ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဒီမိုကရေစီ နိုင်ငံကြီးလို့ ပြောထားတော့ သမ္မတကြီးဟာ အစိုးရတရပ်ကို ဖွဲ့စည်းပြီးတာနဲ့ တိုင်းပြည်ကို ပထမဦးဆုံးသော နှုတ်ခွန်းဆက်စကား ပြောကြားလာရပါတယ်။ အဲဒါက ဘာကိုပြပါသလဲ ဆိုတော့ ဗိုလ်သန်းရွှေ လုပ်ပေးတဲ့ အလိမ်အညာ ရွေးကောက်ပွဲဟာ ဘယ်လိုဘဲ ဒီမိုကရေစီ စံတွေနဲ့ သွေဖီနေသော်လည်း ဒီမိုကရေစီ လိုတော့လုပ်ပြရတာပါဘဲ။ ဗိုလ်သန်းရွှေ ၁၉-နှစ် အုပ်ချုပ်ခဲ့တယ်။ တခါမှ မိန့်ခွန်း မပြောခဲ့ဘူး။ မပြောတော့ သူ့စကားကို ချည်တုတ်ပြီး ပြန်လည်ဆန်းစစ်စရာ ဘာမှမရှိဘူး။ မိန့်ခွန်းပြောခဲ့ရင်တောင် ပြန်ဆန်းစစ်ခွင့် မရှိဘူးလေ။ အာဏာရှင်လို့ ပြတ်ပြတ်ပြောထားခဲ့ပြီဘဲ။
အဲဒီဗြောင်အာဏာရှင် စံနစ်ကနေ ဒီမိုကရေစီအမည်ခံ အာဏာရှင်ကို ပြောင်းခဲ့တယ်။ ဒါကို လက်မခံနိုင်သူတွေက ရှိခဲ့တယ်။ လက်မခံနိုင်တာက သူ့တို့ အကြောင်းနဲ့ သူတို့ရှိခဲ့တယ်။ ဥပမာ ဒေါ်စုနဲ့ အဖွဲ့ချုပ်က နာဂစ်အခြေခံဥပဒေဟာ လူတဦးတယောက်ကို ရည်စူးရေးထားတယ်။ တဦးတယောက်ကို ရည်စူးကန့်သတ်ချက်တွေ ထည့်ထားတယ်ပေါ့။ မှန်ပါတယ်။ တိုင်းပြည်တခုရဲ့ အခြေခံဥပဒေဆိုတာ လူတဦးတယောက်ကို ထိခိုက်ပိတ်ဆို့လိုတဲ့ သဘောနဲ့ ရေးဆွဲထားတာ မလုပ်သင့်သောအရာပါ။ တကယ်တော့ လူတဦးတယောက်သာမဟုတ်ပါဘူး။ လူအများကြီးကို ပယ်ထုတ်ထားတဲ့ ဥပဒေကြီးပါ။
ဒေါ်စုတင်မဟုတ်ပါဘူး။ ပြည်ပထွက်သွားသူ အများစုကို ပယ်ထုတ်ထားတဲ့ ဥပဒေကြီးဖြစ်ပါတယ်။ အမတ်တယောက်ဟာ မြန်မာနိုင်ငံမှာ တဆက်ထည်း- ၁၀-နှစ်နေထိုင်သူဖြစ်ရမယ်။ ပြီးပြီ။ ဒီလိုလူတွေ အများစုကိုလည်း ပယ်ထားတယ်။ ပြီးနိုင်ငံတကာရောက် ပညာရှင်မြန်မာများကို တိုင်းပြည်တည်ထောင်ရေး အတွက်ပြန်လာဖို့ လက်ကမ်း ကြိုဆိုပါတယ်ဆိုတော့ ကမ်းတဲ့လက်က ဖြန့်ထားတဲ့လက်လား လက်သီးဆုပ်ဖြစ်နေလား စာဖတ်သူတွေသာ ဆုံးဖြတ်ကြည့်ပါ။ ပါးစပ်ပါတိုင်း ငါ့စကားနွားရ ပြောနေသလို ဖြစ်နေပါတယ်။
တိုင်းပြည်ကို အုပ်ချုပ်နေသူ အထူးသဖြင့် တိုင်းပြည်အရေးကို နှစ်အရှည် လမ်းပြထားတဲ့ တိုင်းပြည်ရဲ့ အခြေခံဥပဒေကို ရေးဆွဲသူတွေက ကိုယ်ပြောတာတွေ ကိုယ်ရေးဆွဲထားတာတွေနဲ့ ကိုယ်လုပ်ဆောင် နေတာတွေဟာ ဖီလာဆန့်ကျင်ဖြစ်နေပြီ ဆိုတာလောက်တော့ သတိကပ်သင့်ပါတယ်။
