၂၀၁၁ ဂျွန်လ ၁၄ရက်နေ့က တွေ့မြင်ရတဲ့ မြစ်ဆုံဆည် စီမံကိန်း မြင်ကွင်းတခု
(ပုံကို နှိပ်ပြီးထပ်မံပုံကြီး ချဲ့ကြည့်နိုင်ပါသည်)မြစ်ဆုံဆည် နောက်ဆက်တွဲ
ရေးသားသူ- ကိုတင့် (ဘူမိအင်ဂျင်နီယာ)
EIA အစီရင်ခံစာ ကောက်နှုတ်ချက်
မြစ်ဆုံဆည်နှင့် ပတ်သက်ပြီး လေ့လာထားတဲ့ EIA လို့ အတိုခေါ်တဲ့ Environmental Impact Assessment အစီရင်ခံစာကို ဖတ်ကြည့်တဲ့အခါ တစ်ချို့အပိုင်းတွေ မလေ့လာရသေးဘူး ဆိုတာ တွေ့ရ သည်။ တရုတ်ဖက်၊ မြန်မာဖက် ၂ ဖက်လုံးက ပါဝင်ဆောင်ရွက်သူတွေရဲ့ အမည်များကို ဖေါ်ပြထားသည်။ အစီရင်ခံစာကို အပိုင်း ၃ ပိုင်းခွဲထားပြီး အပိုင်း (၁)မှာ ဆည်ဆောက်မယ့် နေရာ (EIA မှာ ပြထား တာနဲ့ ဆောက်တဲ့နေရာ နဲနဲကွာပါတယ်။ တမံအူကြောင်းကို နောက်ပိုင်းမှာ အထက်ကို ရွှေ့လိုက်ပုံရ တယ်။)၊ ဧရာဝတီမြစ်အကြောင်း မိတ်ဆက်နဲ့ အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒ၊ တရုတ်အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို ဖေါ်ပြထားသည်။
မြန်မာအစိုးရရဲ့ မူဝါဒက “တိုင်းပြည်ရဲ့ ကြွယ်ဝမှုဆိုတာ ထိုတိုင်းပြည်၏ တိုင်းသူပြည်သားများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝဝန်းကျင်နှင့် သဘာဝရင်းမြစ်များ ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝ ဝန်းကျင်ဆိုင်ရာ မူဝါဒသည် နိုင်ငံသူနိုင်ငံသားများ၏ ကောင်းမွန်ပြည့်ဝသော အသက်ရှင်ရပ်တည် ထူထောင်ရေးနှင့် သဘာဝ ဝန်းကျင်ဆိုင်ရာ ကြံဆပေါင်းစည်းမှုများအကြား ချိန်ညှိနိုင်ရန် ဖြစ်သည်။" နိုင်ငံတိုင်းသည် ကိုယ့် တိုင်းပြည်၏ သဘာဝရင်းမြစ်များကို တိုင်းပြည်၏ သဘာဝဝန်းကျင်ဆိုင်ရာ မူဝါဒ များအတိုင်း စီမံခန့်ခွဲ သုံးစွဲခွင့်ရှိရမည်။ သို့သော် အခြားတိုင်းပြည်များ၏ အကျိုးအပိုင်းအခြားကို မကျော် လွန်အောင် အထူး ဂရုပြုရပေမည်။ လက်ရှိအခြေအနေနှင့် အနာဂါတ်မျိုးဆက်အတွက် သဘာဝရင်းမြစ် များကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်။ ထူထောင်ရေး လုပ်ကိုင် ဆောင်ရွက်ရာ၌ သဘာဝဝန်းကျင် စောင့်ရှောက်ရေးသည် အမြဲရှေ့တန်းတင်ထားရမည်။ ” ဒါအပြင် မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ သယံဇာတ စီမံမှု ဥပဒေတွေကို ပြထားသေးတယ်။ ဒါပေမယ့် EIA လို့ခေါ်တဲ့ ဆောက်လုပ် ရေး လုပ်ငန်းကြီးများ မလုပ်ခင် သဘာဝဝန်းကျင် ထိခိုက်ခံရမှု ဆန်းစစ်ချက်ကို မဖြစ်မနေ ဆောင်ရွက် ရမည်ဆိုတာကို ပြဌာန်းမထားပါ။
တရုတ်အစိုးရ၌လည်း Environmental Protection Law ရှိသည်။ ၁၉၇၉ က ပြဌာန်းထားသည်။ EIA Law ကို တရုတ်အမျိုးသားကွန်ဂရက်တွင် ၂၀၀၃၌ တင်သွင်းခဲ့သည်။ Article 1 သည် ရည်ရွယ်ချက် ဖြစ်ပြီး သဘာဝဝန်းကျင် ထိခိုက်မည့် တည်ဆောက်ရေးလုပ်ငန်းများမှ ကာကွယ်ရန်ဟု ဖေါ်ပြထားသည်။ Article 2 က ထိခိုက်မှုမှ ကာကွယ်ရေးနှင့် မလိုလားအပ်သော ဆိုးကျိုးများ နည်းပါး ကျဆင်းရေး တို့အတွက် ဆန်းစစ် လေ့လာခြင်းနှင့် နည်းလမ်းများရှာဖွေရန် ဖြစ်သည်။ Article 4 က ပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာ မှုများ ဆောင်ရွက်ရန်၊ Article 5 က လူထုနှင့် ပညာရှင်များ ပါဝင်ရန် တိုက်တွန်းချက်၊ Article 17 က ဆောက်လုပ်ရေး လုပ်ငန်းများက ပတ်ဝန်းကျင်ထိခိုက်မှု၊ အကျိုးအမြတ် အစရှိသည့် လေ့လာမှု အစီရင်ခံစာ တင်သွင်းရန်တို့ ပါဝင်သည်။
