ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ အပိုင်း (၃)
(ဆောင်းပါးရှင် The Peace)
ကျွန်တော်ရေးသားတင်ပြတဲ့အခါမှာ ပုဂ္ဂိုလ်ရေးပုတ်ခတ်တာလည်း မပါဘူး။ စော်ကားတာလည်း မပါဘူး။ ကျွန်တော် ဒီဆောင်းပါးရေးနေတာ တစ်ဖတ်သတ် ပုတ်ခတ်ပြောဆိုချက်တွေ တစ်ဖက်သတ် အမြင်တွေကို နည်းလမ်းကျမကျ။ စဉ်းစားနိုင်ဖို့ တင်ပြနေခြင်း ဖြစ်ပါတယ်။
ဒေါက်တာလှိုင်မြင့် ရေးလိုက်တဲ့ အပိုင်း (၃) ပိုင်းသော ဖက်ဒရယ် အရေးကြောင့် မြန်မာပြည်သားတွေ ပိုညီညွတ်လာသလား။ ဒေါက်တာလှိုင်မြင့်ရေးလိုက်တဲ့ အပိုင်း (၃) ပိုင်းသော ဖက်ဒရယ် အရေးကြောင့် ဗမာလူမျိုးတွေ ပိုလို့ မျက်စိပွင့်လာတာလား၊ မျက်မှန်စိမ်း တပ်ပေး ခံလိုက်ရတာလား။ ဒေါက်တာလှိုင်မြင့်ရေးလိုက်တဲ့ အပိုင်း (၃) ပိုင်းသော ဖက်ဒရယ် အရေးကြောင့် ဖတ်ရသူတွေ မေတ္တာစိတ်တိုးပြီး ပြည်ထောင်စုသားတွေ တစ်ဦးနဲ့ တစ်ဦးပိုချစ်ကြည်လာကြ၊ ရိုင်းပင်းလာကြသလား။
တစ်ယောက်နဲ့ တစ်ယောက် ထသတ်တော့မတတ် ဖြစ်လာကြတယ်ဆိုရင် ဒေါက်တာလှိုင်မြင့် ဆောင်းပါးဟာ အကျိုးအကြောင်း သိပ်ဆီလျော်သင့်မြတ်တဲ့ ဆောင်းပါလား။ ဖတ်ရတဲ့ သူတိုင်း ခံစားနားလည် မိကြမယ်ထင်ပါတယ်။ ဒါက သူ့ဆောင်းပါးရဲ့ ရလာဒ်ပါ။ သူ့ဆောင်းပါးဖတ်လို့ လူတွေ အမုန်းပိုပွားလာကြတယ်ဆိုရင်။ လူတွေ မေတ္တာစိတ် ခေါင်းပါးလာကြတယ်ဆိုရင်.. ဒီလို ဆောင်းပါးမျိုးဟာ ရေးတာထက် မရေးဘဲ နေတာပဲ ကောင်းတဲ့ ဆောင်းပါးပါ။
ယခုလက်ရှိ မြန်မာပြည်လို့ အမည်ခံထားတဲ့ တိုင်းပြည်အတွက် လွတ်လပ်ရေးကြိုးပမ်းတော့ ထိုင်းနိုင်ငံ ဖက်ကနေ ချီတက်လာတာပါ။ ထိုင်းဖက်မှာ ဗမာတွေ ရှိနေတာ မဟုတ်ပါဘူး။ အဲဒီနယ်ထဲ ရောက်နေတဲ့။ ကရင်တွေ၊ ရှမ်းတွေ၊ မွန်တွေနဲ့ BIA ဖွဲ့ပြီး။ အင်္ဂလိပ်လက်အောက်ရောက်နေတဲ့ တနင်္သာရီ ဒေသဖက်ကနေ စစ်ချီလာခဲ့တာပါ။ မယုံရင်လည်း ဗိုလ်ချုပ်အောင်ဆန်းအစ်ကို အောင်သန်းရေးတဲ့ အောင်ဆန်း စာအုပ်မှာ ရှာဖတ်ပါ။ အဲဒီနေရာဟာ ဗမာ အများစု ရှိတဲ့နေရာ မဟုတ်ပါဘူး။ လွတ်လပ်ရေးရဖို့ ဗမာတွေက အများစု ကြိုးစားခဲ့ရတယ် ဆိုတဲ့ စကားမျိုးပြောလို့ မပြောသင့်ပါဘူး။ အဲဒီအချိန်က လူမျိုးပေါင်းစုံ တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်း အဖိုး ဗိုလ်မင်းရောင် လက်ထက်က တောင်တွင်းကြီး နဲ့ ရှမ်းပြည်နယ်မှာ လူစုပြီး အင်္ဂလိပ်ကို ပြန်တိုက်ခဲ့တာပါ။
အောက်ကစာလို လူအများလေးစားတဲ့ ဗိုလ်ချုပ်ကို ချီးကျူးသလိုနဲ့ မျက်နှာချီးနဲ့ သုတ်တဲ့ အပေါက်မျိုး မလုပ်စေဖို့ ပြောနေတာပါ။
ဒေါက်တာလှိုင်မြင့်ပြောထားတာ ဒီလိုပါ
ဗိုလ်ချုပ်ဦးဏှောက်နဲ့ နှိုင်းရင် ဖြုတ်ကလေးလောက်ရှိတာ။ ဗိုလ်ချုပ်က စကားပြောရင် ဘယ်စကားက တချိန်မှာ ဘယ်လိုဖြစ်မယ် ဘယ်လိုအဓ္ဓိပါယ် ယူသွားနိုင်တယ်ဆိုတာ ကျုပ်ထက်အဆ ရာချီမက ကြိုမြင်တယ်။ ဒါကြောင့် သူ့စကားက ဗမာတယောက်တမဲ၊ ကရင်တယောက်လဲတမဲ ဘယ်သူမှ မဲပိုမရစေရလို့ ဆိုခဲ့တာ။ ဗမာပြည်နယ်တမဲ လို့ပြောချင်ရင် စကားပြောကထဲက ဗမာပြည်နယ်ထည့် ပြောမှာပေါ့။
ဒါဟာ မပြောသင့်၊ မရေးသင့်တဲ့ စကားတွေ၊ စာတွေပါ။ တိုင်းရင်းသားလို့ သတ်မှတ်ခံထားရတဲ့ လူမျိုးတွေကိုယ်တိုင်က ခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး ပံ့ပိုးပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လူလိမ် လို့ စွပ်စွဲလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ်လိုရာ ကိုယ့်ဖာသာဆွဲတွေးပြီး တိုင်းရင်းသားတွေ ယုံကြည်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဗီလိန်လုပ်ပစ်တာ အတော်ဆိုးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗီလိန် လုပ်ပစ်တာ ကောင်းမယ်ထင်ရင်လည်း ဆက်သာ ပြောပါ။ လူလိမ်အောင်ဆန်းအဖြစ် သွတ်သွင်းချင်သပ ဆိုလည်း သဘောပါပဲ။ ဒေါက်တာလှိုင်မြင့် ခင်ဗျာ ဒေါက်တာကြီးရဲ့ ဆင်ခြင်မှု ကောင်းကြောင်း ပြချင်တာနဲ့ ဗိုလ်ချုပ် လုပ်ရပ်တွေကို ခြေထောက်နဲ့ တက်မနင်းပါနဲ့ လို့ ပြောပါရစေ။
နောက်ထပ် အဆင်အခြင်မဲ့ ပြောတဲ့ စကားက အောက်ကလိုပါ။
အဲဒီလိုသာဆိုရင် ဗမာတွေက တခုခုလုပ်ချင်ရင် တိုင်းရင်းသားတွေ အကြပ်ကိုင်သမျှ လည်စင်းခံနေရတော့မှာ။ ဒီတော့တချို့ ဗမာတွေက နယ်ချဲ့ကို တော်လှန်တာ ဗမာက ဦးဆောင်တယ်။ တချို့တိုင်းရင်းသားတွေဆိုရင် နယ်ချဲ့ရဲ့ လက်ကိုင်ဒုတ် နယ်ချဲ့ကို အသက်ဆက် ပေးနေသူတွေ။ အသက်ပေးကြရတာ အများစုက ဗမာ။ အခုလွတ်လပ်ရေး ရလာပြီး ပြည်ထောင်စုဖွဲ့တော့ ဗမာက ဘာလုပ်ချင်လုပ်ချင် ငါတို့က သူတို့သနားမှ လုပ်ခွင့်ရတော့မဲ့ ဘ၀ကို ချိုးထားတယ်ဖြစ်လာပြီ။
