မြစ်ဆုံစီမံကိန်းမှာ UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER ကုမ္ပဏီရဲ့ မေခ၊ မလိခ၊ မြစ်ဆုံ စီမံကိန်းတွေရဲ့ စီမံကိန်း ၁၈မိနစ်ကြာ သရုပ်ပြရုပ်သံဖိုင်ပါ...။ မေခမြစ်ရဲ့ မြစ်လက်တက်တခုဟာ တိဘက်ပြည်နဲ့ ယူနန်နယ်တွေကို မြစ်ဖျားခံပြီး ဧရာဝတီမြစ်အဖြစ် စီးဆင်းဖြစ်ပေါ်လာပုံကို အနီရောင်နဲ့ ပြသပြီး တရုတ်ပြည်က မြစ်ဖျားခံတဲ့ ပုံစံ ပုံဖော်၊ တရုတ်ပိုင်မြစ်(သို့) တရုတ်နဲ့ သက်ဆိုင်တဲ့ မြစ်ပုံသဏ္ဍာန် ပေါ်အောင် အတင်းဓမ္မ ဆွေမျိုးစပ် ပုံဖော်ထားတာပါ...။
(တကယ့်မေခမြစ်ရဲ့ မြစ်ဖျားခံရာ အစကတော့ ပုံမှာ မြင်ရတဲ့ ကျွန်တော်တို့ ကျောင်းသုံး စာအုပ်တွေမှာပါတဲ့ မြန်မာပြည်မြေပုံရဲ့ အပြာဝိုင်းထားတဲ့ နေရာပါ)။ တတ်လဲတတ်နိုင်ပါပေတယ်...။ ရုပ်သံဖိုင်မှာ ပုံပါအတိုင်း ဧရာဝတီကို အနီရောင်နဲ့ ပြသထားပြီး ဧရာဝတီကို အနီရောင်နဲ့ တောက်လျှောက် ပုံဖော်ပြသွားပါတယ်...။ မေခ၊ မလိခနဲ့ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်တွေရဲ့ စီမံကိန်းတွေအကြောင်းနဲ့ မြစ်ဆုံဆည်ပြီးတဲ့အခါ မြင်တွေ့ရမယ့် အနေအထားတွေကို တင်ပြထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်...။
တရုတ်နိုင်ငံဟာ မြန်မာပြည်ကို ပုဂံခေတ်ကတည်း တရုတ်ပြည်ရဲ့ ပဏ္ဏာဆက်နိုင်ငံအဖြစ် သတ်မှတ်၊ ပုံဖော်ခဲ့ပါတယ်..။ ယခုလည်း ဧရာဝတီရဲ့ မြစ်ဖျားခံရာ မေခမြစ်ရဲ့ မြစ်လက်တက်တခုကို တရုတ်ပြည်မှ မြစ်ဖျားခံခဲ့တဲ့ ပုံသဏ္ဍာန်ဆက်စပ် ပုံဖော် ပြသထားတာဟာ စော်ကားတဲ့ အပြုအမူလို့ သတ်မှတ်နိုင်ပြီး ၎င်းတို့ရဲ့ ပင်ကိုယ် အတွင်းစိတ် သဏ္ဍာန်ကိုလည်း တွေ့မြင်နိုင်မှာပါ...။ ဒီမြစ်ဆုံဆည် စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးဆုံးသွားတဲ့အခါမှာတော့ ကချင်ပြည်နယ်နဲ့ ဒီမြစ်ဆုံဆည်ကို ဘယ်လိုပုံဖော် သတ်မှတ်မယ်ဆိုတာ စဉ်းစားကြည့်ကြပါ...။
တရုတ်နိုင်ငံဟာ မြန်မာပြည်ကို ပုဂံခေတ်ကတည်း တရုတ်ပြည်ရဲ့ ပဏ္ဏာဆက်နိုင်ငံအဖြစ် သတ်မှတ်၊ ပုံဖော်ခဲ့ပါတယ်..။ ယခုလည်း ဧရာဝတီရဲ့ မြစ်ဖျားခံရာ မေခမြစ်ရဲ့ မြစ်လက်တက်တခုကို တရုတ်ပြည်မှ မြစ်ဖျားခံခဲ့တဲ့ ပုံသဏ္ဍာန်ဆက်စပ် ပုံဖော် ပြသထားတာဟာ စော်ကားတဲ့ အပြုအမူလို့ သတ်မှတ်နိုင်ပြီး ၎င်းတို့ရဲ့ ပင်ကိုယ် အတွင်းစိတ် သဏ္ဍာန်ကိုလည်း တွေ့မြင်နိုင်မှာပါ...။ ဒီမြစ်ဆုံဆည် စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးဆုံးသွားတဲ့အခါမှာတော့ ကချင်ပြည်နယ်နဲ့ ဒီမြစ်ဆုံဆည်ကို ဘယ်လိုပုံဖော် သတ်မှတ်မယ်ဆိုတာ စဉ်းစားကြည့်ကြပါ...။
ဧရာဝတီကိုကာကွယ်ရေးဟာ ကျွန်တော်တို့ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ပါ...။
