Pages

Tuesday, October 4, 2011

တရုတ်သတင်းဋ္ဌာနတွေမှာ ဒေါသတကြီးတုန့်ပြန် နေတဲ့ မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်းများနဲ့ မြစ်ဆုံကိစ္စ အကြောင်းပြုပြီး သမ္မတကြီးဘက်ကရပ်တည်ပေးဖို့ လိုလာပြီလား. (ဆောင်းပါးရှင် သူတလူ)


တရုတ် ရုပ်သံသတင်း ဒေါင်းလုပ်ရယူရန်.. http://www.mediafire.com/?efm8qsl69b85lmr
ယူနန်ရုပ်သံ သတင်းဋ္ဌာနက ဒေါသတကြီး ထုတ်ပြန်ကြေငြာခဲ့တဲ့ မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ ရုပ်သံဖိုင်ပါ..။ တရုတ်စကားနားလည်တဲ့ အသိမိတ်ဆွေ တစ်ဦး အကြမ်းဖျင်း ဘာသာပြန် ပေးတာကတော့ ပထမအစိုးရလက်ထက်က ပြည်သူ့ဆန္ဒ မပါပဲလုပ်ခဲ့တဲ့ အတွက် အတုအယောင်သာ ဖြစ်တယ်လို့ မြန်မာအစိုးရမှ ပြောဆိုကြောင်းနဲ့ ယခုအစိုးရလက်ထက်မှာ ပြည်သူ့ဆန္ဒကို အလေးအနက်ထားတဲ့ အတွက် ဖျက်သိမ်းတယ်လို့ မြန်မာအစိုးရမှ ဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ခုရက်ပိုင်းအတွင်း အမေရိကန် အစိုးရ အရာရှိများ ရောက်ရှိလာတဲ့ အတွက် ဖြစ်နိုင်ကြောင်း.. မြန်မာအစိုးရအနေနဲ့ အမေရိကန်နဲ့ ဘယ်လိုပဲပတ်သက်၊ ပတ်သက် ယခင် တနှစ်ခွဲကျော် ချုပ်ဆိုထားတဲ့ စာချုပ်များကို ချုပ်ဆိုထားခဲ့ပြီးမှ ယခုလိုလုပ်တာ ကတိမတည်တာ ဖြစ်ကြောင်းနဲ့ မြန်မာကို ဘယ်လို အပြစ်ပေးကြမလဲဆိုပြီး ဒေါသတကြီး ကြေငြာသွားတယ်လို့ ဆိုပါတယ်...။

ဒီထက်ပိုပြီး နားလည်တဲ့သူများရှိရင် ထပ်ပြီး ဘာသာပြန်ပေးစေလိုပါတယ်...။ တရုတ်ကတော့ ကျွန်တော်တို့ကို ခြိမ်းခြောက်နေပါပြီ... ကျွန်တော်တို့ အမိမြေအတွက် ဘာဆက်လုပ်ကြမလဲ... အားလုံးဝိုင်းဝန်း စဉ်းစားပေးကြပါ...။

အောက်မှာတော့ တရုတ် အင်တာနက် သတင်းဋ္ဌာနတွေမှာပါတဲ့ မြန်မာနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ (ဆောင်းပါးရှင် သူတလူရဲ့ ... မြစ်ဆုံကိစ္စ အကြောင်းပြုပြီး သမ္မတကြီးဘက်က ရပ်တည်ပေးဖို့ လိုလာပြီလား) ဆောင်းပါး ဖတ်ရှုနိုင်ပါတယ်။..

ကျွန်တော်တင်ထားတဲ့ ရုပ်သံဖိုင်အတွက် အသေးစိတ်ကို
မနိုင်းနိုင်းစနေမှ ဖေ့စ်ဘွတ်မှာ
ယခုလိုဘာသာပြန်ဆို ပေးထားပါတယ်..။

 ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာန ကဖြစ်ပါတယ်.. ဒေါသတကြီး ထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ..။ သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..။

သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့ အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည်တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံး အကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်.. ဆည်ကိစ္စမှာ သမ္မတ ဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့ အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊


အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထား ကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ် မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန် ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလို ပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အရေိကန်ရဲ့လိုလား ချက်ကို ရယူချင်တယ်..။

ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့ အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒ တစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန် ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...။

မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်း မရှိတော့ကြောင်း၊ မလေးစား ထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့ အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ် ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်း နိုင်ငံငယ်တွေက တရုတ်ပြည်ကို မထီလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြား သွားခဲ့ပါတယ်.. သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ် ...။

မနိုင်းနိုင်းစနေအား ကျေးဇူးတင်ပါသည်...။

2011-10-03 Myanmar will enter the U.S. encirclement of China?
မြန်မာဟာ အမေရိကန်ကို လက်အောက် ဝင်သွားပြီး တရုတ် ကိုဝိုင်းရံဖို့ ကြံစည်နေပြီလား.?
(Translate လုပ်ဖတ်ကြည့်ပါ)

Introduction:President U Thein Sein Myanmar September 30, a rare letter to Congress, announced a temporary halt funded mainly by the dense pine China hydropower dam. Letter alleged that this $ 3.6 billion dam and the people and the legislature will conflict. Stop building dams in Myanmar announced on the same day, U.S. State Department said in a statement, senior State Department official on September 30 with visiting Foreign Minister of Myanmar U Wanna Maung Lwin held "fruitful" talks. The statement said that the United States still in Myanmar to take "dual track" policy, which is the principle of making contact with the same time, continue to implement the sanctions. This meeting demonstrated the principles of the United States continue to have contact with commitment, but also that the Government of Myanmar with the United States on human rights, democracy, political prisoners and other U.S. "core concern" will be discussed. The United States believes that to improve bilateral relations, "critical."

