Pages

Sunday, September 18, 2011

ဧရာဝတီရောဂါ (ဆောင်းပါးရှင် မြင့်သိန်း)

ဧရာဝတီရောဂါ
(ဆောင်းပါးရှင် မြင့်သိန်း)
ဧရာဝတီ ရောဂါ ဆိုတဲ့ ဟိုဝန်ကြီး ဆိုတဲ့သူ ပြောသွား တဲ့အတိုင်း သုံးရမယ်ဆိုရင်၊ ဧရာဝတီရောဂါ ဆိုတာ ဧရာဝတီကို ချစ်သူတွေ၊ တိုင်းပြည်ရဲ့ ရေမြေတောတောင် သဘာဝတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို တန်ဘိုးထား မြတ်နိုးကြသူတွေ အားလုံးကို ကူးစက် ပြီး ပြန့်ပွားနေတဲ့ရောဂါ ဆိုတာ ၀န်ကြီးဆိုသူ သေချာ သိပုံမရဘူး။ ဒီရောဂါကို အချိန်မှီ မကုသနိုင်ရင် ဘယ်လောက်ထိ အကျိုးဆက်တွေ ဆိုးရွား သွားနိုင်တယ် ဆိုတာလည်း တွက်မိပုံ မပေါ်ဘူး။ အေးလေ၊ သူက ရေအားလျှပ်စစ်ဓါတ် ထုတ်လုပ်ရေးဘက်မှာ တဘက် ကမ်းခပ် သိပြီး၊ တတ်ပြီး ဖြစ်နေတော့ ကျန်တဲ့ကိစ္စတွေက သူ့အတွက် စဉ်းစားစရာ မလိုတော့ဘူးလို့ ယူဆထားလားမှ မသိတာ။

ကျွန်တော် ငယ်ငယ်ထဲက မြစ်ဆုံ ခေါ်တဲ့ မေခနဲ့ မလိခ မြစ် နှစ်သွယ် တို့ လာရောက် ပေါင်း ဆုံကြ ပြီး ဧရာဝတီမြစ်ကြီး အဖြစ်နဲ့ အမိ မြန်မာ ပည် တနံတစ်လျား စီးဆင်းသွားတယ် ဆိုတာ ပထ၀ီ ဘာသာရပ် မှာ သင်ကြားခဲ့ရပြီး သိခွင့်ရခဲ့ပါတယ်။ နောက်ပြီး အဲဒီ မြစ်ဆုံရဲ့ လှပ သာယာလှတဲ့ မြင်ကွင်း က မျက်စိ ထဲက မထွက်ခဲ့ဘူး။ ဒါတောင် ကိုယ်တိုင် ကိုယ်ကျ အဲဒီနေရာ ကို မရောက် ဘူးသေးဘူး။ ရုပ်ရှင်တွေ၊ မဂ္ဂဇင်း စာစောင်တွေထဲမှာ တွေ့ဘူးရုံနဲ့တင် ဒီနေရာရဲ့ သာယာလှပ ပုံတွေ သဘောကျတာရော၊ အမိ မြန်မာပြည်ရဲ့ အသက် သွေး ကြောရယ်လို့ တင်စားခံရတဲ့ ဧရာဝတီ မြစ်ကြီး ရဲ့ စတင် စီး ဆင်းတဲ့ နေ ရာဖြစ် နေတာ ရော ကြောင့် ဒီနေရာကို ငါတနေ့ရောက် အောင် သွားမယ် ဆိုပြီး ကြံစည် စိတ်ကူး ထားခဲ့ တယ်။ ဒါပေမဲ့ အလုပ်တာဝန် ၀တ္တရားတွေ မအားလပ်တာကြောင့် ခုထိမရောက် နိုင်ခဲ့ဘူး။

ကျွန်တော် ဟာ ဘာပညာရှင် မှ မဟုတ်ပါဘူး။ ဒါပေမဲ့ အမိမြေ ကိုချစ်မြတ်နိုး တတ် တဲ့၊ အမိမြေရဲ့သာယာ လှပ တဲ့သဘာဝ အလှ ကို တန်ဘိုးထားတတ်တဲ့ သာမန် နိုင်ငံသားတယောက်ပါ။ ကိုယ့် ရဲ့ ခံစားချက် တွေကို လည်း ၀တ္ထု ကဗျာတွေ ဆောင်းပါးတွေ ရေး ပြီးတော့ ဖေါ်ပြ ရအောင်လည်း စာပေအနုပညာ ဘက် မှာကျွမ်း ကျင် သူ မဟုတ်ပါ ဘူး။ ကျွန်တော်ဟာ ကျောင်းတော်ကြီးက သင်ပေး လိုက် တဲ့ ပညာ နဲ့ ဘ၀ကို ကျောင်းရင်း လက်တွေ့ဘ၀က ပညာတွေကို ဆည်းပူးဆဲ၊ ပညာ ဆို တာ အမြဲတမ်း ရှာလို့ မကုန်နိုင်တဲ့ အရာလို့ခံ ယူထားသူပါ။ ၀န်ကြီးဆိုသူ ပြောတာ ကြားရတော့၊ ကျောင်းမှာသင်ယူ တတ် မြောက် ခဲ့တာလည်း မဟုတ်၊ အောက်သက်ကြေအောင် အလုပ်လုပ် လေ့လာ ဆည်းပူးရင်းနဲ့ အတွေ့အကြုံတွေ ပညာတွေ ပြည့်ဝလာလို့ ဒီလိုရာထူးကို ရလာတဲ့ သူလည်း မဟုတ်တဲ့ မိုးပေါ်ကကျ လာပြီးမှ ဒီရာထူးကို ရလာတဲ့ သူက ဒီနေရာမှာ သူ့လောက်တတ်သူ သိသူ မရှိဘူးလို့ ပြောရဲတာ တော်တော် အံ့သြမိတယ်။ ဒီလို ထူးချွန်တဲ့သူ တယောက်ကို ဒီလိုရာထူးမျိုး ပေးထားမိတာ မြန်မာ နိုင်ငံ အတွက် ကံကောင်းတာလို့တောင် အကောင်းဘက်က မြင်ကြည့် မိပါတယ်