ကလေး ၂ ယောက်ကို မုန့်လေးပြပြီး ရန်တိုက်ပေးတဲ့ လုပ်ရပ်မျိုးတွေပါ။ လူများစု ဖြစ်တဲ့ ဗမာကို လူနည်းစု ဖြစ်တဲ့ တိုင်းရင်းသား ဆိုသူတွေက ဘယ်လိုများ အကြပ်ကိုင်လို့ ရမှာလည်း သေချာ စဉ်းစားပြီးမှ ပြောပါလို့ ထပ်ပြောချင်ပါတယ်။ တိုင်းရင်းသားတွေကို နယ်ချဲ့လက်ကိုင်ဒုတ်၊ နယ်ချဲ့ကို အသက်ဆက်ပေးနေသူတွေ ဆိုပြီး စွပ်စွဲမှုမျိုးကို ဘယ်တော့မှ မလုပ်သင့်ပါဘူး။ ခုမြန်မာပြည်လို့ ခေါ်ဆိုဖို့ ဖြစ်လာမယ့် နေရာကြီး အင်္ဂလိပ်လက်ထဲ ရောက်သွားတာ တိုင်းရင်းသားတွေကြောင့် ရောက်သွားတာလား၊ ဗမာဘုရင်တွေကြောင့် ရောက်သွားတာလား။ ဒါမျိုးတွေ ပြောနေတာဟာ လမ်းဘေးအဆင့် ဆန်လွန်းပါတယ်။ ကျွန်တော် မပြောချင်ဘူး။
၁၉၄၈ မှာ လွတ်လပ်ရေးရပြီးတော့ ရေးခဲ့တဲ့ ပြည်ထောင်စု အခြေခံဥပဒေကြောင့်၊ အဲဒီအချိန်က နိုင်ငံခေါင်းဆောင်လုပ်သူတွေရဲ့ ညံ့ဖျင်းမှု၊ သဘောထားသေးသိမ်းမှု၊ အမြင်ကျဉ်းမြောင်းမှုတွေကြောင့် တိုင်းပြည်ခုလို ဖြစ်နေတယ် ဆိုတာ အချိန်က သက်သေပြပြီးပါပြီ။ ၁၉၄၈ နောက်ပိုင်း ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ တစ်ချို့တစ်ဝက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ
၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသော အဖွဲ့များထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။
ယုံကြည်ခဲ့သည့်အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား တွေ့ဆုံ၍ မိမိတို့နှင့် ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်များသည်လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီအဖွဲ့၏ ဝါဒလမ်းစဉ်သည် ဖဆပလ အဖွဲ့ချုပ်ကြီးက ချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။
၁၉၅၂ ခုနှစ် မတ်လတွင် လွှတ်တော်နှစ်ရပ်လုံးခေါ်၍ ပြည်နယ်အမတ်များ အားလုံး ရန်ကုန်သို့ ရောက်လာကြ၏။ ကေအင်စီအမတ်များသည် ၁၉၅၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် သခင်နုနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ မိမိတို့အဖွဲ့သည် ကချင်ပြည် နယ်လူထု အများဆုံးထောက်ခံ၍ အမတ်အများဆုံးရသော အဖွဲ့ဖြစ်သဖြင့် ကချင်ပြည်နယ်၏ အုပ် ချုပ်ရေးအာဏာကို ရသင့်ကြောင်း တင်ပြကြသည်။ သခင်နုကပြောသည်မှာ ခင်ဗျားတို့အဖွဲ့ကို မယုံကြည်၍တော့ မဟုတ်ပါ။ သို့သော်လည်း ကျုပ်အနေနှင့် ဆမားဒူဝါကိုပဲ ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ဆက်လက်ခန့်ချင်တယ်။ ခင်ဗျားတို့လည်း ပြည်မမှာ ဝန်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် တစ်နေရာကိုယူပါ။ ကချင်ပြည်နယ်မှာ ဆမားကို အတိုက်အခံမလုပ်ကြပါနဲ့။ ခင်ဗျားတို့အချင်းချင်း ညီညွတ်ကြပါလို့ ပြောပါသည်။
ကေအင်စီ အမတ်များက ပြန်ပြောသည်မှာ “ဝန်ကြီးချုပ်။ ဒီမိုကရေစီတိုင်းပြည် ဖြစ်တဲ့အတိုင်း အမတ်များရာက အုပ်ချုပ်ရေးအာဏာကို ရရမယ်မဟုတ်လား အခုတော့ အမတ်လေးယောက်ပဲရတဲ့ ဆမားကို ပြည်နယ်ဥက္ကဋ္ဌ ပြန်တင်တော့ ဒီမိုကရေစီကျပါ့မလား။ ကျွန်တော်တို့အနေနှင့်က အမတ်အများဆုံး ရထားတာက တစ်ကြောင်း၊ ပြီးတော့ ကချင်ပြည်နယ်က အရွေးခံရတဲ့ ဖဆပလ အမတ်ငါးယောက်ကလည်း ကျွန်တော်တို့နှင့် ပူးပေါင်းရန် ပြောထားပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့အဖွဲ့က ကချင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးအာဏာပဲ ရရမယ်” လို့ ပြန်ပြောပါသည်။
ဒီတော့ ဝန်ကြီးချုပ်သခင်နုဟာ “ခင်ဗျားတို့အဖွဲ့က အမတ်အများဆုံးရတာတော့ ဟုတ်ပါပြီ။ ကျုပ်လည်း မငြင်းဘူး။ ဒါပေမဲ့ ပြည်နယ်က ဖဆပလအမတ်များဟာ သူတို့သဘောနှင့် လုပ်လို့မရဘူး။ ဖဆပလ ဌာနချုပ်က ညွှန်ကြားသည့်အတိုင်း လိုက်ရမယ်။ ဖဆပလ ဌာနချုပ်ကလည်း တစ်ခြား ပြောမှာမဟုတ်ဘူး။ ယခု ငါပြောတဲ့အတိုင်း ဆမားကိုပဲထောက်ခံဖို့ ပြောမှာပဲ” ဟု ပြန်ပြောလိုက်သည်။
ဒီနောက်မှာ ကေအင်စီ အမတ်များသည် ပြည်နယ်မှ ဖဆပလ အမတ် ငါးယောက်ဆီသွားပြီး “ဘယ့်နဲ့လဲ။ ခင်ဗျားတို့ ဟိုပြည်နယ်မှာတုန်းကတော့ ကျွန်တော်တို့နဲ့ ပေါင်းမယ်ဆိုတယ် မဟုတ် လား။ ယခု ဝန်ကြီးချုပ်ကတော့ ခင်ဗျားတို့ကို ဆမားဒူဝါကိုပဲ ထောက်ခံခိုင်းမယ်ဆိုပါလား” ဟု သွားပြောကြသည်။ ပြည်နယ်က ဖဆပလ အမတ်ငါးယောက်သည် “ကျွန်တော်တို့ အနေနှင့် ခင်ဗျားတို့ ကေအင်စီအဖွဲ့ကို ထောက်ခံချင်တယ်။ ခင်ဗျားတို့နှင့် ပူးပေါင်းချင်တယ်။ ဒါပေမဲ့ ဖဆပလဌာနချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သခင်နုရဲ့အမိန့်ကိုတော့ ဘယ်လွန် ဆန်နိုင်မလဲ” ဟု ပြန်ပြောပါသည်။
