Pages

Tuesday, October 4, 2011

နလံထဧရာဝတီကို ဒေါသပွားနေသူများ (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

နလံထဧရာဝတီကို ဒေါသပွားနေသူများ
(ဆောင်းပါးရှင် မောင်မောင်ဝမ်း)

မြန်မာလူထုရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ဧရာဝတီကို အဖတ်ဆယ်ဘို့ လူထုရဲ့ဆန္ဒတွေ ပွင့်အန်ထွက်လာကြတာ အားလုံးအသိပါပဲ။ ပြည်တင်းလျှင် မင်းမခံနိုင်ဆိုသလို…. လူထုဆန္ဒကို အထိုက်အား လျှော်စွာမျက်ခြေမပြတ်ဘူးလို့ ဆိုနိုင်တဲ့လက်ရှိ အစိုးရသစ် သမ္မတဦးသိန်းစိန်ကတော့… ဒီကိစ္စအပေါ် ရပ်ဆိုင်းလိုက်ဆိုင်းလိုက်ခြင်းကို.. အားလုံးနီးပါးသော ပြည်သူလူထုကြီးကလည်း ကြိုဆိုခဲ့ကြတယ်။ တတိုင်းပြည်လုံးနီးပါး ဝမ်းမြောက်ခဲ့ကြရတယ်။

သို့သော် ၀မ်းမြောက်မှု့တွေက သိပ်မကြာလိုက်ဘူး…။ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ တွေက နောက်ဆက်တွဲ ပါလာတော့တယ်….။ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ တိုက်ပွဲတွေက.. စိတ်အစဉ်ကို ခါးသီးစေခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးတာက.. မချင့်မရဲဖြစ်စေခဲ့တယ်…။ တရုတ်အစိုးရရဲ့ ဒေါသနဲ့တုန့်ပြန်သံတွေဟာ… တမျိုးသားလုံးကို သတိရှိဘို့ လှုံ့ဆော်နေတယ်။ ဒါတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့ ကိုင်တွယ်တတ်ဘို့လိုပါတယ်…။ မိမိနိုင်ငံတွင်း ပြသနာတွေက အရေးကြီးသလို.. ပြည်ပရန်ကလည်း အထူးကို သတိကြီးကြီး ထားရမှာပါ။

ဦးစွာပထမ.. ပြည်တွင်းမှာ အဓိကကျတဲ့ ပြသနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဘို့ လိုပါလိမ့်မယ်။

- နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးလိုက်ရင်...

- ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်မယ်ဆိုရင်….

- အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန် ဆောင်ရွက်မယ်ဆိုရင်

- လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမြန်ဆုံးရပ်တန့်လိုက်မယ်ဆိုရင်…..

တမျိုးသားလုံးရဲ့သွေးစည်းညီညွတ်မှု အားဟာ…တော်တော် ခိုင်မာလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါတွေဟာ လုံးဝကိုအချိန်ဆွဲလို့ မရတဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လတ်တလောမှာ… ပြည်ပရန်က အရေးကြီးနေပြီ မဟုတ်ပါလား…။ ယခုဆိုလျှင်… တရုတ်အစိုးရရဲ့ တုန့်ပြန်ချက်မှာ မြန်မာကို မှတ်လောက်အောင် သင်ခန်းစာပေးရမယ်ဆိုတာ.. ဘာကိုဆိုလိုပါသလည်း… ဘယ်လိုတွေနဲ့ သင်ခန်းစာ ပေးချင်တာပါလည်း…. သင်တို့သင်ခန်းစာပေးတိုင်း မြန်မာတွေက ခေါင်းငုံ့ခံမယ်လူမျိုးတွေလို့ ယုံကြည်နေပါသလား….။ မြန်မာတွေဟာ အမျိုးသားရေးနဲ့ ပတ်သက်လာရင်… ဆတ်ဆတ်ထိ မခံတတ်တဲ့ လူမျိုးတွေဆိုတာ သင်တို့သိပါလေစွ….။

သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် ယင်းကိစ္စအပေါ်… တရုတ်အား အလျှော့ပေး ဆက်ဆံနေမည်ဆိုပါ လျှင် ရရှိပြီးသား လူထုထံမှ အမှတ်များ လျှောကျသွားမည် ဖြစ်ယုံမက… မယုံမကြည်မှု့များသည်။ ယခင်ကထက် ပိုမိုဆိုးဝါးသွားနိုင်ပါသည်။ လက်ရှိအခြေနေတွင် အစိုးရအနေဖြင့် လမ်းကြောင်းနှစ်ကြောင်း အနက်တခုခုကို ရွေးချယ်ရပေတော့မည်။ မြန်မာလူထုအကျိုးစီးပွားနဲ့ ထောက်ခံမှု့ကိုယူမလား……။ တရုတ်အစိုးရ၏ အပြုံးစတချက်ကို ရင်ဝယ်ပိုက်မည်လား။ နှစ်ခုစလုံးပြိုင်ရွေးလို့ မရစကောင်းပါ။ ကမ္ဘာပေါ်တွင် တရုတ်အစိုးရ၏ အထောက်အပံ့ကြောင့် တိုင်းပြည်ထူထောင်လာသော နိုင်ငံမတွေ့ဘူးသေးပါ။

တခြားတဘက်တွင် သတိထားသင့်သည်မှာ… ယခုကိစ္စသည်.. တရုတ်အစိုးရ၏ မနှစ်မြို့စရာသော နိုင်ငံတကာ ဆက်ဆံရေး ပေါ်လစီကို ကန့်ကွက်ခြင်းဖြစ်သည်…။ လူမျိုးရေးဆန့်ကျင်မှု့မဟုတ်ပါ… ဒါကိုသဲသဲကွဲကွဲ ခွဲမြင်စေလိုပါတယ်…။ တရုတ်အစိုးရနဲ့ တရုတ်လူထုကို ခွဲမြင်တတ်ဘို့ လိုပါလိမ့်မယ်။ တကယ်တန်းက တရုတ်နိုင်ငံကြီးသည် တိုးတက်ပါသည်လို့ဆိုပေမဲ့… သန်းပေါင်းများစွာသော လူထုကြီးက… ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရဆဲပါ…။ ခါးသီးလှတဲ့ ကွန်မြူနစ်အစိုးရရဲ့ရက်စက်မှုတွေကို နေ့တဓူဝ ကြုံနေဆဲပါ။ ယခုကိစ္စသည် တရုတ်လူမျိုး ဆန့်ကျင့်ရေးမဟုတ်…။  တရုတ်ကွန်မြူနစ်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားကို ထိခိုက်စေသော လုပ်ရပ်အား မနှစ်မြို့ခြင်းသာဖြစ်သည်။ ထို့အပြင်တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရင်းနှီးမြှုတ်နှံမှုများကို ဆန့်ကျင်ခြင်းလည်းမဟုတ်။ နိုင်ငံတနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကို အကောင်ထည် ဖော်ရာတွင် ပြည်ပရင်းနှီးမြုပ်နှံမှု့များသည် လွန်စွာမှအရေးပါ…ပါသည်။ ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်နေသောကြောင့် ပြည်ပရင်းနှီးမှု့များကို လက်ခံရမည် ဆိုသော်ငြားလည်း….. မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမွေအနှစ်များကို ထိပါးလာမည်ဆိုလျှင် မည်မျှပင်အကျိုးမြတ်ရှိနေပါစေ……လက်မခံသင့်ပါ။

