစုတို့ကတော့ "အ" ပါ့ကွာ.အလိမ်ခံထိပြန်ပီတစ်ခါ..အမေစုကိုဘာတွေပြောတယ်ဆိုတာလူထုကိုဖွင့်မပြောခိုင်းတာလဲ.လိမ်တာသိမှာစိုးလို့ဘဲ.အဖြေကလဲရှင်းနေတာပဲ..

    ReplyDelete
  2. Tiger will not be pray never ever, stupid people who are believe it..

    ReplyDelete
  3. အရပ်သားအစိုးရ အယောင်ဆောင် ကလိမ်ကကျစ်ကောင်တွေရဲ့ အလိမ် ပေါ်လာတာပါAugust 27, 2011 at 7:03 PM

    (( လက်ရှိမြန်မာနိုင်ငံရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဟာ ဘယ်သူပါလဲ..။ ယခင်တပ်ချုပ်ကြီးသန်းရွှေလား၊ သမ္မတကြီးဦးသိန်းစိန်လား...။ တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဟာ သမ္မတကြီးဦးသိန်းစိန်ဆိုရင် သမ္မတကြီးပုံထားပေါ့ ခုတော့ မြင်ရတဲ့အတိုင်း.. ဘာသဘောလဲဗျာ...။ ))
    လို့ ကိုဒီမိုက ရေးထားတယ်။


    ကိုဒီမိုရေ

    ဘာသဘောလဲ လို့ မေးနေစရာတောင် မလိုတော့ပါဘူး။ အဖြေက ရှင်းနေပြီးသားပါ။

    လိမ်တဲ့သဘော ဆိုတာ ဗူးပေါ်သလို ပေါ်လာတာပါ။

    အရပ်သားအစိုးရ အယောင်ဆောင် ကလိမ်ကကျစ်ကောင်တွေရဲ့ အလိမ် ပေါ်လာတာပါ။

    ReplyDelete
  4. ဒီမို ချစ်သူAugust 27, 2011 at 11:39 PM

    ကိုဒီမိုကတော့ မပိုင်ရင် မလုပ်ဘူး။
    လုံးဝ အတိအကျဘဲ။
    သန်းရွှေ ဓါတ်ပုံကြီး ချိတ်ထားတာကို ထုတ်ပြပြီး ပြောင်ကြီးဟာ ရုပ်သေးရုပ် ဆိုတာ ဖော်ထုတ်လိုက်ပြန်ပြီ။

    ReplyDelete
  5. ဒါဆို နောက်ကွယ်မှာ သန်းရွှေဆိုတဲ့ ကောင် ရှိတယ်ဆိုတာ ကို ခိုင်ခိုင်လုံလုံ သက်သေပြ လိုက်တာပေါ့။ ဒီထက်ရှင်းတာတောင် ဒီ့ထက်မရှင်းဘူး ဆိုတာလို ဖြစ်နေပြီ။ သံရုံးတွေ မှာ ဘယ်သူ့ ပုံကို အခုချိတ်ထားလည်း ဆိုတာ သေချာလေ့လာသင့် ပါပြီ။ အစိုးရပြောသရွေ့ မယုံတာ မယုံတဲ့သူတွေရဲ့ အပြစ်လား။ ရှေ့ ကဖုန်းပြီး နောက်က ပေါ်ဆိုတာ မြန်မာအစိုးရ အဆက်ဆက်ရဲ့  ဓလေ့ပါဘဲ။

    ReplyDelete
  6. ညီအစ်ကိုတို့...ခွေး ကို နာမည်မျိုးစုံအောင်ပေးသလိုပေါ့။ ဆိုပါစို့...ဂုတ်ကျား ကို အောင်နက် လို့ပြောင်းချင်ပြောင်းမယ်...... ငနီ လို့ပြောင်းချင်ပြောင်းမယ်...အခေါ်အဝေါ်ပညတ်တခုသာပြောင်းသွားတာ.....ပရမတ် က ပြောင်းလို့မရဘူး...ခွေး က ခွေး ဘဲလေဗျာ။

    ReplyDelete
  7. မျိုးဆက်သစ်လူငယ်August 28, 2011 at 4:10 AM

    သန်းရွှေ၊ မောင်အေး၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ရွှေမန်း၊ မင်းအောင်လှိုင်၊ .........................