အခုလဲ ဗိုလ်ကျော်ဆန်းနဲ့ ဗိုလ်အောင်ကြည်တို့က ဒေါ်စုနဲ့ အဖွဲ့ချုပ်ကို သူတို့က လက်ကမ်းကြိုဆို နေပါတယ်။ ဥပဒေဘောင်ထဲပြန်ဝင်ပါ ပါတီကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပါ ဖိတ်ကမ်းလာပါတယ်။ တကယ်တော့ ပြည်သူတွေကို (ငအ) တွေထင်နေတဲ့ ပြည်သူတွေအပေါ် အထင်သေး အမြင်သေးနေတဲ့ သူတို့ရဲ့ စိတ်ဓါတ်တွေကို ပြင်သင့်ပါပြီ။ ပြည်သူတွေက (မအ) ပါဘူး။ မသိတာမဟုတ်ဘူး။ သိတယ် ပြောဆိုခွင့် ပိတ်ထားတာခံရလို့။ နောက်ဆုံး ပြောဖို့နေနေသာသာ ပြောသူက ပြောတာကိုတောင် နားထောင်ခွင့် အပိတ်ခံထားရတာပါ။ ပြည်သူတွေ ပြန်မပြောရဲတာကို ငါတို့လိမ်တိုင်း ယုံမယ့်လူတွေလို့ အထင်အမြင်သေးနေတာ ကိုက တိုင်းသူပြည်သားတွေနဲ့ ဒီစစ်ဗိုလ်တွေ ဘယ်လောက် ကင်းကွာနေတယ်ဆိုတာ သူတို့ပြနေတာပါဘဲ။
အခုဒေါ်စုကို တွေ့ဆုံဆွေးနွေးတာ မလုပ်မှီ ရက်ပိုင်းတွေက ဒုသမ္မတရှစ်လုံးက အမေရိကန် ဆီးနိတ် အမတ် ဂျွန်မက်ကိန်းကို ဒေါ်စုဟာ သာမာန်ပြည်သူတယောက်ပေါ့။ သဘောကတော့ သူ့အကြောင်း အလေးတယူ လုပ်ပြောနေစရာမလိုဘူး။ တဲ့တဲ့ပြောရရင်တော့ အလေးထားစရာမလိုဘူး။ တခါ မကြာဘူး ပြည်ထဲရေးက နိုင်ငံရေးအလုပ်တွေ မလုပ်ရဘူး အမိန့်စာပို့ခဲ့တယ်။ တကယ်ကတော့ ရမလားစမ်းကြည့်တယ်။ ဟိုကလည်း လာခဲ့လေ ကြာသလားလို့ လုပ်ပြလိုက်တယ်။ တကယ်လို့သာ ဒေါ်စုတို့က နဲနဲပြာတာ ပြလိုက်ရင် ဂုတ်ခွစီး နားရင်းတီးဖို့ ကြံကြည့်တာ။ တကယ်တော့ ဒီလူတွေဟာ မူမရှိဘူး။ လူကြည့်ပြီး မူကိုကစားနေတာ။
ဟောအခုကျတော့ ဆိုင်းမဆင့်ဘုံမဆင့် ဒေါ်စုကို နှစ်ကြိမ် ရက်အနည်းငယ် အတွင်းတွေ့တယ်။ အပြုသဘောဆောင်တယ် ထုတ်ပြန်တယ်။ ကျနော်ကတော့ သဘောမတူဘူး။ အပြုသဘောဆောင်ရင် နာဂစ်ဥပဒေကို အစကထဲက လက်မခံခဲ့တဲ့ ဒေါ်စုက အခုလက်ခံလိုက်တာလား။ အရင်ကတောင် လက်မခံခဲ့တာ အခု ဒေါ်စုက အဲဒီတဖက်သက် မတရားစီးပိုးထားတဲ့ နာဂစ်ဥပဒေကြီးကို အခုကျမှ လက်ခံပါတယ်ဆိုရင် ဒါပြည်သူလူထု ကိုသစ္စာဖေါက်ရာ ရောက်ပါမယ်။ နာဂစ်ဥပဒေကို ပြင်ဆင်ပေးတဲ့ အထိရော သူတို့ဘက်က လျှော့ပေးနိုင်လို့လား။
တခါ ဘာမဆိုင် ညာမဆိုင် ဒီပဲယင်းလူသတ် တရားခံ ကြံ့ဖွတ်အဖွဲ့ ဗိုလ်ဌေးဦးကလည်း ဒေါ်စုနဲ့ လက်တွဲပါမယ် လုပ်လာပါတယ်။ လက်တွဲချင်ရင် ဒီပဲယင်းလူသတ်တာ ကျနော်တို့ ကြံ့ဖွတ်မဟုတ်ပါဘူး ဆိုတာကို အရင်ထုတ်ပြန်ပေးရပါမယ်။ ဟုတ်ရင်လဲ ဟုတ်ပါတယ်။ ကျနော်တို့ လုပ်တာမှားပါတယ် ဆိုတာ အရင်ဝန်ချ တောင်းပန်ဖို့ တာဝန်ရှိနေပါတယ်။ ဘယ်ဗျာ ဘုန်းကြီးထိပ်ခေါက်ပြီး ကန်တော့ပါရဲ့တောင် မတောင်းပန်ဘဲ ဆွမ်းစားကြွပါဦး လုပ်နေတယ်။