မြစ်ဆုံဆည်ဟုသာ ဆိုသော်လည်း ကချင်ပြည်နယ်အတွင်း ဆည်အတွဲလိုက် တပြိုင်နက် ဆောက်မည့် စီမံကိန်း ဖြစ်သည်။ မြစ်ဆုံ၊ လာဆာ၊ ချီဘွေ၊ ရီနမ်၊ ကောင်းလန်ဖူး၊ ဝူစို့၊ ပီစာတို့ဖြစ်သည်။ ဤဆည်များကြောင့် ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါနှင့် ကျေးငှက်များ ထိခိုက်ပျောက်ဆုံး သွားနိုင်ပုံကို အကျဉ်းချုပ် ပြထားသည်။ သစ်တောများနှင် ဆေးဖက်ဝင်ရှားပါးအဖိုးတန်သော အပင်များ ကုန်းခန်း ပျောက်ဆုံးသွားနိုင်သည်။ ကချင်ဒေသနှင့် ယဉ်ကျေးမှုသည် အဆိုးဆုံး အခြေအနေ ရောက်နေသည်။ မြစ်ဆုံဆည်က ထိခိုက်မှုများသဖြင့် ဆည် ၂ ခု ခွဲဆောက်ရန် အကြံပြုထားသည်။ (မလျော်ကန်သော အကြံပြုချက် ဖြစ်သည်။ ဆိုးကျိုး အတူတူပင် ဖြစ်သည်။)
အပိုင်း ၂ ၌ သစ်ရွက်၊ သစ်ခက် လိပ်ပြာမကျန် အကောင်မျိုးစိတ်၊ အပင်မျိုးစိတ် စုံလင်အောင် လေ့လာ တင်ပြထားသည်။ စာရင်းများကို အသေးစိတ် တင်ပြထားသည်။ အပိုင်း ၃ ၌ ရေနေသတ္တဝါများနှင့် ရေ အရည်အသွေး တင်ပြချက်များပါသည်။ ဘေးမဲ့တောများကိုလည်း ဖေါ်ပြထားသည်။ ရေလွှမ်းခံရမည့် ဘေးမဲ့တောများ ကချင်ပြည်နယ်တွင်း၌ ရှိသည်။ သစ်ခုတ်၍ ကုန်တော့မည်။ ထုတ်သမျှသစ် တရုတ်ကို ဈေးပေါပေါနှင့် ထုတ်သည်။
EIA ဆက်ရန်
မြစ်ဆုံလို ဆည်ကြီးဆောက်တဲ့အခါ ပတ်ဝန်းကျင်ထိခိုက်မှု အတော်များနိုင်သည်။ မြေဆီလွှာနှင့် မြေ မျက်နှာသွင်ပြင် ထိခိုက်မှု၊ ရေစီးကြောင်းနှင့် ရေထုဝန်းကျင်ထိခိုက်မှု၊ သက်ရှိ သက်မဲ့ သဘာဝ၊ နေထိုင်မှု နှင့် ဂေဟစနစ်ထိခိုက်မှု လူတို့ နေထိုင်ရာ ပျောက်ဆုံးမှု ပြောင်းရွှေ့စေမှု၊ အသက်မွေးဝမ်းကြောင်း ထိခိုက်မှု၊ သစ်တောပြုန်းတီး စသည့် များပြားလှသော အကြောင်းများကို အထက်ပါ ထူထဲလှသော အစီရင်ခံစာက မဖေါ်ထုတ်ခဲ့ပါ။ အပင်မျိုးစိတ် အကောင်မျိုးစိတ်များသာ ဦးစားပေး ဖေါ်ပြသဖြင့် ရုက္ခဗေဒနှင့် သတ္တဗေဒ ပညာရှင်များသာ ပါဝင်သော အဖွဲ့ ဖြစ်ပုံရသည်။ဆည်ဆောက်နေစဉ် နှင့် ရေလှောင်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကို လေ့လာတင်ပြရန် အချက်များ ကျန်နေသေးသည်။ ပညာရပ် သဘောအရ ပြောရလျှင် ယခု အဖွဲ့ လုပ်ဆောင်ထားသည်မှာ Bio Impact Assessment သာဖြစ်ပါသည်။ Soil & Water အပေါ် အနည်းငယ်သာ ထိတွေ့ထားသည်။ River Basin တစ်ခုလုံးကို အပေါ်စီးမှ ဖြစ်ဖြစ် ခြုံငုံ မသုံးသပ်ပါ။ ရာသီဥတုနှင့် ၊ သဘာဝဘေး တို့ကို မဖွင့်ဆိုထားပါ။ Social Impact Assessment, Health Impact Assessment, Cultural Impact Assessment များ တိတိပပ မပါပါ။ ပြည်တွင်း တခြား စီမံချက်ကြီးများမှာ လူမသိသူမသိ ပေမယ့် လုပ်သွားကြသည့် လေ့လာမှုတွေမှာ ဆိုလျှင် ယင်းတို့သာမက Traffic and Landuse တို့ကို ပါ လေ့လာကြတာ တွေ့ထားရပါသည်။ ယခု ဆောင်းပါးတွင် အရေးကြီးသော အကြောင်းအရာများကို အကျဉ်းမျှ ပြောလိုက်ပါသည်။
ဆည်မဆောက်မှီ
ဆည်ဆောက်တဲ့အခါ တမံရဲ့အထက် ချောင်းဖျား မြောင်းဖျားက စီးဝင်တဲ့ ရေမှန်သမျှကို စုဆောင်း သိုလှောင်ထားမှာ ဖြစ်တဲ့အတွက် ရေလှောင်ကန် အကြီးစားကြီး ဖြစ်လာမှာပါ။ အဲဒီတော့ လူနေကျေးရွာ လယ်ယာ အိုးအိမ် အများအပြား မြုပ်မှာ ဖြစ်တဲ့အတွက် ပြောင်းရွှေ့နေရာချထားတာတွေ မဖြစ်မနေ လုပ်ကြရပါတယ်။ အဲဒီတော့ နောက်ဆက်တွဲ အနေနဲ့ အသက်မွေး ဝမ်းကြောင်းရမှု အခက်အခဲ၊ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲ၊ ကလေးငယ်တွေ ပညာသင်ကြား အခက်အခဲ စတဲ့ လူမှု ဒုက္ခတွေ အဲဒီဒေသမှာ နေသူတွေ ခံကြရပါတယ်။ တရုတ် ရုပ်သံမှာ တရုတ်ငတိတွေက စက္ကူပုံးနဲ့ ဖျော်ရည်ဗူးလေး လာပေး တာကို တွေ့ရပါတယ် (Figure 1)။ တစ်ခါ နယ်မြေစိုးမိုးရေးအတွက် စစ်တိုက်ကြပြန်ပါတယ်။ အဲဒီမှာ စစ်နဲ့ ဆက်စပ်ပြီး ပြည်သူတွေမှာ ဒုက္ခရောက်ရပြန်ပါတယ်။အထက်ပါပုံကတော့ အတော်ကို စော်ကားမော်ကား အပြုအမူပါပဲ။ နေရာထိုင်ခင်းတွေ ပျောက်ရတာ၊ ဘဝ အသစ်ပြန်စရတာ၊ ရေရှည်မှာ သက်မွေးမှု ခက်မှာတွေကို မသိချင်ယောင်ဆောင်ပြီး လာနှစ်သိမ့်တာ။