 2011-10-03 Myanmar, China should be given a lesson without breach of contract
စာချုပ်ကတိကို ဖျက်တဲ့ မြန်မာကို သင်ခန်းစာ ပေးရလိမ့်မယ် ဆိုတဲ့ တရုတ်သတင်း
Introduction:September 30, President of the Union of Myanmar Parliament announced that U Thein Sein aside during his tenure between China and Myanmar Myitsone cooperation projects. U Thein Sein said: "The Myanmar government is democratically elected government, so we must pay attention to the people's will, we have an obligation to focus on solving people's fears and concerns." Foreign Ministry spokesman Hong Lei 1, said in answering reporters' questions, the China and Myanmar joint venture Myitsone matters relating to the implementation process, both sides should be properly handled through friendly consultation.

 မြစ်ဆုံကိစ္စ အကြောင်းပြုပြီး သမ္မတကြီးဘက်က ရပ်တည်ပေးဖို့ လိုလာပြီလား. 
(ဆောင်းပါးရှင် သူတလူ)
စက်တင်ဘာလ ၂၉-ရက်နေ့စွဲနဲ့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်မှ လွှတ်တော်ကို ပေးပို့သော သ၀ဏ်လွှာမှာ အခုတလော တနိုင်ငံလုံး စိတ်မချမ်းမြေ့ဘွယ်နဲ့ ကြုံတွေ့နေရတဲ့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ သဝဏ်လွှာပါပဲ။ အထူးသဖြင့် တိုင်းရင်းသား ညီအကို ကချင်တိုင်းရင်းသားတွေအား မြန်မာလူမျိုး ကြီးစိုးသူ စစ်ဗိုလ်ချုပ်တွေက သူတို့ဒေသခံလူတွေရဲ့ သဘောထားကို မဆန်းစစ်.. မလေ့လာဘဲ စီမံကိန်းကို ထင်သလိုလုပ်တယ်။ တစ်ခါ ရလာတဲ့ အကျိုးအမြတ်ကလဲ ဒေသခံ လူထုအတွက် ခံစားခွင့် မည်မျှ ပေးသင့်သည်ကိုတောင် ထည့်မတွက်ထားပါဘူး။ ပါးစပ်ကတော့ တိုင်းရင်းသားညီနောင်တွေ။ ကချင်တိုင်းရင်သားတွေရဲ့ ရီုးရာသင်္ကေတ သမိုင်းအမွှေအနှစ် တွေဆိုတာကို တန်ဖိုးထားရမှန်းတောင် မသိတတ်သူက ညီရင်းအကိုဆိုပြီး ပါးစပ်ပါတိုင်းလျှောက် ပြောရာကျနေပါတယ်။ ပြောတာနဲ့ အလုပ်ပြောင်းပြန် ဖြစ်နေပါတယ်။

ကချင်လူမျိုးတွေဟာ ရိုးရာကို အတော်လေးစွဲလမ်းတဲ့ လူမျိုးစုတွေဖြစ်တာ မြန်မာတိုင်းရင်းသားတွေထဲမှာ ထူးခြားမှုတစ်ခုပါဘဲ။ အဲဒီမှာ ဧရာဝတီမြစ်ဆုံ ဆိုတာ သူတို့သိပ်တန်ဖိုးထား အမြတ်တနိုးထားတဲ့ သင်္ကေတ တစ်ခုပါ။ ဒါကို ဗိုလ်သန်းရွှေ မသိဟန်ဆောင်လို့ရပါမယ်။ ငြင်းချက်ထုတ်လို့ မရနိုင်ပါဘူး။ မဟုတ်ဘူး ငြင်းချင်လို့မရပါဘူး။ ကချင်လူမျိုးတွေကို ညီရင်းအကိုလို့ ခေါ်မယ်ပြောမယ်ဆိုရင် ပထမဆုံး ကချင်လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေ ကချင်လူမျိုးတွေရဲ့ စိတ်ထားနဲ့ အထွဋ်အထိပ်ထားတဲ့ ရိုးရာတွေကိုတော့ သိသင့်ပါတယ်။ အခုခေတ်တိုးရစ် ကမ္ဘာလှည့် ခရီးသည်တွေတောင် နိုင်ငံတခုကို သွားတော့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့  DO and DON'T ကိုပထမဆုံး သိအောင်လုပ်ထားရတာပါ။ ထိုင်းနိုင်ငံမှာ ဘုရင်ကြီး(တော်ဝင်မိသားစု) ကိုမဝေဖန်မိဖို့ အလွန်မှအရေးကြီးသလို နိုင်ငံတိုင်းမှာ တန်ဖိုးထားတဲ့ ဓလေ့ထုံးစံတွေ ရှိကြပါတယ်။
အခု ဧရာဝတီမြစ်ဆုံ ဆိုတာ ကချင်လူမျိုးတွေကတင် တန်ဖိုးထားတာ မဟုတ်ပါဘူး။ မြန်မာ သတင်းတွေလွှင့်ရင် မြစ်ဆုံကို တီဗီပေါ်မှာ အမြဲဦးစားပေး ဖေါ်ပြခဲ့ရတာပါ။ မြန်မာလူမျိုးတွေအတွက် အိမ်ဦးလို့ စိတ်ထဲမှာ ခံယူထားရတဲ့ နေရာဒေသပါ။ တရုတ်လူမျိုးကတော့ ငွေရမယ်ဆိုရင် ဘနဖူးတောင် သိုက်တူးကြတဲ့ လူစားတွေပါ။ ဘယ်သူဘာဖြစ်ဖြစ် ငတေမာပြီးရော စိတ်အလွန်ကြီးမားတဲ့ လူတွေပါ။  မော်စီတုံးလွန်ခေတ်မှာ လူဖြစ်လာတဲ့ တရုတ်တွေဟာ မိသားစုတစ်ခုမှာ ကလေးတစ်ဦးဘဲ ယူခွင့်ရှိတော့ သိပ်အလိုလိုက် ခံထားရသူတွေ။ စီးပွားကလဲ တက်လာတော့ တခြားသူ ဘာဖြစ်ဖြစ် ငါ့ပြသနာမဟုတ်ဖူး ဆိုပြီးသိပ်ပြောတဲ့လူတွေ။ it's not my problem. it's yours..လို့အားမနာတမ်း အလွန်ပြောတတ်သူတွေ။ လူမှုရေးစိတ်လည်း အတော်လေး ခေါင်းပါးကြသူတွေပါ။ သူတို့ဆီက ကိုယ်ချင်းစာစိတ်တော့ မမျှော်လင့်လေနဲ့။ ဘယ်သူသေသေ ငတေမှာ ပြီးရောဆိုသလို မွေးစကလေးတွေ အတွက် အင်မတန် အန္တရာယ်များတဲ့ နိုမှုန့်အတုကအစ ဆေးအတု အဆုံး အကုန်လုပ်ရောင်းတဲ့ သူတွေပါ။

