Pages

Thursday, October 20, 2011

မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (၁) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ...
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မြစ်ဆုံရေကာတာစီမံကိန်းကြီးကို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် လူမိုက်လုပ်ပြီး ဗွီတိုဆန်ဆန် ရပ်ဆိုင်းလိုက်တဲ့အတွက် ပြည်သူအားလုံး စိတ်ချမ်းသာမှု ရသွားကြရပါတယ်။ တရုတ်အလိုတော်ရိတွေ မြစ်ဆုံစီမံကိန်းမှာ လာဘ်စားထားသူတွေ ပါဝင်ပတ်သက်နေသူတွေ ဗမာမဟုတ်သူတွေအတွက်တော့ နားထဲကို သံရည်ပူ လောင်းချသလို ခံစားကြရမယ်ထင်ပါတယ်။ မြန်မာမဟုတ် လောဘကဇိ့ တက်နေသူတွေ အတွက် အမင်္ဂလာသတင်းပါ။ မြန်မာနိုင်ငံ ပြည်သူအားလုံး အတွက်က အနိုင်းမရနိုင်တဲ့ အောင်ပွဲပါ။

မြစ်ဆုံရေကာတာကြီးကို သမ္မတကြီးက သူ့လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုတော့ တော်ကြာ တရုတ်က ဖိအားတွေပေးလို့ အမှုတခုခုဆင်ပြီး သမ္မတကြီး ဖြုတ်ထုတ်လိုက်မယ် ဖမ်းထဲ့လိုက်တာမျိုးနဲ့ တဖက်လှဲ့ ပြန်လုပ်လာနိုင်ပါတယ်။ အကြံအဖန် ဆူပူမှုတွေလုပ်ပြီး စစ်တပ်က အာဏာသိမ်းတယ်ပြပြီး သမ္မတကြီး ဦးသိန်းစိန်ကို ဖယ်ရှားပြီး တဖက်လှဲ့ ပြန်တည်ဆောက်တာလုပ်လာနိုင်ခြေတွေ အသံတွေ သို့သို့သဲ့သဲ့ ထွက်လာပါပြီ။
ဒီလိုအသံမျိုးတွေဟာ ဖြစ်နိုင်ခြေဘက်က များနေပါတယ်။ အဓိကအကြောင်းရင်းက မြစ်ဆုံဆည်ကို တက်သုတ်ရိုက်ကနေ့ လက်မှတ်ထိုး နောက်တစ်နေ့ စပြီး ဖွင့်ပွဲ အခမ်းအနားကို လုပ်တာကိုက မရိုးဘူးဆိုတာ သိပ်ရှင်းနေပါတယ်။ ဒီမြစ်ဆုံဆည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပတ်ဝန်းကျင် ထိခိုက်မှု အလွန်လဲနည်းတယ်။ ဧရာဝတီမြစ်လို စိုက်ပျိုးရေး အားထားရမှုလည်း မရှိသလောက်နည်းတယ် ရေစီးကြမ်းလို့ ရေကြောင်းသွားလာရေး လုံးဝနီးပါးလုပ်လို့ မရနိုင်တဲ့ သံလွင်မြစ်ပေါ်က တာဆန်း ရေကာတာကြီးကို လုပ်သင့်မလုပ်သင့် လေ့လာနေတာ ချိန်ဆနေတာ ကြာလှပါပြီ။

တာဆန်းရေကာတာ စီမံကိန်းကို ၁၉၉၁-ခုနှစ်ကထဲက ထိုင်းနိုင်ငံက န.၀.တ. အစိုးရဆီကို တင်ပြထားနေပါပြီ။ သူတို့က မ.ဆ.လ.ခေတ် ကတည်းကိုက ခွန်ဆာနဲ့ ညှိနှိုင်းပြီး အသေးစိတ် တိုင်းတာရေးကို ဂျပန်နဲ့ ထိုင်းပညာရှင်တွေ ၂နှစ်တိတိ တစ်နှစ်ပတ်လုံးမှာ အသေးစိတ် တိုင်းတာထားတာပါ။ တစ်နစ်ကို ဘယ်လတွေမှာ တစ်စက္ကန့်ကို ရေစီးနုံးဘယ်လောက် အနယ်ထိုင်မှုနုံးက ဘယ်မျှ တိုင်းတာမှု မှုအများကြီး လုပ်ထားပါတယ်။ အခု မြစ်ဆုံဆည်ကို BANCA ကတိုင်းတာ လေ့လာထားတာမှာ အဲဒီလောက်အထိ အသေးစိတ် ရှိနိုင်ပါ့မလားတောင် သံသယဖြစ်မိရပါတယ်။