တစ်ခါ ရေလှောင်တဲ့အတွက် ခြင်တွေ ပေါက်ဖွားလာပြီး ငှက်ဖျားရောဂါ တစ်နယ်လုံးမှာ ပျံ့နေဦးမှာပါ။ ပြီးတော့ မြစ်ဆုံဆည် တစ်ခုနဲ့ မပြီးပါဘူး အထက်မှာ ရေကူဆည်တွေ တန်းစီပြီး ဆောက်မှာ ဖြစ်တဲ့ အတွက် ကချင်ဒေသရဲ့ နေရာ အတော်များများဟာ ရေအောက် ရောက်မှာပါ။ ရှေ့က EIA အစီရင်ခံစာက မြစ်ဆုံက ပိတ်မယ့်အစား အခြား (၂) နေရာမှာ ပိတ်ဖို့ ပြောထားပါတယ်။ နားမလည်လို့ ပြောတာလို့ပဲ ယူဆပါတယ်။ ဘယ်မှာ ပိတ်ပိတ် လိုချင်တဲ့ လျှစ်စစ်ပမာဏ အတွက် ရေပမာဏကို လိုချင်သလောက် လှောင်မှာ ဖြစ်လို့ဆိုးကျိုးက အတူတူပါပဲ။ နောက်တစ်ခုက ဆည်တွေ ဆောက်ပြီးသွားလျှင် ဘယ်သူ့အုပ်ချုပ်မှုအောက် ထားမှာလဲ ဆိုတာ မေးစရာပါ။ အခုဆို တရုတ် ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ယာတွေ (Figure 2) ဆောက်ပြီး တရုတ်တွေ မြန်မာပြည်ထဲမှာ နေချင်သလို နေလို့ရပါပြီ။ အကယ်၍ တရုတ်က ဆည်တွေကို စီမံခန့်ခွဲလျှင် ကချင်ပြည်နယ် တစ်ဝက်ကျော် ရေလှောင်ကန်တွေ ဖြစ်ကုန်လို့ တမံအထက်ပိုင်းကို တရုတ်လက်အောက်လို့ ယူဆရမှာလား။
Figure 2
ဆည်ဆောက်နေစဉ်
ဆည်ဆောက်ဖို့အတွက် မြေနေရာအခင်းအကျင်း ပြင်တဲ့အခါ တောင်ကုန်းတွေကို ခုတ်ဖြတ် ရတယ်။ မြေထိုး၊ မြေသယ် ယန္တယားတွေ လွတ်လွတ်လပ်လပ် မြန်မြန်ဆန်ဆန် မောင်းလို့ရအောင် လမ်းကျယ်တွေ ဖေါက်ရတယ်။ တန် ၄၀ မြေသယ်ကား အစီးပေါင်းများစွာ အခေါက်ပေါင်းများစွာ နေ့စဉ် နားနေ သွားနေနိုင်အောင် နေရာတွေ လမ်းတွေဖေါက်ရတယ်။ လမ်းဖေါက်တဲ့အခါမှာ အဝင်အထွက် တစ်စီးနှင့် တစ်စီး စောင့်စရာမလိုအောင် လမ်းခွဲတွေပါ ထည့်ပြီး ဖေါက်တော့ ဆည်ဆောက်မယ့်နေရာကို ဗဟိုပြုပြီး ၁၅ ကီလိုလောက်ဟာ လမ်းတွေ နဲ့ ပြည့်သွားနိုင်တယ်။ အဲဒီလမ်းကြောင်းတွေ တလျောက် သစ်တောတွေ အကုန်ခုတ်၊ တောင်တွေဖြိုချလုပ်ရပါတယ်။ အဲဒီမှာ မြေပြင်ဟာ အကြီးအကျယ် ပျက်စီးပါတယ်။
တစ်ခါ လျှပ်စစ်ဓါတ်အားပေး စက်ရုံဆောက်၊ လျှပ်စီးကြိုးတွေ သွယ်ဖို့ တိုင်တွေ အများကြီး စိုက်ရပါမယ်။ လျှပ်စီးကြိုးသွယ်ရာ (တရုတ်နိုင်ငံထိ) လမ်းတလျှောက် လမ်းဖေါက်ရမယ်။ အဲဒီမှာ သစ်ခုတ်ရဦးမယ်။ ရေလှောင်ဧရိယာလို့ သတ်မှတ်ပြီးလျှင် အဲဒီနေရာကို သစ်တောက မပိုင်တော့ပါဘူး။ ပျော်ပျော်ပါးပါးကြီး သစ်ခုတ်လို့ရပါပြီ။ ဆည်တွေကို တန်းစီပြီး ဆောက်တာဖြစ်လို့ ဆည်တစ်ခုနဲ့ တစ်ခု ဆက်ဖို့လမ်း လိုပါတယ်။ လမ်းထွင်၊ သစ်ခုတ်နဲ့တော မကုန်မခြင်း လုပ်ချင်သလို လုပ်နိုင်ပါတယ်။ တောပြုန်းမယ်။ EIA အစီရင်ခံစာမှာလည်း တောခုတ်တာကို ထောက်ပြထားပါတယ်။ တောပြုန်းတော့ တောကို မီနေတဲ့ သတ္တဝါတွေ အခြေပျက်အနေပျက်ဖြစ်မယ်။ တောနဲ့ဆိုင်တဲ့ ဂေဟစနစ်တစ်ခုလုံး ကချင်နယ်မှာ ပျက်ပါလိမ့်မယ်။ ရာသီဥတု ပြောင်းလဲမှု အများကြီး ဖြစ်လာပါမယ်။ မူလစိုက်ပျိုးမြေ၊ တောင်ယာမြေ ဆုံးသွားတဲ့အတွက် ဒေသခံတွေက တောင်ယာသစ်တွေ ရှာကြရပါမယ်။
