Pages

Monday, October 31, 2011

မနေ့က တာမွေမြို့နယ် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ပြန်လည်လွတ်မြောက်လာတဲ့ တာမွေမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲ အခမ်းအနား (ဓာတ်ပုံ)

တနင်္ဂနွေနေ့က တာမွေမြို့နယ် အဖွဲ့ချုပ် ရုံးမှာ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က ပြန်လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နိုင်ငံရေးလှုပ်ရှားသူ ၈ဦးအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်.။ တာမွေမြို့နယ်မှ ပြန်လည် လွတ်မြောက် လာသူတွေကတော့ ကိုနေကျော်၊ ကိုကြည်လွင်၊ ကိုမင်းဟန်၊ ကိုသက်ဦး၊ ကိုမိုးထက်လျှံ။ ကိုမျိုးလှိုင်၊ ကိုစောသက်ထွန်း၊ ကိုဇော်ရဲဝင်းတို့ ဖြစ်ပါတယ်..။ ကိုမျိုးလှိုင်က မအားလို့ မတက်ရောက်နိုင်တာက လွဲပြီးကျန်တဲ့ လွတ်မြောက်လာသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ၉ နာရီမှ စပြီး၁၁ နာရီမှာပြီးဆုံးပါသည်။ တက်ရောက်လာသူများအား ခေါက်ဆွဲကြော်နဲ့ အအေးဖြင့် ဧည့်ခံပါသည်။ တာမွေမြို့နယ်မှ ဒီချုပ်ပါတီဝင်တွေနဲ့ ကျောင်းသားလူငယ်များလည်း တက်ရောက်ခဲ့ကြပါသည်။
ဓာတ်ပုံ ကိုကို..

2 comments:

  1. ပြည်သူတွေအတွက်ယုံကြည်ချက်နဲ့ 
    လုပ်ဆောင်နေသူတွေအားလုံးကျမ္မာချမ်းသာပါစေကြောင်း
    တောင်းဆုမေတ္တာပို့သအပ်ပါသည်

    ReplyDelete
  2. ရွှေမြိုင်ထွန်းNovember 1, 2011 at 4:05 PM

    အများပြည်သူအတွက်ဆိုတဲ့စိတ်ဓါတ်နဲ့အနစ်နာခံခဲ့တဲ့သူတွေအားလုံးကို
    လေးစားစွာဦးညွှတ်ပါဧ။်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။