ရန်ကုန်တိုင်းအတွင်း ကြေငြာပြီးမှ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ပိတ်ပင်မှုကြောင့် ပျက်သွားရသည့် ရွှေညဝါ ဆရာတော်ကြီး၏ တရားပွဲ ကြော်ငြာ ဗီနိုင်းပုံပါ...
ယနေ့ စက်တင်ဘာလ ၁ရက်နေ့နဲ့ ၂ရက်နေ့များတွင် ရန်ကုန်မြို့ ဇမ္ဗူသီရိဗိမာန်တော် တံတားလေးလမ်းဝ.... န၀ဒေးရုပ်ရှင်ရုံအနီး မရမ်းကုန်းမြို့နယ်မှာ ၂ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တပညာသီဟ (ရွှေည၀ါဆရာတော်)ကြီး၏
တရားပွဲအား ကျင်းပပြုလုပ်ရန် သာသနာရေးဦးစီးဋ္ဌာန၏ ခွင့်ပြုမိန့်ရရှိထားပြီး ဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများမှ တရားပွဲ ကျင်းပမည့်ရက် ၂ရက်အလို၌ တရားပွဲအား ခွင့်မပြုကြောင်း တရားပွဲစီစဉ်သူများအား လာရောက်ပြောဆိုခဲ့ပါတယ်..။
တရားပွဲအား ကျင်းပပြုလုပ်ရန် သာသနာရေးဦးစီးဋ္ဌာန၏ ခွင့်ပြုမိန့်ရရှိထားပြီး ဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများမှ တရားပွဲ ကျင်းပမည့်ရက် ၂ရက်အလို၌ တရားပွဲအား ခွင့်မပြုကြောင်း တရားပွဲစီစဉ်သူများအား လာရောက်ပြောဆိုခဲ့ပါတယ်..။
အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သာဓုကျောင်းတိုက်မှ သံဃာတော်တပါးအား ဆက်သွယ်မေးမြန်း ကြည့်ရမှာတော့...
" ဆရာတော့်တရားပွဲက သာသနာရေးဌာနက သူတို့ကိုယ်တိုင် စီစဉ်ပြီး ကျင်းပတယ်၊ အစပိုင်းမှာ အကုန် အဆင်ပြေနေတယ်၊ ခုမှ ပြည်ထဲရေးကနေ ထပိတ်လိုက်တာ သူတို့ ရစ်တာပေါ့နော်... ဒါကြောင့် တရားပွဲ ပျက်သွားပါတယ်
" မြန်မာပြည်မှာ ကုလားတွေ မီးနင်းတာ အလယ်အလတ်တန်းဆို ခွင့်ပြုမိန့် မလိုပါဘူး။ တရုတ်တွေဆို ကြီးကြီးသေးသေး ဘာပွဲမှ ခွင့်ပြုမိန့်တောင်းရတယ် မကြားဖူးသေးပါဘူး။ ဘုန်းကြီးတို့တွေရဲ့ တရားပွဲတွေပဲ ပါမစ်တင်ရတာပါ " ဟုပြောဆိုသွားပါတယ်...။
အထက်ပါ အဖြစ်အပျက်များကို ကြည့်ချင်းအားဖြင့် လက်ရှိ ပြည်တွင်းမှာ အမှန်တကယ်ပဲ အရပ်သားအစိုးရ ပေါ်ထွက်လာပြီ ဖြစ်တဲ့အတွက် နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းမပြောင်း၊ အမှန်ကို အမှန်အတိုင်း ပြောခွင့်ဆိုခွင့်တွေ ရှိမရှိဆိုတာတွေ၊ အမှန်တကယ်ပဲ အပြောင်းအလဲတွေ ဦးတည်မှု ရှိမရှိဆိုတာကို စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်...။ ဘာသာရေးနဲ့ဆိုင်တဲ့ သာသနာရေးဝန်ကြီးဋ္ဌာနမှ ဆုံးဖြတ်ချက်ကြပြီးသား ခွင့်ပြုမိန့်အား ပြည်ထဲရေးမှ ဘာအကြောင်းပြချက်မှ မရှိပဲ ဝင်ရောက်ပိတ်ပင် ဟန့်တားခဲ့တာဟာ မိမိပြဋ္ဌာန်းပြီး၊ ခွင့်ပြုပြီးသား ဥပဒေကို ကိုယ်တိုင် ပြန်ချိုးဖောက် နေသလို ဖြစ်နေပါတယ်..။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာရေး ဟောပြောခွင့်တွေ အပေါ်မှာ တင်းကြပ်တဲ့ ဥပဒေတွေနဲ့ တားမြစ်ပိတ်ပင် နေတာဟာလည်း သာသနာတော် စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်နေပါတယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေပါတယ်..။
ပြီးခဲ့တဲ့ ၈၈၈၈လုံး နှစ်ပတ်လည်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ ကြည့်မြင့်တိုင် သာဓုပရိယတ္တိကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားအား ထိုစဉ်က ဂျပန်နိုင်ငံမှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကြီးမှ ကျင်းပပြုလုပ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်....။ ရွှေညဝါ ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ရောက်ရှိ သီတင်းသုံးနေစဉ်၌လည်း အမျိုးဘာသာ၊ သာသနာအား ရှေ့ရှု၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား အသိပေးတရားများ ဟောကြားခဲ့ပါတယ်...။
သတင်း... ဒီမိုဝေယံ
သတင်း... ဒီမိုဝေယံ
ဆရာတော် တရားတော် ရုပ်သံ၊ အသံဖိုင်များ ပြန်နားထောင်ချင်ရင်.... Click
ဂျပန်နိုင်ငံမှ တရားနာ ပရိသတ်များအတွက် ရွှေညဝါဆရာတော်ကြီး ပြည်တွင်းပြည်ပမှာ ဟောကြားခဲ့တဲ့ တရားခွေများအား ဓမ္မဒါန လှူဒါန်းနေပါသဖြင့် အောက်ပါ ဖုန်းနံပတ်များထံ ဆက်သွယ် ရယူနိုင်ပါသည်...
