Pages

Saturday, September 17, 2011

စစ်အာဏာရှင်သန်းရွှေနှင့် အပေါင်းအပါများသည် ဧရာဝတီအပေါ် သစ္စာဖောက်ခဲ့သည်...

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းမြင်ကွင်း ဘေးတဘက် တချက်မှာ စီမံကိန်းတွေ တည်ဆောက်နေတာပါ.. (ပုံကြီးချဲ့ကြည့်ပါ)
ဒါကတော့ ၂၀၀၆ခုနှစ်က မြန်မာပြည်တွင်းမှာ  တရုတ်နဲ့ဆောက်လုပ်ဆဲ၊ ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ဓာတ်အားခွဲရုံ စီမံကိန်း ၅၆ခုပါ...။ ဒီဘက်က အနီဝိုင်းနဲ့ ပြထားတာကတော့ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံ၊ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေပါ...။ ကဲဆက်ကြည့်ရအောင်..
တရုတ်နဲ့ ဆောင်ရွက်မယ့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်တွေပေါ်က ရေအားလျှပ်စစ် စီမံကိန်းတွေပါ...။ အနီရောင် အလံပုံစံ ပြထားတာကတော့ ဓာတ်အားခွဲ စက်ရုံတွေပါ...။အထက်ပါ စာရင်းအရ ကချင်ပြည်နယ် မေခ၊ မလိခမြစ်ပေါ်နဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် အင်မတန်ကြီးမားတဲ့ စီမံကိန်းတွေဖြစ်ပါတယ်...။ အမှတ်စဉ် (၂၇)သံလွင်မြစ်ပေါ်က တာဆန်းရေအားလျှပ်စစ် စီမံကိန်းကတော့ အကြီးဆုံး စီမံကိန်းပါ..။

၂၀၀၆ခုနှစ် ပမာဏသဘောတူ လက်မှတ်ရေးထိုးစဉ်က အမှတ်စဉ်(၉)မှာပါတဲ  မြစ်ဆုံရေကာတာ စီမံကိန်းဟာ မူလအစီအစဉ်အရ ၃၆၀၀မဂ္ဂါဝပ် ထုတ်လုပ်ဖို့ပါ...။
၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့က တရုတ် ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးမောင်အေးနဲ့ မြစ်ဆုံရေကာတာစီမံကိန်း အတွက် စာချုပ်ချုပ်ဆိုခဲ့ပါတယ်...။ မဂ္ဂါဝပ် ၆၀၀၀အထိ တိုးမြှင့်ထုတ်လုပ်ဖို့ ဖြစ်သွားတာကတော့....

