၂၀၁၁ခုနှစ် ဇန္နဝါရီလ ၂၂ရက်နေ့က ရွေးကောက်ပွဲအပြီး ၂လကျော်အကြာ မြစ်ဆုံဆည် စီမံကိန်းသို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ်ဦးသိန်းစိန်..
ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပြီး မိုးကုတ်သားဖြစ်တဲ့ ဆရာတော် သူမြစ်ဆုံဆည်ကို ရောက်ရှိ လေ့လာခဲ့ချိန်မှာ တွေ့ရှိခဲ့တဲ့ အကြောင်းတွေကို ပြောဆိုတာကတော့.... မင်းတို့က အခုမှ မြစ်ဆုံကိစ္စကို ထအော်နေတာ ဘုန်းကြီးက လွန်ခဲ့တဲ့ ၁နှစ်ခွဲကတည်းက ရောက်ပြီးသိတာတွေကို တရားပွဲတွေမှာ ခဏခဏဟောပြောဖြစ်တယ်တဲ့..။ ဆရာတော် လွန်ခဲ့တဲ့ ၁နှစ်ခွဲ ရောက်ရှိစဉ်ကတည်းက ညညဆိုရင် ထရပ်ကားစီးရေ ၂၀၀ကျော်လောက် အစစ်အဆေးမရှိပဲ တရုတ်ပြည်ကို သယ်ပို့နေတာပါတဲ့...။ သူတို့လမ်းဖောက် ပေးတယ်ဆိုတာ... အရှေ့က လမ်းဖောက်တဲ့ ယန္တယားတွေက ဖောက်သွားပြီး အနောက်က သစ်လုံးတွေကို သယ်တဲ့ကားက တခါတည်း သစ်တွေတင်သွားတာ...။ နောက်တချို့ လမ်းဘေးက သူတို့မှာမရှိတဲ့ သစ်ပင်၊ သစ်ကြီးတွေဆိုရင်... အပင်လိုက် အမြစ်ကတူး နှုတ်ယူသွားပြီး ယူနန်မှာ ပြန်စိုက်တာ တောအုပ်တောင် ဖြစ်နေပြီလို့ ဆိုပါတယ်...။
မြစ်ဆုံဆည် စီမံကိန်း အင်ဂျင်နီယာ ရုံးခန်းအတွင်း ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ တွေ့ရတဲ့ မြစ်ဆုံဆည် စီမံကိန်း မြင်ကွင်းနဲ့ မြစ်ဆုံ ကျောက်များ...
ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပြီး မိုးကုတ်သားဖြစ်တဲ့ ဆရာတော်ဟာ မြစ်ဆုံကကျောက်တွေကို ကိုင်ကြည့်တာနဲ့ မည်သို့သော ကျောက်ဖြစ်တယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်...။ ယခုမြစ်ဆုံ စီမံကိန်းမှာ ရှိသမျှ သက်နု၊ သက်ရင့်ကျောက်အားလုံး စမ်းသပ်ဖို့ဆိုပြီး ထိုစဉ်ကတည်းက တောက်လျှောက် သယ်ထုတ်နေတာပါတဲ့...။ အဓိက တရုတ်တွေ မျက်စိကျနေတာကတော့ မေခနဲ့ မလိခမြစ်ဆုံရာ အလယ်တည့်တည့်မှာ ဝဲတခုရှိတယ်လို့ဆိုပါတယ်..။ အဆိုပါဝဲနေရာဟာ ဇကာနဲ့စစ်တောင် ရွှေရတဲ့ နေရာဖြစ်ပါတယ်တဲ့..။ ရွှေရဲ့သဘော သိပ်သည်းဆများပြီး လေးတဲ့အတွက် အဆိုပါ.. မြစ်ဆုံဝဲရဲ့ အောက်ပိုင်းကို တရုတ်က အင်မတန်မှ လေ့လာစူးစမ်းဖို့အတွက် ပြုလုပ်နေပါတယ်..။ သဘောင်္တွေနဲ့ အဆိုပါဝဲအောက်ပိုင်းကို လေ့လာဆန်းစစ်မှု ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်..