    ဒီကောင်တွေ အားလုံးဟာ လူသတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေ၊ သူခိုးတွေ၊ လူလိမ်တွေပါ။

    အရင်က အဲဒီ လူသတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေ၊ သူခိုးတွေ၊ လူလိမ်တွေက စစ်ယူနီဖောင်း ဝတ်ပြီး စစ်ခေါင်းဆောင်တွေ ဆိုပြီး နာမည်ခံထားတယ်။ အခုတော့ ချိတ်ထမိန် ဝတ်ပြီး အရပ်သားအစိုးရ အဖြစ် နာမည်ခံထားတယ်။

    စစ်ယူနီဖောင်းဘဲ ဝတ်ဝတ်၊ ချိတ်ထမိန်ဘဲ ဝတ်ဝတ် လူသတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေ၊ သူခိုးတွေ၊ လူလိမ်တွေဟာ ဖြောင့်မတ်မှန်ကန်တဲ့၊ ယုံကြည်ထိုက်တဲ့ လူကောင်းတွေ ဖြစ်မသွားပါဘူး။ ရာဇဝတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေဘဲ ဖြစ်နေဆဲပါ။

    ၁၉၈၈ မှာတုန်းက နေဝင်းက တရားဝင်ရာထူးတွေ အားလုံးကနေ အထွက်ပြပြီး နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်။ (နောက်တော့မှသာ နေဝင်း မွေးတဲ့ မျောက် သန်းရွှေက နေဝင်းကို ပြန်ခြောက်တာ။)

    အခုလည်း
    သန်းရွှေက နေဝင်း နည်းလမ်းအတိုင်း နောက်ကွယ်ကနေ ကြိုးကိုင်နေတုန်းပါ။

    အဲဒီတော့ နှစ် ၅ဝ လုံးလုံး နည်းလမ်းပေါင်းစုံ သုံးပြီး ပြည်သူတွေကိုရော၊ နိုင်ငံတကာကိုပါ လိမ်လာတဲ့ လူသတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေ၊ သူခိုးတွေ၊ လူလိမ်တွေရဲ့ ကလိမ်စေ့ငြမ်းဆင် အကွက်တွေကို အလိမ်ကို အလိမ်အတိုင်း၊ အမှန်ကို အမှန်အတိုင်း သိမြင်ဖို့ လိုပါတယ်။

    အဲဒီ လူသတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေ၊ သူခိုးတွေ၊ လူလိမ်တွေ အားလုံးကို အမြစ်ပါ မကျန် ရှင်းပစ်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုတာ မြန်မာနိုင်ငံမှာ ထွန်းကားလာနိုင်မယ် ဆိုတဲ့ တော်လှန်ရေးသတိကို မလွတ်ပါစေနဲ့။

    ReplyDelete
  8. သိန်းစိန်ဟာ ရုပ်သေးရုပ် လို လူစားမျိုး ဆိုတာ နဂို ကတဲ ကရှင်းနေပြီးသား။ ဘာမှ အံ့သြ မနေကြနဲ့။ သိန်းစိန် ဘယ်လိုလူ ဆိုတာ သိလို့ သန်းရွှေက သူ့ကို သမတ လုပ်ခိုင်းထားတာ။ သန်းရွှေ ဟာ သိန်းစိန် ကိုဘယ်လိုကြိုးကိုင်ရမယ် ဆိုတာ ကောင်းကောင်းသိတယ်။ သိန်းစိန်ဟာ သန်းရွှေ ကို ရဲရဲတောင် ကြည့်ရဲတဲ့ လူစားမျိုး မဟုတ်ဘူး။ အဲသလို လူကြောက် လူညံ့ လူငတုံးကို လူအမြင် ကောင်းအောင် သန်းရွှေက သမတ လုပ်ခိုင်းထားပြီး တရုပ်ပြည်က ဗမာ သံရုံးမှာ သူ့ဓါတ်ပုံချိတ်ခိုင်းထားတယ် သားမက် သံမှုးဆိုသူက ခပ်တည်တည် ခပ်ပြောင်ပြောင် သောက်ရှက်မရှိ လုပ်ချင်ရာ လုပ်နေတာ ရှင်းနေတာပဲ။ ယိုသူမရှက် မြင်သူရှက် ဆိုတာ ဒါမျိုးပေါ့။ သန်းရွှေ မိသားစုဟာ သောက်ရှက်မဲ့ တဲ့နေရာ မှာ တော့ နံပတ် ၁ ပဲဗျို့။

