ဓာတ်ပုံ AP
သတင်းရင်းမြစ် The Voice Weekly
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင် အကျဉ်းသား ၆၄၂ ဦး လွတ်မြောက်လာမည် ဖြစ်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၇ ဦးသာ ပါဝင်ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က ပြောကြားသည်။
ရန်ကုန်လေဆိပ်မှာ လာကြိုသူများနဲ့ အတူတွေ့ရတဲ့ ကိုဇာဂနာ
ဓာတ်ပုံ ဒီမိုကောင်းကင်...
အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ၊ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ (ကိုဇာဂနာ)
စွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် ပူပူနွေးနွေး တွေ့ဆုံခြင်း ရင်းမြစ်(The Voice Weekly)
မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် ဇာဂနာ (ခေါ်) ကိုသူရကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။
- စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။
ဘယ်သူတွေ ပါလဲ။
- ဦးဇာဂနာ၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း
ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။
- မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။
လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။
- လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။
လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။
- မရှိပါဘူး။
လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။
- မရှိပါဘူး။
အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။
- လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင် ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။
အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလဲ။
- ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ ဖော်ပြထားတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။
အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။
- မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊ ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊ ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင် (ဘိုကလေး)။
ဒီလူတွေက စာရင်းထဲ မပါတာလား။ မလွှတ်သေးတာလား။
- ကျွန်တော်သိတာတော့ ဒီနေ့အထိပဲ။ နိုင်ငံတော်ရဲ့ စေတနာ ပိတ်သွားပြီ။
အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။
- မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။
လွတ်လာချိန်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးဖို့ အစီအစဉ် ရှိသလား။
- ရှိတယ်။ ဒီကိစ္စ ဆက်ပြောဦးမယ်။ တောင်းဆိုထားတဲ့ ကိစ္စတွေကို၊
အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။
- အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။ ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊ ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ သဘောထားကြီးတယ် ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။ ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။
တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။ နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။ အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။
- လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ … မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင် လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။
ဘာများ ထပ်ပြောချင်တာ ရှိသေးလဲ။
- မရှိပါဘူး။ ကျွန်တော်လည်း အသံတွေ နာနေပါပြီ
ကျေးဇူးတင်ပါတယ်။
ဇာဂနာ ၁ နာရီတွင် ရန်ကုန် ပြန်ရောက်မည်
ကိုယ်ယုံကြည်ရာကို ဆက်လက် လုပ်ဆောင်သွားမည် ဆိုသော စွယ်စုံရ ဟာသ အနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) မောင်သူရသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း ကာယကံရှင်၏ အဆိုအရ သိရသည်။
" ကျွန်တော် အခု မြစ်ကြီးနား လေယာဉ်ကွင်းနား ရောက်နေပြီ၊ နေ့လည် တစ်နာရီလောက်တော့ ရန်ကုန် ပြန်ရောက်မယ် " ဟု အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် (ဦး) ဇာဂနာက The Voice Weekly ၏ မေးမြန်းမှုကို ဖုန်းဖြင့် ဖြေကြားသည်။
(ဦး)ဇာဂနာက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး လွတ်မြောက်ခြင်း မရှိသည့်အတွက် ၎င်း၏ လွတ်မြောက်မှုကိုပင် ကျေနပ်ခြင်း မရှိကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ယင်းကိစ္စကို တောင်းဆိုသွားမည် ဖြစ်ကြောင်း The Voice Weekly က တယ်လီဖုန်းဖြင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။
" ကျွန်တော် အခု မြစ်ကြီးနား လေယာဉ်ကွင်းနား ရောက်နေပြီ၊ နေ့လည် တစ်နာရီလောက်တော့ ရန်ကုန် ပြန်ရောက်မယ် " ဟု အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် (ဦး) ဇာဂနာက The Voice Weekly ၏ မေးမြန်းမှုကို ဖုန်းဖြင့် ဖြေကြားသည်။
(ဦး)ဇာဂနာက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး လွတ်မြောက်ခြင်း မရှိသည့်အတွက် ၎င်း၏ လွတ်မြောက်မှုကိုပင် ကျေနပ်ခြင်း မရှိကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ယင်းကိစ္စကို တောင်းဆိုသွားမည် ဖြစ်ကြောင်း The Voice Weekly က တယ်လီဖုန်းဖြင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။
The Voice Weekly Facebook စာမျက်နှာမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်..



ဇာဂနာရဲ.စိတ်ဓါတ်နဲ.သတ္တိကိုအရမ်းလေးစားပါတယ်
ReplyDeletevvk mergui
တော်တယ် ဗျာ ဒကာတော် ကိုယ့်တစ်ယောက်တည်းကိုလွှတ်လို့ လွတ်တယ်လို့ပြောလို့မရတာတော့ အသေချာဆုးံပါ အားလုးံကို ချွင်းချက်မရှိလွတ်စေ ချင် ပါတယ် လွှတ်လည်း လွှတ်စေချင်ပါတယ် ..
