Pages

Saturday, October 8, 2011

မြစ်ဆုံဆည် စီမံကိန်းမှ တရုတ်အင်ဂျင်နီယာ တစ်ဦးရဲ့ ရေးသားချက် (မြန်မာဘာသာပြန်)

လော့ တရုတ်ထလော့...
မြစ်ဆုံဆည် စီမံကိန်းမှတရုတ် အင်ဂျင်နီယာ တစ်ယောက်ရဲ့ ရေးသားချက် (မြန်မာဘာသာပြန်)
 ပြန်အစားထိုးလို့ မရတော့ဘဲ.. ပျက်ဆီးသွားပြီ ဖြစ်တဲ့ မြစ်ဆုံ သဘာဝဝန်းကျင် မြင်ကွင်း...

အများသိရှိစေရန်အတွက် အကြမ်းဖျင်းရေးသား ဘာသာပြန်ပါသည်....
ကျွန်တော်တို့တတွေ တနေရာတည်းကို အာရုံစူးစိုက်ပြီး ကြည့်ကြရအောင်.... မိုးပြို၊ မုန်တိုင်း ကြားက မျက်ရည်နဲ့ တူတဲ့ မြန်မာမြစ်ဆုံ စီမံကိန်း ဆောက်လုပ်ရေး အတိုင်းအတာ တွေကို စကားပြောကြပါမယ်...။ မြစ်ဆုံစီမံကိန်းကို သမ္မတကြီး ဦးသိန်းစိန်က ရုတ်တရက် ရပ်ဆိုင်း လိုက်ပါတယ်...။ တရုတ် စွမ်းအင်ကုမ္ပဏီရဲ့ ကြီးကြပ်ဆောင်ရွက်သူ လူကြီးများအနေဖြင့် အခွင့်အလမ်းတရပ် ဆုံးရှုံးသွားရမှု အတွက် အံ့သြဝမ်းနည်းကြီးစွာ ဖြစ်ရပါတယ်...။ ထို့နည်းတူ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝန်ထမ်းများမှလည်း ကြားရတဲ့ သတင်းအတွက် ဇောချွေးများဖြင့် အံသြဝမ်းနည်း ကြီးစွာ ခံစားချက်တွေ ရောထွေးကုန်ပါတယ်...။

ပျော်ရွှင်ချမ်းမြေ့မှုတွေ နေရာမှာ ပျက်ဆီးဆိတ်သုန်း သွားခဲ့ပါပြီ။ အိမ်ပြန်သွားမဲ့ တနေ့ မိသားစုကို ပြောရမယ့်စကားက မကောင်းပါဘူး။ မပြီးဆုံးသေးတဲ့ မြစ်ဆုံစီမံကိန်းက ရပ်ဆိုင်းသွားပါပြီ။ ဆောင်ရွက်စရာ လုပ်ငန်းများ မရှိတော့ပါဘူး...။ ကျွန်တော်တို့ အားလုံး အလုပ်လက်မဲ့ အဖြစ် ရင်ဆိုင်ရတော့ မယ်ဆိုတဲ့ စကားကိုပဲ ပြောနိုင်ပါတော့တယ်...။ 

ဒီစီမံကိန်းဟာ ကျွန်တော်တို့ လုပ်ရကိုင်ရတာ သက်တောင့် သက်သာ မဖြစ်ဆုံး အလွန်အမင်း ခက်ခဲကြမ်းတမ်းတဲ့ အကျိုးသက်ရောက်မှု နည်းတဲ့ လုပ်ငန်းခွင်တခုပါ...။ ဒီမြစ်ဆုံ စီမံကိန်းမှာ ကျွန်တော်တို့ဟာ များစွာသော လူအင်အား၊ စက်အင်အား၊ နည်းလမ်း၊ ကုန်ကျစားရိတ်မြင့်မားစွာ၊ ဝန်ထုတ်၊ ဝန်ပိုးပေါင်းများစွာနဲ့ ပေးဆပ်လုပ်ကိုင်ခဲ့ရပါတယ်..။ တနှစ်ကျော်ကြာ လုပ်ငန်းခွင်မှာ ကျွန်တော်တို့ တရုတ် အလုပ်သမားတွေဟာ စိုစွတ်၊ ပူပြင်း၊ ဆိုရွားတဲ့ ရာသီဥတုဒဏ်၊ ခြင်ကိုက်ခံရတဲ့ဒဏ်၊ ငှက်ဖျားရောဂါနဲ့ တခြား ကူးစက်ရောဂါ ဒါဏ်တွေကို ကြံ့ကြံ့ခံပြီး တံခါးပိတ်ဝါဒနဲ့ ခေတ်နောက်ပြန်ဆွဲပြီး ကြောက်စရာ ကောင်းလောက်အောင် ပျက်ဆီး ယိုယွင်းနေတဲ့ မြန်မာပြည်အတွက် အလုပ်လုပ်ခဲ့ကြတာပါ...။

