Pages

Wednesday, August 24, 2011

"fierce battle Myitkyina"ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau မှ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်...

မြစ်ဆုံစီမံကိန်း မြင်ကွင်းဓာတ်ပုံများ..
Sinhydro Bureau တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီရဲ့ မြစ်ဆုံလုပ်ငန်းခွင် ဓာတ်ပုံတွေပါ..



အများကြည့်ရှုနိုင်အောင် http://www.freedomburma.org/  မှရုပ်သံဖိုင် ပြန်တင်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါသည်...။
မြစ်ဆုံဆည် စီမံကိန်းမှာ Sinhydro Bureau တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီရဲ့ စီမံကိန်းမြင်ကွင်း ရုပ်သံဖိုင်ပါ...
တရုတ်လုပ်သားတွေရဲ့ အခက်အခဲတွေကို ကုမ္ပဏီက သွားရောက်ရိုက်ကူးထားတာပါ...။ တရုတ်လိုတော့ AOZHAN MIZHINA  "fierce battle Myitkyina" ပေါ့...။ သတင်းစာ ရှင်လင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းငိုတာ ဒီဗီဒီယို ဖိုင်ကြည့်ပြီးမှ သဘောပေါက်တော့တယ်...။ အခြေအနေတွေက အတော်လွန်နေပြီလေ...။ တရုတ်ကုမ္ပဏီဝန်ထမ်းတွေ အတွက် ထမင်းချက်မှ အစ၊ ဝန်ထမ်းအိမ်ယာ အထိပါဝင်ပါတယ်...။ အင်မတန်ကြီးမားတဲ့ စီမံကိန်းကြီးပါ....။ ကဲကျွန်တော်တို့အားလုံး အရေးကြီးပြီ သွေးစည်းကြပါစို့။ ကုမ္ပဏီလိပ်စာက ဒီမှာပါ...http://www.cwb11.com/index.html
ဒီမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။...။ http://www.cwb11.com/modelinfo/detail_3_104_40.html
ပြည်တွင်းမှ ဒေါင်းလုပ်လုပ်ချင်ရင်...
အောက်မှ မြစ်ဆုံဓာတ်ပုံကတော့ ညီငယ် ဇော်ရှန်ပေးပို့ပေးတာပါ..။
 ဧရာဝတီမြစ်ဆုံ ဝန်ထမ်းအိမ်ရာများ မြင်ကွင်း...

17 comments:

  1. Video ကြည့်နေရင်း ဒေါသတွေထွက်လာတယ် ရက်စက်လိုက်ကြတာဗျာ၊

    ReplyDelete
  2. အဲ့ဒီအရပ်ဒေသကလက်နက်ကိုင်အဖွဲ့အစည်းတွေဘာလုပ်နေကြပါလဲ..ဒီစခန်းတွေကိုဝင်ဆော်ကြပါတော့လား

    ReplyDelete
  3. ခွေးမသါးတွေ ကြိတ်လုပ်နေတာတော်တောင်ေ၇ာက်နေပြီ ဒီကစ်စ အမြန်ရပ်အောင် တစ်ယောက်တစ်လက်နဲ့ ကြိုးစားကြရအောင် ဒီကောင်တွေ လူတွေ ဧရာဝတီ ကိုစိတ်ဝင်စားလာလို့  အာရုံပြောင်းအောင် အန်တီစုနဲ့ ပြောင်ကြီးတွေပြီး အီးလေးစွဲနေတာ ကျွန်တော်တို့ ရဲ့ သားမြေးမြစ်တွေ ဧရာဝတီ ဆိုတာမြစ်ကိုခေါ်တယ်ဆိုတာလေးတော့ ပြနိုင်အောင် လူမျိုးမပျောက်အောင် ၀ိုင်းဝန်းကြိုးစားကြရအောင် ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ပါ

    ReplyDelete
  4. ကိုအောင်(ပျူနိုင်ငံ)August 24, 2011 at 3:50 PM

    ကိုဒီမိုဝေယံ၊ ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...

