ဓာတ်ပုံ၊ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
အန်တီစုတွေ့ခဲ့တဲ့ မြန်မာ-လာအိုဘောလုံးပွဲ
(ရေးသားသူ ဖိုးရှုပ်လေး)
အန်တီစု တယောက် ကနေ့ သုဝဏ္ဏကွင်း မှကျင်းပတဲ့ အာစီယံ အသက် ၁၉ နှစ်အောက် ဖလားဖြစ်တဲ့ မြန်မာ အသင်းရဲ့တတိယမြောက် အုပ်စုစဉ် ဖြစ်တဲ့ လာအို နဲ့ မြန်မာ ဘောလုံးပွဲ ကို သွားကြည့်တယ်လို့ သိရပါတယ်၊၊
(ဧရာဝတီမှ သတင်းအရ
“အခု ပွဲစလို့ ၃ မိနစ် ရှိနေပါပြီ၊ ဒေါ်အောင်ဆန်စုကြည် အနားမှာ ဦးဇော်ဇော်၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဦးအောင်ကျော်မိုးတို့လည်း ထိုင်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန် ယူထားသည့် ကိုကျော်စိုးနိုင်က ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူကြောင်း ဘောလုံးပွဲကို အေးချမ်းစွာအားပေးနေသည့် ပရိသတ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြောင်း ကိုကျော်စိုးနိုင်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲ ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။) ဟုတွေ့ရပါတယ်။
ဒီကနေ့ပွဲမှာ မြန်မာ က လာအိုကို ၁-၀ ဂိုးနဲ့နိုင်ခဲ့ပြီး။ မြန်မာ အသင်း အနိုင်ဂိုးကို သီဟဇော်က ပွဲကစားချိန် ၂၂မိနစ်မှာ လာအိုသင်းဂိုးသမားနဲ့ နောက်တန်းလူ ၂ယောက်ကြား သွင်းသွားတာဖြစ်ပါတယ်။
ဒီပွဲကို အန်တီစုကြည့်ခဲ့တယ်ဆိုတော့ ဒီပွဲမှာ မြန်မာအသင်းက အသင်းသားတွေ ဘယ်လို ဘယ်ပုံ အားကစားစိတ်ဓါတ် မရှိကြပုံကို တွေ့သွားမှာပါ။
အကြောင်းမှာ ဒုတိယ ပိုင်းအရောက်တွင် မြန်မာအသင်း ကစားသမားများဟာ ဘောလုံးပွဲတစ်ပွဲ၏ ရသပျက်လောက်အောင် ပွဲချိန်ကို အချိန်စွဲကာ ကစားခဲ့ ကြပြီး။ မလိုအပ်ပဲ အတုံးအရုံးလဲပြခဲ့ကြပါသည်။ အထူသဖြင့် ဂိုးသမား ၏အပြုမူများသည် ပိုမိုထင်ရှားခဲ့ပါသည်။ ဒါတင်မကသေးပဲ တဖက် အသင်းသားများအား အားကစား စိတ်ဓါတ်မရှိစွာ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ ကြသဖြင့် ကွင်းလယ်ဒိုင်မှ နှစ်ဝါ၊ တစ်နီ ဖြင့် မြန်မာအသင်း အသင်းသား နှစ်ဦးအား ထုတ်ပယ်ခံခဲ့ရပါသည်။ ထိုအဖြစ်အပျက်များကို အထူးတလည် ရှင်းပြနေစရာမလိုပါ။ မြန်မာအသင်း၏ အကျင့် ဒီလိုရှိမှန်း ကျနော်တို့ ရွှေမြန်မာများသိပြီး ဖြစ်ပါသည်။
ထိုအဖြစ်ကိုကြည့်လျှင် ကျနော်တို့ ရွှေမြန်မာများ အကျင့်သည် အလွန်အမင်းဆိုးဝါးသော အခြေအနေသို့ ရောက်ရှိနေသည် ဟုပြောလျှင် မည်သို့မည်ပုံမှာ ငြင်းလို့ ရနိုင်မည်မဟုတ်ပါ။
ဘောလုံးပွဲလာရောက်ကြည့်သော အန်တီစုလဲ တော်တော်ကို သင်ခန်းစာများရသွားပါလေ့မည်။ ပွဲကြည့်ရန် ဖိတ်ကြားသော ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော် ကိုလဲ ကျေးဇူးတင်သင့်ပါသည်။ (မြန်မာအသင်း၏ ဂုဏ်ရည်များ ထုတ်ပြနိုင်ခဲ့သောကြောင့်)
တော်ပါပြီ။
မှတ်ချက်။ ။ ကျနော်ဖိုးရှုပ်လေး မြန်မာပြည်ကိုချစ်သော စိတ်ဖြင့် ယခုပွဲလေးကို ကျနော် ကိုယ်တိုင်ပင် မြန်မာ့ အသံမှ တိုက်ရိုက် ထုတ်လွှင့်မှုကို အားရပါးရ ထိုင်ကြည့်ခဲ့သဖြင့် တွေ့သမျှ မြင်သမျှရေးမိပါသည်။
ဖိုးရှုပ်လေး
ပေးပို့ပေးတဲ့ ဖိုးရှုပ်လေးအား ကျေးဇူးတင်ပါသည်။ ဖိုးရှုပ်လေး ဘလော့ဂ်ကတော့ http://4shokelay.blogspot.com


ကောင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့  ပြည်သူနှင့် ထိတွေ့ မူ များလေ ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် လိမ်နေသူများ မလိမ်ရဲလေ ဖြစ်ပါမည်။
ReplyDeleteဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် လိမ်နေသူများ မလိမ်ရဲလေ ဖြစ်ပါမည်။ What you mean? Who lie to her???