Eleven Media Groupမှာ ဖော်ပြထားတဲ့  ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်း မပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နဲ့ အာဏာရှင် ဗိုလ်သန်းရွှေတို့ ဒီလို မလိမ့်တပတ်နဲ့ လူလည်ကျခဲ့တာပါ...။
အာဏာရှင်ဗိုလ်သန်းရွှေမှ သစ်သီးခြင်းနဲ့ (ရဲရွာရေအားလျှပ်စစ်စီမံကိန်း စတင်စဉ်က) အတူ  ဧရာဝတီနဲ့ တနိုင်ငံလုံးအား တရုတ်လက်ထဲ ဝကွက်အပ်ခဲ့တာပါ...
 ဒီပုံကတော့ ၂၀၀၈ခုနှစ် ကတည်းက တည်ဆောက်နေခဲ့တဲ့ မေခမြစ်ပေါ်က ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းဓာတ်ပုံပါ.. တောင်စောင်းတွေကို ခက်ခက်ခဲခဲ တည်ဆောက်ရတယ်လို့ ဆိုပါတယ်...။
 ဒီပုံကတော့ ပြီးစီးလုပြီဖြစ်တဲ့ မေခမြစ်ပေါ်က ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း ၂၀၁၀ခုနှစ်က ပုံတွေပါ...။ မကြာခင်မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်...။
ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင် မြင်ကွင်းပါ.. တချို့ဝက်ဘ်ဆိုဒ်တွေမှ ပြန်လည်ကူးယူ ဖော်ပြရာမှာ မြစ်ဆုံရေကာတာ စီမံကိန်းလို့ မှားယွင်း ဖော်ပြနေကြပါတယ်...။ သတိချပ်စေလိုပါတယ်...။
၂၀၁၀ခုနှစ် ကတည်းက ချီဖွေစီမံကိန်းမှာ အတွင်းပိုင်း စက်အစိတ်အပိုင်းတွေ တပ်ဆင်နေပါပြီ....။ 
ယခုနှစ် မေလ ၂၆ရက်နေ့က ပီကင်းမြို့မှာ China Datang Corporation  ဥက္ကဋ္ဌနဲ့ လျှပ်စစ်ဝန်ကြီး ဒေါက်တာဇော်ဖျင်းတို့ တွေ့ဆုံခဲ့ပါတယ်.. ယင်းကုမ္ပဏီဟာ ရေအားလျှပ်စစ် စက်ရုံတွေအတွက် စက်အစိတ်အပိုင်းတွေ ထုတ်လုပ်တပ်ဆင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်.။ သိရသလောက် မကြာခင် မေခမြစ်ပေါ်က ချီဖွေရေအားလျှပ်စစ် စီမံကိန်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်..။
ဒီပုံကတော့ ယခုနှစ် (၆)လပိုင်းက ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း မြင်ကွင်းနဲ့
စက်ယန္တရား လုပ်ငန်းခွင် မြင်ကွင်းပါ..။
ပွင့်လင်းရာသီမှာ ဒီထက် အင်တိုက် အားတိုက် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်...။
(လုပ်ငန်းခွင် အနီးကပ်မြင်ကွင်း)
ရုံးခန်းအတွင်းမှ မြစ်ဆုံ မြေပုံကြမ်း..
ယခုထက်ထိ လေ့လာတွေ့ရှိရတဲ့ အထောက်အထားတွေအရ
မြစ်ဆုံစီမံကိန်းမှာ မြန်မာပညာရှင်တွေ အလုပ်သမားတွေ မရှိသလောက်ပါပဲ...။
ထမင်းချက်ကအစ တရုတ်တွေပါ..
ဒီပုံကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတဝှမ်း ခြေချစရာမရှိအောင် စစ်အာဏာရှင် လက်ထက် တိုင်းပြည်ကို တရုတ်လက်ထဲ ဝကွက်အပ်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေပါပဲ...။  တရုတ် ရေနံနဲ့ဂတ်စ် ပိုက်လိုင်းတွေ မြန်မာပြည် အလယ်ပိုင်းက ဖြတ်သန်း ဖောက်လုပ်နေတာကို အနီရောင်နဲ့ ပြထားပါတယ်..။ ကုန်းတွင်းနဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ အားလုံးတရုတ်လက်ထဲ မှာပါပဲ...။

အချုပ်အားဖြင့် ဆိုရသော် အမျိုးသားရေးဟု တွင်တွင်အော်နေတဲ့ အာဏာရှင်တွေ ကိုယ်တိုင် အမျိုးသားရေးကို သစ္စာဖောက်နေတဲ့ လုပ်ရပ်တွေနဲ့ တိုင်းပြည်ကို ရောင်းစားနေကြတာပါ။ အထက်ပါ မြန်မာပြည်တဝှမ်း ရေအားလျှပ်စစ် စီမံကိန်း စာရင်းတွေကတော့ တွေ့မြင်ရတဲ့ အတိုင်းပါပဲ...။ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ အများအပြားပါ...။  ကျွန်တော်တို့ ပြည်သူတွေ ဘဝကတော့ ဒုံရင်းက၊ ဒုံရင်းပါပဲ...။