။ ဟိုတလောက ဘီဘီစီ သတင်းမှာ လွှင့်ထုတ်သွားတဲ့ တရုတ်မြေသယ်ကားတွေကို KIOမှ စစ်ဆေးရာမှာ ကား(၃)စီးမှာ ရွှေတွေ သိမ်းဆည်းမိတဲ့ အကြောင်းကို အမှတ်တမဲ့ ကြားလိုက်မိပါတယ်..။ မြစ်ဆုံရေကာတာ မတည်ဆောက်ခင်မှာပဲ တရုတ်ဟာ ကချင်ပြည်နယ်မှ မြန်မာပြည်ရဲ့ အဖိုးတန်သစ်၊ ကျောက်၊ ရှားပါးပစ္စည်းတွေကို ညစဉ်ညစဉ် အစစ်အဆေးမရှိ သယ်ထုတ်ခွင့် ရနေတာနဲ့တင် အရင်းကြေနေပြီ ဖြစ်တဲ့အတွက် တို့တိုင်းပြည် မိအေးနှစ်ခါ နာနေရပြီလို့ ဆရာတော်မှ မချိတင်ကဲ ပြောဆိုသွားပါတယ်...။
ကျွန်တော်တို့ လက်ရှိမြစ်ဆုံဆည် စီမံကိန်းကို အမြဲမပြတ် စောင့်ကြည့်လေ့လာဖို့ လိုပါမယ်..။ ယခုတလော တရုတ်ရဲ့ မဆင်မခြင် မြန်မာအပေါ် အထက်စည်းက ပြောဆိုနေမှုဟာလည်း... သူခိုးကို သားမက်ထင်၊ သားမက်ကို သူခိုးထင်တဲ့ အာဏာရှင် ဗိုလ်သန်းရွှေရဲ့ ပြည်သူကို သူခိုးထင်၊ ရသမျှ အချောင်နှိုက်ယူမယ့် တရုတ်ကို သားမက်ထင်တဲ့ လုပ်ရပ်တွေကြောင့်ပါပဲ...။ ရိုင်းရိုင်းပြောရရင် အိမ်ခွေးမကောင်းလို့ ဧည့်ခွေး နောက်ဖေးပေါက်က အိမ်ပေါ်တက်ပြီး ၂၃နှစ်လုံး စော်ကားခဲ့တာကို ဒီအတိုင်းကြည့်နေခဲ့ရတာ အဖြစ် အပျက်လိုပါပဲ..။ အောက်က ပုံတွေကို ကြည့်မယ်ဆိုရင် သမ္မတကြီးအနေနဲ့ မပြေးသော်လည်း ကန်ရာ၊ ကျွံရာရှိခဲ့ပါတယ်...။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းရဲ့ စီမံကိန်း ဧည့်ခန်းဆောင်ပါမချန်.. ဘယ်သူကို ဦးထိပ်ထားပြီး လုပ်ဆောင်နေတယ်ဆိုတာ ပုံပါအတိုင်း တွေ့မြင်ရမှာပါ..။ မြစ်ဆုံဆည် အဓိကတရားခံဟာ ဘယ်သူပါလဲ...။
ယခုတရုတ်ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရက ထောက်ပြနေခဲ့တာလည်း ယခုသမ္မတကြီး ဦးသိန်းစိန် ယခုနှစ်(၁)လပိုင်းက မြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ်မှာ ပြောကြားလမ်းညွှန်ခဲ့တဲ့ စီမံကိန်း သတ်မှတ်အချိန်ထက် စောပြီးအောင် အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ နှုတ်ကျွံ၊ လက်ကျွံခဲ့တာတွေကို တရုတ်ဖက်က ပြန်ထောက်နေတာလည်း တခုအပါအဝင်ပါပဲ..။
ပြီးနောက် မြစ်ဆုံဆည် စီမံကိန်း လုပ်ငန်းခွင်အား ဤသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ပါတယ်...