ဒါကြောင့် နောက်ဆုံးတွင် “ကချင်ပြည်နယ်မှ ရွေးကောက်လိုက်တဲ့ လူထုကိုယ်စားလှယ်များ၏ ဆန္ဒအရ မဟုတ်ပါလား။ ဝန်ကြီးချုပ် လုပ်တဲ့သူရဲ့ ဆန္ဒအတိုင်းပါလား”လို့ ဝမ်းနည်းစွာနှင့် ကေအင်စီ အမတ်များသည် ကချင်ပြည်နယ်တွင် အတိုက်အခံအဖွဲ့ ဖြစ်လာရပေသည်။ မရှေးမနှောင်းသော အချိန်အတွင်း ကချင်ပြည်နယ် အစိုးရအဖြစ် ဆမားဒူဝါ ဆင်ဝါးနောင်သည် အစိုးရ ဖွဲ့စည်းနိုင်တော့၏။ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ကေအင်စီ ခေါင်းဆောင်များအား သူ၏ ပါလီမန် အတွင်းဝန်ရာထူး တစ်နေရာယူ၍ ကချင်ပြည်နယ် ကောင်စီတွင်လည်း ကောင်စီ သဘာပတိယူရန် တိုက်တွန်းခဲ့သည်။ ဆမားဒူဝါကို ဝိုင်းဝန်းထောက်ခံရန် နားချခဲ့သည်။
ကေအင်စီ အမတ်များအနေနှင့်က ကချင်ပြည်နယ်သည် ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိခဲ့သလို ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ ကျန်းမာရေး အစစအရာရာ၌ အင်မတန် အောက်ကျနောက်ကျ ဖြစ်ခဲ့သဖြင့် ရရှိသမျှသော ဘဏ္ဍာတော်ငွေများဖြင့်၎င်း လူထုအကျိုးပြု လုပ်ငန်းများကို အမြန် ဆောင်ရွက်ချင်ကြ၏။ ဆမားဒူဝါအနေနှင့် ၎င်းပထမလုပ်ရမည့် အရေးကြီးသောလုပ်ငန်းများကို လျစ်လျူရှုခဲ့၍ သူ၏ ယာယီအစိုးရအချိန်တွင် မော်တော်ကား တည်ဆောက်ရန်စီမံကိန်း၊ ဂျက်လေယာဉ်ပျံ တည်ဆောက်ရန် စီမံကိန်း၊ မီးသင်္ဘော မီးရထားခေါင်းတွဲ လုပ်ရန် စီမံကိန်း၊ ရွှေတူးရန်၊ ငွေတူးရန် စီမံကိန်းများကိုသာ ပထမချခဲ့၏။
ဤကိစ္စများကြောင့် ကေအင်စီအဖွဲ့သည် ဆမားဒူဝါအား မထောက်ခံနိုင်ကြောင်း ဝန်ကြီးချုပ် သခင်နုအားပြောပြခဲ့ရာ ဝန်ကြီးချုပ်က “အေးကွာ ဒါတွေက သူမှားတာပဲ။ သူရဲ့ ဒီစီမံကိန်းတွေကို ငါရပ်ခိုင်းပါ့မယ်။ ယခုကစပြီး ခင်ဗျားတို့ လိုလားတဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို ပထမလုပ်ဖို့ ငါပြောပါ့မယ်”ဟု ပြော၏။ တစ်ဖန် ကေအင်စီအမတ်များက “ကောင်းပြီ ဝန်ကြီးချုပ်၊ သူဒီစီမံကိန်း တွေကိုရပ်ပြီး တကယ် ပြည်နယ်လူထုအတွက် လောလောဆယ် အရေးကြီးတဲ့လုပ်ငန်းများကို စတင် လုပ်မယ်ဆိုရင် လုပ်တာနှင့် တစ်ပြိုင်နက် ကျွန်တော်တို့က ထောက်ခံပါမယ်” ဟု ကတိပေးထားခဲ့၏။
သို့ရာတွင် ဝန်ကြီးချုပ် သခင်နုသည် ဆမားဒူဝါ၏ စီမံကိန်းများကို မရပ်စေနိုင်သည် သာမက ဆမားဒူဝါ၏ ၈ မိုင် မရမ်းကုန်းစက်ရုံဖွင့်ပွဲတွင် သခင်နုသည် ဆမားဒူဝါကြီးအား ဟိမဝန္တာ ချီးမွမ်း ခန်းဖွင့်တော့သည်။ ကေအင်စီ အမတ်များအနေနှင့်ကား ဝန်ကြီးချုပ် သခင်နုသည် အပြောတစ်မျိုး အလုပ်တစ်မျိုးဟူ၍ ဤအခါက စသိခဲ့သည်။
ကချင်ပြည်နယ်ထက် ပိုမိုဆိုးသော ကိစ္စ ရှိပါသေးသည်။ ၄င်းမှာ အခြားမဟုတ်။ ချင်းများအရေး ပင်ဖြစ်သည်။ ချင်းတောင်သည် ပြည်နယ်မဟုတ်ဘဲ ပြည်မတွင်ပါဝင်သော ဝိသေသတိုင်းတစ်ခု ဖြစ်သည်။ ထို ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ချင်းတောင်၌ ယှဉ်ပြိုင်အရွေးခံသော နိုင်ငံရေးအဖွဲ့ ၂ ခု ရှိခဲ့သည်။ ဦးဇာရဲလျံ ခေါင်းဆောင်သော ချင်းအမျိုးသားကွန်ဂရက်အဖွဲ့သည် အမတ် ၁၀ ယောက်ရ၍ စစ်ဗိုလ်ထွက် ကပ္ပတိန် မန်တုံ့နုံးက သူနှင့်ပေါင်း အမတ် ၂ ယောက်သာ ရရှိခဲ့သည်။
ချင်းအမျိုးသားကွန်ဂရက် အနေနှင့် သူတို့သည် အမတ်အများဆုံးဖြစ်၍ ချင်းရေးရာဝန်ကြီးကို သူတို့ ရနိုင်မည်ဟု ယုံကြည်ချက်ကြီးကြီးဖြင့် ရန်ကုန်ဆင်းလာကြ၏။ ဝန်ကြီးချုပ် သခင်နုနှင့်တွေ့သောအခါ ချင်းကွန်ဂရက် အဖွဲ့ဝင်များသည် သူတို့က အမတ်အများဆုံးရ၍ လူထုဆန္ဒ အများဆုံး ထောက်ခံမှု ရရှိသောကြောင့် မိမိတို့ အဖွဲ့သာလျှင် ချင်းရေးရာဝန်ကြီးကိုရ၍ ချင်းဝိသေသတိုင်း၏ အုပ်ချုပ်ရေးကို ကိုင်ရမည်ဖြစ်ကြောင်း တင်ပြကြ၏။
ဝန်ကြီးချုပ် သခင်နုက ချင်းကွန်ဂရက်၏ အဖွဲ့ခေါင်းဆောင် ဇာရဲလျံသည် အသက်ငယ်သေးသည်။ အိမ်ထောင် မရှိသေးဘူး၊ နိုင်ငံရေး ဗဟုသုတ မရှိသေးဘူး၊ ဒါကြောင့် ဝန်ကြီးအဖြစ် လက်မခံနိုင်ပါ။ ကပ္ပတိန် မန်တုံ့နုံးကိုသာ ဝန်ကြီးပေးမည်ဖြစ်ကြောင်း ပြန်ပြောလိုက်၏။
ချင်းကွန်ဂရက် အမတ်များကလည်း ထိုသို့လုပ်ခြင်းမှာ ဒီမိုကရေစီ မကျကြောင်း၊ အမတ်များရာ အဖွဲ့သာလျင် ဝန်ကြီး ဖြစ်သင့်ကြောင်း၊ ဝန်ကြီးချုပ် ဆန္ဒအရ မဟုတ်ဘဲ လူထု၏ ဆန္ဒအရသာ ဖြစ် ရမည်ဖြစ်ကြောင်း ပြောသောအခါ သခင်နုက “မင်းတို့ ဘာနားလည်သလဲ၊ တိတ်ပါ” ဟု ငေါက်ငမ်းခဲ့၏။
