Pages

Wednesday, September 14, 2011

မြစ်ဆုံဆည် စီမံကိန်းမှ ကြားပွဲစားများအကြောင်း တစေ့တစောင်း...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေရဲ့ သားမက်ဇော်ဖြိုးဝင်း
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေရဲ့ သားမက်ဇော်ဖြိုးဝင်းဟာ ယူနန်ပြည်နယ် ကူမင်းမြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး... နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်..။ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလုပ်ငန်း၊ ကူမင်း၊ မြစ်ကြီးနား ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများနဲ့ ဆိပ်ကမ်း တည်ဆောင်ရေး လုပ်ငန်းများ အတွက် တရုတ်မှ ယွမ်ငွေ သန်း၁၂၀ အကူအညီပေးဖို့နဲ့ လက်ရှိတည်ဆောက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတွေအတွက် စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်...။ ဒီလိုအရေးကြီးတဲ့ စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အမြင့်ဆုံးအာဏာပိုင် မြန်မာသံအမတ်ကြီးက လက်မှတ်ရေးထိုးတာ မဟုတ်ပဲ ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်းက လက်မှတ်ရေးထိုးခဲ့တာပါ..။

 ယူနန်ပြည်နယ် ကူမင်းမြို့တော်ဝန်နဲ့ တရုတ်ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်း
ကြပ်ပြေး နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဦးဇော်ဖျင်းရဲ့ ဧရာဝတီနဲ့ ပတ်သက်ပြီး လူထုကို ပမာမခန့် စော်ကားသွားခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်...။ အဆိုပါ ပြောကြားချက်တွေထဲက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာ အနှစ်သုံးဆယ် စီမံကိန်းအတွက် ကြားပွဲစားတွေက တနှစ်ကို သန်း၂၅၀ရမှာ ဖြစ်ပါတယ်..။ ကြားပွဲစား ဘယ်သူတွေဖြစ်နိုင်မယ် ဆိုတာ စဉ်းစား ကြည့်ပါ...။ အေရှဝေါလ် ကုမ္ပဏီပိုင်ရှင် ဘိန်းဘုရင် လော်စစ်ဟန်သား ဦးထွန်းမြင့်နိုင်နဲ့ ဒီစီမံကိန်းမှာ အဓိက တာဝန်ယူ ပေးနိုင်တဲ့ သူကတော့  ဒီယုံမြင်လို့ ဒီချုံထွင်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် အဖြစ် ၂၀၀၈ခုနှစ်ကတည်းက  ခန့်အပ်စေလွှတ်ခဲ့တဲ့ ဗိုလ်သန်းရွှေ သားမက်... ဦးဇော်ဖြိုးဝင်းဖြစ်ပါတယ်...။  လက်ရှိ ဗိုလ်သန်းရွှေတို့ရဲ့ မတရားရယူထားတဲ့ ပြည်သူ့ဘဏ္ဍတွေကိုလည်း တရုတ်ပြည်မှာ အဓိက စီမံခန့်ခွဲ ထိန်းသိမ်းပေးနေသူလို့ ဆိုပါတယ်...။ ဗိုလ်သန်းရွှေတို့ အာဏာလက်လွတ်ပြီး နောက်ကွယ်က စီမံခန့်ခွဲနေချိန်အထိ အနှစ်(၃၀) စားမကုန်နိုင်အောင် ဆက်လက် ဂွင်ထွင်ခဲ့တာပါ။ 

၂၀၁၀ခုနှစ် စက်တင်ဘာလက ဗိုလ်သန်းရွှေရဲ့ တရုတ်ပြည်သို့ နောက်ဆုံးသွားရောက်တဲ့ ခရီးစဉ်မှာ မြစ်ဆုံဆည် စီမံကိန်းအား အပြီးသတ် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်...။ ဒီစီမံကိန်းတွေမှာ အဓိက သက်ဆိုင်နေသူ တစ်ဦးကတော့ ယခုလျှပ်စစ်ဝန်ကြီး ဦးဇော်ဖျင်းပါပဲ...။ နောက်ခံအားမရှိပဲနဲ့ ဒီလို လက်လွတ်စံပယ် ပြောဖို့ဆိုတာကတော့ လွယ်လှတဲ့ကိစ္စ တခုမဟုတ်ပါဘူး..။ ပေးပို့လာတဲ့ သတင်းတွေအရ အဆိုပါ လျှပ်စစ်ဝန်ကြီးဦးဇော်ဖျင်းမှလည်း ပွဲစားခရရှိတဲ့ ၅ဦးကော်မတီမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်...။ အေရှဝေါလ်၊ ဦးဇော်ဖြိုးဝင်း၊ ဦးဇော်ဖျင်းနဲ့ ကျန်တဲ့ ၂ဦးကတော့ တရုတ်ပွဲစားကုမ္ပဏီများလို့ ဆိုပါတယ်...။ 

