Pages

Sunday, September 18, 2011

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စဉ်းစားသုံးသပ်မည်...

 မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်ဝန်ထမ်းများ
နေပြည်တော်၊ စက်တင်ဘာ - ၁၇
ရင်းမြစ်... 7Day News Journal

နေပြည်တော်တွင် ယနေ့ကျင်းပပြုလုပ်သော ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော စာတမ်းဖတ်ပွဲနှင့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အဆိုပါစီမံကိန်းကို ပြန်လည်စဉ်းစားသုံးသပ်ရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အကြံပြုတိုက်တွန်းခဲ့ပြီး အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက အကြံပြုချက်များကို ပြန်လည်လက်ခံ စဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းမှ ထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏ ၆၀၀၀ မဂ္ဂါဝပ်ကို အခြားစီမံကိန်းများမှ အစားထိုး ထုတ်လုပ်နိုင်ပါက စဉ်စားသွားရန် အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အကြံပြုခဲ့သည်။

"လျှပ်စစ်ပမာဏ အတူတူရနိုင်မယ့် ပြည်သူတွေလည်း လက်ခံနိုင်မယ့်၊ မေခ၊ မေလိခမြစ်တွေရဲ့ အထက်ပိုင်းနေရာတွေမှာ ပြောင်းရွှေ့တည်ဆောက်ခြင်းဟာ သားရွှေအိုးထမ်းလာတာဖြစ်နိုင်မလားလို့ ပြောချင်ပါတယ်... ဒီကိစ္စ၊ ဒီ issue တွေကြောင့် စည်းလုံးညီသွတ်မှုအား ချည့်နဲ့မသွားစေချင်ပါဘူး။ အရင်က ဆန်းစစ်ထားတဲ့ကိစ္စ(မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး သက်ရောက်နိုင်မှုများကို ကြိုတင်ဆန်းစစ်ချက်) လိုအပ်ရင် ထပ်စစ်ဆေးဖို့လိုပါတယ်။ ဒါက နိုင်ငံတော်အတွက် တကယ့်ကို ပြင်လို့မရတဲ့ကိစ္စလို့ ခံယူပါတယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဆိုသလိုပါပဲ" ဟု ဦးစိုးသိန်းက မြစ်ဆုံစီမံကိန်းကို ပြန်လည် စဉ်းစားသုံးသပ်ရန် အကြံပြုသည်။

ဦးဇော်မင်းကလည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ အကြံပြုချက် ဆွေးနွေးချက်များစွာ ရောက်ရှိလာပြီး ထိုအထဲတွင် လျော်ကန်သင့်မြတ်သော အချက်များပါနေသည့်အတွက် လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း အခမ်းအနားအပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

"အခု မြစ်ဆုံကိစ္စက လူပြောများလာတဲ့ ကိစ္စဖြစ်နေပြီ။ ထိခိုက်မှုအနည်းဆုံးနဲ့ အန္တရာယ်မရှိပါဘူးလို့ အာမခံနိုင်တဲ့ အဆင့်ထိဖြစ်အောင် ပြန်လည် ဆန်းစစ်မယ်"ဟု ဦးဇော်မင်းက ပြောသည်။ မြစ်ဆုံစီမံကိန်းအတွက် EIA ကောက်ယူမှုကို မြစ်ကြောင်း တစ်လျှောက်တွင် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

 ချီဖွေရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းတခု
ထို့အပြင် မြစ်ဆုံစီမံကိန်း မဆောင်ရွက်မီ ချီဖွေရေအားလျှပ်စစ်စီမံကိန်းကို ဦးစွာဆောင်ရွက်ပြီး ထိုစီမံကိန်းကြောင့် သက်ရောက်မှုများကို ကြည့်ရှုသုံးသပ်သွားရန် အစီအစဉ်ရှိကြောင်းလည်း ဦးဇော်မင်းက ပြောသည်။ အဆိုပါစီမံကိန်း တည်ဆောက်ရန်၊ မတည်ဆောက်ရန်ကို လွှတ်တော်သို့ တင်ပြပြီး ဆုံးဖြတ်ချက်ခံယူသွားမည်ဟုလည်း ဆိုသည်။ ထို့အပြင် ယခင်ပြုလုပ်ထားသော EIA ကို သစ်တောရေးရာဝန်ကြီးဌာနသို့ ပေးအပ်ပြီး လူထုမှ ဖတ်ရှုလေ့လာနိုင်ရန် ၀က်ဘ်ဆိုက်တွင် တင်မည်ဟုလည်း ဦးဇော်မင်းက ပြောကြားခဲ့သည်။