ဒေါ်စုသာ ကြံ့ဖွတ်ရုံးကိုသွားခဲ့ရင် ဒါသူ့အတွက် သေဆုံးသွားခဲ့သူတွေ အသက်ပေး သွားခဲ့သူတွေကို သစ္စာဖေါက်လိုက်တာထက် စော်ကားလိုက်ရာ ရောက်သွားပါမယ်။ ကြံ့ဖွတ်က ဒေါ်စုနဲ့ ဆွေးနွေးချင်ရင် သူတို့လုပ်တာ မဟုတ်ပါဘူး ဆိုတာ အရင်ငြင်းချက်ထုတ်ပြန်ပါ။ ဟုတ်တယ်ဆိုရင်လဲ ဒေါ်စုနဲ့ သေဆုံးခဲ့သူတွေကို ၀န်ချတောင်းပန်ရမယ်။ သေဆုံးခဲ့သူတွေရဲ့ ရုပ်ကြွင်းတွေကို ကိုဘယ်လို လုပ်ခဲ့တယ်ဆိုတာ ၀န်ခံရမယ်။ အာဏာရှိတယ်ဆိုတိုင်း လူပါးဝပြချင်စိတ်တွေ သတိကပ်ပါ မောင်ဌေးဦး။
အခုလဲ ကျော်ဆန်းတို့ ဗိုလ်အောင်ကြည်တို့ရဲ့ ကမ်းလှမ်းမှုက လက်သီးကို ဆုပ်ထားပြီး ဂွတ်မောနင်းဆိုပြီး လက်ဆွဲနှုတ်ဆက်ရာ ရောက်နေပါတယ်။ အဖွဲ့ချုပ်ကို အပြုသဘောဆောင် ဖိတ်ခေါ်ပါတယ်ပြောသေးတယ် ဒေါ်စုနဲ့ လူအများစုကို နိုင်ငံအရေးအလုပ်မှာ မပါနိုင်အောင် ရေးထားတဲ့ စည်းဝိုင်းထဲဝင်ခဲ့ပါတဲ့။ အဖွဲ့ချုပ်ဝင်ခဲ့ပါ။ မင်းတို့ ခေါင်းဆောင်တော့ ဆောရီး။ ဖိတ်ခေါ်တော့ စကားပြောတော့ ဒေါ်စုနဲ့ ပြောတယ်။ ခင်ဗျားမပါနဲ့ ပြောလိုက်တဲ့ ယဉ်ကျေးမှု။ မျက်စေ့ထဲ မြင်ယောင်ကြည့်ကြပါ။ အဖွဲ့ချုပ်ကို သူတိုရဲ့ နိုင်ငံရေး ကစားကွင်းထဲဝင်ဖို့ တိုက်တွန်းတယ် ဆုံးဖြတ်ခိုင်းတယ်။ အဲဒီလိုတွန်းပေးမဲ့ လူကိုတော့ မပါရဆိုတော့။ အိမ်တအိမ်ကို ထမင်းစားဖိတ်တယ်။ ထားပါတော့ ကိုယ်နဲ့ စကားများထားတဲ့ မိသားစုတခုကို ဖိတ်တယ် ကြားတာဝန်ခံပေးရသူတော့ မစားရဘူးဆိုသလိုပေါ့။
အဲဒီလို တလွှဲတွေလုပ်နေတယ်။ ဒါကိုအပြုသဘော ဆောင်တယ်ပြောကြတာ နဲနဲ ဝေဖန်ကြပါဦး။ ကျနော်က ဒီထက်ကို ပိုတွေးလိုက်တယ်။ အပြုသဘောထက် ဒီတခါက အပြုတ်သဘော ကြံပြီလို့ဘဲ တွက်ထားပြီ။ လုပ်နေတာတွေက ရုပ်ပျက်ဆင်းပျက် အောင်ကြည်ကလည်း ပလူးပြ ကျော်ဆန်း ကလည်း မျက်ရည်ခံထိုးပြ ကြားထဲ ဒီပဲယင်းတရားခံ လက်သည် ကြံ့ဖွတ်ဗိုလ်ဌေးဦးကပါ ၀င်ပြဲပြနေတော့ တခုခုကြံစည်နေပြီဆိုတာ ကျနော် ကွက်ကျော်မြင်လိုက်ပြီ။ မဟုတ်မှလွှဲရော ဒီလူတွေ မကြာခင် ပါကစ္စတန်ဝန်ကြီးချုပ်-ဘနီဇီယာဘူတိုကို ရှင်းသလို အသေခံဗုံးခွဲသူနဲ့ ရှင်းပြစ်ဖို့  ကြံစည်နေပြီလို့။ ကျနော်တထစ်ချ တွက်ဆနေပြီ။ ပြီးမှ သူတို့နဲ့က ဒေါ်စုနဲ့ အဆင်ပြေနေတာ ကြားကတဖွဲ့ဖွဲ့က မနာလိုလို့ ၀င်လုပ်သွားတယ်။ တိုင်းပြည်တိုးတက်ရေးကို မလိုလားသူတွေ မရှုစိမ့်သူ တဖွဲ့ဖွဲ့က ၀င်လုပ်သွားတယ်ဆိုပြီးလုပ်မှာ။ လူ့ပလီတွေ။ ဒီလိုလုပ်ချင်လို့ ဒီယုံကို ဖမ်းချင်လို့ ဒီခြုံကိုထွင်နေတာ။ အာဆီယံ ဥက္ကဌ ကိစ္စလဲပါတယ် အဲဒီထက်ထက် ပိုတယ်လို့ဘဲ ကျနော်ထင်တယ်။