    ReplyDelete
  9. ကျနော့ကို တခုလောက်ပြောခွင့်ပြုပါ။ လက်ရှိပုံတွေအရ သန်းရွှေရဲ့သြဇာ အာဏာမကုန်သေးဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမေစု 'အ' တာတော့မဖြစ်နိုင်ပါဘူး။ အမေ့အသက် ၆၆ နှစ်ကျော်ပါပြီ။ နိုင်ငံရေးသက် ၂၀ ကျော်ပါပြီ။ တချို့ကိစ္စတွေဟာ အခုအချိန်မှာ အကောင်အထည်မပေါ်လာနိုင်သေးတာ ရာနှုန်းပြည်လက်ခံပါတယ်။ ကျနော်ပြောချင်တာက သရက်ပင်စိုက်တဲ့ အဖိုးအို ပုံပြင်လို၊ ချဉ်ပေါင်ပင်လဲစိုက် ကျွန်းပင်လဲစိုက် ဆိုတဲ့စကားပုံလို တချို့ကိစ္စတွေကိုချဉ်းကပ်တဲ့နေရာမှာ ရှေ့အလားအလာကိုစဉ်းစားပြီး သိပေမယ့် မပြောသင့်တာတွေ မပြောတာပါ။ သန်းရွှေ အခု ၈၀ ကျော်ပါပြီ။ နောက်တခုက သိပ်မကြာခင်ရက်ထဲက သန်းရွှေရဲ့ PA ကို စရဖ ဥက္ကဌ ခန့်တယ်။ အခုနောက်ဆုံး လွှတ်တော်ထဲမှာနိုင်ငံရေးအကျဉ်းသားကိစ္စ ပြောလာတော့ တမတ်သား အမတ်တွေကပါ ထောက်ခံဆွေးနွေးတယ်။ ဒါပေမယ့် တဖက်မှာ အောက်ခြေလက်တွေ့မှာ ဖိနှိပ်မှုတွေမလျှော့သေးဘူး။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင် ၁၀ နှစ်ချလိုက်တယ်။ အခြေခံစားကုန်တွေ ဈေးမကျဘူး ပြည်သူတွေ အခက်အခဲတွေ မလျှော့ကျလာသေးဘူး။ ဒါတွေဟာ သန်းရွှေ အနောက်မှာ ရှိနေနိုင်သေးတယ်။ နိုင်ငံရေးကစားပွဲ အကွက်ရွှေ့နေနိုင်သေးတယ်ဆိုတာ အများကြီးဖြစ်နိုင်ပါတယ်။ ကျနော်တို့ ခင်ဗျားတို့လို နိုင်ငံရေးချာတိတ်တွေတောင်သိရင် ထောင်ဂျိုးတက်နေတဲ့ ဘဘဦးဝင်တင်နဲ့ NLD အဖွဲ့ဝင် နိုင်ငံရေးဂရုကြီးတွေ မသိဘူးဆိုတာ ကျနော်မယုံပါဘူး။ ဒါဖြင့် ဘာလို့ဒီလမ်းဆက်လျှောက်နေတာလဲ လို့မေးရင် NLD နဲ့ အမေစုရဲ့စိတ်ထဲမှာ ပြည်သူတွေပဲရှိပါတယ်။ သူတို့တွေအတွက်ဆိုတာ မရှိပါဘူး။ အမေရိကားမှာ အိုဘားမားမရှိလို့ဘာမှမဖြစ်ပါဘူး။ သူ့လိုသမ္မတတွေ ပေါ်လာနိုင်သေးတယ်။ အမေစု၊ ကိုမင်းကိုနိုင်နဲ့ တကယ့်ပြည်သူကိုချစ်တဲ့ ပြည်သူကချစ်တဲ့ နိုင်ငံရေးသမားကြီးတွေရဲ့စိတ်ထဲမှာလဲ ကျနော်တို့ ဗမာပြည်ကို အဲ့လိုမြင်ချင်လို့ အနစ်နာခံလုပ်နေတယ်ဆိုတာ နားလည်ပါ။ ကျနော်တို့က သူတို့ရှိနေတာလောက်ပဲမြင်လို့ပါ။ သူတို့က သူတို့မရှိရင်ဆိုတာအထိပါ စဉ်းစားတယ်ဆိုတာ မြင်စေချင်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမေစုကို ဝန်းရံကြရအောင်ပါ။ လိုက်ကန့်ကွက်နေတာထက် တညီတညွတ်တည်း အမေစုနဲ့အတူရပ်တည်ကြပါလို့ တောင်းဆိုပါရစေ။

    ReplyDelete
  10. Aye Chan, you are bloody fool. Do you know what you say.I know what you know nothing.Be therefore quiet at the corner of the room.