ကျွန်တော် ကတော့ အဲဒီ လို တဘက်ကမ်းခပ် ထူးချွန် နားလည်မှု မရှိ ပေမဲ့၊ အကြောင်း နဲ့ အကျိုး ကိုဆင်ခြင် တွေးတော တတ် တဲ့ ဥာဏ်၊ ဆက်စပ် ဖြစ်ပေါ် နိုင် တဲ့ အကျိုးဆက် တွေကို နားလည် သဘောပေါက် နိုင်တဲ့ အသိတော့ ရှိ ပါတယ်။ အဲဒီ ဥာဏ် အသိ နဲ့ တိုင်းပြည်ကို ချစ် မြတ် နိုးတဲ့ စိတ်၂ခု ကြောင့် ပဲ၊ ဒီ မြစ်ဆုံ စီမံ ကိန်း အကြောင်း သိ လိုက် ရ တော့ ရင်ထဲ မှာ အရမ်းခံစားမိတယ်။ ဧရာဝတီ မြစ်ကြီး ဆုံးရှုံး ပျောက်ကွယ် သွား မှာ ကိုယ့် မိဘ ဆုံးရှုံး သွားမှာကို စိုးရိမ် မိ သလို ပဲ စိုး ရိမ် မိ တယ်။

မြစ်ဆုံ ဒေသ ကို တရက် မရောက်ရောက် အောင် သွားမယ် လို့ ရှိခဲ့ တဲ့ စိတ်ကူး အရ အခုများ မြစ်ဆုံ ကို သွားကြည့် ခဲ့မိရင် ကိုယ် မိဘ အုတ်ဂူ ကို သွားကြည့်ရ သလို များ ဖြစ်နေ တော့ မလား လို့တောင် တွေးမိ တယ်။ ၀န်ကြီး ဆိုသူပြောချက် အရ မြန်မာ နိုင်ငံ မှာ လျှပ်စစ် ဓါတ် အား လုံလောက် နေလို့ တခြား ကို ရောင်းစားရ တာ ပါ လို့ ပြော လို့ တိုက်တိုက် ဆိုင်ဆိုင် ပြော ပြီး ၂ ရက် လောက် အကြာမှာ ပုသိမ် မြို့မှာ မီးလောင် တဲ့သတင်း ကို ကြားလိုက် ရတယ်။

မီးက ထုံးစံ အတိုင်း ပေါ့ ဆ မီး ပေါ့။ အိမ် ဖေါ် မိန်းကလေး နဲ့ အိမ်က ကလေးမ လေးနှစ် ယောက် က မီး မလာ လို့ မီးစက် ကို နိုးဘို့ လား၊ ဆီဖြည့် ဘို့ လား ဖယောင်းတိုင် ထွန်း ပြီး သွားကြည့် ရာက စ လောင်ရ တဲ မီးပါ။ မှန်ပါ တယ်၊ ဒါ ပေါ့ဆ မီးပါ။ တစုံတခု ဖြစ် ပျက်ခဲ့ရင်၊ အဲဒီဖြစ် ပျက်ရတဲ့ ကိစ္စ မှာ ရုတ်ခြည်း ဖြစ်ပျက် စေ တဲ့ အကြောင်း (Immediate cause) နဲ့ အဲဒီ အဖြစ်အပျက် ကို ဖြစ်စေတဲ့ အဓိက အကြောင်း (Root Cause) ဆို ပြီး အကြောင်း၂ ခု ရှိရ ပါတယ်။ သာ မန်အားဖြင့် ရုတ်ခြည်း ဖြစ်ပျက် စေ တဲ့ အကြောင်းက တော့ မြင် လွယ်သိ လွယ်တဲ့ အကြောင်းပေါ့။ ဒီ မီးလောင် မှု မှာ အပေါ်ယံ ကြည့် လိုက် ရင် ဖယောင်းတိုင် မီးထွန်း ပြီး မီးစက် ကို ဆီဖြည့်တာ၊ ဆီရှိမရှိ ကြည့် တာ ဟာ မီး လောင်မှု ကို ရုတ်ခြည်းဖြစ် စေ တဲ့ အကြောင်း (Immediate cause) ဖြစ် လို့ ပေါ့ ဆမီး ဆိုတာ မှန် ပေ မဲ့၊ ဒီ မီးလောင် မှု ရဲ့ အဓိက ဖြစ် ရတဲ့ အကြောင်း (Root Cause) ကတော့ မီးမလာ လို့ ဖြစ် ရ တာပါ။ အဖြစ်အပျက် တခု ဖြစ် လာ ရင် ရုတ်ခြည်း ဖြစ် ရ တဲ့ အကြောင်း တခု ထဲ ကြည့် လို့ အဖြေ မှန် မရ နိုင် ပါ ဘူး။ အဓိက ဖြစ် ရ တဲ့ အကြောင်း ကို သိ အောင် ရှာ ကြည့် ဘို့ လိုပါ တယ်။ မီးမ လာ ရခြင်း ရဲ့ အကြောင်းက တော့ စံနစ် (system) ညံ့ ဖျဉ်း မှု လို့ ဆို ရ မှာပါ။

အဲဒီ မီးလောင် မှု မှာ လည်း ဘယ်လောက် မှန် မ မှန် မသိ ရသေး ပေ မဲ့၊ ကြား ရတာက တော့ မီးလောင်တဲ့ နေရာ ကို လမ်း အသစ် ခင်း နေ လို့ မီးသတ် ကားတွေ ကို လမ်း ထဲဝင် ပြီး မီး သတ် ခွင့် မပြု လို့ မီး လောင်နေ တာ ကို ဒီတိုင်း ထိုင် ကြည့်နေ ကြရ တယ် လို့ ကြား တာ ပဲ။ ဘာပဲ ဖြစ်ဖြစ် ဒီ မီး လောင်မှု မှာ အဓိက အကြောင်း ရင်း ကတော့ မီး မလာ တာ ပါ ပဲ။ မီ တာ ခ ပေးထား ရဲ့နဲ့ မီးမလာ တာ ဘယ်သူ့ တာဝန် လဲ ကျွန် တော် မသိ ပါ။ ကျွန်တော် ဟာ သာမန် နိုင် ငံ သား တယောက် ပါ။ ၀န် ကြီးဆို သူက တော့ ပိုသိ ပို တတ်သူ မို့ သိ မှာပါ။