ဟာဗျာ ခင်ဗျားကလဲ မကောင်းဘဲမြင်နေတယ် ပြောချင်လား။ ဟုတ်ကဲ့ ပြောရင်လဲ ရတာဘဲ။ ကျနော်ကလည်း ကိုယ်သံသယရှိတာလေးတွေ မြင်ထားလို့ပေါ့။ သူတို့လျှို့ဝှက်ချက်တွေကို သိဖို့က လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ။ ဒါပေမဲ့ အခုသူတို့လုပ်နေတာက သူတို့ရဲ့ တကယ့်အစစ်အမှန် သဘောထားနဲ့ ရုပ်ပျက်ဆင်းပျက် ပြောင်းပြန်တွေလုပ်ပြနေတော့ ဥာဏ်ထုတ်သုံးကြည့်ပါ။ ဒါကဘာလဲ .. အခု ဒေါ်စု ပဲခူးခရီးစဉ်သူတို့ကို လုံခြုံရေးမတောင်းဘူး။ တောင်းရင်လဲ စိတ်အနှောက်အယှက်တွေ ပေးတယ်လေ။ အခုမတောင်းဘူး တခုခုဖြစ်ရင် သူတို့မှာတာဝန်မရှိဘူးဆိုတာကို ချပြထားပြီ။ ချပြထားပြီ သတိသာထားပေတော့။ နောက်ခရီးစဉ်လေးတွေ ပေးထွက်မယ်ပြီး ပိုင်ပြီဆိုရင် ကိုင်မယ်။
ကျနော်ပြော နေရတာက ဒီပဲယင်းလူသတ်တာဝန်ခံ သန်းဟန်က ရာထူးခုန်ပျံ ကျော်လွှားတက်တယ်။ အခုဗိုလ်ချုပ်ဖြစ်နေတယ်။ တပ်ချုပ်ကြီးဟောင်းနဲ့ အမြဲ ထိတွေ့နေတယ်။ သူဟာသူ ဘာရာထူးပြထားထား သူတို့မှာသီးခြား အထူးတာဝန်ရှိထားတယ်။ တပ်ချုပ်ကြီးမှာ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုတဲ့ ဆိုင်းဘုတ်မပြထားတဲ့ တာဝန်ခံထားရတယ်။ ဒါကအထူးအဖွဲ့။ တပ်မတော်အရာရှိတွေ အတော်များများတောင် မသိကြဘူး။ အဲဒီအထူးအဖွဲ့တွေရဲ့ အသုံးစားရိတ်ကို ချမပြနိုင်လို့ ဗိုလ်ကျော်ဆန်းက တနေ့ကပြောတာပေါ့။ ဘဏ္ဍာရေးရှင်းတမ်းကို မပြနိုင်ဘူးဆိုတာလေ။ အဲဒီအထူးအဖွဲ့ကို ဘယ်သူစီမံနေတာလဲ။ သိအောင်လုပ်ကြပါ။ ဒီအဖွဲ့ကဘာတွေ အတွက် ထူထားရတာလဲ ဘာကြောင့် ဘဏ္ဍာငွေတွေ လိုသလောက်သုံးနေရတာလဲ။ ဘယ်သူတွေကို ဆော်ဖို့လဲ။ အလကား ထူထားတာမဟုတ်ဘူး။ ဒီအဖွဲ့လက်တံက ကမ္ဘာတခုလုံးထိ ဆန့်ထားတာ။ အဲဒါကြောင့်လဲ ဒေါ်လာတွေ မတရားသုံးစွဲနေတာ ။
ဒီအဖွဲ့ လိုဘဲ ပြည်ပအတိုက်အခံအဖွဲ့ထဲဘသူလျှိုမြုပ်နှံရေးဌာန ဆိုတာကလဲရှိသေးတယ်။ ပြည်ပအဖွဲ့ တွေထဲ မြုပ်ထားတဲ့သူတွေကို (သုံးလ) တကြိမ် ထောက်ပံ့ငွေတွေ ပို့ပေးနေရတဲ့ အဖွဲ့လဲရှိသေးတယ်။ ထားပါ ဇူလိုင်လဆန်းပိုင်းက တကြိမ်ပေးတယ်။ ဒါကျနော်ရထားတဲ့ သတင်း။ အခုကျနော်တို့ အတိုက်အခံအဖွဲ့တွေထဲက လူတွေ အဲဒီလို သုံးလတကြိမ် ဘဏ်ထဲ ငွေဝင်ဝင်လာသူရှိရင် အဲဒီသူဟာ န.အ.