စွမ်းအင်အတွက် လိုအပ်တဲ့ အရေးကြီး ပစ္စည်းတွေနဲ့ အစိတ်အပိုင်းများကို တရုတ်ပြည်မှ တင်သွင်းခဲ့ပါတယ်..။ မညီမညာ၊ ဆိုးဝါး ရှည်လျားတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အတွက် ငွေကို အသုံးပြုခဲ့ရပါတယ်..။ မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေဟာ လစာအတော်နည်းပါးကြပါတယ်..။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲ အရာကြီး အဆင့်ရှိသူရဲ့ လစာငွေဟာ တရုတ်ယွမ် ၁၀၀၀နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၈၀၀ခန့်သာရရှိပါတယ်..။ ဒါပေမယ့်သူတို့ဟာ အင်မတန် ချမ်းသာကြပါတယ်..။ မမြင်ရတဲ့ ကျောထောက်နောက်ခံ ငွေကြေးတွေ ရရှိနေပါတယ်..။ အများစုသော မြန်မာလူမျိုးများဟာ ဆင်းရဲဒုက္ခ ရောက်နေကြပြီး၊ ဆာလောင်မွတ်သိပ်မှု၊ ဝတ်စရာအဝတ်မရှိမှု စတာတွေနဲ့ ကြုံတွေနေရပါတယ်...။ ကျွန်တော်တို့ဟာ ဘယ်သူမှ မကြည့်ကြတဲ့ မြန်မာလူမျိုးတွေကို အလုပ်တွေ ပေးခဲ့ကြပါတယ်...။
 စီမံကိန်း ဝင်းအား ကာရံထားပုံ
မြစ်ဆုံစီမံကိန်းဝင်းအတွင်းမှ လုံခြုံရေးမျှော်စင်....
တနှစ်ကျော် အလုပ်လုပ်ခဲ့ကြတဲ့ အချိန်အတွင်းမှာ ဆိုးဝါးလှတဲ့ လမ်းပန်းဆက်သွယ်မှုနဲ့ ကြုံတွေ့ခဲ့ရကြပါတယ်..။ မြန်မာပြည်ရဲ့ ကချင်ပြည်နယ်ဟာ စစ်ဖြစ်နေပြီး ကန့်သတ်နယ်မြေလည်း ဖြစ်ပါတယ်...။ ကျွန်တော်တို့ဟာ လုပ်ငန်းခွင်မှာ ဒီဇယ်စွမ်းအင်ကိုပဲ အသုံးပြုခဲ့ရပါတယ်..။ နေထိုင်ရတဲ့ နေရာကလည်း ယာယီတဲအိမ်သာသာ၊ ဆယ်လူလာဖုန်းလည်း သုံးမရ..၊ ဘဝဟာ ကမ့်သွင်းပြီး နေနေရသလိုပါပဲ..။ ပတ်ဝန်းကျင်မှာ လုံခြုံရေးမျှော်စင် ကင်းတဲတွေ၊ ဝါယာကြိုးတွေ ကာရံထားတဲ့ ကွန်ပေါင်းတခုထဲမှာ အကျဉ်းကျသလို နေနေရတာပါပဲ...။ တခြားတိုင်းပြည်တွေမှာလို မိမိတို့ရဲ့ ကိုယ်ပိုင် လုံခြုံမှုမရှိတဲ့အတွက် လွတ်လွတ်လပ်လပ် အပြင်မသွားနိုင်ပါဘူး။ အခြေခံအားဖြင့် တကိုယ်တည်း ထီးတည်း နေရသလိုဖြစ်နေပြီး ဘဝဟာဆင်းရဲချို့တဲ့သလို ခံစားရပါတယ်..။
မြစ်ဆုံစီမံကိန်းရဲ့ မျက်နှာချင်းဆိုင် တခြားတဖက်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး ကျွန်တော်တို့နဲ့ မြစ်ပဲခြားနေတာပါ...။ မြို့စောင့်တပ်များက အမြဲကင်းစောင့် လှည့်လည်ပေးနေတာ စိတ်လှုပ်ရှားဖွယ်ရာပါပဲ။ ဒီစီမံကိန်း လုပ်ငန်းခွင်ဟာ အကြောင်းကြောင်းကြောင့် ဖျက်ဆီးတိုက်ခိုက် ခံရသည်ရှိသော် လုပ်ငန်းခွင်ကို ချက်ချင်းရပ်ဆိုင်းဖို့ အမြဲအဆင်သင့် ရှိနေရပါတယ်..။ ကျွန်တော်တိုဟာ အမြဲတမ်းလုံခြုံရေးကို အမြင့်ဆုံးတပ်လှန့်ထားပြီး လုပ်ငန်းခွင်မှာ ကိုယ့်အသက်ကို ကာကွယ်ဖို့ အမြဲအဆင်သင့် ပြင်ထားရပါတယ်..။ လုံခြုံရေးအတွက် မြန်မာလူမျိုးတွေကို ငှားရမ်းထားရပါတယ်..။

