Pages

Saturday, September 10, 2011

ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...

၂၀၀၇ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့က သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်မှ တရုတ်စွယ်တော်ကျောင်းမှ မဟာယနဘုန်းကြီးများအား "ဤသို့ ထီးတော်မိုး သစ်တော်ဆက်နေပုံ"

ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...
 ရွှေဝါရောင်တော်လှန်ရေး ၄နှစ်ပြည့်အမှတ်တရ
မြန်မာ့သမိုင်းမှာ သွေးစွန်းသော နေ့ရက်များဖြစ်တဲ့ စက်တင်ဘာလ သို့ရောက်ရှိလာပြန်ပါပြီ..။ ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၈ရက် စစ်တပ်ကအာဏာသိမ်းမှု နှစ်ပတ်လည်ဖြစ်သလို ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာတော်များရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအား စစ်အာဏာရှင်များရဲ့ အကြမ်းဖက် နှိမ်နင်းမှုအောက်မှာ သွေးမြေကျခဲ့ရတဲ့ ရဟန်း၊ ရှင်လူ ကျောင်းသား အပေါင်းတို့ရဲ့ သွေးစွန်းသော နေ့ရက်များလည်း ဖြစ်ပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်တဲ့ သွေးစွန်းတဲ့ နေ့ရက်တွေပါပဲ...။ ရွှေဝါရောင်တော်လှန်ရေးကြီး ၄နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း အရာရာတိုင်းဟာ မနေ့တနေ့ကလိုပါပဲ။

ရွှေရောင်နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ နှိုင်းယှဉ် တင်ပြလိုတာကတော့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ ထေရဝါဒ ဗုဒ္ဓဘာသာအပေါ် အမှန်တကယ် ယုံကြည်ကိုးကွယ်မှု ရှိမရှိနဲ့ သရဏဂုံပျက်ကြောင်း တရားတွေကို သိမသိဆိုတဲ့ အချက်ပါပဲ...။ မိရိုးဖလာ ဗုဒ္ဓဘာသာလား၊ အပေါ်ယံ ဗုဒ္ဓဘာသာလားဆိုတာ ခွဲခြားသိရအောင် အောက်ကဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ကြရအောင်...။