တစ်ခါ မြစ်ဆုံရေကာတာကြီးဟာ အလွန်မှ ကြီးမားပါတယ်။ ရေကာတာကြီးက ရေပြင်ရဲ့ထု အလေးချိန်ဟာ ကမ္ဘာမြေအပေါ် ဖိအားအထိုက်အလျှောက် ပြောင်းလဲစေတာကြောင့် နဂိုလ်ကမှ စစ်ကိုင်းပြတ်ရွေ့က နာမည်ကြီးကြီး ရေထုအလေးချိန်ကြောင့် ငလျှင်ကို သက်ရောက် လာစေနိုင်ပါတယ်။ တကယ်လို့ ရေကာတာသာ ကျိုးကြည့်ပါ။ မြစ်ကြီးနားမြို့ဆိုတာ အရာတောင် ကျန်မှာမဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး အောက်ပိုင်းတွေ ရေမျောပြီး လူဦးရေ ဆယ်သန်းမက ပျောက်သွားနိုင်ပါတယ်။ ကချင်လူမျိုး တ၀က်လောက် ပျောက်သွားပါမယ်။

အခုဧရာဝတီမြစ်ဆုံကို သမ္မတကြီးက ရပ်ဆိုင်းလိုက်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးအရ ချိုချိုသာသာလေး ပြောလိုက်တာပါ။ မင်္ဂလာဆောင်တစ်ခုကို စီစဉ်ထားပြီးပြီ။ ဖိတ်စာတွေ ရိုက်ထားဝေထားပြီးပြီ။ ခမ်းမငှားဘာညာ အားလုံးစီစဉ်ပြီးမှ ရွှေ့ဆိုင်းတယ် ဆိုတာ ယဉ်ယဉ်လေးနဲ့ ဖျက်သိမ်းတာပါဘဲ။ တချို့ က လုံးဝဖျက်သိမ်းတာဘဲ လိုချင်တယ်။ ထအော်နေကြတာ ဒါလေးတော့ နိုင်ငံရေးကြွယ်ဝကြပါဦးလို့။ နိုင်ငံရေးမှာ ဒီလောက်ပြောတာကိုက အရိပ်ပြ အကောင်းမြင်တတ်ကြပါလို့။

အဓိက ကတော့ မြန်မာနိုင်ငံမှာ ဦးနေ၀င်း ၂၆-နစ်မှာ အစပိုင်းတွေမှာ တင်ပြတာလေးတွေ နည်းနည်းပါးပါး ရပါသေးတယ်။ နောက်ပိုင်းကျတော့ (ပါတာဖတ်) ညီလာခံအတုကြီး လုပ်တော့တာပါဘဲ။  ပြည်သူက ဘာမှ တင်ပြခွင့်မရှိပါဘူး။ သိပ်တင်ပြလာရင် အရှုးဆိုပြီး ဆေးထိုးတော့တာပါဘဲ။  တစ်ခါ န.အ.ဖ တက်လာတော့ ပြည်သူကိုဘေးဖယ်ထားပါ။ သန်းရွှေကို ဘယ်ဗိုလ်ချုပ်မှ မျက်နှာကို မကြည့်ဝံ့ကြပါဘူး။ အခုလဲ သမ္မတကြီးဥိးသိန်းစိန်ဟာ သူပျားပျား ၀တ်ယူရအောင် ကြောက်ရတဲ့ ဘိုသန်းရွှေ လုပ်ထားတာကို တော်တော်တန်တန် သတ္တိနဲ့  ဖျက်သိမ်းရတာ မဟုတ်ပါဘူး။ အင်မတန်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာပါ။