လျှပ်စစ်ဓာတ်အား အများအပြားပို့ဆောင် ပေးနေရတဲ့ ကြပ်ပြေးနေပြည်တော်အပြင်  ပြည်သူတွေမသိနိုင်  သတိမထားမိနိုင်တဲ့ နေရာကတော့ နိုင်ငံတဝှမ်းမှာ လျှို့ဝှက်တည်ဆောက်နေတဲ့  စစ်အာဏာရှင်တွေရဲ့ လျှို့ဝှက်တည်ဆောက်ရေး လုပ်ငန်းတွေကို ဓာတ်အားတွေ ပို့ဆောင်နေရတာလည်း အဓိကအချက် တခုထဲမှာ ပါဝင်နေပါတယ်..။ ယခုအချိန်မှာ ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေ အဓိကတောင်းဆို နေကြတာကတော့.. ဧရာဝတီကို စတေးပြီး လျှပ်စစ်မီးရဘို့ထက် ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ဘို့ပါပဲ...။ ဧရာဝတီကို စတေးခံ၊ အပျက်ဆီးခံ၊ အပေါင်ခံပြီး ကျွန်တော်တို့ ပြည်သူပြည်သားတွေ နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့တဲ့ အမိဧရာဝတီအပေါ် သစ္စာ မဖောက်လိုပါ...။  ဧရာဝတီကို ဂုတ်သွေးစုပ်ပြီး တိုင်းတပါး လက်ထဲ ဝကွက်အပ်မယ့် သူတွေကတော့ လက်ရှိ စစ်ခေါင်းဆောင်တွေပါပဲ...။ ပြည်သူ့ဆန္ဒကို အလေးမထား၊ ပြည်သူ့မျက်နှာကို မထောက်ထား၊ ဧရာဝတီကို သစ္စာဖောက်ခဲ့မယ် ဆိုရင်တော့ တူညီသော အကျိုးပေးကို ခံရမှာ ဖြစ်ပါတယ်...။ လက်ရှိ သစ္စာဖောက်ဖို့ ကြံရွယ်နေသူများ အချိန်မနှောင်းသေးခင် စဉ်းစားဖို့ အချိန်ရှိပါသေးကြောင်း ထပ်လောင်း သတိပေးလိုက်ပါတယ်...

အမိဧရာဝတီကို ချစ်တဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ သမိုင်းတကွေ့မှာ ကျရာနေရာကနေ ကိုယ်တတ်နိုင် သလောက် ရှာဖွေ၊ ဖော်ထုတ် တင်ပြပေးလိုက်ပါတယ်..။ ကျွန်တော်တို့ ဧရာဝတီကိုချစ်တဲ့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြပါ...။

အမိဧရာတီ ထာဝရရှင်သန်ရေးသည်  မြန်မာနိုင်ငံသား အားလုံး၏ အမျိုးသားရေး တာဝန်ဖြစ်သည်...။

ဒီမိုဝေယံ

17 comments:

  1. ဖွတ်မီးကျောင်းဖြစ်မြစ်မချမ်းသာတဲ့။
    ဒီစကားပုံကအခုမှအတိအကျမှန်နေတယ်။
    ဖွတ်မသားတွေလူ့အသိဥာဏ်တစက်ကလေးမှမရှိဘူး။
    အခုကိစ္စကတနိုင်ငံလုံးရောင်းစားတာနဲ့အတူတူဘဲ။
    ဆက်လုပ်ကြည့်ပါ။
    မြစ်ဆုံရေကာတာစလည်တဲ့နေ့ဟာတရုပ်တန်းမီးလောင်တဲ့နေ့ဘဲ။
    တားမရရင်ဒီနည်းဘဲရှိတော့တယ်။
    မြန်မာ့မြေမှာနေ၊မြန်မာ့ရေသောက်နေကြတဲ့တရုပ်တွေ
    မြစ်ဆုံကိစ္စဝိုင်းတားပေးကြပါ။
    ၁၉၆၇ ခုနှစ်ကိုသတိရပါ။

    ReplyDelete
  2. People Power Movement 2012September 17, 2011 at 11:46 AM

    မြန်မာ့မြေမှာနေ၊ မြန်မာ့ရေ သောက်နေကြတဲ့ တရုတ်တွေ
    မြစ်ဆုံကိစ္စ ဝိုင်းတားပေးလဲ တရုတ်အစိုးရက ဂရုစိုက်မှာ မဟုတ်ဘူး..

    အဓိက လုပ်ရမှာက မြန်မာစစ်အုပ်စုကို လူထုအင်အားကို ဆထက်ထမ်းပိုး ပို ပြပြီး မြစ်ဆုံစီမံကိန်းကို မရပ်ရင် နိုင်ငံရေး မတည်ငြိမ်ဘဲ သူတို့ အာဏာလက်လွတ်သွားနိုင်မယ့် အလားအလာ များလာနိုင်တာကို စိုးရိမ်ပြီး လူထုဆန္ဒကို မဆန့်ကျင်ရဲအောင် ဖိအားပေးရမယ်..