ဝန်ကြီးချုပ် သခင်နုအနေနှင့် အမတ်နှစ်ယောက်သာရှိသော ကပ္ပတိန်မန်တုံ့နုံးကို ဝန်ကြီးခန့်လျှင် အရုပ်ဆိုးမည်ဟု မြင်လာသော အခါ ညီညွတ်ပြီးသားဖြစ်သော ချင်းကွန်ဂရက်အဖွဲ့မှ ဦးရှိန်ထန်းကို တိတ်တဆိတ်ခေါ်ယူ၍၊ ဝန်ကြီးနေရာနှင့်တော့ ခင်ဗျားပဲသင့်တော်တယ်၊ ခင်ဗျားက အသက်လည်း ကြီးပြီး ဗဟုသုတလည်း ရှိတယ်ဟု၊ အကြောင်းအမျိုးမျိုးပြ၍ ခွဲထုတ်ခဲ့၏။ ထိုအခါ ညီညွတ်ပြီးသား ချင်းအမျိုးသား ကွန်ဂရက်အဖွဲ့သည် ၂ ခြမ်း ကွဲသွားခဲ့၏။ ကွဲလာသောအခါ ဦးရှိန်ထန်းကို ချင်းရေး ရာဝန်ကြီး ခန့်ခဲ့၏။ ဝန်ကြီးချုပ် သခင်နု၏ အခွဲအုပ်ချုပ်ရေးစနစ်သည် ဤတွင် အောင်မြင်သွား၏။
သို့ရာတွင် ဝန်ကြီးဦးရှိန်ထန်းဘက်မှ အမတ်ဦးရေနည်း၍ ဦးဇာရဲလျံဘက်မှ အမတ်ဦးရေ များသဖြင့် ကောင်စီတွင် အလုပ်လုပ်လို့ မဖြစ်သောအခါ၊ အချိန် မကြာမီအတွင်း ဦးရှိန်ထန်းကို ပြည်မ အခြားဌာန တစ်ခုပေး၍ ချင်းကွန်ဂရက် အဖွဲ့၏ ခေါင်းဆောင် ဇာရဲလျံကိုပင် ချင်းရေးရာဝန်ကြီး ခန့်ပေးရ၏။ ချင်းနှင့် ကချင်ကိုသာ ဤသို့လုပ်သည် မဟုတ်ပါ။
ကရင်ကိုလည်း ထိုထက် ပိုဆိုးရွားအောင် လုပ်ခဲ့၏။ ကရင်ပြည်နယ်သည် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ ပြည်နယ်ဖြစ်ပေါ်လာ၏။ ကရင်ပြည်နယ် ဖြစ်ပေါ်လာသည်နှင့် ကရင်ပြည်နယ်တွင် ကရင်ပြည်နယ် ဝန်ကြီးခေါ် ကရင်ပြည်နယ် ဥက္ကဋ္ဌ ခန့်ရပေမည်။ ကရင်ပြည်နယ် ဥက္ကဋ္ဌခန့်ရာ၌ ကရင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်သော ကိုယ် စားလှယ်များထဲက ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရွေးချယ်ခန့်ထား ရပေမည်။ အခြေခံဥပဒေကလည်း ထိုသို့ခွင့်ပြုထား၍ ထိုသို့ ဖြစ်မှသာလျှင် သဘာဝကျပေမည်။
သို့ရာတွင် ထိုသို့မဟုတ်ဘဲ ကရင်ပြည်နယ် ဥက္ကဋ္ဌနေရာတွင် မြစ်ဝကျွန်းပေါ်ဒေသမှ အရွေးခံသော ဦးအောင်ပကို ကရင်ပြည်နယ်ဝန်ကြီးနှင့် ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဤသို့ လုပ်ခဲ့ရာတွင် ကရင်ပြည်နယ် လူထုသည်လည်းကောင်း၊ ပြည်နယ် ကိုယ်စားလှယ်များသည် လည်းကောင်း မကျေနပ်၍ ကန့်ကွက်ခဲ့သည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။
နောက်ဆုံး၌ ကောင်စီတွင် အလုပ်လုပ်၍ မဖြစ်တော့မှ ဦးအောင်ပကိုခေါ်ယူပြီး ပြည်မတွင် ကျန်းမာ ရေး ဝန်ကြီးဌာနပေး၍ ကရင်ပြည်နယ်မှ ရွေးကောက် တင်မြှောက်ခဲ့သော ဒေါက်တာစောလှထွန်းကို ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဝန်ကြီးချုပ်သခင်နုသည် ပြည်နယ်ကိုယ်စားလှယ်များ၊ လူမျိုးစုကိုယ်စားလှယ်များနှင့် တွေ့တဲ့အခါတိုင်း၊ မင်းတို့အားလုံးကို ငါချစ်ပါတယ်၊ သနားပါတယ်၊ မင်းတို့ အပေါ်မှာ သွေးခွဲစနစ် (Divide And Rule) ကို သုံးပြီး အုပ်ချုပ်နေတာ မဟုတ်ပါဘူးဟု မကြာခဏ ပြောလေ့ရှိသော်လည်း တကယ့် လက်တွေ့ကျသောအခါ ညီညွတ်ပြီးသား ပြည်နယ်သားများ၊ ညီညွတ်ပြီးသား လူနည်းစုများကိုကွဲ ပြားအောင် ဖန်တီးပေးခဲ့သည်။ ဒီမိုကရေစီ အစစ်ကိုမပေးဘဲ ဝါမိုကရေစီ ကိုသာပေးခဲ့၏။
ဒါတွေကြောင့် တိုင်းရင်းသားလို့ အသတ်မှတ် ခံရတဲ့ လူမျိုးတွေက ၈ ပြည်နယ်မူကို တင်လာတာ ဖြစ်ပါတယ်။ ကြည်လင်တဲ့ရေကို ဘယ်သူ စနောက်တယ်။ ဘယ်သူတွေက မယုံကြည်အောင် လုပ်လိုက်တယ်ဆိုတာ။ သမိုင်းက သက်သေပြနေပါတယ်။ ပြည်ထောင်စုကြီးလည်း မွဲပြာကျနေပါပြီး။ ဒီလိုမွဲပြာကျမယ်မှန်း ကြိုသိရင်၊ ဒီလိုလိမ်မယ် ညစ်မယ်မှန်းကြိုသိရင်၊ ခုကျွန်တော်တို့ သိပ်ချစ်ပတယ်ဆိုတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတာကြီး ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်တွေ ရင်ထဲက ကတိတွေ၊ လေးနက်တဲ့ ယုံကြည်မှုတွေကို ဘယ်သူတွေက သုတ်သင်၊ သတ်ဖြတ်၊ အရောင်းဆိုး သွေးခွဲဖြစ်ခဲ့ကြတာလည်း။ ၁၉၄၈ ကတည်းက ဖောက်ဖျက်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ မုသာဝါဒ ကံကြောင့် တပြည်လုံးလဲ ဘေးအမျိုးမျိုးသင့်၊ မွဲပြာကျခဲ့ ပြီးပါပြီ။ အင်္ဂလိပ်လက်ထက် ကျန်အုပ်ချုပ်ရေး ယန္တာရားလည်း ပျက်စီးပြီး။ လက်နက်ရှိသူ အနိုင်ရတဲ့ ဖက်ဆစ်ဝါဒ ပေါ်ပေါက်လာခဲ့တာပဲ အဖတ်တင်ပါတယ်။ ခု ဒီဖက်ဆစ်ဝါဒကို မြန်မာမြေပေါ် အစေ့ချ အညှောက်ဖောက်ခဲ့တဲ့ ဦးနေဝင်းနဲ့တကွ ဗမာ့ ခေါင်းဆောင်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ဖက်ဆစ် စံနစ်ကြီးကတော့ မြန်မာပြည်ထဲမှာ အတွင်းလှိုက်ပြီး တိုင်းပြည်တစ်ခုလုံးကို တိုက်စား ချေဖျက်နေတုန်းပါပဲ။
ကတိသစ္စာ မတည်ကြည်ကြသေး သရွေ့တော့ တိုင်းပြည်လည်း သွေးအလူးလူးနဲ့ အကုသိုလ်တွင်းထဲ နစ်ပြီးရင်း နစ်နေကြရဦးမှာပါပဲ။
ဆက်ရေးပါဦးမည်...
