Pages

Tuesday, October 18, 2011

သမိုင်းမြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ကိုမင်းကိုနိုင် (၄၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များတက်ရောက်... (ဓာတ်ပုံ၊ သတင်း)

ယနေ့ ၁၈ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခုနှစ်၊ တနင်္လာနေ့ မနက် ၈ နာရီက ကျိုင်းတုံထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသော ကိုမင်းကိုနိုင် (၄၉)နှစ်ပြည့် မွေးနေ့အခမ်းအနားအား သမိုင်းမြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် နှင့် အကြီးအကဲများ၊ ၈၈ မျိုးဆက်ကျောင်းသား/သူ များ၊ ဂီတအနု ပညာရှင်များ၊

မကြာသေးခင်ကမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှာ ပြန်လည်လွတ်မြောက်လာ သော စွယ်စုံရ အနုပညာရှင် ကိုသူရ (ခေါ်) ကိုဇာဂနာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ကဏ္ဍအသီးသီးမှ ဒီမိုကရေစီအရေးကို လိုလားကြသူများနှင့် မရမ်းကုန်းမြို့နယ်တွင်းမှာရှိကြသော ရပ်ကွက်သူ၊ ရပ်ကွက်သားများ စုံစုံ ညီညီတတ်ရောက်ခဲ့ကြပါသည်။
ထိုပွဲတွင် သက်ဆိုင်ရာလူပုဂ္ဂိုလ်အသီးသီးမှ ကိုမင်းကိုနိုင်မွေးနေ့ အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။ ဂီတအနုပညာရှင်များ နှင့် ၈၈ မျိုးဆက်လူငယ်များမှလဲ မွေးနေ့ဂုဏ်ပြုသီချင်း များဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားအား ၈ နာရီမှ ၁၀ နာရီအထိသာ ဖိတ်စာ တွင်ရေးသားထား သော်လည်း ၁၁ နာရီခွဲသည်အထိ မပြီးသေးပဲ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိခဲ့သည်။

သတင်း၊ ဓာတ်ပုံ... ခမိခဆဲ၊ ဒီမိုဝေယံ

3 comments:

  1. ရွှေမြိုင်ထွန်းOctober 19, 2011 at 1:10 AM

    လာမဲ့ ၂၀၁၂ နှစ်. (၅၀)ပြည့်မှာတော့ သူ့ကိုချစ်တဲ့ပြည်သူတွေနဲ့အတူ မွေး
    နေ့ပွဲကိုဆင်နွှဲ. နိုင်ပါစေသား။

    ReplyDelete
  2. Wish you to be freed soon!

    ReplyDelete
  3. အမြန်ဆုံးပြန်လွတ်ပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။