၂၀၀၇ခုနှစ် ရွှေတိဂုံ အနောက်ဖက်မုခ်မှာ စက်တင်ဘာ ၂၆ရက်နေ့က သံဃာတော်တွေမှ အကြမ်းဖက် ဖြိုခွင်းချင်း မခံရမှီ အာဏာပိုင်များအား ထိုင်ကန်တော့နေတဲ့ ပုံပါ..
ဒီပုံကတော့ ရွှေဝါရောင်တော်လှန်ရေးကြီး အပြီး၁လကျော်အကြာ ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့က တရုတ်စွယ်တော်ကျောင်းမှ မယာယနဘုန်းတော်ကြီး Chan Zangနဲ့ အဖွဲ့အား သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်အောင်သိန်းနှင့် အဖွဲ့မှ ဤသို့တရိုတသေ၊ လက်အုပ်မိုးလျှက် တွေ့ရစဉ်ပုံပါ..။ ရတနာသုံးပါးမှ တပါးမှ ကိုးကွယ်ရာမရှိဆိုတဲ့ ဗုဒ္ဓတရားတော်လာ သရဏဂုံပျက်မပျက် ဆိုတာတောင် မသိရော့လေသလားလို့ ဆိုတာကတော့ စဉ်းစားကြည့်နိုင်ပါတယ်...။
 လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဤသို့မြင်တွေ့ရတဲ့ သံဃာတော်များရဲ့ အခြေအနေပါ...
 ရွှေဝါရောင်တော်လှန်ရေးကြီးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့  ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ သွေးတွေ မခြောက်သေးတဲ့ နိုဝင်ဘာလမှာပဲ တရုတ်မဟာယန ဘုန်းတော်ကြီးတွေကို ဤသို့ တရိုတသေ ကြိုဆိုဂါရဝ ပြုခဲ့ကြပါတယ်...။ 
တရုတ်က စွယ်တော်ကျောင်းအတွက် ထီးတော်မိုး၊ သစ်တော်ဆက်ပြီး ပြည်သူပိုင် သစ်တန်ချိန် ၃၀၀ကျော်ကို မိမိပိုင်သဖွယ် လှူဒါန်းခဲ့ပါသေးတယ်..။
မိမိတိုင်းသူပြည်သား သာသနာဝန်ထမ်း ဘုရားသားတော်တွေ အပေါ်မှာတော့ တခြားဘာသာဝင်တွေ အကြည်ညိုပျက်အောင် မဟုတ်တမ်းတရားစွပ်စွဲ၊ ရိုက်နှက်ဖမ်းဆီး နှိပ်စက် ထောင်သွင်းအကျဉ်းချ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ နှိပ်ကွက်ခဲ့တဲ့ သာသနာကို ကြည်ညို လေးစား သယောင်ဆောင်နေတဲ့ အာဏာရှင်များမှ.. တရုတ်မဟာယာန ဘုန်းတော်ကြီးများ ရောက်ရှိလာတဲ့ အခါမှာတော့..
 ထိုစဉ်က သစ်တောဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်မှ ထီးတော်မိုး၊ ဒူးတုပ်၊ ပဆစ်ကြုပ် ရိုသေမြတ်နိုးလက်စုံမိုးပြီး ပြည်သူပိုင် ပစ္စည်းကို မိမိပိုင်ပစ္စည်းကဲ့သို့ လှူဒါန်းရသော အကျိုးအားကြောင့်တဲ့ လေ...။ အာဏာအောက်မှာ ရောက်ရှိနေတဲ့ သာသနာ...နဲ့ အာဏာရှင်တွေရဲ့ ပြည်ပအားကိုး သာသနာလို့ ဆိုရလေမလား။ ဘာသာရေး အခြေခံပဲ အားနည်းနေလား... တိုင်းတပါးသာသနာကိုပဲ အထင်ကြီးလေသလား ဆိုတာကတော့ ပါးစပ်က သာသနာတော် ပြန့်ပွားရေးဆိုပြီး အသံကုန်အော်နေတဲ့ အာဏာရှင်တွေ မိမိတို့ကိုယ်ကိုယ် မိမိ ဆန်းစစ်မိပါလေစ...။
အထက်ပါမှတ်တမ်း ဓာတ်ပုံတွေဟာ ကိုယ့်တိုင်းသူပြည်သား ဘုရားသားတော် ထေရဝါဒ သံဃာတော်များအား ရက်စက်စွာသတ်ဖြတ် ညှင်းပန်း နှိပ်ကွက်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အပြီးတလ ကျော်ကျော်လေးအချိန်က မဟာယာန တရုတ်ဘုန်တော်ကြီးနှင့် အဖွဲ့အား နအဖအာဏာပိုင်တွေက ရိုသေဆည်းကပ်ပြပြီး စော်ကားပြလိုက်တာဖြစ်ပါတယ်..။ တဖက်မှာ ပြည်တွင်းသံဃာတော်တွေရဲ့ ကျောင်းတွေဖျက်ဆီး၊ ချိတ်ပိတ်နေတဲ့ အချိန်မှာ ပြည်ပက မဟာယာန ဘုန်းကြီးတွေအတွက် ကျွန်းသစ်တွေ လှူဒါန်းပါတယ်...။ ပြည်တွင်း သံဃာတော်တွေအား သတ်ဖြတ် ရိုက်နှက် မတရားဖမ်းဆီးနေတဲ့ အချိန်မှာ ပြည်ပက မဟာယာန ဘုန်းကြီးတွေအား ထီးတော်မိုး၊ အခမ်းအနားတွေနဲ့ ကြိုဆိုပြခဲ့တာပါ..။ အင်မတန်မှ ရင်နာစရာကောင်းတဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်ပါ..။
 ၂၀၀၉ခုနှစ် ၆လပိုင်းက တရုတ်ပြည်စွယ်တော် ကျောင်းသို့ နအဖဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေးနှင့် အဖွဲ့ရောက်ရှိစဉ်က ကတော်များမှ မဟာယာန တရုတ်ဘုန်းတော်ကြီးများအား ဤသို့ လက်အုပ်မိုး၍ ရှိခိုးဆည်းကပ်နေစဉ်..။. သရဏဂုံ ပျက်မပျက် ဆိုတာကို မိမိတို့ ကိုယ်တိုင် သတိထားမိပါလေစ...။