ဖ သူလျှိုဘဲ။ အခု ကျနော်တို့ ဘက်ရောက်လာတဲ့ ဗိုလ်မှုးအောင်လင်းထွဋ် ဆိုရင် အဲဒီသူလျှို ဘယ်သူတွေဆိုတာ သိနိုင်မယ်။ သူတို့တာဝန်ထဲမှာ အဓိကကတော့ ပြည်ပအတိုက်အခံတွေ အထဲ အချင်းချင်း စိတ်ဝမ်းကွဲရေး အချင်းချင်းပြန်တွယ်အောင် လုပ်နိုင်သူတွေဆိုရင် အထူး ထောက်ပံ့ပေးတယ်လေ။ အဲဒီတော့ ကျနော်တို့ မီဒီယာတွေအပေါ် အချင်းချင်းခွပ်အောင် လုပ်နေသူတွေဆိုရင် ဆုတော်ငွေပိုရလို့ ချနေကြတာလား။ စဉ်းစားဖို့ လိုနေပြီ ။
သူတို့စီမံချက်မှာ ဆန္ဒပြတာများများ လုပ်ဖို့က ပါထားတယ်။ အတိုက်အခံတွေက ဆန္ဒပြရုံလေးနဲ့ တာဝန်ကျေနေကြနေပြီး တခြားသူတို့ ကုလားထိုင်ကို လှုပ်စေမှာတွေ မစဉ်းစားမိအောင် စီမံချက်ထဲမှာပါတယ်။ ဗိုလ်ရွှေက ဆန္ဒပြတာနဲ့ အလုပ်ရှုပ်နေလေ ကြိုက်လေလေ။ ကျနော်တို့ အတိုက်အခံတွေကလည်း ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် ဒါဂုဏ်သိက္ခာကို ထိခိုက် မီဒီယာကိုဖြေရဆိုတော့ ဂရုစိုက်တယ်။ အလေးထားတော့ ဆန္ဒပြရတာ အကျိုးသက်ရောက်မှု ရှိတယ်လေ။ ဗိုလ်ရွှေလို ဂုဏ်သိက္ခာဆိုတာကို အလေးမထားသူကို ဆန္ဒပြနေတာက ရိုင်းရိုင်းပြောရရင် ပြည့်တန်ဆာမကို မုဒိန်းကျင့်မယ်လို့ ခြိမ်းခြောက်သလိုဖြစ်နေတာပေါ့။
ဒါပါဘဲ။ ဗိုလ်ရွှေ ခြေလှမ်း ပြောင်းလိုက်တာကို လက်ခံရမှာပါ။ ကြိုဆိုရမှာပါ။ ဒါပေမဲ့ သတိလက်လွတ်ပြီး ကောင်းပေ့တော့ မလုပ်မိကြပါနဲ့။ သတိလေးတော့ ထားကြပါ။ ခံရပေါင်းများလှပြီ။ သန်းဟန် ကိုမေ့မထားကြပါနဲ့။
အားလုံးကိုလေးစားလျှက်
လှိုင်မြင့်
အပြုသဘောထက် ဒီတခါက အပြုတ်သဘော ကြံပြီလို့ဘဲ တွက်ထားပြီ။ လုပ်နေတာတွေက ရုပ်ပျက်ဆင်းပျက် အောင်ကြည်ကလည်း ပလူးပြ ကျော်ဆန်း ကလည်း မျက်ရည်ခံထိုးပြ ကြားထဲ ဒီပဲယင်းတရားခံ လက်သည် ကြံ့ဖွတ်ဗိုလ်ဌေးဦးကပါ ၀င်ပြဲပြနေတော့ တခုခုကြံစည်နေပြီဆိုတာ ကျနော် ကွက်ကျော်မြင်လိုက်ပြီ။ မဟုတ်မှလွှဲရော ဒီလူတွေ မကြာခင် ပါကစ္စတန်ဝန်ကြီးချုပ်-ဘနီဇီယာဘူတိုကို ရှင်းသလို အသေခံဗုံးခွဲသူနဲ့ ရှင်းပြစ်ဖို့  ကြံစည်နေပြီလို့။ ကျနော်တထစ်ချ တွက်ဆနေပြီ။ ပြီးမှ သူတို့နဲ့က ဒေါ်စုနဲ့ အဆင်ပြေနေတာ ကြားကတဖွဲ့ဖွဲ့က မနာလိုလို့ ၀င်လုပ်သွားတယ်။ တိုင်းပြည်တိုးတက်ရေးကို မလိုလားသူတွေ မရှုစိမ့်သူ တဖွဲ့ဖွဲ့က ၀င်လုပ်သွားတယ်ဆိုပြီးလုပ်မှာ။ လူ့ပလီတွေ။ ဒီလိုလုပ်ချင်လို့ ဒီယုံကို ဖမ်းချင်လို့ ဒီခြုံကိုထွင်နေတာ။ အာဆီယံ ဥက္ကဌ ကိစ္စလဲပါတယ် အဲဒီထက်ထက် ပိုတယ်လို့ဘဲ ကျနော်ထင်တယ်။
ReplyDelete(သူတို့စီမံချက်မှာ ဆန္ဒပြတာများများ လုပ်ဖို့က ပါထားတယ်။)