အခုလိုတောင်တွေကို ခုတ်တဲ့အခါ မြေစာအပိုတွေ အများကြီးထွက်လာပါတယ်။ ဘယ်ကို သွားပစ်ကြမှာလဲ။ အချို့ကို လမ်းဖို့နေရာမှာ သုံးနိုင်ပါတယ်တယ်။ ဒါက မပြောပလောက်ပါဘူး။ အခြားမြေစာတွေကို ချောက်တွေထဲ ထိုးချတာပါ။ အဲဒီ ချောက်တွေကတစ်ဆင့် ရေစီးနဲ့ အောက်ဖက် မြစ်မထဲကို အားလုံးစီးဝင် ပို့ချကုန်ပါတယ်။ (Figure 4) အဲဒီမြေစာတွေ ရေထဲများလာတော့ ရေထုထဲက အောက်ဆီဂျင် ကုန်သွားတယ်။ အနီးဝန်းကျင်က ရေသတ္တဝါတွေအတွက် အန္တရာယ် ရှိနေတယ်။ ဒီမြေစာတွေ မြစ်ရေမှာ မမြောနိုင်တဲ့ အဆုံး ပို့ချပြီး သောင်ထွန်းဦးမယ်။
ဆည်တစ်ခုဆောက်တယ်ဆိုတာ လုပ်သားအင်အား၊ ယန္တယား အင်အား အများကြီး လိုပါတယ်။ သူတို့ဆီက ထွက်လာမယ့် စွန့်ပစ်ပစ္စည်းတွေ ဘယ်မှာ သွားထာမလဲ။ တောထဲ ပစ်ထားမှာလား ပြန်သုံး နိုင်အောင်လုပ်မှာလား။ တစ်ခါ တရုတ်အလုပ် သမားတွေရဲ့ ခန္ဓာဗေဒလိုအပ်ချက်နဲ့ အလုပ်လက်မဲ့ ဒေသခံ လူမျိုးစုများရဲ့ ဆက်ဆံရေးကို ဘယ်လို စီမံထားသလဲဆိုတာ မသိရသေးဘူး။ လူမျိုးစုငယ်လေးတွေ ပျောက်ကွယ်မဲ့ အရေးကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါမယ်။
နောက်တစ်ချက် ပိုဆိုးပါတယ်။ ဆည်ကို Concrete Face Rockfill Dam (CFRD) ဆောက်မယ်လို့ ဆိုပါတယ်။ ကျောက်တွေကို လိုအပ်တဲ့ အမြင့် ရောက်တဲ့အထိ ပုံထားပြီးမှ ရေလှောင်တဲ့ မျက်နှာစာ ဖက်မှာ ကွန်ကရိအလွှာနဲ့ ချုပ်ထားတာမျိုးပါ။ အဓိပ္ပါယ်က ကျောက်ဖို့မယ်။ အဲဒီကျောက်တွေ ဘယ်က ရမလဲ။ အနားမှာ ရှိတဲ့ တောင်တွေ ဖြိုချရမှာပေါ့။ ဖြိုချတဲ့အခါ ကျောက်သက်သက် ထွက်တာမဟုတ်ပါဘူး။ မြေစာတွေပါထွက်တာ။ အဲဒါတွေ မြစ်ထဲရောက်ပြန်ဦးမယ်။
Figure 5
ဆည်ဆောက်ပြီးသွားတဲ့အခါ
မေခနဲ့ မလိခကို ကချင်မှာ ရွာတဲ့မိုးနဲ့ မြောက်ဖက်က ရေခဲအရည်ပျော်ရာက လာတဲ့ရေ စီးဝင်တာပါ။ ဒီနေရာမှာလည်း နိုင်ငံတကာ စံနှုန်းအရ ဆည်ကြီး တစ်ခု တည်ဆောက်ဖို့ catchment area လို့ခေါ်တဲ့ ရေစီးဝင်မယ့် ဒေသတစ်ခုလုံးရဲ့ မိုးရေချိန်ကို နှစ် တစ်ရာ ဒါမှ မဟုတ် ရနိုင်သမျှ အချက်အလက်တွေ ရှိထားရပါတယ်။ ဒါမှ ရေစီးဝင်နှုန်း အပြောင်းအလဲကို နီးနီးစပ်စပ် ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ခုလိုအချက်အလက် မပြည့်စုံပဲဆောက်ခဲ့လို့ မိုးများတဲ့နှစ်တွေမှာ ဆည်က မခံနိုင်တော့တဲ့အခါ ဖောက်ချလို့ အောက်ပိုင်းမှာ ရေလွှမ်းရတဲ့အဖြစ်မျိုးတွေ မြန်မာပြည်တ၀ှမ်းက ဆည်တွေမှာ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ မြစ်ဆုံက စပြီးပိတ်တဲ့ အခါ မြစ်ဖျားဖက်က စီးသမျှရေ အောက်ဖက်ကို မလာနိုင်တော့ပါ။ အဆိုးဆုံး ထိခိုက်မှုပါပဲ။ ရေလှောင်ကန်ကြီးတွေ ကချင်နယ်မှာ ပေါ်လာပါမယ်။ ဆည်ရဲ့ အထက်ပိုင်းမှာ မြေအောက် ရေမြင့်လာလို့ တောင်တွေ ရေဝလာမယ်။ ဒါပေမယ့် တောပြုန်းနေပြီ ဖြစ်လို့ ရေဝနေတဲ့ တောင်စောင်း ပြိုတာ ခဏခဏ ကြုံရနိုင်တယ်။ ရေလှောင်ကန်ထဲမှာ စက်လှေ သုံးပြီး ဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းကြပါလိမ့်မယ်။
ဆည်ဆောက်ပြီး ချက်ချင်း လျှပ်စစ် မထုတ်နိုင်ပါဘူး။ လုံလောက်တဲ့ ရေလှောင်နိုင်အောင် တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ရေစုရပါတယ်။ အဲဒီကာလမှာ ဧရာဝတီမှာ ရေမဝင်နိုင်ပါဘူး။ တစ်ခါ လှောင်ရေကို လျှပ်စစ်တာဘိုင်ဖက်ကို ပို့ပြီး လျှပ်စစ်ထုတ် ပိုတဲ့ရေက မူလ မြစ်ကြောင်းဖက်ကို ပြန်ဝင်။ ဒါပေမယ့် စက်လည်ပြီး ထုတ်တဲ့ရေက မူလမြစ်တွင်း စီးရေပမာဏနဲ့ နှိုင်းယှဉ်လျှင် အလွန်နည်းပါတယ်။ အချုပ်ဆိုရလျှင် ဧရာဝတီကို ရေဝင်နည်း (သို့) ရေမဝင်သလောက် ဖြစ်သွားပါတယ်။
အထက်ပါ ဓာတ်ပုံကတော့ မြစ်ဆုံဆည် စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ တရုတ်ကျောက်လုပ်ငန်း ကုမ္ပဏီရဲ့ ၂၀၁၁ဇူလိုင်လ ၆ရက်နေ့က အစည်းအဝေးတခုပါ...
