Pages

Tuesday, October 4, 2011

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင် (၅) ဦး၏ အမည်စာရင်းပါ သတင်းထုတ်ပြန်ချက်နှင့် အဘဦးဝင်းတင်ရဲ့ အညတြသူရဲကောင်း (၅)ဦး ကဗျာရှင် (ထွန်းဝေ တိုကျို)



ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင်ခဲ့တဲ့ ပထမအကြိမ်မြောက် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်(၃) ဦးကတော့ ဆရာတော်ဦးဣန္ဒက၊ ဘိုးတော်ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။ (ကိုယ်ရေးအကျဉ်း ပြန်ဖတ်ချင်ရင်)
ကိုမင်းထက်ဇော်အား ကျေးဇူးတင်ပါသည်...။

အဘဦးဝင်းတင်ရဲ့ အညတြသူရဲကောင်း (၅)ဦး 
ကဗျာရှင် (ထွန်းဝေ တိုကျို)
ငါဟဲ့ သူရဲကောင်းလား၊
သင်တို့ ၅ဦး မြင့်မြတ်ကြတယ်။
ပေးဆပ်ရဲတာ ကမ္ဘာကသိ
စစ်ဖိနပ်အောက် ဒူးမထောက်ဘဲ
တိုက်ပွဲဝင်ကာ မော်ကွန်းတင်မည်။

အညတရဟူသည် ပကာသန မစွက်
ကိုယ်ကျိုး မဖက်ဘဲ
ပလန်ဘဲလက်လက် ပက်လက်ပဲလန်လန်
လောကဓံကို တွန်းလှန်ဖယ်ရှား
အရှုံးပေးမသွားဘဲ ဇွဲနဲ့ တိုက်မယ်။

ခါးတောင်း မြဲမြဲကျိုက်ပြီး
အောင်ပွဲဆိုက်တဲ့အထိ
သတ္တိရှိရှိ ကိုယ်ထိလက်ရောက်
တိုက်နေသူကို ဂုဏ်ပြုပါ၏။

သူရဲကောင်းဟူသည်
တည်ကြည်စိတ်ထား ပြတ်သားရမည်။
မတရားတာကို မတရားဘူးလို့
ကျားကျားရားရား ပြတ်ပြတ်သားသား
ပြောကြားရဲ ထောက်ပြရဲတာ
သူရဲကောင်းပါ။

မမှန်တာကို မမှန်ဘူးလို့
တူးတူးခါးခါး ထူးထူးခြားခြား
ဝိုးမ၀ါးဘဲ ပြောကြားရဲ
ထုတ်ဖေါ်ရဲတာ သူရဲကောင်းပါ။

ငါတို့ပြည်သား သူရဲကောင်းများဖြစ်ဖို့
မဆုတ်မနစ် အားမာန်သစ်နှင့်
အပြစ်ကို အပြစ်ပြော
အစစ်ကို အတုမပြော။

အဖြစ်မှန်ကို မမှောက်မလှန်
ထောက်ခံရဲသလို
အပြစ်ကိုလဲ အပြစ်အမှန်
မထောက်ခံဘဲ မှောက်လန်ရဲရမည်။

သဘောတည်ကြည် အပြောညီညီနှင့်
တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက်
အသက်ကိုပင်ပေးလှူ
ရဲရင့်သူကိုသာ ပြည်သူတွေရဲ့
အသဲကျော် သူရဲကောင်းခေါ်မှာ။

မပေါ်လွင် မထင်ရှား မကျော်ကြားလေသော
လူတောက အညတရ အပမွှား
သူရဲကောင်းများကို အမြင်မစောင်းဘဲ
ဂျပန်ကရဲဘော်များက အသွင်ပြောင်းလာအောင်
သူရဲကောင်းများကို ရေလောင်းပျိုးထောင် ပေးကြပါစို့။