Eleven Media Group မှာပါရှိတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။
မဂ္ဂါဝပ် ၄၀၀၀မှ ၆၀၀၀သို့ ပြောင်းလဲ လိုက်တာဟာလည်း လောဘအသောမသတ်နိုင်တဲ့ မရိုးသားတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်...။ အဓိကတရားခံကတော့ တိုင်းပြည်ကို နောက်ဆုံး အာဏာလက်လွတ်ချိန်အထိ လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ ဗိုလ်သန်းရွှေ မိသားစုပါပဲ...။ ဒီလုပ်ငန်းစဉ်တွေကို အရှေ့က ဒိုင်ခံဖြေရှင်း ပေးနေသူကတော့ မြစ်နဲ့ချောင်းတောင် ခွဲခြားမသိပဲ ဘီလူးချောင်းနဲ့ ဧရာဝတီမြစ်ကို နှိုင်းယှဉ် ဝေဖန်သွားတဲ့ မြန်မာနိုင်ငံမှာ မိမိလောက် သိသူတတ်သူ မရှိဘူးဆိုသူ ဘီလူးခေါင်းဆောင်း.. ပြိတ္တာ ဦးဇော်ဖျင်းပါပဲ...။ (ဧရာဝတီအတွက် မခံစားနိုင်လို့ ရိုင်းရင် ခွင့်လွှတ်ပါ)။ စကားချပ်အနေနဲ့ ဘီးလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း အမှတ်(၃)အား မြန်မာပြည်ရဲ့ စီးပွားရေးဘီလူး ဦးတေဇနဲ့ တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီတို့ ပြီးခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့ပါတယ်...။ ဒီဧရာဝတီ မြစ်ဆုံစီမံကိန်းတွေဟာ ၂၀၀၆ခုနှစ်မှ တရားဝင် စာချုပ်စာတန်းတွေ လက်မှတ် ရေးထိုးခဲ့ ကြပေမယ့် ၁၉၉၆ခုနှစ်ကတည်းက ပမာဏတိုင်းတာ၊ လေ့လာမှုတွေ ပြုလုပ်ခဲ့ဘူးတယ်လို့ ဆိုပါတယ်...။

ဦးဇော်ဖျင်းရဲ့ တာဝန်မဲ့ ပြောကြားချက်တွေကတော့ ၂၃နှစ်လုံးလုံး ခေါက်ရိုးကျိုးနေတဲ့ အာဏာရှင်တွေရဲ့ ရိုင်းစိုင်း စော်ကားမှုတွေပါပဲ...။ ၂၃နှစ်လုံးလုံး တာဝန်မဲ့ သူတပါးအပေါ်လက်ညှိုးထိုး ပြောဆိုနေကျ လေသံအတိုင်း မည်သူကြောင့်၊ မည်သည့်အဖွဲ့ကြောင့် Sanctionကြောင့်ဆိုတဲ့ စတဲ့စကားများကို တွင်တွင်သုံးလို့မှ အားမရ သက်မဲ့ ဧရာဝတီမြစ်ကြီးအားလည်း စီးချင်တဲ့နေရာ လျှောက်စီးနေသည်ဟု မှတ်သားဖွယ် လက်ညှိုး ထိုးခဲ့ပြန်ပါတယ်...။ အာဏာရှင်တွေကတော့ ပြည်သူကို ပရမ်းပတာ စကားတွေနဲ့ စိန်ခေါ်လိုက်ပြန်ပါပြီ...။ ပြီးခဲ့တဲ့လပိုင်းများက တချို့က ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်း ခေတ္တရပ်ဆိုင်းထားတယ် ဆိုတဲ့အသံတွေ ထွက်လာတဲ့အချိန်မှာ ကျွန်တော့်ဘလော့ဂ်မှာ တရုတ်ကုမ္ပဏီတစ်ခုရဲ့ သြဂုတ်လကုန်ပိုင်းက မြစ်ဆုံဆည်အတွက် တင်ဒါခေါ်စာကို တင်ပြခဲ့ပါတယ်...။ လက်ရှိမြစ်ဆုံဆည် လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ကိုင်နေတာပါ...။ ပွင့်လင်းရာသီရောက်ရင် ဒီထက်မြန်မြန်ဆန်ဆန် လုပ်နိုင်အောင် စီမံကိန်းတွေ ချထားတယ်လို့ ဆိုပါတယ်...။