တရုတ်မို့ ဆန့်ကျင်ခြင်းလည်းမဟုတ်၊ အကယ်၍ .အမေရိကန်နိုင်ငံမှ…. ပုဂံရှေးဟောင်း အမွေအနှစ်နေရာများကို ဟော်တည်တွေ ကစားကွင်းတွေ တည်ဆောက်မည်ဟု ကြံရွယ်ခဲ့လျှင်လည်း လက်ခံလိမ့်မည်မဟုတ်ပါ။ (ပြင်သစ် ရေနံကုမ္ပဏီကြီးကို ဆန့်ကျင်ခဲ့ခြင်းက သက်သေရှိပါသည်)။ မိမိတို့လူထုသာလျှင်မက အစိုးရကိုယ်တိုင်က မူအရဆန့်ကျင်ခြင်းအပေါ်….. တရုတ်အစိုးရမှ မြန်မာအားကောင်းကောင်း သင်ခန်းစာပေးရ မည်ဟု မျက်မာန်ရှခြင်းသည်…. လက်ခံနိုင်စရာ အကြောင်းမရှိပါ……။ အမျိုးသားရေး ဂုဏ်သိက္ခာအရ တွန်းလှန် သွားမည်ဖြစ်သည်။

အားလုံးကိုလေးစားစွာဖြင့်

(မောင်မောင်ဝမ်း )

4 comments:

  1. ဘိုမြင့်(မဲဆောက်)October 4, 2011 at 4:51 PM

    အရေးကြုံသက်လုံကောင်းဘို့လိုပြီ၊. မြန်မာတိုင်းရင်းသားအားလုံး. သွေစည်း
    ညီညွတ်ကြပါ၊. ကချင်တိုင်းရင်းသားတွေကို. လွတ်လပ်ခွဲထွက်ဘို့. လက်နက်
    အကူအညီ. ဝတွေခွဲထွက်ဘို့. လူသူလက်နက်. အကူအညီ. ပေးပြီး
    အိမ်ကြက်ချင်း. ခွပ်ခိုင်း၊. ပြည်တွင်းစစ်ဖြစ်အောင်. ဖန်တီးပါလိမ္မယ်၊. ဦးသိန်းစိန်
    နဲ့NLD. ခေါင်းဆောင်ပိုင်းတွေ. အသက်အန္တရယ်. သတိထားကြပါ။

    ReplyDelete
  2. ခွေးမသားတရုတ်.မင်းလုပ်ချင်တိုင်လုပ်လို့ရတဲ့ခောတ်မဟုတ်ဘူးကွ..အမေရိကန်နဲ့ UN ကဒီအတိုင်ငြိမ်နေမယ်ထင်နေလား...

    ReplyDelete
  3. sit pwe sol tar check ka sar tha lo par pae nyan kg tae lu sar mar par pae
    thi pyatanar lae sit pwe nalt atu tu pae tha yute nalt bamar pae thu taw kya lae gyi ya tar pop :)

    ReplyDelete
  4. တရုတ်သတင်းဋ္ဌာနတွေက မြစ်ဆုံဆည်သတင်းတွေကို ဒေါသတကြီး ထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါOctober 5, 2011 at 2:35 PM

    "တရုတ်သတင်းဋ္ဌာနတွေမှာ ဒေါသတကြီးတုန့်ပြန် နေတဲ့ မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်းများ" ဆိုတာ မဟုတ်ပါ..

    တရုတ်သတင်းဋ္ဌာနတွေက မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဒေါသတကြီး ထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ..
    .
    (မနိုင်နိုင်းစနေ ဘာသာပြန်) -


    ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် Phoenix Satellite Television Holdings Limited (ifeng)ရဲ Phoenix Tv(凤凰卫视) သတင်းဌာနကဖြစ်ပါတယ်.

    ဒေါသတကြီး ထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..

    သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည်တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ်အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...


    သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်

    မန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..

    သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်....

    by Ninenine Sanay

    http://www.facebook.com/nineninesanay/posts/297075453651519


    ဟောင်ကောင် Phoenix Tv(凤凰卫视) Phoenix Satellite Television Holdings Limited (ifeng) သတင်းဌာန website

    http://www.phoenixtv.com/
    My life Days

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။