The Peace

လှိုင်မြင့် ဆိုတဲ့ ငနဲ .. ဒီဆောင်းပါးကို ခင်များရေးတဲ့ ဆောင်းပါးနဲ့ တိုက်ပြီး ဖတ်ပါ .. ပြီးရင် ခင်များရေးခဲ့တဲ့ ဆောင်းပါးတွေရဲ့အောက်က ကွန်မန့်တွေက မေတ္တာစိတ် ပိုပွားလာသလား အာဃာတတွေ ပိုများလာသလားဆိုတာ ကြည့်ပါ .. ဒေါက်တာ ဆိုတာ ဟောက်စရာ ငေါက်စရာ လို့ ကိုယ့်ကိုယ်ကို အောက်ခြေလွတ်ပြီး ဗမာလူမျိုးကြီးဝါဒ ပြန်သုံးသပ်ပါ .. The peace ရေ အားပေးတယ် ..ဖြစ်နိုင်ရင် တိုင်းရင်းသားတွေဘက်က ခံခဲ့ရတဲ့ စာပေတွေ သက်သေ သာဓကတွေကို တင်ပြပါ ... ထာရ၀ အားပေးလျှက် .. စိတ်ကို ငြိမ်းချမ်းမှု နားလည်မှုများ ပေးဆပ်နိုင်သော ဆောင်းပါးဖြစ်သောကြောင့် ပို၍ နစ်သက်ပါ၏ ..
ReplyDeleteေ၇း၇င်းေ၇း၇င်းနဲ့ ဦးနုမကောင်းကြောင်း တို့ကောင်းကြောင်း ဇာတိပြလာသလိုပဲ ဆ၇ာလှိုင်မြင့်ေ၇းတာကို တခုမှမခြေပနိုင်သေးဘူး တဝဲဝဲလည်နေပါလား The Peaceေ၇ ဘယ်အဖွဲ့ကေ၇းခိုင်းတာလဲ? နောက်ဆုံးတော့ဒါပဲ
ReplyDeleteသခင်နုလည်းသေပြီး ဟုတ်လာလို့ မေးလို့ မ၇တော့ဘူး ။ အဲဒီတော့ ဦးနုသွေးခွဲလို့ ကွဲ ခဲ့တယ်ဆိုရင် အခွဲခံတဲ့လူတွေ အသုံးမကျတာကို ဖတ်၇င်နဲ့သတိပြုမိလာတယ်။။။။။။။ ဆက်ရေးပါ။
ReplyDeleteဒေါက်တာလှိုင်မြင့်ကို မဆန့်ကျင်ပါဘူး။ အရေးအသားနဲ့ အပြောအဆိုဟန်ကို မကြိုက်လို့ပါဆိုပြီး ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။
ReplyDeleteမြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေအားလုံး မပြောသင့်မပြောထိုက်တဲ့စကားကို ချင့်ချိန်ဆင်ခြင်ပြီး တည့်တည့်မတ်မတ် ရပ်တည်ကြပါလို့ ပြောချင်ပါတယ်။
ဒါမှ အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိမှာဖြစ်တယ်။
လှိုင်မြင့်ဟာ ကိုယ့်ဘက်က ရပ်တည်ပြီးရေးတယ်ဆိုပြီးတော့ လွယ်လင့်တကူ ထောက်ခံအားပေးနေမဲ့အစား။
The Peace ပြောလိုက်မှ ရင်ထဲက အလုံးကြီး ပျောက်သွားတော့တယ် ဆိုပြီး ပြောနေမဲ့အစား ဖြစ်သင့်တာကို တွေးတောကြပါလို့ စေတနာနဲ့ ပြောချင်ပါတယ်။
အထူးသဖြင့် လှိုင်မြင့်ဆိုတဲ့ ဒေါက်တာကြီးအနေနဲ့ အော်စီက ငါးစိမ်းသည် က ဒီလောက်အပေါက်မဆိုးဘူးဆိုတာ သတိချပ်ပြီးတော့
ပုတီးစိပ် အဓိဌာန်ဝင်ပြီးမှ ဖက်ဒရယ်အကြောင်းရေးပါလို့ မှာချင်ပါတယ်။
အရင်က ခေါင်းဆောင်ကြီးတွေ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ အခွင့်အရေးတန်းတူရရေးတွေမှာ အမြင်မှားတာတွေ ဒါမမဟုတ် တကယ် မှားခဲတာလည်း ဖြစ်ခြင်ဖြစ်ပါလိမ့်မယ်.. ဒါပေမဲ့ အဲ့ဒီကစ နဲ့ ၈ ပြည်နယ်မူက ဘယ်လိုများ ပတ်သက်နေလဲဆိုတာ စဉ်းစားလို့မရဘူး... ကိုစိန်မြင့်ပြောသလို ဒေါက်တာလှိုင်မြင့် ကို ချေပထားတဲ့ အကြောင်းအရာ ပါမလာတော့ နားမလည်နိုင်အောင်ပါဘဲ...