နိဂုံးချုပ်အနေနဲ့ လာမည့်ရက်တွေမှာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး ၄နှစ်ပြည့်မြောက်ပါတော့မယ်...။ အာဏာအောက်မှာ ရောက်ရှိနေတဲ့ သာသနာအား သာသနာအောက်သို့ အာဏာပြန်လည်ရောက်ရှိပြီး ပြန်လည်မြှင့်တင်ဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့ တာဝန်ဖြစ်ပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...။ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ ပြည်သူ့အတွက် အသက်ပေး စတေးခံသွားကြတဲ့ သာသနာ့အာဇာနည်များ၊ အကျဉ်းထောင်အတွင်းမှာ မတရားအကျဉ်းကျခံနေရတဲ့ အရှင်ဂမ္ဘီရအပါအဝင် သံဃာတော် အရှင်မြတ်များနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းမှ သံဃာတော်အရှင်သူမြတ် အပေါင်းတို့အား ရွှေဝါရောင်တော်လှန်ရေးကြီး အမှတ်တရအဖြင့် ရေးသား၍ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့အပ်ပါတယ်....။

ဒီမိုဝေယံ...
 ဆရာတော် ဦးဣသရိယ
 ဦးနေမိန္ဒ
 ဦးထာဝရ၊ ဦးဃောသိတ၊ ဦးနေမိန္ဒနဲ့ ရွှေဝါရောင် ဦးဆောင်ဆရာတော်များ..
 
ဦးနန္ဒာစရိယ

13 comments:

  1. မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးများကတော့ သရဏဂုံပြက်ရမှန်မသိ တိုင်းတစ်ပါးကိုအားကျလို့ တရုတ်ကို အကုန်ပေးနေတာလိုက်လွန်ပါရော အခုလည်းကြည်ပါ မြန်မာပြည်က ထေရ၀ါဒစစ်စစ် သဃာတော်များကျတော့ လမ်းမပေါ်မှာရိုက်သတ်ပြီး တရုတ်တွေကတော့ နိုင်ငံထဲခေါ်သွင်း လိုအားမရ မြန်မာပြည်ကိုတရုတ်ဘာသာထဲကို သွင်းနေပြီး
    မြန်မာပြည်မှာ အဘိုးအဘွားလက်ထက်က ထိမ်းသိမ်းဆောင်ရှောက်လာ အမိမြန်မာပြည်ကို ကာကွယ်ကြဖို့ နိုးထကျလော့ အိုမြန်မာအပေါင်းတို့

    အရှင်ထာဝရ

    ReplyDelete
  2. အဲ့ဒီလောက်များတဲ့သံဃာတော်တွေကို..မအေ--ိုးကျော်ဆန်းကသံဃာအတုတွေပါတဲ့.အဝီစီဂျိုးကပ်မဲ့ခွေးမသား.လူကမွေးတဲ့ကေါင်မဟုတ်တဲ့ကေါင်.ခွေးကမွေးတဲ့ခွေးကျော်ဆန်း..ခွေးနဲ့ရတဲ့ခွေးသား..

    ReplyDelete
  3. မြစ်ဆုံစီမံကိန်းကြောင့်ပြည်သူတွေက တရုတ်တွေကိုမကြည့်ဘူးဆိုတာသိလို့
    စွယ်တော်ကြွမယ်ဆိုတဲ့အသံတွေကြားနေရပြန်ပြီ ပြည်သူတွေကိုသိစေချင်တာက
    ဘာသာရေးကိုမပိတ်ပင်ပါဘူး ဒါပေမယ့်ဘာကြောင့်အခုအချိန်မှစွယ်တော်ပင်
    ရတယ်ဆိုတဲ့အကြောင်းရင်းကိုသိစေချင်ပါတယ် ဘာသာရေးကိုခုတုံးလုပ်ပြီ
    ကျွန်တော်တို့ပြည်သူတွေကိုချွေးသိပ်နေတယ်ဆိုတာပါ အသိဥာဏ်နဲ့တော့
    စဉ်းစားစေချင်ပါတယ် အခုချိန်ထိ မြန်မာပြည်က လူငယ်တွေ လူငယ်တွေဆိုတာတောင် ဘွဲ့ရပြီးတဲ့သူတွေက မြစ်ဆုံစီမံကိန်းအကြောင်းသိသူနည်းနေသေးတယ်လေ ဘယ်လိုကာကွယ်ကြမလဲ အဲဒီလိုအခြေနေမှာ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ၀ိုင်းဝန်းလုပ်ဆောင်သင့်တယ်

    ReplyDelete
  4. ဒီတခါ ဗုဒ္ဓစွယ်တော်အစစ်ကို ငှားရင် အရင်တခါလို သစ်တန်၃၀၀ လက်ဆောင်ပေး
    ယုံနဲ့ရပါမလား?

