ဖက်ဒရယ်ပြည်ထောင်စု(၂)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ပြည်ထောင်စုစစ်စစ်မူကို အခုလိုပြည်နယ်တွေ ထပ်တိုးချင်တိုင်း တိုးရန် အတွက် ရာထားခြင်းကို ကြည့်လိုက်ရင်ကို ရှစ်ပြည်နယ်မူဆိုတာ လက်တွေ့မကျဘူးဆိုတာ ပြနေပါပြီ။ ရှစ်ပြည်နယ်ကနေ ဧရာဝတီအမျိုးသား (တနည်း ဧရာဝတီလူမျိုး) ဆိုတာလုပ်ပေးလာရပြီ။ အမေရိကန် ဖက်ဒရယ်မူကို နမူနာယူရင်လဲ အမေရိကန်မူကို ပုံတူနီးပါးကူးဖို့လိုပါတယ်။ အမေရိကန်မူနဲ့ အခြေခံကစပြီး ကွာခြားနေတဲ့မူကို ပြောချင်ရင် ရှင်းလင်းပြချင်ရင် အမေရိကန်မူကို ခိုင်းနိုင်းလို့ မရတော့ပါဘူး။ အမေရိကန်မူမကြိုက် အခြားကောင်းမယ်ထင်တဲ့ နိုင်ငံတခုခုကို ပုံစံယူစေချင်ပါတယ်။ ဥပမာ ဆွစ်ဇာလန်မူကို ကိုးကားမလား သြစတြေးလျမူကို နမူနာယူမလားပေါ့။ အခုဆွဲထားတာ ဘယ်မူကို နမူနာ ယူထားတယ်တော့ မသိပါ။ ကျနော်တကယ်မသိလို့ ပြောတာပါ။ အမေရိကန်မူကိုတော့ မခိုင်းနှိုင်းပါနဲ့။
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ရှိနေဦးပါမယ်။ ထိုင်းမှာလဲ ရှိနေတာဘဲ။ တရုတ်မှာလဲ ရှိနေသလို ရှိနေပါမယ်။ စစ်တပ်ကိုထည့်မတွက်ဘဲ ကိုယ်ဖြစ်ချင်တာကိုဘဲ တဖက်သတ် မလုပ်သင့်ပါဘူး။ စစ်တပ်ကိုမဖြိုနိုင်ဘဲ ကိုယ်လုပ်ချင်သလိုလုပ်ဖို့ဆိုတာ အဆင့်ကျော်နေတယ်လို့ဘဲ မြင်ပါတယ်။ စစ်တပ်ကို လက်မခံဘူး ထည့်မတွက်ဘူး ပြောရအောင် ကိုယ့်မှာ ဘာအားကိုးရှိနေသလဲ။ အရှိကို အရှိအတိုင်းတော့ မြင်ရပါမယ်။ အာရပ်တော်လှန်ရေးလိုမျိုး မျှော်ပြန်တော့ အရေးအခင်းတွေ ဖြစ်တာများပြီး တခါမှမအောင်ခဲ့ဘူး။ ရင်းကြရတော့ ဆင်းရဲသားပြည်သူတွေ ဘယ်နိုင်ငံခြားက လူတယောက်မှ ကိုယ်ကိုယ်တိုင်လာပြီး ဦးဆောင်မှုမပေးခဲ့ပါဘူး။ နောက်ဆုံးဗျာ စစ်တပ်သတ်ဖြတ်နေတာကို ရိုက်ဖို့ဗွီဒီယို ကင်မရာတောင် လူထုမှာမရှိကြဘူး။ အာရပ်တော်လှန်ရေးမှာက လက်နက်တွေကို ထောင်နဲ့ချီ ရယူထားနိုင်ကြတယ်။
အခုအင်အားက စစ်တပ်လက်ထဲမှာ။ စစ်တပ်ကို ထည့်မစဉ်းစားလို့ မရနိုင်သလို စစ်တပ်ကိုမပါနဲ့ တန်းလျားပြန် လုပ်လို့မရတာကိုလဲ ထည့်စဉ်းစားဖို့ လိုပါတယ်။ စစ်တပ်က လူရိုးလူအတွေမှမ ဟုတ်တာ။ ကိုယ့်ထက်လျင်လို့ တပြည်လုံးကို ဗြောင်းဆန်အောင် မွှေနှောက်ပြီး စိတ်ထင်တိုင်းကစားထားတာ။ အခုအတိုက်အခံတွေကိုလဲ စိတ်ထင်တိုင်းကစားတာ ခံနေရတုန်း။ အင်မတန်စံနစ်တကျ အကွက်ကျကျလုပ်တတ်သူတွေ။ အခုကျနော်တို့ အတိုက်အခံတွေထဲမှာကို သူတို့ လူတွေ တပုံကြီး။
အခုကျနော်လို မြန်မာတွေက ရှစ်ပြည်နယ်မူကိုလက်မခံတာနဲ့ မဟာလူမျိုးကြီးဝါဒ တွင်တွင်အော်ပြီး ပြန်အကျပ်ကိုင်နေတဲ့ စေတနာမမှန်သော အခြေခံတွေကိုလဲ ပြန်သုံးသပ်ကြပါ။ ဒီရှစ်ပြည်နယ်မူပြန်တင်လာတာဟာ စစ်တပ်ကိုတဖက်လှဲ့နဲ့ အာဏာပြန်သိမ်းအောင် ကစားပေး ရာရောက်နေပါတယ်။ နောက်ထပ် အနှစ်နှစ်ဆယ် သုံးဆယ် ဆက်အုပ်ချုပ်ပါဦးလို့ လင်းကွင်းတီးပေးနေတယ်လို့ မြင်ကြည့်ကြပါ။ အခုရှစ်ပြည်နယ်မူ သမားတွေလားတော့မသိ သူတို့ကတောင်ကျနော်ကို စစ်တပ်အလိုကျ လုပ်နေတယ်ပြန်အော်နေသေးတယ်။ စစ်တပ်က လူတွေလဲ ဖြစ်နိုင်တယ်။ ဓမ္မဒိဌာန်ကျကျ သုံးသပ်ကြပါ။ ကိုယ်ကတပ်ကို နိုင်တာလဲမဟုတ် အောက်ကလဲနေသေး ဟာလည်း မလျှော့မလုပ်ကြပါနဲ့။ ကုလသမဂ အားကိုးရှိနေလို့လား။ ရှိရင်လဲပြောကြပါအုံးဗျာ ကျနော်တို့လဲ အားကိုးရမယ် ဆိုလိုချင်လွန်းလို့ပါ။ ကုလ အတွင်းရေးမှုးချုပ်ကြီးတောင် လက်မြောက်ထားရတာပါ။
အခု ၂၀၁၂ -ဆိုရင် ဦးနေ၀င်းအာဏာသိမ်းခဲ့တာ အနစ် ငါးဆယ်ပြည့်ပါပြီ။ သမိုင်းတစ်ပတ် ပြန်လည်အောင် မလုပ်ကြပါနဲ့ဘဲ ပန်ကြားလိုပါတယ်။ အာဏာသိမ်းခဲ့ရင် ဘယ်သူက အသေခံတိုက်မှာလဲ။ ၈၈၈၈-ကာလ ဒေါက်တာမောင်မောင် ကမ်းလှမ်းချက်က ဘယ်လိုအထိ အဖြေထွက်နိုင်မယ်တော့ မသိပါဘူး။ ဒါပေမယ့် အတိုက်အခံဘက်က အခြေအနေအမှန်ကို သုံးသပ်မှုအားနည်းပြီး ကြားဖြတ် အစိုးရကနေ တပြားမှ မလျော့ခဲ့ပါဘူး။ လက်ခံဆွေးနွေးတဲ့ အဆင့်လေးအထိတောင် မလုပ်ခဲ့ပါဘူး။ ရရင်ရ မရရင်ချ တွင်တွင်အော်နေတယ်။ တကယ်ချတော့ ပွဲကြီးပွဲကောင်းလေးတောင် တပွဲမှ မရှိလိုက်ပါဘူး။ မရရင်ချဆိုသူတွေ အသံတောင် မကြားရတော့ဘူး။ ၈၈၈၈ -ကာလအစပိုင်း မတိုင်မှီရက်တွေမှာ (သြဂုတ် လဆန်းရက်များမှာ) ကျနော်တို့လူလေး ၅၀- ၇၀လောက်နဲ့ အရဲစွန့်ချနေတာပါ။ ဘယ်သူမှ မပါလာကြသေးပါဘူး။ ၈၈၈၈- နေ့မနက် ထွက်ကြတော့လဲ ပထမဦးဆုံး စစ်ကြောင်းက လူလေး ၁၅၀-လောက်အများဆုံးပါ။ ကျနော်တို့မှာ ဘယ်ဂျေုာင်ပိတ် ဖမ်းမလဲ။ ပစ်မလဲ ကြောက်ကြောက်နဲ့ ချီတက်နေရတာပါ။ တကယ်ကြောက်တာပါ။ အမေရိကန်သံရုံးရှေ့ရောက်မှ လူတွေ မည်းနေအောင် ပါလာကြတာပါ။ တခြားစစ်ကြောင်းတွေလဲ စစ်တပ်က မပစ်တော့မှ တမြို့လုံး ထွက်လာတာပါ။ လူထုဆိုတာ သေနတ်ကိုတော့ ကြောက်ရမှာဘဲလေ။ တကယ်ပစ်ပြီ ဆိုတော့ ကျနော်တို့လည်း မလှုပ်ရဲပါဘူး။
တကယ်က ဖက်ဒရယ်မူဆိုတာ ကိုယ်ပိုင်ပြဒါန်းခွင့်ပါ။ ကိုယ်တိုင်ကတော့ ကိုယ်ပိုင်ပြဒါန်းခွင့်ကို ရချင်တယ်။ ဗမာလူထုကိုတော့ ၅/၃၅ အချိုးနဲ့ အကြပ်ကိုင်ဖို့ဆိုတာ ဗမာနေရာကနေ ပြန်စဉ်းစားပါဦး။ ကိုယ်အရေးကို လွတ်လပ်စွာ ပြဒါန်းခွင့်ရဖို့ ကိုသာ ကြံဆကြသလို ဗမာတွေကိုလဲ ကိုယ်ပိုင်ပြဒါန်းခွင့် ပေးဖို့လဲ ကိုယ်ချင်းစာရမှာပေါ့။ ဗမာတွေရဲ့ အမြင်ကို မပြောရဘူး ငါတို့ဆွဲထားတဲ့ အတိုင်းဘဲ လက်ခံရမယ် လာမလုပ်ချင်ပါနဲ့။ ကျနော်သိတဲ့ နိုင်ငံရေး ဆရာကြီးတွေကတော့ ရှစ်ပြည်နယ်မူကို သဘောလဲ မတူနိုင်ကြဘူး။ လက်မခံဘူးဆိုတာကိုလဲ မပြောချင်ကြဘူး။ မဟာလူမျိုးကြီးဝါဒ ဆိုပြီးဝိုင်းရန်လုပ်တာကို အတော်လန့်ကြပါတယ်။ မဲဆောက်ဘက်ကို အင်တာနက်ပေါ်ကနေ ဆွေးနွေးတာကို အသေကြောက်ကြတာ ဒါဒီမိုကရေစီ စိတ်ဓါတ်တွေ မပြည့်ဝသေးဘူးဆိုတာ မပြောနိုင်တောင် ဗမာတွေကတော့ ပါးစပ်မဟရဲကြပါဘူး။ အခုတောင် ကျနော်သာ မဲဆောက်မှာရှိနေရင် ဘယ်လောက်အထိ ရန်လုပ်ကြမယ်ဆိုတာ ပုံဖေါ်ကြည့်ကြပါ။
လောကပါလ ဝေဖန်ချက်မှာ ကျနော်ကို (ဒီလိုအခင်း အကျင်းနဲ့  အနေအထားမျိုးမှာ ဒေါက်တာလှိုင်မြင့် ဒီအစ သွားဆွဲလိုက်တာ နဲနဲတော့မိုက်မဲရာကျတယ်လို့ ထင်စရာပါ) လို့ဆိုလာပါတယ်။ ဟုတ်ပါတယ်။ ဒီရှစ်ပြည်နယ်မူကို ဝေဖန်လို့ ခနခန ရန်စောင်တာခံရပါတယ်။ ကျနော်တင်မဟုတ်ပါ။ မြန်မာနိုင်ငံရေးသမားတွေ အသေကြောက်ကြသလို ပါးစပ်ကလဲ ဗြောင်ထုတ်ဖေါ် ပြောကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ထိန်ချန်ထားလို့ လဲမရ မကြာခင်တချိန်ချိန်မှာ ရှင်းကြရတော့မှာပါ။ မြန်မာ့နိုင်ငံအရေးအတွက် လူတွေ သိန်းနဲ့ချီ သေကြေထားရပြီးပြီ။ ကျနော်ဒီကိစ္စကို ဆွဲထုတ်တာရန်များပေမဲ့ မြန်မာ့နိုင်ငံအရေးအတွက် အင်အားစု နှစ်ဘက် သေကြေထားရသူတွေလောက် မဆိုးဝါးပါဘူး။ ပြည်တွင်းစစ် ဆိုတာကြီးကို ရပ်စဲစေချင်လှပြီ။ မီဒီယာတွေအပေါ်မှာ ကရင်ခလေး ငယ်ငယ်လေးတွေ ကိုမိခင်တွေက အစာရေစာ ပြတ်လပ် ချီပိုးပြေးနေရတာတွေ မြင်ရတာ စိတ်မချမ်းသာဘူး။ ဒီလိုသောကနဲ့ ပြေးနေရ အစာရေစာမမှန်တဲ့ မိခင်ဆီက ဘယ်လိုလုပ် နို့ရည်ပြည့်ပြည့်၀၀ ရနိုင်ပါ့မလဲ။ ဒီလိုကလေးတွေကနေ အင်အားကောင်းတဲ့ တော်လှန်ရေး စစ်သားတွေလဲ ရလာစရာအခွင့်အလမ်း နည်းပါတယ် ။
ဒီလိုနှစ်ဘက် မကျေလည်မှုဟာ ဒီအခြေခံ အကျဆုံး ဖွဲ့စည်းပုံအပေါ်နှစ်ဘက် မနီးစပ်နိုင်တာဟာ အဓိကအကြောင်းရင်းပါ။ ဒီနှစ်ဘက်အမြင်ကွာနေတာကို ညှိနိုင်းဖို့က နှစ်ဘက်ကြားကျသော နှစ်ဘက် လက်ခံနိုင်သောမူ ဖြစ်ဖို့ လိုနေပါတယ်။ ရှစ်ပြည်နယ်မူကို ဦးနေ၀င်းက ပြည်ထောင်စုပြိုကွဲမယ် ထောက်ပြဖို့ အချက်ရှိထားတော့ တပ်မတော်က သူ့ဘက်ကရပ်နေပါတယ်။ ကျနော့်အထင် သူက အမေရိကန် ဖက်ဒရယ်မူဆိုရင် ပြည်ထောင်စု မပြိုကွဲနိုင်ပါဘူးဆိုတာကို သူသိပါတယ်။ အမေရိကန်လို ဒီမိုကရေစီမျိုး မပေးနိုင်တော့ အမေရိကန်မူကို လေသံလေးတောင် မဟဘဲ ရှစ်ပြည်နယ်မူကို ပြည်ထောင်စု ပြိုကွဲရေးတွင်တွင်လုပ် မျက်ဖြူဆိုက်လေ ဗိုလ်နေ၀င်းတို့ အကွက်ဆိုက်လေးပေါ့။ အဲဒီအတွက် နစ်ဘက် နီးစပ်နိုင်အောင် ဒီအစကို ဆွဲထုတ်လိုက်တာပါ။ ကျနော်လူမိုက်လုပ်မယ် ဆုံးဖြတ်ပြီး မိတ်ဆွေတချို့နဲ့ တိုင်ပင်ပါသေးတယ်။ မိတ်ဆွေတွေ တားနေတဲ့ကြားက ဆွဲထုတ်တာပါ။
