Pages

Monday, September 12, 2011

ယနေ့ ညနေ ၅နာရီခွဲက ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာတဲ့ သီးလေးသီးအဖွဲ့သားများ (ဓာတ်ပုံ၊ သတင်း)

ယနေ့ညနေပိုင်းက သီးလေးသီးခေါင်းဆောင် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီးနဲ့  ဇီးသီးတို့ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပါတယ်..။ ပြည်တော်ပြန်တာ မပြန်တာ သက်ဆိုင်သူတွေရဲ့ ခံယူချက်နဲ့ လွတ်လပ်ခွင့် ဖြစ်တဲ့အတွက် မည်သို့မျှ မပြောဆိုလိုပါ..။

သီးလေးသီးဟာ ပြည်တွင်း၊ ပြည်ပအခြေအနေနဲ့ ပြည်ပက နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခြေအနေကို အသိဆုံးဖြစ်ပါတယ်...။ ခံယူချက် ပြောင်းမပြောင်း ဆိုတာကတော့ အချိန်က အဖြေပေးပါလိမ့်မယ်...။ ကျွန်တော်တို့ ပြည်တွင်းမှာ ရောက်ရှိနေတဲ့အတွက် အခြေအနေကို နားလည်ပေးပါဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကိုတော့ လက်ခံနိုင်မှာ မဟုတ်ပါ...။ လက်ရှိပြည်တွင်း၊ ပြည်ပ အားလုံးက မျက်စိဖွင့်၊ နားဖွင့် စောင့်ကြည့်နေပါတယ်။ ပြည်သူဘက်သား ဂေါ်ဇီလာအဖြစ်ပဲ မြင်ချင်ပါတယ်...။  ရာသီအလိုက် အရောင်ပြောင်းတတ်ပြီး ပြောသမျှ ခေါင်းညိတ်တတ်တဲ့ ဖွတ်နဲ့ အမျိုးတူ ပုတ်သင်ညိုဘဝ အဖြစ်တော့ မမြင်တွေ့လိုပါ..။

ပြည်တွင်းက ပေးပို့လာတဲ့ သတင်းအရ နောင် ၂ပတ်အကြာမှာ ကျန်တဲ့ အဖွဲ့ဝင်များ ပြန်လာမယ်လို့ ဂေါ်ဇီလာက ပြောဆိုသွားတယ်လို့ ဆိုပါတယ်...။ သီးလေးသီး အဖွဲ့သား တစ်ဦးဖြစ်တဲ့ ကိုပန်းသီးကတော့ ဆရာဖြစ်သူ ကိုဇာဂနာပြန်လွတ်လာမှ ပြန်မယ်လို့ သတင်းဋ္ဌာနများကို ပြောဆိုထားပါတယ်..။

သတင်း၊ ဓာတ်ပုံ ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

8 comments:

  1. စိန်တာရာဆွေSeptember 12, 2011 at 2:56 AM

    ဟုတ်ကဲ့ခင်ဗျာ -
    (၁) ကျွန်တော်တို့ ပြည်တွင်းမှာ ရောက်ရှိနေတဲ့အတွက် အခြေအနေကို နားလည်ပေးပါဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကိုတော့ လက်ခံနိုင်မှာ မဟုတ်ပါ...
    (၂)ရာသီအလိုက် အရောင်ပြောင်းတတ်ပြီး ပြောသမျှ ခေါင်းညိတ်တတ်တဲ့ ဖွတ်နဲ့ အမျိုးတူ ပုတ်သင်ညိုဘဝ အဖြစ်တော့ မမြင်တွေ့လိုပါ..။
    ဆိုတဲ့အချက် ၂ ချက်ကတော့ ဒီမိုဝေယံ အယ်ဒီတာ့ အာဘော်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ သီးလေးသီးအဖွဲ့ဇတ်ဂေါင်းကွဲနေတာကို အားလုံးသိကြမှာပါ၊ အခု ဂေါ်ဇီလာနဲ့ သီးလေးသီးအဖွဲ့သားဟောင်းအချို့ ပြည်တော်ပြန်သွားရခြင်းဟာလဲ အထက်ကဖေါ်ပြတဲ့ အယ်ဒီတာ့အာဘော်လို ပြည်တွင်းမှာနိုင်ငံရေးလဲလုပ်နိုင်မယ်မထင်ပါ၊ ပြည်ပမှာဆက်လက်ရပ်တည်ဖို့အခြေအနေမလွယ်ကူတာတကြောင်း၊ အဖွဲ့ဇတ်ဂေါင်းကွဲနေတာတကြောင်းတို့ကြောင့် နောက်ဆုံးအဆင့်မှာ ဖျာခင်းပြီး ပြည်တွင်းပြန်ဝင်သွားတာပဲဖြစ်နိုင်ပါတယ်၊ ကျန်တဲ့တဲ့ ၃ ဦးကတော့ ရန်သူဆီ ဘယ်တော့မှ ဒူးထောက်မည့် သူတွေ မဟုတ်ဖူး ကိုသူရဂုဏ်ယူနေမယ့် အဖွဲ့ဖြစ်ပါလိမ့်မယ်လို့ ထင်ပါကြောင်း။

