၂၀၁၁ စက်တင်ဘာလ (၂၃) ရက် နေပြည်တော်ဇဗ္မူသီရိမြို့နယ်၊ ခရေအရာရှိကြီးများ ၀န်ထမ်းအိမ်ရာ၌ ညသန်းခေါင် (၁၂) နာရီအချိန်တွင် ဧည့်စာရင်းစစ်ဆေးရန်ဟု အကြောင်းပြကာ နေပြည်တော်အမှတ်(၅) ရဲစခန်းမှရဲများနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များမှ ၀ုန်းဒိုင်းကြဲကာ အထိတ်တလန့် ၀င်ရောက် စီးနင်းရှာဖွေခဲ့ပါသည်။ ယင်းသို့ဝင်ရောက် စီးနင်းရာတွင် နေပြည်တော် Junction Centre ရှိ အရာရှိကြီးတဦး ပိုင်ဆိုင်သည့် ဖိနပ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မိန်းကလေး(၆)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး၊ လက်ထိပ်မရှိသောကြောင့် ထိုမိန်းကလေးများအား သံကြိုးဖြင့် ချည်နှောင်ပြီး နေပြည်တော် အမှတ်(၅)ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
နောက်တနေ့ နံနက်တွင် နေပြည်တော်အမှတ်(၅) ရဲစခန်းမှပျဉ်းမနားမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး၊ နေပြည်တော်ကောင်စီ၏ အမိန့်ဖြင့် ထိုအရောင်းဝန်ထမ်း မိန်းကလေးငယ်များကို ရက်ရက်စက်စက် ထောင်ဒဏ်(၁၅)ရက် အပြစ်ပေး လိုက်ပါသည်။ အဆိုပါ အရောင်းဝန်ထမ်း အမျိုးသမီးလေးများမှာ ဘွဲ့ရပညာတတ်၊ မိကောင်းဖခင်၊ အမျိုးကောင်း သမီးလေးများဖြစ်ပြီး၊ တနယ်တကျေးမှ လာရောက်၍ မိဘများကို သမ္မာအာဇီဝဖြင့် ရိုးသားစွာ ရှာဖွေကျွေးမွေး နေသူလေးများဖြစ်သည်။
နောက်တနေ့ နံနက်တွင် နေပြည်တော်အမှတ်(၅) ရဲစခန်းမှပျဉ်းမနားမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး၊ နေပြည်တော်ကောင်စီ၏ အမိန့်ဖြင့် ထိုအရောင်းဝန်ထမ်း မိန်းကလေးငယ်များကို ရက်ရက်စက်စက် ထောင်ဒဏ်(၁၅)ရက် အပြစ်ပေး လိုက်ပါသည်။ အဆိုပါ အရောင်းဝန်ထမ်း အမျိုးသမီးလေးများမှာ ဘွဲ့ရပညာတတ်၊ မိကောင်းဖခင်၊ အမျိုးကောင်း သမီးလေးများဖြစ်ပြီး၊ တနယ်တကျေးမှ လာရောက်၍ မိဘများကို သမ္မာအာဇီဝဖြင့် ရိုးသားစွာ ရှာဖွေကျွေးမွေး နေသူလေးများဖြစ်သည်။
ထိုကဲ့သို့ ရက်ရက်စက်စက် သားသမီးချင်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ ထောင်ချရန် အမိန့်ပေးခဲ့သူမှာ ယခင်(နယ်စပ်စည်ပင်ဝန်ကြီး) ယခုနေပြည်တော် ကောင်စီဥက္ကဌ၊ သမ္မတရုံးဝန်ကြီး၊ နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့်ပင် ဖြစ်ပါသည်။ ယခုကဲ့သို့ တရားဥပဒေကို ကျော်လွန်ပြီး အပြစ်မဲ့လုပ်သား ပြည်သူများကို ထောင်ချဖမ်းဆီးနေခြင်းသည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လွန်စွာမှ ဆိုးဝါးလှသော အဖျက်အမှောင့် လုပ်ရပ်ကြီး တခုဖြစ်ပြီး၊ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက် နေခြင်းပင် ဖြစ်သည်။