အဲဒီလေ့လာထားချက်တွေကို ကျနော် သိပ်နားမလည်ပါဘူး။ မြေပုံတွေကတော့ အများကြီးပါ။ ဆည်ဆောက်မဲ့ နေရာကို ဒီလောက် တိုင်းတာထားတာကို အပြီးအပိုင် ဆုံးဖြတ် မထားနိုင်သေးပါဘူး။ ဘယ်ကျောက်တောင်က ကျောက်ကိုသယ်ယူမယ်။ ဘယ်နေရာက ကျောက်တောင်ကို ဘိလပ်မြေ ထုတ်လုပ်မယ်။ စုံနေတာပါ။ ဒါလောက် အသေးစိတ် လေ့လာထားတာကို ထပ်မြံပီး ပိုမိုတိတိကျကျ လေ့လာရဦးမည် ဆိုပါတယ်။

တိုက်ဆိုင်တာလေးက ထူးဆန်းနေတယ်။ တာဆန်းရေကာတာ စီမံကိန်းကို န.၀.တ အစိုးရဆီကို တင်ပြခဲ့သူ ဒေါက်တာချန်နရောင်းဟာ ၁၉၉၄-ခုနစ် သြဂုတ်လ-၁၉-ရက်နေ့ (နေ့လည်-၁၁.၃၀-လောက်မှာ) ကန်တော်ကြီးက ဆေးရုံမှာ ဆေးထိုးမှားပြီး ကွယ်လွန်သွားပါတယ်။ အခု.သြဂုတ်လ-၁၉-ရက်နေ့မှာ သမ္မတကြီးဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ ဆုံမှုပါ။

အခုမြစ်ဆုံကို Banca အဖွဲ့ကို လေးလလောက်လေး လေ့လာထားတာနဲ့ ချက်ချင်းကြီး အကောင်အထည် ဖေါ်ဆောက်တာကတော့ တကယ်လို့ ဆည်ကြီးပြိုပျက်ရင် ငါတို့သေတာ မဟုတ်ဘူး မြန်မာတွေသေတာ သေတောင်များများ သေသွားရင် ငါတို့အသာလေး သိမ်းလိုက်လို့ရပြီလို့ တွက်ထားတာ ဖြစ်ဖို့ များနေပါတယ်။ ဒီလူမျိုးတွေစိတ်ဓါတ်ကိုက ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓါတ်တွေ။ ကမ္ဘာက လက်လန်ယူရအောင် စိတ်ထားယုတ်ညံ့သူတွေ။ တရုတ်မိသားစုတွေဟာ လူဦးရေပေါက်ကွဲမှု ဖြစ်နေတော့ တစ်အိမ်ထောင်ကိုမှ ကလေးတစ်ယောက်သာ ယူခွင့်ရှိကြတာပါ။ တွက်ဆကြည့်ပါ။ ကလေးတစ်ဦးတည်း ဆိုတော့ မိဘတွေမှာဘယ်လောက် အူတုန်အသဲတုန် ချစ်နေကြမလဲ ဆိုတာကို။ ကိုယ်ချင်းစာစိတ် သာရှိမယ်ဆိုရင် အဲဒီလို ရှားရှားပါး ကလေးတစ်ဦးထည်း ယူခွင့်ရှိရှာတဲ့ တန်ဖိုး မဖြတ်နိုင် လောက်အောင် မိဘတွေချစ်နေကြရတဲ့ ကိုယ့်လူမျိုးချင်းကိုတောင် သေမယ်ဆိုတာ သိသိကြီးနဲ့ ငါတို့မြတ်ဖို့က အဓိကဆိုတဲ့ စိတ်ဓါတ်နဲ့ မယ်လမင်းတွေကို နို့မှုန့်ထဲထည့် ရောင်းတဲ့အထိ ယုတ်မာချက် ကမ်းကုန်နေတဲ့ လူမျိုးပါ။ ကလေးတွေ သေတာ ငါ့အရေးမဟုတ် ငါအမြတ်ရဖို့သာ ကြည့်တဲ့လူတွေ။

