Pages

Sunday, October 16, 2011

မြစ်ဆုံဆည် စီမံကိန်း နောက်ဆုံးရ ဓာတ်ပုံများ....(၂)


 တရုတ်ဝန်ထမ်းတွေ စားသောက်ရုံမြင်ကွင်း အောက်တိုဘာလ (၉)ရက်
ယခုဓာတ်ပုံတွေဟာ အောက်တိုဘာလ (၉)ရက် နေ့က နောက်ဆုံး မှတ်တမ်းတင်ခဲ့တဲ့ တရုတ် အင်ဂျင်နီယာ တစ်ဦးထံမှ ရရှိခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်...။ ယနေ့အချိန်မှာတော့ ကျွန်တော်တို့ ဘာသာပြန်ခဲ့တဲ့ အဆိုပါ အင်ဂျင်နီယာရဲ့ ဆောင်းပါးလည်း ခြေရာလည်းပျောက် နာမည်လည်း ပျောက်ဖြစ်ခဲ့ရပါပြီ... ဘယ်သူ့ လက်ချက်ဆိုကတော့ ..
KIA ဂိတ်စခန်းတခု...
 KIA ဂိတ်တခု...
 စစ်တပ်ဂိတ်...

5 comments:

  1. ဟူကျင်းတောင်October 16, 2011 at 3:38 AM

    .
    သိန်းစိန်

    "မြစ်ဆုံဆည် ရပ်လိုက်ပါပြီ" ဆိုပီး ဘီမာပြည်က ပြည်သူတွေကို နင် လိမ်နေဒဲ့ ကလိမ်စေ့ငြမ်းဆင် အကွက် တိပ် ကောင်းတယ်

    ဝ တို့လဲ ဝ တို့ စီလုတ်ပြည်က ပြည်သူတွေကို အဲတီလို လိမ်နည်းတွေနဲ့ လိမ်ပီး လုပ်စားလာတာဘဲ

    အဲတီလို "မြစ်ဆုံဆည် ရပ်လိုက်ပါပြီ" ဆိုဒဲ့ လိမ်နည်းအတိုင်း ဆက်လိမ်ထား

    ဝ တို့လဲ နင့် ကို ဆက်ပီး စိတ်ဆိုးချင်ယောင် ဆောင်ထားမယ်

    နင်လဲ ဆက်ပီး သူတော်ကောင်း ယောင် ဆောင်ထား

    အီရာဝတီ ကို ကယ်တင်ပါ ဆိုပီး အော်နေတဲ့ အကောင်တွေ အော်ရတာ မောသွားမှ နင် နဲ့ ဝ နဲ့ သဘောတူထားတာတွေ ဆက်လုပ်မယ်

    လောလောစယ်မှာ တီအကောင်တွေ မသိသေးဒဲ့ စီမံကိန်းတွေ လုပ်နေမယ်

    ပီးတော့ ဟိုကလောတုန်းက နင့်ကို ဝ ပြောထားဒဲ့ ဟိုစီမံကိန်း လုပ်ဖြစ်ရင် စင်ကာပူက နင့် ဘဏ်စာရင်းထဲကို ဝ တို့က နောက်ထပ် ဒေါ်လာ သန်း ၁ဝဝ ထပ်ထည့်ပေးမယ်

    ပီးတော့ နင့်အတွက် ဝ တို့က နန်းတော်လို ခြံ နဲ့ အိမ် အကြီးကြီး နောက်တလုံး ထပ်ဝယ်ပေးမယ်

    နင့် အိမ်အသစ်ကို ဘေဂျင်း မှာ ယူမလား၊ ရှန်ဟိုင်း မှာ ယူမလား


    ဟူကျင်းတောင်

    ReplyDelete
  2. ( " မြစ်ဆုံစီမံကိန်း ရပ်မရပ် မသေချာလို့ ဆို" ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ ဘီဘီစီ မူရင်းသတင်းကို ဘီဘီစီ ဝက်ဘ်ဆိုက်မှာ ဖတ်နိုင်ပါတယ်။ )


    15 အောက်တိုဘာလ 2011 - 00:51 GMT


    ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှုလုပ်ငန်းကို အစိုးရက ဆိုင်းငံ့ထားတယ်လို့ ပြောပေမယ့် အဲဒီက ဒေသခံတွေကတော့ စိုးရိမ်နေဆဲ အခြေအနေပဲ ရှိနေကြတယ်လို့ ကချင် လူမှုရေး အဖွဲ့တစ်ခုက ထောက်ပြ ပြောဆိုပါတယ်။

    စီမံကိန်းအတွင်းက ပစ္စည်းကိရိယာတွေ အရင်အတိုင်းပဲ ရှိနေသလို အဲဒီဒေသက ဒေသခံတွေအပေါ် လုံခြုံရေးကိုလည်း အရင်အတိုင်း တင်းကျပ်ထားတယ်လို့ ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ဆိုပါတယ်။

    အောက်တိုဘာ ၁၁ ရက်နေ့က မြင်ကွင်းအရ တရုတ်နိုင်ငံသား ဝန်ထမ်း လုပ်သားတွေက စီမံကိန်းနဲ့ ပတ်သက်တဲ့ မြေလေ့လာ တိုင်းထွာမှုတွေ လုပ်နေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ကချင်အဖွဲ့က ပြောပါတယ်။