ဘွဲ့ရပညာတတ် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအား ထောင်သွင်းအကျဉ်းချပြီး၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အနှိပ်ခန်းမှ မိန်းမပျက်များ၊ ဘားလမ်းကားမှတ်တိုင်၊ ပန်းဆိုးတန်း ကားမှတ်တိုင်၊ စံပြဈေးကား မှတ်တိုင်များတွင် ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေကြသော အကျင့်ပျက် ပြည့်တန်ဆာမလေးများနှင့် ဥပဒေဘက်တော်သားဟု ပြောပြောနေကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ SB၊ စအဖအစရှိသည့် ထောက်လှမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ပျော်ပါး၊ မြူးတူး၊ ကူးလူး ဆက်ဆံနေကြသည်များကို မြင်တွေ့မိသောအခါဝယ် ရင်ထဲတွင် နေအစင်းတစ်ရာမက ပူလောင်ပြင်းထန် စိတ်နှလုံးနာပြီး ယူကျုံးမရ ဖြစ်ရပါတော့သည်။
(နေပြည်တော်ရှိ သတင်းထောက်တဦး၏ ရင်ဖွင့်စကားသံကို အောက်တွက် ဆက်လက် ဖတ်ရှုနိုင်ပါသည်။)
ပေးပို့လာတဲ့ ဘားမားပါပါရာဇီ အားကျေးဇူးတင်ပါသည်...။




နေပြည်တော်မှာဗုံးတွေ့လို့ ထိတ်ထိတ်ပြာပြာဖြစ်သွားတယ်ထင်တယ်
ReplyDeleteတကယ်တော့ ဆဲမယ်ဆိုရင်တော့ တော်တော်ကိုဆဲချင်စရာကောင်းပါတယ်
မြို့တော်ဝန်ရုပ်ကလည်း တော်တော်ကိုခန့်ခန့်ညားညားပါဘဲ
ဟိုတစ်ခါဦးမောင်အေးကြီးသမီးတွေတော့ ထိသွားသေးတယ်
ကိုယ့်သမီးတွေထိမှ ကြောက်မနေပါနဲ့
သူများသမီးပျိုလေးတွေကို ဒီလိုလုပ်တာဟာ သားသမီး ချင်းကိုယ်ချင်းမစာနာလွန်းရာကျပါတယ် တရားခံမဟုတ်သူတွေကို လက်ထိပ်ခတ်တာ ကြိုးချည်တာတွေဟာ လုံးဝကိုဥပဒေအရ မှားယွင်းနေပါတယ် ဥပဒေပညာပိုမိုတတ်ကျွမ်းသူတို့ခင်ဗျား အဆိုပါ ဖမ်းဆီးရေးတွင်ခေါင်းဆောင်သူများကို ပြန်လည်တရားစွဲဆိုနိုင်ရေး ကိုကူညီကြပါ။ မည်သို့ပြန်လည်တရားစွဲဆိုနိုင်ပါသလဲပေါ့ ။ နိုင်ငံတကာမှာ ဒီမိုကရေစီဆိုပြီးဟစ်ကြွေးနေတာတွေ တော့ အလကားဖြစ်ကုန်ပါပြီ။ နေပြည်တော်မှာ ရှိတဲ့အပေါင်းအသင်းတို့ရေ လက်ပိုက်ကြည့်မနေပါနဲ့
စာနာမိပါတယ်။။
ReplyDeleteမီဒီယာတွေကနေ တစ်ဆင့် အမှန်တရားကို ဖေါ်ထုတ်ပေးကြပါ။
အခုလို သတင်းမျိုး အများပြည်သူ သိခွင့်ရအောင်ဖေါ်ပြပေးတဲ့ ကိုဒီမိုဝေယံ ကိုလည်း ကျေးဇူးပါ။
ရက်ရက်စက်စက် သားသမီးချင်း ကိုယ်ချင်းစာနာစိတ်မရှိ။
ReplyDeleteအမှန်တရားကို ဖေါ်ထုတ်ပေးကြပါ။