    ReplyDelete
  5. လက်မှတ်ထိုး campaign လောက်နဲ့တော့ မဖြစ်နိုင်တော့ဘူး။ ပြည်တွင်းမှာရော ပြည်ပမှာပါ လုပ်ပြီးနေကြပြီပဲ။ အခုလိုအချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုသဘောမသက်ရောက်တဲ့ ဧရာဝတီကို ကာကွယ်ဖို့ ခေါင်းစဉ်အောက်ကနေ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ ခိုင်မာတဲ့ စာရွက်စာတမ်းတွေနဲ့တကွ ဆန္ဒထုတ်ဖော်တာမျိုး လုပ်သင့်ပြီ မထင်ဘူးလားဗျာ။ ဥပမာ ကုလသံရုံး တရုပ်သံရုံး နဲ့ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာပေါ့။ လွှတ်တော်အမတ်ဆိုသူတွေကလဲ ရွံဖို့တောင်ကောင်းတယ်။ ဘာမှမဆိုင်သလို ဘာမှမဖြစ်သလို ဘာမဟုတ်တဲ့ ကိစ္စလေးလိုလုပ်နေကြတယ်။ တကယ်ဆိုသူတို့တွေက ညီညီညွတ်ညွတ်နဲ့ တိုင်ပင်ပြီး အတွင်းကနေ အဆိုတင်သွင်းတာတွေ ဆွေးနွေးတာတွေ တရားဝင်လုပ်သင့်တယ်။ နောက်တခါ ထောက်ခံဖို့မပြောနဲ့။ မဲတော့မရဘူး xxx ပဲရမယ်။

    ReplyDelete
  6. အဲဒီ့အရပ်ကလက်နက်ကိုင်တွေ၊ဘာမှမလုပ်ပါဘူးကွယ်။
    သူတို့ကလဲတရုတ်ကိုအင်မတန်မှချစ်ကြောက်ရိုသေကြပါတယ်။
    ဘာကိုဘဲလုပ်လုပ်၊ယူနမ်တရုတ်ကိုသံတော်ဦးတင်နေရတဲ့၊
    လက်နက်ကိုင်ကြီးများဖြစ်ကြပါလေသတည်း။

    ReplyDelete
  7. အခုမှဘဲ.ဗိုလ်ချူပ်အောင်ဆန်းပြောခဲ့တဲ့ဖာနိုင်ငံကြီးဖြစ်နေပီ..
    ငါ--ိုးမသားသန်းရွေတိုင်းပြည်ကိုရောင်းစားခဲ့ပီ..
    ငါ--ိုးမသားသိန်းစိန်.ဘာလုပ်နေတာလဲ..ခွေးမသား ဒေါ်စုထမိန်စပြေးဆွဲပီး..လူတွေကိုအာရုံပြောင်းနေတာ..
    ဒေါ်စုကရော.ဒီကိစ္စအတွက်ဘာလုပ်နေတာလဲ..ကျူပ်တို့အားကိုးရတဲ့လူထုခေါင်းဆောင်တယောက်အဖြစ်မြင်ချင်ပါတယ်..
    ထိပ်ပြောင်ကျိုးဆွဲရာမကစေချင်ပါ..ဗိုလ်ချူပ်အောင်ဆန်းရဲ့သွေးနီပါစေ..