အဲဒီလိုတစ်ဘို့ ထဲကြည့်တဲ့ လူတွေကိုတော့ တရုတ်အစိုးရကိုယ်တိုင် သေဒါဏ်ပေး သတ်ပြီးပါပြီ။ အခုမြန်မာပြည်သူ သိန်း၊ သန်းချီသေမှာ မသေခင်တောင် ဆည်ကြီးပြိုခဲ့သော် ဆိုတဲ့သောက အကြောက်တရားနဲ့ နေနေရတဲ့ဘ၀။  အခုကျနော်တို့ ပြည်ကြီး ဘာဖြစ်ဖြစ်ထက် ပိုတာတောင် ကြံစည်ထားလားဆိုတာကို ကျနော့်အမြင်လေးပါ တင်ပြပါမယ်။

မြစ်ဆုံ ရေကာတာကြီးအတွက် မူလတိုင်းတာထားတာ မီဂါဝပ်-၃၅၀၀- ပါ။ ဘန်ကာက တိုင်းတာထား/လေ့လာထားရတာက မီဂါဝပ်-၃၅၀၀-အတွက်ပါ။ ရေကာတာအမြင့်က ပေ-၅၀၀- မရှိနိုင်ပါဘူး။ အဲဒါကို တရုတ်က ကြပ်ပြေး တည်ဆောက်ရေးအတွက် ဒေါ်လာသန်း-၅၀၀၀- လာဘ်ထိုးလိုက်တော့ မီဂါဝပ်-၆၀၀၀-အတွက် တိုင်းတာထားတာမရှိဘဲ စာချုပ်ချုပ် ပေးလိုက်တာကိုက ဥပဒေကြောင်းအရ မှားနေပါပြီ။ ဒါလုပ်ပိုင့်ခွင့်မရှိတဲ့ ကိစ္စပါ။ ဥပမာ အိမ်ဆောက်မယ်ဆိုရင် မြို့တော်စည်ပင်သာယာ ဆီမှာ ဆောက်လုပ်ခွင့် တောင်းခံရပါတယ်။ ဆောက်လုပ်ဖို့ တင်ပြထားတာ တိုင်းတာထားတာက အထပ်-၃၅-ထပ်ပေါ့။ တကယ်ဆောက်တော့ အထပ်-၆၀- ဆောက်လို့ရမလား။ တင်ပြထားတာတာနဲ့  မတူတာ ဆောက်ခွင့်မရှိပါဘူး။

နောက်တစ်ခါပေါ့။ အင်္ဂလိပ်က ကျနော်တို့နိုင်ငံကို အုပ်ချုပ်သွားတာ ရန်ကုန်မြို့ ဘယ်နေရာမှာ မြေသားဘယ်လို ရှိတယ်။ ရေချိုကဘယ်မှာရှိတယ် အကုန်လေ့လာပြီး ထားခဲ့တယ်။ လျှပ်စစ်ဝန်ကြီးဌာနမှာ အင်္ဂလိပ်တိုင်းတာ ထားခဲ့တဲ့ ဆည်တွေ တပုံကြီး စာရင်းနဲ့ အများကြီးရှိပါတယ်။ အခု န.အ.ဖ အစိုးရလက်ထက်မှာ ရေကာတွေ တပြည်လုံးအတိုင်းအတာနဲ့ တည်ဆောက်ရင် မီဂါဝပ်ပေါင်း လေးသောင်းကျော် ရမယ်ဆိုတာ မြန်မာတွေတိုင်းထားတာ မဟုတ်ဘူး။ အင်္ဂလိပ်တွေ တိုင်းထားခဲ့တာ။  အဲဒီစာအုပ်ကြီးကို လျှပ်စစ်ဝန်ကြီးရုံးမှာ ရေအား လျှစ်စစ်အင်ဂျင်နီယာ ဦးစောလွင်(ကွယ်လွန်) ဆီကနေ ကျနော် တောင်းကြည့်ထားရတာပါ။ သူက ကျနော်တိုင်းပြည်အတွက် အတော်လေး အလေးထားမှန်းသိတော့ (မင်းကိုအန်ကယ်ပြချင်ပါတယ်.. မင်းအန်ကယ့်ကို ပြသနာမတက်အောင်တော့ ကတိပေးပါ) ပြောပြီး စာအုပ်ကြီးကို သူ့အိမ်ယူလာပါတယ်။ ကျနော်ကသူ့ အိမ်အလည်သွားပေါ့.. သူက အပြင်သွားနေတော့ ရှောင်နေတဲ့ သဘောလုပ်ပြီး ကျနော်က စာအုပ်ကြီးထဲက ကူးချင်တာတွေ ကူးယူရတာပါ။ ဘုန်းကြီး အာပတ်လွတ် ဆိုတာလိုမျိုးပေါ့။ သူကရခိုင်လူမျိုး။