ဖေ့စ်ဘွတ်မှ Nyi Nyi Tay Zar လာတဂ်ပေးထားတဲ့ ရုပ်သံဖိုင်ပါ...။ညီညီတေဇာအား ကျေးဇူးတင်ပါသည်..။
အထက်ပါ ရုပ်သံဖိုင်ကို UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER တရုတ်ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်ရှုနိုင်ပါတယ်...။
ဒီမှာလည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်...။ Click

ဧရာဝတီကို ကယ်တင်ဖို့ သင့်မှာလဲ တာဝန်ရှိပါသည် ကျွန်တော်တို့  ဘာလို့ လုပ်ကြမှာလဲ အုပ်စုတွေကွဲပြီး အရင်အတိုင်းပဲ ပြီးသွားမှာလား ကိုယ့်မိသားစု လေး ကောင်းဖို့  အဆင်ပြေဖို့ ပဲကြည့်ပြီး ဧရာဝတီအရေးကို လစ်လျှူရှူ နေကြမှာလား အဂင်လိပ် က ကျွန်းသစ်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံကို သိမ်းခဲ့ သလို ခုလဲ တ၇ုတ်က ရေကာတာတွေ တွင်းတွက်တွေ ကို အကြောင်းပြုပြီး သိမ်းဖို့  အကြောင်း၇ှာနေပါပြီ အရာရှိအကြပ်တပ်သား တပ်မတော်သား အပေါင်းတို့  ဧရာဝတီပျောက်ပြီး တရုတ်အောက်ရောက်ချိန်မှာ ရဲဘော်တို့ ကို မှီခိုနေတဲ့  အိုကြီးအိုမ မိဘဆွေမျိုးသားမယားများ အ၇ွယ်မရောက်သေးတဲ ရဲဘော်တို့  ရဲ့ လူမမယ် သါးသမီးများလဲ တရုတ်တို့ ၇ဲ့  အစေအပါးဖြစ်ကြရမှာပါ အဘတို့ ကတော့ ၇ဲဘော်တို့ ကို ချန်ထာပြီး ပြေးကြမှာပါ ရဲဘော်တို့ ၇ဲ မျက်လုံးများကိုဖွင့်ပြီး အမြင်မှန်ရနိုင်ကြပါစေ ပြည်သူထဲက ပေါက်ဖွါးလာတဲ့ ပြည်သူတပ်မတော်သား အစစ်အမှန်တွေ ဖြစ်အောင်ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ ခုအချိန်မှာ ဗမာပြည်ဟာ စစ်ကျွန်စနစ်ဆိုးကနေ မ၇ုန်းနိုင်ရင် ဒီချောက်ထက်နက်တဲ့  နယ်ချဲ့တ၇ုတ်ဆိုးရဲ့  လက်အောက်ကို ကျရောက်ဖို့ လက်တလုံးသာလိုတော့တာမို့  အုတ်တချပ်သဲတပွင့် တယောက်တလက်နဲ့  တရုတ်လက်အောက်မရောက်ဖို့  စစ်ကျွန်စနစ်ကို ၀ိုင်းဝန်းတွန်းလှန်ပြီး ဧရာဝတီကိုကယ်တင်ကြပါစို့ 
ReplyDeleteအခုလို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ နိုင်ငံသားအားလုံး မဖြစ်မနေ ၀ိုင်းဝန်း ကာကွယ်ကြရမှာပါ။ အားလုံး ညီညွတ်မှသာ တရုတ်ကျွန်မဖြစ်ကြမှာပါ။
ReplyDeleteတရုတ်ပြည်သည်" ဝ"လို့ပြည်၊. ဗီမာပြည်သည်လည်း. မီကြာမီ"ဝလို့ပြည်၊
ReplyDeleteဒေါက်တာဆိတ်ဖွား၊နဲ့. Myanmar. Express. ရေ. ပြည်သူတွေကို. မှန်မှန်
ကန်ကန်. သီတင်းဖြန့်ပီးပါအုံး၊. ဗီမာပြည်ကို. တန်းရွှေရှီခ. "ဝ"လို့ဝယ်လိုက်
ပီးပီ၊. လုလို့လဲ. နဲနဲဆီရမီလေ၊
ဟေ့ကောင်ခွေးမသားသန်ရွှေ နဲ့ ခွေးမသားသိန်စိန်
ReplyDeleteမင်းတို့စုတ်နေတဲ့--တရုတ်တွေရဲ့ထုပ်လွင့်ချက်ကိုကြည့်ဦး.