ဆည်အောက်ဖက်က စပြီး မြေအောက်ရေ နိမ့်ဆင်းသွားမယ်။ မြစ်ကြီးနားက စပြီး ရေနည်းတဲ့ အခက်အခဲကို ရင်ဆိုင်ရမယ်။ ဧရာဝတီထဲကို မြစ်ချောင်း ပေါင်းဆုံက ရေဝင်တာပါ။ ရေသက်သက်ချည်း မဟုတ်ဘဲ ကျောက်စ၊ မြေစတွေပါ ပါတယ်။ အရင်က ရေအဝင်များတော့ အဲဒီကျောက်စ၊ မြေစတွေကို မြစ်အကြေထိ သယ်သွားနိုင်တယ်။ အခု ရေအဝင်နည်းလာလျှင် မြစ်အညာမှာပဲ ပို့ချမယ်။ သောင်တွေ မြစ်အထက်ပိုင်းမှာတင် ထွန်းကြပြီး မြစ်ကောသွားနိုင်တယ်။ မြစ်ကြောင်း ကျဉ်းလာတော့ သွားလာ သယ်ယူပို့ဆောင်ရေး ထိခိုက်နိုင်တယ်။ ငါးမျိုးတွေက ရေကျချိန်ဆို အထက်ဆန်ပြီး မျိုးရင်းတွေရှိရာ မြစ်ညာမှာ သွားနေကြ၊ သေကြ မျိုးဆက် ချန်ကြလုပ်တယ်။ မြစ်အထက်ကပိတ်လိုက်တော့ အထက်ဆန်တဲ့ငါးတွေ ဆန်လို့မရဘူး။ တစ်ခါ ရေနည်းသွားတဲ့အတွက် လမ်းမှာတင် သေကြလို့ မျိုးဆက်တောင် မချန်နိုင်ရှာဘူး။ (ယန်ဇီမြစ် အတွေ့အကြုံက လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်။)
ဧရာဝတီက ပင်လယ်ဝအထိစီးတဲ့မြစ် ဖြစ်လို့ မြစ်ဝကျွန်းပေါ်အောက်ပိုင်းမှာ ရေငံဝင်လေ့ရှိတယ်။ မိုးတွင်းမှာ အပေါ်ရေချိုက ရေငံကို အောက်ဖက်တွန်းချတယ်။ ရေနည်းချိန်၊ မိုးအလွန်မှာ ရေငံ အထက်ကို ပင့်တယ်။ ဒီလိုနဲ့ ရာစုနှစ်ပေါင်းများစွာ ရှိနေတာ။ ရေချို ရေငံပိုင်းမှာ ငါးပုဇွန် အပေါက်များတယ်။ စပါးစိုက် လို့ကောင်းတယ်။ အကယ်၍ ရေချို အဝင်နည်းသွားလျှင် အဲဒီ ဂေဟစနစ် ပျက်မယ်။ ငါးပုဇွန်တွေရဲ့ ဓလေ့ ပျက်မယ်။ ရေငံအတိုးများလို့ မြေဆီလွှာထိခိုက်တာ များမယ်။ ဆားပေါက်မယ်။ စိုက်ပျိုးရေးကို ထိခိုက် မယ်။ (နိုင်းမြစ်ဝှမ်းက အစွမ် ဆည် (Aswam Dam) သက်သေ ရှိတယ်။)
ဆည်ဆောက် ရေလှောင်ပြီး အစောပိုင်းနှစ်တွေမှာ ငလျင် အသေး၊ အလတ် နဲ့ အကြီးတစ်ချို့ မကြာခဏ လှုပ်ပါလိမ့်မယ်။ အခုဖေါ်ပြချက်တွေက အကျဉ်းချုပ်ပါ။ ဒါမျိုးတွေပါတဲ့ Risk Assessment လုပ်ထားတယ်လို့ မကြားမိပါ။ EIA မှာလည်း ဒါတွေကို လုပ်သင့်ကြောင်း ထောက်ပြ ပြောဆိုရမှာဖြစ်ပါသည်။
ဆည်ကထွက်တဲ့ အကျိုးစီးပွါးကို တရုတ်က ရမယ်။ အဆိုးစီးပွါးကို မြန်မာပြည်သူတွေက ရမယ်။ မျှတပါရဲ့လား။
ကိုတင့် (ဘူမိအင်ဂျင်နီယာ)
မြစ်ဆုံစီမံကိန်း EIA အစီရင်ခံစာ... အောက်မှာ ဆက်လက်ဖတ်ရှူပါရန်...
မြစ်ဆုံစီမံကိန်း EIA အစီရင်ခံစာ.. ဒေါင်းလုပ်လုပ်ချင်ရင် Click
EIA Report ကို အများဖတ်ရှူနိုင်အောင် ကွန်မာန့်မှာ လာရောက်လမ်းညွှန်ပေးတဲ့
EIA Report ကို အများဖတ်ရှူနိုင်အောင် ကွန်မာန့်မှာ လာရောက်လမ်းညွှန်ပေးတဲ့
http://www.irrawaddy.info/ နဲ့ mr.high flyer တို့အား ကျေးဇူးတင်ပါသည်...။







သန်းရွှေက စလို့ သိန်းစိန်လက်ထက်မှာ လက်ရှိ အကောင်အထည် ဖေါ်နေတဲ့ ဒီ စီမံကိန်း ဟာ တမျိုးသား လုံး အတွက် အကျိုးရှိ မရှိ ရှင်းနေပါပြီ။ ရတဲ့နည်းနဲ့ ရသလို ဖြစ်တဲ့နည်းနဲ့ ဖြစ်သလို ဒီစီမံကိန်းကို ပျက်အောင် ဖျက်ဘို့ လုပ်ကြပါစို့။
ReplyDeleteစီမံကိန်းပျက်သွားရင်. ဒို့တတွေရဲ့ရာသက်ပန်ရမဲ့. ပွဲစားခ. မျက်မျက်ကလေး
ReplyDeleteကို. လက်လွှတ်ရမှာမို့. ဘယ်သူမှမခွဲဘဲ. ဒို့တတွေ တော့. ကွဲပါပြီကွာ။
any help from KIA?