ReplyDeleteဟုတ်ပါတယ်၊ စတင်အကောင်အထည်ဖေါ်နေပါပြီ။ မယုံရင်ကြည့်ပါ။
https://picasaweb.google.com/105844691991013069656/NDBJapan0814?feat=flashalbum#5640682694098786914
“တခါ မကြာဘူး ပြည်ထဲရေးက နိုင်ငံရေးအလုပ်တွေ မလုပ်ရဘူး အမိန့်စာပို့ခဲ့တယ်။ တကယ်ကတော့ ရမလားစမ်းကြည့်တယ်။ ဟိုကလည်း လာခဲ့လေ ကြာသလားလို့ လုပ်ပြလိုက်တယ်။ တကယ်လို့သာ ဒေါ်စုတို့က နဲနဲပြာတာ ပြလိုက်ရင် ဂုတ်ခွစီး နားရင်းတီးဖို့ ကြံကြည့်တာ။”
ReplyDeleteဒါဆိုရင်ဒေါ်စုရဲ့ခေါင်းဆောင်မှုကိုသိလောက်ပြီပေါ့။ ဒါဆိုရင် ဘာလို့များ
NLD နဲ့ ဒေါ်စု၊ ဒေါ်စုနဲ့ ပြည်ပအင်အားစုတွေအကြား
ဝေဝါးစရာတွေ ပြောဆိုရေးသား နေချင်ကြတာပါလိမ့်။ ပိုဆိုးတာက အဲသလိုပြောကြတဲ့ သူအများစုဟာ မြန်မာပြည်သူတွေကို ကယ်တင်မယ်လို့ (သူ့နည်းသူ့ဟန်နဲ့) အပင်ပန်း အဆင်းရဲတွေခံပြီး နှစ်ပေါင်းများစွာ လုပ်ဆောင်လာကြ
လုပ်ဆောင်ဘူးကြ သူတွေဖြစ်နေတာပါဘဲ။
ဒေါ်စုကိုယ်တိုင် သူဟာ NLD နဲ့ တသားတည်းပါလို့ ပြောပြီးပြီ။ ဒေါ်စုကိုယ်တိုင် ပဲခူးခရီးစဉ်မှာ ပြည်သူတွေရင်ထဲမှာ ဘာတွေရှိနေကြတယ်ဆိုတာ သိပါတယ်ဆိုပြီး(မမေးဘဲနဲ့)
ပြောသင့်တာ ပြောသွားခဲ့ပြီ။ ခုချိန်ထိလဲ NLD CEC နဲ့ ဒေါ်စု၊ ပြည်သူတွေနဲ့ ဒေါ်စု အကြားမှာ ဘာအက်သံမှ မကြားရသေးပါဘူး၊ တွေ့ဆုံဆွေးနွေးရေးဟာပြည်သူတွေရဲ့ အသက်၊ NLD ဟာ ပြည်သူတွေရဲ့အသည်း၊ ဒေါ်စုဟာ ပြည်သူတွေရဲ့ သည်းပွတ် ဆိုတဲ့ အချက်ကို ငြင်းမရသလို ဒီနေ့မြန်မာ့နိုင်ငံရေး နဲ့ မြန်မာပြည် အာဏာရှင် လက်အောက်က လွတ်မြောက်ရေးမှာ တခုတည်းသော အင်အားစု သို့မဟုတ် လမ်းစလည်း ဖြစ်ပါတယ်။ ဒါကို အက်သံပေါက်အာင်၊ အက်ကြောင်းထင်အောင်၊ လမ်းပျောက်အောင် မသိစိတ်နဲ့ဘဲဖြစ်ဖြစ် စေတနာဇောနဲ့ဘဲဖြစ်ဖြစ် ပြောဆိုရေးသား ဝါဒဖြန့်ချိ တာမျိုးကိုတော့ ဆင်ခြင်သင့်ပါတယ်။
အာဏာရှင်တွေရဲ့ပရိယာယ် (ထားပါတော့ ယုတ်မာ ကောက်ကျစ် မိုက်ရိုင်း အောက်တန်းကျမှု) တွေကို တကမ္ဘာလုံးကသိနေတာ ဒေါ်စု နဲ့ NLD မသိဘဲမနေပါဘူး။ ဒီနေ့မနက် RFA ရဲ့ အမေးကို ဖြေကြားသွားတဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးညဏ်ဝင်းရဲ့ စကားအရ သူတို့ သိတယ်ဆိုတာ ထင်ရှားသလို သူတို့ ဘာတွေလုပ်နေတာ သူတို့သိကြောင်း (They know what they are doing) လဲ ထင်ရှားပါတယ်။ အများ (အထူးသဖြင့် ပြည်ပအင်အားစုတွေ) ရဲ့ စိုးရိမ်ပူပန်မှု