ReplyDelete"အဲဒီလိုလိမ်မယ်ညစ်မယ်မှန်းသိရင်. ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လာမှာ
ReplyDeleteမဟုတ်ဘူး" အဖိုးအချင်းချင်း. ဖြစ်ခဲ့တာကို ကလေးကလား စကား
နဲ့. ဒီလိုဖြစ်မယ်မှန်းသိရင်. အဖိုးတို့ဟာ ဟိုလိုလုပ်ခဲ့ရင်. ကောင်းသား
ဆိုသလိုမျိုး. နောက်ပြန်ဆွဲ. အပြစ်ရှာ. ခံယူချက်ကြီးဖြစ်နေပါတယ်၊
ကျွန်တော်တို့ခေတ်မှာ. ရှေ့ကိုအကောင်းမြင်ဝါဒထားပြီး အခုကနေစလို့
နောက်ကြောင်းပြန် အပုပ်ချ အပြစ်ပြောတာတွေ ရောက်တဲ့နေရာမှာ
ရပ်လိုက်ပါစို့။အားလုံး အကောင်းမြင်ဝါဒနဲ့ မနက်ဖြန်ကိုကြိုဆိုရင်း
အကောင်းဆုံးကိုမျှော်လင့်ကြပါစို့၊ ငြင်း ခုံ စကားများဖြေရှင်းချက်. သူတပြန်
ကိုယ်တပြန်ထုတ်နေယုံဖြင့် ကောင်းမွန်သောအကျိုးတစုံတရာ. ရရှိလိမ္မည်
မဟုတ်ပါ၊. ယဉ်ကျေးစွာ. ဆွေးနွေးညှိနှိုင်းကြပါခင်ဗျာ။
the peace ရေးတာက အရေးကောင်းသလိုနဲ့ လျော်နေသလိုပဲ။ ပြီးသွားတဲ့ဦးနုတောင်မကောင်းပြောလာပြီ။ ဒါပေမဲ့ ကျွှန်တော်နဲ့ပေါင်းနေတည့် တိုင်းရင်းသားအများစုက ဒီလိုတွေမရှိကျဘူး။ အားလုံးမြန်မာလို့ ခံယူထားကျတယ်။ ဒီစာရေးဆရာ၂ ယောက်ကိုဖတ်ရတာ တမျိုးကွဲနေတယ်။ ဒေါက်တာလှိုင်မြင့်က မြန်မာပြည်စည်းလုံးရေး ကိုရေးတယ် ဒါပေမဲ့ the peace က တိုင်းရင်းသားနဲ့ ဗမာကို မုန်းစေမဲ့စာတွေရေးတယ်။ ခင်ဗျားပြေသလိုပဲ ဆက်မရေးရင်ကောင်းမယ်။ အဖွဲ့စည်းတခုက ပိုက်ဆံရလို့ရေးတယ်ဆိုတာမျိုးတော့ မလုပ်ပါနဲ့။ ခင်ဗျားရာဇ၀င်မှာ နောင်တတွေရလာပါလိမ့်မယ်။ ပြည်သူအကျိုးပြုစာတွေနဲ့ စည်းလုံးေ၇းစာများကိုရေးစေချင်ပါတယ်။ အားလုံးချစ်ချစ်ခင်ခင် နဲ့ ချစ်ကျရင်မကောင်းဘူးလား။
ReplyDeleteThe Peaceခင်ဗျာ
ReplyDeleteဆရာဟာရေးရင်းနဲ့. စာလွန်. စာကျွံ. လာလိမ္မယ်။သတိထားပါ။ဒေါက်တာ
လှိုင်မြင့်ဟာ. အပြောမတတ်တော့. ဆဲသလိုဖြစ်နေခဲ့တာ. တခါ. ဆရာက
အရေးချော်တော့. ခွဲသလိုဖြစ်သွားပါလိမ္မယ်။ဥပမာ ဗိုလ်ချုပ်မျက်နှာကို
ေ-ျးနဲ့သုတ်တယ်ဆိုတဲ့အသုံးအနှုံးမျိုးဟာ ဆရာကဗိုလ်ချုပ်ကိုတိုက်ရိုက်
စော်ကားသလိုဖြစ်ပါတယ်။ဆရာဟာကျွန်တော့ထက်ပညာ ၊အသက် အစစ
အရာရာကြီးကျယ်မြင့်မြတ်မှာပါ။ပညာရှိ သတိဖြစ်ခဲဖြစ်မှာစိုးလို့ပါ။မျက်နှာကို
အိုးမဲသုတ်တယ်ဆိုတဲ့. ဥပမာ လောက်ဆိုလုံလောက်ပါပြီ။ညစ်ညမ်းတဲ့ေ-ျး
ဆိုတဲ့စကားလုံးကို မြင့်မြတ်တဲ့ ဗိုလ်ချုပ်နဲ့တွဲသုံးတာကိုက.ေ-ျးကိုလက်နဲ့
ကိုင်ပြီးကောက်ပေါက်သလိုဘဲ. ကိုင်တဲ့သူက အရင်ေ-ျးပေသွားမှာပါ။
ရိုင်းစိုင်းခြင်းကိုယဉ်ကျေးမှုဖြင့်အနိုင်ယူပါ။ မလိုအပ်ဘဲ မရှိတဲ့ဆိုရိုးစကားလို
လိုဟာမျိုးနဲ့. အတင်းအကြပ် ဥပမာမပေးပါနဲ့ဆရာ။ အခု မှားပေးလိုက်တဲ့
ဥပမာအတွက်. ဗိုလ်ချုပ်ကိုချစ်တဲ့စာဖတ်ပရိတ်ကို. ဆရာပြန်တောင်းပန်တဲ့
ကွန်မင့်ရေးပါဆရာ။ ကျွန်တော်တို့ဆရာ့ကို လေးစားစွာ စောင့်မျှော်နေပါမယ်။
စကားမစပ် ;ကျွန်တော်ဟာဗမာလူမျိုးမဟုတ်ဘူးဆရာ။ကပြားဖြစ်ပါတယ်။
ThePeaceရဲ့ဆောင်းပါးအရေးအသားအသုံးအနှုံးကြည့်ရတာသုံးလေး
ReplyDeleteယောက်လောက်ဝိုင်းရေးထားသလိုဘဲ။ဗမာစာကိုအဓိပ္ပါယ်လိုသလိုဆွဲပြော
နေပါလား။တခုတော့သတိထားစေချင်တယ်။စာအုပ်စာတန်းအထောက်အထား
မဟုတ်ဘဲသက်ကြီးစကားသက်ငယ်ကြားတို့ညအိပ်ရာဝင်ပုံပြင်တွေဆိုရင်သိပ်
မရေးတာကောင်းမယ်ထင်တယ်၊အဲဒါတွေကိုဖတ်ဘို့အချိန်နှမြှောလို့ပါ။ကျွန်
တော်တို့ကမူနှစ်ခုကိုနှိုင်းယှဉ်ပြစေချင်တယ်၊အားသာချက်အားနဲချက်ကိုကျွန်
တော်တို့ဘာသာစဉ်းစားဆုံးဖြတ်မယ်၊ဒေါက်တာလှိုင်မြင့်ကိုတိုင်းရင်းသားလူ
မျိုးစုတွေနဲ့သွေးကွဲအောင်မဟာဗမာလူမျိုးကြီးဝါဒသ္မားဆိုပြီးအရင်စွပ်စွဲ၊ဒုတိယ
အနေနဲ့ဒေါက်တာလှိုင်မြင့်ကဘဲဗိုလ်ချုပ်ကိုစော်ကားသလိုလိုနဲ့ဆရာကဘဲယုတ်ညံ့
တဲ့အသုံးအနှုံးတွေနဲ့ကိုယ်လိုရာဆွဲပြောအဓိပ္ပါယ်ကောက်။ဆရာရယ်!!!!!!!