ဒီဆုံးဖြတ်ချက်ဟာ အခုကျနော်တို့ ဒီရပ်ဆိုင်းမှုဟာ သန်းရွှေ၊ ရွှေပေလွှာနဲ့ လက်မှတ်ထိုး ချုပ်ဆိုထားတာကို မှားတယ်လို့ အလုပ်နဲ့ သက်သေပြ လိုက်တာလို့မြင်ပါတယ်။ ဟေ့ကောင်သန်းရွှေလို့ အခေါ်ထည့် လိုက်တယ်လို့ မြင်ကြည့်ကြ စေချင်ပါတယ်။ ဒါသန်းရွှေကို လက်ခံဖို့ တော်တော်လေး ညှိနိုင်း ယူရပါမယ်။

အနှစ်ငါးဆယ်အတွင်း အာဏာချုပ်ကိုင်ထားသူတွေက ပြည်သူတွေရဲ့ အသံကို ဒါပထမဦးဆုံး အကြိမ် နားထောင်တာပါဘဲ။ အင်မတန်မှ မင်္ဂလာရှိသော ကိစ္စဖြစ်ပါတယ်။ အခုသမ္မတကြီး အပေါ်လူထုရဲ့ ယုံကြည်ကိုးစားမှု အတော်တက်လာပါတယ်။ အားကိုးမှုလဲပို ခိုင်မာလာပါတယ်။ တကယ်ထဲထဲဝင်ဝင် တွေးကြည့်ရင် လွယ်လွယ်လေး ဆုံးဖြတ်လိုက်ရတာ မဟုတ်ပါဘူး။ တဖက်ကလဲ အင်မတန် တကိုယ်ကောင်းဆန်တဲ့ တရုတ်လူမျိုးတွေ။ ပြောခဲ့သလိုဘဲ သဘာ၀၀န်းကျင်ပျက်တာ အန္တရယ်ဖြစ်နိုင်တာ ငါ့ပြသနာမဟုတ်ဘူး မင်းတို့ ပြသနာ ဆိုတဲ့လူစားတွေ။

အဲဒီလိုချဲ့ တွေးကြည့်ကြပါ။ သမ္မတကြီးကို ချီးမွှမ်းခန်းဖွင့်နေတာ မဟုတ်ပါဘူး။ သူ့နေရာနေ ကြည့်တတ်ကြဖို့ပါ။ ကိုယ်ကိုယ်ကို မင်္ဂလာဆောင်တစ်ခုကို ရွှေ့ဆိုင်းဖို့ တာဝန်ယူရတဲ့ နေရာကနေ နေကြည့်ပါ။ ဒါကမင်္ဂလာဆောင်ထက် ပိုအရေးကြီးပါတယ်။ နောက်တစ်ခုက ကျနော်တို့ ပြည်သူတွေကို အခုလက်ရှိအစိုးရက အလေးထားလာတယ်။ လူကိုလူလို့ မြင်လာတယ်လို့ ခံစားလို့ ရလာပါတယ်။ အဲဒီမှာ တဆက်ထည်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးနေတာ တွေဟာ ပိတ်ဆို့မှုတွေ ဖယ်ရှားရေးအတွက် ဟန်ပြလုပ်နေတာ မဟုတ်လောက်ဘူးဆိုတာကိုပါ စဉ်းစားလို့ ရလာပါပြီ။  တနည်းတော့ အခု မှိန်မှိန်လေးမြင်နေရတဲ့  ရောင်ခြည်လေးဟာ အလင်းရောင် အစစ်လို့တော့ ပြောလို့ရလာပါပြီ။ အားရှိလာရပါပြီ။

အဲဒီမှာ တဆက်ထဲ ဝေဖန်နေကြသူတွေကိုပေါ့။ အခုလက်ရှိသမ္မတကြီးကို မကြိုက်ကြဘူးဆိုရင် ပြောကြပါဦး စစ်အုပ်စုထဲက ဘယ်သူ့ကို သမ္မတအဖြစ် မြင်ချင်ကြသလဲ။ ကိုယ်တိုင် သန်းရွှေက ညီလာခံအတုကြီးလုပ်တယ်။ ဘယ်သူက ဟန့်တားနိုင်ခဲ့ကြလို့လဲ။ ဘယ်သူက ဟန့်တားလို့ အဖမ်းခံရသလဲ။ ရှိတော့ရှိပါတယ်။ တစ်ခါ နာဂစ်ဥပဒေကြီးကို အတည်ြပုတော့ ဘယ်သူက ဟန့်တားနိုင်ခဲ့ကြသလဲ။ ရွေးကောက်ပွဲ အတုလုပ်တော့ကော ဘယ်သူက ဘာလုပ်နိုင်ခဲ့ကြသလဲ။ ကျွန်တော်တို့ အားလုံးဘာမှ မစွမ်းဆောင်နိုင်ကြပါဘူး။ အခု မြစ်ဆုံ ဦးသိန်းစိန်က လိုက်လျှောမှုပေးလာတယ်။ ဒါကို တကျပ်ပေးတာ မကျေနပ်ဘူး တအုပ်လုံးပေး ထအော်ချင်ကြတယ်။ အဲဒီတော့ သူ့ကိုမကြိုက်ရင် ကျန်စစ်ဗိုလ်ချုပ်ထဲက ဘယ်သူ့ကို ပိုကောင်းမယ် ထင်ပါသလဲ။ ရွှေမန်း ရှိတယ်...။ ရှစ်လုံး-တင်အောင်မြင့်ဦး... ရွေးချယ်ခွင့်က စစ်မှုထမ်းဘူးတဲ့ စစ်ဗိုလ်ချုပ်ထဲကဘဲ ရထား၊ ခွင့်ပြုထားကိုး။ ဓမ္မဓိဋ္ဌာန်ကျကျတော့ ပြောကြဆိုကြတာ ကောင်းပါမယ်။