    ReplyDelete
  8. ဘယ်လိုလုပ်မယ်ဆိုတဲ့ အကောင်းဆုံးနည်းလမ်းကို စဉ်းစားပြီး အားလုံးတညီတညာတည်း အကောင်အထည်ဖေါ်မှ ရမှာ .. တစ်ယောက် တစ်ပေါက်နဲ့ ကတော့ အရင်ကလည်း အလုပ် မဖြစ်ခဲ့သလို ၊ အခုရော ၊နောင်ရော ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘူး ..
    အဓိကကတော့ ဒို့ တွေ(အများစု)ကို သူတို့ (လက်တစ်ဆုပ်စာက)မညီညာအောင်လုပ်ထားနိုင်တယ်ဆိုတာကို သိပြီး အဲဒီလို မဖြစ်အောင် လူတိုင်း ကိုယ့်အသိစိတ်နဲ့ ကိုယ်တိုင် ကြိုးစားလိုက်ရင် ညီညာမှုကို တပြိုင်နက်တည်း ရမှာပါ ။ အခု ကတော့ သူကြိုးစာလိမ့်မယ် ။ ငါ မလိုဘူး ။ တစ်ချို့ ကျတော့ initiative ရှိတယ်။ ငါအရင်လုပ်မယ်ပေါ့ ။ နောက်တစ်မျိုးက အားလုံးလုပ်အောင် လိုက်စည်းရုံးမယ်ပေါ့ ။ မရပါဘူး ။ စိတ်ချ ။
    လူအားလုံးကလည်း အလုပ်တစ်မျိုးတည်းကို လိုက်လုပ်ဖို့ မလိုဘူး ။ အလုပ်ကိုခွဲခြားပြီး နည်းလမ်းတကျ အားစိုက်ထုတ်ရင် ပြီးနိုင်ပါတယ် ။
    ဥပမာ - မိသားစုတစ်စုလို ပေါ့ ။ ယောကျာင်္းကို ငွေရှာ ။ မိန်းမက အစာရေစာ ပြင်ဆင် ။ ကလေးက ကျောင်းတက် ။ အဘိုးအဘွားတွေက အကြံအဥာဏ်ကောင်းတွေပေး ။ လူလွတ် ၊ မောင်တွေ ၊ ညီမတွေက အကောင်အထည်ဖေါ်ဆောင် ။ ဒါမျိုးပေါ့ ။ ဒါကို ညီညီညာညာနဲ့ အလုပ်အောင်မြင်တယ်လို့ ဆိုလိုတာပါ ။ အားလုံးဒီအလုပ်ဘဲလုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ။
    အဲတော့ ငွေအားတတ်နိုင်တဲ့သူ၊ ပညာအားတတ်နိုင်တဲ့သူတွေဆီက ရတဲ့ တန်ဆာပလာတွေကို စနစ်ကျတဲ့စီမံကိန်းရဲ့ နည်းဗျူဟာတွေနဲ့  ထိထိရောက်ရောက်ဖြစ်အောင် အကောင်အထည်ဖေါ်နိုင်မှ လိုတဲ့ဦးတည်ချက်ကိုရမှာဆိုတော့ မလွယ်လှဘူး ။ လုံးဝမလွယ်ဘူး ။ ဒါပေမယ့် ဖြစ်နိုင်ပါတယ် ။ အားလုံး ကိုယ့်တာဝန်ကိုယ်ကျေ ရင်ပေါ့။ နို့ မဟုတ်ရင်တော့..
    It will be a joke like this. ..

    This is a story about four people named EVERYBODY, SOMEBODY, ANYBODY AND NOBODY. There was an important job to be done and EVERYBODY was sure that SOMEBODY would do it. ANYBODY could have done it, but NOBODY did it. SOMEBODY got angry about that, because it was EVERYBODY’s job. EVERYBODY’s thought ANYBODY could do it, but NOBODY realized that EVERYBODY would do it. It ended up that EVERYBODY blamed SOMEBODY when NOBODY did what ANYBODY could have done it.