--ဇတ်တွေခင်းတော့မယ်..
တရုပ်က အောက်တန်းကျတဲ့အလုပ်တွေနှင့် စပြီးမြန်မာကိုစော်ကားနေပြီ။ နောက်ဆီ တိဗက်လို။ မြန်မာနိုင်ငံဟာတရုပ်ရဲ့နယ်ပိုက်နက်လို့ပြောပြီး တရုပ်အလံလာထောင်တော့မယ်။ မြန်မာ စစ်ခေါင်းဆောင်တွေ အသုံးမကျလို့ဖြစ်ရတာ။
ReplyDeleteတရုတ်ပြည်ကမြစ်ဖြားခံတယ်ဆိုယင်တရုတ်ပြည်ထဲမှာဆောက်ပါလား ဘာလို့မြန်မာနိုင်ငံထဲလာဆောက်ရတာလဲ
ReplyDeleteမီမှီလော့ဘူး၊. လောက်ကျတွားပီ၊. ဆည်ဆောက်လို့. ၁၀%ပြီးတွားပီ
ReplyDeleteဆိုတာ. တောင်တွေ. ကီတုံးရိတ်ပြီးသစ်တွေ. အီကုန်လုံးတယ်တွား
လိုက်ပီ၊. ပီးလော့မြေကြီးထဲက. ရတနာတွေရယ်. ဓါတ်စပ်တုတွေလဲ
ရသီလောက်တယ်တွားပီးပီ၊. အီခုချက်ချင်းရပ်ဆိုလဲ. ဆစ်ဘိုလွေ
"ဝ"လို့ပိဆံ. ပြန်မီအမ်းနိုင်လော့ဘူး၊. အားလုံးခွေးစားတွားပီ၊. အဲ
ခွဲပြီးစားတွားလိုက်လို့. ငွေဂေါင်းကွဲတွားပီ၊. နောက်ဆို. လုလို့ပြည်ဟာ
"ဝ"လို့ပြည်ဘဲပေါ့၊. လုလို့မိန်းမဟာ. "ဝ"လို့မိန်းမပေါ့၊. ဒါပီမဲ့. လုလို့
အီကြွေးကတော့. လုလို့ဖာဆာဆပ်ပေါ့။. ။ဟဲဟဲဟဲဟဲ. ထိုက်ဟောင်
ထိုက်ဟောင်. စိပ်ကောင်းလည်. စိပ်ကောင်းလည်။. ။
Have you ever seen the Map that published by China or possibly by Taiwan? Our country map was distorted and there was no Northern Burma in it. Cut it off the head and its included in China territory. I mean Kachin state and Northern Shan state were excluded from our country and China considered these parts were their country. ( I don't know now, it was I'd seen in 1990's)
ReplyDeleteမြစ်ဆုံရေကာတာ အားလုံး ဖျက်ပါ
ReplyDeleteဟေ့ကောင် ... သိန်းစိန် .. မြစ်ဆုံ ရေကာတာ အားလုံးကို ဖျက်ခိုင်းနေတာကွ .. ရပ်မယ် ဆိုပြီး မလိမ့်တပတ် ပြောမနေနဲ့
ဆင်ခြေတွေ များမနေပါနဲ့  သိန်းစိန်ရယ်၊ ပြည်သူတွေ ပြောနေတာ ဧရာဝတီမြစ်ဆုံဒေသမှာ လက်ရှိ လုပ်နေတဲ့ ရေကာတာတွေ အလျင်း ရပ်ဆိုင်းဖို့ ပါ။ လုံးဝ (လုံးဝ) မလုပ်ဖို့ ပါ။
မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဖူး၊ တိုင်းပြည်မှာ အာဏာရှင်စနစ်နဲ့  အုပ်ချူပ်နေပြီး ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  နိုင်ငံတော်သူခိုးကြီးများကြောင့်ပါ။
ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူသိရှင်ကြားဖြစ်ကုန်ပြီး တိုင်းသူပြည်သားတွေက ဆန္ဒသဘောထားတွေ ဆက်တိုက်ဖေါ်ပြနေတာမို့  မလိမ့်တပါတ်နဲ့  ဖြောင့်ဖြသလိုလို နှစ်သိမ့်သလိုလိုနဲ့  တကယ်တမ်းမှာ ဒီစီမံကိန်းတွေ ငါတို့  လုပ်ချင်တဲ့ အချိန်မှာ ဆက်လုပ်မှာဘဲလို့  ပြည်သူလူထုကို စိန်ခေါ်ထားတာဘဲ။
ခိုးပြီး လုပ်မရတော့ ခဏရပ်ပြတယ်၊ ခဏရပ်နေရင်း ခိုးလုပ်နေမယ်၊ ပြည်သူလူထုအသံတွေ ငြိမ်သွားရင် ပေါ်တင် ပြန်လုပ်မယ် ဆိုတဲ့ အာဏာရူးတွေရဲ့  လှည့်ကွက်တွေနဲ့  ကလိမ်ကကျစ်နည်းတွေ အဖြစ်အပျက်တိုင်းမှာ ကြုံရလွန်းလို့  ပြည်သူတွေ သိနေပါပြီ။
လေပြေလေးသွေးပြီး ဖြောင့်ဖြပြောဆိုတာတွေ၊ အချိန်ဆွဲတာတွေ၊ အပျော့နည်းလေးနဲ့  ပြောနေတဲ့ သိန်းစိန်က တစ်ဘက်၊ ခပ်မာမာနဲ့  စော်ကားပြောတဲ့ လျှပ်စစ်ဝန်ကြီး ဇော်မင်းက တစ်မျိုးနဲ့  အာဏာရူးတွေ အချင်းချင်း တိုင်ပင်ထားပြီး ပြည်သူလူထုကို ထပ်မံ သွေးတိုးစမ်း လိမ်လည်ပြနေပါတယ်။
ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...
ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...
http://niknayman-niknayman.blogspot.com/2011/09/blog-post_30.html
http://drlunswe.blogspot.com/
ReplyDeleteဒေါ်အောင်ဆန်းစုကြည်ခင်ဖျား..ဒီ link ကစာကိုဖတ်ပါ.ဒီစာမှာရေးထာတာတွေကို ကျုပ်အနေနဲ့မှန်ကန်တယ်လို့ ပြောချင်ပါတယ်.ဒေါ်စုကိုကျုပ်အမြဲပဲ ချစ်ခင်အားကိုးချင်ပါတယ်.သူခိုးအစိုးရနဲ့ဖက်လဲတကင်းလုပ်နေတာလုံးဝသိက္ခာမရှိဖြစ်နေပါတယ်.
တရုတ်နဲ့ဗမာအပြန်အလှန်ကြိမ်စာ..
ReplyDeleteဟိုးဗမာဘုရင်တွေလက်ထက်ကတရုတ်နဲ့ဗမာစစ်လေးကြိမ်ဖြစ်ခဲ့ပါတယ်.အဲ့ဒီစစ်ပွဲလေးကြိမ်စလုံးတရုတ်ကစစ်ရှုံးခဲ့ပါတယ်.အဲ့ဒီအချိန်မှာဗမာဘုရင်တွေကတရုတ်ဧကရာဇ်ဘုရင်ကိုအမိန့်တော်တခုချမှတ်ခဲ့ပါတယ်.