ReplyDeleteတသက်လုံး သေနတ်ကိုင်ပြီး တိုက်ခိုက်ပြီး မနေ့တနေ့ကမှ ယူနီဖောင်းလဲထားတဲ့ လူက ရေအားလျှပ်စစ်မှာ သူ့လောက်သိတဲ့လူ မြန်မာ ပြည်မှာ မရှိဘူးဆိုတော့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဇော်မင်းပါလား။ ဇော်မင်းရေ . . . နိုင်ငံတကာကနေ ပြောနေတဲ့သူတွေ၊ ပြည်တွင်းကနေ လှုံဆော်နေတဲ့ သူတွေကလည်း မင်းထက်မသာရင်တောင်မှ မင်းလောက် အသိတရားမမဲ့ဘူး၊ မင်းတို့လောက် ဘနဖူး သိုက်မတူးဘူး၊ မင်းတို့လို ကိုယ့်အမျိုးဘဲ ကိုယ်ချစ်တဲ့ကောင်တွေမဟုတ်ဘူးကွ။ မင်းတို့ မမွေးခင်ကတည်းက သတင်းစာဆရာကြီးတွေ၊ နိုင်ငံတကာမှာ အလုပ်လုပ်ပြီးတော့ အတွေ့အကြုံရင့်ကျက်နေတဲ့ လူတွေ။ ဒီလောက်စီမံကိန်းအကြီးကြီးမှာ မင်းမို့လို့ အလုပ်အကိုင်နေရာ ၂၆၀၀ လောက်ရတာကို မင်းကျေးဇူးတင်နေတယ်ဟုတ်လား။ မင်း ပြည်သူ့လေးစားတဲ့ကောင်ဆိုရင် ပြည်သူ့ဆန္ဒခံယူပွဲ့ကျင်းပလိုက်။ ကန့်ကွက်မဲ ဘယ်လောက်၊ ထောက်ခံမဲ ဘယ်လောက်လဲဆိုတာ။ မင်းပထွေးက သူ့နိုင်ငံမှာ မဆောက်ချင်လို့ ငါတို့ဆီမှာ လာဆောက်တာ မင်းသိရဲ့သားနဲ့ကွာ။ မင်းတရုတ်နဲ့များ စပ်ကျထားသလားကွာ။ မိုက်ရိုင်းတယ်။ မင်းသေရင် ငရဲမင်းတောင် လက်ခံမှာ မဟုတ်ဘူးသိလား။
ReplyDelete"ယူအန်နဲ့ဒီကိစ္စဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။... ရောဂါဆန်းဖြစ်နေတာတွေကို ရှင်းသွားအောင်ပြောတာ.. ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံမရှိလို့လုပ်တာ။ ပိုက်ဆံရှိရင်ကိုယ့်ပါကိုယ်လုပ်မှပေါ့။.." စသည်ဖြင့် လျှပ်စစ်ဝန်ကြီးဇော်မင်းက သူ့ကိုယ်သူဟုတ်လှပီထင်ပီး ရွှန်းရွှန်းဝေအောင် ပြောသွားခြင်းဖြစ်သည်။ တစ်လုံး တလေမှ ပညာရှိစကား၊ အစိုးရလူကြီးစကား၊ ဂုဏ်သိက္ခာရှိသောစကား မပါဝင်ပေ။ ကျွန်တော်တို့ငယ်ငယ်က ကလေးများကို ကိစ္စတစ်ခုမလုပ်လိုလျင် ချော့လိုက်၊ ခြောက်လိုက်ဖြင့် တားမြစ်တတ်ကြသည်။ ယခုလည်း မောင်ကျော်ဆန်းက ငိုပြလိုက် ဒီဝန်ကြီးက မိုက်ကြေးခွဲစကားပြောလိုက်နှင့် အမှန်ကတော့ ဒါကိုကြည့်ခြင်းဖြင့် စီမံကိန်း ပျက်မှာကို အရမ်းစိုးရိမ်နေခြင်းဖြစ်သည်။ ပြည်သူ့အစိုးရဟု အမည်ခံထားလျင် ပြည်သူတွေရဲ့တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားရမည်။ မိမိတို့ဘက်မှလည်း စီမံကိန်းရပ်ရမည်ဟု ဇွဲဖြင့် ရရင်ရသလို အခွင့်အရေးများဖြင့် မမှိတ်မသုဉ် ရှေ့ဆက်လမ်းလျှောက်ကြမည်။
ReplyDeleteEIA မူရင်းလေးများ..ဘယ်နေရာမှာ ယူလို့ ရမယ် ဆို ဒါ သိတဲ့ သူများ ညွှန်ပြ ပေးပြရန်တောင်းဆိုပါတယ်ဗျာ။
ReplyDeleteကျေးဇူးတင်ပါည်။
ခေါင်းစဉ်အမျိုးမျိုး တစ်ခုပြီးတစ်ခု တင်ပြီး တိုင်းပြည်ကို နှောင့်ယှက်နေတဲ့သူတွေ ဂရုစိုက်မနေနဲ့ ဆက်သာဆောက် တိုင်းပြည်အတွက် ကောင်းတယ်။
ReplyDeleteEIA မူရင်းတော့မပေးနိုင်ဘူး၊ကော်ပီဆိုရင်တော့ရမယ်။
ReplyDeleteWhere is KIA?
ReplyDeleteExplore the project (DAM) asap
Frighten the Chinese at there
We recommend for that
ဘယ်သူပြောတာလဲ? ဦးဇော်မင်းကို. ငရဲမင်းတောင်လက်မခံဘူးလို့။.
ReplyDeleteဘယ်သူခွဲခွဲဒို့မကွဲတဲ့. အဲဒီတအုပ်စုလုံးက. ကျုပ်ဆီကိုလာဘို့ဘွတ်ကင်
လုပ်ပြီးသား။ခွေးသရေ(သားရေ). ကွန်ပြူတာ. ထဲမှာ. နာမည်စာရင်း
အတိအကျရှိပြီးသား။
"ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ"
ReplyDeleteကိုဒီမိုရဲ့ post comment ကတော့မှန်ပါတယ်.ဒါပေမဲ့ဒီလောက်ဆဲဆိုပြောနေတာတောင်ေ-ာက်ရေးမလုပ်တာ.ယဉ်ယဉ်ကျေးကျေးပြောနေလို့ကတော့.ယိုဒယားပတ်ပျိုးတီးပြနေတယ်တောင်ထင်ဦးမယ်.
