အမေစုမှတ်တမ်း ရေးခဲ့တဲ့ (ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်း ညီညွတ်ရေးအတွက် အစဉ် တည်ရှိနိုင်ပါစေတဲ့.. ကျေးဇူးပါအမေ...
ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြပွဲအား၂၀၁၁ ခု စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၆၅) ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ GALLERY 65 တွင် ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။ အဆိုပါပြပွဲသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဌ ဘဘဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဘဘဦးဝင်းတင်တို့ လာရောက် အားပေး ကြည့်ရှုခဲ့ပါသည်။
(ဧရာဝတီကို ပြည်ထောင်စု သားသမီးများမှ အစဉ်ကာကွယ်သွားနိုင်ပါစေ)ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွားခဲ့ပါသည်။ ဧရာဝတီပြပွဲအား စိုးဝင်းငြိမ်းမှ ဦးစီးအကောင်ထည်ဖော်ခဲ့ပြီး ကာတွန်းပညာရှင် အော်ပီကျယ် အပါအ၀င်ကာတွန်း၊ ဓါတ်ပုံ၊ ပန်းချီနှင့် ကဗျာ၊ အနုပညာရှင်ပေါင်းများစွာ၏ လက်ရာများကို ဖော်ထုတ် ပြသထားပါသည်။ အဆိုပါပြပွဲအား စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၅ရက်နေ့အထိ ၄ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ခင်းကျင်း ပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်









အမေစုရဲ့ဧရာဝတီကန့်ကွက်မူ့တွေဟာ သိတ်အားမရဘူး.ဒါ့ထက်ပိုကျယ်လောင်တဲ့ကန်ကွက်မူ့မျိုးထပ်လုပ်သင့်ပါတယ်
ReplyDeleteကျွှန်တော်တို့အမိဧရာဝတီအတွက်အင်မတန်ကိုအရေးကြီးတဲ့အချိန်ကိုရောက်နေပါပီ.ကြာလေဒီမိဆ္ဆာကောင်တွေကရှေ့တိုးလုပ်လေပဲ..အမေစုရဲ့အသံဟာပြည်သူတရပ်လုံးရဲ့အားကိုးရတဲ့အသံပါ.အမြန်ဆုံးကယ်တင်ပေးပါ.
ကျွှန်တော်တို့အမိမြန်မာပြည်ကြီးရဲ့ဘယ်အရာနဲ့မှအစားထိုးမရတဲ့သဘာဝအလှအပဟာအမိဧရာဝတီပါ.ဧရာဝတီရဲ့အလှကိုဖျက်ဆီးတဲ့သူဟာမြန်မာတစ်မျိုးသားလုံရဲ့ရန်သူဘဲ.အမစုသမတကြီးဦးသိန်းစိန်နဲ့ဆွေးနွေးခဲ့တာဟာဒီရေကာတာအကြောင်းနဲနဲလေးမှမပါဘူးလားဖျာ..အချိန်တွေအရမ်းနောက်ကျနေပီ.
" ကယ်ကြပါအုံးဖျို့"