တခုတော့ ရှိပါတယ်။ လောကပါလလို ဝေဖန်ပိုင်းခြားနိုင်တဲ့ တခြားနိုင်ငံရေး ဆရာဆရာကြီးတွေလဲ ဒီကိစ္စကို ခေါင်းရှောင် မနေကြပါနဲ့တော့လို့ ပန်ကြားပါတယ်။ မထိရဲဘူးဆိုရင်လဲ ဗြောင်ပေါ့ဗျာ။ ကျနော် ကျမကတော့ ကြောက်တယ်ပေါ့။ နယ်စပ်နေသူတွေကိုတော့ ဒုက္ခမပေးကြပါနဲ့လို့ ပန်ကြားလိုပါတယ်။ နယ်စပ်မှာဆို ကျနော်လည်း အသံမထွက်ရဲပါဘူး။ သန်းရွှေရဲ့ ဥပဒေကိုဝေဖန်ရင် (၅/၉၆) နဲ့ထောင်အနှစ်-၂၀- ကျတာဘဲရှိမယ်။ ရှစ်ပြည်နယ်ကို ဝေဖန်ရင် ဝေဖန်ရမှာ ကြောက်နေသူတွေ ဘာကြောင့် ကြောက်နေကြရတာလဲ။ အကြောင်းရှိလို့ပေါ့။ နောက်တခု ဒီအစကို ဆွဲထုတ်လိုက်တော့ လူငယ်တွေ နိုင်ငံရေးထဲကို ပါလာကြမယ်လို့ မျှော်လင့်ထားမိပါတယ်။
အခု မငယ်နိုင်ဆွေးနွေးလာတာကတော့ မြန်မာနိုင်ငံမှာ အမေရိကန်ပုံစံကို ပုံတူနီးပါးယူလို့ မရဘူးဆိုတာကို ရှင်းလင်းထားတာ မပြည့်စုံသေးပါဘူး။ ဘာကြောင့်မရနိုင်ဘူးဆိုတာ ကျနော်တကယ် နားလည်လို့ပါ ။ ထပ်ပြည့်စုံအောင် ရှင်းလင်းစေချင်ပါတယ်။ အမေရိကန်နိုင်ငံမှာလဲ လွတ်လပ်ရေးရစက ၁၃-ပြည်နယ်ဘဲ ရှိပါတယ်။ သူတို့ မူကကောင်းတော့ တခြားပြည်နယ်တွေပါ ပူးပေါင်းလာပါတယ်။ တချို့ ပြည်နယ်တွေ ဥပမာ New Mexico ဆိုတာ မက္ကဆီကို တိုင်းပြည်ကနေ ၀ယ်လိုက်တာပါ။ Louisiana ပြည်နယ်ဆိုတာလဲ ပြင်သစ်ကနေ ၀ယ်ယူလိုက်တာပါ။ အဲဒီပြည်နယ်တွေဟာ လူမျိုးကွဲ ဘာသာကွဲ စကား ဓလေ့ထုံးတမ်းတွေ မတူပါဘူး။ အမေရိကန်မူဟာ မြန်မာနိုင်ငံနင့် ဘာလို့ မသင့်တော်ဘူးဆိုတာရယ်၊ အခုရှစ်ပြည်နယ် လူမျိုးစုပြည်နယ်စံနစ်က အမေရိကန်မူထက် ဘယ်လိုပိုကောင်းပါတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလေး ရေးပေးစေချင်ပါတယ်။ လူတိုင်းမှာ သဘောထားအမြင် မတူတာကို နားလည်ပေးတာဟာ နိုင်ငံရေး ရင့်ကျက်မှုကိုပြတာပါ။ အခုကျနော့်ကို ဝေဖန်နေတာ နိုင်ငံရေးရင့်ကျက်မှု အားနည်းနေသေးတယ် ဆိုတာကို ပြနေတာပါဘဲ။ ရင့်ကျက်ကြရင် လောကပါလ၊ မငယ်နိုင်တို့လို အချက်အလက်နဲ့ ဆွေးနွေးကြပါ။ ဝေဖန်ပေးကြပါ။
နောက်တဦးကတော့ နံမည်မသိပါ။ နိုင်ငံရေးသမားကောင်းမည်သည် လူမျိုးစွဲ လုံးဝကင်းရှင်းရပါမည်တဲ့။ ကျနော့်ခံယူချက်လဲ ဒီအတိုင်းပါဘဲ။ အလွန်တရာမှန်သော အဆိုဖြစ်ပါတယ်။ အဲဒီလို လူမျိုးစွဲကင်းတဲ့ နိုင်ငံရေး သမားကောင်းတွေ ရေးဆွဲခဲ့ရင် အဲဒီဖွဲ့စည်းပုံဟာလဲ လူမျိုးအစွဲကင်းပြီး ဒေသကို အခြေခံတာဘဲ ဖြစ်လာမယ်ဆိုတာ သေချာပါတယ် ။
တခါ ဇွဲကပင်ဆိုပြီး ဒေါသတကြီး ဘွဲ့တံဆိပ်တွေ ပေးနေတာကိုက ပြနေပါပြီ။ မြန်မာတွေက ရှစ်ပြည်နယ် ဖက်ဒရယ်မူကို သဘောတူတူမတူတူ ကြိုက်ကြိုက်မကြိုက်ကြိုက် ငါ့တို့မူကို လက်မခံရင် နယ်စပ်မှာသာဆို သတ်ပစ်မယ်ဆိုတာ ပြနေပါတယ်။ ကျနော်တို့ ဗမာတွေက ကိုယ်လိုချင်တဲ့ ဖက်ဒရယ်မူကို တင်ပြခွင့် မပေးဘူးလုပ်နေတာလား။ ကျနော့်ကို ၂၀၀၆-မှာ မလေးရှား သြဇီသံရုံးက ခင်ဗျားကို လူမျိုးစုတခုက မကျေနပ်ဘူးလို့ သတင်းရထားတယ်။ ဘာပြသနာရှိလဲပေါ့။ ကျနော်ရေးထားတဲ့ ရှစ်ပြည်နယ်မူကို ဝေဖန်ထားချက်ကြောင့် ပါဆိုတော့ ဒီမူအကြောင်း ရှင်းပြခိုင်းပါတယ်။ ရှင်းပြရပါတယ်။ နောက်ကရင်နယ်မြေ ဆိုတာ မြန်မာတွေတချို့ ဖြတ်သန်းခဲ့ရပါတယ်။ ဒီဇွဲကပင်ဆိုလိုတာ မဲဆောက်ကို ဆိုလိုတာလား ... မရှင်းလို့ပါ။ နောက်ကျနော် မဲဆောက်ကို မရောက်ဘူးပါ။ ကျနော်သိတာတော့ မဲဆောက်ဟာ ထိုင်းနယ်မြေပါ။ ထိုင်းတွေက စာနာမှုနဲ့ လက်ခံထားလို့ မြန်မာပြည်က လူမျိုးပေါင်းစုံ ခိုလှုံနေတဲ့နေရာပါ။ သူတို့သာ သမိုင်းကိုပြန်လှန်ပြီး ရာဇ၀င်ချဲ့နေရင် မြန်မာတွေ သွားရဲစရာတောင် မရှိပါဘူး။
မဲဆောက်မရောက်ဖူးပေမဲ့ ၁၉၉၁-စက်တင်ဘာလမှာ မြစ်ဝကျွန်းပေါ်မှာ ကရင်တွေကိုထိုးစစ်တွေဆင်တော့ ကရင်မိသားစု၊ လေးစုကိုကျနော် ငါးဆူတောင်ကျေးရွာကို ခေါ်ထားလိုက်ပါတယ်။ အခုထက်ထိ ငါးဆူတောင်ကျေးရွာမှာဘဲ ဆက်နေကြပါတယ်။ စုံစမ်းကြည့်လို့ ရပါတယ်။ ကျနော့်ပထမဆုံး ဆောင်းပါးမှာ ၀က်တွေအကြောင်းရေးတော့ ၀က်မကြီးကို ပေးခဲ့တာ ကရင်မိသားစုပါဘဲ။ ဘိလပ်မြေအခင်းနဲ့ လေးခန်းတွဲ ၀က်ခြံပါ ဆောက်ပေးခဲ့တာပါ။ သူတို့ မိသားစုတွေကိုတောင် အင်္ဂလိပ်စာ သင်ကြပါ။ ကလေးတွေကို သြစတြေးလျ ပညာသင်ခေါ်ပေးမယ်ဖို့ စာရေးပို့ခဲ့ပါသေးတယ်..။ ကျနော့်စာတွေ သူတို့သိမ်းထားမယ် ထင်ပါတယ်။ ငါးဆူတောင်ကိုစုံစမ်းကြည့်ပါ။ ကရင်မလေးက ကျနော်သမီး တလသမီးကထဲက ကလေးကို ထိန်းကျောင်းပေးသူပါ။ အဲဒီကထဲက အိမ်မှာ တသက်လုံးနေတာပါဘဲ။ သူမကျနော့် တို့နဲ့နေလာတာ ၁၉၇၇- နစ်လယ်ကနေ အခုကျနော် ထွက်လာချိန်အထိပါဘဲ။ နောက် ကျနော့်အိမ်ဖေါ် အဖွားကြီး ထောက်လှမ်းရေး သတင်းပေးဆိုတာကလဲ ကရင်ပါဘဲ။ ကရင်လုပ်ပြီး စစ်တပ်ထောက်လှမ်းရေးပါ။ လူတဦးချင်းစီရဲ့ စိတ်နေစိတ်ထားကို တဦးချင်းအလိုက်သာကြည့်ရပါမယ်။ ကရင်ချင်းအတူတူနော် လူတယောက်ချင်းစိတ် ကွဲပြားနေတာပါ။
နောက်တဦးက ရှစ်ပြည်နယ် ဖက်ဒရယ်မူကို ဆွဲတဲ့အထဲပါခဲ့တဲ့ရှေ့နေကြီးတွေနဲ့ ဆွေးနွေကြည့်ပါတဲ့။ ဟုတ်ကဲ့နှစ်ဦးနဲ့ ၇.၀ နာရီလောက်ကြာအောင် ဆွေးနွေးဖူးပါတယ်။ ဖက်ဒရယ်မူ ကိစ္စကို ဆွေးနွေးကြတာပါဘဲ။ သူတို့က အေးအေးဆေးဆေးပါ။ ရေးဆွဲခဲ့သူတွေက အေးအေးဆေးဆေးပါ။ ဘယ်သူဆိုတာတော့ မပြောတော့ပါ။
တကယ်ကတော့ လူမျိုးစွဲဆိုတာဟာ အတ္တစိတ်ကိုပြနေတာပါဘဲ။ ငါ့လူမျိုးမှ မြင့်မြတ်တယ် ထင်နေတာကို ပြနေတာပါ။ ပါးစပ်ကပြောတော့ တန်းတူရည်တူ ဗမာဆိုရင် မုန်းရမယ် အဆင့်တူ မပေးရေးလုပ်နေပြီး။ မြန်မာက ရခိုင်နဲ့ အိမ်ထောင်ကျခဲ့ရင် ရခိုင်ဘက်က သဘောမတူနိုင်တာမျိုး ရှမ်းနဲ့ အိမ်ထောင်ကျလို့ ရှမ်းဘက်က သဘောမတူဘူး ဆိုတာမျိုး လုပ်တာခံကြရပါတယ်။ ဗမာဘက်က လုပ်လေ့မရှိကြဘူး။ အတ္တဆိုတာ ကိုယ့်တဘို့ထဲ ကြည့်တတ်တာပါ။ တမိသားစုအတွက် ရှိတဲ့အတ္တ။ လူမျိုးစု တမျိုးအတွက် ဘဲကြည့်တတ်တဲ့ အတ္တ။ ဟစ်တလာဟာ သူ့ဂျာမန်လူမျိုးစုသာ အမြင့်မြတ်ဆုံး အထင်ရောက်သွားတဲ့ လူမျိုးအတ္တစိတ်ပါဘဲ။ တကယ်တော့ ဒီလိုလူတွေက အခု NGO တွေကိုကျတော့ လက်ခံနေကြတာဘဲ။ ဟိုတိုင်းတပါးကလူတွေရဲ့ အကူ လူတွေကျတော့ လက်ခံနေကြပြီး။ သူတို့ အကူအညီတွေကိုတော့စားနေ ယူနေပြီး အတ္တစိတ်နဲ့ လူမျိုးခွဲခြားပြနေတာ။ MSF နယ်စည်းမခြား ဆရာဝန်များဆိုလျှင် မိမိတိုင်းပြည်နဲ့ စစ်တိုက်နေတဲ့ ဒါဏ်ရာရထားတဲ့ ရန်သူကိုပင်ကုသပေးကြတာကို နမူနာယူသင့်ကြပါတယ်။
ဗမာစစ်တပ်က ရန်သူကိုမိရင် သတ်ပြစ်တယ်။ ဟုတ်ပါတယ်... ဒါသူတို့က တပ်မတော်ဂုဏ်ကို ဖျက်နေကြတာ။ မနှစ်က ဗမာစစ်ဗိုလ်ကို ဒီကေဘီအေဘက်က မိတယ်။ မသတ်ဘူး။ မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လောက် အရှက်ကွဲသွားသလဲ။ အဲဒါသဘောထားကြီးမှုရဲ့ အောင်ပွဲပါ။ အဲဒီစစ်သားဟာ ကရင်ပြည်ကို ကျူးကျော် ကရင်ပြည်သူတွေကို လာသတ်သူပါ။ သူ့ကိုတော့ ကောင်းကောင်းမွန်မွန် ဆွေးနွေးပြန်လွတ်တယ်။ ဒါကရင်လူကြီးပိုင်းတွေရဲ့ စိတ်ထား။ အခုခင်ဗျားတို့ကကျတော့ ခင်ဗျားတို့ စိတ်ကြိုက်မူကို ရေးဆွဲတယ်။ ဗမာလဲ ဆွဲခွင့်ရှိတယ် ဆိုတာလောက်တော့ အသိလေးထားကြပါဦး။ ပြီးမှ မူနှစ်ခုကို အကောင်းအဆိုး ယှဉ်ပြ ပြည်သူကို ချပြပြီး ပြည်သူတွေ ရွေးချယ်ဆုံးဖြတ်ရမှာပါ။ နယ်စပ်မှာ ဆွဲထားတဲ့မူကို ဗမာတွေ လက်ခံနိုင်တယ် လက်မခံနိုင်ဘူး ဆွေးနွေးခွင့် မပေးနိုင်တာ သဘောထား ဘယ်လိုဆိုတာပြနေတာပါ။ ဗမာတွေ မကြိုက်ခွင့် မရှိရတော့ဘူးလား။
ရှစ်ပြည်နယ်မူသာ အမှန်ကန်ဆုံးဆိုရင် ဘာမှ ဒေါသထွက်နေစရာ မလိုပါဘူး။ မှန်ကန်ရင် အချိန်တန်ရင် အများ လက်ခံလာပါမယ်။ နောက်ဒီလို အတ္တကြီးသူတွေဟာ ဒေါသကြီးပြီးသန်းရွှေနဲ့ တအုပ်စုထဲ စာရင်းဝင်သွားပြီဆိုတာလဲ သတိရှိစေချင်ပါတယ်။ အတ္တကြီးလေ သူတပါးအမြင် သူတပါး အယူအဆကို နားတောင် မထောင်နိုင်အောင်ဖြစ်နေတာ သန်းရွှေ ဖြစ်ပျက်နေတာကို ပြန်မြင်ယောင်ကြည့်ကြပါ။ ငါလုပ်တာအမှန် ဒါကိုလက်မခံရင် သတ်ဆိုတာ။
တကယ်ကျနော့် အမြင်ကတော့ ဥရောပ၊ အမေရိကန်က ပညာရှင်တွေကို အတိုင်ပင်ခံခန့်ပြီး နှစ်ဖက်မျှမျှတတ ဖြစ်မယ့်မူကို ရေးဆွဲသင့်ပါတယ်။ နှစ်ဘက်က မူချင်းကနီးစပ်ဖို့ ခက်နေပါတယ်။ စစ်တပ်မူနဲ့ကတော့ ပြောစရာမလိုအောင်ကို ဒီမိုကရေစီမူတွေ ဘောင်တွေနဲ့ လွှဲချော်နေတော့ ထည့်ပြောရတာကို ခက်နေပါတယ်။ နိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်တဲ့ အခြေခံမူကို နိုင်ငံတကာပညာရှင်တွေ ကိုဖိတ်ခေါ်ပြီး တိုင်းရင်းသားအားလုံးအတွက် မျှမျှတတဖြစ်မဲ့ မူကိုရေးဆွဲမှသာ အဆင်ပြေမယ်လို့ ယူဆပါတယ်။ အမြန်ဆုံး ရေးဆွဲစေချင်လှပါပြီ။ နယ်စပ်က ကလေးငယ်လေးတွေ လူလို လူတန်းစေ့စေ့ ဖြစ်စေချင်လှပါပြီ ။