ထွန်းဝေ တိုကျို 
မနက် ၃.၁၄မိနစ် ၂၀၁၁

8 comments:

  1. သွယ်သွယ်မြင့်(ဘာဘာ)October 4, 2011 at 11:27 PM

    ကောင်းလိုက်တာ. ကိုထွန်းဝေရယ်၊. ဧရာဝတီတုံးကထက်. လက်တက်လာတယ်လို့
    ဆိုရမှာပေါ့၊. ဆက်ကြိုးစားပါ၊. တအုပ်စာပြည့်ရင်. စာအုပ်ထုတ်ပါနော်။

    ReplyDelete
  2. ဘယ်သူဘာပြောပြော. ညိုချောကိုထွန်းဝေကို. ဒို့အားပေးတယ်သိလား!
    ဧရာဝတီကဗျာတုံးက. အလွမ်းများနဲ့ဧရာဝတီ. (နာဂစ်အလွမ်း)ထဲက
    ပုံကိုယူသုံးထားတော့. မြစ်ဆုံနဲ့. မြစ်ဝကျွန်းပေါ်ဟာ. မြောက်နဲ့တောင်
    လေ၊. ဆိုင်သလိုလိုနဲ့. မဆိုင်သလို. ပါဘဲ၊. ဒါပေမဲ့. ဘာပဲဖြစ်
    ဖြစ်. ကိုမောင်ဦးတို့လို. အားနေတဲ့လူ. ထက်စာရင်. မအားမလပ်
    တဲ့ကြားက. အချိန်ပေးပြီး. စဉ်းစားရေးထား. တဲ့အတွက်. သ္မီးတို့တော့
    တန်ဘိုးထားတယ်သိလား။

    ReplyDelete
  3. ဟင်. သီတာ. ကိုမောင်ဦးအားနေတာ. ညည်းဘယ်လိုလုပ်သိသတုံး၊
    ဒို့လဲ. ကိုထွန်းဝေ. ကိုအားပေးနေပါတယ်နော်၊. Otsuka ကဧရာဝတီ
    မှာ. ဆုံမယ်နော်။

    ReplyDelete
  4. အပေါ်ကသုံးယောက်! ဧရာဝတီသွားရင်ဒို့လဲလိုက်မယ်၊. အဲဒီဆိုင်က
    ထွန်းထွန်းလက်ရာ. အရမ်းကောင်းတယ်ကွယ်၊. ကိုထွန်းဝေကြီးရော ခေါ်
    လိုက်လေ၊. ကဗျာကရင်ထဲကိုလာထိသွားလို့. ဧရာဝတီမှာကျွေးခိုင်းရမယ်
    နော်။

    ReplyDelete
  5. အထွန်းလေး! ဒို့အမြဲအားပေးနေတယ်နော်

    ReplyDelete
  6. ထွန်းဝေOctober 7, 2011 at 3:36 AM

    အစ်မတို့ အားပေးတာ ကျေးဇူးပါ ဒါဆိုရင် လူပါမြင်ရတာပေါ့  #

    http://www.youtube.com/watch?v=UrwITYZu6gU
    ကိုတိုင်ရေးပြီးတက်ဆိုထားတာ ဂျပန်မှာလေ
    ကိုရေးပေးထားတာပါ အချိန်ရရင်နားဆင်ပါ

    k t w
    www.youtube.com
    သိချင်ရင်ဖုံးဆက်လိုက်ပါ 08030991503
    နောက် သံချပ်လေးလိုက်ဆိုပါ
    ကမ္ဘာပေါ်မှာ အကြင်နာတရား ကင်းမဲ့ လွန်းတဲ့ တယုတ်စုတ်ကြီးရဲ့  မြစ်ဧရာ အကြောင်း