    ReplyDelete
  9. သွားပါပြီဗျာ။ ကျနော်တို့နိုင်ငံရဲ့အသက်သွေးကြောကြီးကို တရုတ်တွေက ဆည်ကြီးဆောက်ပြီး ဂုတ်သွေးစုပ်သွားပြီး။ သူတို့အတွက်ကတော့ သူတို့တိုင်းပြည်အတွက် ဂုဏ်ယူစရာလိုပြောနေပေမယ့် ဒီမြစ်ကြီးရဲ့အောက်ပိုင်းမှာ မှီခိုနေထိုင်နေတဲ့ သန်းပေါင်းများစွာသော မြန်မာပြည်သူတွေကတော့ ဒုက္ခပေါင်းစုံကို ခံရတော့မယ်ကွာ။ အခုတောင် ရာသီဥတုက တစထက်တစပိုမိုဆိုးဝါးဖောက်ပြန်လာနေတာ။ ပူတဲ့အခါသောက်စရာရေမရှိ၊ မိုးရွာတဲ့အခါ ရေကြီးနဲ့။ သန်းရွှေရာ... မင်းဘ၀ဆက်တိုင်းဆက်တိုင်း ဗုဒ္ဓဘာသာမြန်မာလူမျိုးပြန်မဖြစ်ပါစေနဲ့ကွာ။ မင်းရော...မင်းမိသားစုဆွေးမျိုးတွေနဲ့..မင်းမျိုးဆက်တွေရော..တို့ပြည်သူတွေလို ဒုက္ခပြန်မခံစားရပါစေနဲ့လို့ ကျိမ်ဆိုဆုတောင်းလိုက်ပါတယ်ကွာ။

    ReplyDelete
  10. ဒီ အ စိုး ရ နဲ့ ဒီ ခွေး မ သား တ ရုတ် တွေ ကို တိုက် ဘို့  အ မေ ရိ ကန် က စိတ်ဝင် စား လာ မဲ့  နည်း သာ ရှာ တွေ့  ရင် တော့ြ့ပီး ပြီ ဗျာ။ ဒီ ခွေး မ သား တွေ ကမ္ဘာ မှာ အောက် တန်း ကျ တဲ့ နည်း တွေ သုံး ပြီး အ ချောင် ဝင် ဝင် နှိုက် နေ တာ ဆုံး မ ပေး ခြင် နေ ကြ တာ။ အ မေ ရိ ကန် တို့ အ နောက် နိုင် ငံ တိုံ့ ကို ဘယ် လို သုံး ရ မ လဲ ဆို တာ လဲ စဉ်း စား ကြ ရင် ကောင်း မယ် ဗျ။ အား လုံးအ တွက် ဘုံ ရန် သူ ဗျ။ ကမ္ဘာ ကြီး ကို ဒုက္ခ ပေး မဲ့ မ ကောင်းဆိုး ဝါး နိုင် ငံ ကြီး။ မ ကြီး ထွား ခင် မြင် မြန် နှိ ပ် ကွ ပ် လိုက် ရင် ကောင်း မယ် ဗျာ။

    ReplyDelete
  11. ကချင်တွေ ကချင်တွေ ဒါမျိုးကြတော့ တိုက်ဖို့ မစဉ်းစားဘူး

    တရုတ်အဖေခေါ် အကုန်ပေး သူတို့ လတ်တစ်လော ကောင်းဖို့ပဲ စဉ်းစားတယ် ။ အစိုးရ သောက်သုံးမကျလို့ နိုင်ငံလက်ညှိးထိုးရောင်းစားတာ ထက်ငြိမ်းချမ်းရေးယူထားတဲ့ဟာတွေ လွယ်ကူစွာဘိန်းကုန်ကူးဖို့ အတွက်ဖြစ်သွားတာပေါ့လေ လတ်တလောတော့ ကောင်းနေတာပေါ့။ ကချင်ပြည် မွဲ သထက်မွဲလာလိမ့်မယ် မယုံရင်ကြည့် နေ