အဲ့ဒါကတော့.
မင်းတို့တရုတ်တွေငါတို့ဗမာတွေကိုဘယ်တော့မှလာမကျုးကျော်ရလေအောင်.တရုတ်တွေတစ်သက်လုံးငါတို့ဗမာတွေရဲ့ချီးကုံးဒုတ်နဲ့ထမင်းစားစေ..ဆိုပီးအမိန့်ချမှတ်ခဲ့တာ..ယနေ့အထိတရုတ်တွေဟာချီကုံးဒုတ်(တူ)နဲ့ထမင်းစားနေရတာပါပဲ..
အဲ့ဒီမှာတရုတ်တွေကထမင်းစားတိုင်းဗမာတွေကိုကြိမ်ဆဲပီးကြိမ်စာပြန်တိုက်ခဲ့ပါတယ်.အဲ့ဒါကတော့.မင်းတို့ဗမာတွေတသက်လုံး.ခိုးဆိုး.လူသတ်..ဘုန်းကြီးသတ်.စစ်အာဏာရှင်အစိုးရတွေရဲ့ညင်းပန်းနှိပ်စက်တာခံရစေသား.
ပြည်ပရောက်ဗမာတွေဆိုရင်လဲ.ဗမာသံရုံးမှာသုံးနှစ်တခါ.ခွေးစာ(အခွန်)ကျွှေးပီးမှ passport သက်တန်းတိုးရပါစေသားဆိုပီးကြိမ်စာပြန်တိုက်ခဲ့ပါတယ်..
အခုဗမာတွေအကုန်လုံး.သံရုံးသွာပီး ခွေးစားသွား သွားကျွှေးနေရတော့တာပါပဲ
အခုလဲဧရာဝတီမြစ်ဆုံကိစ္စကိုဘယ်လိုမှပြောမရဆိုမရ.တိုင်းသူပြည်သားတွေအပေါ်ခိုးဆိုး.လူသတ်.ဘုန်း
ကြီးသတ်.စစ်အာဏာရှင်တွေရဲ့ညင်းပန်းနှိပ်စက်တာခံနေရတာတော့တာပါပဲ
.ယနေ့ဗမာတွေကျိန်စာမိနေကြတာပါပဲ..
မိတ်ဆွေတို့၊ ရဲဘော်တို့ အရူးဆိုတဲ့ အဓိပ္ပါယ် ကိုတော့ လူတိုင်း သိကြမှာပါ။
ReplyDeleteသို့သော်..... အရူးတယောက်က ``မြန်မာနိုင်ငံမှာ လျှပ်စစ် မလုံမလောက်ဖြစ်နေတယ်``လို့ပြောရင် ဒီလူက အရူးမဟုတ်ဘူးကွ လို့ပြောကြမှာပါဘဲ။
သို့သော်...လူကောင်းလို့ထင်ရတဲ့ လူတယောက်က``မြန်မာနိုင်ငံမှာ လျှပ်စစ် တွေပိုလျှံနေလို့ ပြည်ပကိုရောင်းရမယ်`` လို့ပြောနေရင်တော့၊ ဒီလူဟာ အရူးတယောက်ဘဲ လို့ ပြောကြ၊ သတ်မှတ်ကြမှာပါဘဲ၊ တခါ... ဒီလူဟာ ဗိုလ်ချုပ်(ဟောင်း) တယောက်ဖြစ်နေရင်လဲ.. ၊ ဒီဗိုလ်ချုပ်ဟာ အရူးဘဲလို့ သတ်မှတ်ကြမှာပါဘဲ။ နောက်တခါ....ဒီလူဟာ ဝန်ကြီးတဦးဖြစ်နေရင် ဒီဝန်ကြီးဟာ အရူးဘဲလို့ သတ်မှတ်ကြမှာဖြစ်သလို...ဒီလိုအရူးဝန်ကြီးတဦးလုပ်ခဲ့တဲ့ လုပ်ငန်းတွေဟာ တိုင်းပြည်အတွက် ဘယ်လောက်များ ဒုက္ခတွေပေးနှိုင်မလဲ စဉ်းစားစရာကြီးပါ...အလွန်ကြောက်စရာကြီးပါ ။ ဒီဝန်ကြီး တာဝန်ထမ်းဆောင်ရာ လွှတ်တော်ကြီးဟာလဲ အရူးလက္ခံတဲ့ လွှတ်တော်ကြီးရယ်လို့ အပြောခံရမှာပါဘဲ။ ဒီလွှတ်တော်ကြီးထဲမှာ ဒီလျှပ်စစ်ဝန်ကြီးလို ရူးနေတဲ့ အခြားဝန်ကြီးတွေ ဘယ်နှစ်ဦးများ ငါတို့တိုင်းပြည်ကို ဦးဆောင်ဖျက်စီးနေကြ ပါလိမ့်.....။