ဒီစီမံကိန်းဟာ ကချင်လူထုရဲ့ အကျိုးကျေးဇူး ရရှိစေဖို့အတွက် ဖြစ်ပေမယ့် ကချင်စစ်တပ်က ဒီလျှပ်စစ်ဓာတ်အားဟာ နောက်ဆုံးမှာ တရုတ်အတွက်ပဲ ဖြစ်ပြီး မြန်မာအတွက် အကျိုးကျေးဇူးရမှာ မဟုတ်ကြောင်း ဝင်ရောက်ကြားဝင် အနှောင့်အယှက် ပေးပါတယ်..။ လမ်းတွေပေါ်မှာတော့ ကချင်စစ်တပ်ဟာ သွားလာခွင့်ကဒ်၊ လမ်းကြေးနဲ့ လမ်းတွေကို ဖျက်တာတွေ၊  အစရှိတာတွေကိုလည်း ပြုလုပ်ပါတယ်..။ ဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သုံး၊ လေးလကစပြီး စီမံကိန်း ပြီးမြောက်အောင် ဆောင်ရွက်မှုတွေအပေါ်မှာ အထူးသက်ရောက်ခဲ့ပြီး နှောင့်နှေးကြန့်ကြာစေပါတယ်..။

သိချင်ပါတယ်.. အကယ်၍များ  အမေရိကန်နဲ့ အနောက်အုပ်စုတွေကများ ဒီမြစ်ဆုံစီမံကိန်းကို လုပ်ကိုင်နေခဲ့မယ်ဆိုရင် မြန်မာအစိုးရဟာ အခုလို အလျဉ်းသင့်သလို ချက်ချင်းလက်ငင်း ရပ်ရဲပါ့မလား...။ နောက်ဆက်တွဲ အကျိုးဆက်တွေကို မကြည့်ပဲ ရပ်စဲရခြင်း အကြောင်းရင်းကို ပြောပြစမ်းပါ...။ ဒီကနေ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြား စေတာတွေ ရင်ဆိုင်ရပေမယ့် တရုတ်ဟာ ခံနိုင်ရည်ရှိတယ်..။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ အမြဲတမ်း သဘောထားကြီးသူတွေ ဖြစ်နေလို့ပဲ...။ နောက်တရုတ်ဟာ အခုအချိန်မှာ ငွေအမြောက်အများ ရှိပြီး ချမ်းသာနေလို့ပါပဲ..။