တခါ တိုင်းရင်းသားအဖွဲ့ အစည်းတခုပေါ့နော်။ လူမျိုးတခုလုံးကို သိမ်းကြုံးပြီး မပြောပါဘူး။ ကျနော်ဟာ မလေးရှားမှာ ရှိစဉ် MSF ပြင်သစ်၊ ဆရာဝန်များဦးစီးတဲ့ နယ်စည်းမခြားဆရာဝန်အဖွဲ့မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့ နှစ်ရက်ကို လုပ်အားပေးပါတယ်။ ကျန်ရက်တွေမှာ ပြင်ပဆေးခန်း လိုက်ထိုင်ပါတယ်။ လူမျိုးစုတွေရဲ့ ရုံးခန်းကို လိုက်ကုပေးတာပါ။ MSF ဆရာဝန်တွေက ကျနော့် ကုသပေးချက်ကို ကြိုက်ကြပါတယ်။ သူတို့ကဘာသာပြန်နဲ့ မေးမြန်းနေရတော့ အချိန်ပိုကြာပါတယ်။ တနေ့တနေ့ကိုလူနာ ၉၀ ကနေ ၁၂၀-လောက်အထိ ကြည့်ပေးရတာပါ။ မနက် ၉.၀ နာရီကနေ ညနေ ၇.၃၀ အထိကြည့်ပေးရတာပါ။ အဲဒီမှာ နံနက်အတွက် ကော်ဖီနဲ့မုန့် ဧည့်ခံပါတယ်။ နေ့လည်စာ ထမင်းကျွေးပါတယ်။ ညနေစာ ကော်ဖီမုန့် တခါထပ်ကျွေးပါတယ်။ ရုံးကကျွေးတာပါ။
အဲဒီတော့ ဘာသာပြန်တွေကိုပါ ကျွေးပါတယ်။ ကျနော့်ကို ကော်ဖီတောင် မတိုက်ပါဘူး။ ကျနော်က ကိုယ့်ကော်ဖီကို လမ်းက ကော်ဖီဝယ်သောက်ရပါတယ်။ ဒီလိုနေလာတာ တရက် MSF ဆရာဝန်က ကျနော့်ကိုမေးပါတယ်။ ခင်ဗျားက ဒီကကော်ဖီကိုမကြိုက်လို့ အပြင်ကော်ဖီ သောက်တာလားပေါ့။ ကျနော်ကို တခါမှ ချမပေးဘူးဆိုတော့ တခါမှကို မပေးဘူးလားပေါ့။ မပေးဘူးဆိုတော့ တော်တော် မျက်နှာနီသွားတယ်။ အဲဒီနောက်ပိုင်းကျတော့ ချပေးပါတယ်။ ထမင်းလဲလိုက်စားဖို့ ဖိတ်လာပါတယ်။
တခါကျတော့ ကျနော် တခါတရံ ညဘက်ဆေးခန်းက ပြန်ရတာ မိုးချုပ်ပါတယ်...။ ကျနော်နေတဲ့ ရပ်ကွက်က မှောင်ပြီးလူပြတ်လို့ လုံခြုံရေးကြောင့် ခင်ဗျားတို့ ရုံးခန်းမှာ ၀င်အိပ်လို့ ရမလားဆိုတော့ ခင်ဗျားကို ဆေးကုတဲ့နေ့ဘဲ ဒီရုံးကိုလာခွင့်ပေးတာ ကျန်ရက်ဆိုရင် ဒီရုံးကို ကျနော်တို့နဲ့ လူမျိုးလဲတူရမယ် ဘာသာလဲတူသူမှ လာခွင့်ရှိတာတဲ့။ အော်စဉ်းစားကြည့်တယ်။ သူတို့အသင်းတော်ဆိုတော့ ခရစ်တော်ကို ဦးတိုက်ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါ့နော်။ ကျနော်ပြန်ပြောလိုက်ပါတယ်။ ကျနော့်အဖေ ကိုးကွယ်တဲ့ ခရစ်တော်ကတော့ လူမျိုးမခွဲခြားတဲ့ ခရစ်တော် ခင်ဗျားတို့ ခရစ်တော်နဲ့ အတူတူဘဲလားပေါ့။ ခင်ဗျား ခရစ်တော်ကို မစော်ကားပါနဲ့တဲ့။ ကျနော် ပြန်ပြောလိုက်ပါတယ်။ ခရစ်တော်နာမကို သုံးထားရင် လူမျိုးခွဲခြားခွင့် မရှိဘူးလို့။ ထာဝရဘုရားကို ကိုးကွယ်ရင် လူသားအားလုံးဟာ အဖဘုရားက ဖန်ဆင်းထားသူတွေ ချည်းဘဲလို့။ ကောင်းကင်ဘုံမှာ ဘာခွဲခြားမှုမှ မရှိပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။
ဒီလိုပါဘဲ အင်္ဂါနေ့တိုင်း မြန်မာအဖွဲ့ကို ကုပေးတာပါ။ ဒီအဖွဲ့ ကိုထူထောင်တော့ ကျနော်က ရင်းဂစ် (၉၅၀ + ၄၅၀) နှစ်ကြိမ်ခွဲ မတည်ပါတယ်။ ဒေါက်တာဒေါ်ခိုင်က ရင်းဂစ်- ၁၆၀၀- ချေးပေးပြီး ဒီအဖွဲ့ကို စတင်ထူထောင်တာပါ။ နှစ်ဦးထဲရဲ့ငွေနဲ့ မတည်ခဲ့တာပါ။ ထူထောင်လို့ အဖွဲ့ဝင်တွေလဲရ ဒုက္ခသည် မဟာမင်းကြီးရုံးက ကိုယ်စားလှယ်လာအောင် ဖိတ်ကြားနိုင်ပြီး ၁၀-ရက်လောက်နေတော့ ကျနော်ကို သတ်မယ်၊ ဖြတ်မယ်တွေလုပ် မောင်းထုတ်တော့တာပါဘဲ။ ဒါဗမာအချင်းချင်းနော်။ အခု အဲဒီကျနော့်ကို ရန်လုပ်သူတွေလဲ မကြာပါဘူး ပြန်ရန်လုပ်ခံ ပြေးကြရတာပါဘဲ။ အဓိကကတော့ လူမျိုးထက် လူတဦးချင်းစီရဲ့ စိတ်ဓါတ်အပေါ် မူတည်တာပါ။
ကျနော်သူတို့ကို မကူညီဘဲ ကိုယ်ဟာကိုယ် ဆေးခန်းထိုင်နေရင် တရက်ကို မလေးရှားငွေနဲ့  ရင်းဂစ် (၂၀၀- ကနေ ၃၀၀)- လောက်ရတာပါ။ တနည်းကျနော်သူတို့ကို တနေ့ကို- လျှောလျှောပေါ့ပေါ့ ရင်းဂစ်- ၁၅၀လောက် ကူညီနေသူလို့ မြင်ရင်ပေါ့။ ကျနော့်ကို တနေ့ မှ ၇.ရင်းဂစ်လောက်ကျွေးမွေးတာလေးကို ခွဲခြားပြီး ချန်မထားသင့်ပါဘူး။ ဒီလောက်တောင် လူမျိုးခွဲခြားတာပါလားလို့။ လူမျိုးတောင်မဟုတ် ဘာသာပါတူရမယ်တဲ့။ သူတို့လူမျိုးတူ ဘာသာတူ ဆရာဝန်ရှိပါတယ်။ ဆရာဝန်ရှိပေမဲ့ သူက ပြင်ပဆေးခန်းဘဲ လိုက်ထိုင်နေတော့ မလာနိုင်ဘူး။
နောက်ဆုံးဗျာ ဘာသာပြန်ပေး သူတွေကိုတောင် ကော်ဖီ မုန့်ကျွေးပြီး ကျနော့်ကို ဗမာမို့ မကျွေးချင်ရင် ကျနော် ကုသချက်ကြတော့ ဘာလို့ လက်ခံနေသေးလဲ။ MSF အဖွဲ့က လူမျိုးလဲမတူပါဘူး။ ဘာသာလဲမတူပါဘူး။ ကျနော်အဖွဲ့က လူတွေက တော်တော်ဒေါကန်ကြတယ်။ သူတို့ကလည်း MSF ကဆရာဝန်ကို တိုင်ကြတယ်။ နောက်တော့ ကျနော့်လုံခြုံရေးအတွက် အပြင်မထွက်ဘဲ နေရတော့ ဆေးခန်းမှာ ဆရာဝန်မရလို့ တော်တော် လူနာ အရေအတွက် လျှော့ကြည့်ရပါတော့တယ်။ ကျနော်က ကျနော့်ကို မီးရထားဘူတာအထိ လိုက်ကြိုပို့ လုပ်ပေးရင် လာခဲ့ပါမယ်ပေါ့။ ကျနော့်မိတ်ဆွေကို သူတို့ က ပြန်ပြောတာက သူကဘယ်လောက် အရေးကြီး ပုဂ္ဂိုလ်မို့ ကြိုရမှာလဲပေါ့။ ငါတို့လည်း နိုင်ငံရေး လုပ်နေတာကြာလှပြီတဲ့။ တခါမှ ဒီလိုပြန်ပေးဆွဲမယ်ဆိုတာ မကြားဖူးပါဘူးကွာ။ ကြိုရမှာကလည်း ဘူတာနဲ့ မဝေးပါဘူး။ အဲဒီတော့ကြိုပို့ လုပ်ပေးတဲ့ တခြားလူမှုရေး ဆေးခန်းကိုဘဲ သွားပါတော့တယ်။ အဲဒီဆေးခန်းကတော့ ကျနော် သြစတေးလျ သွားခါနီးတော့ ဂုဏ်ပြုလက်မှတ်လေး ပေးလိုက်ပါတယ်။ ကျွေးမွေးတာကလည်း သူတို့အဖွဲ့က ဦးစီးသူတွေ ကိုယ်တိုင်လိုက်ပြီး ရှယ်ကျွေးတာပါ။ အားနာယူရအောင် ကောင်းပေ့ ဆိုတာတွေကို ရှယ်ကျွေးတာပါ။
တိုင်းရင်းသားနှစ်ဖွဲ့ ဦးစီးသူချင်းမတူ စိတ်ဓါတ်မတူတော့ လုပ်ရပ်မတူ ကျေးဇူးအပေါ် သုံးသပ်မှု မတူတော့တာပါဘဲ။ နှစ်ဖွဲ့လုံးက ခရိယာန်တွေပါဘဲ။ ဒုတိယအဖွဲ့က ကျေးဇူးတင်လို့ ခရီးထွက်ခါနီး ဆုတောင်းပွဲလေးပါ လုပ်ပေးကြပါတယ်။ ကျနော့်ဇနီးကိုလည်း ၀တ်စုံလေးတွေ လက်ဆောင် ပေးပါသေးတယ်။ ဟိုတဖွဲ့ကတော့ ကျေးဇူးတင်ပါတယ်တောင် မပြောပါဘူး။ ဒါဘာကို ပြသလဲဆိုရင် လူတဦးကို ဘာလူမျိုး၊ ဘာညာလို့ သတ်မှတ်ချက် အရင်ချပြီး မြင်တဲ့လူနဲ့ လူတဦးရဲ့ စိတ်ဓါတ်ကို အဓိကထား ကြည့်သူနှစ်ဖွဲ့ ကွာသွားတာပါဘဲ။ တိုင်းရင်းသားအဖွဲ့ချင်း အတူတူ ခရိယာန်ယုံကြည် ကိုးကွယ်မှုလဲ အတူတူ။ ခံယူချက် ငါ့လူမျိုးမှ ဆိုတဲ့လူမျိုးစွဲထားလိုက်တော့ လုပ်ရပ်ကွဲသွားတယ်။ ဒုတိယအဖွဲ့မှာ မြန်မာ၊ ကုလား၊ ဘာလူမျိုးလာလာ လက်ခံကုသပေးပါတယ်။ မြန်မာတွေ တပုံကြီး သွားကုနေကြပါတယ်။ မြန်မာတွေကိုလည်း တကယ် အခက်အခဲကြီးတဲ့ သူဆိုရင် ဒုက္ခသည်ရအောင် ကူညီပေးသေးတယ်။ ပထမတဖွဲ့ကို မြန်မာတွေ မသွားကြဘူး။
အဲဒီတော့ တကယ် တိုင်းရင်းသားသွေးကွဲမှု မဖြစ်စေဖို့က နိုင်ငံအရေးနဲ့ စပ်ဆိုင်လာရင် လူမျိုးကို အခြေခံတဲ့ ဖွဲ့စည်းမှုတွေကို ရှောင်ကြည်ကြရပါမယ်။ တူရကီနိုင်ငံဆိုရင် လူဦးရေ-၉၀-%ကျော်က မူဆလင်ဘာသာကို ကိုးကွယ်တာဖြစ်ပေမဲ့ နိုင်ငံရေးမှာ ဘာသာရေး ကင်းအောင် ဥပဒေနဲ့ လုပ်ထားတာရှိပါတယ်။ တကယ်တော့ ဘာသာဆိုတာက နောက်ဆုံးဗျာ ဘာသာတရပ်က လွှမ်းမိုးမှုကို လူတစုက သာကူးလုပ်ပြီး ဘာသာပြောင်းပြီး နေလို့ရသေးတယ်။ လူမျိုးကို အခြေခံလိုက်ရင် လူမျိုးဆိုတာပြောင်းလို့မှ မရတာပါ။
နောက်ဒေသကိုအခြေခံ အုပ်ချုပ်တော့လဲ လွတ်လပ်စွာရွေးချယ်ခွင့်ရထားရင် အဲဒီဒေသကလူထုက သူတို့ ကြိုက်သူကို ရွေးချယ်ပေးကြမှာပါဘဲ။ လူမျိုးကိုအခြေခံထားရင် ကန့်သတ်ချက်က ရှိနေပြီလေ။ နောက် ရှစ်ပြည်နယ်မူထဲမှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ရန် လိုအပ်ချက်မှာ မြန်မာနိုင်ငံသားဖြစ်ရမည်။ နိုင်ငံနှစ်ခုထက် မပိုသောသူ ဖြစ်ရမည်ဆိုထားပါတယ်။ တနည်း လွှတ်တော် ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံသားအပြင် တခြားနိုင်ငံသား ဖြစ်ခွင့်ကို ပေးထားပါတယ်။ မြန်မာနိုင်ငံလက်ရှိ ဥပဒေက မြန်မာနိုင်ငံသားတဦးဟာ တခြားနိုင်ငံသား ခံယူလိုက်လျှင် မြန်မာနိုင်ငံသားအဖြစ်က အလိုလို ပျက်ပျယ်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံလိုဘဲ တရုတ်၊ ကိုးရီယား (ယခုချွင်းချက်လေး ပြုလာပြီ) ဂျပန် နိုင်ငံအများစုလဲ တခြားနိုင်ငံသားခံလိုက်ရင် နိုင်ငံသားအဖြစ်က ပျက်သွားတာပါ။