ကျွန်တော် အလုပ်လုပ် နေ တဲ့ နိုင် ငံ မှာ လျှပ်စစ် မီး ၁ နာရီ မရှိတရှိ ပျက်သွားဘူးပါတယ်။ အဲဒီ အတွက် လျှပ်စစ်မီး တာဝန်ယူတဲ့ ကုမ္မဏီက မီးပျက် လို့ ဆုံးရှုံး သွား ရ တဲ့ အလုပ် ဌာန တွေ စက် ရုံအလုပ်ရုံ တွေ ကို လျော်ကြေး ငွေ ဒေါ်လာ သန်း နဲ့ ချီ ပြီး လျော် ကြေး ပေးလိုက် ရတယ် လို့ ကြားဘူး ပါ တယ်။ မြန် မာ နိုင်ငံ မှာ တော့ မီးမလာ လို့ ကတော့ သြိကားမင်း ကြီး မှာပဲ တာဝန်ရှိ မလား မသိ ဘူး။ ဘာဖြစ် လို့လဲဆိုတော့ မီးပျက်လို့ လျှပ်စစ်ဌာနကို လှမ်းမေးရင် မီးပျက်တာ မိုးမရွာလို့လို့ ဖြေတတ် လို့ပါ။

မီး မလာလို့ မီးစက် တွေ သုံး ကြတယ်။ ဒါ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ မီးစက် တွေ သုံး လို့ ဖြစ် ရ တဲ့ အကျိုးဆက် တွေ ကတော့ များ ပါတယ်။ တိုးတက် တဲ့နိုင် ငံ တွေ မှာ မီးစက် သုံးရတဲ့ နေရာ အလုပ်ဌာန တွေ မှာ မီးစက် သုံး လို့ ဖြစ် နိုင်တဲ့ အန္တရာယ် တွေ ကို ကာကွယ် တားဆီးဘို့ လိုအပ်တဲ့ ဆောင် ရွက် ချက်တွေကို မလုပ်ထားပဲ သုံးလို့ မရ ပါဘူး။ မီးစက် ကြောင့် ဖြစ် ရတဲ့ အန္တရာယ် ဆိုတာ မီးဘေး အန္တရာယ် တခု ထဲ မဟုတ်ပါဘူး။ မီးစက်က ထွက် လာတဲ့ အဆိပ်ငွေ့ (ကာဘွန်မိုနောက်ဆိုဒ်၊ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့) တွေ ရှူရှိုက်မိနိုင် တဲ့ အန္တရာယ်၊ နောက် ဆုံး ဒီစက် တွေ ရဲ့ ဆူညံ သံ တွေ ကြောင့် ဖြစ်နိုင် တဲ့ နား အကြား အာရုံ ချို့ယွင်း နိုင် တဲ့ အန္တရာယ်၊ စတာ တွေ အတွက် ကာကွယ် တားဆီး ဖို့ အစီ အစဉ် တွေ ပြင် ဆင် လုပ် ဆောင် ထားဘို့ လို အပ် ပါ တယ်။

မြန် မာ နိုင်ငံ ဟာ ဆင်းရဲ တဲ့ နိုင်ငံ ဖြစ် တဲ့ အကြောင်း တိုင်းပြည် ကို အုပ် ချုပ် တဲ့သူ တွေ က သူ တို့ ပြော စကားတွေ အရ ၀န် ခံ သွားကြ ပါ ပြီ။ ဒီတော့ ဒီ နိုင် ငံ ထဲ မှာ နေ နေရ တဲ့ ဆင်း ရဲ တဲ့ ပြည်သူ တွေ အနေ နဲ့ ကျမ္မာရေး စောင့်ရှောက်မှု အားနည်းတဲ့ ဆေးရုံ ဆေးခန်းတွေ အစား၊ လမ်းဘေး ကွမ်း ယာဆိုင်က ဒေါက် တာ ညွှန် ကြားတဲ့ ဈေးပေါပေါ တရုပ်၊ ကုလား ထုတ်တဲ့ ဆေးတွေနဲ့ပဲ နှစ် ပါးသွား ကြရရင်း လုံးပါးပါး သွားကြရတာ ဘယ် လောက် ရှိ ပြီ လဲ။ ဘာရောဂါ မှန်း မသိ လိုက် ပဲ ဆုံးရှုံး သွားကြ တာ ဘယ် လောက် ရှိ နေ ပြီ လဲ။ ဘာကြောင့် ဒီ လို ဖြစ် ရ တာ လဲ။ အရင်း စစ် လိုက် ရင် လျှပ် စစ် မီး လုံ လုံ လောက် လောက် မရ တာ ဟာ အဓိက ကျ တဲ့ အကြောင်း တခု ဖြစ် ကြောင်း ထင် ထင် ရှားရှား တွေ့ နိုင် ပါ တယ်။

ဒါကြောင့် ဧရာဝတီ ရောဂါဟာ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတိုင်း၊ ဧရာဝတီကို ချစ်မြတ်နိုးသူတိုင်း ကူးစက်ခံစားရမဲ့ ရောဂါဖြစ်တာနဲ့ အညီ ဒီရောဂါကို အမြန်ကုသမှု မပေးနိုင်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ တွေ့ကြုံရနိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ တာဝန် ရှိသူ တွေ အချိန်မှီ နားလည် သဘောပေါက် နိုင်ကြပါစေလို့။ 
သာမန်နိုင်ငံသား - မြင့်သိန်း

9 comments:

  1. မြစ်ဆုံဆည်ကြီးတည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးများ...Posted by ဒေါ်လာစား on 07:01

    http://myanmarexpress.blogspot.com/2011/09/blog-post_17.html

    ReplyDelete
  2. ရန်ကုန်မြို့တွင်းဧရိယာရှိ ရောင်းဝယ်ရေး လုပ်ငန်းအများစုတွင် မီးစက်အသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့် အသံဆူညံမှုများ ပိုမိုကြုံတွေ့လာရကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများ၊ ဈေးရောင်းဝယ်သူများနှင့် သွားလာလှုပ်ရှားနေသူများ၏ ပြောပြချက်အရ သိရသည်။


    လက်ရှိ ရန်ကုန်မြို့တွင်း (Down Town) မြို့နယ်များရှိ ရောင်းဝယ်ရေး လုပ်ငန်းအများစုတွင် လျပ်စစ်မီးရရှိချိန် နည်းပါးလာခြင်းကြောင့် မီးစက်အသုံးပြုမှု များလာ၍ အသံဆူညံမှုဆိုင်ရာကိစ္စရပ်များမှာ နေ့စဉ်ကြုံတွေ့ရလျက် ရှိကြောင်း သိရှိရသည်။ အသံဆူညံ မှုများပြားလာသောကြောင့် သွား လာလှုပ်ရှားသူများ စိတ်အနှောင့် အယှက်ဖြစ်လာရုံမျမက ရောင်းသူ နှင့်ဝယ်သူအကြား စကားသံများကို မူလထက်မြှင့်၍ ပြောဆိုရမှုများရှိလာကြောင်း သိရသည်။