ထပ်မံရရှိသောသတင်းအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ပြန်လည် စဉ်းစားသုံးသပ်ရန် ပြောကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး တစ်ဦးကလည်း ပြောသည်။

9 comments:

  1. မဲသခိုးတွေ ချွေးသိတ်ပြီး အချိန်ဆွဲ ဘို့ ကြံနေပြီ. အချိန်ဆွဲတာ သန်းရွှေ စောက်ကျင့် နောက်ပြီးရင် လုပ်ချင်တာလုပ်တာ စစ်အုပ်စု ပဲ။ ဒါ ကို မြင်ကြ။ ဒီ မြစ်ဆုံ စီမံကိန်းကို လုံးဝ ရပ်အောင် လုပ်ရမှာ ကို မျက်ခြေ မပြတ်ကြပါနဲ့။

    ReplyDelete
  2. ကျွန်တော်တို့တွေပ်မတော်သားတွေနဲ့ဝန်ထမ်းတွေကိုသေချာပညာပေးစည်းရုးံ
    ဖို့လိုတယ်။တချို့တွေကဘာဆိုဘာမှမသိတာ။စစ်သားတွေဆိုတာသတင်းဂျာနယ်တောင်မဖတ်ဘူးတဲ့သူတွေခပ်များများရယ်။ကျောင်းနေဘက်သူငယ်ချင်းက
    ခုဗိုလ်မှုးဖြစ်နေတယ်။ပေါ်တာဆွဲတဲ့အကြောင်းပြောတော့သူကပေါ်တာမဆွဲရင်
    ဘယ်လိုစစ်ဆင်ရေးထွပ်မလဲတဲ့။ဒါဟာဥကဒေချိုးဖောက်နေတာဆိုတာတကယ်ကိုမသိရှာဘူး။သူတို့ကကျွေးတာစား၊ခိုင်းတာလုပ်ဆိုတဲ့ပုံစံခွက်ထဲမှာနေတော့အမှားကိုအမှန်ဘဲထင်နေတာ။ဇော်မင်းလိုပေါ့၊ဖောက်ထွပ်ပြီးမစဉ်းစားရဲဘူး။
    တပ်ထမှာကလည်းနိုင်ငံခြားမှာအမျိုးရှိတယ်ဆိုရင်တောင်ရာထူးတပ်တာမဟုတ်ဘူး။အကြောက်တရားနဲ့အုပ်ချုပ်တာ။တပ်သားတွေကိုပညာပေးဖို့လမ်းကြောင်းတခုတော့ဖွင့်သင့်ပြီ။အင်တာနက်တော့မဟုတ်ဘူးနော်။စစ်သားဆိုတာစား
    စရာတောင်အနိုင်နိုင်အင်တာနက်သုးံဖို့တိုတာဝေးလာဝေး။

    ReplyDelete
  3. ရိုင်းစိုင်းပြီး တိုင်းပြည်အတွက်ဘာမှ အကျိုးမရှိတဲ့ ဆဲစာတွေ တင်မပေးပါနဲ့။ ခင်ဗျားတို့ blog သိက်ခါကျပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောကြပေါ့။ တိုင်းပြည်တိုးတက်ဖို့ လည်း လုပ်သင့်တဲ့ Development တွေ လုပ်ရ မှာဘဲ။ မြစ်ဆုံနေရာကတော့ ကျွန်တော်တို့ ယဉ်ကျေးမှု ရဲ့အစ Land Mark မို့စီးပွားရေးအကျိုးခုတည်း ကြည့်ပြီးမတည်ဆောက်သင့်ပါဘူး။ မြစ်ဖျားပိုင်းဆည်တွေ ဆောက်မည့်နေရာတွေက ရေစီးသန်တဲ့နေရာတွေများမှာမို့  မြစ်ဆုံမှာဆောက်တာလောက်တော့ ပါတ်ဝန်းကျင်ထိခိုက်မှု မရှိဘူးလို့ ထင်ပါတယ်။ ဆောက်ဖြစ်လို့ ကိုယ်ရမဲ့ ၁၀% က လည်း နည်းလွန်းတော့ ဒိထက်ပိုရအောင်တရုတ်နဲ့ ပြန်ညှိဘို့ လိုသလို စီမံခန့် ခွဲမှုပိုင်းမှာလည်းမိမိတို့  ထိုက်သင့်တဲ့ နေရာရဘို့ လည်းလိုမှာဖြစ်ပါတယ်။ တရုတ်တွေထင်တိုင်း ၀င်ထွက်သဘာဝ အရင်း အမြစ်တွေကိုစီမံကိန်း နဲ့ရောင်တော်ပြန်ရောပြီး ပေါပေါလောလော ခိုးထုတ်မှာ၊ ယဉ်ကျေးမှု ပိုင်း လွမ်းမိုးပျက်စီးမှာတွေပါကြိုတင်စဉ်းစား ကာကွယ်ကြဖို့ လိုမှာဖြစ်ပါတယ်။

