မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဧရာဝတီငိုနေပြီ ဘယ်သူချော့သိပ်မလဲ
ဧရာဝတီဟာ တို့ရဲ့အသက်သခင် ကျေးဇူးရှင်
ဧရ၀တီဟာ တိုင်းပြည်ရဲ့အသက်သွေးကျော
သွေးကျောပြတ်ရင် အသက်ထွက်ရလိမ့်မယ်
ကဲ…အခု ဒို့ရဲ့ ဧရာဝတီ သွေးကြောဖြတ်ခံနေရပြီ
ဘယ်သူတွေမှာ တာဝန်ရှိသလဲ
ဧရာဝတီမရှိရင် ဒို့မရှိနိုင်ဘူး
ဧရာဝတီမရှိရင် ဒို့သာသနာမရှိနိုင်ဘူး
ဧရာဝတီကို ရောင်းစားတာဟာ ဒို့ဘ၀ကိုရောင်းစားတာ
ဧရာဝတီကို သတ်တာ ဒို့သာသနာကိုသတ်တာ
ဧရာဝတီကို စော်ကားတာ ဒို့ကိုစော်ကားတာ
ဧရာဝတီကို အဖေါ်ပြု သာသနာပြုခဲ့ကြတယ်..
ဘယ်သူတွေ ဘယ်လောက်ဖျက်ဖျက်
ဧရာဝတီကပေးဆပ်ခဲ့လို့ ဒို့တတွေ မပျက်ခဲ့ကြဘူး
ဒါဟာဧရာဝတီရဲ့ ကျေးဇူးရှင်
ကျေးဇူးမဆပ်ချင်နေ ကျေးဇူးမကန်းပါနဲ့
ကျေးဇူးကန်းသူ ယုတ်မာသူလူတစ်စုကြောင့်
ဧရာဝတီ ငိုနေရပြီ။
ဧရာဝတီရဲ့ ငိုရှိက်သံသွက်သွက်ညံနေပြီ
ဘယ်သူတွေမှာတာဝန်ရှိသလဲ
ဘယ်သူတွေ ကာကွယ်ကြမှာလဲ
ဘယ်သူတွေ ကျေးဇူးသိတတ်ကြသလဲ
ဒီအတိုင်းပဲငုတ်တုတ်ထိုင် ဘေးထိုင်ဘိုင်ကျ မှိုင်နေကြတော့မှာလား
ဧရာဝတီရဲ့အရေး ဒို့အရေး
ဧရာဝတီကိုထိတဲ့ဒဏ် ဒို့မခံဘူး
ဒို့တတွေ ၀ိုင်းဝန်းတွန်းလှန် အောင်ပွဲခံဖို့
ရဟန်း သံဃာ ကျောင်းသားပြည်သူ
ဝန်ထမ်းစစ်တပ် အားလုံးလမ်းပေါ်ထွက်လို့
ဧရာဝတီကို ကယ်တင်ကြပါစို့ ……
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဧရာဝတီ
...သင့်ကို တမ်းတ လွမ်းနေရလည်း
သင့်အကြောင်း သင်သာ အသိဆုံးပါ
သစ္စာသည် ဆန်ရေလို့  ငါမှတ်ယူမည်
မေတ္တာ သည် မြန်မာပြည်သူတွေ အတွက်လို့ ငါသတ်မှတ်မည်
ဧရာဝတီ
သင်သည် ငါတို့ရဲ့ မိဘ
ငါတို့ဟာ သင်ရဲ့ သားသမီး
သင်သည် ငါတို့ ရဲ့ အမိမြေ
သင်သည် ငါတို့ ရဲ ထာဝရနိုင်ငံတော်
ဧရာဝတီ
သင်ဟာစီးဆင်း၊ ငါ့ရင်တွင်းကို
အောင်စည်အောင်မောင်း လက်ခမောင်းခပ်လို့ 
စိန်ခေါ်ရာနောက်၊ အို-သူရဲကောင်း
သင့်နှလုံးသား သင့်အသည်းကို
မကွဲ စတမ်း ကြံ့ကြံ့ခံပါ ဧရာဝတီ
ရဲရဲတောက်စီးဆင်း၊ တို့ရင်တွင်းမှာ
ခွပ်ဒေါင်းစိတ်တွေ၊ သည်းသည်းကြွေပြီ
အနေဝေးဝေး ဆွေးသမြေ့လို့
နီနီရဲရဲ၊ သင့်အသည်းကို
ရင်ကော့ထားပါ အိုဘယ့် ဧရာဝတီ
ထွန်းဝေ တိုကျို


ဧရာဝတီသည်တို့ရဲ့ မိခင်
ReplyDeleteဧရာဝတီသည်တို့ရဲ့ အသက်
ဧရာဝတီသည်တို့ရဲ့ အသက်သွေးကြော
ဧရာဝတီသည်တို့ရဲ့ ပေါင်းဆုံရာ
ချစ်သောဧရာဝတီကိုကယ်တင်ကြပါစို့
ကယ်တင်ဖို့ပဲ ပြောနေကြ..ဟိုမအေ--ိုးတရုတ်နဲမအေ--ို့းသူခိုးစစ်ဗိုလ်တွေကဆောက်နေတာပီးပဲပီးတော့မယ်.ငိုကျော်ဆန်းကလဲအလွမ်းသမားလေးမင်း အောင်လုပ်ပြပီး...ရူးသလိုပေါသလိုလုပ်ပြသွားတယ်.ဘယ်လိုလုပ်ကြမလဲ...
