Pages

Monday, October 17, 2011

လကမ္ဘာသွား တောလား.. (တောင်ဒဂုံ စည်ပင်လမ်းမကြီး... အကြောင်း) တိုင်ကြားစာ..

 
အပေါ်မှာပြောင်းတာလား အောက်မှာပြောင်းတာလား....

သို့
တာဝန်ရှိသူများ

ကျွန်တော်တို့ တောင်ဒဂုံမြို့နယ် ၁၈ကွေ့မှ သစ်ဆိုင်ကွေ့အထိ ရှိသော စည်ပင်လမ်းမကြီးဟာ လိုင်းကားများနှင့်လူများ အဓိကထားသုံးနေသော လမ်းကြီးတစ်လမ်းလည်း ဖြစ်ပါတယ်။ တောင်ဒဂုံကို စတည်ကတည်းက စည်ပင်လမ်းမကြီးဟာ ပြင်လိုက်ပျက်လိုက်နဲ့ ယခုပျက်စီးယိုယွင်းမှု ကတော့ဗျာ လကမ္ဘာကြီးရဲ့ မြေသားပြင်အတိုင်းပါပဲ မယုံရင်လာကြည့်ပါ။ ရန်ကုန်မြို့က လမ်းလို့တောင် မပြောနိုင်တော့ပါဘူး ကားမပြောနဲ့လှည်းတောင် သွားလို့မရဘူးလမ်းပျက်နေတာကသုံးလလောက်ရှိနေပါပြီ လိုင်းကားတွေလည်း မသွားတော့လို့ အလုပ်သွားတဲ့သူတွေလည်း အရမ်းဒုက္ခရောက်နေရပါတယ် သွားတဲ့ ကားကြတော့လည်း ရိုလာကိုစတာ စီးရတယ့် အတိုင်းပါပဲ (ပိုက်ဆံမကုန်ဘူးပေါ့ဗျာ) အချိန်လည်း အများကြီး နှောင့်နှေးပါတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့ အခြေအနေပါ။ ကားများ (မှောက်များမှောက်ခဲ့ရင်)ပေါ့။
တောင်ဒဂုံက ပြည်သူက ရွေးချယ် တင်မြှောက်ထားပါတယ်.. ဆိုတဲ့ လွှတ်တော်အမတ်ကြီး ဒေါ်စုစုလှိုင် တစ်ယောက်လည်း စည်ပင်လမ်းအနီး နားမှာနေပြီးတော့ စည်ပင်လမ်းကပဲ မသွားလို့လား။ လွှတ်တော်ထဲမှာ သူတောင်းစား ပပျောက်ရေးအဆိုကို တင်သွင်းနေရလို့ မအားတာလား မသိပါဘူးဗျာ။ (နိုင်ငံတော်ကထုတ်ပေးတဲ့ Cherrywagon ကားလေးကဘဲ မြန်မာပြည်က လမ်းတွေကို ခံနိုင်ရည်ရှိအောင် ကောင်းနေလို့လား) သမ္မတကြီးဦးသိန်းစိန်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကို တင်ပြရ ကောင်းမှန်းတောင် မသိတော့ဘူး၊ မြို့နယ်စည်ပင်သာယာ ဆိုတာကလည်း သူတို့သားသမီးဆွေမျိုးတွေ ခါးလှဝမ်းဝဖို့အတွက် လိုက်တောင်းရမ်းနေရတော့ ပြင်ပေးရ ကောင်းမှန်းတောင် မသိဘူး ဒီလမ်းပျက်နေတဲ့ ကိစ္စကို ဦးသိန်းစိန်အစိုးရအဖွဲ့၊ မြို့တော်စည်ပင် သာယာရေးကော်မတီ၊ နှင့်မြို့တော်ဝန်ဦးလှမြင့် အပါအ၀င် သက်ဆိုင်ရာဌာနတွေ သိအောင် မီဒီယာကတစ်ဆင့် အော်ချက် ထုတ်လိုက်ရပါတယ်။
(ယခင်ကလည်း ကျန်းမာရေးမှတ်တိုင်မှာ မီးသွေးကားကြီးတိုက်လို့ သေဆုံးသွားခဲ့ရတဲ့ စက်ဘီးသမားလေး တစ်ယောက်ရှိခဲ့ဘူးပါတယ် အဆိုပါ စက်ဘီးသမားလေးဟာ ချိုင့်ခွက်ကိုရှောင်ရင်း နောက်မှ မီးသွေးကားမှ ၀င်တိုက်သွားပြီး ခေါင်းပြားသွားပြီး ချက်ခြင်းသေဆုံးသွားရပါတယ်။ နောက်နေ့ အဆိုပါချိုင့်ခွက်ကို လာရောက်ပြင်ဆင်သွားတဲ့သာဓကလည်းရှိပါတယ်။ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး၊ ကြံခိုင်ရေးတို့ကို နှစ်ခုလောက်တော့ မေးချင်ပါတယ် (တစ်ခုတည်းမဟုတ်ပါဘူး) လူသေဆုံးမှ လမ်းပြင်တာလား။ လမ်းပြင်အောင် လူသေဆုံးပေးရမှာလားဗျာ ယခင်သစ်ကားများ သွား၍ိလမ်းပျက်စီးသွားသော မောင်းမကန် ကမ်းသာလမ်းမကြီးကုတော့ ယခုသစ်ကားများ သွားရန်အတွက် ကွန်ကရစ်လမ်းမကြီးကို အမြင့် (၂)ပေလောက်ကို ခင်းပေးထားပြီး ကျန်လမ်းများမှာတော့ ကားမဆိုထားနှင့် လူ၊ စက်ဘီး၊ ဆိုက်ကားများပါ သွားလာရန် အလွန်ခက်ခဲနေပါသည်။) အဲတော့ကျွန်တော် ဒီလိုပြောတာ လွန်လား မလွန်ဘူးလား ဆိုတာ စဉ်းစားသာကြည့်ကြပါတော့ဗျာ. . . . . . . . . . . .

