Pages

Sunday, September 25, 2011

လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ အမိဧရာဝတီကို ချစ်တဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသတို့ရဲ့ ဧရာဝတီအတွက် ရဲရဲတောက် ဟောပြောချက်များ (အသံဖိုင်)

ပြီးခဲ့တဲ့ ၂၃ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများတို့ ပူးပေါင်းစီစဉ်သော လူငယ်များရဲ့ ဧရာဝတီ.... ဟောပြောပွဲမှာ ဧရာဝတီကိုချစ်တဲ့ ပြည်တွင်းမှ ပြည်သူ့အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသတို့ရဲ့ ဧရာဝတီအတွက် ရဲရဲတောက် ဟောပြောချက်(အသံဖိုင်) တွေပါ။ အောက်မှာ ဆက်လက် နားဆင်ကြည့်ကြပါ..

SaungOoHlaing Speech Irrawaddy by Demo Waiyen အဆိုတော် ဆောင်းဦးလှိုင်ရဲ့ အသံဖိုင်ပါ.. ဒေါင်းလုပ်လုပ်ချင်ရင်.. http://www.mediafire.com/?gj6gucq1ogcpmbg
AnatGa Speech for Irrawaddy by Demo Waiyen အဆိုတော် အနဂ္ဂရဲ့ အသံဖိုင်ပါ... ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?b0l0ch1w4ktfnxy
YaTha by Demo Waiyenအဆိုတော် ရသရဲ့ အသံဖိုင်ပါ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?3icmububejk909s

အသံဖိုင်များကိုတော့ ညီငယ် ခမိခဆဲမှ ပေးပို့ပေးပါတယ်...
အသံဖိုင်များ ဆက်လက် ဖော်ပြပေးပါမယ်...

9 comments:

  1. မြစ်ဆုံဆည်ကြီးတည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးများ...

    http://myanmarexpress.blogspot.com/2011/09/blog-post_17.html

    ReplyDelete
  2. အမြဲတမ်း ရှင်သန်နေမည့် မြစ်ကြီးဧရာဝတီ နှင့် ဘယ်သူတွေ ဘာလုပ်နေကြသလဲ... ???

    http://myanmarexpress.blogspot.com/2011/09/blog-post_18.html

    ReplyDelete
  3.ဲ့ အမိဧရာဝတီကို ချစ်တဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသနဲ့ ဧရာဝတီကို ကာကွယ်နေသူ အပေါင်းအား အစဉ်လေးစားဂုဏ်ယူလျှက်ပါ