အဲဒီတော့ သမ္မတကြီးဦးသိန်းစိန်အပေါ် ဒီလို ရပ်ဆိုင်းပေးလာတာ သမ္မတကြီးအပေါ် လူထုရဲ့ ယုံကြည်ကိုးစားမှု တက်လာတယ် မတက်လာဘူး ဘယ်လိုမြင်ကြပါသလဲ။ စာဖတ်ပရိတ်သတ်တို့ရဲ့ အမြင်လေးတွေ ကိုဖိတ်ခေါ်ပါတယ်။ ဘာလို့ ဖိတ်ခေါ်ရသလဲဆိုတော့ သမ္မတကြီးမှာ သဘောထားတင်းမာသူ (လာဘ်များများ စားထားသူတွေက ပိုတင်းမာကြတာပါ)တွေ တတစ်ဖက် အင်အားပြိုင်နေရတော့ သမ္မတကြီးက ပြည်သူလူထု ဆန္ဒကို လိုက်လျောတာကို နဂိုကမှ သူတို့က မလိုက်လျောချင် တစ်ခါ အခုလို လိုက်လျောတော့ သမ္မတကြီးက လူကြိုက်ပိုများလာရင် သူတို့က အုပ်စုဖွဲ့  အမှား ရှာကိုင်လာနိုင်တယ်။

အဲဒီတော့ ပြည်သူလူထုကလဲ ကျနော်တို့ သမ္မတကြီးကို ကျေးဇူးတင်တယ်။ သမ္မတကြီးဘက်က ရပ်တည်မှုကို ဒီသဘောထား တင်းမာသူတွေကို သိထားအောင် တုန့်ပြန်ထားဖို့ တာဝန်လို့ မြင်မိလို့ ဖိတ်ခေါ်လိုက်ပါတယ်။

သူတလူ

16 comments:

  1. that right it is a truths .

    ReplyDelete
  2. တရုတ်တွေရဲ့ ကိုယ်ကျိုးကြည့်ပုံနဲ့ မြန်မာပြည်ကြီးရင်ဆိုင်ရမဲ့ အန္တရယ်တွေကို တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကာကွယ်ရမဲ့ တွန်းလှန်ရမယ်ဆိုတာ အားလုံးနားလည်ထားကြပါတယ် .. ဒါပေမဲ့ ကျွန်တော်ထင်တာတော့ ဒီလိုအရေးကြီလားတဲ့ ကဏ္ဍမှာ လက်နက်ကိုင်တိုက်ရမဲ့ အဆင့်တောင် ရောက်ရင်ရောက်လာပါမယ် .. တရုတ်တော်လှန်ရေးဆိုပါတော့ .. အဲဒီတော့ တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်နေတာကို ရပ်ပါ ..ပြီးတော့ တိုင်းပြည်အတွက် တိုင်းတပါးရန်ကို ကာကွယ်ဖို့အတွက် စစ်တပ်ရော တိုင်းရင်းသား တပ်တွေပါ ညီညွတ်မှုကို အရင်ဦးဆုံး တည်ဆောက်ရပါမယ် ... တို့နိုင်ငံ ပြည်သူလူထု တွေ ညီညွတ်ပေါင်းစည်းသွားပြီဟေ့ လို့ ဟစ်ကြွေးနိုင်ရင် တရုတ်တွေလဲ လက်ရဲဇက်ရဲ လုပ်ရဲမှာ မဟုတ်ဘူး ..တရုတ်တွေက တို့ပြည်သူတွေ နဲ့ အစိုးရ မညီညွတ်ဘူးဆိုတာ သူတို့တွက်ထားပြီးသားပါ ..ဒီတော့ နွားကွဲတော့ ကျားဆွဲ ကိန်းကတော့ သူတို့ အမိအရဆုပ်ကိုင်လာမှာဘဲ .. အရေးကြီးဆုံးကတော့ တတိုင်းပြည်လုံး ညီညွတ်ကြပါစို့ .. လက်တွဲတွေ ခိုင်မြဲရမဲ့ အခြေနေကို ရောက်လာပါပြီ ... လို့ ပြောပါရစေ ..

    ReplyDelete
  3. ၁။ အခုအချိန်မှာ အမျိုးသားရေးကိစ္စတခုကို ဖြစ်ထိုက်တဲ့အတိုင်း စွန့်စွန့် စားစား ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ သမ္မတကြီးဖက်က ကျနော်တို့ ဝန်းရံ ပေးကြရလိမ့်မယ်လို့ မြင်ပါတယ်။ သမ္မတကြီးတို့ကလည်း ခုလို အမျိုးသားရေး အတွက် အရေးကြီးနေချိန်မှာ ကိုမင်းကိုနိုင် တို့လို ဂုဏ်ပြု ထိုက်သော နိုင်ငံသားတွေကို အကျဉ်းထောင်တွေ ထဲကနေ ပြန်လွှတ်ပေးဖို့ လိုပါတယ်။ တရုတ်နိုင်ငံက မိုက်ရိုင်းရင် gas pipeline စာချုပ်ပါ ဖျက်ပစ်ဖို့ ကောင်းတယ်။ လျော်ရပလေ့စေ။ သူတို့ စစ်ရေး လာကျူးကျော်လို့တော့ မရပါဘူး။ ဒီကနေ့ခေတ်ဟာ ၁၉ ရာစု မဟုတ်တော့ပါဘူး။
    ၂။ အမေရိကန်ပြည်ထောင်စု နဲ့ အီးယူက မြစ်ဆုံစီမံကိန်း ရပ်စဲတာကို တရားဝင် ထောက်ခံထားကြပါတယ်။ သူတို့တင်းရင် ကျနော်တို့ တရုတ်နဲ့ relationship ပျက်သွားပြီး၊ အနောက်ကမ္ဘာနဲ့ ပိုနီးစပ်သွားမယ်။ ပိုနှစ်သက်ဖွယ် ကောင်းပါတယ်။