အင်္ဂလိပ်စာမှာတော့ဆရာဟာ. အလယ်အလတ်တန်းစားမှာရှိပေမဲ့. ဗမာစာ
မှာက. သုံးလေးယောက်လောက်ဝိုင်းရေးထားသလိုဖြစ်နေတာဟာ. ဆရာဘဲ
ဗမာစာ. အရေးအသားတော်လွန်းနေသလားဆိုတာ. စဉ်းစားစရာတောင်ဖြစ်
လာတယ်။
၂ ကောင်လုံးကတောတူတူဘဲ လှိုင်မြင်ရေးတာလည် ဘာဖက်တရယ်မှမဟုတ်သလို ဘာဖက်တရယ် စာအုပ်စာတန်းတွေ ကိုကိုးကာထာတာမပါဘူး လိုရာကိုစွဲရေးတာဘဲလှိုင်မြင့်တာတောလူမျိုးကျဉ်းမြောင်တဲ့အမြင်နဲကြည့်ပြီးရေးတယ် ဒါကိုကော်မတ်လာရေးတဲ့ဗမာတွေမမြင်ဘူးမမြေင်ချင်ဟန်ဆောင်နေတယ် ဒီပုတ်ထဲကဒီပဲဘဲ
ReplyDeleteအပေါ်ဆုံးကပုဂ္ဂိုလ်ခင်ဗျာ ! ခင်ဗျားအသက်ဘယ်လောက်ရှိပါပြီလဲ။၊ခင်ဗျား
ReplyDeleteရဲ့ခေါ်ဝေါ်သုံးစွဲပုံရိုင်းပြခြင်းဟာ ခင်ဗျားကောင်းကြောင်းရေးနေတဲ့. ကျွန်
တော်တို့လေးစားရတဲ့. ဆရာThePeaceရဲ့သိက္ခာကိုထိခိုက်ပါတယ်၊
ဒီလောက်ရိုင်းတဲ့လူတွေက ဆရာThe Peace ကိုဝိုင်းဝန်းထောက်ခံနေတယ်
လို့ စာဖတ်ပရိတ်ကထင်သွားခဲ့ရင် ကျွန်တော်တို့ပါ ပါဝင်နေတာမို့
ဒေါက်တာလှိုင်မြင့်ကိုမလေးစားရင်နေပါ မြန်မာနိုင်ငံမှာရှိတဲ့ ပညာတတ်လူ
တန်းစားဖြစ်တဲ့ ဒေါက်တာတွေကို. ခင်ဗျားပြန်ပြီးတောင်းပန်လိုက်ပါ။
တကယ်လို့ခင်ဗျားမတောင်းပန်ဘူးဆိုရင်. ခင်ဗျားကိုယ်စား ကျွန်တော်
တောင်းပန်လိုက်မယ်။ လေးစားစွာဖြင့် ဖိုးခွား(ကျမ်းစာသင်ကျောင်း၊ကြို့ကုန်း
၊အင်းစိန်)
ဒေါက်တာလှိုင်မြင့် အပြောအဆိုတွေဟာ တိုင်းရင်းသားတွေကို အမြင်မကြည်လင်တဲ့ အငြိုးတွေ ပါဝင်နေတာကို ဘာလို့မသိချင်ယောင်ဆောင် နေကြတာလဲ။
ReplyDeleteThe Peace ဟာ ဒေါက်တာလှိုင်မြင့်ရဲ့ ဖက်ဒရယ်မူပါအကြောင်းအရာထက် ဒေါက်တာလှိုင်မြင့်ရဲ့ အပြောအဆိုတွေကို မနှစ်ခြိုက်လို့ ပြန်လည်ချေပနေတာတွေဟာ ဒေါသကိုထိန်းချုပ်ရင်းနဲ့ ဆောင်းပါးက လိုရာကို ထိရောက်အောင် မသွားနိုင်တာပါ။
Phamawklo ရေ နင်တို့အိမ်မှာ လူကိုရေတွက်ရင် တစ်ကောင်. နှစ်ကောင်
ReplyDeleteလို့ရေတွက်သလားဝေ? ငါတို့အိမ်မှာတော့ အမိုးကသင်ထားတာ တစ်ယောက်
နှစ်ယောက်လို့ ရေတွက်ရမယ်တဲ့၊ ဗမာကောင်တွေ လို့လဲ မပြောရဘူးတဲ့ဝေ။
အမိုးကဆုံးမဘူးတယ်ဝေ၊ အပါးနဲ့အမိုး မဆုံးမခဲ့တဲ့ဖိုးခွားဟာ ရိုင်းတယ်တဲ့ဝေ၊
တကယ်ဆို" နင်နဲ့" "ငါနဲ့"ပြောတာဟာလဲ သိပ်ကြားလို့မကောင်းဘူးတဲ့ဝေ။
ဒါဗလူးဒိုမ။
စာတွေကိုဖတ်ရင်၊စာရေးသူရဲ့စေတနာကိုမြင်ရပါတယ်။
ReplyDeleteဒေါက်တာလှိုင်မြင့်ဆောင်းပါနဲ့ The peace ရဲ့ဆောင်းပါးကိုယှဉ်ပြီးသုံသပ်ကြည့်ကြပါ။
ပုဂ္ဂိုလ်စွဲတော့မထားကြနဲ့ပေါ့ဗျာ။
လူအများစုကဝေဖန်တာကိုပုတ်ခပ်တယ်လို့မြင်ကြတယ်။
ဒေါက်တာလှိုင်မြင့်ရဲ့ဆောင်းပါးအများစုဟာဓမ္မဒိဌါန်မကျတာအမှန်ဘဲ
ပုဂ္ဂလဓိဌါန်များတယ်
နိုင်ငံကြီးတွေမှာ ငါးစိမ်းရောင်းတာ ဆိုင်ရှင်အများစုဟာသူဌေးတွေဖြစ်ပါတယ်။ ရောင်းတဲ့အထဲမှာတက္ကသိုလ်ကျောင်းသူတွေပါကြပါတယ်။တစ်နာရီကို ၁၅-ဒေါ်လာလောက်ရကြတာပါ။ အအေးခန်းကြီးတွေနဲ့ စံနစ်တကျရောင်းကြတာပါ။ မြန်မာပြည်ကလို ငါး ၅- ၁၅-ပိသာလောက်နဲ့  လမ်းဘေးထိုင်ရောင်းသူမရှိပါဘူး။
ReplyDeleteငါးစိမ်းသည်ဆိုတာ အဲဒီနိုင်ငံတွေမှာပြောရင် နားလည်ကြမှာမဟုတ်ပါဘူး။
Phamawklo က အမေရိကန်နိုင်ငံမှာနိုင်ငံသားခံယူထားပုံရပါတယ်။နိုင်ငံသားခံယူတဲ့အခါ ကျမ်းသစ္စာကျိန်ဆိုရတာလုပ်ရပါတယ်။အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေ ဒိမိုကရေစီမူဝါဒတွေကို အလေးထားလိုက်နာပါမယ်လို့  ကျိန်ဆိုထားရပါမယ်။
ReplyDeleteတနည်းအမေရိကန်ဖက်ဒရယ်မူကိုလေးစားလက်ခံပါမယ်ကျိန်ဆိုထားရပါတယ်။အခုတော့ ဆရာလှို်င်မြင့်ကိုကျတော့အမေရိကန်မူကိုလက်ခံလို့ တစ်ပြည်ထောင် မဟာလူမျိုးကြီးဝါဒသမားစွပ်စွဲနေတာ အမေရိကန်ဖက်ဒရယ်မူရဲ့ အသီးအပွင့်တွေကို ခံစားနေပြီး ဒီမူကိုတော့ ပြန်ရန်လုပ်နေရာရောက်နေပါတယ်။ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်နေရာရောက်နေပါတယ်။
ဒီလိုဘဲ အမေရိကန် ဥရောပနဲ့ အော်ဇီရောက်လူတွေလဲသက်ဆိုင်ရာနိုင်ငံမှာ ကျမ်းသစ္စာ ကြိမ်ဆိုကြရပြီး အမေရိကန်မူ အော်ဇီမူ တွေရဲ့ အသီးအပွင့်တွေခံစားပြီး ဒီမူကိုရန်လိုနေတာ ဖက်ဒရယ်အတုပြောဆိုနေတာကို ပြန်သုံးသပ်ကြပါ။