    မိုးရာသီကြောင့် အရင်ကတည်းက စီမံကိန်း လုပ်ငန်းတချို့ ရပ်နားထားပေမယ့် တကယ်တမ်း ရပ်တန့်သွားတဲ့ အရိပ်အယောင်တွေ မမြင်ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။


    (BBC)


    http://www.bbc.co.uk/burmese/burma/2011/10/111015_kachin_myitsone.shtml

    ReplyDelete
  3. ( "မြစ်ဆုံစီမံကိန်း ရပ်မည်ဟူသော သမ္မတဦးသိန်းစိန် ကတိစကား မြစ်ဆုံဒေသခံတို့ ယုံကြည်ရန်ခက်ခဲ" ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ သတင်းကို မူရင်း ဝက်ဘ်ဆိုက်မှာ ဖတ်နိုင်ပါတယ်။ )


    October 13, 2011


    အောက်တိုဘာ ၅ ရက်နေ့ လွတ်တော်အစည်းဝေးတွင် သမ္မတဦးသိန်းစိန်မှ ၄င်း၏ သမ္မတသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟူသော ကတိစကားကို မြစ်ဆုံဒေသခံများအနေနှင့် အကြီးအကျယ် သံသယပွားနေသည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီဟု ပြည်တွင်းနှင့် နိုင်ငံတကာသို့ကြေညာခဲ့သော်လည်း လက်တွေ့တွင် ယခင်က အခြေအနေအတိုင်း နေ့ရောညပါ ယဉ်ကြီးယဉ်ငယ်များဖြင့် နေ့မအားညမနား ဆက်လက် အကောင်အထည်ဖော်နေကြသည်။

    အောက်တိုဘာလ ၁၃ ရက်နေ့တွင် တန်ဖဲကျေးရွာနေ သူများကိုပြောင်းရွေ့ တည်ပေးသည့် အောင်မြေသာကျေးရွာသို့ မြန်မာအစိုးရ စစ်တပ်မှ ည ၁၀ နာရီခွဲနောက်ပိုင်းတွင် အပြင်မထွက်ရန် လာရောက်ပြောဆိုခဲ့သည်။ ထိုပြင် အောက်တိုဘာ ၁၅ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပြီဆိုသည့် မြစ်ဆုံသဲသောင်ပြင် နေရာတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆုတောင်းပွဲ ကိုလည်း အေးရှားဝေါ ကုမ္မဏီမှ နေရာမပေးနိုင်ကြောင်းပြောဆိုငြင်းပယ်ခဲ့သည်။ ယင်းနေရာသည် တန်ဖဲနှစ်ခြင်းအသင်းတော်မှ လူငယ်များနှစ်စဉ် ၀တ်ပြုကိုးကွယ်ရာနေရာဖြစ်သည်။

    စီမံကိန်းရပ်တန့်ထားသည် ဆိုသော်လည်း လိုဏ်ခေါင်း တူးဖော်ခြင်း လုပ်ငန်း များကို ယခင်အတိုင်းဆက်လက်လုပ်ဆောင်နေသည့် အပြင် တန်ဖဲကျေးရွာမှ ၁ သိန်းတန်မြေကွက်များကို အဆ ၄၀ မှ ၅၀ ထိပေးဝယ်နေပြီး ရွေလုပ်ကွက်များ အဖြစ်ဖန်တီးရန် စီစဉ်နေသည်။ တန်ဖဲကျေးရွာမှ အထက်တန်းကျောင်းကိုလည်း အောက်တိုဘာလ ၉ ရက်နေ့တွင်အပြီးဖျက်လိုက်ပြီး ကျေးရွာသူကျေးရွာသားများအနေနှင့် ရွာတွင် ဆက်လက်နေထိုင်နေထိုင်ခြင်း မရှိစေရန် အမျိုးမျိုးဖန်တီးလျက်ရှိသည်။ ရွေလုပ်ကွက်လုပ်ကိုင်ရန် လျောက်ထားသူများတွင် ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးအလေးပါ၊ ကချင်ပြည်နယ် အမျိုးသားလွတ်တော်ဥက္ကဌလည်း ပါဝင်သည်။

    လက်ရှိတန်ဖဲကျေးရွာဟောင်းတွင် သင်းအုပ်ဆရာနှင့် အိမ်ထောင်စု ၄ ခုသာကျန်ရှိတော့သည်။ ကျန်ရှိနေသည့် ရွာသားများကိုလည်း အမျိုးမျိုး ဖိအားပေးခြိမ်းခြောက်လျက်ရှိသည်။ ယင်းကဲ့သို့ တန်ဖဲကျေးရွာ ဖျက်သည့် အစီအစဉ်များကို စနစ်တကျ လုပ်နေသည့်ပြင် လုံခြုံရေးစည်းများမှာလည်း ယခင်အတိုင်း တင်းကျပ်မြဲဖြစ်သောကြောင့် မြစ်ဆုံရေကာတာစီမံကိန်း ရပ်နားသည်ကို များစွာ သံသယဖြစ်နေကြသည်။


    http://kachin-online-us.blogspot.com/2011/10/blog-post_13.html

    ReplyDelete
  4. ("မြစ်ဆုံဆည် စီမံကိန်းတွင် တရုတ်ကုမ္မဏီက ဝန်ထမ်းများ မြေယာ လာ တိုင်းထွာနေဆဲ" ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ သတင်း အပြည့်အစုံကို မဇ္ဈိမ ဝက်ဘ်ဆိုက်မှာ ဖတ်နိုင်ပါတယ်။ )


    အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ်


    ချင်းမိုင်(မဇ္ဈိမ) ။ ။

    မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားသည်ဟု သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ ပြောကြားခဲ့သော်လည်း စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က သောကြာနေ့က ထုတ်ပြန်လိုက်သည်။

    “အခုထိ သွားလာရေး၊ မြစ်ဆုံတဝိုက်မှာဆိုရင် စစ်တပ်လည်း မရုပ်သေးဘူး။ အလုပ်သမားတွေလည်း ရှိသေးတယ်။ တချို့အလုပ်သမားတွေက မိုးရာသီဖြစ်လို့ သမ္မတ မပြန်ခင် ကတည်းကနေ ပြန်သွားတာ။ ဒါပေမဲ့ သွားရေးလာရေး လုံခြုံရေးကအစ တင်းကြပ်မှုတွေရှိတယ်” ဟု KDNG ၏ ပြောခွင့်ရသူ မအနန်က ပြောသည်။

    ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့သဘောထားအတိုင်း မိမိအစိုးရလက်ထက်တွင် ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်နေ့က လွှတ်တော်နှစ်ရပ်လုံးသို့ အကြောင်းကြားခဲ့သည်

    “လတ်တလော ကျမတို့သိရသလောက်ဆိုရင် တံတားဆောက်တာတော့ ရပ်ထားတယ်။ တရုတ်ကုမ္မဏီက မြေယာ လာ တိုင်းထွာတဲ့ လူတွေရှိတယ်။ နောက်လမ်းဆောက်နေတာတွေ ရှိသေးတယ်။ နောက်တခုက သူတို့ ပစ္စည်းတွေကို စောင့်ဖို့ ဆိုပြီး ရှိနေတဲ့ အလုပ်သမားတွေလည်း ရှိသေးတယ်” ဟု KDNG ၏ ပြောခွင့်ရသူ မအနန်က ပြောသည်။

    KDNG အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းဆောက်လုပ်မှုကို အစဉ်စောင့်ကြည့်နေသော အဖွဲ့ဖြစ်သည်။

    (မဇ္ဈိမ)


    http://www.mizzimaburmese.com/special/research/2011-09-22-05-33-28/8489-2011-10-14-15-10-43.html

    ReplyDelete
  5. ကုလားဖဲနှင့် တရုတ်ဖဲ ရွှေ့နေသော ဦးသိန်းစိန်

    15 October 2011 00:16


    ရွေးကောက်ပွဲအပြီး တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်လို့ ဆိုနေတဲ့ သမ္မတဦးသိန်းစိန်တစ်ယောက် ဖဲချပ်ရွှေ့နေကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

    မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စကြောင့် တရုတ်ရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ဖြေရှင်း အကြောဖြေဖို့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (၁၁) ဦး အစည်းအဝေး ထိုင်ခဲ့တယ်လို့ သိရပါတယ်။

    တရုတ်အား ဖြေသိပ်ဆေးပေးဖို့ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်စီမံကိန်း ကဲ့သို့ စီမံကိန်း တစ်ခုခုကို၎င်း၊ သံလွင်မြစ်ပေါ်ရှိ တာဆန်းရေအားလျှပ်စစ်ကဲ့သို့ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုခုကို၎င်း၊ ဧရာဝတီမြစ်အတွင်း တရုတ်သင်္ဘောများ ကူသန်းသွားလာခွင့် ယခင်က သမ္မတ ကျန်စီမင်းလက်ထက်က တောင်းဆိုခဲ့ဘူးလို့ အခွင့်အရေးတစ်ခုခု ပြန်ပေးမဲ့ ဖဲချပ် တစ်ချပ်ကိုလည်း ကိုင်ထားပါသေးတယ်။

    အဲဒီ ဖဲချပ်မပစ်ခင် တက်ဖဲအနေနဲ့ ကုလားဖဲကို ဦးသိန်းစိန်အရင် ကစားပါ့မယ်။ ဒါကြောင့် ဘုရားလည်းဖူးရင်း၊ ကုလားဖဲလည်း ဆွဲရင်း ကူညီထောက်ပံ့မှု များများရခဲ့ရင်တော့ တရုတ်ကြီးကို အလျော်အစား သိပ်လုပ်စရာမလိုဘဲ အသုံးမလိုတဲ့ ဖဲချပ်အနေနဲ့သာ တရုတ်ကို ပစ်မှာဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်နေကြပါတယ်။

    (စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်)

    http://photayokeking.org/breaking-news/755-kula

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။