တောင်ဒဂုံမြို့နယ်မှ အမြင်မတော်သူများ.....
မိတ္တူကို RFA, VOA, BBC

2 comments:

  1. အကောင်းဆုံးကတော့ဗျာ ဘောင်းဘီချွတ်အစိုးရရော အရင်က နအဖတွေပါ အကုန် အမြစ်မကျန်သတ်ပစ်ပြီးမှ နိုင်ငံတော်သစ်ထူထောင်ရင်အကောင်းဆုံးပဲ ဘာမှ မလုပ်တတ်မကိုင်တတ် မသိပဲ နေရာယူ ထိုင်ခုံမြဲနေတဲ့ စစ်အာဏာရှင် အငွေ့အသစ်မှန်သမျှ ဘယ်တော့မှ တိုင်းပြည်တိုးတက်ဖို့ လမ်းမမြင် လမ်းမမြင်

    ReplyDelete
  2. ဟုတ်တယ်.ဘောင်းဘီချွတ်အစိုးရရော အရင်က နအဖတွေပါ အကုန် ဆွေစဉ်မျိုးဆက်အကုန်သတ်ပြစ်ရမယ်.
    တိုင်းပြည်တိုးတက်အောင်လုပ်ဖို့သာမတတ်တာ..ခိုးစားဖို့ကြတော့ဘာကျွမ်းသလဲမမေးနဲ့.Phd(ငတက်ပြား)သူခိုးဘွဲ့ပေးရလောက်အောင်.ခိုးတတ်တာ.
    ဗိုလ်ချုပ်မူးကြီးရာထူး(သန်းရွှေ)ကနေသုံးပွင့်အထိ.အကုန်သူခိုးကြီးဘဲ..
    အကိုကြီးတွေ.ညီလေးတွေ.အဘတွေနဲ့ အဖေကြီးတွေနဲ့.ဝိုင်းခိုးကြတာ.
    သူခိုးမျိုးတွေ.ဌာနတိုင်းမှာ.နေရာတကာ.စစ်ဗိုလ်တွေဘဲနေရာကောင်းယူ.တပည့်မွေး.ခိုးစား.လုစား.ဒမြတပ်မတော်ဘဲ..
    တစ်နေရာမှာခိုးလို့ဝရင်.အပုတ်နံ့လေးထွက်လာရင်.သူတို့အဖေကြီးတွေက
    နေရာရွေ့ပေးလိုက်တာပဲ.သေနတ်နဲ့ပြစ်သတ်တာတောင်.ဘာမှမဖြစ်ပဲနေရာ
    ပြောင်းပေးလိုက်တာပဲ.
    ဗမာ့တပ်မတော်တဖြစ်လဲဒမြတပ်မတော် ဘဲ အကုန်သာသတ်ပြစ်တာအကောင်းဆုံးပဲ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။