အခုဟာ နိုင်ငံသားနှစ်ခု ခွင့်ပြုထားတာကတော့ နိုင်ငံတခုရဲ့ ဦးဆောင်သူဟာ နိင်ငံနစ်ခုကို သစ္စာခံနေသူ ဖြစ်နေတာကတော့ မကြံစည်အပ်သောကိစ္စပါ။ ဥပမာ အခုတရုတ် လူမျိုးတယောက်က တရုတ် နိုင်ငံသားရော မြန်မာနိုင်ငံသားရော နှစ်ခုခံယူထားတယ် ဆိုပါတော့။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပြသနာတက်တယ်။ သူက ကာကွယ်ရေးဝန်ကြီးဆိုရင် ဘယ်လိုလုပ်ကြတော့မလဲ။ အဲဒီလိုလေး စဉ်းစားကြည့်ပါ။ သူဘယ်နိုင်ငံ အပေါ် သစ္စာထားမယ်ဆိုတာ ဘယ်လိုလုပ် စိတ်ချနိုင်ပါ့မလဲ။ ကဲတရုတ်လူမျိုး ဥပမာကိုဖယ်ထားပါမယ်။ ထားပါတော့ ကျနော်တို့ အတိုက်အခံထဲက ခေါင်းဆောင်တဦးက ထိုင်းမှာ အကြာကြီးနေရတယ်။ အခြေအနေအရ ထိုင်းနိုင်ငံသား ခံယူထားရတယ်။ ထိုင်းမနဲ့လဲ ရထားတယ်ပေါ့။ သူက၀န်ကြီးချုပ်တက်ဖြစ်ချိန် ထိုင်းနဲ့ စီးပွားရေးနယ်မှာ ဖြစ်ဖြစ် စစ်ရေးကိစ္စ တခုခု ယှဉ်ပြိုင်ကြရရင်.. ထားပါဦး ထိုင်းနိုင်ငံသားအဖြစ်တော့ ခံယူမထားပါဘူး။ ထိုင်းမနဲ့ တိတ်တိတ်ပုံး ကြိုက်နေတာကိုပင် ဒီလူကို ထောက်လှမ်းရေး ကာကွယ်ရေးတွေမှာ တာဝန်ပေးလို့ စိတ်ချရပါ့မလား။ ထိုင်းမနဲ့ ယူထားသူဆိုရင်တော့ ပြောဘွယ်ရာ မရှိတော့ပါဘူး။
နောက်ကျနော်တို့ နိုင်ငံမှာ အုပ်ချုပ်ရေးမှာ အဲဒီလူက လာဘ်စားမှု နိုင်ငံရေးသစ္စာဖေါက်မှုဖြစ်တယ်။ ကျနော်တို့ကဖမ်းရ ချုပ်ရပြီ။ ဟိုဘက်နိုင်ငံက ဒါသူ့နိုင်ငံသား ပြန်လွှတ်ပေး။ အခုသူ့ကို သံအမတ်နဲ့ တွေ့ခွင့်ပေးပါ လုပ်လာပါမယ်။ အဲဒီလောက်တော့ ပိုပိုလိုလိုလေး စဉ်းစားကြပါဦး။ အမေရိကန်နိုင်ငံသား ခံထားတဲ့ ကိုညီညီအောင် ပြဿနာလေး သာနမူနာယူကြည့်ပါ။ သူ့နိုင်ငံသားကို မလွတ်ရင် စစ်ကြေငြာမယ်အထိ လုပ်လာရင်ကော။ နဲနဲစကုတ် ချဲ့ကြည့်ကြပါ။
နောက်ခုပေါ့။ လူတယောက်ဟာ နိုင်ငံနစ်ခုကို သစ္စာခံနေမှတော့ ကျနော်တို့ဟာ သူ့သစ္စာကို ၁၀၀% မရနိုင်တော့ဘူး။ လူတယောက်က မိန်းမနှစ်ယောက် ယူထားတာနဲ့ တူနေပြီ။ ဟာ မိန်းမနှစ်ယောက်ယူတာ ဘာဖြစ်သလဲ ပြောချင်လား။ မိန်းမနှစ်ယောက် ယူတာကိုက ဒီလူမှာ ဇနီးနှစ်ယောက်ကြားမှာ ဟိုဘက်ကိုလဲ မယားကြီးဖြစ်သူကို ပိုချစ်တာပါ အခုတယောက်က မှားသွားလို့ မလွှဲသာလို့ ယူလိုက်ရတာပါ။ ဒီလူလိမ်နေရပြီ။ မယားငယ်ကိုကျတော့ မယားကြီးနဲ့က ဟန်ပေါင်းလေးသာ ပေါင်းနေတာပါ ဘာညာ ပလီနေရပြီ။ ဒီလိုလူလိမ်လူပလီကို ဘာမှ နိုင်ငံရေးဦးဆောင်မှုမှာ နေရာပေးနေစရာ မလိုတော့ဘူး။ အများကြီး ပြောစရာတွေ ရှိပါသေးတယ်။ မိန်းမနှစ်ယောက် ရန်ဖြစ်ကြရင် ဘယ်သူ့ဘက်က ပါမှာလဲ။ ဘယ်သူ့ဘက်က ပင်းမှာလဲ။ မိန်းမနှစ်ယောက်ကလည်း သူ့နှလုံးကို အပြည့်မရနိုင်တော့ဘူး။ တ၀က်ဆီဘဲ ပိုင်တော့မှာလေ။ မိန်းမနှစ်ယောက် ယူထားသူ အများစုဟာ နောက်မိန်းမကို ဗြောင်ပေါ့။ ငါ့မှာမိန်းမကြီး ရှိတယ်။ သူကလွှဲပြီး ဘယ်သူ့မှ မချစ်ဘူး။ နင်ကိုလဲ ဆက်ဆံတာထက် ပိုမချစ်နိုင်ဘူး ပြောရင် ဘယ်မိန်းမမှ အကပ်ခံမှာ မဟုတ်ပါဘူး။ ဘာညာ ပလီလို့သာ မယားငယ်ဘ၀ ရောက်ကြရတာ များပါတယ်။
ဒါမကျေနပ်သေးရင် မိန်းမနစ်ယောက်ယူတာ လူဘဲနော်။ လူအနေနဲ့ကြည့်ရင် ရတယ်ပေါ့။ ဒါဆို မိန်းမဆိုတာလည်း လူဘဲလေ။ မိန်းမတယောက်က လင်နှစ်ယောက်ကို တပြိုင်ထဲယူထားတာကို လက်ခံနိုင်လား။ လူဘဲလေ။ အဲဒီလို စကုတ်ချဲ့ကြည့်ရင် ဒီလို နိုင်ငံနှစ်ခုကို ခွထိုင်ထားသူကို နေရာပေးနေစရာ မလိုတော့ပါဘူး။ အဲဒါကို ရှစ်ပြည်နယ်မူမှာ ထဲ့ထားတာကတော့ ကျနော် လက်မခံနိုင်ပါဘူး။ လူအများလဲ ကျနော်ပြောသလိုပေါ့။ နှစ်နိုင်ငံစစ်ဖြစ်တယ်နဲ့ ကြည့်ကြပေါ့။ ပြီးသေသေချာချာ ယှဉ်ကြည့်တော့ အထက်လွှတ်တော်အမတ် အတွက်ဆိုထားတာနဲ့ အောက်လွှတ်တော်အမတ်အတွက် နိုင်ငံနှစ်ခုဖြစ်ခွင့်က မတူဘူးဖြစ်နေသေးတယ်။
အခုတချို့ ကဆိုလာသေးတယ်။ ဖက်ဒရယ်မူစစ်စစ်ဆိုတာ ရှေ့ နေငါးဦး အထူးလေ့လာပြီး ဆွဲထားတာပါပေါ့။ ဟုတ်ကဲ့ပါ ။ န.အ.ဖ. မူမှာ ရှေ့ နေတောင်မကပါဘူး တရားသူကြီးတွေပါ ပါနေပါသေးတယ် ။ ရှေ့ နေကြီးတွေ ဆွဲထားလို့ ကျနော်တို့က စွတ်မျက်စေ့မှိတ် လက်ခံကြရတော့မှာလား။ န.အ.ဖ.လောက်တောင် အပေါ်ယံလေးပေါ့ ( အခြေခံဥပဒေပေါ်ပေါက်ရေးသည် နိုင်ငံသားအားလုံး၏ ပဓါနကျသောတာဝန်ဖြစ်သည်) ဆိုပြီး အလိမ်အညာလေး ပေးပါသေးတယ်။ ပြီးမှ (၅ / ၉၆) နဲ့ညီလာခံကိုဆန့်  ကျင်ရင်ထောင်ဒါဏ်-၂၀-နစ်နဲ့  အိမ်ကအစ ပြည်သူပိုင်သိမ်းလုပ်တာပါ။ အခုဖက်ဒရယ်မူကိုဝေဖန်တာကို ကြီမ်းဝါးနေကြတာ ဖက်ဒရယ်မူစစ်စစ်ကြီးကိုရေးခဲ့သူ ရှေ့နေနှစ်ဦးနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဘေးကလူတွေလုပ်နေပုံကတော့ ဖက်ဒရယ်ဟာလဲ န.အ.ဖ.ထက်တောင်ကြောက်စရာကောင်းနေပါ့လားလို့။
နောက်ဖက်ဒရယ်မူဟာ ဘယ်မှာရေးဆွဲတာလဲ။ န.အ.ဖ.မူဟာ န.အ.ဖ စိတ်ကြိုက်ရေးဆွဲတယ်လို့ ကျနော်တို့ ကစွပ်စွဲသလို အခုဖက်ဒရယ်မူကိုလဲ န.အ.ဖ.က လက်နက်ကိုင်တွေ လွှမ်းမိုးရာဒေသမှာ ရေးဆွဲထားတာလို့  န.အ.ဖ.က ပြောနေတာဘဲ။ နောက်တခု န.အ.ဖ.ညီလာခံမှာ ပြည်သူတွေရွေးချယ် ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ မပါသလို ရှစ်ပြည်နယ်မူဟာလဲ မြန်မာတွေ ရွေးချယ်ပေးထားတဲ့ ကိုယ်စားလှယ်တွေ မဟုတ်ဘူးဆိုတာ သိကြမှာပေါ့။ တကယ်တော့ အခြေံဥပဒေဟာ အဲဒီမှာရေးထားထား ဘယ်မှာရေးရေး ဒါဟာ တစုရဲ့ သဘောထားဘဲဖြစ်ပါတယ်။ တနိုင်ငံလုံး လူတန်းစားအားလုံးကို အချိုးချိုးကျကျ ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်တွေသာ ရေးဆွဲရမယ်။ ပြီးတနိုင်ငံလုံးက ပြည်သူအများစုရဲ့ ခံယူပွဲလုပ်ပြီး အတည်ပြုရမှာပါ။ အဲဒါလေးလဲ စဉ်းစားကြပါဦး။ ငါတို့ စိတ်ကြိုက်ရေးထားတယ် ဘယ်လိုဘဲဖြစ်ဖြစ် လက်ခံရမယ် ဆိုတာမျိုးကို အခု ရှစ်ပြည်နယ်မူကိုရေးဆွဲပေးလိုက်တဲ့ ရှေ့ နေကြီးများကို သွားမေးကြပါဦးလို့။
နောက်တခုကတော့ ကျနော် သတိထားမိတာလေးပါ။ နိုင်ငံအရေးကိုလုပ်ကြရာမှာ လူအမျိုးမျိုး စိတ်ဓါတ်အသွယ်သွယ်ပေါ့။ တချို့ သက်သက် တိုင်းပြည်ကောင်းတာ ဘက်ရောက်ဖို့ပဲ ရည်မှန်းချက်ထားတယ်။ တချို့ကတော့ ကိုယ်လိုချင်တဲ့ နိုင်ငံရေးလွတ်လပ်ခွင့် ရလာရင် နိုင်ငံရေးမှာ ၀န်ကြီး ၀န်ကလေး နေရာလိုချင်ကြသေးတယ်။ တချို့ကဖြတ်လမ်းနည်းနဲ့ ပါလိုချင်ကြတယ်။ အဲဒီလိုလူတွေက မိမိအတ္တ အကျိုးပါလာတော့ လူတဦးတယောက်က ရေးလာရင် တင်ပြလာရင် ပိုပြီးဒေါသတွေနဲ့ တုန့်ပြန်တတ်တာလေးပါ။ ကိုယ်တိုင်ကျတော့ ဘာတခုမှ တိုင်းပြည်အကျိုးအတွက် မစဉ်းစားကြ မရေးကြဘူး။ အတ္တသမားဆီက တိုင်းပြည်အတွက် စွန့်လွှတ်မှုဆိုတာ ရှာမှရှားပါ။ အချောင်သမားတွေ ဖြစ်ကြပါတယ်။ အငှားဗိုက်နဲ့ ဓါးထိုးခံဖို့ လုပ်နေသူတွေဖြစ်ကြပါတယ်။
တခါ နိုင်ငံရေးသမားတွေမှာ ဥပမာ အခုဒီဖက်ဒရယ်မူကိစ္စဟာ တိုင်းရင်းသားတွေတချို့က လူမျိုးအစွဲနဲ့  ခွဲခြားတာကိုဘဲ လုပ်ချင်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေက အစပြုပြောလာရင်ကို ဗမာတွေက ဒီကိစ္စကိုတတ်နိုင်သမျှ လက်ရှောင်ကြတယ်။ သိပ်အထိအခိုက်မခံတဲ့ပြသနာ VERY SENSITIVE ISSUE ဖြစ်ပါတယ်။ ပြဿနာမှ သေးသေးပြသနာ မဟုတ်ဘူး။ တခွန်းမှား ရင်အကွဲဘဲ ရှောင်ကြတယ်။ ကျနော်ကတော့ ဘာနိုင်ငံရေးနေရာအတွက် တစက်ကလေးမှ ရည်မှန်းချက်မထားဘူး။ နိုင်ငံအရေးကို မလွှဲသာလို့ ဝင်ပါနေမိတာ။ ဒီလို SENSITIVE ISSUE ကိုဘယ်သူမှမဟကြ။ ရှောင်နေလို့လဲ ပြီးသွားမဲ့ကိစ္စမဟုတ်ဘူး။ တရက်ရှင်းကြရမဲ့ ကိစ္စ။ သူများတွေ မထိရဲတော့ ကျနော်က ဆွဲဖွင့်ရတာပါဘဲ။ သူများတွေ မပြောလို့လဲ အပြစ်မပြောလိုပါဘူး။ ကျနော်တို့ဆီမှာ အခုထက်ထိ လူမျိုးစွဲက ကြီးနေကြသေးတာဆိုတော့ ရှောင်ကြသူတွေ မလွန်ပါဘူး။ အခုလိုဝိုင်းတုန့် ပြန်မယ်ဆိုတာ သူတို့လဲသိထားကြ ခံထားကြရဖူးတော့ လန့်ကြတာပေါ့။ ကျနော်လဲ မသိလို့ မှမဟုတ်တာ။ သိသိကြီးနဲ့ ဒီအစကိုဆွဲထုတ်တယ်။ ဒါကြောင့် ပွဲဆူအောင်လုပ်တာ မဟုတ် တာဝန်အရရေးတယ်။ သမိုင်းပေးတာဝန်ဘဲ။ မြန်မာလူမျိုးတွေ မျက်စေ့ပွင့်အောင် အသိပေးရမှာ ကျနော့်တာဝန်။
တတိယအပိုင်းကို ဆက်ရေးပါဦးမည်
အားလုံး ကိုယ်စီကိုယ်စီ မိမိနောင်လာနောက်သားတွေလက်ထက် တည်ငြိမ်သော နိုင်ငံတော်ကြီးကို ရှုမြင်လိုကြရင် တိုင်းပြည်ရဲ့ရှေရေးဖြစ်တဲ့ အခြေံဥပဒေကို ကိုယ်မြင်တာလေးတွေ ဆန္ဒလေးတွေ ဖြည့်စွမ်းပေးကြပါလို့။ တဆက်ထဲ မြန်မာနိုင်ငံကြီးကို ငါဖြစ်စေချင်တဲ့ အတိုင်း ဖြစ်ရမယ်ဆိုပြီး မြန်မာနိုင်ငံကြီးကို လူတဦးထဲ ပိုင်တယ်တယ် မထိနဲ့ဆိုတဲ့ အမြင်လေးတွေကို ရှေ့နေ ကြီးတွေ ဥပဒေပညာရှင်ကြီးတွေနဲ့ တိုင်ပင်ကြည့်ကြပါဦးလို့။ အခြေခံဥပဒေဟာ အခုလို ရေးဆွဲထားလို့ အတည်ယူလို့ ရနေပြီ ထင်နေကြတာ စဉ်းစားကြပါဦးလို့။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
Federal LawLabelsမှ ဒေါက်တာလှိုင်မြင့် ဆောင်းပါးများအားနှိပ်၍ ယခင်ပိုစ့်များအား ပြန်လည် ဖတ်ရှုနိုင်ပါသည်...