    ReplyDelete
  11. သန်းရွှေသမီးနံမည်မှာ ( ခင် )ဆိုတာမပါဘူး။ သန္တာရွှေ ဘဲဖြစ်ပါတယ် ။ အိမ်နံမည်က မပေါက် ။ ဆိုးတာကတော့ တိုင်းသူပြည်သားတွေအပေါ် ဗိုလ်ကျချင်သလိုဗိုလ်ကျတဲ့ သန်းရွှေ သားသမီိးတွေအထဲမှာ ဒီကောင်မကို လုံးဝမနိုင်ဘူး ။ ဆိုးသလားမမေးနဲ့။ ခင်ညွှန့် တို့ လူတွေ စစ်တုံးကလဲ သူ့ နံမည်ကို ထောက်လှမ်းတွေကဖေါ်တယ် ။ သူကိုဘယ်လောက်ပေးရပါတယ်ဆိုတာ။ ငတ်တာကလဲလွန်တယ် ငမ်းငမ်းတက်။ တိုင်းမှုးကတော်တွေက သူ့ လာလည်မှာကိုသိပ်ကြောက်ကြရတယ်။ သူလာရင် လက်ညိုးထိုးတာဝယ်ပေးပေတော့။

    အခုတရုတ်ပြည်ကို ပေါက်ပေါက် သွား ။ ဟိုက ဖေါ်ဖေါ် တွေ နဲ့တွဲ ပေါက်ဖေါ် နေကြတော့မှာ ။ မြန်မာပြည်မှာကို သူက တရုတ်တွေမှ ပိုဦးစားပေးပေါင်းတယ်။ ပါးစပ်ကပြောသေးတယ် ။ ဗမာတွေနဲ့ ဆို ဘာမှမလုပ်တာကောင်းတယ်။ အလုပ်မစရသေးဘူး ခိုးဖို့ ဘဲကြည့်နေတယ်တဲ့ ။ အော်မယ်ငတက်ြပားကများ မြန်မာတွေကို သူခိုးဆိုပါ့လားပေါ့ ။ သူတို့ မိသားစုမှာ သူအချမ်းသားဆုံးလို့ ထောက်တွေက ပြောကြတယ်။ ဘီလျှံ နဲ့ကို ချီချမ်းသာတာ။

    အေးပါတယ်ဆိုတဲ့ ဘေးရောက်နေသူ ထွန်းနိုင်ရွှေတောင် နှစ်ဘီလျှံနီးပါးချမ်းသာတယ်လို့  သူအသိုင်းဝိုင်းတွေကနေ သတင်းရထားပါတယ် ။ အဲဒီတော့ မပေါက်က ၃-- ဘီလျှံအထက်သာတွက်ကြည့်ပေတော့ ။

    လှိုင်မြင့်

    ReplyDelete
  12. အာဏာရူးနေတဲ့သူကြီးပဲ..စိတ်ဓာတ်ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး သန်းရွှေက....အာဏာရူးလွန်းလို့ ဘုန်းကြီးတွေတောင် သတ်တဲ့ လူယုတ်မာကြီးပဲ...သိန်းစိန်ကတော့ အရုပ်ပါ..လိုချင်တာရှိလို့ အချိုသပ်နေတာပါ.... ဒါပေမယ့် တို့ရဲ့ အမေစု သူတို့ရဲ့ လိမ်ညာ လှည့်စားတာကို မခံရစေဖို့ သတိပေးကြပါ....ကျိန်းသေတာကတော့ သန်းရွှေတို့အုပ်စုဟာ လူလိမ်အာဏာ ရူးတွေဆိုတာ ပါပဲ....

    ReplyDelete
  13. သန်းရွှေ ဓာတ်ပုံကို မဖြုတ်ကြသေးပါ။
    သန်းရွှေရဲ့ ဓာတ်ပုံတွေက အစိုးရရုံးတွေမှာ ဆက်ရှိနေပါတယ်။