သမ္မတဦးသိန်းစိန် မြစ်ဆုံစီမံကိန်းကို ရပ်တန်ဖို့ ကြေငြာခဲ့တဲ့ စက်တင်ဘာ (၃၀)ရက်နေ့ဟာ မကြာမှီမှာ ကျရောက်တော့မယ့် ငါတို့ တိုင်းပြည်ကို ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အောင်ပွဲဖြစ်တဲ့  တရုတ်အမျိုးသားနေ့ (အောက်တိုဘာ ၁ရက်)မတိုင်မှီနေ့ကိုမှ သေသေချာချာ ရွေးချယ်ပြီး ကြေငြာခဲ့တာဖြစ်တယ်..။ ငါတို့ဟာ ဒီသတင်းဆိုးကို ရရှိခဲ့တယ်..။ စိတ်ကတော့ ထိန်လန့်မှုကို မဖြစ်စေဘူး .. အပြန်အလှန်အားဖြင့် ပိုပြီး စိတ်အင်အားတွေ ဖြစ်စေတယ်.။

တရုတ်လူမျိုးအပေါင်းတို့ ပျဉ်ချပ်ကဲ့သို့ ဖြောင့်ဖြောင့် တန်းတန်း အများထက်မြင့်အောင် ရပ်ကြမလား..။ ထလော့ တရုတ်လူမျိုး အပေါင်းတို့.....။

အောက်တိုဘာ ၅ရက်...
မြန်မာ မြစ်ဆုံ
တရုတ်ဘာသာမှ Translateဖြင့် အင်္ဂလိပ်၊ အင်္ဂလိပ်မှ ထပ်မံမြန်မာလို အကြမ်းဖျင်း ဘာသာပြန်ယူရတဲ့ အတွက် အမှားအယွင်းများ ရှိပါက ဖြည့်စွက် ထောက်ပြပေးပါရန်...

ဘာသာပြန်...
ဦးထွန်းဦး၊ ဒီမိုဝေယံ

16 comments:

  1. လှုံခြုံရေးအတွက် မြန်မာတွေကို ငှားရတယ်တဲ့ .. တို့နိုင်ငံကို ကျွတ်ဇာတ်သွင်းနေတဲ့ တရုတ်အသက်တွေကို တို့မြန်မာနိုင်ငံသားတွေက ကာကွယ်ပေးရသတဲ့ ...တောက် ... ရင်နာစရာကောင်းလိုက်တာဗျာ ... Good government ကြီးရေ .. ကြည့်ကျက်လုပ်ကြပါဦး .. Shit လုံးရေ ခင်များလဲ မကြာခင် ၀ဋ်လည်မှာပါ ..မြန်မာပြည်ကြီးကိုေ၇ာင်းစားထားတဲ့ ငွေတွေကို သာလှုံခြုံအောင် သို့မဟုတ် ၀ဋ်မလည်ခင် ဗိုက်ဝအောင် စားထားကြပေါ့ ..

    ReplyDelete
  2. ဇမ်ဘီယာ နိုင်ငံရွေးကောက်ပွဲမှာ တရုပ်တွေဟာ ဒီနိုင်ငံမှာ လူမကြိုက်ဆုံး လူမျိုးဖြစ်တယ် သူတို့ ကိုဘယ်သူမှ မယုံပါဘူးဆိုတဲ့  platform နဲ့ မဲဆွယ် ဝင်ပြိုင်သူ အနိုင်ရသွားပါတယ်၊ တရုပ်တွေ အနေနဲ့ ငါတို့ ချမ်းသာ နေပြီ လုပ်ချင်တိုင်းလုပ်လို့ ရပြီလို့ ထင်ရင်မှားသွားပါလိမ့်မယ်၊တရုပ်စီးပွါးရေး ဟာ low production cost အခြေခံဖြစ်လို့ တနေ့ သူရဲ့မကောင်းတဲ့ စိတ်ဓါတ်ကိုသိလို့ ကမ္ဘာက သပိတ်မှောက်တဲ့တနေ့ ခွေးဖြစ်သွားပါလိမ့်မယ်။