တခုတလေ ကိုလည်း အဲသည် အမေးဖြေက သက်သာစေမလား မသိပါဘူး။ သာယာဝပြောသောဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးမှာ အညီအမျှ အရေးပါတဲ့ ပြည်ပအင်အားစုရဲ့ အက်ကြောင်းတွေ ပြန်စေ့စေဘို့ နဲ့ အဲသည် အက်ကြောင်းတွေပြည်တွင်းကို မတင်သွင်းမိစေဘို့လဲ အညီအမျှ အရေးပါ(equally important)တယ်ထင်ပါတယ်။ ဘာလို့ဆို အဲသည် အက်ကြောင်းတွေ မရှိရင် ရှိအောင်လုပ်ဘို့ နဲ့ ပေါ်လာခဲ့ရင် အဆုံးစွန်ထိထိုးခွဲဘို့ စံနစ်တကျဖြန့်ကျက်ထားတဲ့ ပဉ္စမံတပ်သားတွေက သွားရည်တများများနဲ့ စောင့်နေကြလို့ပါ။ သူတို့အတွက်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါဘဲ။ သတိပြုသင့်တာက
(ဆောင်းပါး ထဲမှာပါသလို) သုံးလတကြိမ် ဘဏ်စာရင်း ထဲ ငွေအသင့်ရောက်တယ်ဆိုတဲ့ အဲသည် လူတွေတောင် ပြည်တွင်းက သူတို့ဘိုးတော်တွေရဲ့ အခြေအနေ မျက်နှာရိပ် မျက်နှာကဲကြည့်ပြီး အသုံးအနှုံး လေသံနဲ့ နည်းနာတွေ ပြောင်းတတ်တယ်ဆိုတာပါ။ ဒီအတွက် အကောင်းဆုံး သက်သေကတော့ အပေါ်ဆုံးက ကွန်မင့်နှစ်ခုပါ။
ဓါးသွားထက် ကလောင်သွားထက်သလို ဓါးဆိပ်ထက် ကလောင်ဆိပ် (တက်ခဲ့ရင်)ပိုပြင်းမယ်ဆိုတာ ယုံမှားဘွယ်မရှိပါ။ ဒီနေ့ Public Journalism ခေတ်မှာ ဘာမဆို နှိုင်းနှိုင်းချိန်ချိန် တွေးပြီး ချိန်ချိန်ဆဆ ရေးသင့်ပါတယ်။
ဦးလှိုင်မြင့်ရေ၊ ကျွန်တော့်အမြင်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ့်ကိုယ်ကို သေလူတွက်ထားပြီးပြီထင်တယ်။ အားလုံးစဉ်းစားကြည့်ပါ.. အမေတစ်ယောက်က ကိုယ်နဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် ခွဲခွာနေရတဲ့သားငယ်နဲ့ အေးအေးဆေးဆေး ဘုရားဖူးထွက်တယ် ... သူ့စိတ်ထဲမှာ သူဟာဒီတစ်ခါ အဆိုးဆုံးအခြေအနေရောက်မယ်လို့ တွက်ထားပြီ ထင်တယ် ... ဒီလိုဖြစ်လာမှလည်း ဒီလူတွေကို ပြည်သူက မကြေမှာကိုး ... အမေစုဘေးကင်းအောင်ဆုတောင်းပေးကြပါ ...
ReplyDeleteThanks a lot to Ko Loka Pala.
ReplyDeleteWhat you said is quite right & reasonable.
Around these days,
Dr Lun Swe,
Tu Maung Nyo (Moemakha)
Dr Hlaing Myint,
Aung Myo Tun,
Moe Thee Zun,
Moemakha interviewer (to Ba Ba U Win Tin),
All these (so called) exile politicians, they are saying, supporting democracy,
But actually they are disturbing Daw Suu & Nld’s national reconciliation process.