    ''အခုမြို့ထဲကိုသွားလာတဲ့အခါ မှာအရင်ထက်ပိုပြီး အသံတွေ ဆူညံ လာတာကိုကြုံရပါတယ်။ အဓိက ကတော့ မီးစက်သံတွေပါပဲ။ မြို့ထဲက လူနေထူထပ်တာရယ်၊ သွားလာလှုပ် ရှားသူများတာရယ်၊ နောက်ပြီးတော့ ဆိုင်အတော်တ်ာများများကလည်း မီးစက်တွေ အချိန်အကြာကြီး သုံးလာရတာကြောင့် အသံဆူညံမှုတွေက ဆက်တိုက်ပါပဲ။ ရာသီဥတုကလည်း ပူ၊ နားကလည်းပူတော့ စိတ်အနှောင့် အယှက်ပိုဖြစ်ရတယ်။ ပြီးတော့မီး စက်တွေက ထွက်တဲ့အငွေ့တွေကလည်း အရမ်းကိုဆိုးပါတယ်'' ဟု ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားနေ သူဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ ပါသည်။


    မီးစက်အသုံးပြုမှု များလာခြင်းကြောင့် အသံဆူညံမှုများအပြင် မီးစက်များမှ ထွက်ရှိသော အိတ်ဇော အငွေ့များမှလည်း ပတ်ဝန်းကျင်နေသူများအား အနှောင့်အယှက်ဖြစ် စေလျက်ရှိကြောင်း သိရသည်။
    ''အခုလပိုင်းတွေ ကျွန်တော်တို့ဘက်မှာ လျပ်စစ်မီးရရှိချိန် နည်းပါး လာတာကြောင့် နေ့ဘက်အချိန် တွေမှာ မီးစက်ကိုပိုပြီးတော့ အသုံးပြုလာရတယ်။ အရောင်းဆိုင်တွေ အနေနဲ့ကျတော့ မီးမလာရင် တစ်နေကုန်နီးပါးလောက်အထိ မီးစက်နှိုးထားရပါတယ်။ ဒီလို မီး စက်နှိုးထားရတဲ့အတွက် ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက်ဖြစ်စေသလို လောင်စာဆီစရိတ်ကလည်း မနည်းပါဘူး။ အရောင်း အ၀ယ်သိပ်မဖြစ်တဲ့ ရက်တွေဆိုရင် ဒီစရိတ်ကကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်''ဟု ရန်ကုန် မြို့လယ် ၃၂ လမ်းတွင် စာရေးကိရိယာ ရောင်းဝယ်ရေးလုပ်ငန်း တစ်ခုက ဆိုပါသည်။


    ''ကျွန်တော်တို့က မြို့လယ် တိုက်ခန်းတစ်ခုရဲ့ ပထမထပ်မှာ နေတာပါ။ နေ့လည်နေ့ခင်းမြို့ ထဲကိုထွက်မယ်ဆိုရင် အသံဆူညံမှုတွေက ပိုပြီးများလာတယ်လို့ ထင်ပါတယ်။ အိမ်ထဲမှာနေရင်လည်း အသံဆူညံမှုတွေက အနည်းအကျဉ်း ရှိနေပါတယ်။ ပြီးတော့မီးစက်တွေ က ထွက်တဲ့အငွေ့တွေ တစ်ခါတလေ အိမ်ထဲကိုဝင်လို့ ၀ရန်တာ တံခါးတွေပိတ်ထားရတယ်။ မြို့ထဲဆိုတော့ လူကလည်းများတာကြောင့် အဲဒီလိုဆူညံမှုတွေ၊ အငွေ့တွေက အများကြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်''ဟုရန်ကုန် မြို့ ၂၈ လမ်းတွင်နေထိုင်သူ တစ်ဦးကပြောပြခဲ့သည်။

    ရန်ကုန်မြို့ လမ်းတလျှောက်မှာလည်း မီးစက်ကြီးငယ်လတ် သေး အရွယ်စုံဆိုက်စုံ လမ်းဘက်ကို မီးခိုးထွက်ပိုက်လှည့် ကာမောင်းနေကြပါတယ်။ ရန်ကုန်မြို့ လမ်းသွားလမ်းလာတွေ၊ လမ်းဘေး ဈေးသည်တွေဟာ မီးစက်ကထွက်တဲ့ အသံနဲ့ အပူရှိန်၊ မီးခိုးတို့ကို သည်းခံခွင့်လွှတ်ပြီး သွားလာနေထိုင်ကြ ရပါတယ်။
    ပြည်တွင်းမှာ နယ်စပ်က ၀င်လာတဲ့ ကားအင်ဂျင်၊ တရုတ်နိုင်ငံက သွင်းလာတဲ့ ဒိုင်နမိုတွေနဲ့ ဆင်ထားတဲ့ ပြည်တွင်းဆင် ဒီဇယ်မီးစက်တွေလည်း လမ်းဘေးတွေမှာ မနည်းလှပါဘူး၊ ယူဒီ၊ မုဒုံမောင်မောင် စသဖြင့် တံဆိပ် အမျိုးမျိးနဲ့ ကားပစ္စည်း တင်သွင်းသူတွေက မီးစက်တပ်ဆင်ရောင်း နေကြပါတယ်။ စက်တလုံးကို ၁၅သိန်း ၂၀သိန်းမှာ သိန်း ၂၀၊ ၃၀ ၀န်းကျင်ထိရှိပါတယ်။ ပြည်ပက၀င်လာတဲ့ဟာဆို ဒိထက်ပိုပြီး ဈေးကြီးပါတယ်။ အနည်းဆုံး သိန်း ၇၀၊ ၈၀မှ သိန်းရာကျော်တွေချည်း ဖြစ်ပါတယ်။
    စက်မှုဇုန်က လုပ်ငန်းကြီးတွေ၊ ဟိုတယ်တွေ၊ ရှော့ပင်းမောလ်တွေ၊ ရုပ်ရှင်ရုံကြီးတွေ၊ ကွန်ဒိုမီနီယံကြီးတွေ အနေနဲ့ ကီလိုဝပ် ၄၊ ၅ရာ စက်ကြီးတွေဝယ်ပြီး ၀င်းထဲသို့မဟုတ် လမ်းဘေးတွေမှာ ချထားကြတာပါ အဲဒီစက်ကြီးတွေက သိန်း၂ရာ၊ ၃ရာကနေ ၄၊ ၅ရာထက်ပိုပြီး ပေးကြရတာပါ။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မီးစက်ဖိုးလည်း ရင်းနှီးရ အစိုးရမီးလာတဲ့အချိန်ဆို အစိုးရမီးကို ပြောင်းရနဲ့ ဗျာများနေကြပုံပါပဲ။ လုပ်ငန်းတိုင်း မီးစက်မောင်းသူ တယောက်ငှားထား ကြရပါတယ်။
    ရန်ကုန်မြို့ ပလက်ဖောင်းဆိုတာဟာ မီးစက်တွေ ထောင်လိုက်၊ အလျားလိုက်ပိတ်ထားကြ တာနဲ့လမ်းလျှောက်ရ ခက်ခဲလာပြီး လူတွေက ကားသွားတဲ့ လမ်းမပေါ်ကို တက်လျှောက်နေကြရပါပြီ။ တကယ့်ပလက်ဖောင်းပေါ်က လမ်းလျှောက်ရင် ၀င်္ကပါမှာ လမ်းလျှောက်သလို ဖြစ်နေလို့ပါပဲ။ အဲဒါက ရန်ကုန်မြင်ကွင်း တခုပါ။
    လျှပ်စစ်မီး အခုလို ဖြစ်ချင်တိုင်း ဖြစ်နေ ပျက်ချင်တိုင်း ပျက်နေတာကို ဘယ်တာဝန်ရှိသူမှ မီဒီယာကို မပြောကြပါဘူး။ မီးလာတော့မယ် ဆိုရင်တယောက်ပြီး တယောက် ပြောချင်ကြပေမယ့် အခုလို ပျက်ချင်တိုင်း ပျက်တဲ့ အချိန်မှာ ဘယ်သူမှ ပြောချင်ပုံမရကြပါဘူး။