    ReplyDelete
  3. အပေါ်ဆုံးမှာက. ဇောချွေးများဖြင့်. အံ့သြဝမ်းနည်း. မိတယ်လို့ဆိုထား
    တယ်၊. အောက်ဆုံးမှာကျတော့. ထိတ်လန့်တုန်လှုပ်မှုမဖြစ်ပါဘူးလို့. ဆို
    တယ်၊. တခါ. ပြန်ရင်အလုပ်မရှိတော့လို့. မိသားစုတွေနဲ့တွေ့ရင်
    တောင်ဝမ်းမသာနိုင်ဘူးလဲဆိုသေး. တရုတ်ဟာပိုက်ဆံတွေ. အများကြီး
    ရှိတယ်လို့ဆိုပြန်ရော၊. ငိုကျော်ဆန်းလိုဘဲ. တောင်ပြောမြောက်ပြော၊
    အနောက်နိုင်ငံတွေနဲ့လုပ်ရင်ရော. ဒီလိုဘဲရုတ်တရက်. ရပ်မှာလား? တဲ့
    ကလေးကလား. ပြောနေသလိုဘဲ၊. လူ့အခွင့်အရေး. လေးစားတဲ့
    တိုင်းပြည်ရဲ့အစိုးရတွေဟာ. အိမ်ရှင်မရှိတုံး. အိမ်စောင့်ဒရဝမ်. ဆီက
    ပစ္စည်းငှားတာတို့. အောက်ဈေးနဲ့ဝယ်တာတို့. အဲဒီလို. ပိုက်ဆံရရင်
    ဘာမဆိုလုပ်တဲ့. လူကြီးလူကောင်းမပီသတဲ့. အလုပ်မျိုး. ဘယ်တော့မှ
    မလုပ်လို့ဘဲ။. အခုတောင်. နောက်ဒရဝမ်နဲ့. မငှားဘူးလို့ပြောခိုင်းယုံ
    ရှိသေး. အိမ်ရှင်တွေကိုတောင်. စော်ကားမော်ကား. ပြောလာပြီ။
    အိမ်နားက. ကြောင်သူတော်။.

    ReplyDelete
  4. မင်းရေးတာက မင်းကုမ္မဏီ မင်းမိသားစု အတွက်၊ ငါတို့အော်နေတာက ငါတို့တနိုင်ငံလုံးရဲ့ မျိုးဆက်သစ်တွေအတွက်ကွ၊ ရည်ရွယ်ချက်က မိုးနဲ့မြေ လိုကွာပါ့။

    ReplyDelete
  5. ပြည်မကြီးကတရုတ်တွေ. အကြောင်းကတော့. ပြော. မပြောချင်ပါဘူး
    ဗျာ. ဂျပန်မှာတရုတ်ကျောင်းသားတွေက. ဂျပန်လူမျိုးကိုသတ်ပြီး
    ပင်လယ်ထဲသွားပစ်တာ. ပေါ်သွားလို့. နိုင်ငံခြားသားမုန်းတဲ့
    တိုကျိုမြို့တော်ဝန်က. တရားမဝင်နိုင်ငံခြားသားတွေကို. ခပ်ကြမ်းကြမ်း
    လေး. ဖမ်းဆီးပြီးပြန်ပို့လိုက်တာ. မြန်မာOver Stay. တွေလဲ.
    တော်တော်များများ. ပြည်တော်ပြန်ရောက်ကုန်တယ်လေ၊. အရင်ကတဲ
    က. အခုအချိန်ထိ. နိုင်ငံခြားသားတွေထဲမှာ. ဂျပန်အမုန်းဆုံးဟာ
    တရုတ်လူမျိုးဘဲ၊ံ. အခြေခံအကျဆုံး. လူမှုရေးတောင်နားမလည်တဲ့
    လူလိုသဘောထားထားတယ်။. ထိုင်ဝမ်ကတရုတ်ကိုတော့. မမုန်းဘူး။
    အခုဆိုရင်. ဟောင်ကောင်တရုတ်ကိုတောင်. ၁၉၉၇. ပြည်မလက်အောက်
    ပြန်ရောက်ပြီးနောက်ပိုင်း. နဲနဲ ရိုင်းလာတယ်လို့ဆိုနေကြတယ်။.
    GDP. မှာ. ဂျပန်ကိုကျော်ပြီး. ကမ္ဘာ့. ဒုတိယဆိုတာနဲ့တင်. နဲနဲဘဝင်မြင့်
    လာသလိုဘဲ။. သူတို့လူဦးရေက. သန်း. ၁၄၀၀လောက်၊. ဂျပန်က
    ၁၂၆သန်း၊. လူဦးရေက. ၁၂ပုံ. ၁ပုံ. လောက်ကွာနေတော့. လူတဦး
    တနှစ်ဝင်ငွေချင်းယုဉ်ရင်. ၁၂ဆ. လောက်ကွာနေသေးတယ်။

    ReplyDelete
  6. တရုတ်စိတ်ထားကိုပေါ်လွင်အောင်ဖေါ်ပြပေးသွားတဲ.

