Pages

Sunday, September 18, 2011

လေးနှစ်ပြည့်တမ်းချင်း(၂) (စက်တင်ဘာ နေမိန္ဒ)

 လေးနှစ်ပြည့်တမ်းချင်း(၂)
  (စက်တင်ဘာ နေမိန္ဒ)

ရွှေဝါရောင်ဟာ အိမ်မက်မဟုတ်ဘူး
ရွှေဝါရောင်ဟာ တကယ့်အဖြစ်အပျက်။

ရွှေဝါရောင်ဟာ အပြောမဟုတ်ဘူး
ရွှေဝါရောင်ဟာ လက်တွေ့တိုက်ပွဲ။

ရွှေဝါရောင်ဟာ ပုံပြင်မဟုတ်ဘူး
ရွှေဝါရောင်ဟာ တကယ့်သမိုင်း။

ရွှေဝါရောင်ဟာ ရာသီအလိုက်ပွင့်တဲ့ ပန်းမဟုတ်ဘူး
ရွှေဝါရောင်ဟာ ဒူးမထောက် လက်မမြှောက်တတ်တဲ့ တကယ့် တော်ဝင်ပန်း။

ရွှေဝါရောင်ဟာ စိတ်ကူးယဉ်မဟုတ်ဘူး-
ရွှေဝါရောင်ဟာ စိတ်ကူးယဉ်ငြိမ်းချမ်းရေး သမားတွေအတွက် လက်တွေ့သင်ခန်းစာ။

ရွှေဝါရောင်ဟာ အသင်တို့ ရိုက်နှက် ဖမ်းဆီးချုပ်နှောင် စရာမဟုတ်ဘူး
ရွှေဝါရောင်ဟာ အတူတူလက်တွဲ ယှဉ်ကာနွှဲဖို့ မေတ္တာတွေနဲ့ခင်းတဲ့လမ်း။

ရွှေဝါရောင်မှာ ကျခဲ့ရတဲ့ မျက်ရည်တွေ သွေးစက်တွေဟာ 
တနေ့ မြန်မာ့ ငြိမ်းချမ်းရေး သမိုင်းသစ်ကို ရေးထိုးလိမ့်မယ်။

စက်တင်ဘာဦးနေမိန္ဒ
(အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

6 comments:

  1. ကျေးဇူးဘဲ

    ReplyDelete
  2. ရွှေဝါရောင်မှာ ကျခဲ့ရတဲ့ မျက်ရည်တွေ သွေးစက်တွေဟာ
    တနေ့ မြန်မာ့ ငြိမ်းချမ်းရေး သမိုင်းသစ်ကို ရေးထိုးလိမ့်မယ်။

    ReplyDelete
  3. ရွှေဝါရောင်ဟာ အသင်တို့ ရိုက်နှက် ဖမ်းဆီးချုပ်နှောင် စရာမဟုတ်ဘူး
    ရွှေဝါရောင်ဟာ အတူတူလက်တွဲ ယှဉ်ကာနွှဲဖို့ မေတ္တာတွေနဲ့ခင်းတဲ့လမ်း။

    ReplyDelete
  4. ရွှေဝါရောင်ဟာ စိတ်ကူးယဉ်ငြိမ်းချမ်းရေး သမားတွေအတွက် လက်တွေ့သင်ခန်းစာ။

    ReplyDelete
  5. ရွှေဝါရောင်မှာ တကယ့်ရဲရဲတောက် သံဃာ့အာဇာနည်တွေပါတယ်။ သရဲကောင်းတွေပါတယ်။ အဲဒီအထဲမှာ ဦးနေမိန္ဒလည်းပါတယ်။

    နေစကြာနိုင်

    ReplyDelete
  6. အောင်မြင်September 22, 2011 at 1:29 AM

    အမျိုး၊ဘာသာ၊သာသနာ အတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ သံဃာ့အာဇာနည် အားလုံးကို အလေးနီပြုပါတယ်ဘုရား။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။