၂၀၀၉ခုနှစ် ဒီဇင်ဘာလက တရုတ်(ဒု)သမ္မတရှီကျင်ပင်းနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်ဖျင်းတို့ စာချွန်လွှာ လက်မှတ်ရေးထိုးစဉ်က
ရင်းမြစ်ကတော့ Eleven Media Group ကသတင်းပါ ... မဖတ်ရှုရသေးသူများ ထပ်မံဖတ်ရှုနိုင်ရန် သမိုင်းတရားခံများ၏ ပုံများနှင့် ဖြည့်စွက်ဖော်ပြလိုက်ပါတယ်...။
ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု
Sunday, 11 September 2011 21:52
အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အရာရှိကြီးတစ်ဦး၏ ရင်ဖွင့်ပြောစကားကို တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ယခုအကြောင်းအရာကို တင်ပြနိုင်ခြင်းဖြစ်ပါသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကိစ္စအား အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ထမ်း အတော်များများမှစ၍ ညွှန်ကြားရေးမှူးချုပ် အထိ သိရှိထားကြကြောင်းလည်း သိရှိရပါသည်။ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ထုထည် ပမာဏသည် မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ ထုထည်ပမာဏမှာ နှစ်ဆကွာနေကြောင်းနှင့် အကယ်၍ အကြောင်းကြောင်းကြောင့် ဆည်ကျိုးပေါက်ပါက မြစ်ကြီးနားမြို့ရေကြီးသည့် အဆင့်မဟုတ်ဘဲ မြစ်ကြီးနားတစ်မြို့လုံး ရေမြှုပ်သွားမည့် အနေအထား ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အနေအထားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ထမ်းများမှ ယင်းအခြေအနေများ ကို ၀န်ကြီးဌာနသို့ တင်ပြထားကြသလို MOU ထိုးပြီးစကလည်း သက်ဆိုင်ရာ တရုတ်ကုမ္ပဏီသို့ ပြန်စဉ်းစားနိုင်ရန် ပြောကြားခဲ့ဖူးကြောင်း သိရပါသည်။ သို့သော် တရုတ်ကုမ္ပဏီဘက်မှ မြန်မာနိုင်ငံမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များနှင့် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ပြန်စဉ်းစား ပြင်ဆင်ရန်ပြောသည့် ၀န်ထမ်း ကိုပြန်ပြောခဲ့သည်ဟု သိရှိရပါသည်။
“ဒီအကြောင်းအရာတွေကတော့ တကယ့်ဖြစ်စဉ် အမှန်ကို ကိုယ်တွေ့ ကြုံပြီး ဘာမှမတတ်နိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ အမှတ် (၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန အရာရှိကြီး တစ်ယောက်ရဲ့ ရင်ဖွင့်စကားတွေကို တာဝန်သိ ပြည်သူတစ်ယောက်က သတင်းပေးလာတာ ဖြစ်ပါတယ်။ အခြားသိရှိသူတွေ အနေနဲ့လည်း နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ သိထားသမျှတွေကို ဖော်ထုတ်သင့်ပါတယ်။ ဒီ ကိစ္စမှန်၊ မမှန်ကို သက်ဆိုင်ရာက အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးသင့်ပါတယ်”
ဝေဖြိုး (အယ်ဒီတာချုပ်)
Weekly Eleven News Journal


လူ ယဉ်ကျေးနည်း နဲ့ ရိုးရိုးသားသား ကောင်းကောင်းမွန်မွန် ကန့်ကွက်လို့ မရရင် ဖြစ်တဲ့နည်းနဲ့ မရရ အောင် ဒီ မျိုးဖျက် စီမံကိန်းကို တားကြရမယ်။ ဧရာဝတီဟာ တနိုင်ငံလုံး နဲ့ ဆိုင်တဲ့ မြစ်။ ခွေးမသား သန်းရွှေ အမေ့လင် ရဲ့ ကိုယ်ပိုင် ပစည်းမဟုတ်။ တိုင်းပြည်ထဲ ရှိသမျှ ရေပေါ် ရေအောက် မြေပေါ် မြေအောက် ရောင်းစားထား တာ ကုန်လုပြီ။ နောက်ဆုံး မြစ်ပါရောင်းစားတဲ့ စစ်ဘိုတွေ။ လူလွန်မသားတွေ။
ReplyDeletewe have to act to these military thugs, an eye for an eye, we have to do any means to stop this Irrawaddy dam projects, we must be united and fight the military thugs generals, Thein Sein's government and Chinese government.