    ဘာသာပြန်ဦးထွန်းဦး ” ရှဲရှဲနီ” ”ဝမ်စွေ ဝမ်စွေ.”

    vvk mergui

    ReplyDelete
  7. ခွေးမသား-ီးတရုတ်.မင်းဟာမင်းအလုပ်မရှိရင်.ယောင်းမခါးကြားထိုး.ခေါက်ဆွဲကျော်ရောင်းအရက်ပုံးရောင်းကွာ.ဆရာကီးတစ်လုံးခေါ်တတ်ရင်.ရပီ.
    -ီးပဲ..

    ReplyDelete
  8. မသိမသာ သိသိသာသာ လူမျိုးရေးဝါဒကြီးတဲ့..ဒီ စိန တွေကိုကြည့်မရတာကြာပြီ...
    ဘယ်လိုပဲပြောပြော...ကျွန်တော်တို့မြန်မာတွေဘက်ကမှ ၀င်မခံစားတတ်တာ
    နယ်စပ်မှာလည်းဒင်းတို့ဟာ ကုန်သွယ်ရေးမှာအသာစီးရထားတော့...မြန်မာတွေငါတို့နဲ့မကင်းနိုင်ပါဘူးကွာဆိုတဲ့အတွေးရှိမှာပေါ့...ဘာတွေဘယ်လိုပြောပါစေ..ဘာတွေနဲ့ဖိအားပေးကြပါစေ မြန်မာတွေဘာကောင်လဲ သူတို့သိကြမှာပါ
    အခုရော..နောင်ရော..ဆက်ကာကွယ်ကြမယ်လို့..မျက်မှေးတွေကိုပြောလိုက်ပါဗျာ....

    ReplyDelete
  9. ခွေးလိုစိတ်နဲ့ကောင်တွေ၊ ခွေးလိုပဲတွေးတယ်၊ လူမျိုးရေးပဲ တစ်ခြားသူဖို့ လုံးဝမပါဘူး၊ မြန်မာပြည်နှင့် ပတ်သက်ရျု မည့်သည်စီးပွားရေးမဆို တရုတ်နှင့် ကင်းလေကောင်းလေပါ၊ ခွေးမျိုးတွေ။

    ReplyDelete
  10. တရုတ်လို ဘာသာလိုချင်ပါတယ်..ဘယ် ဆိုဒ်မှာသွားယူရမှာလဲ..........

    ReplyDelete
  11. ကမ္ဘာပေါ်မှာ တွေ့ဖူးသမျှတရုတ် တစ်ယောက်မှ မကောင်းပါခင်ဗျာ.......

    ReplyDelete
  12. ဒီမိုဝေယံOctober 11, 2011 at 1:40 AM

    当我们正在聚精会神、兴师动众的建设密松水电站的时候,犹如一声霹雳,缅甸总统吴登盛突然叫停密松水电站建设,中国电力公司老总表示震惊和遗憾。作为置身于水电站建设的我们,得到这一消息真是悲喜交加,心情复杂!

    喜的是在这个破地方呆够了,早就盼望回国与家人团聚,悲的是干了半拉子工程被叫停,企业损失惨重,我们即将面临失业。

    这个工程我们干得很难受,很窝囊。已经投入了大量的人力物力、机械设备,覆盖层已经剥除完毕,付出了高昂的代价。在这个工地上,潮湿、酷热已经折磨我们这 些中国工人一年多了,除了不习惯这里恶劣的气候、蚊虫叮咬、可怕的疟疾等传染病以外,更不习惯缅甸国家的贫穷落后、腐败、闭关锁国。电站所需的主要物资、 设备都要从国内进口,而更要命的是报关手续繁琐周期长,一路“过关斩将”都要留下买路钱。在缅甸,国家公职人员的工资很低,一个厅级干部月工资折合人民币 才千八百块钱,但他们都很富有,都是靠的灰色收入。可缅甸的贫民百姓就惨了,这部分人穷困潦倒,食不果腹,衣不遮体。从我们雇用的缅工身上可见一斑。