    ReplyDelete
  4. စစ်သားတွေဟာ မြန်မာပြည်ကို ကယ်တင်ဖို့ထက် အမဲဖျက်နေကြပြီ။ အပိုင်းပိုင်းခွဲပြီး ရောင်းစားနေကြပြီ။
    တရုတ်ကို ဓာတ်ငွေ့ရောင်းဖို့ အရေး၊ ဧရာဝတီမြစ်ဆုံးရေကာတာ တည်ဆောက်ရေးတွေ အတွက် ကိုယ့်အချင်းချင်း ပြန်သတ်နေတာ မှားနေပြီ။
    စစ်အစိုးရ လမ်းမှားကြီးကို လျှောက်နေပြီ။
    ဧရာဝတီကို တရုတ်ကို ရောင်းဖို့ အတွက် ဘယ်သူဖျက်ဖျက် လုပ်မှာပဲ ပြောတယ်။
    ဓာတ်ငွေ့ရောင်းဖို့အတွက်လည်း
    ဘယ်သူဖျက်ဖျက် လုပ်မှာပဲ။
    မြန်မာ့တပ်မတော် မြန်မာပြည်အပေါ် သစ္စာဖောက်ပြီ။
    တရုတ်လက်အောက်ခံ တပ်ဖြစ်သွားပြီ။
    တရုတ်အတွက် မြန်မာပြည်သားတွေကို သတ်နေပြီ။
    မြန်မာ့တပ်မတော် တိုင်းပြည်ကို သစ္စာဖောက်ပြီ။
    တရုတ်ကို ဧရာဝတီ ရောင်းဖို့အတွက် မြန်မာပြည်သားတွေကို သတ်တဲ့ မြန်မာ့တပ်မတော်။
    တရုတ်ကို ဓာတ်ငွေ့ရောင်းဖို့ အတွက် မြန်မာပြည်သားတွေကို သတ်တဲ့ မြန်မာ့တပ်မတော်။
    မြန်မာ့တပ်မတော်ကို ဒီအတိုင်းပစ်ထားမလား။
    တစ်တိုင်းပြည်လုံး စစ်ရပ်စဲဖို့ တောင်းဆိုမလား။
    စစ်ရပ်စဲဖို့ မတောင်းဆိုရင်၊ တိုင်းရင်းသားတပ်တွေကို တိုက်နေတာ ကိုယ်နဲ့မဆိုင်သလို ထိုင်ကြည့်နေကြရင်။
    တိုင်းရင်းသားတပ်တွေ ရှုံးပြီးတာနဲ့။ ဧရာဝတီ တရုတ်လက်ထဲပါပြီ။ မြန်မာ့ ဓာတ်ငွေ့တွေ တရုတ်လက်ထဲ ရောက်ပြီ။
    သူ့ကျွန်မခံဖို့ တွန်းလှန်နေတဲ့ တိုင်းရင်းသားတပ်မတော် ကိုထောက်ခံပြီး မြန်မာ့တပ်မတော်ကို လမ်းမှန်ပေါ် ရောက်အောင် ပြောကြဖို့ လိုပြီ။
    တရုတ်ကျွန်ဖြစ်ခံမလား။ လက်တစ်လုံးပဲ လိုပါတော့တယ်။
    ရွှေဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်တောက်ရေး။ ဧရာဝတီမြစ်ဆုံ ရေကာတာ ဖျက်သိမ်းရေး တို့ဟာ အသက်သမျှ အရေးပါရင်။ စစ်အစိုးရ လုပ်ရပ်ကို ဟန့်တားနေတဲ့ လက်နက်ကိုင်တပ်တွေကို ထောက်ခံကြရပါမယ်။ သူတို့တွေကို ချေမှုန်းတာကို ထိုင်ကြည့်နေရင်။
    ဧရာဝတီ တရုတ်လက်ထဲရောက်မယ်၊ မြန်မာ့ဓာတ်ငွေ့ တရုတ်လက်ထဲရောက်မယ်။ မြန်မာပြည် တရုတ်ကျွန်ဖြစ်မယ်။
    တရုတ်ကျွန်ခံဖို့အရေး မြန်မာ့တပ်မတော် အင်တိုက်အားတိုက် ကြိုးပမ်းနေပါတယ်။
    မြန်မာ့တပ်မတော် လုပ်ရပ်ကို တော်လှန်ကြပါစို့။
    ဓာတ်ငွေ့ရောင်းဖို့အရေး၊ ဧရာဝတီရောင်းဖို့အရေး လူသတ်ပေးနေတဲ့ တရုတ်လက်အောက်ခံ မြန်မာ့တပ်မတော်ကို တော်လှန်ပုန်ကန် ကြရပါတော့မယ်။
    သူခိုးဓားရိုးကမ်းတဲ့ မြန်မာ့တပ်မတော်။
    ဧရာဝတီ ရောင်းစားတဲ့ မြန်မာ့တပ်မတော်။
    မြန်မာ့ဓာတ်ငွေ့ ရောင်းစားတဲ့ မြန်မာ့တပ်မတော်။
    တရုတ်ခိုင်းတာ လုပ်နေတဲ့ ကျွန်စိတ်ကျွန်သွေးပါတဲ့ မြန်မာ့ တပ်မတော်ကို တော်လှန် ပုန်ကန် ပြောင်းလဲရပါတော့မယ်။