ReplyDeleteစစ်တပ်ကို တိုက်ကျလေကွာ လေသိပ်ကျယ်မနေကျနဲ့ နိုင်အောင်တိုက်ကျ။
ReplyDeleteလေပေါတွေလို့  အပြောမခံနဲ့လေ မင်းတို့ လေပေါတာများလို့  ငါတို့ ဖတ်ရတာ ရိုးနေပြီကွာ။ ပျင်းလာပြီ။
မေတ္တာထားလို့မရရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အားလုံးအသိဖြစ်ပါလိမ်မယ်
ReplyDeleteပြောလို့မရတဲ့သူကို တိုက်ထုတ်ပြစ်တာအကောင်းဆုံးပဲ
စစ်တပ်ကိုတိုက်ကျလေကွာတဲ့". တော်တော်ဦးနှေက်နဲတဲ့ကောင်!
ReplyDeleteအောက်ခြေကစစ်သားကနေ. ဗိုလ်မှူးအထိ. အားလုံးကျဆုံးကုန်တော့ရော
ကိုယ့်နိုင်ငံရဲ့ပြည်သူပြည်သားတွေဘဲမဟုတ်လား? ငါတို့နိုင်ငံဘဲ
နစ်နာဆုံးရှုံးတာမဟုတ်ဘူးလား? ငါတို့ပြောနေတာက. စစ်တပ်ဆိုတာ
အမိန့်နဲ့အသက်ရှင်နေရတာမဟုတ်လား? စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်
တွေကျင့်သုံးနေတဲ့စနစ်ဟာ. မှားယွင်းနေတဲ့အတွက်. စံနစ်ကိုပြင်ပါ၊.
ပြောင်းပါလို့တောင်းဆိုနေခဲ့တာ. ဖြစ်တယ် ။. စစ်တပ်ရဲ့အမိန့်ပေးတဲ့စနစ်
ဟာ စစ်သားဆိုတဲ့အမိန့်နဲ့အသက်ရှင်နေရတဲ့လူတန်းစား. အတွက်ဘဲ
ကိုက်ညီတယ်။. ဥပဒေနဲ့အသိစိတ်ဓါတ်နဲ့တန်းတူညီတူ. အသက်ရှင်
နေထိုင်ရတဲ့ပြည်သူပြည်သားတွေနဲ့သဟဇာတမဖြစ်ပါဘူး။. ဒါကြောင့်
နိင်ငံစီးပွားရေးဆိုတာဟာလဲ. ဘယ်လောက်အာဏာကြီးတဲ့ဗိုလ်ချုပ်
မှူးကြီးကဘဲ. ဘယ်လိုအမိန့်ပေးပေး. တိုးတက်မလာနိုင်တာကိုယ်တွေ့
ဘဲမဟုတ်လား(ရာထူးကြီးတဲ့ပုဂ္ဂိုလ်နဲ့သူ့မိတ်ဆွေတွေကလွဲရင်ပေါ့)။
ဒါကြောင့်တိုက်ထုတ်ပစ်ဆိုတာ. စနစ်ကိုပြောတယ်ဆိုတာ. ခင်ဗျားကို
သိစေချင်ပါတယ်။. မတည့်လဲဘဲ. ငြိမ်းချမ်းစွာအတူနေထိုင်ရမဲ့နည်းလမ်း
ကိုရှာပြီးနေထိုင်ရမှာဘဲ။ဥပမာ။. ။ခင်ဗျားကိုသတ်ခွင့်ပေးခဲ့ရင်တောင်
ကျုပ်မသတ်ဘူး။. ဘာဖြစ်လို့လဲဆိုတော့. ခင်ဗျားဟာ. ဒီစံနစ်ဆိုးဖြစ်
လာအောင်လုပ်ခဲ့တဲ့တရားခံမဟုတ်လို့။ ဒီစံနစ်ဆိုးကြီးကြောင့်ခင်ဗျား
ဒုက္ခမရောက်ဖူးသေးလို့ပါ။၊. ကျုပ်တို့ပြောင်းလဲစေချင်တာစံနစ်ဖြစ်ပါတယ်။
စစ်သားထဲမှာပြောတဲ့အတိုင်းပြည်သူအကျိုးရှိအောင်. လုပ်နိုင်တဲ့သူဟာ
ပြည်သူ့အာဇာနည်ဖြစ်လာလိမ္မယ်။
ဘယ်စစ်ဗိုလ်ကမှစံနစ်ကိုမပြင်ချင်ဘူးလေ.ဗိုလ်သင်တန်းတက်ထဲကခိုးကောင်းတဲ့ဂွင်ဘဲဆိုပီးအလုအယက်အထုပ်အထည်နဲ့ပေးပီးတက်လာကြတာ.ဗိုလ်ဖြစ်တာနဲ့ကြိုက်သလိုလ်ခိုးစားခွင့်လိုင်စင်ရသွားပီ.အဲ့ဒီတော့အောက်ခြေကစစ်သားကနေ. ဗိုလ်မှူး,ဗိုလ်ချုပ်အားလုံးသတ်ပီး တစ် ကပြန်စဖို့ဘဲရှိတော့တယ်.
ReplyDelete