    ReplyDelete
  12. ကချင်တွေ ဂန့်လန့် ဂန့်လန့် လုပ်နေနိုင်လို့ ဒီအချိန်မှာ ဒီလောက်ပဲ ပြီးနေနိုင်တာပါကွယ်.. တနိုင်ငံလုံးရဲ့ ဧရာဝတီမြစ်အဖြစ် ကိုယ်ကခံယူတယ် ဆိုရင် ကချင်ဒေသမှာ စတည်လာတဲ့ ကချင်ဒေသမှာ တည်ရှိနေတဲ့ ဧရာဝတီ ဆိုပြီး ဖြစ်လာရတဲ့ မြစ်ဖျားတွေမှာ ဒီလို လုပ်တာကို ကချင်တွေက ပိုပြီး မခံချင်ဖြစ်ပါတယ်ကွယ် .. ခုဖြစ်နေတဲ့ တိုက်ပွဲဆိုတာတွေကလည်း ဒီလို မခံချင်မှုတွေ များလာလွန်းလို့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသကို ကာကွယ်တဲ့အမျိုးသားစိတ်နဲ့ ဖြစ်လာတာပါကွယ်

    ReplyDelete
  13. တကယ်တမ်း သေချာပြန်စဉ်းစားမယ် ဆိုရင် .. လူများစု ဗမာတိုင်းရင်းသားတွေက ဒီcase မှာ ပိုပြီး တက်ကြွပါဝင်သင့်ပါတယ်.. ဘာလို့လဲဆိုတော့ မြစ်ကြီးတလျှောက်က ဗမာတိုင်းရင်းသားတွေ ပိုပြီး နေထိုင်လုပ်ကိုင်စားသောက်လို့ပါပဲကွယ်.. ကချင်တွေဟာ ဒီိစီမံကိန်း စတင်တဲ့နှစ်ကတည်းက နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ခဲ့ကြတာပါ.. မီဒီယာအားနည်းခဲ့လို့ ကမ်ဘာ (the whole world) က လူတိုင်း မကြားခဲ့ကြတာပါ။ ခုတော့ မီဒီယာတွေက ကျယ်ကျယ်လောင်လောင် အော်လာကြပြီဆိုတော့ လူတိုင်းလည်း ကြားလောက်ရော့ပေါ့.. ဒီရေကာတာ caseတင် မဟုတ်ပါဘူး.. ကချင်ပြည်နယ်မှာ ရှိတဲ့ တခြားသယံဇာတတွေလည်း ဒီဗမာအစိုးရ လုပ်လို့/ ခွင့်ပြုလို့ တရုတ်လက်ချက်နဲ့ ကုန်သလောက်လည်း ရှိလာပါပြီကွယ် .. ဒါဟာပြည်နယ်အရေး၊ တိုင်းရင်းသားတစ်စုရဲ့ အရေး ဆိုတာထက် တနိုင်ငံလုံးရဲ့ အမျိုးသားရေးပါ.. ရခိုင်ပြည်က ပြည်သူပိုင်/ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ သဘာဝသယံဇာတတွေကို လျှောက်ရောင်းစားကုန် တာဟာလည်း ရခိုင်တွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဟာက တနိုင်ငံလုံးမှာ အထိနာနေခြင်းပါပဲ.. နိုင်ငံတော်ရဲ့ ဘယ်နေရာဘယ်ဒေသမှာ ဖြစ်ဖြစ် နိုင်ငံကို နစ်နာစေမယ့် အရာ/လုပ်ရပ်မှန်သမျှက အမျိုးသားရေးကို နစ်နာစေမှုတွေပါပဲ ..