    ReplyDelete
  5. နအဖ စစ်အုပ်စု ရဲ့ ယုတ်မာ ပက်စက် အောက်တန်းကျပုံ ကို ကွက်ကွက်ကွင်းကွင်း တင်ပြပေးတဲ့ ဒီမိုဝေယံ အဖွဲ့သားတွေ ကို အသိအမှတ်ပြုပါတယ်။

    ReplyDelete
  6. တကယ်တော့ရွှေဝါရောင်တော်လှန်ရေးကြီးဟာစစ်အာဏာရူးတွေကို
    ဖြုတ်ချနိုင်တဲ့မဟာအခွင့်အရေးပါ။
    သံဃာတွေ၊ကျောင်းသားပြည်သူတွေတာဝန်ကြေခဲ့ကြပါတယ်။
    တာဝန်မဲ့ခဲ့တာကနိုင်ငံရေးသမားပါလို့တံဆိပ်ကပ်ထားတဲ့လူတွေပါဘဲ။
    စက်တင်ဘာတော်လှန်ရေးကာလတုန်းက၊၂၀၁၀ရွေးကောက်ပွဲဝင်ခဲ့သလိုများ
    ပါဝင်ခဲ့ကြမယ်ဆိုရင်အခြေအနေဟာတမျိုးတော့ထူးနိုင်ပါတယ်။
    နိုင်ငံရေးလောကသားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုလိုခဲ့တာပါ။
    တကယ့်တကယ်နိုင်ငံအရေးကိုကိုယ်ကျိုးမဖက်လုပ်ခဲ့သူတွေက
    အခုထိထောင်ထဲမှာပါ။
    ရွေးကောက်ပွဲဝင်ခဲ့တဲ့လူတွေက်ုယ့်စိတ်ကိုအသိဆုံးပါ။
    တကယ်တော့ရွေးကောက်ပွဲဝင်မဲ့လူမရှိရင် လူအရေခြုံထားတဲ့အစိုးရ
    ကိုဖန်တီးလို့မရပါဘူး။

    ReplyDelete
  7. ကျွန်တော် ဘယ်တော့မှ ကမ္ဘာမကြေဘူး (မူရင်း ဒီဗီဒီ ဗီဒီယို)
    http://www.youtube.com/watch?v=i2znHtvm40E

    ReplyDelete
  8. အပေါ်က ကျွန်တော် ဘယ်တော့မှ ကမ္ဘာမကြေဘူး ဆိုတဲ့ကိုယ်တော်က ဘားမားဗီဂျေက ကိုယ်တော်လေ-
    http://matthewashton.files.wordpress.com/2011/02/burma-vj.jpg

    ReplyDelete
  9. ရွှေဝါရောင်တော်လှန်ရေးဟာစစ်အစိုးရကိုဖြုတ်ချနိုင်တဲ့အခွင့်အရေးဆိုတာမဖြစ်နိုင်ပါဘူး၊အခုလက်ရှိပုံစံလိုဘဲဒုတိယမျိုးဆက်နဲ့တတိယမျိုးဆက်အထိပါ အမိန့်ကိုတသွေမတိမ်း. နာခံမဲ့ တစောက်ကန်းတွေကို. လျာထားပြီးသားပါ။နိုင်ငံရေးသမားတွေအမာခံတွေဆိုပြီး. အယောက်တသိန်းလောက်. လက်ချည်းဘဲ. ဆန္ဒပြယုံကတော့ စစ်မိစ္ဆာတွေအတွက်ပစ်သတ်
    ဘို့လက်ညှိုးတောင်အညောင်းမပြေဘူး၊. သူတို့အကြောက်ဆုံးကတပ်ကွဲမှာတခုဘဲ။