ဒီမိုကရေစီ ဆိုလိုက် တာနဲ့ နိုင်ငံတ၀ှမ်းလုံးမှာ နေထိုင် ကြတဲ့ ပြည်သူပြည်သားတိုင်း ဥပဒေအောက် မှာ လူမျိုး ဘာသာ ဒေသ မခွဲ တန်းတူရမယ် လွတ်လပ်ရမယ်။ အဲဒီလွတ်လပ်မှု တန်းတူမှုကို အခြေခံဥပဒေနဲ့ ကဗျဉ်း ထိုးပြီး အာမခံထားရပါတယ်။ ဒီအဆင့်မှာ လူမျိုးဘာသာ၊ အသားအရောင်တွေ ဒေသတွေ ဘာမှ မခွဲခြားဘူး။ အားလုံးအတူတူပဲ။ တိုင်းသူပြည်သားတွေပေါ့။ တသွေးထဲတရောင်ထဲပါပဲ။
ReplyDeleteပြည်သူအားလုံး ဥပဒေအောက်မှာ တန်းတူတာကို တခြားဥပမာတွေ အများကြီးရှိတဲ့ထဲမှာ ဥပမာ တခု အနေနဲ့ပြောရရင် တန်ဘိုးတူ တန်းတူတဲ့ မဲတမဲဆီ ဆိုပါစို့….. ဒီတော့ အခြေခံဥပဒေ က ဒါကို အသေ အခြာ မပြဌာန်းထားရင် ဒီတန်းတူမှုမှာ အာမခံချက်မရှိနိုင်ဘူး။ ဒီတော့ ဒီမိုကရေစီဆိုလိုက်တာနဲ့ အခြေခံဥပဒေဆိုတာပါတွဲ စဉ်းစားလာရတာပါ။ လွတ်လပ်မှု၊ တန်းတူမှု ဆိုတာ တွေကို အခြေခံဥပဒေ က အာမခံထားရတယ်။
ဆိုတော့ ဒီမိုကရေစီဆိုလိုက်တာနဲ့ Majority Rule အများစု ဆန္ဒ နဲ့ ပြည်သူက အုပ်ချုပ်တာပါ။ ကျနော်တို့နိုင်ငံမှာ ဗမာ က အများစုဖြစ်တဲ့ အတွက် ပြည်သူတယောက်ခြင်းစီ ကို လူမျိုးဘာသာမရွေး တူညီတဲ့ မဲတမဲစီပေးထားတာကြောင့် တိုင်း ရေး ပြည်ရေးကိစ္စ အ၀၀ ကိုမဲခွဲ ဆုံးဖြတ်ကြရင် အများစု မဲကိုအဓိကထားရမှာမို့ ဗမာ အများစုကြီး က ဒီမိုကရေစီ ရဲ့ Majority Rule ဆိုတဲ့ အနှစ်သာရအရ တိုင်းရေးပြည်ရေး ကိစ္စ အားလုံးကို ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ အဲဒီအများစု ရဲ့ ဒီမိုကရေစီ အခွင့်အရေး ကိုပုံဖေါ်ဖို့ အတွက် အောက်လွတ်တော် မှာ ပြည်နယ် အလိုက် လူများရင်များ သလို မဲဆန္ဒ နယ်မြေလဲများမယ်၊ မဲအရေအတွက်လဲများမယ် လွတ်တော်ကိုယ်စားလှယ်လဲ ပိုများမယ် အောက်လွှတ်တော်မှာ ဗမာ က Majority အနေနဲ့ ရသင့်ရထိုက်တဲ့ democratic Rights တွေကို အပြည့် အ၀ရမှာ ဖြစ်တယ်။ ဗမာလူမျိုးတမျိုးသားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမဲ့ ဆုံးဖြတ် ချက် တစုံတခု မချမှတ်နိုင်အောင် အများစုမဲ ကိုကိုင်ထားနိုင်မှာ ဖြစ်တဲ့ အတွက် ဘာမှ စိုးရိမ်စရာ မရှိလှပါဘူး။ ဥပမာ အားဖြင့် ပြည်ထောင်စု ကြီးကိုပျိုကွဲစေမဲ့ ဥပဒေ အဆိုမျိုး ပါလီမန်မှာ တင်သွင်းလာတာရှိရင် အများစု မဲနဲ့ ကန့်ကွက် လို့ရ တယ်။ ဗမာလူမျိုးရဲ့ အကျိုးစီးပွားဟာ ရာနှုန်းပြည့် လုံခြုံမှုရှိ တယ်။ အတိုပြောရရင် အောက်လွှတ်တော် က Majortity Rule ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ ကိုဖေါ်ဆောင်တာမို့ တိုင်းရင်းသားတွေရော ဗမာတွေရော လူမျိုးအားလုံးအတွက် ကောင်းတယ်၊ လက်မခံနိုင်စရာ မရှိဘူး။ ဒီမိုကရေစီ ကို ယုံကြည် ကြ တာကိုး။ အားလုံးကလက်ခံရမှာပဲ။ ဟုတ်ပါတယ် ... ဗမာအများစု ရှိတဲ့ ပြည်ထောင်စု နိုင်ငံမှာ အများစုဖြစ်တဲ့ ဗမာ ကလုံခြုံမှုမရှိရင် အလုပ်မဖြစ်ဘူး။ အများစု ဖြစ်တဲ့ ဗမာတွေက ဒီပြည်ထောင်စု ကြီး ကို ဦးဆောင်ပြီး သာယာဝပြောအောင်၊ တိုင်းရင်းသားအခြင်းခြင်း ချစ်ချစ်ခင်ခင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စုကြီးထဲမှာ ပျော်ပျော်ပါးပါးနေခြင်အောင် ဆောင်ရွက်ရမှာ ဆိုတော့ အများစုဖြစ်တဲ့ ဗမာလူမျိုးတွေ အတွက် Majority Rule ကို အခြေခံ ဥပဒေနဲ့ ကိုအာမခံထားရမှာဖြစ်တယ်။ ဒီတော့ ဒီမိုကရေစီဆိုတာ အင်မတန် မှနှစ်လိုဘွယ်ကောင်းတာပါ။
ဆရာလှိုင်မြင့်ရယ်.....
ReplyDeleteဘယ်နှယ့်ဗျာ။ ဖက်ဒရယ်ပြည်ထောင်စု ဒုတိယပိုင်း စောင့်မျှော်ဖတ်ရတာအမော။
ထွက်လာတော့လဲ ကြိုတင်ရေးထားတဲ့ ပထမပိုင်းအဆက်မဟုတ်ပဲနဲ့
ဝေဖန်ထားတာတွေကို ပြန်လည်ချေပပြောထားတာပဲ။
အဲဒါဆိုဆရာရဲ့ ဖက်ဒရယ်ပြည်ထောင်စုဆောင်းပါးဟာ စေတနာအရင်းခံနဲ့
တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
ဆင်သွားလမ်းဖြစ် သဘောနဲ့ ဝေဖန်မှုတွေကို ဆရာခံနိုင်ရည် မရှိဘူး
လို့ ယူဆမိတယ်။
ဆရာရယ်...
လူ့လောကနဲ့ ဘ၀သမိုင်းတစ်လျှောက်မှာ အက်ရှင်(Action) နဲ့
ရီအက်ရှင်(Reaction)က အစဉ်သဖြင့် ဒွန်တွဲနေတတ်တယ်လို့
သိပ္ပံနဲ့ ဒသနပညာရှင်တွေက ဆိုပါတယ်။
အက်ရှင်ဆိုတာ(အား)၊ ရီအက်ရှင်ဆိုတာ ထို(အား)ကို ဆန့်ကျင်တုံ့ပြန်သော ပမာဏတူမျှတဲ့အားတဲ့။
အဲဒါကြောင့် အက်ရှင်ရှိရင် ရီအက်ရှင်လာမယ်ဆိုတာ လောကရဲ့
နိယာမ(LAW) တရပ်ပါပဲ။
ဒါကြောင့် ဆရာ ရိုးသားမှုစိတ်အရင်းခံနဲ့ ဖက်ဒရယ်ဆောင်းပါးကို
ရေးရမှာဖြစ်တယ်။
ပြီးတော့ တခုခုဖြစ်ပြီးဆိုရင် နယ်စပ် နယ်စပ် ဆိုတာကို လက်ညှိုးထိုးတော့ပဲ။
ဆရာရဲ့ ပြန်လည်ချေပတဲ့ ယခု ဆောင်းပါးကို ဖတ်ပြီးတော့
ဆရာရဲ့ အမှတ်တံဆိပ်နဲ့ အစ္ဖျတ္တကို ရငမြင်ခွင့်ရခဲ့သလို
ဆရာဟာ ပြသနာကိုဖိတ်ခေါ်တတ်ပြီး ရန်များ ၀ိုင်းဝိုင်းလည်နေတာကို
အကြွင်းမဲ့ လက်ခံပါတယ်ဆရာ။
တကယ်တော့ ဝေဖန်မှုတွေ ၀ိုင်းဝိုင်းလည်နေစေကာမူ
ReplyDeleteဆောင်းပါးကို ပြီးတဲ့အထိ ဆက်ရေးသင့်ပါတယ်။
အခုဆောင်းပါးက လျော့ရဲလွန်းပါတယ်။
ဖက်ဒရယ်မှူကြမ်းကိုဖတ်လိုက်ရလို့တော်တော်ရီရပါတယ်။ နောက်ကို ထပ်ဖတ်ပါဦးမယ်။ president ဟာနိုင်ငံသား ၂ ခုတောင်ဖြစ်ခွင့်ရတယ်လို့ဖော်ပြထားတယ်။ ဒါဆိုရင်သေချာပါတယ် တတိယနိုင်ငံကိုရောက်နေတဲ့ဆရာကြီးတွေဝင်စွတ်ဖတ်တာဖြစ်မယ်။ မြန်မာပြည်မှာအစာမ၀လို့တတိယနိုင်ငံကိုထွတ်ပြေးတယ်။ ထွက်ပြေးဖို့ UN card လုပ်တဲ့အခါ ဗမာစစ်သားနိပ်စပ်လို့ပြောတယ်။ တတိယနိုင်ငံကိုရောက်နေတဲ့ မြန်မာပြညကလူ တွေသိန်းကျော်ရှိပါတယ်။ အဲဒီမှာ တကယ်နိပ်စပ်ခံရတဲ့သူ အယောက်တသောင်းတောင်ရှိပါ့မလား။ လူလိမ်တွေပဲ တတိယနိုင်ငံကိုရောက်ကျတာပါ။ အစာ ၀ မှ မြန်မာပြည်ကောင်းစားရင် president ၀င်ပြိုင်မယ်၊ အခြေနေမကောင်းရင် ကိုယ်နေတဲ့တတိယနိုင်ငံမှာ ပြန်နေမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဒီလို ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ မှူကိုများရေးဆွဲကျတာလား ကိုရွေတိုင်းရင်းသားများရယ်။ နည်းနည်းလောက်လေး ရိုးသားပြီး မျှတပေးကျပါဦး။ ဒီလိုမျိုးဆိုရင် ကျွှန်တော်တို့မြန်မာပြည်ဟာ လွတ်လပ်တဲ့ ဒီမိုကရေစီကို မျှော်လို့မရသေးပါဘူး။ တိုင်ပြည်ကို ကောင်းစားစေချင်ရင် လူမျိုး၊ ဘာသာ မခွဲပါနဲ့။ ခင်ဗျားတို့ ထာဝရဘုရားက လူသားအားလုံးကိုဖန်ဆင်းတော်မှုရင် တန်းတူအခွင့်ရေးနဲ့ လူမျိုး ၊ ဘာသာမခွဲခြားပဲ နေကျရအောင်..........
ReplyDeleteဒေါက်တာလှိုင်မြင့်ခင်ဗျာ။
ReplyDeleteတိုင်းရင်းသားတွေရဲ့ စိတ်မှာ အသေစွဲနေတဲ့ ဗမာလူမျိုးဆို လုံးဝမယုံရ။
စစ်အာဏာရှင်နည်းတူ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုကျင့်တယ်။
ဗမာလူမျိုးဟာ တိုင်းရင်းသားတွေရဲ့ ရန်သူ ဆိုတဲ့ ဗမာမုန်းတီးရေးဝါဒီ ဖျောက်
ဖျက်နိုင်ဖို့ အရင် စည်းရုံးရမှာဖြစ်တယ်။
နို့မဟုတ်ပဲ ဆရာ့ ဟန် နဲ့ ရေးနေရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် အစိုးရသစ်က နိုင်ငံတိုးတက်အောင် အုပ်ချုပ်နိုင်မယ်၊ ပြုပြင်
ပြောင်းလဲရေးတွေ လုပ်နိုင်မယ်ဆိုရင် တိုင်းရင်းသားတွေ လက်ခံလာမှာပဲ။
စကားအကုန်ပြောရရင် အစိုးရကောင်းရင် အစိုးရကို ထောက်ခံလာကြမှာပဲ။
တိုင်းရင်းသားအရေးကို ဆရာ့လေသံ ဆရာ့ရေးဟန်နဲ့တော့ လုံးဝဥသုံ
အလုပ်မဖြစ်ဘူးဆိုတာကို ထပ်လောင်းပြောချင်ပါတယ်။
ဗမာလူမျိုးဆိုတာ ဗမာစကားပြောပြီး ဗမာမိဘနှစ်ပါးကမွေးလာတဲ့လူကို ပြောတာလား။ ဒါဆို၇င် ရှမ်းနဲ့က၇င် ဗမာနဲ့ချင်း အဲဒီလိုမိဘက ဖောက်ဖွားလာတဲ့ လူတွေကိုကော ဗမာလူမျိုးလို့ သတ်မှတ်မှာလား။ ဗမာလူမျိုးကအများစုလို့ ပြောနေကြတာကကော ဘာလိုမှတ်တမ်းကိုမခြေခံတာလဲ။ တနိုင်ငံလုးံမှာ တိုင်း၇င်းသားတွေအားလုးံ စုပေါ်င်းပြီးနေထိုင်ကြတာ မဟုတ်ဘူးလား။
ReplyDeleteအပေါ်ကအီးရောင်ဝါး!!!!အီးရောင်ပြီးဝါးမချပါနဲ့။အခြေခံဥပဒေဆိုတဲ့.
ReplyDeleteဥပမာ။. ။အိမ်ရဲ့ Foundation. မှာ. သစ်သားခုံလေးဘဲရိုက်ထား
ရင်တော့. ဘယ်လိုလုပ်ပြီး. အထပ်လေးငါးဆယ်ရှိတဲ့. သံကူကွန်
ကရစ်အိမ်ကို. ဆောက်လို့ရပါ့မလဲ?။တသက်လုံး. မကောင်းတာ
ကြီးလုပ်ခဲ့တဲ့. အစိုးက. အရေခွံလဲရုံနဲ့. အစိုးကောင်းဖြစ်သွားရော
လား???