ယခင်နဝတ၊ နအဖလက်ထက် စီမံကိန်း လုပ်ငန်းခွင်တွေ သွားရောက်စစ်ဆေးစဉ်မှာ လုပ်ရိုးလုပ်စဉ်အတိုင်း၊ ပြောဆိုနေကြဖြစ်သည့် စီမံကိန်းကို သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးရန်၊ နိုင်ငံတော်၏ စေတနာကို နားလည်ပါ၊ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူအောင် တိုးတက်ဖွံ့ဖြိုးနေပါပြီ၊ လုပ်ငန်းခွင်ကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက်ကြပါ စတဲ့(၂၃)နှစ်လုံးလုံး ခေါက်ရိုးကျိုးနေတဲ့ ကြက်တူရွှေး နှုတ်တိုက် လမ်းညွှန်ချက်တွေနဲ့ အသားကျခဲ့တဲ့ အတွက် ကျွံခဲ့တဲ့စကားတွေကို နှုတ်မရဖြစ်နေပါပြီ။ ကိုယ့်လူမျိုးကို နှိမ်လိုက်၊ လိမ်လိုက်၊ နှပ်လိုက် လုပ်နိုင်ပေမယ့် အံ့တိုနေတဲ့ ကြောင်ခံတွင်းပျက် တိုင်းတပါးသား တရုတ်ကိုပေးခဲ့ ကတိစကားနဲ့ အရှိန်အဟုန်မပြတ် အားသွန်ခွန်ဆိုက် လုပ်ဆောင်ဖို့ ပြောခဲ့တဲ့ စကားတွေဟာ တရုတ်အတွက် ထောက်ပြစရာ အချက်တွေ ဖြစ်နေပါပြီ...။
စံပြကျေးရွာသို့ ရောက်ရှိစဉ်...
ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတကြီးရဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ဖို့ အမိန့်ပေးခဲ့တာဟာ ပြည်သူတွေမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တာပါ...။ မည်သို့ပင် တရုတ်အား နှုတ်ကတိ၊ လက်ကတိ တွေပေးခဲ့စေကာမူ သမ္မတကြီးအနေနဲ့ ပြည်သူ့တွေရဲ့ လိုလားတောင့်တ ချက်တွေကို အကောင်အထည် ပေးမယ်ဆိုရင်.. ပြည်သူတွေက သမ္မတကြီးကို အကာအကွယ် ပေးဖို့ဝန်မလေးပါပဲ..။ယခု မြစ်ဆုံဆည်မံကိန်းကြောင့် ၅၀ရာခိုင်နှုန်းခန့် ရရှိနေပြီဖြစ်တဲ့ သမ္မတကြီးအနေနဲ့ လူထုထောက်ခံမှုကို ဒီထက်ပိုရဖို့၊ လက်ရှိ တရုတ်နဲ့ လက်နဲ့ရေးခဲ့တာကို သမ္မတကြီးအနေနဲ့ ခြေနဲ့ဖျက်ချင်ရင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးပြန်လွှတ်ပေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းကို ရဲရဲဝံ့ဝံ့လှမ်းခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့ သမ္မတကြီးဘက်က အပြည့်အဝ ထောက်ခံ ရပ်တည်ကာကွယ်ပေးဖို့ ဝန်မလေးပါဘူး..။ ထို့အတွက်ကြောင့် မြစ်ဆုံစီမံကိန်းမှာ နှုတ်ကျွံ၊ လက်ကျွံခဲ့တဲ့ သမ္မတကြီးအနေနဲ့ ပြည်သူ့ဆန္ဒကို ဖြည့်စွမ်းပေးမယ်ဆိုရင် တရုတ်မကလို့ တရုတ်အဖေနဲ့ ပြောခဲ့တဲ့ ကတိကဝက်ပဲဖြစ်ဖြစ် ကြမ်းကျွံတာနှုတ်လို့ရသလို စကားကျွံခဲ့တာကိုလည်း ကျွန်တော်တို့ ပြည်သူတွေ အင်အားနဲ့ နှုတ်ပေးဖို့၊ သမ္မတကြီးဘက်က ကာကွယ်ပေးဖို့ ဝန်မလေးပါဘူး.... သမ္မတကြီးခင်ဗျား...။
ဒီမိုဝေယံ...