ReplyDeleteပီးပဲပီးတော့မယ်ဆိုရင်လွယ်ပါတယ် လက်နက်ကိုင်ပြီးတိုက်မယ် ကချင်းစစ်တပ်နဲ့ပေါင်းပြီး ၀ိုင်းတိုက်ပြစ်ကွာ ဒါမှမရရင်လဲ အဲဒီစီမံကိန်းကို
ReplyDeleteအသေခံဗုံးခွဲပြစ်မယ်
မင်းတို့ တွေ ကဗျာဘဲ ဆက်စပ်ကျ ငါတို့ လဲ စီမံကိန်းပြီးအောင် ဆက်ဆောက်မယ်။
ReplyDeleteတရုတ်က ဒေါ်လာ ၂၀ ဘီလီယံ(ဒေါ်လာသန်းနှစ်သောင်း) ရင်းနှီးမြှုပ်နှံပြီး မူဆယ်-ကျောက်ဖြူ (တရုတ်-မြန်မာ) အမြန် လျှပ်စစ် ရထားလမ်း ဖောက်ဖို့ လုပ်နေပြီလေ။ အမေရိကန်က မြန်မာနိုင်ငံက လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးကျေးဇူးတွေမှ လုပ်မပေးနိုင်တာ လုပ်ပေးနိုင်တဲ့ တရုတ်နဲ့  လုပ်ရတာတော့တာပေါ့။
ReplyDeleteမင်း တို့ သမိုင်းကြောင်းက မလှဘူးကွ ဒါကြောင့် ကဗျာနဲ့ ပုံဖော်ပေးရတာ မည်သို့ပင်ဖြစ်စေ …
ReplyDeleteဧရာဝတီဟာ …
သူ့အစဉ်အလာနှင့် … သမိုင်းနှင့်
ဧရာဝတီဟာ …
သူ့အဘိဓမ္မာနှင့် … တရားနှင့်
ဧရာဝတီဟာ …
သူ့ဂုဏ်သိက္ခာနှင့် … တန်ဖိုးနှင့်
ဧရာဝတီဟာ ...
သူ့ ကိုယ်ပိုင်ဘ၀နှင့် … တိုက်ပွဲနှင့်
ဧရာဝတီကို သတ်ဖို့ကြိုးစားသူဟာ
သူ့ကို သမိုင်းကြိုးစင်က စောင့်နေပါလိမ့်မယ် …ထွန်းဝေ
ဧရာဝတီကယ်တင်ရေး/ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေး ပွဲ/ ဆင်းရဲသါးပပျောက်ရေး/ ရေ ဘေး ။လေဘေး။ စစ်ပြေး ဒုက္ခသည် ကယ်တင်ရေး/ တိုင်းရင်းသါးတွေရဲ. ဖယ်ဒရယ် /
ReplyDeleteငါကိုယ်တိုင်ဘါမှ မကယ် နိုင် လို.ပါ။ ငါ.ကု လဲ ကယ် ပါအုံး။ နေ ပြည် တေါ် မြို.တေါ်ဝန် ဆီ က တဆင်.လါတဲ. အမိန်.တွေ ဖတ် ပြနေ ရ တါ ပါ ။ သနားကြပါခင်ညာ
ငါ လဲ ဧရာဝတီ ကို သနားပါတယ်။ ဒါပေမဲ. လဒ်ယူထါးပြိးသါးလူ က ဖိအါးပေးနေတေါ. ငါ. နှလုံးထဲ က pace maker device ရပ် သွားပါတေါ.မည်။ ကျော်ဆန်း ငို သလို ငို မယ်။
ဦးသိန်းဂိန်