Pages

Wednesday, October 5, 2011

မြစ်ဆုံဆည် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးသက်ရောက်ပုံ ကြီးမားကြောင်း ဆွေးနွေးသွားတဲ့ တရုတ်သတင်းဋ္ဌာနရုပ်သံဖိုင်..

ရုပ်သံဖိုင် ဒေါင်းလုပ်ရယူရန်... http://www.mediafire.com/?w2uc1u0ip1pbaf9
မြစ်ဆုံဆည် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးသက်ရောက်ပုံ
ကြီးမားကြောင်း ဆွေးနွေးသွားတဲ့ တရုတ်ရုပ်သံဖိုင်..
(ဘာသာပြန် မနိုင်းနိုင်းစနေ)

ဒီလိုဆည်ကို မြန်မာဖက်က ရပ်တန့်လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးသက်ရောက်မှုကြီးပုံကို တွေ့နိုင်ကြောင်း ပြောထားတာပါ။ ပြောသွားတာတွေကတော့ ဆည်ဆောက်စတုန်းကတော့ မြန်မာဖက်က မြန်မြန်ပြီးအောင် ဆောက်ခိုင်းပြီး အခု သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး မကြာဘူး ရပ်ခိုင်းလိုက်တဲ့အကြောင်း၊ ဒီရေကာတာက တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်ကိစ္စကို ရပ်ခိုင်းလိုက်တာဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့ မြန်မာ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြောင်းရွှေ့ရမယ့်မြစ်ဘေးနေ ပြည်သူတွေကြောင့် ဖြစ်တဲ့အကြောင်း၊

သမ္မတကြီးဦးသိန်းစိန်လက်ထက် ၅နှစ်အတွင်းမှာ ရပ်တန့်ထားမယ့်အကြောင်း၊ ဆည်ဆောက်တာကို ပြည်သူတွေ ဆန္ဒပြပြီးနောက် ၄ရက်အကြာမှာ ဦးသိန်းစိန်က ဆည်ဆောက်တာကို ရပ်တန့်ဖို့ ကြေညာခဲ့တဲ့အကြောင်း၊ ရပ်တန့်တဲ့ သတင်းကိုကြားသိရတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်တဲ့အတွက် ကြိုဆိုကြောင်း၊ ဒါကြောင့် သတင်းသုံးသပ်သူတွေက ဒီလိုရပ်တန့်တဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးသက်ရောက်မှု ရှိကြောင်းကို တွေ့မြင်နိုင်ကြောင်း၊ ဒီဆည်က မြန်မာပြည်မှာ အကြီးဆုံးဆည်ဖြစ်ပြီး စင်ကာပူလောက် ကြီးမားကြောင်း၊ အဲဒီကရတဲ့လျှပ်စစ် ၉ဝ% က တရုတ်ဖက်သွယ်တန်းမဲ့ အကြောင်း ပြောဆိုသွားတဲ့ တရုတ်ရုပ်သံဋ္ဌာနတခုရဲ့ ဆွေးနွေးပွဲ ရုပ်သံဖိုင်ပါ...။ ဒါက သတင်းဌာနက သတင်းဝေဖန် သုံးသပ်သူတွေရဲ့ ထင်မြင်ချက်ဖြစ်ပါတယ်...။

 ဘာသာပြန်ပေးတဲ့ မနိုင်းနိုင်းစနေအား ကျေးဇူးတင်ပါသည်...။

3 comments:

  1. ရှေ့နောက်မစဉ်းစား၊ဥနှောက်မှာအသိဥာဏ်တပဲသားမရှိတဲ့ကောင်တွေနဲ့ပေါင်းပြီး
    ရှိသမျှမြန်မာ့သယံဇာတတွေကိုအောက်ဈေးနဲ့နှိုက်ပြီးယူနေတာကြာပြီ။
    အခုလဲအချောင်နှိုက်ထားတာဘဲ။တော်ပါတော့။