    ReplyDelete
  5. အပေါ်ဆုံးကကောင်ဘယ်လိုဘဲကောင်းကောင်းဘာကြီးဘဲဖြစ်လာဖြစ်လာဧရာဝတီဟာရှေးနှစ်ပေါင်းထောင်ချီကထဲကတည်ရှိလာတဲ့ တို့ဘိုးဘွားအမွေအနှစ်ပဲ.
    ဘယ်အရာနဲ့မှမလဲနိုင်ဘူးကွငနွားရဲ့.
    အဲ့ဒီကောင်းကျိုးများဆိုတာဟာလဲ.မင်းပထွေးစစ်ဗိုလ်ချုပ်တွေအတွက်ချည်းဘဲ.
    ဂက်စ်ရောင်းရတာတွေ.ကျောက်မျက်ရတနာရောင်းရတာတွေ.ဘယ်ရောက်ကုန်လဲ.မင်းတို့ပထွေးတွေပဲခိုးစာပြစ်လိုက်ကြတာပဲ.
    ဒီရေကာတာလုပ်တာလဲမင်းနှမလင်တွေ.ပေါင်းခိုးစားကြဦးမှာဘဲ.
    ဒီစစ်ခွေးတွေဘဲကောင်စားပီး.တိုင်းပြည်ရဲ့အမွေအနှစ်တွေကိုဖျက်ဆီးပြစ်နေတဲ့ဒီလုပ်ရပ်ကိုအမြန်ဆုံးရပ်ပါ.တစ်တိုင်းတစ်ပြည်လုံးစတင်ဆန္ဒပြကြပါ.
    အနုပညာရှင်များရဲ့မှန်ကန်တဲ့လုံ့ဆော်မှု့နဲ့အတူစတင်ကြပါ..
    ငါတို့တိုင်းပြည်ရဲ့အနာဂါတ်ဟာငါတို့ပဲပိုင်တယ်ဘယ်တရုတ်လက်ထဲကိုမှအရောက်မခံကြပါနဲ့..

    ReplyDelete
  6. ဗကပမြန်မာ့တပ်မတော် လိုဘဲနံမည်ပြောင်းလိုက်ပါတော့.ခွေးမသားသန်းရွှေရေ.
    ဗကပသခင်သန်းထွန်းချေရာနှင်းတဲ့.
    ဗကပခွေးမသားသန်ရွှေ.ဗကပထိပ်ပြောင်.

    ReplyDelete
  7. အောင်မြင်September 26, 2011 at 4:46 AM

    အပေါ်ကသူငယ်ချင်း...ဗိုလ်သန်းရွှေကိုသခင်သန်းထွန်းလိုခေါင်းဆောင်မျိုးနဲ့မနှိုင်းသင့်ပါဘူး။သခင်သန်းထွန်းရဲ့သက်တမ်းတ၀က်ကျော်ကျော်လောက်ကိုထိုက်ထိုက်တန်တန်ဗမာ့လွတ်လပ်ရေးအတွက်ပေးဆပ်ခဲ့တဲ့သမိုင်းအထောက်အထား တွေရှိပါတယ်။ကိုယ့်အတွက်အယူခံဖြေရှင်းချက်ကို ကိုယ်တိုင်မပေးနိုင်တော့တဲ့ သူမျိုးတွေကို(ဦးနေ၀င်း၊သခင်သန်းထွန်း...နောက်ဘယ်သူဘဲဖြစ်ဖြစ်ပါ)ခွင့် လွှတ်ပေးလိုက်ပါသူငယ်ချင်း။