    ReplyDelete
  3. မြန်မာပြည်သူတွေရဲ့ ထာဝရ မျှော်လင့်ချက် သို့မဟုတ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး
    သန်းစိုးလှိုင်
    ဇွန် ၂၄၊ ၂၀၁၀


    တစ်ယူနစ်ကို ၄၅၀ ကျပ်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက အစိုးရ လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဖြန့်ဝေပေးနေပါတယ်။ ဒီဇယ် ဆီ အတက်အကျ (အဆိုပါ ဒေသပေါက်ဈေး) အပေါ် မူတည်ပြီး တစ်ယူနစ် ဓာတ်အားခ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း သိရပါတယ်။ ၄၅၀ ကျပ်ကတော့ ယခုလတ်တလော ဒီဇယ်ဈေးအရ ဖြစ်ပေါ်နေတဲ့ နှုန်းပါ။ အချို့သော ပုဂ္ဂလိက လျှပ်စစ်မီးတွေလို ညဘက် အချိန်ပိုင်းမဟုတ်ပဲ ၂၄ နာရီပတ်လုံး ပေးနိုင်အောင် စီစဉ်ထားတာ တွေ့ရပါတယ်။
    နအဖ စစ်အစိုးရနဲ့ လျှပ်စစ်မီးဒုလ္လဘ
    မြန်မာနိုင်ငံမှ ပြည်သူတွေ အတွက် ၂၄ နာရီလျှပ်စစ်မီးရရှိတဲ့ အဖြစ်ဟာ ကြာရှည် မခံတဲ ဖြစ်ရပ်တခုအဖြစ် ခံစားဆဲ ထင်မြင်နေဆဲပါ။ မှတ်မိသလောက် မဆလ အစိုးရ လက်ထက်နဲ့ နအဖ တဖြစ်လဲ န၀တ အစိုးရလက်ထက်တွေမှာ လျှပ်စစ်မီး ၂၄ နာရီလာတယ် ဆိုတဲ့ အဖြစ်ဟာ အိပ်မက်တခုမျှသာ ဖြစ်လေ့ရှိပါတယ်။ အိပ်မက် သဘာဝလိုပဲ အိပ်မက်မက်နေစဉ်သာ တကယ်လို့ ထင်မှတ်ပြီး နိုးလာတော့မှ အဖြစ်မှန်က တခြားဖြစ်နေသလိုပဲ ရက်သတ္တပတ်ကြာ၊ လအနည်းငယ်မျှ ၂၄ နာရီလာတယ် ဆိုရင်ပဲ မကြာခင် ပြတ်တောက်ရတဲ့ အဖြစ် ရောက်ရပြန်ပါတယ်။
    ဒီလို အဖြစ်အပျက်ဟာ မြို့ကြီးတွေက အဖြစ်ပါ။ ကျေးလက်လို နယ်မြို့ငယ်လေးတွေဆို ဒိထက်ပိုဆိုးပြီး လျှပ်စစ်မီးကို ၂ရက်ခြား ၊ ၃ ရက်ခြားပြီးမှ တခါမြင်ရတာမျိုး ညနေမှောင်ရီပျိုးချိန်မှ ည ၉နာရီထိ ဖြန့်ဝေပေးတာမျိုးပဲ ရရှိနေတဲ့ အနေအထားပါ။
    စီးပွားရေးအရ အရေးပါတဲ့ ပြည်နယ် မြို့တော်ပင်ဖြစ်ပါစေ ညမိုးချုပ်ချိန် လျှပ်စစ်မီးရဖို့တောင် ရက်ခြားစနစ်နဲ့ စခန်းသွားနေရတာပါ။ အစိုးရအနေနဲ့ လျှပ်စစ်မီးကို မှန်မှန်ရအောင် စီစဉ် မဆောင်ရွက်နိုင်ရင် ဒိထက် ခက်ခဲတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဖူလုံရေး၊ ပညာရေး အဆင့်အတန်း မြင့်မားရေး ဆိုတာတွေမှာ ပြောစရာ မရှိတော့ပါဘူး။ လျှပ်စစ်မီးဆိုတဲ့ အရာဟာ တွက်ချက်လို့ရ၊ ရေရှည် စီမံကိန်းချမှတ်လို့လည်းရတဲ့ အတွက် နိုင်ငံအသီးသီးမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်နေကြတဲ့ အချိန်မှာ မြန်မာပြည်သူတွေ အတွက် ၂၄ နာရီလျှပ်စစ်မီးဟာ မနုဿတ္တ ဒုလ္လဘ ဖြစ်နေဆဲပါ။