    နိုင်ငံပိုင် ပစ္စည်းများထုခွဲနေ အများပြည်သူတွေ နင်တို့ နဲ့ မဆိုင်ဘူး
    ရေနံ လုပ်ငန်း သန်းရွှေ ယူ လျှပ်စစ်လုပ်ငန်း တေဇ ပေးလိုက်
    အားကစား အလုပ် ဇော်ဇော် ပိုင်တော့ ဟိုဝန်ကြီးမှာ မျက်နှာငယ်ရ
    တတိုင်းပြည်လုံး ကို ခွဲစိတ်ဖြာ မြစ်ဧရာကို အပိုင်ကြံ
    ထင်တိုင်းကြဲတဲ့ သမ္မတပါ ပြည်သူပိုင်ဆို ဝေစားမျှစား
    နိုင်ငံတကာစစ်တပ်တွေ နိုင်ငံ ရေးမှာ ကင်းကင်းနေခဲ့
    ဗမာ့စစ်တပ် အရှက်မရှိပါ ပါလီမာန်မှာ တမတ်သားယူခဲ့
    ယူနီဖောင်းဝတ်လို့ နိုင်ငံရေးလုပ်တာ သတ္တိကြောင်တာ
    ဗမာ့ တပ်မတော်ဘဲ
    ဒဲ့ဒဲ့ချင်းသာ ပြိုင်ရဲရင် ဘောင်းဘီချွတ်ပြီး နိုင်ငံရေးဝင်လုပ်
    သတ္တိကြောင်တဲ့ စစ်ဗိုလ်ချုပ်တွေ ဗမာပြည်ဟာ မင်းတို့ နဲ့ မတန်ဘူး
    လူသတ် မုဒိန်းကျင့်တဲ့ အယုတ်တမာ ဖက်ဆစ်ဆိုတာ နအဖ ပါဘဲ
    ဖက်ဆစ်ဆိုတာ နအဖ အစစ်ပေါ့ စစ်အစိုးရရဲ့ ခါးသီးမှုတွေ
    ဗမာပြည်မှာ ဖုံးမရ ဖိမရ
    ဖက်ဆစ်လုပ်သူ အေ၇းယူ၇န် နိုင်ငံတကာမှာ ပြင်ကြဆင်ကြ
    နိုင်ငံတကာခုံရုံး ပို့ ဖို့ ပြင် တယုတ်ကြီး က ၀င်ရှုပ်နေလား
    နိုင်ငံတကာခုံရုံးမှာ တယုတ်ကြီးမှာ ကန့်လန့် ကန့် လန့် 
    ပေါက်ဖော်ကြီးရေ ကယ်ပါအုံး ဗီတိုသုံးးပါအုံး
    ဟေ့  တယုတ်ကြီးရေ ကယ်ပါအုံး ဗီတိုသုံးးပါအုံး
    ဗီတိုကျေးဇူး တုံ့ ပြန်ရန် မြစ်ဧရာ အပေါင်နှံ
    ဗီတိုကျေးဇူး တုံ့ ပြန်ရန် တိုင်းပြည်ကိုရောင်းရန်
    တယုတ်ကြီးကတော့တပြုံးပြုံး ဗီတိုလိုသမျှ သုံး
    မြန်မာ့ တရံဇာတ အကုန်ပြောင် တယုတ် အတွက် ရွှေလက်ဆောင်
    ကျောက်စိမ်းရေနံ မြစ်ဧရာကို တယုတ်က အကုန်နှံ
    တယုတ်ထံမှ သွင်းကုန်များ ပလတ်စတစ် အစုတ်များ
    ရဟန်တော်များ တရားဟောရန် ပိတ်ပင်ဖို့ ရာ နအဖ အလုပ်
    တိုင်းရင်းသားတို့ အမျိုးသားပွဲ ခွင့်မပြုဘဲ တားမြစ်ဆဲ
    ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပွဲ ပိတ်ပင်တားစီး ကန့် သတ်မြဲ