    ReplyDelete
  8. ဧရာဝတီကိုချစ်တာဟာ နိုင်ငံတော်ကိုချစ်တာ၊ ဧရာဝတီကို ကာကွယ်ခြင်းဟာ နိုင်ငံတော်ကို ကာကွယ်ခြင်း ဖြစ်လို့မှို့ နိုင်ငံရဲ့ ဒုက္ခနဲ့ အန္ဒရာယ်ကိုမမြင်ဘဲ လျှပ်စစ် အလကား ၁၀% ရဘို့လောက်သာ မြင်တဲ့ အလကား လျှပ်စစ်ဝန်ကြီး ဇော်မင်း သိထားဘို့က ``ဧရာဝတီရောဂါ မကလို့ ဧရာဝတီရူး တယ်ဘဲ ခေါ်စမ်းပါစေ..တပ်မတော်သားများအပါအဝင် မြန်မာနိုင်ငံသား သန်း ၅၀၊ လုံး ဧရာဝတီရောဂါ နိုင်ငံတော် ကိုချစ်တဲ့ ရောဂါ ရှိနေဘို့ဘဲ လိုအပ်ပါတယ်။ ဧရာဝတီကို ပြည်ပရောင်းစား ပြီး ကိုယ်ကျိုးရှာတဲ့ နိုင်ငံသားဆိုးမျိုး တယောက်မှ မလိုချင်ဘူး၊``
    မွန်မြတ်တဲ့ .. ဒို့တာဝန် အရေးသုံးပါး…. ဒီ..ဒို့တာဝန် အရေးသုံးပါးကို မျက်စေ့ စုံမှိတ်ပြီး လိုက်နာနေကြရရှာတဲ့ တပ်မတော် အဖွဲ့အစည်းအတွင်းက အရာရှိနဲ့ စစ်သည်အပေါင်းတို့… ၊ လူ့အသိဥာဏ်ကို အသုံးချ ပြီးလေးလေးနက်နက် စဉ်းစား ကြည့်ရအောင်..
    ဒို့တာဝန် အရေးသုံးပါးမှာ…
    ၁။ ပြည်ထောင်စု မပြိုကွဲရေး။ ( အစိုးရနဲ့ ပြည်သူအားလုံး တစိတ်တဝမ်းတည်းရှိရေးအတွက် ဒီမြစ်ဆုံဆည်စီမံကိန်းကို ရပ် ပစ်ရပါမယ်၊)
    ၂။ တိုင်းရင်းသား စည်းလုံးမှု မပြိုကွဲရေး။ ( ကချင်တိုင်းရင်းသားများနဲ့ ကျန်မြန်မာနိုင်ငံသားအားလုံးတို့ စည်းလုံးမှုအတွက် ဒီမြစ်ဆုံဆည်စီမံကိန်းကို ရပ် ပစ်ရပါမယ်၊)
    ၃။ အချုပ်အချာ အာဏာ တည်တန့် ခိုင်မြဲရေး။ ( ဗျူဟာမြောက် ကျူးကျော်စော်ကားမှုရဲ့ အစဂိတ်ပေါက်တံခါးဝ ဖြစ်တဲ့ ဒီမြစ်ဆုံဆည်စီမံကိန်းကို ရပ် ပစ်ရပါမယ်၊)
    ဒီတာဝန်တွေကို တပ်မတော်သားတွေနဲ့ အတူ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အန္ဒရာယ်ကြီး ဝင်ဝင်လာတာ မြင်နေရပြီလေ။ နိုင်ငံတော်ကို အသိဥာဏ်နဲ့ ယှဉ်ပြီး အတူ ပူးပေါင်းကာကွယ်ကြရပါမယ်။
    အချိန်မရှိတော့ဘူး။ အမြန် ပါဝင် နိုးထ ကြတော့ဟေ့ ။
    ဦးစိန်၊ ဂျပန်။

    ReplyDelete
  9. ဦးစိန်၊ ဂျပန်။ ပြောတာအမှန်ကန်ဆုံးပါပဲ.တသက်လုံးပြည်သူ့ဘက်မပါခဲ့တဲ့တပ်မတော်ဟာ.ယနေ့အင်မတန်အရေးကြီးနေတဲအချိန်ရောက်နေပီမို့.ဒီတချိန်ဒီတခါလောက်တော့.ပြည်သူ့ဘက်ကရပ်တည်သင့်နေပါပီ.အမဲစက်ထင်နေတဲ့မြန်မာ့တပ်မတော်ကိုမင်းအောင်လှိုင်နဲ့တကွ.အရာရှိအရာခံအကြပ်တပ်သာများအားလုံးဒီမြစ်ဆုံစီမံကိန်းကိုအမြန်ဆုံးကာကွယ်ပေးကြဖို့လိုနေပါပီ.ပြည်သူ့တပ်မတော်မို့ပြည်သူ့ဆန္ဒတွေကိုအလေးထားပေးပါလို့တိုက်တွန်းပါရစေ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။