    လျှပ်စစ်မီးကို ပုဂ္ဂလိကပိုင်လုပ်ခြင်း အလားအလာ
    ယခုလတ်တလော စက်သုံးဆီ တင်သွင်းရေးနဲ့ ဖြန့်ဖြူးရေးကို ပုဂ္ဂလိက လက်လွှဲပြောင်းပေးခဲ့တာ နှစ်ပေါင်းများစွာ အတွင်း အစိုးရရဲ့ စီးပွားရေး ချုပ်ကိုင်မှုများထဲမှ ဖြေလျော့မှု တခုဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ လုပ်ကိုင်ချင်တဲ့ နေရာမှာ လောင်စာဆီ လက်လီဖြန့်ဖြူးတဲ့ဆိုင် လွတ်လပ်စွာ လုပ်ကိုင်ခွင့် မရသည့်တိုင် ပုဂ္ဂလိက လုပ်ငန်းများဖြစ်လာတဲ့ အတွက်ဈေးကွက်မှာ ကြီးမားတဲ့ ပြောင်းလဲမှု တခု ဖြစ်နေပါတယ်။

    ReplyDelete
  4. အစိုးရက ကွပ်ကဲ ရောင်းချနေတာထက်စာရင် ဈေးနှုန်းရှင်ထားရှိပြီး အခြား ရွေးချယ်စရာဆိုင် ရှိလာတာကြောင့် နကိုက ခွဲတမ်းစနစ်နဲ့ သတ်မှတ်ဆိုင်မှာသာ ၀ယ်ယူခွင့် ရှိတာနဲ့ နှိုင်းစာရင် ကြီးမားတဲ့ ပြောင်းလဲမှုလို့ ဆိုလို့ရပါတယ်။
    လောင်စာဆီ ဖြန့်ဖြူးရေး လိုပဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကဏ္ဍကို အစိုးရက အောင်မြင်အောင် မဆောင်ရွက်နိုင်ရင် ဘာကြောင့် ပုဂ္ဂလိက လုပ်ခွင့်မပြုတာလဲ။ အဆိုပါ အချက်က အတော်လေး စဉ်းစားစရာပါ။ လျှပ်စစ်ဓာတ်အားဟာ စစ်အစိုးရအတွက် နိုင်ငံရေး လက်နက် တခုဖြစ်နေသလား၊ မဟာဗျူဟာမြောက် ပစ္စည်းတခုဖြစ်လို့ လုပ်ခွင့် မပေးတာလား၊ လျှပ်စစ်မီးနဲ့ လူထုကို ချုပ်ကိုင်မထားခဲ့ရင် လူထုက လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အနေအထား ရောက်သွားမလား ဆိုတဲ့ ဖြစ်နိုင်ခြေတွေဟာ စစ်အစိုးရကိုယ်တိုင်တော့ သိရှိပါလိမ့်မယ်။
    စီးပွားရေး တိုးတက်ဖို့ရာမှာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ရဖို့က အဓိက အချက်အနေနဲ့ ပါဝင်နေပါတယ်။ အခုလက်ရှိ အခြေအနေမှာဆိုရင် ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေမှာ ၁၀၀ ကေဗီကနေ ၄၊ ၅ ရာကေဗီ စွမ်းအားရှိတဲ့ မီးစက်တွေ ကိုယ်စီနဲ့ အလုပ်လုပ် နေရတာပါ။ မီးစက်တန်ဖိုး သိန်း ရာနဲ့ချီ သုံးစွဲရတဲ့အပြင် နေ့စဉ် လောင်စာဆီဖိုးကလည်း သိန်းဂဏန်းနဲ့ ချီရှိတာမို့လို့ နေ့စဉ် သိန်းပေါင်း ရာထောင်ချီတဲ့ လောင်စာဆီဖိုးတွေကို ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေက သုံးနေကြရတာပါ။
    တဦးချင်း မီးစက်တွေသုံးစွဲနေကြတာဟာ အများစုပေါင်းပြီး သုံးစွဲတဲ့ စနစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ထိရောက်မှု အပိုင်းမှာရော ကုန်ကျစရိတ်ပိုင်းမှာပါ အားနည်းချက် ၊ အလဟဿဖြစ်မှုတွေ အများကြီး တွေ့ရမှာပါ။ စက်မှုလုပ်ငန်းရှင် တဦးချင်း ၁၀၀ ကေဗီ သုံးနေရာကနေ ၅၀၀ ကေဗီ ရှိတဲ့စက်ကို ၅ ဦး မျှသုံးခဲ့မယ်ဆိုရင် ကုန်ကျစရိတ် သိသာစွာ သက်သာပြီး စွမ်းအင် သုံးစွဲရာမှာလည်း ပိုပြီး ထိရောက် လာမှာဖြစ်ပါတယ်။
    စစ်အစိုးရ အနေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးကို နှစ်တို နှစ်ရှည် စီမံကိန်းတွေနဲ့ နှစ်ရှည်လများ လုပ်ကိုင်လာပေမယ့် အခုအချိန်ထိ ရန်ကုန်ရော မန္တလေးမြို့နှစ်မြို့လုံးမှာ ၂၄ နာရီ မရရှိနိုင်သေးပါဘူး။
    အဲဒီလို ၂၄ နာရီလာအောင် မလုပ်နိုင်တော့ဘူး ဆိုရင် ဘာလို့ ပုဂ္ဂလိက လုပ်ပိုင်ခွင့် မပေးတာလဲလို့ မေးစရာရှိပါတယ်။ ဖြစ်နိုင်ခြေ အချက် ၂ ချက်ရှိပါတယ်။ တချက်ကတော့ လျှပ်စစ်ဓာတ်အား လုပ်ငန်းဟာ အစိုးရကသာ ချုပ်ကိုင်သင့်တဲ့ လုပ်ငန်းလို့ ယူဆထားတာ ဖြစ်ပြီး နောက်တချက်ကတော့ အခုလို လူထုတွေရော လုပ်ငန်းရှင်တွေပါ လျှပ်စစ်မီးနဲ့ ဗျာများနေကြတဲ့ အဖြစ်ကို စစ်အစိုးရက လိုလားနေခြင်းပဲ ဖြစ်ပါတယ်။ လူတွေ၊ လုပ်ငန်းရှင်တွေ ဗျာများနေကြမှ စစ်အစိုးရကို ပြုတ်ကျအောင် မလုပ်ဆောင်နိုင်ဘူး၊ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်ဘူးလို့ သူတို့အနေနဲ့ ထင်မြင်ယူဆပါလိမ့်မယ်။