    စစ်အုပ်စုကို ထိရောက်တဲ့ ဖိအားပေးနိုင်အောင် ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီအင်အားစုတွေ အားလုံး လူထုစည်းရုံးရေးကို ထိရောက်အောင် လက်တွဲ ဆောင်ရွက်ရမယ်..

    ပြည်ပက ရဲဘော်တွေအနေနဲ့ ကိုယ့်မှာရှိတဲ့ ပြည်တွင်းက အီးမေးလ်လိပ်စာတွေကို ဧရာဝတီကို အသေသတ်မယ့် မြစ်ဆုံစီမံကိန်း အကြောင်း နဲ့ မြစ်ဆုံစီမံကိန်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံတွေကို အခုထက် ပိုအားစိုက်ပြီး ဖြန့်ပေးကြပါ..



    ၁၉၈၈၊ ပြည်သူ့အရေးတော်ပုံကြီးကို သတိရကြ..

    ၂ဝ၁၂၊ ပြည်သူ့အရေးတော်ပုံကြီးကို ဖန်တီးကြ..

    တရုတ်အားကိုး၊ ပုဆိန်ရိုး စစ်ခွေးအစိုးရကို ဖြုတ်ချကြ..

    ReplyDelete
  3. အဲဒီ မြစ်ဆုံ မှာ ရှိတဲ့ စီမံကိန်း တခုခု စဖွင့်တဲ့နေ့ဟာ တိုင်းပြည်မှာ မီးပွားတခု စဖြစ်တဲ့နေ့ပဲ။ သန်းရွှေ + ဇော်မင်း (တခြားဝေပုံကျသမားတွေရဲ့) မိသားစု အသက်ဖက်နဲ့ ထုတ်ထား ဘို့သာ ပြင်ပေတော့။

    ReplyDelete
  4. The heading is misleading
    NOT betrayed The Irrawaddy only
    It Should be " Betrayed Mother country"
    It is treason. Than Shwe Should be hanged like Saddam Husein for plundering the treasured natural resources and crimes against humanity. Have to set an example that there will be no military takeover anymore

    ReplyDelete
  5. ပြည်တွင်းကနိုင်ငံရေးအဖွဲ့အစည်တွေဘာတစ်ခုမှဝင်ပြောတာမတွေရဘူး၊ ဘာတွေလုပ်နေတာလဲ.
    ဒီကိစ္စကိုအနုနည်းနဲ့မရရင်.အကြမ်းနည်းနဲ့လုပ်ရမယ်.ပထမဆုံးပြည်တွင်းကငြိမ်နေတဲ့တရုပ်တွေအကုန်သတ်ပြစ်ကြ.တရုတ်တွေကိုသေမှမအေ--ိုး ဝူဂျင်တောင်သဘောပေါက်မယ်.ရရင်ရ မရရင်ချ(အကြမ်းဖက်)
    ကျူပ်တို့တိုင်းပြည်အတွက်ဒါဟာ တရားသောလုပ်ရပ်ဘဲ.ယဉ်ယဉ်ကျေးကျေးပြောမရင်.မိုက်မိုက်ရိုင်းရိုင်းလုပ်ကိုလုပ်ရမယ်..

    ReplyDelete
  6. ရုရှားကစစ်ဗိုလ်ပေါက်စတွေ.ဘာလို့ငြိမ်နေတာလဲ.မင်းတိုပထွေးလုပ်ရပ်တွေကိုထောက်ခံနေတာလား.

    ReplyDelete
  7. ကျွန်တော်လဲ အဲဒါ ပြောမလို့ဗျ...... ပြည်တွင်းမှာတရုတ်တွေအခြေချနိုင် တာ သူတို့ရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေး အတွက်မပူပင်ရလို့ပဲ အဲဒီ့အခြေ အနေကို ဖျတ်စီးနိုင်ရင် ဒီကောင်တွေနေရဲမှာ မဟုတ်ဘူး.....