    我们进场都一年多了,由于交通不畅、缅甸国家的封闭和克钦军的干扰破坏,我们至今还是柴油发电,工地无手机信号,住的仍是活动板房,生活营地是一个用铁丝 网、瞭望塔围起来的院落,考虑到在别国的人身安全问题,不得随意外出,基本上过着与世隔绝的生活,过着艰难困苦的日子。

    生活营地的对面就是克钦帮独立军控制的辖区,与我们一江之隔,由于局势紧张,政府军在我们这边巡逻驻防,防止独立军袭击破坏电站设施、抢夺地盘。我们也进 入高度戒备状态,轮流值班保卫要害部位,并聘请了缅籍保安。由于修建电站克钦帮得不到利益,所以自电站建设之日起,克钦军就一直干扰,直至最后电站建设人 员只能出(回中国),不能进(缅甸),持有缅甸国家的绿卡都不管用。克钦军在腾密公路随意荷枪设卡、收费、破坏公路等等,战事连绵不断,严重影响了工程进 度,直至最后停工三四个月。

    是想,假如美国或西方大国修建密松水电站,缅甸政府敢随意叫停吗?叫停的后果会是什么呢?面对屈辱,也只有中国能忍受了,因为我们一向是“宽宏大量”的,并且中国现在“很有钱”。

    吴大总统真会选择宣布这一消息的时间,9月30日是我们举国欢庆建国的时刻,我们却得到了这样的坏消息,不禁心灵为之一颤,精神倍受打击,伤自尊啊!

    中国人啥时候才能直起腰板,挺起胸膛?醒醒吧,所有的中国人!

    二〇一一年十月五日与缅甸密松水电站工地

    ReplyDelete
  13. အဘိုးအဘွားတွေ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းခဲ့လို ကျုပ်တို့ ဘာသာ ဓလေ့ သာသနာ ယဉ်ကျေးမှု့တွေနဲ့ လွတ်လပ်စွာနေကြရတာပါ အရှေ့ဖက်မှာ " ဝ " လူမျိုးစုအမည်ခံ တယုတ် ကျုးကျော်မှု့ အနောက်ဖက်မှာ ရိုဟင်ဂျာ အမည်ခံ မုဆလင်ကုလား ကျုးကျော်မှု့တွေကို ယနေ့ အထူးသတိပြုကြပါ ပျော်ပါး ပေါ့ဆ မနေကြပဲ ဒို့ပြည် ဒို့မြေကို တက်နိုင်တဲ့ဖက်က ပါဝင်စောင့်ရှောက်ကြပါ မိမိတို့ လက်လှမ်းမှီသမျှ အသိပေးကြပါ နှိုးဆော်ကြပါ မိမိတို့ သား၊ သမီး မြေး မြစ်တို့ အနာဂတ်အတွက် ကျွန်တော်တို့အားလုံး သတိရှိရှိနဲ့ သွေးစည်းဖို့ အချိန်ရောက်ပါပြီ

    ReplyDelete
  14. ဟုတ်တယ် ကျနော်တို့ မလေးရှားတရုတ်တွေစီမှာ အလုပ်လုပ်နေတာ တရုတ်ခွေးသားတွေ ကျေးဇူးတရား
    လဲမသိတတ်ငါရတာ ငါစားမယ်ငါတော်လို့ငါရတာလိုပဲထင်နေတဲ့ ကောင်တွေ တရုတ် အားလုံးဘယ်တရုတ်မှ
    မကောင်းဘူး မလေးရှားဟာလဲ တရုတ်စီးပွားရေး ကျွန်ပြုမှု့အောင်မှာ စုတ်စုတ်မြုတ်နေပြီး မြန်မာနိုင်ငံသား
    တွေလည်း အထူးလေ့လာစဉ်ချင်စရာပါပဲ

    ReplyDelete
  15. ခွေးမသားတွေ

    ReplyDelete
  16. Attitude of the chinese writer is of low standard. Our Myanmar nations yay, please wake up. Later we will become like Malaysia in which most of the boss are chinese. If you do not work hard, surely, it will become. Help out each other. Wake up each other, Myanmar nations. Do readings a lot. Don't be lazy.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။