    ReplyDelete
  2. "သီးလေးသီးအဖွဲ့ကြီး" မြန်မာပြည် ပြန်တယ်လို့တော့ ပြောလို့မရပါ


    သီးလေးသီးထဲက ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ၊ သူတို့လည်း ပြန်ကြမှာလား

    မိုးမခ၊ စက်တင်ဘာ ၁၀၊ ၂၀၁၁


    မေး ။ ။ ခုတလော သီးလေးသီး အဖွဲ့ ပြည်တော်ပြန်ဝင်မယ်ဆို့ တဲ့သတင်းတွေကြားနေရတာကို မေးချင်လို့ပါ။

    ကြယ်သီး ။ ။ ကျနော်တို့တော့ လောလောဆယ်ပြန်ဘို့ အစီစဉ် မရှိသေးပါဘူး။


    မေး ။ ။ သီးလေးသီးအဖွဲ့သားတချို့တော့ ပြန်မယ်ဆိုတာ ဟုတ်လားခင်ဗျ။


    ကြယ်သီး ။ ။ အဲဒီအတွက်တော့ အတိအကျမသိဘူးခင်ဗျ။ ပြောသံတွေကြားတာတော့ အစုံပဲ။

    မေး ။ ။ ဒါနဲ့ ခင်ဗျားတို့က မြန်မာပြည်မပြန်သေးဘူးဆိုတော့ ဘယ်လိုအကြောင်းကြောင့် မပြန်သေးတာလဲ။


    ပန်းသီး ။ ။ ပထမအချက်က ကျနော်တို့အစ်ကိုဆရာ ကိုဇာဂနာနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးပါဘူး။ အဲ့ဒီတော့ ကျနော်တို့အနေနဲ့  သူတို့တွေ လွတ်မြောက်တာကို လိုချင်၊ တွေ့ချင်ပါတယ်။

    ဒုတိယအချက်က တိကျတဲ့ ဥပဒေတွေလဲ မထုတ်ပြန်သေးဘူးလေ။ အဲဒါကြောင့် ပြန်ဘို့ကိစ္စကို မစဉ်းစားသေးတာပါ။ ပြန်သင့်တဲ့ တနေ့ ကျရင်တော့ ပြန်မှာပေါ့ဗျာ။


    မေး ။ ။ တကယ်လို့ အတူ တွဲလုပ်ခဲ့တဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တွေ ပြန်မယ် ဆိုရင်ကော ဘာများပြောချင်ပါသလဲ။

    ပန်းသီး ။ ။ ဘာမှပြောစရာမရှိပါဘူး။ ကိုယ်ခံယူချက်နဲ့ကိုယ် လုပ်နေကြတာလေ။ ပြီးတော့ ရန်သူတွေလဲ မဟုတ်ခဲ့ကြတော့။ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာ ပြောဘို့မရှိသလို ကန့်ကွက်ဘို့လဲ မရှိပါဘူး။ သူတို့လဲ သူတို့လျောက်မယ့်လမ်း လွတ်လပ်စွာ ရွေးကြတယ်လို့ပဲ ပြောချင်ပါတယ်။


    မေး ။ ။ သီးလေးသီးအဖွဲ့ ပြန်မယ်၊ မပြန်ဘူး ပြောနေကြတာကိုကော ဘာများ ပြောစရာရှိသေးလဲ။

    ကြယ်သီး ။ ။ဟုတ်ကဲ့။ သီးလေးသီးအဖွှဲကြီး မြန်မာပြည်ပြန်တာကတော့ လုံးဝ မဟုတ်သေးပါဘူး။ ကိုယ့်သဘော ကိုယ်ဆန္ဒနဲ့တချို့ ပြန်ကြတဲ့သူတွေတော့ ရှိကြမှာပါ။ အဲဒါကို သီးလေးသီးအဖွဲ့ကြီး ပြန်တယ်လို့တော့ ပြောလို့မရပါဘူး။


    မေး ။ ။ ပရိတ်တွေကို ဘာများပြောချင်ပါသေးလဲ။

    ကြယ်သီး ။ ။ ကျနော်တို့တွေ မိဝေး၊ ဖဝေး စားဝတ်နေရေးအခက်အခဲ မျိုးစုံကြားကနေ အနုပညာလမ်းကြောင်းကို ရှိတဲ့အင်အား၊ ရှိတဲ့ခွန်အားတွေနဲ့ ကြိုးစားပြီး ရိုးသားစွာနဲ့  ဆက်လက် လျောက်လှမ်းသွားမှာပါ။


    မေး ။ ။ ကိုဇာဂနာကိုကော ဘာပြောချင်ပါသေးလဲ။

    ပန်းသီး ။ ။ အစ်ကိုဆရာ အမြန်ဆုံးလွတ်မြောက်ပါစေ။ ကျနော်တို့ မြန်မာပြည်ပြန်ရောက်တဲ့နေ့ မင်္ဂလာဒုံလေယဉ်ကွင်းကြီးမှာ ဘယ်သူ့ကိုမှ လေယာဉ်ကွင်းမှာ သွားကြို၊ သွားပို့ မလုပ်ဘူးတဲ့ အကိုဆရာကို တွေ့ချင်ပါတယ်ဗျာ။