ဦးစိန်၊ ဂျပန်။
ဒီပုံအတိုင်းဆိုရင်တော့ မြန်မာပြည်ကြီးကသွားရှာပါပြီ။ လူမျိုးကတော့ပျောက်လုနီးနီးဖြစ်နေပြီ တိုင်းပြည်ပါပျောက်တော့မယ်ထင်တယ်။ကျွန်တော်တို့လူမျိုးတွေ စည်းလုံးကြရတော့မယ်။ အခုလို(တစ်ယုတ်)ကမြန်မာပြည်ကြီးကို လွယ်လွယ်နဲ့ဝါးမြိုဖို့ကြံစည်နိုင်တာဟာ အတ္တဆန်ပြီးကိုယ်ကျိုးကြည့်တက်တဲ့ ပညာနည်းလူတန်းစားကအုပ်ချုပ်လို့ဖြစ်ရတာပါ။ ကျွန်တော်တို့ကပြန်ပြီးလုပ်ဆောင်ရမှာက နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့အင်အားဖြစ်လာမယ့် မျိုးဆက်သစ်လေးတွေကို ပညာတက်လူတန်းစားတစ်ရပ်ဖြစ်ဖို့ ဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ ပညာဆိုတာ အတက်ပညာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး အသိပညာပိုင်းပါလိုအပ်နေပါတယ် လို့ထင်မြင်မိပါတယ်။ ကျွန်တော်တို့လုပ်ဆောင်ရမယ့်နောက်တစ်ခုက (တရုတ်)ဆန့်ကျင်ရေး၊ (တရုတ်)မုန်းတည်းရေးဝါဒကိုဖော်ဆောင်ဖို့ပါပဲ။ တရုတ်က ဂျပန်ကိုဒီလိုနည်းသုံးပြီး လုပ်ဆောင်သွားတာပါ။ သူ့လူမျိုးတွေကို ဂျပန်မုန်းတီးရေး၊ ဂျပန်ကထုတ်တဲ့ပစ္စည်းတွေကို ဆန့်ကျင်ပြီး ဂျပန်ရဲ့ပို့ကုန်ပမာဏ လျော့ကျသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။ ပြီတော့ ကုန်ထုတ်လုပ်မှုမှာလည်း ကျွန်တော်တို့လိုဆင်းရဲတဲ့နိုင်ငံတွေဆီိကို ဂျပန်ထုတ်ကုန်အစား ဈေးပေါပေါနဲ့ခက်ညံ့ညံ့ပစ္စည်းတွေနဲ့ ထိုးဖေါတ်ဝင်ရောက်ခဲ့တာပါ။ ကျွန်တော်တို့တိုင်းပြည်မှာ လောလောဆယ် မထုတ်လုပ်နိုင်သေးပေမယ့် တရုတ်ထုတ်ကုန်ကိုနှစ်ခုဝယ်မယ့်အစား တခြားတိုင်းပြည်ထုတ်ကုန်ကို တစ်ခုဝယ်တဲ့စနစ်နဲ့ ဆန့်ကျင်မယ်ဆိုရင် ကျွန်တော်တို့ပိုက်ဆံတွေကို တရုတ်ပြည်ကိုပေးစရာအကြောင်းမရှိလောက်တော့ဘူးလို့ ကျွန်တော်ရဲ့ထင်မြင်ချက်ကို ဆွေးနွေးလိုက်ရပါတယ်ခင်ဗျာ။
ReplyDelete