    ReplyDelete
  4. နော်ဆိုင်းOctober 4, 2011 at 3:13 AM

    တရုတ်ပြည်ကတရုတ်တွေရဲ့. မင်းသားမျက်နှာဖုံးကတော့. သမ္မတကြီး
    ဦးသိန်းစိန်ရဲ့သဝဏ်လွှာ. တစောင်ထဲနဲ့ကွာကျပြီးသကာလ. ဘီလူးဂေါင်း
    ရုပ်မှန်က. ဒေါသတကြီးနဲ့. တုံ့ပြန်နေတာကို. မြင်ရတာနဲ့. သူတို့
    ရဲ့အတွင်းသရုပ်ကို. ခန့်မှန်းနိုင်ကြမယ်လို့ထင်ပါတယ် ၊. ဆင်ဆယ်စီး
    စားခဲ့ပြီးမှ. မြင်းတစီးလွတ်ယုံနဲ့တင်. ကြိတ်မနိုင်ခဲမရဖြစ်နေလိုက်တာ၊
    အရေးကြီးလာပြီ. သွေးစည်းကြစို့၊. တခုသတိထားကြပါ၊. အရင်က
    မြန်မာအစိုးရဟာ. နိုင်ငံရေးအကြပ်အတည်းကြုံတုံးက. တရုတ်မြန်မာ
    အဓိကရုဏ်းကို. ဖန်တီးပြီးအာရုံလွှဲခဲ့ဘူးတယ်၊. အခုကပြောင်းပြန်
    လုပ်လိမ္မယ်၊. တရုတ်မြန်မာအရေးအခင်းကို. တရုတ်ကဖန်တီးပြီး
    ကျူးကျော်လာနိုင်လို့. မြန်မာနိုင်ငံသားအပေါင်းတို့. သတိဝိရိယဖြင့်
    သွေးစည်းညီညွတ်ကြပါရန်. တိုက်တွန်းနှိုးဆော်ပါတယ်၊. တချိန်တုံး&
    က. အင်္ဂလိပ်အခက်. ဗမာအချက်ဆိုပြီး. လွတ်လပ်ရေး. ရယူခဲ့ပေမဲ့
    အခုကိစ္စက. နွားကွဲရင်. ကျားဆွဲမဲ့ကိန်းရှိလို့. တရုတ်ကျွန်မဖြစ်ဘို့အတွက်
    ဦးသိန်းစိန်ကိုဝိုင်းရံပေးဘို့. လိုပါလိမ္မယ်၊. ဂျပန်ကတရုတ်ကို. ကျူးကျော်
    စဉ်တုံးကလဲ. ပြည်တွင်းစစ်ဖြစ်နေတဲ့. ချန်ကေရှိတ်တပ်နဲ့မော်စီတုံး. တပ်တို့.
    ပြန်လည်ပေါင်းစည်းပြီး. တိုင်းတပါးရန်ကို. ဘုံရန်သူ. အဖြစ်တိုက်ခိုက်ခဲ့ကြ.
    တဲ့. သာဓက. ရှိခဲ့ဘူးတာ. သိကြမှာပါ၊. မြန်မာပြည်ကတရုတ်တွေ. နဲ့.
    ပုံမှန်အတိုင်း. ဗိုလ်နေမြဲကျားနေမြဲ၊. သတိဝိရိယရှိကြပါစို့။. အခုလောလော
    ဆယ်ဖြစ်နေတဲ့. ကချင်နဲ့စစ်ပွဲကိုလဲ. ချက်ချင်းရပ်စေချင်ပါပြီ ၊. ဘယ်ဘက်
    ကသေသေ. ကိုယ့်တိုင်းရင်းသားတွေကြီးဘဲ၊. အစိုးရတပ်ကသုံးတဲ့စစ်လက်
    နက်လဲ. တရုတ်လုပ်. ကချင်တပ်ကသုံးတဲ့. စစ်လက်နက်လဲ. တရုတ်
    လုပ်. စဉ်းစားသာကြည့်ကြပါတော့၊. အိမ်ကြက်ချင်းဘဲ။

    ReplyDelete
  5. R: Yunan TV strongly denouncement of MyitSone Project Cancellation

    As in September 27, 2008 During the Monk -Saffron Uprising, China said that China hoped the Burmese Government would "improve the people's welfare" and "properly deal with its domestic social conflicts". The stopping of Myit Sone Dam Project is Burma-Myanmar Internal Domestic Affair and also the Government Proper Response to the Wish and Welfare of Burma-Myanmar. President U Thein Sein government should be commended and supported by everyone who love Irrawaddy and the country.