အစိုးရကောင်းတယ်လို့ မပြောမိပါလား အညတြရယ်။
ReplyDeleteအစိုးရကောင်းရင်ပဲ ပြောခဲ့ပါတယ်။
ဆရာလှိုင်မြင့်ရဲ့ ဟန်နဲ့ အရေးအသားဟာ ထိရောက်မှု မရှိတဲ့အပြင်
ဆိုးကျိုးတွေပဲ ဖြစ်လာတာကို ညွန်းပြတာပါ။
လောကပါလနဲ့ လှိုင်မြင့်က အပြောအဆိုပါးနပ်မှု ကွာခြားတာကို ပြောတာပါ။
မပြောတတ်ရင် ဆဲရာကျတယ်ဆိုသလိုပဲ။
အောက်မှာ ဖတ်ကြည့်ပါ။ေ
လောကပါလ ပြောတာ တိုင်းရင်းသားအတွက် နာကျဉ်သလိုဖြစ်မိပေမဲ့
အပြောတတ်တော့ မသိသာဘူးပေါ့။
လွန်ခဲ့တဲ့နှစ်ပေါင်း
၅၀ လောက် အထိ ကမ္ဘာကြီး လုံးတယ်ဆိုတာကို ၈၀% လောက်က လက်သင့် မခံနိုင်ခဲ့တဲ့
(အစွဲကြီးတဲ့) တိုင်းပြည်တပြည် အနေနဲ့ လူမျိုးကို (နာမည်ကိုပဲဖြစ်ဖြစ်) ဖျောက်ထားတဲ့ ဖွဲ့စည်းပုံတရပ်ဟာလည်း လက်တွေ့ကျတယ် ပြောဘို့ ခက်ပါတယ်။
Comment ဒုတိယပိုင်း
ReplyDeleteနောက်ပြီး ဒီမိုကရေစီ ရဲ့ တခြားချစ်စရာကောင်းတဲ့ အချက်ကတော့ တရားမျှတမှု ပါပဲ။ Majority Rule ဆိုပြီး အများစု အခွင့်အရေးကို အမာခံထားတဲ့ အပြင်ကို တခါ Minority Rigths ဆို ပြီး အနဲစုကို ကာကွယ် တဲ့ အနှစ်သာရက ရှိနေပြန်တယ်။ ဒါဟာလဲ ဒီမိုကရေစီရဲ့ နှစ်လိုဘွယ်ရာ ချစ်စရာ အချက်တခုပါပဲ။ အနဲစု ရဲ့ အခွင့်အရေးကိုကာကွယ်ဖို့ ပါ အာမခံပေးထားတော့ အနဲစုနဲ့ အများစု အကြား မတရားမှုတွေ မမျှတမှုတွေ မရှိအောင် ရန်လိုမုန်းထားမှုတွေမရှိအောင် ချစ်ကြည်ရင်းနှီးမှု တွေရှိအောင်၊ ထိမ်းသိမ်းထားနိုင်အောင် အာမခံပေးထားပြန်တယ်။ ဆိုတော့ ဒီမိုကရေစီဆိုတာ Majority Rule နဲ့ Minority Rights (၂) ခုပေါင်းပြီးဟန်ချက်ညီအောင်ကျင့်သုံးနိုင်မှ ပြီးပြည့်စုံတာပါ။ စက်ဘီးတစီးရဲ့ ဘီး နှစ်ဘီးလိုပေါ့။ နို့မို့လို့ရှိရင် Tyranny of the Majority (အများစုကနိုင့်ထက်စီးနင်းပြုကျင့်ခြင်း) ခေါ် အများစု ကနေ “ရွာတွေအကုန်လုံးမီးရှို့စေ၊ တွေ့သမျှ အကုန်သတ်၊ အစိပ်သား တောင် မချန် နဲ့” ဆိုတဲ့ပေါ်လစီမျိုး တဖက်သတ် အနိုင်ကျင့် ပြီး ချမှတ်လာရင် ကန့်ကွက် နိုင်ဖို့ ဥပဒေဖြစ်မလာအောင် တားမြစ်နိုင်ဖို့ အတွက် Minority Rights ကိုမအာမခံထားရပြန်ပါတယ်။
ဒီ Minority Rights ဆိုတာ လူနဲစု ချဉ်းသက်သက် အတွက် ကွက်ပြီးကောင်းတာမဟုတ်ဘူး။ Majority ခေါ် လူများစုဗမာတွေအတွက်ပါရေရှည်မှာ အကျိုးပြုသွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Minority Rights တွေဆိပ်သုဉ်းလာလို့ ပါလီမန်မှာ ဘာမှပြောရေးဆိုခွင့်မရှိတော့တဲ့အချိန်မှာ လက်နက်ကိုင် တော်လှန် လာကြပြီး ပြည်တွင်းစစ်မီးတောက်လောင်လာမယ်၊ ပြည်တွင်းစစ် ရှည်ကြာလေ စစ်တပ်က အာဏာ ကြီင်္းလာ လေ ဖြစ်ပြီး နောက်ဆုံး စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာတယ်။ အဲဒီကျတော့ ဗမာ လူမျိုးအ များစုရော တိုင်းရင်းသားရော အားလုံး စစ်ကျွန်ဘ၀ ကိုရောက်ကြရတာပါ။ ဒါကြောင့် Minority Rights ရှိခြင်းဟာ ဗမာလူမျိုး ရော တိုင်းရင်းသားတွေပါ အားလုံး စစ်ကျွန်ဘ၀ မရောက်ဖို့ ကာကွယ်တာ လဲဖြစ်ပါတယ်။ ဒါကြောင့် Majority Rule ဟာ ဗမာရော တိုင်းရင်းသားတွေ ရော အတွက် ချစ်စရာ နှစ်လိုဘွယ်ရာ ဒီမိုကရေစီ ရဲ့ အနှစ်သာရတခု ဖြစ်သလို Minority Rights ဟာလဲပဲ ဗမာရော တိုင်းရင်းသားတွေ ရော အတွက်ချစ်စရာ နှစ်လိုဘွယ်ရာ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ပဲဖြစ်နေပါတယ်။ စက်ဘီး ရှေ့ဘီးနောက်ဘီး (၂) ဘီးလုံး လေအပြည့်ထိုးထားတော့ ခရီးတွင်ပါတယ်။
Majority Rule ကို အောက်လွတ်တော်က အာမခံထားသလို Minority Rights ကိုအာမခံတဲ့ အထက် လွတ်တော် တရပ်ထားရှိလိုက်တဲ့ အခါမှာ ပြည်ထောင်စု ပုံပေါ်လာတယ်၊ ပီပြင်လာတယ်။ ဒါတာတင်မဟုတ်ပဲ ဒီမိုကရေစီ ပါ ပြီးပြည့်စုံလာတာဖြစ်ပါတယ်။ အထက်လွတ်တော်ကတော့ ပြည်ထောင်စု နိုင်ငံဖြစ်တယ်ဆိုတာ ကိုပုံဖေါ်တယ်၊ ဒီမိုကရေစီ ရဲ့ အနှစ်သာရ အရ တန်းတူတဲ့ ပြည်နယ်တွေ ပူးပေါင်းပြီး ထူထောင်ထားတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်တယ်ဆိုတာ ကိုပုံဖေါ်တာဖြစ်တယ်။
ပြည်နယ်ဆိုရာမှာ တိုင်းပြည်ရဲ့ ရှေ ကြာတဲ့ သမိုင်းကြောင်းအရ လူမျိုး ပြည်နယ် လဲရှိတတ်တယ်၊ ဒေသပြည်နယ်လဲရှနိုင်တယ်၊ လူမျိုးစုံပြည်နယ်လဲဖြစ်ခြင်ဖြစ်နိုင်တယ်၊ အရေးကြီးတာက အောက်လွတ်တော်မှာ လူတဦးခြင်း တန်းတူတာကို အာမခံထားသလို အထက်လွှတ်တော်မှာ ပြည်နယ် တခုနဲ့ တခု ကြီးသည် ငယ်သည် မဟူ တန်းတူတယ်တိုတာကို စာနဲ့ ပေနဲ့ အခြေခံဥပဒေနဲ့ အာမခံရပါတယ်၊ (ပင်လုံစာချုပ်မှာ လည်းဒါကို အုတ်မြစ်ချထားပါတယ်) တနည်းအားဖြင့် group rights ပေါ့။
Salai Kipp Kho Lian
www.vansnagva.com
Comment ဒုတိယပိုင်း
ReplyDeleteနောက်ပြီး ဒီမိုကရေစီ ရဲ့ တခြားချစ်စရာကောင်းတဲ့ အချက်ကတော့ တရားမျှတမှု ပါပဲ။ Majority Rule ဆိုပြီး အများစု အခွင့်အရေးကို အမာခံထားတဲ့ အပြင်ကို တခါ Minority Rigths ဆို ပြီး အနဲစုကို ကာကွယ် တဲ့ အနှစ်သာရက ရှိနေပြန်တယ်။ ဒါဟာလဲ ဒီမိုကရေစီရဲ့ နှစ်လိုဘွယ်ရာ ချစ်စရာ အချက်တခုပါပဲ။ အနဲစု ရဲ့ အခွင့်အရေးကိုကာကွယ်ဖို့ ပါ အာမခံပေးထားတော့ အနဲစုနဲ့ အများစု အကြား မတရားမှုတွေ မမျှတမှုတွေ မရှိအောင် ရန်လိုမုန်းထားမှုတွေမရှိအောင် ချစ်ကြည်ရင်းနှီးမှု တွေရှိအောင်၊ ထိမ်းသိမ်းထားနိုင်အောင် အာမခံပေးထားပြန်တယ်။ ဆိုတော့ ဒီမိုကရေစီဆိုတာ Majority Rule နဲ့ Minority Rights (၂) ခုပေါင်းပြီးဟန်ချက်ညီအောင်ကျင့်သုံးနိုင်မှ ပြီးပြည့်စုံတာပါ။ စက်ဘီးတစီးရဲ့ ဘီး နှစ်ဘီးလိုပေါ့။ နို့မို့လို့ရှိရင် Tyranny of the Majority (အများစုကနိုင့်ထက်စီးနင်းပြုကျင့်ခြင်း) ခေါ် အများစု ကနေ “ရွာတွေအကုန်လုံးမီးရှို့စေ၊ တွေ့သမျှ အကုန်သတ်၊ အစိပ်သား တောင် မချန် နဲ့” ဆိုတဲ့ပေါ်လစီမျိုး တဖက်သတ် အနိုင်ကျင့် ပြီး ချမှတ်လာရင် ကန့်ကွက် နိုင်ဖို့ ဥပဒေဖြစ်မလာအောင် တားမြစ်နိုင်ဖို့ အတွက် Minority Rights ကိုမအာမခံထားရပြန်ပါတယ်။
ဒီ Minority Rights ဆိုတာ လူနဲစု ချဉ်းသက်သက် အတွက် ကွက်ပြီးကောင်းတာမဟုတ်ဘူး။ Majority ခေါ် လူများစုဗမာတွေအတွက်ပါရေရှည်မှာ အကျိုးပြုသွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Minority Rights တွေဆိပ်သုဉ်းလာလို့ ပါလီမန်မှာ ဘာမှပြောရေးဆိုခွင့်မရှိတော့တဲ့အချိန်မှာ လက်နက်ကိုင် တော်လှန် လာကြပြီး ပြည်တွင်းစစ်မီးတောက်လောင်လာမယ်၊ ပြည်တွင်းစစ် ရှည်ကြာလေ စစ်တပ်က အာဏာ ကြီင်္းလာ လေ ဖြစ်ပြီး နောက်ဆုံး စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာတယ်။ အဲဒီကျတော့ ဗမာ လူမျိုးအ များစုရော တိုင်းရင်းသားရော အားလုံး စစ်ကျွန်ဘ၀ ကိုရောက်ကြရတာပါ။ ဒါကြောင့် Minority Rights ရှိခြင်းဟာ ဗမာလူမျိုး ရော တိုင်းရင်းသားတွေပါ အားလုံး စစ်ကျွန်ဘ၀ မရောက်ဖို့ ကာကွယ်တာ လဲဖြစ်ပါတယ်။ ဒါကြောင့် Majority Rule ဟာ ဗမာရော တိုင်းရင်းသားတွေ ရော အတွက် ချစ်စရာ နှစ်လိုဘွယ်ရာ ဒီမိုကရေစီ ရဲ့ အနှစ်သာရတခု ဖြစ်သလို Minority Rights ဟာလဲပဲ ဗမာရော တိုင်းရင်းသားတွေ ရော အတွက်ချစ်စရာ နှစ်လိုဘွယ်ရာ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ပဲဖြစ်နေပါတယ်။ စက်ဘီး ရှေ့ဘီးနောက်ဘီး (၂) ဘီးလုံး လေအပြည့်ထိုးထားတော့ ခရီးတွင်ပါတယ်။
Majority Rule ကို အောက်လွတ်တော်က အာမခံထားသလို Minority Rights ကိုအာမခံတဲ့ အထက် လွတ်တော် တရပ်ထားရှိလိုက်တဲ့ အခါမှာ ပြည်ထောင်စု ပုံပေါ်လာတယ်၊ ပီပြင်လာတယ်။ ဒါတာတင်မဟုတ်ပဲ ဒီမိုကရေစီ ပါ ပြီးပြည့်စုံလာတာဖြစ်ပါတယ်။ အထက်လွတ်တော်ကတော့ ပြည်ထောင်စု နိုင်ငံဖြစ်တယ်ဆိုတာ ကိုပုံဖေါ်တယ်၊ ဒီမိုကရေစီ ရဲ့ အနှစ်သာရ အရ တန်းတူတဲ့ ပြည်နယ်တွေ ပူးပေါင်းပြီး ထူထောင်ထားတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်တယ်ဆိုတာ ကိုပုံဖေါ်တာဖြစ်တယ်။