KIA တပ်မတော်မှ ရေကာတာကိုဗုံးခွဲသင့်မသင့်
ReplyDeleteဆုံးဖြတ်ပေးဖို့အတွက်ယူနန်အစိုးရဆီကခွင့်ပြုချက်
စောင့်နေတုန်းဖြစ်ကြောင်း..
တရုတ်ကြီးများဧ။်ခွင့်ပြုချက်ရလျှင်၊ဆက်လက်
အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း၊
KIAတပ်မတော်ပြောခွင့်ဆိုခွင့်ရှိသူတစ်ဦးမှပြန်
လည်ဖြေကြားသွားပါတယ်။
E I A report ကိုဒီလင့်မှာဖွင့်ပီးအကုန်ပီးတဲ့ထိစောင့်ပီးမှာsave လိုက်ပါ။
ReplyDeleteမိမိထံတွင် adobe reader အဆင်သင့်ရှိထားရပါလိမ့်မယ်။
http://www.burmariversnetwork.org/images/stories/publications/english/EIA_Report.pdf
KIA, KIO ဘာလုပ်နေလဲ..စတိုက်ပါတော့လား.တရုတ်ကြီးဆီကဘာတွေယူထားလို့လဲ.
ReplyDeleteခင်ဗျားတိုကြွေးကြော်နေတဲ့.ကချင်နယ်လွတ်မြောက်ရေးဆိုတာဘာလဲ.ခင်ဗျားတို့လဲ နအဖ လိုဘဲလူလိမ်တွေ အဖြစ်ခံယူတော့မှာလား.စတိုက်ပါတော့လား.
ဘာကိုတိုက်ခိုင်းနေတာလဲ?ဘာကိုဗုံးခွဲခိုင်းတာလဲ? အဲဒီလိုလုပ်ရပ်မျိုး
ReplyDeleteဟာ. ပြဿနာကိုပိုမိုကြီးထွားစေပါတယ်၊. တရုတ်အစိုးရက. သူ့အကျိုးစီးပွား
ထိခိုက်မယ်ဆိုရင်. ကချင်ပြည်နယ်က. ပြည်သူပြည်သားတွေ. မြေဇာပင်
ဖြစ်ပါလိမ္မယ်
မဟုတ်ဘူးဗျ ကေအိုင်အေ ကလည်းအခုတိုက်နေတာက ဒီစီမံကိန်းမှာသူတို့အတွက်အကျိုးအမြတ်တစ်စုံတစ်ရာမရလို့အခုလိုပွဲဆူနေတာဗျ၊သူတို့ခေါင်းဆောင်ပိုင်းကလဲတရုပ်ကသေဆိုသေရှင်ရတဲ့သူတွေ၊ဘေးဖယ်ထားလိုက်ပါ၊အခုဝန်ကြီးကနောက်မဆုတ်ဘူးဘာညာပြောတယ်ပေါ့၊ပြောမှာပေါ့ဗျ သူ့အတွက်ဒီစီမံကိန်းမှာ ရှယ်ယာ ဘယ်နှစ်ရာခိုင်နှုံးရထားလဲမှမသိတာ၊သူတစ်ယောက်ထဲမှမဟုတ်ဘူး၊အရင်တပ်ချုပ်ကြီး၊ဒုတပ်ချုပ်ကြီးဟောင်းအပါအဝင်ဘယ်သူတွေကရာခိုင်နှုံးဘယ်လောက်ဆိုတာအချိုးကျတော့ရှိရမယ်ဗျ၊အခုလိုတူးတူးခါးခါးကိုလူထုဆန္ဒကိုဆန့်ကျင်နေတာသာကြည့်ဗျာ၊ကျွန်တော့်အတွေ့အကြုံအရအစိုးရကစီမံကိန်းတွေမှာသေးတာကြီးတာအသာထားအရာရှိကြီးငယ်အဆင့်ဆင့်အတွက်ကိုဝေစုရပြီးသား၊တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်ဖြစ်စေပေါ့နော်၊ဥပမာ.ဆောက်လုပ်ရေးကကတ္တရာကိုပြည်ပကနေတင်သွင်းတယ်၊ဆလရ အတွက်တင်ဒါကို ဝန်ကြီးအသိုင်းအဝိုင်း၊ဦးဆောင်ညွှန်မှုးအသိုင်းအဝိုင်းက ပါတ်သတ်ရာပါတ်သတ်ကြောင်း တွေကရတယ်၊အဲဒီမှာအလုပ်သဘောအရ ဝန်ကြီးဋ္ဌာနက အရည်အသွေးစစ်ဆေးဖို့အဖွဲ့တစ်ခုကိုစေလွှတ်တယ်၊ဒီအဖွဲ့ကတစ်ကယ်တမ်းမှာဘာမှစစ်မနေနဲ့ဘာတွေ့တွေ့ကောင်းတယ်ပဲအစီရင်ခံစာတင်ရတယ်၊ကတ္တရာတွေအရည်အသွေးမမှီတာတွေ၊ပုံးတွေပေါက်ပြဲနေတာတွေ၊နောက်ဆုံးတန်မပြည့်တာတွေကိုမသိချင်ယောင်ဆောင်ပေးရတယ်၊ကျွန်တော်တွေ့ဖူးတာပြောမယ်နော် အဲဒီလိုလွှတ်တဲ့အဖွဲ့ကအရာရှိတစ်ယောက်သူကအရင်စစ်တပ်ကပြောင်းလာတာ၊လုပ်ထုံးလုပ်နည်းတွေမသိသေးဘူး၊သူကစစ်လို့တွေ့တဲ့အတိုင်းရေးတင်တယ်၊အဲဒီမှာနေပြည်တော်ကပြန်ခေါ်ပြီးတော့ ဦးဆောင်ညွှန်မှုး နဲ့ဒုဝန်ကြီးတို့ကခေါ်ပြီး တင်သွင်းတဲ့ပုဂ္ဂိုလ်တွေအတွက်မနစ်နာလောက်တဲ့အနေအထားလောက်ပဲအစီအရင်ခံဖို့ပေါ့နော်အဲလိုတွေလုပ်တာတွေ့ခဲ့ဖူးတယ်၊ဒီလို