ပုပ္ပားမီးတောင် တခါပေါက်ခဲ့တဲ့အတွက် နှစ်သန်းပေါင်းများစွာက ဖြစ်တည်ခဲ့တဲ့ ဧရာဝတီမြစ်ကြီးဟာ လမ်းကြောင်း ပြောင်းသွားရုံကလွဲပြီး နှစ်သန်းနဲ့ချီပြီး ကြံ့ကြံ့ခံ စီးဆင်းကာ မြန်မာပြည်သူ ပြည်သားတွေအတွက် အကျိုးပြုနေတာ ယနေ့အထိပါပဲ...။ ကမ္ဘာမှာ အရှည်ဆုံး ရေချိုမြစ်တွေထဲမှာ ယနေ့ထက်တိုင် သန့်ရှင်းတဲ့ မြစ်တခုအဖြစ်  ရပ်တည်ဆဲဖြစ်သလို၊ အရှေ့တောင်အာရှရဲ့ အရှည်ဆုံး မြစ်တွေထဲမှာ ရေကာတာ ဆောက်လုပ်ထားချင်းမရှိပဲ ကျန်နေသေးတဲ့  တစ်ခုတည်းသော မြန်မာပြည်ဖွား  မြစ်ကြီးဖြစ်ပါတယ်..။ ပုပ္ပားမီးတောင် ပေါက်ကွဲတာတောင် ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ အမိဧရာဝတီမြစ်ကြီးကို ဘာမဟုတ်တဲ့ တိုင်းတပါးသား ပြည်ပပယောဂနဲ့ ဘယ်သူသေသေ ငတေမှာ ပြီးရောဆိုတဲ့ စစ်အာဏာရှင်တွေ လက်ထဲမှာ  ကျွန်တော်တို့ အမိဧရာဝတီကို အဆုံးအရှုံးမခံနိုင်ပါဘူး။ စစ်အာဏာရှင် စံနစ်အောက်မှာ သက်မဲ့ အမိဧရာဝတီဟာလည်း အလူးအလဲ ကြံ့ကြံ့ခံနေရတာပါ..။ ကျွန်တော်တို့ မြန်မာ့သမိုင်းဖြစ်တည်မှုနဲ့ အတူ အမိဧရာဝတီကိုလည်း မြန်မာ့သမိုင်း စာမျက်နှာတွေပေါ်မှာ မြန်မာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ အမြဲဖြစ်တည်ရှိ နေရမှာပါ...။

အမိဧရာဝတီကို ကယ်တင်ရေးနဲ့ ထာဝရရှင်သန်ရေးဟာ ကျွန်တော်တို့ အားလုံးရဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်...။ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားအားလုံး ကျရာနေရာက ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်...။

ဒီမိုဝေယံ....

12 comments:

  1. mee ma lar yin lae a pyit pyaw, ko ko taine kya tot lae mee ya ag ma loat naing fu, a khu tha yout ka tha naing ngan lone mee ya ag loat pay mel sol tot lae ,, ma nar lo won to phit...tha yote gyi ka min tot apay ma ma hote tar thi lout myar tae a yin a nee site htar ma tot a yin kyay pee ,, a myat nal nal ya ma loat mar pop kwa...min tot akhu sar ma tat kya fu,, mee lar yin min tot kalay twe mee nalt sar gyi ya mel bin nyar tat twe phit lar mel kaung fu lar kwa..ko ma loat naing yin thu myar ko loat kaing ya tel..tha lway phin kaung loat lo ya pu kway.......mat htar kya naw.

