Pages

Sunday, September 11, 2011

ခရမ်းမြို့က မေတ္တာရှင်မလေး....

သူငယ်ချင်းတို့ရေ...

ခရမ်းမြို့နယ် NLD လူငယ်အဖွဲ့ဝင် မသင်းသင်းယုဟာ အမေစုရဲ့ ဆင်းရဲနွမ်းပါးသော ကလေးများ ပညာရေးဖွံဖြိုးမှု အစီအစဉ်ကို ၀ိုင်းဝန်း အကောင်အထည်ဖေါ်တဲ့ အနေနဲ့ ဆရာတော်ဦးကောသလ္လ နှင့် ခရမ်းမြို့ နယ်NLD လူကြီးများ ၀ိုင်းဝန်းကူညီမူနဲ့ သူမရဲ့ အိမ်ကလေးမှာ ကလေးငယ်(၇၄) ယောက်ကို အခမဲ့ ပညာသင်ကြား နေပါတယ်။ မွန်မြတ်တဲ့သူမရဲ့ စေတနာနဲ့ အမေစုရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်တဲ့အနေဖြင့် အမေ့အရိပ်(အခမဲ့) ပညာဒါန ကျောင်းဆိုင်းဘုတ်တင်ပွဲနဲ့ အလှူငွေပေးအပ်ပွဲကို (၁၁.၉.၁၁)နေ့ ခရမ်းမြို့နယ်(၁၀) ရပ်ကွက်က သူမရဲ့ နေအိမ်မှာ NLD အဖွဲ့ချုပ်ရဲ့ ဦးဆောင်မူနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 NLD အဖွဲ့ချုပ်မှဆရာ ဦးအောင်ကြည်ညွန့် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ အမေ့အိမ်(လှိုင်သာယာ) ပညာဒါနကျောင်းမှ အလှူငွေ ၁၀၀၀၀၀ိ/ တစ်သိန်းကျပ်နှင့် ကျောင်းဆိုင်ဘုတ် နှစ်ခု၊ အခြားအလှူရှင် သုံးဦးမှ စုစုပေါင်းအလှူငွေ ၄၆၀၀၀ိ/ ကျပ်ကို ခရမ်းမြို့ အမေ့အရိပ်(အခမဲ့) ပညာဒါနကျောင်းလေးကို ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ အမေစုရဲ့ ဆင်းရဲနွမ်းပါးသောကလေးများ ပညာရေးဖွံဖြိုးမှု အစီအစဉ်ကို အားလုံးသာဓု ခေါ်နိုင်ရန် တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေအိမ်ပညာရေးကော်မတီ

2 comments:

  1. မသင်းသင်းယုရဲမွန်မြတ်တဲ့ စေတနာအတွက်ဂုဏ်ယူပါတယ်

    ReplyDelete
  2. အတိုင်းဆမဲ့ စေတနာတွေကို အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။