ပြည်သူကိုတန်ဘိုးထားပြီး
ReplyDeleteပြည်သူအတွက်အကျိုးပြုရင်
ပြည်သူရဲ့ ထောက်ခံမှုကိုရမှာပါဘဲ
ပြည်သူ့ ဆန္ဒပြည်သူ့ အသံနားထောင်ပြီး
ပြည်သူဘက်ကမားမားမတ်မတ်အပြည့်အ၀ရပ်တည်ပေးဖို့ 
အတွက်သမ္မတကြီးကိုဆက်လက်တောင်းဆိုလိုက်ပါတယ်
ဆောင်းပါရှင်ကိုဒီမိုကိုလည်းစာဖတ်သူအနေနဲ့ 
ကျေးဇူးလည်းတင်အားပေးလျှက်ပါလို့ ...
လယ်ပြင်မှာဆင်သွားတာထက်ရှင်းပါတယ်။
ReplyDeleteနေအေးသိန်းစိန်လို့ခေါ်ရမလား။
မြေခွေးသန်းရွှေလို့ဘဲပြောရမလား။
မောင်မောင်ခေါ်လို့ဗျာထူးမဲ့ကောင်တွေမဟုတ်ဘူး
သူခိုးကို ခိုးထုပ်ခိုးထည်နဲ့ ဖမ်းပြလိုက်သလို ဒီမိုဝေယံကလဲ အထောက်အထားပုံတွေနဲ့ တင်လိုက်တာ ဘာမှကို ငြင်းလို့မရပါလားဗျာ။နိုင်ငံရဲ့လက်ရှိခေါင်းဆောင်ပုံကိုသာ ရုံးတွေမှာ ချိတ်ရမယ်တဲ့။သန်းရွှေပုံကို ချိတ်ထားတယ်ဆိုတော့ လက်ရှိနိုင်ငံကို ချုပ်ကိုင်ထားသူဟာ ဘယ်သူလဲဆိုတာ ရှင်းနေပါပြီဗျာ။
ReplyDeleteနေ့စဉ်ထုတ်သတင်းစာတွေမှာ ဒီလိုအဖြစ်မှန်ပုံတွေကို ကာလာနဲ့အတူ ပါရင် ကောင်းမှာ။သူများနိုင်ငံက သတင်းစာတွေလို။အခုတော့ သတင်းစာထဲမှာကျတော့ ကောင်းကွက်တွေချည်းပြ။ကာလာက မပါ။
ReplyDeleteကန်းနီနား.သန်းရွှေ
ReplyDeleteကြည်ပိုက်.သိန်းစိန်.
တရုတ်နဲ့ လက်နဲ့ရေးခဲ့တာကို သမ္မတကြီးအနေနဲ့ ခြေနဲ့ဖျက်ချင်ရင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးပြန်လွှတ်ပေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းကို ရဲရဲဝံ့ဝံ့လှမ်းခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့ သမ္မတကြီးဘက်က အပြည့်အဝ ထောက်ခံ ရပ်တည်ကာကွယ်ပေးဖို့ ဝန်မလေးပါဘူး..။ ထို့အတွက်ကြောင့် မြစ်ဆုံစီမံကိန်းမှာ နှုတ်ကျွံ၊ လက်ကျွံခဲ့တဲ့ သမ္မတကြီးအနေနဲ့ ပြည်သူ့ဆန္ဒကို ဖြည့်စွမ်းပေးမယ်ဆိုရင် တရုတ်မကလို့ တရုတ်အဖေနဲ့ ပြောခဲ့တဲ့ ကတိကဝက်ပဲဖြစ်ဖြစ် ကြမ်းကျွံတာနှုတ်လို့ရသလို စကားကျွံခဲ့တာကိုလည်း ကျွန်တော်တို့ ပြည်သူတွေ အင်အားနဲ့ နှုတ်ပေးဖို့၊ သမ္မတကြီးဘက်က ကာကွယ်ပေးဖို့ ဝန်မလေးပါဘူး.... သမ္မတကြီးခင်ဗျား...။
ReplyDeleteဦးနေ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)
တရုတ်က ၂၀၀၉.ဒီဇင်ဘာမှာမြစ်ဆုံဆည်ကိုတက်သုတ်ရိုက်စာချုပ်တာ မရီုးသားဘူးဆိုတာပြတာပါဘဲ။ ၂၀၁၀.လည်လောက်မှာ ရွေးကောက်ပွဲလုပ် အစိုးရအသစ်တက်လာမှ ချုပ်ဆိုရမှာပါ။ ပွဲလန့့်တုံးဖျာခင်းဆိုတာဒါမျိုးကိုခေါ်တာ။