အထက်လွတ်တော်နဲ့ အောက်လွတ်တော် မတူတာက အောက်လွတ်တော်က လူဦးရေ အလိုက် ကိုယ်စားလှယ်စေလွှတ်တယ် အထက်လွှတ်တော်က ပြည်နယ်အလိုက် တူညီတဲ့ အမတ်ကိုစေလွှတ်တာဖြစ်တယ်။ အထက်လွတ်တော်က တနည်းအားဖြင့် ပြည်နယ်တွေရဲ့ တန်းတူမှု နဲ့ လွတ်လပ်မှု ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို အာမခံ ပေးထားတာဖြစ်တယ်။ တူညီတဲ့ အမတ်ဦးရေးစေလွတ်တော့ တန်းတူတာကိုပြတယ်။ ပြည်နယ်အလိုက် ကိုယ့် အစိုးရ ကိုယ်ရွေးခွင့်ရှိတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိတာဖြစ်တယ်။ အားလုံးလွတ်လပ်တဲ့ လူမျိုးတွေ ဆိုတာ ပြဆိုတယ်။ လွတ်လပ်ရေးရဲ့ အသီးအပွင့် ကိုအတူ တကွ ညီတူမျှတူခံစားကြရတယ်ဆိုတာပါပဲ။ ဒီလိုနည်းနဲ့ ဘယ်သူကမှ တောခိုပြီး ဒုတိယ အကြိမ် လွတ်လပ်ရေး အတွက် တိုက်စရာမလိုတော့ ဘူး။ ပြည်တွင်း စစ်လဲ ချုပ်ငြိမ်းမယ်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရင် စစ်အာဏာလဲ ချုပ်ငြိမ်းမယ်။
ReplyDeleteပြည်နယ်ကတော့ (ဂ) ပြည်နယ် မကရှိနိုင်တယ်။ USA တောင် ပြည်နယ် (၁၃) ပြည်နယ်နဲ့ စခဲ့ တာ တန်းတူမှုတွေ၊ တရားမျှတမှုတွေ၊ လွတ်လပ်မှုတွေ ရှိတော့ ပြည်နယ်တွေ တိုးလာတာ အခု ပြည်နယ် (၅၀) တောင်ရှိနေပြီး။ Louisiana Purchase အရ USA အလယ်ကျောက ပြည်နယ်တွေ ကိုပြင်သစ်ဆီ ကနေ ၀ယ်လိုက်သည့်တိုင်အောင် အဲဒီဝယ်ထားတဲ့ နယ်မြေကို ပြည်နယ်တွေခွဲပြီး တခြား ပြည်နယ်တွေ နဲ့ တန်းတူ အခွင့်အရေးတွေ ခံစားရပါတယ်။ ဘယ်သူကမှ မကြေမနပ် နဲ့ ခွဲထွက် မယ် ဆိုတဲ့ issue ကြီးကြီးမားမား မရှိ ဘူးသေးပါဘူး။ တရားမျှတမှုရှိနေရင် ဗမာ ကလဲ ခွဲထွက်မှာ မဟုတ်သလို တိုင်းရင်းသားကလဲ ခွဲထွက်ခြင်မှာမဟုတ်ပါဘူး။
ပြည်ထောင်စုမြန်မာနိုင်ငံ ကိုဒီမိုကရေစီ ပီပီသသ ဖက်ဒရယ် ပီပီ သသ ပြည်ထောင်စု ပီပီပြင်ပြင် ထူထောင်နိုင်ရင် အိန္တိယ အရှေ့မြောက်ပိုင်း က မီဇိုချင်းတွေ၊ ကူကီးချင်းတွေ၊ နာဂတွေ၊ မဏိပူရကသဲတွေ။ အာသံ က အဟုမ်ရှမ်းတွေ က ကျနော်တို့ မြန်မာပြည်ထောင်စုနဲ့ ပူးပေါင်းလို စိတ်တွေရှိလာခဲ့ရင် ပြည်နယ် က တိုးတိုးလာနိုင်တယ် ... (ဥပမာ ပြောတာပါ။) အခုလက်ရှိ အနေအထား ကနေပဲ ပြည်နယ်တွေတိုးလာနိုင်သေးတယ်။ ဥပမာ နာဂတောင်တန်း ကနာဂပြည်နယ် လိုခြင်လာရင် ပြည်ထောင်စုကြီးထဲမှာ အဖွဲ့ဝင်ပြည်နယ်တခု အဖြစ် ဖန်တီးပေးရမှာပါ။
စစ်အာဏာရှင်ကတော့ တန်းတူတာ၊တရားမျှတတာ၊ လွတ်လပ်တာတွေ မရှိစေချင်ဘူး။ဒါတွေ ရှိရင်ပြည်တွင်းစစ်ငြိမ်းမယ်၊ ပြည်တွင်းစစ်ငြိမ်းရင် စစ်အာဏာလဲ ထူထောင်လို့မရတော့ ဘူး၊ အဲဒါကြောင့် ဒီမိုကရေစီ တို့ ဖက်ဒရယ်လ်တို့ ကို ပြည်သူတွေ မကြောက်ကြောက်အောင် အမျိုးမျိုးဖြဲချောက်ခဲ့တာပါ။ အစပိုင်းမှာတော့ တော်တော်ကိုအောင်မြင်ခဲ့တယ်။ ဖက်ဒရယ်လ်ဆိုရင်ကိုအားလုံးက ပြည်ထောင်စုကြီးပြိုကွဲ တော့မယ်ဆိုပြီး ကြောက်နေအောင်ဖြဲချောက်ထားနိုင်ခဲ့တယ်။ အမှန်တရားကိုကြာရှည်ဖုံးထားလို့မရပါဘူး။
ဗိုလ်နေ၀င်း၊ ဗိုလ် သန်းရွှေ တို့ ကအမှောင်ချထားတာတွေ ကို အခု အလင်းနဲ့ ဖြိုခွင်းနိုင်ကြပါပြီ။ အသိပညာ အလင်းရောင်တွေ သန်းလာနေပြီ။ ကမ္ဘာကြီးကလဲ လူတွေ ကို လိမ်ညာ အုပ်ချုပ်လို့ရတဲ့ ခေတ် မဟုတ် တော့ပါဘူး။ ဗမာ ကလည်း တန်းတူမှု၊လွတ်လပ်မှု၊တရားမျှတမှု ကိုတောင်းတနေတာပါ။ တိုင်းရင်း သား တွေ လိုခြင်တာကလည်းဒါတွေပါပဲ။ ဘာမှထူးထူးခြားခြား ပိုလဲ မလိုခြင်သလိုလျော့လဲမလိုခြင်ပါဘူး။ ဗမာကဒီမိုကရေစီ ဖိအော်လို့ တိုင်းရင်းသားက ဖက်ဒရယ်လ်ဖိအော်လို့ ဗမာလိုခြင်တာကတခု တိုင်းရင်း သားတွေလိုခြင်တာကတမျိုးဆိုတာမျိုးမဟုတ်ပါဘူး။ ဖက်ဒရယ်လ်ပဲခေါ်ခေါ် ဒီမိုကရေစီပဲပြောပြော အခြေခံကအတူတူ ပါပဲ။ တန်းတူမှု၊တရားမျှတမှု၊ လွတ်လပ်မှု ကိုဗမာရော တိုင်းရင်းသားရော လိုခြင်နေကြတာပါ။
ReplyDeleteဗမာရောတိုင်းရင်းသားတွေရော လိုခြင်တဲ့ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု ဆိုတာတွေဟာ ဖက်ဒရယ်လ်ဒီမိုကရေစီ စနစ် မှာ အားလုံး ပါနေပြီးသားပါ။ ပင်လုံ စာချုပ်မှာ လည်းဒီသဘောတရားတွေ ပါရှိနေပြီးသားပါ။ ပြည်ထောင်စုနိုင်ငံသစ်ကိုစတင်ထူထောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွသော တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် ဖြစ်တဲ့ တိုင်းပြည်ခေါင်းဆောင်တွေ တိုင်းပြည်ရဲ့ Founding Fathers တွေ က နှစ်ပေါင်း မြောက်မြား စွာတည်တန့်ခိုင်မြဲမဲ့ ပြည်ထောင်စု ဒီမိုကရေစီ အုတ်မြစ်ကို ပင်လုံမှာ အခိုင်အမာချခဲ့ကြ တာပါ။ တန်းတူရေး၊ လွတ်လပ်ရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် စတာတွေ အားလုံး ဟာ ပင်လုံ စာချုပ်မှာ အခိုင်အမာ ပါရှိပါတယ်။
မငယ်နိုင်က တော်လှန်ရေးနယ်မြေမှာ ထဲထဲဝင်ဝင်ထိတွေ့ပါဝင် ခဲ့ လို့ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မဖြစ်ပဲ FCDCC ကရေးဆွဲ ခဲ့တဲ့ ဖက်ဒရယ်လ် အခြေခံဥပဒေ (၂၀၀၈) ကို လက်ခံနိုင် တဲ့ အပြင် နောင်ပြင်စရာရှိလဲ နဲနဲပါးပါးလောက်ပဲ ပြင်ရမယ်ဆိုတာ ကို ရဲရဲဝန့်ဝန့် ပြောရဲ တာပြောနိုင်တာဖြစ်တယ်။ မတူညီကွဲပြားတဲ့ ပါတီတွေ၊ လူမျိုးတွေ၊ အဖွဲ့အစည်းတွေ ၅၀ ကျော်၊ ပါဝင်သူပေါင်း ၁၄၀ ခန့် (?) ကသဘောတူခဲ့ကြတာဆိုတော့ တိုင်းရင်းသားတွေချည်းသက်သက် ကရေးဆွဲခဲ့တာမဟုတ်သလို ဗမာတွေချည်း စိတ်ကြိုက်ရေးဆွဲတာမဟုတ်ပါဘူး။ ဗမာရော တိုင်းရင်းသားရော အားလုံး အတူတကွ စုပ်ကိုင်နိုင်တဲ့ အခြေခံတူညီချက်တခုကို ရယူနိုင်ခဲ့တာဖြစ်တယ်။ အောင်မြင်မှုတခုပါပဲ။ သမိုင်းဝင် National Accord တခု လို့ပဲဆိုကြပါစို့။
တိုင်းရင်းသားဖက်ကလဲ ရှစ်ပြည်နယ်မှ ရှစ်ပြည်နယ် ဆိုပြီးခေါင်းမာ တာမရှိသလို ဗမာ ဖက်ကလဲ အမြင်ကျယ်ကျယ်နဲ့ဆွေးနွေးခဲ့တာပါ၊ တိုင်းရင်းသားတွေ ကိုကြောက်လို့ ဆိုင်္ပြီး ဘာမှမပြောရဲမဆိုရဲ မနေခဲ့ပါဘူး၊ ကျိုးကြောင်းဆက်နွှယ်မှု တွေနဲ့ ဆွေးနွေးခဲ့ကြလို့ (၁၀) ပြည်နယ်ထွက်လာတာပါ။
ဒါပေမဲ့ အားလုံးကောင်းပါသည်လို့ တော့ မဆိုလိုပါဘူး။ ပြည်သူတွေက လက်ခံပါမှ ကောင်းတယ်လို့ပြေရမှာပါ။ ပညာရှင်တွေ က ကျနော်တို့ အနာဂတ်ကိုအဆုံးအဖြတ် မပေးနိုင်သလို၊ နိုင်ငံရေးတော်လှန်ရေးသမားတွေချည်း သက်သက် နဲ့ လဲ အခြေခံဥပဒေ တခုကိုအတည်ပြုလို့မရပါဘူး။ ပြည်သူထဲကပြည်သူတွေ က လေ့လာ ဝေဖန် သုံးသပ် ဆွေးနွေး ကြရင် အားနဲချက်တွေ ရှိကောင်းရှိမှာ ပါ။ ဒါပေမဲ့ နာဂစ် အခြေခံဥပဒေ နဲကတော့ ဆီနဲ့ရေလိုကွာခြားပါတယ်။
အားလုံးကိုလေးစားပါတယ်။
Salai Kipp Kho Lian
Vansangva Online Democracy Training
www.vansnagva.com
eMail: salai.kipp@googlemail.com
The writer is a foolish man ,he vary worry about burmases people and 8 state. I like you to let you know if the burmeses good to tribe and The tribe will never bad
ReplyDeleteဖက်ဆစ်စနစ်ကြောင့် ဂျပန်တွေအရိုင်းအစိုင်းတွေလို့  ဒုတိယကမ္ဘာစစ်မှာအစွတ်ဆွဲခံခဲ့ရတယ် ။ အခုချိန်မှာဂျပန်တွေ ယဉ်ကျေးတယ်ဆိုတာ တစ်ကမ္ဘာလုံးသိကြတယ် ။ကျွန်တော်တို့ ဟာအိမ်ပြေးတွေပါ ။မိဘတွေဘယ်လောက်ပဲဆိုးဆိုး အချိန်တန်ရင်အိမ်ပြန်ကြရမှာပဲ။ ယိုင်နဲ့ နေတဲ့အိမ်အိုနဲ့ အစ်မေတစ်ယောက်ထဲကို တကယ်သနားမိတယ် ။သားတာဝန်ကျေဖို့  အိမ်ပြန်ခဲ့မယ် အမေ ။ အားလုံးကိုတော့ လေးစားပါတယ် ။ဒါပေမဲ့ ဘယ်သူ့ ကိုမှ မကြောက်တော့ပါ ။ အမေ့ကို လွမ်းစွတ်သတိရစွာဖြင့်.........အဝေးရောက်သား.........စိုင်း......
ReplyDeleteထက်ဒီမိုကရေစီစနစ်ဆိုတာ အရာရာကို အများစုရဲ့ ဆန္ဒနဲ့ဆုံးဖြတ်တာဖြစ်ပြီး အနည်းစုရဲ့ရပိုင်ခွင့်တွေကိုလည်း အကာကွယ်ပေးရတယ်။ဗမာအများစုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး လူနည်းစု တိုင်းရင်သားတွေရဲ့ ရကိုင်ခွင့်ကို ရှေ့တန်းတင်တာဟာ ဒီမိုကရေစီမဟုတ်ဘူး တိုင်းရင်သားလူမျိုးကြီး ဝါဒသာဖြစ်လိမ်မယ်။ထာဝရဘုရားသခင်က လူသားအားလုံးကို တန်းတူ ဖန်ဆင်းတယ်လို့ သမ္မာကျမ်းစာထဲမှာ ရေးထားပေမဲ့ လက်တွေ့မှာ လူတစ်ဦးက ချမ်းသာပြီး လူတစ်ဦးက ဆင်းရဲနေတယ် ဒါကြောင့် လက်ရှိအနေအထားကို လက်ခံပြီး တန်းတူအခွင်အရေး တောင်းဆိုတာ မိမိရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတာက ပိုပြီး လက်တွေ့ကြတယ်။လှေနံနှစ်ဖက်နင်းတဲ့ သူဟာ မရိုးသားသလို့ နှစ်နိုင်ငံသားခံယူထားသူဟာလည်း မရိုးသားဘူး။
ReplyDeleteအရည်လည်းမရအဖတ်လည်းမရတဲ့စကားတွေပြောမနေကြပါနဲ့ဗျာ။
ReplyDeleteလောလောဆယ် ဧရာဝတီ သေတောမဲ့အရေးကူညီပေးကြပါအုံး။
ဒီဒေါက်တာလှိုင်မြင့်ဆိုတဲ့လူကလည်း
ဒီအချိန်မှာဒါကြီးလာဖွတာရိုးမှရိုးရဲ့လား
ဒေါက်တာလှိုင်မြင့်..........