    လက်ရှိလည်ပတ်နေတဲ့ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ
    မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ အချို့မှာ ပြည်မက လောင်စာ၊ စွမ်းအင်၊ လျှပ်စစ်ဓာတ်အားလိုင်း စတာတွေ မပံ့ပိုးနိုင်တာကြောင့် ဒေသအာဏာပိုင် စစ်တိုင်းမှူးတွေရဲ့ ခွင့်ပြုချက်အရ ပုဂ္ဂလိက လုပ်ငန်းရှင်က မြို့နယ်လျှပ်စစ် ဓာတ်အားပေး စနစ်ရဲ့ လိုင်းတွေကို သုံးစွဲပြီး မြို့ကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ သာဓကတွေ ရှိပါတယ်။
    အဲဒီမြို့တွေကတော့ ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ တနင်္သာရီတိုင်းမှာ မြိတ်နဲ့ ထားဝယ်မြို့တွေပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင် တဦးအနေနဲ့တောင် ၂၄ နာရီ လျှပ်စစ်မီးရ အောင်လုပ်နိုင်သေးရင် နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်အားလုံးနဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ရယူထားတဲ့ အစိုးရတစ်ရပ် အနေနဲ့ ဘာကြောင့် မလုပ်နိုင်သလဲ ဆိုတာပေါ်လွင်လာပါတယ်။

    ReplyDelete
  5. ထားဝယ်မြို့မှာ ၂၄ နာရီလျှပ်စစ်မီး ရနေတာ ၆ နှစ် ရှိပြီ
    တနင်္သာရီတိုင်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ထားဝယ်မြို့မှာ တယူနစ်ကို ၄၅၀ ကျပ်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက အစိုးရလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဖြန့်ဝေပေးနေပါတယ်။ ဒီဇယ် ဆီ အတက်အကျ (အဆိုပါ ဒေသပေါက်ဈေး) အပေါ် မူတည်ပြီး တယူနစ် ဓာတ်အားခ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း သိရပါတယ်။ ၄၅၀ ကျပ်ကတော့ ယခုလတ်တလော ဒီဇယ်ဈေးအရ ဖြစ်ပေါ်နေတဲ့ နှုန်းပါ။ အချို့သော ပုဂ္ဂလိက လျှပ်စစ်မီးတွေလို ညဘက် အချိန်ပိုင်းမဟုတ်ပဲ ၂၄ နာရီပတ်လုံး ပေးနိုင်အောင် စီစဉ်ထားတာ တွေ့ရပါတယ်။
    ဖိုးသီးချို လုပ်ငန်းစုလို့ အမည်ရတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်က အဲဒီလုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပါတယ်။ အစိုးရရဲ့ နကိုရှိပြီးသား ဂျင်နရေတာတွေ အပြင် ဒီဇယ်သုံး ဂျင်နရေတာတွေ ၄၊ ၅လုံး ထပ်မံ တပ်ဆင်ပြီး ထားဝယ်မြို့ရဲ့ သုံးစွဲမယ့် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ပေးဝေနေတာ အခုဆိုရင် ၆နှစ်နီးပါး ရှိပြီ လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
    စတင်သွယ်တန်းတဲ့ အချိန်မှာတော့ စပေါ်ငွေ ၄သောင်းကျပ် ပေးသွင်းရပြီး မီးမမှန်၊ အားမပြည့်တဲ့ အဖြစ်မျိုးကြောင့် သုံးစွဲသူက မသုံးတော့ဘူး ဆိုရင် အထက်ပါ လိုင်းကြေး ပြန်အမ်းပေးမယ် လို့ဆိုပါတယ်။ လျှပ်စစ်မီး သုံးစွဲသူ တဦးအနေနဲ့ အနည်းဆုံး တလ ၁၀ ယူနစ် သုံးစွဲရမှာ ဖြစ်ပြီး အများဆုံး ၂၀၀ ယုနစ် အထိ သုံးစွဲနိုင်တယ် လို့လည်း သိရပါတယ်။
    ဒိထက်ပိုတဲ့ ယူနစ် သုံးလိုရင်တော့ လျှပ်စစ်ဓာတ်အားဖြန့်တဲ့ဆီမှာ ညှိနှိုင်းပြီး သီးခြားမီတာပုံးနဲ့ သွယ်တန်းရမယ်လို့ ဆိုပါတယ်။
    တလကို ယူနစ် ထောင်နဲ့ချီသုံးစွဲတဲ့ တည်းခိုခန်း၊ ဟိုတယ်လို လုပ်ငန်းတွေလည်း ရှိတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ မိမိကိုယ်ပိုင် မီးစက်နဲ့ သုံးတာနဲ့စာရင် အကုန်အကျ ပိုသက်သာပြီး မီးစက်ထိန်းသိမ်းရတဲ့ ဒုက္ခ၊ လောင်စာဆီ ဖြည့်ရ၊ သိုလှောင်ရတဲ့ ဒုက္ခတွေ မခံစားရတော့ဘူး လို့လည်း သိရပါတယ်။
    ထားဝယ်မြို့သူ မြို့သားတွေ အနေနဲ့ တစ်ယူနစ်ကို ၄၅၀ ကျပ်ဆိုတဲ့ အချက်ကြောင့် လျှပ်စစ်မီးကို လိုအပ်သလောက်ပဲ သုံးစွဲကြသလို အမြဲတမ်း လာနေတယ် ဆိုတဲ့ အသိကြောင့် အခြားမြို့တွေမှာလို မီးလာချိန်မှာ လိုတာရော မလိုတာပါ ဖွင့်ကြ လုပ်ကြတဲ့ အလေ့အထမျိုး မရှိတော့ဘူး လို့ မြို့ခံတွေက ပြောပါတယ်။
    ထားဝယ်မြို့ခံ တဦးက
    “မီး အမြဲလာနေတယ် ဆိုတဲ့ အသိကြောင့် စိတ်က လုံခြုံတယ်။ လျှပ်စစ်မီးနဲ့ လုပ်စရာရှိတာကို ကိုယ့်စိတ်ကြိုက် အချိန်မှာ လုပ်လို့ရတယ်။ တယူနစ်နှုန်းက အခြားမြို့တွေထက် များပေမယ့် လျှပ်စစ်ကို မလိုအပ်တာ မသုံးဖို့ ချွေတာတဲ့ အလေ့လည်း ရသွားတယ်၊ အခု ပုဂ္ဂလိကလျှပ်စစ်မီး စနစ်ကို မြို့ကလူအားလုံးနီးပါး သဘောကျကြတယ်” လို့ ပြောပါတယ်။
    ပုဂ္ဂလိကမီးကို ထားဝယ်မြို့နေထိုင်သူ ရာနှုန်းပြည့်နီးပါး သုံးကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လျှပ်စစ်ဓာတ်အား ပေးနေတဲ့ဘက်က မီးလိုင်း ပြင်ဆင်ထိန်းသိမ်းမှု လုပ်ဆောင်စရာ ရှိလို့ ပြတ်တောက်မယ် ဆိုရင် ကြိုတင်ပြီး အကြောင်းကြားတယ် လို့လည်း မြို့ခံတွေကပြောပါတယ်။
    ရန်ကုန်က လျှပ်စစ်မီးနဲ့တော့ ကွာပါ့လို့ ဖတ်ရတဲ့သူတွေက ယူဆကောင်း ယူဆပါလိမ့်မယ်။ ရန်ကုန်က လျှပ်စစ်မီး ဆိုတာဟာ လာချင်တဲ့ အချိန်လာမယ်။ လူတွေ သိပ်အသုံးမလိုတဲ့ အချိန်ဖြစ်တဲ့ ညသန်းခေါင်မှာ ပိုရလိမ့်မယ်။ ဖြတ်ဖို့လိုရင် အချိန်မရွေး ဖြတ်တောက်လေ့ ရှိပြီး ဂရစ်လိုင်း (မြန်မာပြည် အလယ်ပိုင်းနဲ့ အောက်ပိုင်း ဆက်သွယ်ထားတဲ့ ပါဝါလိုင်း) ပေါ်မှာ ဓာတ်အားတွေ ပိုနေပြီ ဆိုရင် ခွဲတမ်းချိန် မဟုတ်လည်း ဖွင့်ပေးလေ့ရှိပါတယ်။
    ဓာတ်အား မလောက်တဲ့အခါမှာ သုံးစွဲသူတွေအနေနဲ့ အရေးတကြီး လိုနေပေမယ့်လည်း ဖြတ်ဖို့ ၀န်မလေးသလို ပိုနေတဲ့ အခါမှာလည်း သုံးစွဲသူတွေ မလိုအပ်လည်း လွှတ်ပေးတဲ့ စနစ်နဲ့ သွားနေတာက လက်ရှိ စစ်အစိုးရရဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်ပဲ ဖြစ်ပါတယ်။