    ReplyDelete
  3. နောက်တခုလည်း ဖြစ်နိုင်သေးတယ်ဗျ။
    အထက်ကပြောသလိုပဲ သီးလေးသီးက ပြည်တွင်းပြည်ပ အခြေအနေတွေကိုအသိဆုံးပဲဆိုတာလေ။
    ပြည်ပ မှာတွေ့နေရတဲ့ အတိုက်အခံ ဆိုတာတွေကို သဘောမကျနိုင်တာလည်း ဖြစ်နိုင်တယ်လေ။
    ပြည်ပက အတိုက်အခံတွေ ရဲ့ လုပ်ပုံကိုင်ပုံ နေပုံထိုင်ပုံ
    ဒီမိုကရေစီရေး ကြိုးစားမှု ၊ မြန်မာပြည်ကြီး ကောင်းစားအောင်
    ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ ...ဒါတွေဒါတွေ အပေါ်မှာ သံသယ ဖြစ်ပြီး... ပြည်ထဲပြန်ဝင်ပြီး တတ်နိုင်သလောက်
    ကိုယ့်တိုင်းပြည်ကောင်းစားရေးပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီအရေးပဲဖြစ်ဖြစ်
    လုပ်တာက ပိုနီးစပ်လိမ့်မယ်လို့ ယူဆပြီး ပြန်တာလဲ ဖြစ်နိုင်ပါတယ်။

    ReplyDelete
  4. so desu ne! ဒီလိုပဲဖြစ်ကြပါစေ.......။
    vvk mergui.

    ReplyDelete
  5. ဂျပန်မှာ REFUGEE ကလဲ ဘယ်တော့မှ ရမှန်းမသိ၊ တနေ့ ရွှေ တနေ့ငွေ။ ရလဲမထူးပါ။ ပိုက်ဆံဈေးတွေကလဲ မကောင်း။ ယန်း ၁၂၀၀၀ မြန်မာငွေ တစ်သိန်းဆိုလားဘဲ။ ဒီမှာလုပ်နေလို့  ဘာထူးမှာလဲ။ ကိုယ်နဲ့ အတူတူ နိုင်ငံခြားသွားဖို့  ကြိုးစားတုံးက ကျန်ခဲ့တဲ့သူတွေ ဟိုမှာသူဌေး ဖြစ်နေပြီ။ ကားပါမစ်ရပြီးရင် ပြန်မယ်။

    ReplyDelete
  6. ဟန်မလားလို့  ကန်သွားပါတယ် မဟန်တော့ ပြန်ပြီပေါ့။

    ReplyDelete
  7. လူတိုင်းမှာကိုယ့်အခက်အခဲနဲ့ကိုယ်။
    ကိုယ့်အခြေအနေကိုယ်သာအသိဆုံး။

    ဘယ်သူကအရဲစွန့်ပြီးပြန်ချင်ပါ့မလဲ။

    သူများကိုမဝေဖန်ခင်၊ကိုယ်ဘာကောင်လဲဆိုတာ
    အရင်ပြန်ကြည့်လိုက်ပါအုံး။

    သီးလေးသီးမှာ၊ဘာဘဲဖြစ်ဖြစ်သမိုင်းရှိတယ်။
    အခုဝေဖန်သလိုလိုနဲ့
    အတင်းပြောနေတဲ့သူတွေက၊ဘာကောင်တွေလဲ။

    ReplyDelete
  8. သမိုင်းရှိတဲ့ သီးလေးသီး ဂေါ်ဇီလာ ကိုဒီမိုပြောသလို ပုတ်သင်ညိုဖြစ်သွားပါလား

    ကျွန်တော့်အနေနဲ့ပြောရရင် အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြတာ။

    တိုင်းပြည်ဒီမိုကရေစီရအောင် လုပ်ပေးမယ်ဆိုပြီး လုပ်စားနေကြတာ။ အကျိုးရှိစေတဲ့ ကိစ္စ

    သိပ်မလုပ်ဘဲ မအပ်စပ်တဲ့ ကမ်ပိန်းတွေလုပ်ပြီး အလှူရှင်တွေဆီက ပိုက်ဆံတွေယူပြီး

    ပြည်ပမှာ သုံးဖြုန်းကြပေါ့ဗျာ။ နိုင်ငံရေးလုပ်တဲ့နေရာမှာ အားလုံးက ကိုယ့်နိုင်ငံ တကယ်

    တိုးတက်စေချင်တဲ့ သူတွေချည်းပဲ။ တကယ်တိုးတက်စေချင်တယ်ဆိုရင် အရာမရောက်တဲ့

    အလုပ်တွေကို မလုပ်စေချင်ဘူး။ ထင်ပေါ်ကျော်ကြားအောင် မဟုတ်တာတွေ လုပ်နေကြတာ

    သြော်လုပ်ဟ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။