They are quite dangerous, trying to destroy Democracy.
Ko Loka Pala,
please don’t be quite.
Pls open your voice (correct explanation) for the people.
People (like you) are higher than (so called) Exile Patriot Politician.
Exile Politicians are affected by VIRUS,
They are not normal and sincere.
Ko win
The anonymous ( Ko Win ) please ask your LOKA PALA to use his real name first if he have the right courage . Those exile politicians are far more dare and assertive than your Loka Pala, commenting with their true names, risking their life and most of all , giving their own views with reasons.If he wish to comment , he should write his opposite views, not just saying don't criticize Daw Su.
ReplyDeleteAnd very strange, there is no points in this article, sayar Hlaing Myint had criticized on Daw Su, he is just saying he doubted the progress and gov; So strange, Loka Pala just showing off his hatred toward HM.
They were the ones that supported Daw Su, and commenting the gov; who are really against Daw Su.
If he wish to use LOKA PALA , the meaning itself is TRUTHFUL LAW which should be bold enough to reveal his identity, and there is no danger for him from the military government cos; he is against those exiles, and pro;military comments. His fear is from public and viewers..???
If he has the rightful truth, come on with open name, if dare not reveal his true name , please advice him, this word is PALI , and reserved for LORD BUDDHA , and Pali is only reserved for those who dare speak the truth with true identity. His action is degrading Buddhism.
And remember, Ne Win used these Laka Pala in his very first slogans. And every body has the right to raise their views, either pro or anti democracy, or it might be against Daw Su or what so ever, as the whole development is related to the whole country, as he use this right to comment others