ကိစ္စမျိုးမှာတောင် အခုလိုမသမာရင် အခုလိုစီမံကိန်းကြီးတစ်ခုအတွက် သူတို့လိုအထက်လူကြီးဆိုတဲ့သူတွေဘယ်လောက်အထိနက်နက်ရှိုင်းရှိုင်းပါတ်သတ်နေကြမလဲခန့်မှန်းနိုင်ပါတယ်၊နောက်တစ်ခုကျွန်တော်တို့အရေးတစ်ကြီးလုပ်ကမှာကအခုဧရာဝတီဆည်ဆောက်မဲ့ကိစ္စကိုပြည်သူတွေထဲကအနည်းငယ်လောက်ပဲသိကြတယ်ဗျ၊အဲဒီမှာလိုအပ်တာကပြည်သူတိုင်းစိတ်ဝင်စားလာအောင်အခုထက်ပိုပြီးလုပ်ပေးနိုင်ဖို့ကြိုးစားရမယ်ဗျ၊နောက်ဆုံးလွှတ်တော်ထဲကရွေးကောက်ခံပါတီကိုယ်စားလှယ်တွေအနေနဲ့ကလည်းလွှတ်တော်ထဲမှာပါကန့်ကွက်နိုင်ဖို့လုပ်ရမယ်၊လိုအပ်ရင်မဲခွဲပြီးအဆုံးအဖြတ်ခံရမယ်ပေါ့ဗျာ၊တစ်ချိန်တည်းမှာပဲလွှတ်တော်ပြင်ပမှာလဲပြည်သူတွေကဆန္ဒဖော်ထုတ်ပွဲတွေလုပ်ပြီးဖိအားပေးရမယ်၊အိုကေအဲဒီမှာကြံ့ဖွံ့ပါတီအမတ်တွေကကောသူတို့ကိုရွေးကောက်ထားတဲ့ဒေသတွေကလူထုဆန္ဒကိုဆန့်ကျင်ပြီးနေရဲမလား၊အားစမ်းကြည့်ကြရမယ်၊အရေးအကြီးဆုံးက လှဲနေ၊လှေအောင်းမြင်းဇောင်းမကျန်အောင်ကျယ်ကျယ်ပြန့်ပြန့်သိရှိပါဝင်လာစေဖို့အရေးကြီးတယ်ဗျ၊ရှေ့ကမအောင်မြင်ခဲ့တဲ့လူထုလှုပ်ရှားမှုတွေကပျော့ကွက်ဟာကွက်တွေကိုလည်းအတတ်နိုင်ဆုံးဖာထေးရမယ်၊ခေါင်းဆောင်မယ့်သူကိုကောဘယ်လိုရွေးချယ်မလဲ၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီကိစ္စအပေါ်မှာရှိတဲ့ရပ်တည်ချက်နဲ့ဦးဆောင်မှုကိုကောကြည့်ရမယ်ဗျ၊အခုဆိုNLDကမြစ်ဆုံကိစ္စမှာတော်တော်လေးနှုတ်ဆိတ်နေတယ်ဗျ၊အဲဒါကိုလည်းစောင့်ကြည့်ရင်းနဲ့လူထုကြားမှာနိုးကြားမှုရှိလာအောင်လှုပ်ရှားသွားကြရမယ်လို့ယူဆရပါတယ်ခင်ဗျာ
ReplyDeleteEIA Report ကိုဒီမှာလည်းဒေါင်းနိုင်ပါတယ်။ဒီပို့စ်ကိုလည်း ပြန်လည်မျှဝေဖို့ကူးသွားပါတယ် ဗျာ၊ကျေးဇူးတင်ပါတယ်။
ReplyDeletehttp://www.irrawaddy.info/ ရဲ့ညာဖက်ကော်လံမှာ ရယူနိုင်ပါတယ်
အင်းလေတွေများနေလို့ဘာမှမထူးဘူး ဘယ်လိုတားကြမလဲစဉ်းစား
ReplyDeleteသိပ်နောက်ကျနေလို့မဖြစ်ဘူး ကိုဒီမိုးဝေယံကိုကျေးဇူးတင်ပါတယ်
StarFlower ရေ ။. ။ဟိုအပေါ်ကတယောက်ကတော့. ခေါင်းဆောင်
ReplyDeleteဘယ်လိုရွေးမလဲလို့ ? ဒေါ်အောင်ဆန်းစုကြည်ကဘယ်လိုသဘောထား
သလဲလို့? NLD. က. တိတ်ဆိတ်နေပါလား? ဆိုတာတွေနဲ့.
အစ်နေသလိုခံစားရတယ်။သူ့ကိုဘဲခေါင်းဆောင်တင်မှာမို့. နာမည်
နဲ့နေရပ်လိပ်စာတဆိတ်လောက်! တောင်းပေးပါလား!
ပြောတော့ ပြည်သူ့အသံ လွတ်တော်က နာခံလေး ဘာလေးနဲ့။ အခုတော့ ပြည်သူ့အသံလည်း လွှတ်တော်က သောက်ဂရုမစိုက်ပါလား။
ReplyDeleteနိုင်ငံပိုင်ပစ္စည်းများအလှည့်ကျခိုးစားရေးအဖွဲ့"န အ ဖ" ဆိုတဲ့အတိုင်း တစ်ယောက်ပီးတစ်ယောက် အလှည်ကျခိုးစားနေကြတာတောင်လောဘဇောကမရပ်နိုင်သေး
ReplyDeleteဧရာဝတီပါရောင်းစားနေပြန်ပီ.လွတ်တော်အမည်ခံ.စစ်ဗိုလ်ချူပ်သူခိုးတွေဘဲ
ပြည်သူ့အသံ ကို ဘယ်သောက်ဂရုစိုက်မလဲ..
ပြောတော့ ပြည်သူ့အသံ လွတ်တော်က နာခံလေး ဘာလေးနဲ့။ အခုတော့ ပြည်သူ့အသံလည်း လွှတ်တော်က သောက်ဂရုမစိုက်ပါလား။
ReplyDeleteအဲဒီကွန်မက်လေးကိုကြိုက်လို့ပြန်တင်ပေးလိုက်တာ
ပြောချင်တာလဲ တူနေလို့ပါ
မျှဝေပေးတဲ့ ကိုဒီမိုဝေယံကိုကျေးဇူးတင်ပါတယ်ရှင်။