ဦးသန်းဝင်း (၀၉၀ ၂၄၄၃ ၄၀၃၆)၊ ကိုမောင်ဦး (၀၈၀ ၄၂၉၆ ၀၀၇၁)
ကိုထွန်းဦး(၀၉၀ ၄၅၂၈ ၆၂၁၉)၊ ကိုရှိုးတီ (၀၈၀ ၄၁၈၅ ၈၁၁၅)
ကိုထွန်းဦး(၀၉၀ ၄၅၂၈ ၆၂၁၉)၊ ကိုရှိုးတီ (၀၈၀ ၄၁၈၅ ၈၁၁၅)
ဟုတ်ကဲ့။ မြန်မာပြည်မှာ တရားပွဲဆို ပိတ်ပါတယ်။ အခမဲ့ ပညာရေးကျောင်းဆောက်ရင် ပါမစ် မပေးတတ်ပါဘူး။ အလှူဒါနလုပ်မယ် ဆိုရင် ခွင့်ပြုဖို့ ခက်ခဲပေမယ့် . . အနှိပ်ခန်းတွေ၊ ပြည်တန်ဆာခန်းတွေ ဆိုရင် နိုင်ငံတော် လိုအပ်ချက်အရ အလုံအရင်း ပါမစ်ပေးနေပါတယ်။ လူတွေကို လှူဒါန်းမယ့်အစား . . အနှိပ်ခန်းတွေ ဖွင့်စေချင်နေတဲ့သဘောပါ။ တရားပွဲတွေ လုပ်မယ့်အစား . . ကေတီဗီမှာ သီချင်းဆိုစေချင်တဲ့သဘောပါ။ အနှစ်ချုပ်ကတော့ ဒီအစိုးရဟာ သိုးရေခြုံသော ခွေးဝဲစား အစိုးရဖြစ်ကြောင်းပါ။ တရားပွဲတွေ ပိတ်ရတဲ့အကြောင်းကို လွှတ်တော်မှာ တင်ပြနိုင်ဖို့၊ ဘုန်းကြီးအခွင့်အရေးတွေ တောင်းဆိုနိုင်ဖို့ လွှတ်တော်မှာ ဘုန်းကြီး အမတ်တောင် ထားရမလိုဖြစ်နေပြီ။ နိုင်ငံတော် သံဃနာယကအဖွဲ့လည်း အဲကွန်းဖွင့်တာများလို့ နှာစေးနေတယ်ထင်တယ်ဗျ။ မကြားဘူးပေါင် . . ဘယ်နိုင်ငံမှာ မှလည်း ရှိမယ် မထင်ပေါင် . . . ဗုဒဘာသာနိုင်ငံမှာ ဗုဒ္ဒဘာသာဘုန်းကြီး တရားဟောမှာ ပိတ်ခံရတယ်လို့ . . ခွေးထက်မိုက်တဲ့ အစိုးရ
ReplyDeleteDog are not foolish, they never bite owner hand who are feeding them, Burma government are worst than dog..
ReplyDeleteဘုရားဟောမှ တရားသဘောတဲ့ အကုသိုလ်တွေများ အာဏာရှင်ငမိုက်သားတွေမို့  ရွှေည၀ါဆရာတော်ရဲ့ တရား အေးမြလှချေသား တရားရဲ့ အသံ မိုးထက်ညံလေတော့ လူုယုတ်လူညံ့တွေ တရားသံမခံနိုင်ရှာ အမိန့် ပေးတဲ့လေသံ တော်တန်တိတ် လို့  သာသနာကိုစော်ကား တရားဟောတာကိုပိတ် ခွေးထက်ဆိုးသမျှရှိနေကြအုံလေတော့ အာဏာအရိပ်အောက်က လွတ်မြောက်ဖို့ ရုန်းကြပါစို့  အို သံဃာ အပေါင်းတို့ ။ ။ ထွန်းဝေ တိုကျို ။
ReplyDelete