    ReplyDelete
  2. နိုင်ငံတနိုင်ငံတိုးတက်တယ်. မတိုးတက်ဘူးဆိုတာ. အဲဒီနိုင်ငံကို
    အုပ်ချုပ်တဲ့အစိုးရရဲ့. စံနစ်အပေါ်မှာဘဲမူတည်တယ်။အုပ်ချုပ်တဲ့
    အစိုးရရဲ့တာဝန်ဘဲဖြစ်တယ်။. ဟိုလူ့ကြော င့်. ဒီလူ့ကြောင့်. ဟို
    အဖွဲ့ကြောင့်. ဒီအဖွဲ့ကြောင့်. ဆိုပြီးဆင်ခြေပေးလို့မရဘူး။
    လဖေထ
    ညခ၄.

    ReplyDelete
  3. ဧရာဝတီမြစ်ဆုံကိစ္စ နဲ.ပါတ်သက်ပြီး တရုတ်ခေါင်းဆောင်ပိုင်းတွေက စစ်တလင်းမှာ စစ်ခင်းသလို သဘောထား ဆောင်ရွက်ရန် သူ.လူတွေကိုညွှန်ကြားကြောင်း တရုတ် မီဒီယာတွေမှာဖော်ပြတယ်လို. တရုတ်ဘာသာ တတ်ကျွမ်းတဲ. ပုဂ္ဂိုလ် တယောက် ကပြောပါတယ်။ ဟုတ်မဟုတ် လေ.လာကြည်.ဘို.လိုပါတယ်။

    ReplyDelete
  4. တကယ်တော့ဇော်ဖြိုးဝင်းဟာ သူခေါင်းခံထားရတဲ့ကလေးရဲ့အဖေကိုရှာဖို့
    အတွက်တရုပ်ပြည်ကိုရောက်နေတာပါ။
    ခက်တာကသန်းရွှေသမီးကိုဆော်သွားတဲ့တရုပ်တွေထဲမှာဘယ်ကောင့်ရဲ့သွေး
    ဖြစ်မလဲဆိုတာစုံစမ်းရခက်နေတယ်။
    သန်းရွှေက ဧရာဝတီမဆိုထားနဲ့သူ့အကျိုးအတွက်ဆိုရင်သူ့သမီးကိုတောင်
    ဘယ်တရုပ်ဆော်ဆော်ရတယ်။ဇော်ဖြိုးဝင်းကယ်လို့သူ့သမီးလင်ကောင်ပေါ်
    တာ၊အခုကျေးဇူးတင်လွန်းလို့တရုပ်ပြည်ပို့ထားတာ။

    ReplyDelete
  5. သန်းရွှေက ဧရာဝတီမဆိုထားနဲ့သူ့အကျိုးအတွက်ဆိုရင်သူ့သမီးကိုတောင်
    ဘယ်တရုပ်ဆော်ဆော်ရတယ်။ဇော်ဖြိုးဝင်းကယ်လို့သူ့သမီးလင်ကောင်ပေါ်
    တာ၊အခုကျေးဇူးတင်လွန်းလို့တရုပ်ပြည်ပို့ထားတာ။ဟုတ်မဟုတ်
    လေ.လာကြည်.ဘို.လိုပါတယ်။ကိစ္စ နဲ.ပါတ်သက်ပြီး တရုတ်ခေါင်းဆောင်ပိုင်းတွေ ကပြောပါတယ်။

    ReplyDelete
  6. အာဏာရှင်တွေကတော့ ပြည်သူကို ပရမ်းပတာ စကားတွေနဲ့ စိန်ခေါ်လိုက်ပြန်ပါပြီ...။
    စက်တင်ဘာဦးနေ( အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ)

    ReplyDelete
  7. ရှရုက ကောင်လေးတွေ အသံပိတ်နေကြပါလား ဒင်းတို့လဲဧရာဝတီရောဂါသည်တွေနဲ့တူပါရဲ့.။

    ReplyDelete
  8. ရှရုကသူခိုးလောင်းတွေ ဂွင်တော့ပျက်တော့မယ်ဆိုပီး စိတ်ပျက်ပျက်နဲ့ငြိမ်နေတာပါ.သွားမဆွပါနဲ့တောင်ကြာထဟောင်နေဦးမယ်..