    ReplyDelete
  4. မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်သုံးသပ် စဉ်းစားမယ်ဆိုပြီး လုပ်ချလိုက်ပြန်တော့ ကျွန်တော်တို့ ပြည်သူတွေ ဧရာဝတီအတွက် အမျိုးသားရေး နိုးကြားတက်ကြွနေတဲ့ အချိန်မှာ လေပြည်ထိုး နှစ်သိမ့်ခဲ့ပြီး သွေးအေးအောင် လုပ်စားခံရတာများ ဖြစ်နေမလားလို့ပါ.။ ခုဆီထမင်း၊ ခုစာကလေးကြော် ချက်ချင်း ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်ချက် ရှိရှိနဲ့ တခုခုကြံစီ နေမလားပဲ...။ မွန်းတည့်ချိန်မှာ အတင်းကြီး နေဝင်ပြလိုက်တာလို့ ထင်မြင်၊ ယူဆမိပါတယ်...။


    တကယ်ပဲ စေတနာ အမှန်နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်မယ်ဆိုရင်လည်း ပြည်သူတွေ ယုံကြည်လောက်အောင် မြင်သာထင်သာတဲ့ ပွင့်လင်းမှုတော့ ရှိရပါလိမ့်မယ်...။ ပြည်တွင်းက မီဒီယာတွေ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ခွင့် ရရင်တော့ တစိတ်တပိုင်း လက်ခံနိုင်ပါလိမ့်မယ်...။ စစ်ဝတ်စုံဝတ် ယောကျာင်္းရင့်မကြီးတွေ ဖြစ်ပြီး ဆယ်စုနှစ် (၂)ခုကျော် ဗလောင်းဗလဲပြောခဲ့၊ လိမ်ခဲ့တာတွေ ရှေ့ပိုင်းတွေမှာလည်း သာဓကတွေက ယနေ့တိုင် ပူပူနွေးနွေးပါပဲ...။ နို့မို့လို့ကတော့ မပြေးသော်လည်း ကန်ရာရှိ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလို ကျွန်တော်တို့ ပြည်သူတွေ လိမ်ခံရပေါင်းလည်း များနေလို့ အံတိုနေပါပြီ... ဒေါက်တာဇော်ဖျင်းခင်ဗျား...။

    ReplyDelete
  5. မြစ်ဆုံကိစ္စသုံသပ်ရုံမကလို့ဘာဘဲလုပ်လုပ်၊
    အကောင်အထည်ပေါ်လာလို့ကတော့မြန်မာပြည်တွင်းကတရုပ်တွေပြေးမလွတ် ဘူးဘဲ။စောင့်ကြည့်ပါ။အပြောလားအလုပ်လားဆိုတာ။
    ဟိုညွှန်မှူးဆိုတဲ့ကောင်ကသောကြာင်္နေ့ကဘဲဓါးဓါးချင်း၊တုတ်တုတ်ချင်းဆိုပြီးစိန် ခေါ်သွားတယ်၊အခုပြန်သုံ့သပ်မယ်ပြောတယ်။
    လုပ်ချင်တာလုပ်ကြပါ။
    တခုတော့ရှိတယ်၊မြစ်ဆုံစီမံကိန်းအကောင်အထည်ပေါ်တဲ့နေ့၊မြန်မာပြည်မှာရှိတဲ့တရုပ်တွေကိုယ်ကျိုးနဲတဲ့နေ့ဘဲ။လုပ်ကြည့်ပါ။

    ReplyDelete
  6. ဟုတ်ကဲ့ ဘယ်သူတွေ ဘာတွေဘဲပြောနေပါစေ၊ ကျွန်တော်တို့နိုင်ငံကို အကောင်ဆုံး နှင့် ထိခိုက်နစ်နာမှူတွေ၊ အသက်ဘေးတွေ၊ နိုင်ငံတွင်းရှိ လူမျိုး နှင့် ဘာသာကို ထိခိုက်မှူနည်းမယ်ဆို အကောင်းဆုံး ဆုံးဖြတ်ပြီး တင့်တော်အောင် လုပ်သွားလိပ် မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံ တိုးတက်ဖို့ရာ စစ်မှန်တဲ့ ဥပဒေ နဲ့ မှန်ကန်တဲ့ ဆုံးဖြတ် ချက်ပဲ လိုပါတယ်၊ လူများခေါင်းပုံဖြတ်တာကို မခံကြပါနဲ့ဗျာ၊ လေးစားပါတယ်၊
    အကောင်းဆုံးမျှော်လင့်ရင်း
    ကျွန်တော် ကိုမျိုးပါ၊