    ReplyDelete
  6. မောင်သန့် ။October 4, 2011 at 10:29 AM

    သမ္မတ ကြီး ရဲ့ ကိုယ်ရေးလုံခြုံမှု၊ ရာထူးလုံခြုံမှု ကို အရေးတကြီးထားကြစေချင်ပါတယ်။
    အလားတူ ဘဲ ဒေါ်စု နှင့်တကွ ဘဘဦးတင်ဦး၊ဘဘ ဦးဝင်းတင် တို့ ရဲ့ ကိုယ်ရေးလုံခြုံမှု ကလဲ ပိုပို အရေးကြီးလာပါပီ။
    မန္တလေး ခရီးစဉ် ကိုတောင် ဖျက်လို့ ရရင် ဖျက်စေချင်ပါတယ်။
    ဒီမိုကရေစီ နဲ့  အမျိုးသားရင်ကြားစေ့ရေး ကို နားမခံသာတဲ့ စစ်ဝါဒီ တွေ ကို သတိကြီးကြီး ထားဖို့ လိုပါတယ်။

    ReplyDelete
  7. မောင်သန့် ။October 4, 2011 at 10:31 AM

    သမ္မတ ကြီး ရဲ့ ကိုယ်ရေးလုံခြုံမှု၊ ရာထူးလုံခြုံမှု ကို အရေးတကြီးထားကြစေချင်ပါတယ်။
    အလားတူ ဘဲ ဒေါ်စု နှင့်တကွ ဘဘဦးတင်ဦး၊ဘဘ ဦးဝင်းတင် တို့ ရဲ့ ကိုယ်ရေးလုံခြုံမှု ကလဲ ပိုပို အရေးကြီးလာပါပီ။
    မန္တလေး ခရီးစဉ် ကိုတောင် ဖျက်လို့ ရရင် ဖျက်စေချင်ပါတယ်။
    ဒီမိုကရေစီ နဲ့  အမျိုးသားရင်ကြားစေ့ရေး ကို နားမခံသာတဲ့ စစ်ဝါဒီ တွေ ကို သတိကြီးကြီး ထားဖို့ လိုပါတယ်။

    ReplyDelete
  8. တရုတ်ကို တိုက်ရလို့ကတော့ စစ်ထဲဝင်ဖို့လဲ ဝင်မလေးဘူး ..... ကိုယ့်နိုင်
    ငံသားချင်းကတော့ လည်ပင်းပေါ်ဓါးမိုးထားတောင် မတိုက်ဘူး..... သမ္မတ ကြီး နိုင်ငံ့အတွက်တကယ်လုပ်ရိုးမှန်ရင် သူ့အစား တရုတ်ကိုတိုက်မယ်.....

    ReplyDelete
  9. ကိုလေး(မနောမြေ)October 4, 2011 at 3:19 PM

    ဟုတ်ပါ့ဗျာ၊. ပြည်ပကျူးကျော်တဲ့. ဘယ်နယ်ချဲ့ကိုမဆို. တိုက်ဘို့အတွက်
    ကတော့. အသက်ပေးဘို့အထိ. ဝန်မလေးဘူး၊. သူတို့တတွေ
    မြန်မာကို. ဘယ်လိုအပြစ်ပေးရင်. ကောင်းမလဲ. ဆိုတဲ့အထိ
    အိမ်နီးချင်းကောင်း. မပီသတဲ့. ဇာတိကပြနေပြီ၊. သမ္မတကြီး
    က. အနီးကပ်ဆုံးရန်သူကို. သတိထားပါ၊. ဒေါ်စုတို့. ဘဘဦးတင်ဦးတို့
    NLD. ရဲ့CEC. တွေအားလုံး. သတိဝိရိယ. နဲ့. နေစေချင်ပါတယ်၊
    တရုတ်. မာဖီးယား. တွေရော. နအဖရဲ့. သဘောထား. တင်းမာသူ
    တွေကိုပါ. သတိထားစေချင်ပါတယ်၊

    ReplyDelete
  10. အရေးကြီးရင်သွေးနီးပြီးသားပဲ၊ လိုအပ်လာလို့ စစ်တိုက်ဆိုရင်လဲ သေသေကျေကျေ ချပြီးသားပဲ၊ ဘာနိုင်ငံရေးမှမလုပ်ခဲ့ဘူး ပါဘူး၊ ကိုယ့်အလုပ်ပဲကိုယ်လုပ်ပြီး မိသားစုနဲ့ အေးဆေးနေချင်တာ၊ လိုအပ်လို့ကတော့ ဘာမှဂရုမစိုက်ဘူး၊ တစ်မိသားစုလုံး နိုင်ငံအတွက် ပေးဆပ်နိုင်တယ်၊ တရုတ်လူမျိုးတွေကို မမုန်းပါဘူး လူလူချင်းမို့လို့ ဒါပေမယ့် ကိုယ့်ကို စော်ကားလာရင်၊ ကျွန်ပြုလာရင်တော့ တရုတ် အမှုန့်လုပ်ပြစ်မယ်။

    ReplyDelete
  11. သမ္မတကြီးဦးသိန်းစိန်ရဲ့ဆုံးဖြတ်ချက်ကိုလုံးဝအားရကျေနပ်ပါတယ်.ဒီကိစ္စရဲ့တရားခံဟာသန်းရွှေဘဲ.သန်းရွှေကိုခုံရုံးတင်စစ်ပေးပါသမ္မတကြီးဦးသိန်းစိန်ခင်ဖျား.
    ကျုပ်ကလဲအထက်ကညီနောင်အကိုတွေနဲ့တစိတ်ထဲတဝမ်းထဲပါ.ကျုပ်အသက်ကငါးဆယ်ကျော်နေပေမဲ့.ကျုပ်တို့တိုင်းပြည်ကိုလာထိလို့ကတော့.အခုချက်ချင်းစစ်သားလုပ်ပီးတိုက်မယ်.ခွေးမသား Chinaတရုတ်တွေကိုသတ္တိပြကြသေးတာပေါ့..
    .