မူနှစ်ခုမှာ ဘယ်မူကဘယ်လိုပိုကောင်းပါတယ် ပိုပြီးတိုင်းရင်းသားစိတ်ဝမ်းကွဲမှုလျှော့စေမယ်ဆိုတာကို သုံးသပ်တာကိုဖတ် ချင်ပါတယ်။ဆရာလှိုင်မြင့်အပြောမတတ်တာအားလုံးသိနေတာဘဲ။အရေးကြီးတာကိုဆွေးနွေးပေးကြပါ။နောက်ဆုံး အခြေခံမူကိုပြည်သူတွေကဘဲဆုံးဖြတ်ရမှာပါ။ပြည်သူတွေဆီကိုမှန်ကန်တဲ့ မက်ဆေ့ပေးကြရမှာ အားလုံးတာဝန်ပါ။
ကောင်းမွန်လိုက်တဲ့မှတ်ချက်ဖြစ်ပါတယ်။" ဆရာThePeaceဆက်ရေးမဲ့
ReplyDeleteဆောင်းပါးကိုမျှော်နေမယ်။မူတွေကိုချပြပါ။နှိုင်းယှဉ်ကြည့်ချင်လို့ပါ။
ThePeace. ခင်ဗျားဗိုလ်ချုပ်ကိုစော်ကားထားတာတွေကိုပြန်မတောင်းပန်ရ
ReplyDeleteသေးဘူးနော်။
ပြည်တွင်းစစ်အကြောင်းရေးရင် လွတ်လပ်ရေး ရ ကတည်း က ခေါင်းဆောင်ခဲ့တဲ့ ပြည်ထောင်စု အစိုးရ အဆက်ဆက်ကိုဘဲ အပြစ်ပုံချရေးနေတာ သမိုင်းကြောင်း ကိုလိုရာဆွဲ ပြီး လက်နက်ကိုင်သောင်းကျန်းသူတွေဘက်ကတဘက်သတ် အမြင်နဲ့ရေးနေတာဘဲဖြစ်တယ်။ လွတ်လပ်ရေး သတ်တမ်း နုနု လေးသာရှိသေးပြီး အုပ်ချုပ်ရေးအတွေ့ အကြုံ ဘာမှ မရှိသေးတဲ့ အစိုး ရ နဲ့  တိုင်းပြည် အကျိုး ရှေ့ ရှုပြီး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရမဲ့ အစား လူမျိုး ရေး အမြင်ကျဉ်းကျဉ်းနဲ့  ဥပဒေ မဲ့  ပုန်ကန်ခဲ့ကြတာ သမိုင်းကြောင်း မှာ အထင်အရှား ဘဲ။ နိုင်ငံ အခုလို ဖြစ်နေတာ အစိုးရ အဆက်ဆက် ပေါ်မှာတာဝန်ရှိသလို ဥပဒေပြင်ပက လက်နက် ကိုင်အဖွဲ့  အစည်းတွေရဲ့ လုပ်ရပ်တွေကြောင့် လို့  ကျုပ်ကတော့ ပြတ်ပြတ်သားသားမြင်တယ်။
ReplyDeleteအစိုးရကမတာရာဖိနှိပ်နေရင်တောတွန်လှန်မှုတွေဆိုတာပေါလာမှာနောဘယ်သူမှာဘယ်သူမှန်သလဲဆိုတာသမိုင်ကသက်သေးပါ နော်ဆရာလှိုင်မြင်ရေးတာ ဘာဖက်ဒရယ်မှမဟုတ်ဘူးဆိုတာကိုတောသိစေချင်ပါ သူပြောချင်တာက ၁ အချက်နယ်စပ်ကအတိုက်အခံတွေကိုတိုက်ခိုက်နေတယ် ၂ အချက်ကတောအခုအစိုးရပေးတာကိုလက်ခံဖိုပြောပေနေတယ် တိုင်း၇င်းသားစည်းလုံးတာကိုမြင်ချင်ရင် အပြုသဘောနဲ့ရေးသင်တယ်အခုဟာကနောက်လာမဲ့ဗမာနဲ့တိုင်းရင်းသားမျိုးဆက်တွေကိုအထင်အမြင်လွဲမှာအောင်ရန်တိုက်ပေးသလိုဖြစ်နေတယ် ၁ လွတ်လပ်ရေးကိုဗမာကဘဲတိုက်ယူချင် ဒါဟာလူမျိုးရေးအမြင်ကျဉ်းမြောင်တဲ့စကားလုံးပါ ၂ အချက်ကတော နယ်စပ်ကိုတိုက်ခိုက်ချင် ဒါကလဲဗမာအတိုက်အခံတွေနဲအတိုင်းရင်းသားအဖွဲတွေအကြားညီးညွတ်မှူရှိတာကိုသွေးခွဲတာဖြစ်တယ် နယ်စပ်မှာတိုင်းရင်းသားမကောင်းကြောင်းရေးနေတဲ့အောင်နိုင်ဦးတိုတွေရေးနေတာဘဲဘာမှမဖြစ်ဘူးဘယ်သူမှလဲမနှေက်ယှက်ဘူး အတိုက်အခံရေးတဲ့မူမကောင်းရင်ဘယ်အချက်ကတောဖြစ်မကောင်တာလဲဘယ်အပိုဒ်မှာလဲ ဘယ်လေကတောဖြစ်ဘယ်လိုပြင်လိုက်ရင်ကောင်းသွားမယ်ဆိုတာတွေကိုတောရေးစေချင်တယ်အခုလှိုင်မြင့်ရေး ဘယ်အပုဒ်ကိုမှထောက်ပြထားတာမရှိသလိုအကြံပေးထာတာလည်မပါဘူး ဒါဟာအပြုသဘောစောင်တာမဟုတ်အပျက်သဘောဖြစ်နေတယ် ဒါကိုမြင်တဲ့ဗမာတွေကလဲမထောက်ပြဘူးသွေးချင်နီစပ်တယ်ဆိုပြီးလက်သီးလက်မောင်တန်ပြီးထောက်ခံနေကြတယ် ရေးတဲ့သူကတောရေးချင်တာကိုရေးမှာ ဒါကတောအပြစ်ပြောစရာမရှိဘူး ထောက်ခံသူတွေကတော ဘက်လိုက်ပြီးအမှန်တရာကိုဥပက္ခာပြုထာတာကတောသဘာဝမကြဘူးလိုထင်တယ်နော်
ReplyDeleteဒီမှာဖါမကလော နင်တို ကေအန်ဒီအို က ပြည်ထောင်စု လွတ်လပ်ရေးမရ ခင်ထဲ က နယ်ချဲ့ မှိုင်းမိပြီး အစိုး ရ ကို ပုံကန် ဖို့ ကြံစည်ခဲ့တာမဟုတ်လား။ အစိုး ရ ဖိနှိပ်လို့ ပြောရ အောင် အဲဒိ အချိန်က အစိုးရ သက်တမ်း တနှစ်တောင် ရှိသေး ရဲ့ လား။
ReplyDeleteငါ ညီရေးKNDOတွေမတိုက်ခင်မှာ 1942 ခုမြို့ဝကျွန်ပေါ်မှာ BIAနဲသခင်တွေဘာလုပ် သွားသလဲဆိုတာသိလာ နောက်ပြီးဖါပွန်မှာ ရဲဘော်သုံးကျိပ်ဗိုလ်ဥာဏ်န ဘာလုပ်သွား သလဲဆိုတာသိလာ မသိဘဲ အစိုးရ စာစောင်စာအုပ်တွေဖတ်ပြီးလိုက်မဟောက်နဲ ငါရေးတာကတိုင်းရင်းသားတွေနဲနောက်လာမဲဗမာလူငယ်တွေနဲအထင်အမြင်မမှားအောင်လိုပြောနေတာ မောင်နုနဲ့လှိုင်မြင့်ကလဲတူတူဘဲ လွတ်လပ်ရေးကိုဗမာဘဲတိုက်တဲ့ လို ပြောတယ်အေးဗမာရေးတဲ့သမိုင်ကိုဖတ်ရင်ဟုတ်သလိုလိုဘဲ BIAတွေကအစိုးရမဖြစ်ခင် ကတည်ကတိုင်းရင်းသားတွေကိုဖိနိပ်နေတာ တဖက်သက်မဖြစ်ပါစေနဲ ဗမာတွေမှာဗိုလ်ချုပ်အောင်ဆန်လိုခေါင်း်ဆောင်မပေါ်လာသမျှကာလာပါတ်လုံးမြန်မာ ပြည်ဟာမအေးချမ်းနိုင်သေးဘူး
ReplyDelete