    http://www.irrawaddyblog.com/2011/08/blog-post_5612.html

    ReplyDelete
  14. အဘက "ပင်လုံစာချုပ်ပြပြီး တိုင်းရင်းသားတွေ ခွဲထွက်ရင် ပြည်ထောင်စု ပြိုကွဲမယ်" လို့ ပြည်သူတွေကို ခြောက်ပြီး စစ်တပ်က အာဏာသိမ်း၊ တိုင်းပြည်ရဲ့ စီးပွားရေးကို မောင်ပိုင်စီးပြီး စစ်ဗိုလ်ချမ်းသာရေး လမ်းစဉ်ကို ချမှတ်ပေးခဲ့တဲ့ အဖေကြီး နေဝင်း ရဲ့ နည်းအတိုင်း ပြည်သူ့ငွေတွေကို သွားဖြဲနားဖြဲနဲ့ ဝါးလိုက်၊ ဒီမိုကရေစီရရင် တိုင်းရင်းသားတွေက ပင်လုံစာချုပ်ပြပြီး ခွဲထွက်မှာမို့လို့ ဒီမိုကရေစီကိုဆန့်ကျင်ဖို့ ကယောင်ကတမ်း ထထအော်လိုက်၊ ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးခွဲပေးလိုက်၊
    စစ်တပ်နဲ့ ပြည်သူတွေကို ရန်တိုက်ပေးလိုက်၊ ခုံလှုပ်လာတော့ ကြောက်အားလန့်အားနဲ့ ဘုန်းကြီးပါမရှောင် အသေပစ်သတ်လိုက်၊ ကျောင်းသားခေါင်းဆောင်တွေ၊ အတိုက်အခံတွေကို ထောင်ဒဏ်နှစ် ၁ဝဝ ကျော်ချလိုက်နဲ့ အဖေကြီး နေဝင်းစကားနဲ့ အဘက လုပ်စား၊ လိမ်စား၊ ခိုးစား၊ လုစား၊ သတ်စား လာတာ နှစ် ၂ဝ ကျော်ပီကွ..

    ၁၉၈၈၊ စက်တင်ဘာလမှာ အဖေကြီး နေဝင်းက ရုပ်သေးရုပ် စောမောင်ကို ရှေ့တန်းတင် ပွဲထုတ်ပြီး ကိုယ်တိုင်ကတော့ ကန့်လန့်ကာနောက်ကွယ်ကနေ ကြိုးဆွဲခဲ့တဲ့ ကလိမ်ကကျစ် အကွက်ကို ၂ဝ၁၁ ခုနှစ်မှာ အဘက ပုံတူ ကူးယူပြီး ကန့်လန့်ကာ နောက်ကွယ်ကနေ အဘက ရုပ်သေးရုပ် သိန်းစိန်ကို ကြိုးဆွဲပြီး ပြည်သူ့ငွေတွေကို အဘတို့ တဆွေတမျိုးလုံး ဝသထက် ဝအောင် ဆက်ခိုး နေတုန်းပေါ့ကွာ..

    ဆရာ နေဝင်းထက် တပည့် အဘက လက်စောင်းထက်ပြီး ခိုးလာတာ ဒေါ်လာ သန်း ၄ဝဝဝ ကျော်နေပြီကွ.. တရုတ်ပြည်မှာလည်း နန်းတော်လို အိမ်ကြီး၊ ခြံကြီးတွေ အများကြီး ဝယ်ထားပြီးပြီကွ.. စင်ကာပူက ဘဏ်တွေမှာလည်း ခိုးထားတဲ့ ပိုက်ဆံတွေ ဒေါ်လာ သန်းထောင်ပေါင်းများစွာကိုလည်း အပ်ထားပြီးပြီကွ.. အဖေကြီး နေဝင်းတောင် အဘ လောက် မခိုးနိုင်ဘူးကွ..

    အဘရဲ့ ညစ်ပတ်ကောက်ကျစ်ယုတ်မာပုံ၊ ရက်စက်လူမဆန်ပုံ တွေ အပါအဝင် အမဲစက်တွေနဲ့ ပြည့်နေတဲ့ အဘ ဘဝကို သိချင်ရင် ဒီမှာ ဖတ်ကြည့်ကြကွာ..


    http://yaw-han-aung.blogspot.com/2010/07/blog-post_23.html



    စစ်ရာဇဝတ်ကောင် သူခိုးကြီး သန်းရွှေ

    ReplyDelete
  15. ကရင်လေးSeptember 9, 2011 at 1:44 AM

    ကမ္ဘာမှာ အရှက် လုံးဝမရှိပဲ လိမ်ပြီးရင်း လိမ်နေတဲ့ ဒီလူယုတ်မာ အစိုးရကို ချေမှုန်းကြပါစို့

    ReplyDelete
  16. "ရွေးကောက်ပွဲမှာ ပြည်သူလူထုက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ" ဆိုကတဲက စလိမ်နေတာ။

    လိမ်နေတာတွေ ရပ်ရင် ကောင်းမယ်။

    ဘယ်သူမှ မယုံဘူးကွ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။