    ReplyDelete
  12. အပေါ်က ကွန်မင့်တွေကို ဖတ်ရတာ အားရှိလိုက်တာ ခင်များတို့အားလုံးရဲ့ အမြင်ကို ကျနော်ထောက်ခံပါတယ်။ အရေးကြီးရင် သွေးစည်းရပါမယ်။ ကျနော်ကတော့ ဘယ်သူတွေ ဘာပဲပြောပြော သမ္မကြီးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အနာဂါတ်ဟာ လင်းလက်တော့မယ့် အရိပ်အရောင် သန်းလာပါပြီ။ ဥိးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ပေးကြပါ။ သူတို့ဟာ မြန်မာပြည်ကို ဖွံ့ဖြိုးတိုတက်လာအောင် ဖန်တီးပေးမယ့် သူတွေဆိုတာ ကျနော်ရဲရဲကြီးထောက်ခံပါတယ်

    ReplyDelete
  13. နိုင်ကိုကြီး(ဂျပန်)October 5, 2011 at 12:16 AM

    အားလုံးရဲ့သဘောဆန္ဒတွေဟာ. ရင်ထဲကလာတယ်ဆိုတာ. လုံးဝယုံကြည်တယ်. အားလုံးဘဲသတိဝိရိယ. ရှိစေချင်တယ်၊. တရုတ်တွေနဲ့ချုပ်ဆိုထားတဲ့. စာချုပ်တွေ
    နောက်ထပ်အများကြီးရှိပါသေးတယ်၊. အဲဒီအထဲမှာ. ပြည်သူပြည်သားတွေအတွက်
    အန္တရယ်ရှိတဲ့စီမံကိန်းကတော့. ရခိုင်ကနေ. နေပြည်တော်ကိုဖြတ်ပြီး. တရုတ်ပြည်
    ကူးမင်းမြို့. အထိဖေါက်လုပ်မဲ့. ရထားလမ်း. စီမံကိန်းဘဲဖြစ်ပါတယ်၊. လွန်ခဲ့တဲ့
    လပိုင်းက. အမြန်ရထားတိုက်မှုနဲ့. မြေအောက်ရထားတိုက်မှုတွေ. ဖြစ်ခဲ့တာမှတ်
    မိကြမယ်ထင်ပါတယ်. ကမ္ဘာပေါ်မှာ. ရထားပို့ဆောင်ရေးမှာ. စိတ်အချရဆုံးတိုင်း
    ပြည်ဟာ. ဂျပန်ဖြစ်ပြီး. ဒုတိယဟာ. ပြင်သစ်ဖြစ်ပါတယ်၊. ဒါကြောင့်. ဗီယက်နမ်
    နိုင်ငံဟာလဲ. ကျည်ဆံရထားစီမံကိန်းကို. ဈေးကြီးသလောက်စိတ်ချရတဲ့. ဂျပန်ကုမ္ပဏီနဲ့လုပ်မှာဖြစ်ပြီး. တရုတ်ကုမ္ပဏီကို. (ကွန်မြူနစ်ချင်းတူတာတောင်)အဖက်မလုပ်ခဲ့ဘူး။. မြန်မာပြည်သူတွေရဲ့. တသက်လုံးရင်တမမနဲ့. ခရီးသွားရမဲ့ဘဝဟာ. ပေါချောင်ညံ့ကို. လိုချင်လို့ဖြစ်ပါတယ်၊
    စုံစမ်းဖေါ်ထုတ်ပေးကြပါ။

    ReplyDelete
  14. လက်ရှိမြန်မာအစိုးရအနေနဲ့ တရုတ်နဲ့ တင်းမာမှု အရှိန်အဟုန် မမြင့်လာခင်မှာ ၀ ကို တင်းကြပ်စွာ အရင်ကိုင်တွယ်ဖို့ လိုပါလိမ့်မယ်။

    နို့မဟုတ်ရင် တရုတ်မျိုးနွယ်စု ၀ ကို အင်အားပိုကြီးလာအောင် လုပ်ဆောင်ပေးသလို ဖြစ်ပါလိမ့်မယ်။

    ReplyDelete
  15. ဒေါသတကြီး ထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ..October 5, 2011 at 12:24 PM

    .
    မနိုင်နိုင်းစနေ ဘာသာပြန်-

    ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် Phoenix Satellite Television Holdings Limited (ifeng)ရဲ Phoenix Tv(凤凰卫视) သတင်းဌာနကဖြစ်ပါတယ်.

    ဒေါသတကြီး ထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..

    သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည်တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ်အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...


    သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်

    မန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..

    သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်....

    by Ninenine Sanay

    http://www.facebook.com/nineninesanay/posts/297075453651519


    ဟောင်ကောင် Phoenix Tv(凤凰卫视) Phoenix Satellite Television Holdings Limited (ifeng) သတင်းဌာန website

    http://www.phoenixtv.com/
    My life Days

    ReplyDelete
  16. Yes, they won't care anything cos they just know how to be selfish by the opposite way of religious people.why? wow they have no religion.This is just the first. If we stay silent, so many next times are waiting for us. Even in the history, there were fights among races just for a river.why? Even they (undeveloped people)can see how much a river means to them. Money is just a piece of paper. River is life.Just take us if you have courage to do so China.We are not gonna give it to you cos you are just nothing and you are the one low-life and disrespected country to an international like this announcer said.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။