မောင်သိန်းညွန့်က တရုတ်လေ.... လူကြီးလုပ်ချင်လို့ ရာဇ၀င်ကိုဖျောက်ထားတာ..။ မယုံရင် .. မအူပင်မှာရှိတဲ့ ရှေ့မှီနောက်မှီလူကြီးတွေ၊ သူ့အမျိုးအိမ်တွေကို သွားလေ့လာကြည့် ..။ သူ့မိဘက နိုင်ငံသားမဟုတ်ဘူး FRC လို့ပြောကြတယ်.။ ကျုပ်တို့သမ္မတတော့ တိုင်းရင်းသားမဟုတ်တဲ့ လူမျိုးခြားကို သမ္မတရုံးဝန်ကြီးခန့်ထားတာ .. နဂါးကို ခါးပိုက်ပိုက်ထားတာပဲ..။
ReplyDeleteအဲဒီ ဖမ်းတဲ့အဖွဲ့က တာဝန်ရှိသူ မည်သူကိုမဆိုပြောချင်ပါတယ်..။
ReplyDeleteခင်ဗျားတို့ အခုလို မိန်းကလေးတွေကိုတော့ ဖမ်းပြီး ခင်ဗျားတို့သွားသွားနေကျနေရာတွေက မိန်းကလေးတွေကိုတော့ မဖမ်းဘူးလား..။
ဥပမာဗျာ ...FAMOUS တို့ လမင်းအိမ်တို့ တော်ဝင်နန်းကေတီဗီတို့လေဗျာ.။ နောက်ပြီး ..ရာဇဌာနီ (သို့မဟုတ်) မာဆတ်ဌာနီ လမ်းတလျောက်က အနှိပ်ခန်းတွေ ပြည့်တန်ဆာ လုပ်ငန်းတွေ၊ ဟိုတယ်ဇုံအတွင်းက အဆင့်မြင့်အနှိပ်ခန်း/ပြည့်တန်ဆာခန်းတွေ အများကြီး..။
အခုဖမ်းတာ နေပြည်တော်လုံခြုံရေးအတွက်ဆိုရင် အဲဒီ ကေတီဗီ၊ မာဆတ်တွေက မိန်းကလေးတွေကို နေပြည်တော်လုံခြုံရေးအတွက် ခင်ဗျားတို့ အာမခံနိုင်လို့တား..။ ဘာဖြစ်လို့ အဲဒီနေရာတွေကိုတော့ လုံးဝ မဖမ်းဘဲ ရိုးသားစွာလုပ်ကိုစားသောက်နေတဲ့ အပြစ်မဲ့မိန်းကလေးတွေကိုတော့ ထောင်ချပစ်တာလဲ..။
ခင်ဗျားတို့ တာဝန်ပိုင်းကို မပြောချင်ဘူး ... ဒါပေမယ့်. အဲဒီလောက်အထိ သမ္မတကို အလွဲသုံးစားလုပ်ပြီး ..အဆင့်မရှိဆုံးဖြတ်တာ ပေါ်တင်ကျတာတော့ ကျွန်တော်တို့ပြည်သူတွေကိုယ်စား ရင်နာတယ်..။
ကျွှန်တော်တို့ရဲ့ နေပြည်တော် မြို့တော်ဝန်ဦးသိန်းညွန့် ဥပတိရုပ်က တော့ လေးစားလောက်တယ်ဗျာ။
ReplyDeleteဟေး
ReplyDeleteကောင်းကွာ
မွေးခါစ ဒီမိုကရေစီလေးကို အောက်ခြေကနေ ဖြတ်ကန်လိုက်သလိုဘဲ
တုန်းကနဲ ပြုတ်ကျတာဟေ့၊ လုပ်ပေါ့ကွာ ခွေးအ တွေရာ။
ပြည့်တန်ဆာမတွေကို မဖမ်းတာကတော့ဗျာ
ReplyDeleteနေပြည်တော်ကို တန်ဆာဆင်ထားလို့ဗျ အဲ့ဒါကြောင့် ပြည့်တန်ဆာလို့ခေါ်တာပေါ့။ ပီးတော့ ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံဆိုတာ မဖြစ်မှာစို့လို့ထင်တယ်၊ ၀ိုင်းပီးထောက်ပံ့နေကြတာလေ။
ေ-ာက်ကျက်သရေ မရှိတဲ့ရုပ်နဲ့......
ReplyDelete-ာမတွေကကြတော့ ခေါင်းပေါ်တင် -င်လျှက်ချင်တဲ့ဟာတွေ.....
ထမိန်ဝတ်ပြီး ခေါင်းပေါင်း ပေါင်းထားတဲ့ ဂျော်ဂျော်ကြီး ခေါ်ရမလား မာမီကြီးခေါ်ရမလားဆိုတဲ့ xxx ဟာကြီးက မြို့တော်ဝန်ဦးသိန်းညွန့် လား ... ဟင်!