ReplyDeleteသူတို့ ဆီမှာ ၂၀၀၃/၄/၀န်ကျင်က တရုတ်လူထုကန့် ကွက်လို့ ဆည်ကြီးတခုရပ်ထားရဖူးပါတယ်။အဲဒီဆည်ကိုဘဲအရင်ပြန်ဆောက်ခွင့်ရအောင်လုပ်ကြည့်ပါ။ဗမာပြည်ကိုသန်းရွှေလက်ထက်ကလို အချောင်နိုက်လို့ ရမယ်ထင်နေသေးလား ။ သန်းရွှေကိုကွန်မြူနစ်အစိုးရလို့ နံမည်ခံထားပြီး အစိုးရကိုယ်ကိုယ်တိုင် လတ်ထိုးတာဖေါ်ထုတ်ကြရပါမယ်။
တရုတ် မင်းတို့ နောက်ခံပေးထားတဲ့ကဒါဖီ လဲပြုတ်ပြန်ပြီ။ အာဏာရှင်သူခိုးမှန်သမျှ တရုတ်ကကျားကန်ပေးတယ်။ ခိုးထားတဲ့ငွေတွေလက်ခံပေးတယ်။ ဘာကွန်မြူနစ်လဲ သူခိုးမွေးပေးနေတဲ့ကွန်မြူနစ်တွေ။
သမ္မတကြီးကို ၀န်းရံခြင်းဟာ နယ်ချဲ့ တရုတ်ရန်ကိုကာကွယ်တာပါဘဲ။ သမ္မတကြီးကိုကန်သူဟာ တရုတ်သူလျှိုပါဘဲ။
ကောင်းပါတယ်၊ဗဟုသုတအများကြီးရပါတယ်ဆက်ရှာဖွေဖော်ထုတ်ပေးပါလို့တောင်းဆိုပါရစေ
ReplyDeleteပထမဦးဆုံး ဧရာဝတီ မြစ်ဆုံဆည် ကန့်ကွက်ရေးအတွက် ရေးမယ်ဆိုရင် ကိုယ်ဘာလို့ ကန့်ကွက်တာလဲ ဘာကြောင့် ကန့်ကွက်တာလဲ ဆိုတာလေးတော့ ကိုယ့်ကိုယ်ကိုယ် အရင်သိသင့်တယ်လို့ ထင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပါပဲ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိရင်တော့ မဖြစ်ချေဘူး ။
ReplyDeleteဒါကြောင့် ဘာလို့ကန့်ကွက်ချင်တာလဲ ဘာကြောင့်ကန့်ကွက်ချင်တာလည်း ဆိုတဲ့နေရာမှာတော့ ကိုယ် ကန့်ကွက်မည့် ကိစ္စကို သေသေချာချာ လေ့လာ စူးစမ်းပြီးမှ ဘယ်အချက်ကို ဘယ်ကြောင်းအရင်းကို ကျွန်တော်တို့ ကျွန်မတို့ မနှစ်သက်လို့ ကွန့်ကွက်ပါတယ်ဆိုပီး အချက်ကျကျ ထောက်ပြပြီးမှ ကန့်ကွက်သင့်တယ် လို့ထင်ပါတယ် ။
အရာရာတိုင်းမှာ တဖက်တည်းအမြင်နဲ့ ပြောဖို့ မသင့်ဘူးလို့ ကျွန်တော် ထင်တယ် ။ အခု ဧရာဝတီ မြစ်ဆုံဆည် ကိစ္စမှာ အစိုးရဘက်ရော ပြည်သူတွေ ဘက်ကရော နှစ်ဖက်လုံး လိုအပ်ချက်တွေ ရှိနေခဲ့ကြပါတယ် ။ အစိုးရဖက် က မြစ်ဆုံဆည်နဲ့ ပက်သက်တဲ့ တိကျတဲ့ အချက်အလက်တွေ ၊ ခိုင်မာတဲ့ အကျိုးအကြောင်းတွေ ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှာ သူ့ဘက် ကိုယ့်ဘက် ရပိုင်ခွင့်တွေ ၊ နောက်ပြီး ဒီ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ပတ်ဝန်းကျင် ဆိုးရွားလာနိုင်မှု ပမာဏ အခြေအနေ ၊ စသည် စသည့် အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာအောင် နိုင်ငံသားတွေကို ချမပြပဲ ၊ ကြေငြာမှု မရှိပဲ လုပ်ပိုင်ခွင့် အာဏာ ဆိုတာ မျိုးနဲ့ လုပ်နေတာဟာ ဆိုးရွားတဲ့ အချက်ပါပဲ ။ ဒီမိုကရေစီ နိုင်ငံတည်ဆောက်လိုတယ်ဆိုရင်တော့ နိုင်ငံတော် စီမံကိန်းတွေကို ပွင့်လင်း မြင်သာမှုရှိအောင် ပြည်သူတွေကို ချပြဖို့ လိုကို လိုအပ်ပါတယ် ။ လျှိုဝှက်သင့်တာထက် ပိုလျှိုဝှက်ပြီး လုပ်နေတာတွေက ဒီမိုကရေစီ တည်ဆောက်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ မဖြစ်သင့် မရှိသင့်တော့တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ် ။
ခု ဒီမိုဝေယံ ကိုယ်တိုင် ရေးထားတာက ရှင်းလင်းလွယ်ကူနေတာတွေ့ ရပါတယ်။ဓါတ်ပုံတွေနဲ့  အချက်အလက်ထိထိမိမိ တင်ပြထားတာတွေ က သိပ်ကောင်းတယ်လို့ မြင်မိပါတယ် ။ဆက်လက်ပြီး များများရေးသားဖို့ ကို တိုက်တွန်း လိုက်ပါတယ်။
ရဟတ်ယာဉ်ပုံတွေ ယူသွားပါတယ်ဗျာ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်..။
ReplyDeleteပထမဦးဆုံး ဧရာဝတီ မြစ်ဆုံဆည် ကန့်ကွက်ရေးအတွက် ရေးမယ်ဆိုရင် ကိုယ်ဘာလို့ ကန့်ကွက်တာလဲ ဘာကြောင့် ကန့်ကွက်တာလဲ ဆိုတာလေးတော့ ကိုယ့်ကိုယ်ကိုယ် အရင်သိသင့်တယ်လို့ ထင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပါပဲ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိရင်တော့ မဖြစ်ချေဘူး ။
ReplyDeleteဗျို့ဆရာကြီး၊မြစ်ဆုံဆည်ကိစ္စပြည်သူလူထုအားကောင်းကောင်းနဲ့ကန့်ကွက်တာမကျေမနပ်ဖြစ်နေလား။
ဆည်တွေကြောင့်ခဏခဏဒုက္ခရောက်နေကြရတဲ့ပြည်သူတွေကိုအရင်မေးကြည့်အုံး
သူများယောင်လို့ယောင်ကြတဲ့သူတယောက်မှမပါဘူး။
ဆရာကြီးဂေဟဗေဒဆိုတာသိလား
အပေါ်က ဆရာကြီး တယ်တော်ပါလား။ နံမည်လေးသိရရင် လေးစားဂုဏ်ပြုချင်လို့ ပါ။ကန့် ကွက်ခွင့်ဆရာကြီးဆီမှာတောင်းရမှာလား။ဘယ်လိုအကြောင်းပြချက်ကအကောင်းဆုံးပါလဲခင်ဗျာ။
ReplyDeleteအော် ဆေးသောက်ရင် အတုတွေလဲသတိထားပါ။ရက်လွန်တွေဆိုရင်လဲ အာနိသင်ကုန်နေတော့ ဒီလိုဘဲ လွတ်တတ်တယ်။
အော် ဒါတွေဖတ်ရင် ဒင်းကြီးကို သတ်ချင်စိတ်တွေပေါက်ပေါက်လာတယ်
ReplyDeleteKo DEMO
ReplyDeleteThanks a lot for your web site and news.
thanks for all news especially that news ,everybody should be know,
ReplyDelete