ReplyDelete။
စက်တင်ဘာဦးနေ ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)
ှုီှုီုီုဦးဦးဖျားဖျား သတင်းဖတ်ရတဲ့အတွက် စာရေးသူကို ကျေးဇူးတင်တယ်ဗျာ။ သူတို့တွေလွတ်လာတဲ့အတွက် ၀မ်းသာပါတယ်။
ReplyDelete၈၈. မျိုးဆက်မင်းကိုနိုင်တို့ရောဗျာ
ReplyDeleteသာဓု သာဓု ပါဦးသိန်းစိန်ခင်ဗျာ.
ReplyDeleteနောက်ဆုံးတစ်ကြိမ်တော့.နိုင်ငံရေးအကျင်းသားအားလုံးလွတ်တော့မှဘဲခေါ်ပါရစေ..
ကိုသူရ ကျန်းကျန်းမာမာနဲ့လွတ်မြောက်လာလို့ဝမ်းသာအားရဖြစ်မိပါတယ်။ မလွတ်မြောက်သေးဘဲကျန်နေသေးတဲ့ အစ်ကိုတော်အစ်မတော်တွေ နဲ့ ညီတော်ညီမတော်တွေ တယောက်မကျန်လွတ်မြောက်စေဖို့အားလုံးဝိုင်းဝန်း ကြိုးစားကြပါခင်ဗျား။ကိုသူရရဲ့ ဇွဲ နဲ့ သတ္တိကို ယုံကြည်လေးစားလျက်ပါ။ ကျန်းမာချမ်းသာစွာဖြင့် ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျား။
ReplyDelete၈၈. မျိုးဆက်မင်းကိုနိုင်.ကိုဌေးကြွယ်.စုစုနွေး.အထင်ကရတွေရောဗျာ.
ReplyDeleteအစစ်အမှန်သူရဲကောင်းစစ်စစ်တဦးပါ။
ReplyDeleteလွတ်လာတဲ့အတွက်အရမ်းဝမ်းသာရပါတယ်။
မလွတ်သေးတဲ့သူရဲကောင်းတွေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
ဦးသိန်းစိန်က. ဒီရက်မှာ. ဗုဒ္ဓဂါယာရောက်နေတာလဲ. ထူးခြားတယ်၊
ReplyDeleteအရေးအကြီးဆုံး. ၈၈. မျိုးဆက် တွေမပါသေးတာလဲ. ပြည်သူတွေကို
သွေးတိုးစမ်းနေပုံဟာ. စစ်အစိုးရအဆက်ဆက်. ကျင့်သုံးခဲ့တဲ့. နောက်
ဆုံးအဆင့်ထိတင်းခံ. နည်းဗျူဟာထဲကတခုဘဲ၊. ပြည်သူတွေဆူမှာ
ပူမနေပါနဲ့၊. ဆူပူမဲ့နေ့အတွက်. စားစရာထမင်းတနပ်စာ. ဆန်မရှိ
လောက်အောင်ကို. မွဲတေနေပါပြီ၊. ၈၈. တုံးကအဆင်းရဲဆုံးမို့လို့
ဆန္ဒပြမိတာ. အခုတော့. ၂၃. နှစ်ခိုးလိုက်တာ. မွဲတေကြွေးထူ
တဲ့ဘဝကိုရောက်သွားပြီမို့. ဒီတခါပြမိရင်. သ္မီးကို. "ဟိုအတန်း"
ပို့ရမဲ့ကိန်းဆိုက်မှာကြောင့်. နောက်မလုပ်တော့ပါဘူးဗျာ၊. ခိုးတော့
မစားဘူး. ကျုပ်တို့က. မွဲပေမဲ့. ကိုယ်ကျင့်သီလမှာတော့. အစွန်း
အထင်းမခံဘူး. ငတ်ရင်းနဲ့သေမဲ့ရက်ကိုစောင့်နေပါပြီ။
"ဒီထက် လိမ်ရရင် ပြတ်ရုံ ရှိတော့မပေါ့" ဆိုတာလေး ကြားဖူးကြသလား။
ReplyDeleteဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်း ပေါင်းထားတာ။
အော်... မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။
အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး....
မြွေဆိုရင် မြွေလိုပဲ မြင် ... နိုင်ကြပါစေ။
ဘောင်းဘီချွတ်ယုံနဲ့. စိတ်ပြောင်းသွားတာ. ဟိုတနေရာဘဲ. ရှိတယ်
ReplyDeleteဆိုတာ. အသေမှတ်!
ဘကြီး ရေ သမီးကိုတော့ဟိုအတန်းမပို့ပါနဲ့ဗျာ၊
ReplyDeleteအဲ့ဒီ ကလိမ်ကကျစ်တွေရဲ့ သမီးတွေနဲ့မိန်းမတွေသာ ပို့နိုင်အောင်လုပ်ပါ၊
ပီးရင် ကျုပ်ကိုတိုင် နိုင်ငံကျော် ဖာခေါင်းလုပ်မယ်ဗျာ။