ReplyDeleteဘေးနားက ခွေးသူခိုး အစိမ်းရောင်ကြီးက ဓာတ်ပုံတစ်ခါမှ အရိုက်မခံဖူးသေးဘူးနဲ့တူတယ် .... ဒီပုံတိုင်းဆိုရင် အဲဒီ အစိမ်းကောင်တွေ ဘာဘဲလုပ်လုပ် ဓာတ်ပုံထဲမှာ သူတို့ပုံ ခန့်ခန့်ညားညား ဖြစ်အောင် ပြင်နေရတာနဲ့ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး ...
ReplyDeleteခွေးကလေး အရောဝင် ပါးယက် နားယက် ဆိုတာကြားဘူးလား တော့ မသိဘူး ပြည်သူတွေ ကိုယ်စားပြုထားတဲ့ ခေါင်းဆောင် တစ်ယောက်က ပြည်သူတွေ ကြားတည်း သွားတာကို အပြစ်မပြောဘူး ခွေးတွေ နဲ့ တွဲသွားရင် ကြားဘူးလားတော့ မသိဘူး ဂေါဏေန ဂေါဏော သမဏေန သမဏော ဆိုတာ....။
ReplyDeleteစက်တင်ဘာ ဦးနေ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)
ဘယ်သူကဒေါ်စုကိုလိမ်ခဲ့တာလဲ?၉၀. ရွေးကောက်ပွဲအပြတ်အသတ်
ReplyDeleteနိုင်ခဲ့တုံးကလဲ. အယောင်ဆောင်ဖိုးသူတော်က. ဂဏန်းစားချင်နေတော့
ကြီးတဲ့ကောင်. နှစ်ခါလျှောက်. ဆိုပြီးလိမ်ခဲ့တာ. ခလေးကအစသိတယ် ။
ညောင်နှစ်ပင်ကိုလဲညာသံပေးပြီးညာခဲ့ကြပြီးပြီ။. ၂၀၀၈. မှာလဲအခြောက်
အစစ်ရှူံးလောက်အောင်. လုပ်ခဲ့ပြီးပြီ။. ၂၀၁၀. မှာကတော့. အဆိုးဝါးဆုံး
တံခါးပိတ်ကြိတ်ဝိုင်း. နဲ့လိမ်ခဲ့ကြတာ. တကမ္ဘာလုံးသိ။. လိမ်တဲ့သူတွေ
ကံကဆိုးချင်တော့. လိမ်ပြီးပြီးချင်း. တကမ္ဘာလုံး. ချက်ချင်းသိနိုင်တဲ့
ခေတ်ရောက် နေပြီဆိုတာဘဲ။. သဘာဝတရားဟာ. တရားသဖြင့်
ဆုံးဖြတ်ပေးပါလိမ္မယ်။မြန်တာနဲ့. နဲနဲကြာတာဘဲကွာမှာပါ။
နအဖနဲ့ပေါင်းခိုးစားပီးကြီးပွါးလာသောဒီလိုသူခိုးမျိုးဦးစီးတဲ့ဘောပွဲကိုသွားကြည်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းထာဝရကြည်ညိုလေးစားခဲ့တဲ့ကျွှန်တော်အနေနဲ့ "လုံးဝလုံးဝ" ရုတ်ချပါတယ်.
ReplyDelete