    ReplyDelete
  6. Ayeyarwady Workshop on 17-Sep-2011
    http://www.scribd.com/doc/65394711/Ayeyarwady-Workshop-on-17-Sep-2011

    ReplyDelete
  7. အသိဉာဏ်ပညာမဲ့၊လက်ညှိုးထောင်ခေါင်းညိမ့်တရုတ်ကွန်ူမြူနစ်ကိုအဖေခေါ်ပထွေးတော်နေတဲ့သစ္စာဖေါက်myanmarexpressကောင်တွေမင်းတို့ငါတို့မြန်မာပြည်ကိုတရုတ်ရောင်းစာ်းပြီးမြောက်ကိုရီးယားလိုတရုတ်ကျွန်ကွန်မြူနစ်နိင်ငံလုပ်မယ်ပေါ့၊ဒါမင်းတို့အကြံအကုန်ပဲလားခွေးမသားသစ္စာဖေါက်တွေ

    ReplyDelete
  8. စင်ကာပူမှာ ၁ ယူနစ် - 1 kWh ကို 22 Cent ပဲ ပေးရပါတယ်။ အခုပေါက်ဈေး ၆၀၀ လောက်နှင့်မြှောက်ရင် ၁၂၀ကျပ်ပဲကျပါတယ်။ ထားဝယ်မြို့မှာ တယူနစ်ကို ၄၅၀ ကျပ်ပေးရတယ်ဆိုတော့ ၃ ဆခွဲမက ၄ ဆနီးပါးများပါတယ်။ စင်ကာပူမှာ ရေနံမထွက်ပါဘူး ဂါတ်စ်လည်းမထွက်ပါဘူး။ မြန်မာနိုင်ငံ ရေနံရော ဂါတ်စ် ရော ဟိုက်ဒရိုပါဝါကောရှိတာတောင် ၄ဆလောက်များရတာ ခေါင်းဆောင်တွေ ညံ့လိုပါ။ ကိုယ်နိုင်ငံက ဟိုက်ဒရိုပါဝါ ကို သူများပေးပြီး ကိုယ်မြို့ ကျတော့ ဒီဇယ်နှင့်မီစက်မောင်းရတယ်ဆိုတော့ ......

    ReplyDelete
  9. ရင်တွင်းအတော်လေး နက်နက် ရှိုင်းရှိုင်း ရောက်သွားအောင်ကို ”ဒီ...ဧရာ ….ကမ်းဦး” ပုထိုးစေတီ ရှုခင်းလေးက လှိုက်ခတ်သွားစေပါတယ်။ ဒီလောက် ငြိမ်းချမ်းမှု ပေးစွမ်းနှိုင်လွန်းတဲ့ ဒို့ဗုဓ္ဒဘာသာမြန်မာလူမျိုးတွေရဲ့ အထွဋ်မြတ်ပြုရာ ဒီလို စေတီဘုရားတွေ မြစ်ဆုံရေကာအတွက်၊ တပ်မတော် ဗိုချုပ်ကြီးများ၏ ကိုးကွယ်အားထားရာ ပေါက်ဖေါ်ကြီးတို့ လျှပ်စစ်မီး ဖေါဖေါ သီသီ သုံးနှိုင်ကြဘို့ မြေ မြှုတ်ရေ မြှုတ်ပြစ်ကြရတော့မှာပါ့လား…….။ အို….ဗုဓ္ဒဘာသာဝင် သူတော်စင် များနှင့် တပ်မတော်တာဝန် ထမ်းဆောင်နေကြရသော ဗိုလ် အကြပ် နှင့် တပ်သား အပေါင်းတို့…ငါတို့ မြတ်နိုးကာကွယ် နေကြရသော နိုင်ငံတော် အချုပ်အခြာ အာဏာ ဆိုတာ ရှိပါသေး ရဲ့လား….တစတစနဲ့ တနေရာရာမှာတော့ တော်တော်ကြီးကို လွဲနေတာ သေချာနေပြီ။ ဒို့အားလုံးထိထိရောက်ရောက် ဝိုင်းလုပ်ကြဘို့ အချိန်ရောက်နေပြီ။
    ဦးစိန်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။