    ReplyDelete
  14. တစ်ကယ့်ပါဗျာ ရုပ်သံကြည့်နေရင်းကို နိုင်ငံတော်မှာအကြီးအကဲလုပ်နေတဲ့သူတွေကို ဒေါသထွက်မိတယ်၊ ဘာမှလေ့လာမှုမလုပ်ပဲ ဒီလိုကြီးမားတဲ့စီမံကိန်းကို ခွင့်ပြုခဲ့ကြတာတာကိုပါ၊ နိုင်ငံတကာကိုရောက်နေတဲ့ မြန်မာနိုင်ငံသားများအားလုံးနှင့် ပြည်တွင်းက မြန်မာနိုင်ငံသားများအားလုံး အခုအချိန်မှာ ဒီစီမံကိန်းကို ရပ်တန့်ဖို တောင်းဆိုမှုတွေ စတင်ပြုလုပ်သင့်ပါပြီး၊ Unity is strength တဲ့၊
    ပထမအဆင့်က ဒီအကြောင်းကို လူတွေအားလုံးသိအောင်လုပ်ရမယ်၊
    ဒီစီမံကိန်း ရပ်ကိုရပ်တန့်ရမယ်
    ဒီဆိုင့်ကို လည်းကျေးဇူးတင်ပါတယ်

    ReplyDelete
  15. တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားသူများဆိုတာ စစ်အစိုးရ သန်းရွှေနှင့်အဖွဲ့တွေမှ အစစ်ပါ။ လက်ညှိုးထိုးရောင်းစားဖို့ သူတို့ကအာဏာကို သေနပ်ကြီးတွေနဲ့ခြိမ်းခြောက်လူသတ်ပြီး အရယူထားကိုး။ တစ်ဘ၀စာ အငမ်းမရ မစားဘူးတာတွေ စားရရုံနဲ့ အားမရ ကမ္ဘာတည်သရွေ့ အ၀ီစိကမတက်အောင် ငရဲမျိုးစေ့တွေပါ သယ်သွားတာပါ။ တစ်တိုင်းပြည်လုံး ဒုက္ခရောက် အောင်လုပ်ခဲ့တဲ့ အပြစ်တွေ မလွတ်တမ်းပြန် ခံရမှာပါ။ ကံနှင့် ကံ၏အကျိုးယုံကြည်သူတိုင်းအသိပါ။ မယုံတဲ့ သူတွေသာ အပြစ်တွေ ရဲရဲကြီးကျူးလွန်နေတာ။ ယတြာတွေက ခုခနလေးပဲ ကယ်နိုင်တာကို အဟုတ်မှတ်နေတဲ့ ဖြုတ်ဦးဏှောက်နဲ့ တိုင်းပြည်အုပ်ချုပ်နေတာ ရှက်စရာပါ ...
    ဒါတွေကတော့ မနေနိုင်လို့ပြောမိတာပါ အခုလောလောဆယ် အရေးကြီးတာက ဧရာဝတီကို ဘယ်လိုကယ်ကြမလည်း နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ် ပိုက်ဆံတွေကတော့ ဒေါ်လာ ၃ဘီလီယံကျော်လောက် လက်ခံထားပြီးပြီထင်တယ် ဒါပေမယ့် ဖြေရှင်းနိုင်မယ့် နည်းရှိရမှာပေါ့ ... ၀ိုင်းစဉ်းစာ အဖြေရှာရမယ်။ အခုလွှတ်တော်မှာလဲ ဒီ ကိစ္စပြောသံ မကြားမိပါ။ သွေးအေးမနေသင့်ကြပါ။

    ReplyDelete
  16. အီးမေးလ် ကနေ သူငယ်ချင်းတယောက်ပို့တာပါ တစုတစည်းတည်းရှိအောင် ပြန်တင်ထားပါတယ် ဆိုက် လင့်ကိုပဲ ခေါင်းစဉ်တပ်ထားပါတယ် ခိုးတာမဟုတ်ပါ ဆိုက်ပိုင်ရှင် လာပြောရင် ပြန်ဖြုတ်ပေးပါမယ် အရင် က ပိုစ့်တွေ နဲ့ တစုတည်းရှိစေချင်လို့ပါ ။

    တီချမ်း

    ReplyDelete
  17. ရပါတယ်.... တီချမ်းခင်ဗျား ပြန်လည်မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ...

    ဒီမို

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။