    ReplyDelete
  9. ဝမ်စွေ့(ပီကင်း)September 15, 2011 at 1:29 AM

    ဧရာဝတီကိစ္စနဲ့ပတ်သက်ပြီးစီမံကိန်းကို. နှောက်ယှက်တဲ့သူတွေကို
    ရှင်းလင်းဘို့. ဇော်ဖြိုးဝင်းနဲ့ တရုတ်ကုမ္ပဏီတို့. က တရုတ်မြေအောက်
    လူဆိုးဂိုဏ်း. ကို. ငှားရမ်းအသုံးပြုနိင်လို့ နာမည်ကြီးဧရာဝတီဆန့်ကျင်
    ရေးသမားတွေ. ဂရုစိုက်ပြီး. နေထိုင်သွားလာစေချင်ပါတယ်။

    ReplyDelete
  10. "တကယ်တော့ဇော်ဖြိုးဝင်းဟာ သူခေါင်းခံထားရတဲ့ကလေးရဲ့အဖေကိုရှာဖို့
    အတွက်တရုပ်ပြည်ကိုရောက်နေတာပါ။
    ခက်တာကသန်းရွှေသမီးကိုဆော်သွားတဲ့တရုပ်တွေထဲမှာဘယ်ကောင့်ရဲ့သွေး
    ဖြစ်မလဲဆိုတာစုံစမ်းရခက်နေတယ်။
    သန်းရွှေက ဧရာဝတီမဆိုထားနဲ့သူ့အကျိုးအတွက်ဆိုရင်သူ့သမီးကိုတောင်
    ဘယ်တရုပ်ဆော်ဆော်ရတယ်။ဇော်ဖြိုးဝင်းကယ်လို့သူ့သမီးလင်ကောင်ပေါ်
    တာ၊အခုကျေးဇူးတင်လွန်းလို့တရုပ်ပြည်ပို့ထားတာ။"

    ကလေးအဖေကသမတ ..ဝူချင်တောင်းဘဲ..သန်းရွှေတရုတ်ပြည်သွာတုံးက သူ့သမီးနဲ့ ဝူချင်တောင်းနဲ့တစ်ညပေးအိပ်ခဲ့တာလေ.

    ReplyDelete
  11. ဧရာဝတီကိစ္စ ၀ိုင်းဝန်းကာပင် ကန့်ကွက်ကြ

    ReplyDelete
  12. ဒီမြစ်ဆုံ ရေကာတာ မှရရှိတဲ့ အကျိုးစီးပွား ခွဲဝေရာမှာ တရုပ်က ၇၀%၊ မြန်မာနိုင်ငံ (လူသန်း ၅၀၊ကျော်)က ၂၀%၊ နဲ့ ပွဲစားကုမ္မဏီ (လူ ၅၀-ခန့်)က ၁၀% ၊ ခံစားခွင့် ရကြမှာ ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့်ရအောင်။ (ဥပမာ) တနှစ် ဒေါ်လာ သန်း ၁၀၀ ဆိုပါစို့၊ မြန်မာနိုင်သား တဦး (ဒေါ်လာ သန်း ၂၀ ကို လူ သန်း၅၀ နဲ့စားလျှင်) ဆင့် ၄၀ ။ ပွဲစား တဦး ( ဒေါ်လာ ၁၀ သန်း ကို လူ ၅၀ နဲ့စားလျှင်) ဒေါ်လာ ၅ သိန်း ရပါမယ်။ ဒီတော့ နိုင်ငံ အကျိုးပြု ဒီ ဧရာဝတီ မြစ်ကြီး ထိခိုက်အနာတရခံပြီးမှ လူ့ငမိုက် ဗိုချုပ်ကြီးတွေရဲ့မိသားစု ပွဲစား တစုနဲ့ သူတို့သခင် တရုပ်ပြည် ကောင်း စား ရေး အတွက် ငါတို့ တိုင်းရင်းသားတွေ၊ စစ်သားလူငယ်များ အပါအဝင် မြန်မာနိုင်ငံသာား အားလုံး နဲ့ နိုင်ငံတခုလုံး က အနာခံပေး ရမယ်တဲ့လား……၊ ရာဇဝင် ရိုင်း သွား မယ်။

    ဦးစိန်၊ ဂျပန်၊

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။