ReplyDeleteနိုင်ငံပိုင် အခန်းကို ငှားစားတဲ့လူကိုမှာ အပြစ်ရှိလား။ ငှားပြီးနေထိုင်တဲ့လူမှာ အပြစ်ရှိလား။
ReplyDelete-------------
company တွေက ကိုယ်ဝန်ထမ်းကို သက်တောင့်သက်သာ နေဘိုထိုင်ဘို့ ဘာလို့မစီစဉ်ပေးနိုင်တာလဲ။ company တွေက ကိုယ်ဝန်ထမ်းကို ဘာလို Take care မလုပ်တာလဲ။
--------------
အဝှါ လုပ်စားမှ Good မဲ့ ခေတ် ဖြစ်နေတယ်။ တာဝန်ရှိတဲ့လုပ်တွေ အလုပ်လေးဘာလေးလုပ်ပါအုံး။ ခိုးဘို့ချည်းပဲစဉ်းစားနေပါနှင့် ။
ခွင်ရှာရင်း ကောင်းရာကောင်းကြိုးလေးလုပ်ပါဦး ။ ခင်ဗျား မြေးတွေ အချိန်ရောက်... ဆိုတဲ့အတွေးနှင့် .....
လူ့ အခွင့်အရေးကော်မီရှင်ကို တိုင်တန်းကြပါ။ သူတို့ ဘယ်လောက် မှန်မှန်ကန်ကန် ကူညီနှိုင်မလည်း ဆိုတာ သိနိုင်ရန် စတင်တိုင်ကြား
ReplyDeleteသင့်ကြောင်း အကြံပြုလိုက်ပါတယ်။
သိန်းညွန့်  ရုပ်က သောက်ကျက်သရေမရှိ .. ဖာဂေါင်းရုပ်ပဲ .. ထွီ ..
ReplyDeleteအခုမှသိလား (ကြာပီ)
ReplyDeleteကောင်မလေးတွေတော့သနားပါတယ် သူတို့ခင်ဗျာ ဘယ်လောက်ကြောက်နေလိမ့်မလဲနော်... တွေးပြီး၇င်နာမိပါတယ်.... ဆုတောင်းပေး၇ုံကလွဲပြီး ဘာမှမတတ်နိုင်တဲ့ဘ၀ပါလားနော်...
ReplyDeleteဒီ ဧည့်စရင်းတိုင်ရတဲဥပဒေကို ဖျက်ပစ်ရမှာ ဒါအင်္ဂလိပ်ခေတ်ကဥပဒေ
ReplyDeleteလွတ်တော်မှာတင်ပြသင့်တယ် မြန်မာနိုင်ငံသားတယောက်က နိုင်ငံသားစီစစ်ရေကဒ်ရှိရင် မြန်မာနိုင်ငံထဲမှာ
ဘယ်နေရာမှာဘဲနေနေ နေခွင့်ရှိရမယ် ဘာဧည့်စရင်းမတိုင်စရာမလိုသင့်ဘူးဟ .. ငါ -ိုးမ အစိုးရ ရဲ့...
မှတ်ပုံတင်တွေထုတ်ထားပေးတာ ဘာလုပ်ဖို့လဲ မြန်နိုင်ငံမှာမွေးပြီး မြန်မာနိုင်ငံနေတာ ဘယ်နေရာသွားသွား မှတ်ပုံတင်ရှိရင်ရပြီပဲ မဟုတ်ဘူးလား ဧည့်စာရင်းတွေဘာတွေထိုင်ဖို့လိုလို့လား ခင်ဗျားတို့ ထုတ်ထားပေးတဲ့ မှတ်ပုံတင်တွေက ဘာတွေလဲ အသုံးမ၀င်ဘူးလား ပြည့်တန်ဆာတွေကျတော့ မဖမ်းပဲနဲ့ ရိုင်းရိုင်းပဲပြောမယ် ခင်ဗျားတို့လိုးဖို့ထားတာလား :)အဲလိုမလုပ်ပါနဲ့သူများသားသမီးတွေကောင်းရောင်းကောင်းဝယ်လုပ်စားတာကို ခင်ဗျားတို့သားသမီးတွေ ဆိုရင် ရောဘယ်လိုလုပ်မလဲ လျောသွားမှာပဲမဟုတ်လား ကြည့်ပြီးတော့လည်းလုပ်ကြဦး
ReplyDelete