    ReplyDelete
  10. ခမရ 305 က
    ညီညီ (ချစ်ကို) သို့

    မင်းဘာမင်း ခရလ မကလို့ ခမရ ကပဲ ဖြစ်ဖြစ် ဝင်ဆဲတာတော့ မကောင်းဘူး ထင်တယ်နော်
    အစွမ်းအစ ဟုတ်လား
    အာဏာလွဲပေးလိုက်လေ
    အဲ့ဒါဆိုရင် မင်းအဖေကြီးတွေကို မင်းပြောကြည့်ပါလား ကွ
    ဗိုလ်ချူပ်အောင်ဆန်းပေးခဲ့တဲ့ စစ်ပညာက အခုတော့ ကို့လူကို ပြန်သတ်ဖို့ ဖြစ်နေတာ မင်း မသိဘူးလားကွ
    1990 မှာ ဘယ်သူနိုင်ခဲ့တာ မင်းသိရဲ့လား
    လက်နက်နဲ့ ခြိမ်းခြောက်နေမှတော့ ဒယ်အို့းက စောင့်နေပါတယ်ဗျာ
    မကြာပါဘူး သန်းရွှေလဲ သေတော့မှာလေ
    သွား ဒယ် အိုး ပေါက်တယ်နော်
    မိုက်ရင်လာခဲ့ korea မှာ နေတယ် မှတ်ထားကွ နော်
    ဝင်မဆဲကြပါနဲ့ ဝစီ ဒုစရိုက်နော် သွားရမယ် ဒယ်အိုး
    ရေးချင်တာရေး မဆဲကြပါနဲ့ အိုကေနော်
    ကိုဒီမိုးဝေယံ နဲ့ အဖွဲ့များ အားလုံး ကျန်းမာပါစေ ချမ်းသာပါစေနော် ဆုတောင်းလိုက်ပါတယ်

    ReplyDelete
  11. ယို့~~ယို့~~ဘဝဟာ ဒီလိုဘဲ ဒီလိုဘဲ၊
    ဆုတ်ကပ်မှာရောက်ရင်၊ စုတ်ပြတ်တာလျှောက်မြင်
    အစစ်ကိုသူမသိ၊အပြစ်ကိုယူမိ
    တန်ဘိုးရှိမှာအစစ်နော်၊ပြန်ခိုးကြည့်တာအသစ်ပေါ်
    ယေ့~~ယေ့~~ဘဝဟာ ဒီလိုဘဲ ဒီလိုဘဲ
    အသစ်တွေကအတုနော်၊အစစ်တွေကစုအော်
    သူ့အဖေါ်လဲသူခိုးလက္ခံ၊အခုပျော်လဲအကျိုးပျက်ကျန်
    အမှန်တရားအတွက်အသက်ပေး၊အကြံသမားအတွက်ရတက်မအေး
    ယာ့~~ယာ့~~ဘဝဟာ ဒီလိုဘဲ ဒီလိုဘဲ
    လေးပါးဆုံရင်သံဃာမြတ်၊ဘေးစကားယုံရင်မှန်တာပြတ်
    ကြံရာမရရင်ရှိတာရောင်း၊သံဃာဘဝပင်သိစရာကောင်း
    ဒကါအတွက်ကိုစိတ်ပူ၊ဘယာအခက်ကိုကြိတ်ယူ
    ယော့~~ယော့~~ဘဝဟာ ဒီလိုဘဲ ဒီလိုဘဲ
    (ဆက်ရန်ရှိသေးသည်။)

    ReplyDelete
  12. သူဇာ(မန္တလေး)September 14, 2011 at 12:27 AM

    ရွှေမြိုင်ထွန်းရဲ့ Rap. ကဗျာ. လေးကတော့. ရင်ဘတ်ထဲ. ရောက်တယ်ဗျာ။

    ReplyDelete
  13. စိမ်းစိုဦးစီးဌာနကညွန်မှူးမောင်မောင်အောင်ကDGနဲ့ပေါင်းပြီးမတ်လမတိုင်မီအစိုးရဘတ်ဂျက်ကိုရမယ်ရှာပြီးကုန်အောင်သုးံဖို့အကြံထုတ်နေတယ်ပင်စင်မယူခင်အကုန်ယူသွားမဲ့အကြံနဲ့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။