    ပိတ် ပိတ် အကုန်ပိတ် ရှိသမျှ အကုန်ပိတ်
    ပိတ် ပိတ် အကုန်ပိတ် ရှိသမျှ အကုန်ပိတ်
    တယုန်နှစ်ကူးပွဲ ဆင်မြန်းရန် ဒါတော့ခွင့်ပြုပြန်
    တယုတ်ကြီးတွေ ပျော်နိုင်ဖို့  ကိုသိန်းစိန် အားထုတ်စို့ 
    ရွှေမျိုးပေါက်ဖော် တယုတ်ဆို ဂုတ်ခွစီးတောင် အောင်မြင့်ဦး တပြုံးပြုံး
    တိုင်းရင်းသားနှင့် ဒေါ်စု အပေါ် အားရပါးရ ရွှေမန်းချေမှုန်း
    တယုတ်နှာခေါင်းနဲ့  အသက်ရူ သိန်းစိန် အစိုးရ သိက္ခာမရှိဘူး..
    သီချင်းဆက်ရေးမယ် (အစ်မ)
    ဘာဘာဘာ တဲ့
    ဗမာပြည် အကြောင်းပြောပြမယ် ကုလရဲ့ အလယ် ဟို တယုတ်ကြီး ကန့် ကွက်တယ် ဂွကျလှတယ် ဖူးစာရှင် ဗမာပြည်လာလဲ ကွယ်+ +သိပ်မထူးတယ် ++မုန့် လုံး ကိုစက္ကူ ကပ်ရင် ကုလရဲ့  အကြံအစည်ပြင်ပါကွယ်++ (ဧရာမြစ် ရောင်းစားတယ် ++နအဖ အကြံ++ဟို တယုတ်ကြီး ပြုံးပြတယ်+++ဒုက္ခရောက်ပြီ++ဒုံးကျည်တွေ ဗမာပြည်မှာ ပေါတယ်++သူတို့ ဖလှယ်+++တယုတ်ရဲ့ သွင်း ကုန်များ သည် ++ပလတ်စတစ် အစုတ် ဗမာပြည်မှာ ပုံတယ်၊၊၂
    ဘာဘာဘာ ဘာတွေဖြစ်နေလဲ ဘာမှမဟုတ်ဘူးကွယ် တယုတ်ပြည်မှာ စုမယ် ++၂ ယူအန်ကိုယ်စားလှယ် ဘာမှမလုပ်ဘူးလား +++ဘာမှ မလုပ်သေးတာ ဘာမှ မဖြစ်သေးလို့ ++ဧရာဝတီ ကိုလိုနီနယ်ချဲ့ ဘုရင့် တယုတ်ပြည်က ၀ယ်++++မခံနိုင်တာ ဗမာတွေ အားတောင့်ထား ဆန့် ကျင်နေကြပါ+ စည်းရုံးနေကြပါ+++++)

    ReplyDelete
  7. နောက်ကျသွားပြီကိုညိုချောရေ. ညီမတို့မနေ့ကသွားလိုက်ပြီ၊. တခြားဆိုင်ကို၊
    နောက်တပတ်ဆုံဖြစ်ရင်. ဖုံးဆက်လိုက်မယ်နော်၊. အကိုကညကမှ. ဖုံး
    နံပါတ်. တင်ပေးတာကိုး၊. သံချပ်နဲ့သီချင်း. သိပ်လန်းတာဘဲ၊. ရင်ထဲကို
    လာမှန်သွားတယ်။. မီးမီး

    ReplyDelete
  8. ထော~~~~နေ~~~~လား~~~~¥¥¥¥¥¥¥¥??
    မမတို့ကအစားကြီးတယ်နော်***** ကိုညိုချောကိုထွန်းဝေက. တကယ်
    ကျွေးမှာလား၊.? ဧရာဝတီက. ထွန်းထွန်းလက်ရာ. ဝက်သားဒုတ်ထိုး
    အရမ်းလန်းတယ်၊

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။