    ReplyDelete
  2. မျိုးချစ်October 6, 2011 at 2:11 AM

    မြန်မာပြည်မှာ. တရုတ်ရဲ့. ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း. ၁၀၀. ဘီလျံကျော်
    လာမယ်လို့ဆိုတယ် ၊. အဲဒီအထဲကမှ. မြစ်ဆုံက. ၂၀. ဘီလီလျံ
    ကုန်ကျမှာဖြစ်ပြီး. စပေါ်ငွေ ၅. ဘီလျံ. ကို. ရှစ်လုံးနဲ့အဘတို့က
    လက်ခံပြီး. သုံးလို့ကုန်သွားတာကြောင့်. ၂၀၁၁. ဘဏ်ဋာရေးနှစ်
    အတွက်. လိုငွေ. ကျပ်. ဘီလျံ. ၂၀၀၀ကျော်. ဖြစ်နေတယ်လို့
    ဆိုနေတာပေါ့၊. ဒါတောင်လက်ရှိ. နိုင်ငံခြားကြွေးမြှီတွေ. ဘယ်လောက်
    ရှိနေလဲ. မသိဘူး. ၈၈. တုံးက. ၃ ဘီလျံကျော်ရှိတယ်. ဆိုတာ
    တော့. သိခဲ့ပါတယ်၊. ဒီ. ၂၃. နှစ်. တာ ကာလမှာ. ရသုံးမှန်းခြေ
    ငွေစာရင်းကိုပြန်ကြည့်ရင်. စစ်အသုံးစာရိတ်က. အများဆုံး. ပညာရေး
    နဲ့. ကျမ္မာရေးက. အောက်နားမှာ. ပြန်လည်ထူထောင်ရေး. ကိုတော်
    တော်အချိန်ပေးရဦးမှာ. ဒီကြားထဲ. လွှတ်တော်ကိုယ်စားလှယ်. လုပ်
    ငန်းရှင်ဆိုတဲ့. ခေတ်ပျက်သူဌေး. တွေကလယ်သမားတွေရဲ့. မြေတွေကို
    စည်းမဲ့ကမ်းမဲ့သိမ်းတာ. အဆိုးဆုံးပါဘဲ။. အဲဒီလိုစည်းမဲ့ကမ်းမဲ့. သိမ်းလို့ရ
    အောင်ကို. မြေယာဥပဒေကို. ပြင်ဘို့အစီအစဉ်မရှိသေးဘူး. ဆိုပြီးပြော
    တာပေါ့။. ပြောစရာတွေပြင်စရာတွေ. က. အများကြီးပါ။

    ReplyDelete
  3. ဖိုးဖိုးOctober 6, 2011 at 2:30 AM

    ဟုတ်ပါ့ဗျာ. ဂက်စ်ပိုင်းလိုင်းသွယ်ဘို့. မြေသိမ်းမယ်. တရုတ်ပြည်အထိ
    ဖေါက်မဲ့ရထားလမ်းအတွက်. မြေသိမ်းမယ်. နောက်ထပ်ဆောက်မဲ့. ဆည်
    အတွက်. မြေသိမ်းမယ်. မြန်မာပြည်. မြောက်ပိုင်း. ကချင်ပြည်နယ်
    ကနေစလို့. တောင်ဘက်. ထားဝယ်ရေနက်ဆိပ်ကမ်း. စီမံကိန်းမှန်သမျှ
    လိုသလောက်. မြေကိုလွတ်လွတ်လပ်လပ်. သိမ်းလို့ရအောင်ကို. မတရား
    တဲ့မြေယာ. ဥပဒေ. ကို ဒီအတိုင်းဆက်ထားတာပေါ့၊. ဒီမိုကရေစီ
    အစိုးရသာ. တက်လာရင်ရှင်းရမဲ့. ပြဿနာ. က. သောင်းခြေက်ထောင်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။