Pages

Thursday, October 13, 2011

BG သွေးအကူအညီပေးရေး သွေးလှူဒါန်ရေးနှိုးဆော်စာနှင့် ကိုမင်းကိုနိုင်မွေးနေ့ အကြိုဖိတ်စာ (ပြည်တွင်း)

သွေးလှူဒါန်းပွဲကိုရည်ရွယ်ချက် (၄)ရပ်ဖြင့် ကျင်းပလှူဒါန်းမည် ဖြစ်ပါသောကြောင့်

၁။ သွေးလိုအပ်သောလူနာများထံသို့ အသက်ကယ်သွေးရရှိရန်

၂။ ကိုမင်းကိုနိုင်၏ မွေးနေ့အတွက် ကုသိုလ်ပြုရန်

၃။ လွတ်မြောက်လာသော ကိုဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားများအား ကြိုဆိုသောအားဖြင့်

၎။ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးချွင်းချက်မရှိလွတ်မြောက်ရန်ရည်သန်၍ သွေးလှူဒါန်းမည်ဖြစ်ပါသည်။

သွေးလှူဒါန်းနိုင်မည့်ရက်များ ၁၃ရက်မှ ၁၈ရက်နေ့ထိ - အောက်တိုဘာလ - ၂၀၁၁ခုနှစ်

သွေးလှူဒါန်းမည့်သူများ ဆက်သွယ်ရန်

ကိုညီညီ 09-49328055
ကိုလင်းထက် 09-73125885
ကိုသီဟန် 09-49308433
ဒေါ်သီတာဝင်းအောင် 01-396476
မယဉ်ယဉ်ထိုက် 09-73170165
မဥမ္မာဝင်း 09-73079792
ကိုအောင်စိုးလွင် 09-43038808

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BG သွေးအကူအညီပေးရေးနှင့် ပညာဒါနမှ ၈၈ မျိုးဆက်သစ်ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်၏ (၁၈-၁၀-၂၀၁၁)နေ့တွင် ကျရောက်မည့် (၄၉) နှစ်ပြည့် မွေးနေ့အကြို အမှတ်တရ အဖြစ်...

- သံဃာတော်များကိုဆွမ်းကပ်ခြင်း

- ၁၂း၀၀ နာရီတွင် မွေးနေ့ပွဲသီချင်းဆို၍ မွေးနေ့ပွဲကျင်းပခြင်း

- လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို ကြိုဆိုပြီး မလွတ်မြောက်သေးသော နိုင်ငံရေးသမားများ အတွက်လည်း ဆုတောင်းပွဲကျင်းပခြင်း

- B.G သွေးအကူအညီပေးရေးနှင့် အခြားသော စေတနာရှင် သွေးအဖွဲ့တို့မှ ပူးပေါင်း၍ ကိုမင်းကိုနိုင်အတွက် ကောင်းမှု ကုသိုလ်များ ပြုလုပ်ပေးခြင်း စသည်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပါသည်။

အောက်ပါအစီအစဉ်အတိုင်းကြွရောက်ပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

ကိုညီ(တာဝန်ခံ) ၀၉၄၉၃၂၈၀၅၅
ကျင်းပမည့်နေရက် ၁၆-၁၀-၂၀၁၀
ကျင်းပမည့်အချိန် ၁၁း၀၀ နာရီ

ကျင်းပမည့်နေရာ ..... ပိဋိကတ်သုံးပုံ နိကာယ်ပရိယတ္တိ စာသင်တိုက်(မြင်းခြံကျောင်း)၊ ပုလဲရတနာလမ်း (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်။

လမ်းညွှန်.... ၂၅၇(အထူး)၊ ၃၉(အ၀ါ)၊ ၂၅၂(ဘီအမ်)၊ ၅၆(မ.ထ.သ)၊ ၈၈၊ ၃၉(ဒေ၀ူး) ၇၇ (အနီ)ဒိုင်နာ၊ ၉၆(အ၀ါ) ကားများစီးပြီး ပန်းခြံမှတ်တိုင်တွင်ဆင်းပါ။

2 comments:

  1. အာဏာရှင်တွေဟာ. သူ့ကိုဖိန့်ဖိန့်တုန်အောင်ကြောက်လို့. အားလုံးနဲ့
    အတူတူမလွှတ်ဘဲ. မွေးနေ့ကျမှ. အံ့အားသင့်သွားအောင်. ၈၈. မျိုးဆက်
    အားလုံးကို. လွှတ်ပေးမယ်ထင်တယ်။

    ReplyDelete
  2. ရွှေမြိုင်ထွန်းOctober 14, 2011 at 1:12 AM

    ကျွန်တော်ကတော့. ယုံကြည်နေတယ်. ဒီလအတွင်းမှာလွတ်ကိုလွတ်ရမယ်
    ၈၈. မျိုးဆက်ကျောင်းသားခေါင်းဆောင်. အားလုံးလွတ်ကိုလွတ်ရမယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။