    ReplyDelete
  8. အေးဗျာ ဒီပုံတွေတွေ့လိုက်ရတော့ ကျွန်တော်တို့မြစ်ဆုံဧရာဝတီနဲ့ အမိနိုင်ငံကိုကယ်တင်ဘို့ သိပ်များနောက်ကျသွားပြီလားမသိဘူး။ ကြည့်စမ်း စီမံကိန်းတွေက အများကြီးပဲ။ ကျွန်တော်တို့ဒီမိုကရေစီရေးလုံးပမ်းနေချိန်မှာ ဒီမိတ်ဆာ အာဏာရူးကြီးသန်းရွှေ ကနောက်တက်တဲ့အစိုးရဘာမှလုပ်မရအောင် တိုင်းပြည်ရှိသမျှစာတွေချုပ်ပြီးတရုတ်အစိုးရကို လက်ညှိုးထိုးရောင်းစားခဲ့ပြီလားမသိဘူး။ မစားရတဲ့အမဲသဲနဲ့ဖျက်မယ်ဆိုတဲ့ လူယုတ်မာစိတ်ဓာတ် နဲ့လုပ်ချင်ရာစွပ်လုပ်ခဲ့ပြီလားမသိဘူး။ ကျွန်တော်တို့မသိတဲ့ တရုတ်နဲ့လုပ်ထားတဲ့စာချုပ်စာတမ်းတွေဘယ်လောက်ရှိနေပြီလဲမသိဘူး၊ ကျွန်တော်တို့ရဲ့နောင်မျိုးဆက်တွေနဲ့ တိုင်းပြည်ရဲ့အနာဂါတ်ကတကယ့်ကိုစိုးရိမ်မှတ်ကိုရောက်နေပြီဗျာ၊ စိတ်ထဲရှိတဲ့ခံစားချက် ကိုအမှန်အတိုင်းပြောရရင် နိုင်ငံသေးပြီးပြသနာတွေက နိုင်ငံအရွယ်အစားနဲ့မလိုက်အောင်ရှုပ်ထွေးနေတဲ့တိုင်းပြည်ကို အနုမြူဗုံး (၁၀)လုံးလောက်ကြဲချပြီးဘဂ်လားပင်လယ်အောက်ကို ရေမြှုပ်ပစ်လိုက်ချင်တော့တယ်ဗျာ (ဒေါက်တာ ခင်စိန်-ဧရာဝတီ)

    ReplyDelete
  9. အေးဗျာ ဒီပုံတွေတွေ့လိုက်ရတော့ ကျွန်တော်တို့မြစ်ဆုံဧရာဝတီနဲ့ အမိနိုင်ငံကိုကယ်တင်ဘို့ သိပ်များနောက်ကျသွားပြီလားမသိဘူး။ ကြည့်စမ်း စီမံကိန်းတွေက အများကြီးပဲ။ ကျွန်တော်တို့ဒီမိုကရေစီရေးလုံးပမ်းနေချိန်မှာ ဒီမိတ်ဆာ အာဏာရူးကြီးသန်းရွှေ ကနောက်တက်တဲ့အစိုးရဘာမှလုပ်မရအောင် တိုင်းပြည်ရှိသမျှစာတွေချုပ်ပြီးတရုတ်အစိုးရကို လက်ညှိုးထိုးရောင်းစားခဲ့ပြီလားမသိဘူး
    ဘာဆိုင်လို့လဲဗျာ၊ခွေးသာသာ၊ကလေးသာသာကောင်တွေဆီမှာလိမ်ညာပြီး ချုပ်ထားတဲ့စာချုပ်တွေ၊ပြည်သူ့အစိုးရစစ်စစ်တက်လာရင်၊စောက်တရုပ်တွေ ဖွတ်မရဓါးမဆုံးဖြစ်သွားမှာပါ။

    ReplyDelete
  10. မထူးပါဘူးဗျာ အားလုံးလက်နဲ့စွဲတိုက်ဖို့ပဲကျန်တော့တယ်လေ ပြည်သူအားလုံး
    D.K.B.A /K.I.O အစရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပေါင်း တိုက်ကြတော့ဗျာ ကြာတယ်