ReplyDeleteတိုင်းပြည်တစ်ပြည်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍရှိနေရမယ်ဆိုတာ ဆရာပြောမှလားဗျာ။ ကလေးတောင် တွေးတတ်တယ်။
စာရေးတာရှေ့နောက်ညီအောင်လည်း သတိထားရပါတယ်။
(ရရင်ရ မရရင်ချ တွင်တွင်အော်နေတယ်။ တကယ်ချတော့ ပွဲကြီးပွဲကောင်းလေးတောင် တပွဲမှ မရှိလိုက်ပါဘူး။ မရရင်ချဆိုသူတွေ အသံတောင် မကြားရတော့ဘူး။) လို့ အမြင်ကပ်စရာဖြစ်အောင် ကဲ့ရဲ့ထား ပြီးတော့ အောက်မှာတော့ ဒီလိုလဲ ပြောထားသေးတယ်။
(လူထုဆိုတာ သေနတ်ကိုတော့ ကြောက်ရမှာဘဲလေ။ တကယ်ပစ်ပြီ ဆိုတော့ ကျနော်တို့လည်း မလှုပ်ရဲပါဘူး။)တဲ့၊
(နယ်စပ်မှာဆို ကျနော်လည်း အသံမထွက်ရဲပါဘူး။ သန်းရွှေရဲ့ ဥပဒေကိုဝေဖန်ရင် (၅/၉၆) နဲ့ထောင်အနှစ်-၂၀- ကျတာဘဲရှိမယ်။ ရှစ်ပြည်နယ်ကို ဝေဖန်ရင် ဝေဖန်ရမှာ ကြောက်နေသူတွေ ဘာကြောင့် ကြောက်နေကြရတာလဲ။ အကြောင်းရှိလို့ပေါ့။)
ဒါ ပညာရှိစကား မဟုတ်တော့ဘူး။ တမင်သက်သက် စော်ကာတဲ့
လူပြိန်းစကားပါပဲ။ မဲဆောက်လို နယ်စပ် ကို မရောက်ဖူးဘူးလို့လဲ ပြောထားတယ်။ ဘာလို့ နယ်စပ်ကို ထွင်ထွင်ပြောရတာလဲ.။
နယ်စပ်ကို မင်းမဲ့စရိုက်လို့ စွပ်စွဲလိုက်တာနဲ့ အတူတူပဲ။ အေး ဆရာသိထားဖို့က နယ်စပ်မှာ အနေဆင်းရဲကြပေမဲ့ လူ့အခွင့်အရေးတွေကို လိုက်နာသေးတယ်။ မလိုက်နာတာက ခင်ဗျား အမျိုးတွေ။
။ စာရေးတာအချိုးမပြေတာတွေအများကြီး။
တကယ်တမ်းကျတော့ ခင်ဗျားရေးတဲ့ အကြောင်းအရာတွေကို လက်ခံတယ် လက်မခံဘူးဆိုတာထက် ခင်ဗျားအပြောကို မနှစ်မြို့ကြတာ။
ဇွဲကပင်အဖွဲ့က ဘွဲ့ ပေးတယ်ဆိုတာ စောက်မြင်ကပ်လို့ပေးတာ။
မဆီမဆိုင်တာတွေအများကြီးပါတယ်ဆိုတာ သိတာပေါ့။
နိုင်ငံရေး အကြောင်းဆွေးနွေးတာ သတ်မယ်ဖြတ်မယ်အထိတော့
ခင်ဗျားပြောပြောနေတဲ့ နယ်စပ်ကသူတွေ ဒီလောက်ထိ အစွန်းမရောက်ကြပါဘူး။ ခင်ဗျားစကား မပြောတတ်တာ။ တဘက်သားကို
စော်ကားမော်ကား ပြောတဲ့ဟန်ကို ဖျောက်ပါ...ဟာ
တော်ပြီကွာ
အောက်ဆုံးကကောင်ဘာကွန်မင့်လည်းကွသောက်၇ူးတွေဗမာတွေကလူမျိုးကြီးဝါဒကျင့်သုံးတယ်ဆို၇င်လေစိုင်းထီးဆိုင်စိုင်းခမ်းလိတ်တို့စိုင်းဆိုင်မောဝ်တို့စိုင်းစိုင်းတို့ဒီနာမည်ကျော်ဘဝကိုမေ၇ာက်ဘူးနယ်စပ်မှာပဲကျော်ကြားချင်ကျော်ကြားမယ်ဒါဆိုသိလောက်မှာပါသောက်၇မ်းတွေပြောမနေကြနဲ့၇ခိုင်မတယောက်ယူ၇င်သိန်းငါးဆယ်ပေးတယ်ဆိုတဲ့၇ှမ်းစောက်၇ုးလည်းမွတ်ဆလင်ကမြန်မာမတွေယူ၇င်ဗလီကပိုက်ဆံပေးတယ်ဆိုတာကိုကြားပြီးသံယေက်လိုက်ပြောမနေနဲ့စစ်တပ်ကသူ့ဘာသာသူတောင်စုတ်ပြတ်နေတာကို..... ကိုလှိုင်မြင့်ေ၇ အားပေးတယ် ဒါဆ၇ာ့အမြင်ကိုေ၇းတာ ကိုယ့်အမြင်ကိုယ်ချပြလို့၇တယ်ဘယ်သူမဆို အခုလိုရိုင်းစိုင်းတဲ့ကွန်မင့်တွေဟာ စိတ်ဓါတ်တွေကိုပြနေကြတာပါ လစ်လျူရျုပေးလိုက်ပါဒေါက်တာေ၇
ReplyDeleteကျွန်တော့အထင်အဆဲအသန်ဆုံးလူမျိုးဟာ. အောက်တန်းအကျဆုံး
ReplyDeleteပါဘဲ။. နားလည်မိတာက. အဖိအနှိပ်ချုပ်ချယ်. အခံရဆုံးတိုင်းပြည်က
လူတွေဟာလဲ. စိတ်ရဲ့ထွက်ပေါက်က. ဆဲတာဘဲရှိတော့တာကိုး။. ။
ဥပမာ။. ။တောင်ကိုးရီးယားနိုင်ငံသားနဲ့မြောက်ကိုးရီးယားနိုင်ငံသား
တွေ။. ။
ဟုတ်ပါ့ဗျာ။. ။တောကိုးရီးယားနိုင်ငံသားနဲ့မြောက်ကိုးရီးယားနိုင်ငံသား
ReplyDeleteမှာ. မြောက်ကရေရေလည်လည်. အဆဲသန်တယ်ဗျာ။. ။
ခင်ဗျားအဆဲခံလိုက်၇လို့လားကိုသက်..မမှတ်သေး၇င်ကျနော်ထပ်ဆဲပေးချင်ပါတယ်ဟဲဟဲ
ReplyDeleteနိုင်ငံတော် သမ္မတ
ReplyDeleteပုဒ်မ (၁၁၁) အရည်အချင်း
(၅) နိုင်ငံနှစ်ခု (သို့မဟုတ်) နိုင်ငံနှစ်ခုထက်ပိုသော နိုင်ငံသား မဖြစ်စေရ။
လို့ ရေးထားတာကို သမ္မတကြီးကို နိုင်ငံသား နှစ်ခု ခံယူခွင့်ပြုထားတယ်လို့
မြန်မာစာကို သေချာမဖတ်ဘဲ။ လျှောက်ရေးတာတော့ မကောင်းပါဘူး ဒေါက်တာကြီးရယ်။
ဝေဖန်ချက်ရေးချင်ရင်လည်း မြန်မာစာ သေချာတတ်မှ ဖတ်ပြီး ရေးပါ။
နောက်ပြီး ရေးတာတွေ တစ်ဖတ်သတ်ဆန် လွန်းနေတယ်ဗျ။
ညီညွတ်ရေး တည်ဆောက်ဖို့ထက် သွေခွဲရေး လုပ်နေတာလား ဒေါက်တာကြီး။
ဖွဲ့စည်းပုံ သေချာ ဖတ်ကြည့်ပါဦး။
နောက်ပြီး မှားတာ တစ်ခု ရှိသေးတယ်။
ReplyDeleteတိုင်းရင်းသားတွေက ၇ မဲ။ ဗမာက ၁ မဲ တဲ့။
တိုင်းရင်းသားတွေ လို့ တစ်ပေါင်းတည်း တွေးတာက မှားတာပဲ။
ကချင်က တစ်မဲ၊ ကယားက တစ်မဲ၊ ကရင်က တစ်မဲ၊ ချင်းက တစ်မဲ၊ မွန်က တစ်မဲ၊ ဗမာက တစ်မဲ၊ ရခိုင်က တစ်မဲ၊ ရှမ်းက တစ်မဲ ပါဗျ။
ဗမာကို ၁ မဲတစ်တည်း ကွက်ရေပြီး ကျန်တဲ့ ၇ မဲ ကို ပေါင်းတာ မှားတာပဲ။
ကချင်းက တစ်မဲ ကျန်တဲ့ တိုင်းရင်းသားက ၇ မဲ လို့ ရေးလည်း ရတာပဲ။ ဗမာ ဆိုတာလည်း တိုင်းရင်းသား ပဲ ဆိုတာကို လက်မခံ ဘူး ဖြစ်နေရင် ပြည်ထောင်စု စိတ်ဆိုတာ ဘာလဲခင်ဗျာ။
ရှိတဲ့ ၈ မျိုးလုံးဟာ တိုင်းရင်းသားတွေ ချည်းပဲ။ ၁၃၅ မျိုးလုံး တိုင်းရင်းသားပဲ။ အမတ် ၁၃၅ ယောက် ရှိတော့ရော ပိုကောင်းတာပေါ့။ ဘယ်သူမှ ကျန်မနေတော့ဘူး။ ပြည်နယ် အငယ်လေးတွေ ၁၃၅ ပြည်နယ်ဆိုလည်း ကောင်းတာပဲ။ ကမ္ဘာပေါ်မှာ ပြည်နယ် အများဆုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု။ လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ ပြည်ထောင်စု လို့ တောင်ပြောလို့ရသေးတာပေါ့။
ခုလက်ရှိမှာလည်း ပြည်ထောင်စု သားချင်း မမုန်းကြပါဘူး။
ReplyDeleteခေါင်းဆောင်လုပ်တဲ့ လူတွေရဲ့ စောက်ရူးထတဲ့ ဝါဒ တရားတွေကြောင့်
မဖြစ်သင့်တာတွေ ဖြစ်လာကြရတာပါ။
ရှေ့လူတွေမှားခဲ့တာကို သင်ခန်းစာ မယူဘဲ နောက်လူတွေက ဒီအမှားကြီး အတိုင်းပဲ ဆက်လုပ်နေဦးမယ်ဆို၊ ကိုယ့်လူမျိုးပဲကောင်းစား သူတစ်ပါးကို ဖိနှိပ် ဆိုတဲ့ ခေါင်းဆောင်ရူးတွေရဲ့ ဝါဒတွေကို ဆက်ပြီး နားယောင် နားထောင်နေကြဦးမယ်ဆို။ ညီညွတ်မှု ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။
ညီညွတ်တယ် ဆိုတာ တန်းတူ ခံစားခွင့် ရှိမှ ညီညွတ်နိုင်တာပါ။
ပြည်ထောင်စုကြီး တည်တံ့ရေးအတွက် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ပျောက်ရမယ်ဆို ဘယ်လူမျိုးမှ ပြည်ထောင်စုကို ချစ်ကြမှာ မဟုတ်ပါဘူး။ ဥပမာ၊ ပြည်ထောင်စုကြီး တည်ဆောက်လို့ ဗမာလူမျိုး ပျောက်ရမယ်၊ ဗမာ စကားပျောက်ရမယ်ဆို ဗမာတွေ လက်မခံ နိုင်ပါဘူး။ ခု စာကို ဖတ်လိုက်တဲ့ အချိန်မှာပဲ ဗမာတစ်ယောက် ခံစားရတဲ့ စိတ်ကို ခုလက်ရှိ အချိန်မှာ တိုင်းရင်းသားလို့ အသတ်မှတ် ခံရတဲ့ လူမျိုးက လက်တွေ့ ခံစားနေရပါတယ် ဆိုရင်
အပေါ်ကကွန်မင့်ကယခင်ကွန်မင့်တွေထက်ကောင်းပါတယ်သို့သော်တိုင်း၇င်းသားတွေဆိုတာထက်မြန်မာတွေဆိုတာကပိုပြီးသင်လျှော်ပါမယ်မြန်မာထဲကဗမာရှမ်းကချင်ကယားက၇င်ချင်းမွန်စတဲ့လူမျိုးစုတွေရှိတယ်ဆိုတာပဲဖြစ်သင့်ပါတယ်
ReplyDeleteသတိပြုသင့်တာတခုရှိနေသေးတာက သမတဟာ နိုင်ငံ(၂) ခု သို့ မဟုတ် နိုင်ငံ(၂) ထက်ပိုတဲ့ နိုင်ငံသားမဖြစ်ရဘူး ဆိုထားတဲ့အပြင် ပုဒ်မ (၁၁၁) (က) ၃) မှာ သမတဖြစ်ဖို့ အရေး ဖက်ဒရယ်လ်ပြည်ထောင်စုထဲမှာ (၁၀) နှစ်အနဲ ဆုံး ဆက်တိုက် နေထိုင်သူဖြစ်ရမယ် ဆိုထားတော့ ဒီမူကြမ်း ကိုရေးဆွဲ ခဲ့တဲ့ ဗမာရော တိုင်းရင်းသားတွေရော ဘယ်သူမှ သမတနေရာကိုယူလို့ မရဘူး ဆိုတာကို သဘောပေါက်ကြဖို့လိုပါတယ်။ သဘောထားကြီးကြီး နဲ့  ရေးဆွဲခဲ့ကြတာပါ။ နောင်အနာဂတ်မှာ သမိုင်းဝင် စာတမ်းတခုဖြစ်လာမှာ ဖြစ်တဲ့ အပြင် မငယ်နိုင်ပြောသလိုပဲ ပြင်စရာလဲ အနည်းအကျင်းလောက်ပဲရှိမှာပါ။ ဗိုလ်နေ၀င်းဖြဲခြောက် လို့  ဖက်ဒရယ်လ် ကို ကြောက် ခဲ့ ကြတဲ့ခေတ် ကကုန်ဆုံးသင့်ပါပြီ။ နိုင်ငံတော်သစ်ကိုထူထောင်ဖို့  ဆိုရင် စိတ်သစ်လူသစ်အတွေးအခေါ်သစ် အမြင်သစ်တွေ ကိုကိုင်ဆွဲနိုင်ကြ မှ အောင်မြင်မှာ ပါ။ ကြိုးတွေ့ တာ နဲ့  မွေဆိုပြီးထအော်နေလို့ ကတော့ အဖြေလဲ ထွံက်မှာမဟုတ်ဘူး။ စစ်ကျွန်ဘဝကနေလဲ လွတ်မြောက်ကြမှာ မဟုတ်ပါဘူး။
ReplyDeleteတိုင်း၇င်းသားချင်းမမုန်းကြပါဘူးဆိုတာအမှန်ပါဗမာတွေပြောတာအမှန်ပါနိုင်ငံခြားမှာဗမာကမြန်မာပြည်သားဆိုအကုန်အလုပ်ရှာပေးတယ်မြန်မာပဲဆိုတဲံ့စိတ်ထားတယ်၇င်ထဲဘာလူမျိုးပဲမခွဲခြားဘူးတကယ်ဖြစ်နေတာကလူမျိုးစုတွေတိုင်း၇င်းသားအဖွဲ့ဖွဲ့တယ်ဗမာမပါ၇ဘူးဗမာကိုအလုပ်မပေးဘူးသူတို့လူမျိုးစုတူမဟုတ်၇င်အလုပ်ပေါ်လည်းမပေးဘူးအရှေ့မှာညီညွတ်ချင်ယောင်ဆောင်တယ်နောက်ကွယ်မှာမကောင်းပြောမယ်သူတို့အချင်းချင်းလည်းဒီလိုပဲဖြစ်တယ်ဒီတော့ကြားထဲကအမြတ်ထွက်နေတာကတရုတ်ကုလားတွေပဲဟုတ်ပြီလားညီညွတ်ေ၇းလိုတယ်အုပ်ချုပ်နေတဲ့သူမကောင်းတာနဲ့ခင်ဗျားတို့ကျနော်တို့မညီညွတ်ပဲဒီလိုသာဖြစ်နေကြမယ်ဆို၇င်အဲဒီအာဏာရှင်တွေရောတရုတ်ေ၇ာကုလားေ၇ာခင်ဗျားတို့ကျနော်တို့ကို-င်-းနေမှာပဲမြန်မာပြည်ဖွားမြန်မာစိတ်ဓါတ်ပြည့်ဝတဲ့တရုတ်ကုလားကိုမဆိုလိုပါတိုတိုပြော၇င်ဗမာကချင်ကယားမွန်၇ခိုင်၇ှမ်းဝအားလုံးမခွဲခြားနဲ့တကယ့်စိတ်၇င်းနဲ့ညီညွတ်ကြ၇င်ထဲကောက်မထားကြနဲ့နောက်ကျောဓါးနဲ့ထိုးမယ့်စိတ်ဓါတ်တွေအကြံတွေဖျောက်ကြအချင်းချင်းဒီလိုစိတ်ဓါတ်ရှိနေသူတွေတွေ့၇င်လည်းဖြေဖျောက်ပေးကြပါရှေးလူကြီးဆိုတာလည်းလေးစား၇ပေမယ့်ဘုရားမဟုတ်ဘူးအမှားတွေနဲ့အမှားတွေတွေးအမှားတွေပြောအမှားတွေကိုလမ်းညွှန်ခဲ့သူတို့ရဲ့ခံစားချက်တခုနဲ့လို၇ာဆွဲပြောတာလုပ်တာတွေနဲ့ကိုခင်ဗျားတို့ကျနော်တို့လိုခေတ်မှာမပြင်၇င်ဘယ်တော့ပြင်မလဲနောက်ပေါက်တွေလည်းဒီလမ်းမှားလိုက်နေကြမှာပဲမှန်တယ်ဆိုရင်ဗိုလ်ချုပ်အောင်ဆန်းဘာပြောပြောစောဘဦးကြီးဘာပြောပြောဒူးဝါးကြီးဘာပြောပြောကျနော်တို့ခင်ဗျားတို့လုပ်ကြ၇မှာကတာဝန်ပါပဲစောဘဦးကြီးမူတွေဘာတွေအသေကိုင်ပြောနေသူတွေအဲလိုပဲအခြားသူတွေမှာလဲရှိနေသူတွေလည်းကိုယ့်စိတ်ဓါတ်မှားနေတာကိုပြင်ကြစေချင်တယ်ဒါဟာကိုယ့်ပိုင်အတွေးမဟုတ်ဘူးသူများစိတ်နဲ့ကိုယ့်ကိုဖြစ်နေကြတာအမှန်မြင်နေ၇င်တောင်ခေါင်းမာအောင်လုပ်ထားခံထားကြ၇တာဟာသဘာဝမကျပါဘူးကိုယ့်စိတ်ကိုသူများကဂိုက်လိုင်းပေးထားသလိုသံပါတ်ပေးထားသလိုဖြစ်နေတာဟာ မကောင်းတဲ့ကိစစပါခံယူချက်မှား၇င်အတွေးမှားအလုပ်မှားမယ်ဆ၇ာမှား၇င်သံသ၇ာတောင်မှားမယ်လှေနံဓါးထစ်လုပ်၇င်နေ၇ာတိုင်းပြဿနာရှိနိုင်တယ်
ReplyDelete