    ReplyDelete
  7. "ရိုင်းစိုင်းပြီး တိုင်းပြည်အတွက်ဘာမှ အကျိုးမရှိတဲ့ ဆဲစာတွေ တင်မပေးပါနဲ့။ ခင်ဗျားတို့ blog သိက်ခါကျပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောကြပေါ့။"

    ဒီမယ်ကို့လူ.မင်းပထွေးတွေကိုလူလိုပြောနေတာ.ကြာပီကွ.လူလိုမသိတဲ့ကေါင်တွေကိုယဉ်ယဉ်ကျေးကျေးသွားပြောနေလဲကျွဲပါစောင်းတီးဘဲ.အလကားဘဲ.ရိုင်းချင်လို့ရိုင်းနေတယ်များမှတ်နေလား.ရိုင်းရိုင်းပြောမှရမဲ့ကောင်ကိုရိုင်းရိုင်းဘဲပြောရမှာဘဲ.

    ReplyDelete
  8. အောင်မြင်September 21, 2011 at 10:30 AM

    ဟိုအပေါ်ကကိုယ်ရွှေကိုယ်မျိုးရေ.မင်းပထွေးတွေကိုယဉ်ယဉ်ကျေးကျေးပြောရင်နားလည်မယ်ထင်နေတယ်ပေါ့..၁၀% မကလို့၁၀၀%အပြည့်ရလည်း မဆောက်သင့်ဘူး။ဧရာဝတီပေါ်မှာဘယ်နေရာမှမဆောက်သင့်ဘူး။ရှေးခေတ်အဆက်ဆက်ကတည်းကဧရာဝတီကိုအမှီပြုပြီးရွာတွေ၊မြို့တွေ၊တိုင်းနိုင်ငံတွေ၊ယဉ်ကျေးမှုတွေပေါက်ဖွားလာခဲ့တာ။ပုဂံထက်စောတဲ့ခေတ်တွေ၊တကောင်း၊သရေခေတ္တရာ...အားလုံးလည်းဧရာဝတီနဲ့ပတ်သက်နေတာဘဲ။ငါတို့တွေအားလုံးတောင်ဧရာဝတီအနေပေါက်ဖွားလာတယ်လို့ပြောလို့ရတယ်။ကျန်တဲ့မြစ် ဘယ်မြစ်ဘဲဖြစ်ဖြစ်ဆောက်ချင်တဲ့မြစ်ဆောက်ငါမကန့်ကွက်ဘူး။တရုတ်နဲ့ပြန်ညှိရမယ်...ဟုတ်လား။တရုတ်ဆိုတဲ့ကောင်ကမင်းညီမလင်မှမဟုတ်တာ....

    ReplyDelete
  9. ဟိုအပေါ်ကတရုတ်ရတဲ့ကောင်.မင်းအမေလင်မို့မင်းကဝင်နာနေရတာလား.တရုတ်နဲ့ပြန်ညှိဖို့ပြောရအောင်.ဧရာဝတီမြစ်ကြီးက.မင်းပိုင်ပစ္စည်မှတ်နေလား.မင်းအမေလင်ကမြန်မာပြည်မှာလျှပ်စစ်မီးအလျှံအပယ်ဖြစ်နေလို့ရောင်စားရတာတဲ့.ေ-ာက်ရှက်မရှိတဲ့ပါးစပ်ကပြောရက်တယ်.ရန်ကုန်တမြို့လုံးဒီလောက်ဆူညံနေတဲ့မီးစက်သံတွေမင်းမသိဘူးလား.မင်းနှမလင်အိမ်တွေမှာဘဲမီးလင်းနေတာလေ.ပြောင်လိမ်ပြောင်စားစစ်ဗိုလ်တွေ.မင်းပထွေးကမင်းအပါအဝင်တစ်တိုင်တစ်ပြည်လုံး--ီးဘဲထင်တယ်လို့ပြောလိုက်တာကွ.တိုတွေ့ကရိုင်းတာလားမင်းနမလင်ကရိုင်းတာလားမင်အသိဆုံးဘဲ.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။