    ReplyDelete
  11. စင်ကာပူနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ထုပ်လုပ်ရန်အတွက်မည့်သည့် အရင်းအမြစ်(resource)မျှမရှိပါ။ ရေအားလျှပ်စစ်အတွက် (Hydro Power)အတွက် မြစ်ချောင်းများမရှိသလို လေအားလျှပ်စစ်()အတွက်လည်း လုံလောက်သော လေတိုက်နှုန်းမရှိပါ။ လေအားလျှပ်စစ်(Wind Power)အတွက် အနည်းဆုံး လေတိုက်နှုန်း စက္ကန့်လျှင် ၅ မီတာလိုအပ်သည်။ စင်ကာပူ၏ ပျှမ်းမျှလေတိုက်နှုန်းမှာ စက္ကန့်လျှင် ၃.၃ မီတာသာဖြစ်သည်။ထိုကြောင့် HSFO လောင်စာဆီ။ သဘာဝဓါတ်ငွေ့ နှင့် စွန့်ပစ်ပစ္စည်းတို့ ကို အသုံးပြုကာ လျှပ်စစ်ဓါတ်အား ထုပ် ယူရသည်။ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှု အသုံးများချိန် အတွင်းတွင် ၆၀၀၀ မီဂါဝပ်လိုအပ်ပြီး အသုံးနည်းချိန် တွင် ၄၂၀၀ မီဂါဝပ်လိုအပ်သည်။

    တရုပ်ကိုရောင်းမည့် ပမာဏ ၆၀၀၀ မီဂါဝပ် သည် စင်ကာပူတစ်နိုင်ငံလုံးကိုပေးနိုင်ပြီးမြန်မာနိုင်ငံ လက်ရှိအသုံးပြုနေသည့်ပမာဏထက် ၄ ဆခန့်များသည်။ ဘယ်လို့ခေါင်းမျိုးလဲမသိဘူး။

    ReplyDelete
  12. ကျွှန်တော်တို့ လူနဲ့မူကို ခွဲခြားသိကြပါ လူမျိုးေ၇းထက် မြစ်ဆုံက တ၇ုတ်ကုမ္ပဏီတွေ ထွက်သွားအောင် ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းစဉ်းစားကြပါ။ KIA လည်းတတ်နိုင်သလောက် လမ်းပန်းဆက်သွယ်ေ၇းတွေ ပြတ်တောက်နိုင်အောင် ဆောင်၇ွက်ပေးပါ.. တ၇ုတ်တွေ စိတ်ဓာတ် ခြောက်ချားအောင် နည်မျိုးစုံနဲ့ လုပ်ဆောင်ပေးဖို့ တိုက်တွန်းအပ်ပါတယ်

    ReplyDelete
  13. အောင်မြင်September 18, 2011 at 5:42 AM

    စက်တင်ဘာ-၁၁-ကိုမြင်တော့အပြစ်မဲ့တဲ့လူတွေအများကြီးကိုသတ်တဲ့မူဆလင်အကြမ်းဖက်သမားကိုတော်တော်လေးရွံမုန်းမိတယ်။အခုတော့သူတို့ကိုနားလည်ပေးနိုင်ပြီ။လက်ရှိပြဿနာကတရုတ်တန်းကအရက်ဆိုင်မှာရန်ဖြစ်တာမျိုးမဟုတ် ဘူး။တကယ့်တရားခံအစစ်တွေက ငါတို့ရေမြေတောတောင်တွေအားလုံးကို တ ရုတ်လက်ထဲထိုးထဲ့ပေးတဲ့ ခွေးသန်းရွှေ၊ခွေးမောင်အေး၊ခွေးဇော်ဖျင်း တို့နဲ့ အ ပေါင်းပါခွေးဝဲစားတစုဘဲ..ဒီခွေးတွေကိုရော ခွေးမိသားစုဝင်ခွေးထီးခွေးမအားလုံးကိုပါရတဲ့နည်းနဲ့သတ်ကြ။ဘယ်လိုနည်းဘဲသုံးသုံးတရားတယ်။ဆန္ဒပြလို့တောင်းဆိုနေလို့လေကုန်ယုံဘဲရှိမယ်။ခွေးဆိုတာလူစကားနားမလည်ဘူး။ဒါနောက်ဆုံးနည်းဘဲညီအကိုတို့။မဆိုင်တဲ့အပြစ်မဲ့သူနည်းနည်းပါးပါးတော့သေချင်သေမယ်၊ဒီခွေးတွေကြောင့်သေခဲ့ကြရတဲ့ပမာဏနဲ့စာလိုက်ရင်ဘာမှမပြောပလောက်ဘူး။ဗမာပြည်မှာလူတွေအများကြီးရှိ တယ်။ဘယ်နည်းနဲ့ဘဲသတ်သတ် တရားတယ်ညီအကိုတို့။

    ReplyDelete
  14. အမေရိကန်ကလေဘဲ ဘာမှလဲ လာမဆောက်ပေးဘူး

    ReplyDelete
  15. ကျွန်တော်တို့ ရှေးပဝေသဏီ ကတည်းက နေလာတဲ့ တရုတ်လူမျိုးတွေကိုတော့ ရန်မရှာပေးကြပါနဲ့ခင်ဗျား၊ သမ္မအာဇီဝနဲ့ ရှာဖွေစားသောက် နေကြရတာပါ။ မန္တလေးမြို့ပေါ်မှာနေတဲ့ ခါတော်မီ ဘိန်းတရုတ်တွေကိုသာ အဓိကထားစေချင်ပါတယ်။ ဒီခါတော်မီ တရုတ်တွေက ကျွန်တော်တို့လို ပြည်တွင်းတရုတ်တွေကိုလဲ အမျိုးတူ တရုတ်အဖြစ် လူရာမသွင်းပါဘူး။ ကြားထဲက ကျွန်တော်တို့လို မိရိုးဖလာ တရုတ်တွေပဲနစ်နာမှာပါ။ သေချာစိစစ်ပီးမှ လုပ်ဆောင်စေလိုပါတယ်။

    ReplyDelete
  16. "ကျွန်တော်တို့ ရှေးပဝေသဏီ ကတည်းက နေလာတဲ့ တရုတ်လူမျိုးတွေကိုတော့ ရန်မရှာပေးကြပါနဲ့ခင်ဗျား၊ သမ္မအာဇီဝနဲ့ ရှာဖွေစားသောက် နေကြရတာပါ။ မန္တလေးမြို့ပေါ်မှာနေတဲ့ ခါတော်မီ ဘိန်းတရုတ်တွေကိုသာ အဓိကထားစေချင်ပါတယ်။ ဒီခါတော်မီ တရုတ်တွေက ကျွန်တော်တို့လို ပြည်တွင်းတရုတ်တွေကိုလဲ အမျိုးတူ တရုတ်အဖြစ် လူရာမသွင်းပါဘူး။ ကြားထဲက ကျွန်တော်တို့လို မိရိုးဖလာ တရုတ်တွေပဲနစ်နာမှာပါ။ သေချာစိစစ်ပီးမှ လုပ်ဆောင်စေလိုပါတယ်။"

    ပြည်တွင်းကမင်းတို့တရုပ်တွေကမြန်မာစိတ်ဓါတ်ရှိခဲ့ရင်.အခုကန့်ကွက်မှု့တွေမှာဘာ့ကြောင့်ငြိမ်နေတာလဲ.ငြိမ်နေတာဟာသဘောတူတာဘဲ.ထောက်ခံတာဘဲ.မသေချင်ရင်.ခုအချိန်ကစပီး.မြန်မာပြည်ဘွားတရုတ်လူမျိုးများအဖွဲ့ ဖွဲ့ပီးအမြန်ဆုံး.ကန့်ကွက်ကြပါ.

    ReplyDelete
  17. ဒါတောင် တရုပ်ဆီကအတိုးနဲ့ချေးငွေ အတိုးမဲ့ချေးငွေတွေမပါသေးဘူးနော်။နောင်မှာခင်ဗျားတို့ ကျုပ်တို့မွေးလာမဲ့သားစဉ်မြေးဆက်တွေအထိ တရုပ်ကြီးကမင်းတို့ဘိုးဘေးတွေယူထားတဲ့အကြွေးတွေမကျေသေးဘူးကွ ဆိုပြီးဆက်တောင်းနေဦးမှာ ခုကတည်းက အပြတ်ဖျက်ကြစို့။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။