အဲဒီလို ရေအားလျှပ်စစ်တွေ ထုတ်လုပ်နိုင်တဲ့ အကြောင်းရေးထားတဲ့ ဒီအစီရင်ခံစာ စာအုပ်ကြီးထဲမှာ ဧရာဝတီမြစ်ဆုံကို ထဲ့ရေးထားတာ မတွေ့ရတာပါဘဲ။ တခြားဧရာဝတီ အထက်ပိုင်းက မြစ်ဆုံမရောက်ခင် နေရာက အခုချီဘွေ ဘာညာတွေကို ရေးထားပါတယ်။ စိတ်ထဲမှာ အင်္ဂလိပ်ကိုလိုနီ မသိတာမှ မဟုတ်တာ။ သိပ်သိတာပေါ့။ သူတို့တောင်ဒါကို စိတ်နဲ့တောင် မကြံစည်ဘူးဆိုတာ သုံးသပ်လို့ရပါပြီ။ သန်းရွှေရဲ့ မျိုးချစ်စိတ်နဲ့ သူတချိန်လုံး လက်ညှိးထိုးအော်နေတဲ့ ကိုလိုနီနယ်ချဲ့ရဲ့ စိတ်ထက် မျိုးချစ်စိတ်ကင်းမဲ့နေတာ ပြလိုက်တာပါဘဲ။ မျိုးချစ်စိတ်ဆိုတာ ဘာကိုဆိုလိုတယ်တောင် သိမယ်မထင်ပါဘူး။

ဦးစောလွင်ဟာ ထမံသီရေကာတာကြီးကို ကုလသမဂ္ဂ အကူအညီနဲ့ တိုင်းတာရေးမှာ မြန်မာဘက်က ဦးဆောင်ပါဝင်ခဲ့သူ အင်ဂျင်နီယာချုပ်ပါ။ နိုင်ငံခြားပညာတော်သင် (အင်္ဂလန်ပညာတတ်ဟု ထင်မိပါတယ်)။ ထမံသီရေအား လျှပ်စစ်က မီဂါဝပ်-၁၂၀၀ ဘဲရှိပါတယ်။ အဲဒါကို လေးနှစ်တိုင်းတာရတာပါ။ အခုက မီဂါဝပ်-၆၀၀၀ နဲ့အထက်မှာ နောက်ထပ် ဆည်-ရ-ခု ရှိသေးတယ်။ ဒါကိုလေးလတင် လေ့လာတာ ဘယ်လိုလုပ် ပြည့်စုံလုံလောက်တယ်ဆိုတာ ကျနော် မသိဘူး။ ထမံသီရေအားလျှပ်စစ်က တည်ဆောက်ဖို့ ကုလသမဂ္ဂက သဘောတူ ခွင့်ပြုထားပါတယ်။ ၁၉၇၂- ကနေ ၁၉၇၆ ခုနစ်အထိ လေ့လာရေး လုပ်ခဲ့တာပါ။ ဒါပေမဲ့ လျှပ်စစ်ရောင်းဖို့ အိန္ဒိယနဲ့ စကားပြောတော့ အဲဒီတုန်းက ၀န်ကြီးချုပ်အိန္ဒီယာဂန္ဒီ က ရောင်းရငွေကို အိန္ဒိယ ရှုးပီးငွေနဲ့ ဘဲချေမယ်ဆိုပြီး တဖက်သတ်လုပ်နေလို့ ရပ်ထားရတာပါ။ ဒေါ်လာနဲ့ ပေးချေမယ်ဆိုရင် တည်ဆောက်ဖြစ်ပါတယ်။ နောက်ဆုံးဦိးနေ၀င်းက ၅၀-%ကိုဒေါ်လာ နဲ့ပေးဖို့ အထိ ညှိနိုင်းခဲ့ပါသေးတယ်။
အခုမြစ်ဆုံဆည်ဟာ ပတ်ဝန်းကျင်ဆိုးကျိုးကိုလဲ သေသေချာချာ မလေ့လာရသေး လေ့လာတော့လဲ ရှားပါးတိရိစ္ဆာန်ဆိုရင် စားပစ်ဖို့ သာသိတဲ့ တရုတ်က ဘယ်အလေးထားမှာလဲ။ ရှားလေ ဆေးဘက်ဝင်လေ။ ဒါက ပတ်ဝန်းကျင်ကိစ္စ။ ဒီထက်ပိုအရေးကြီးတာက ဒီဧရာဝတီမြစ်ဆုံကြီးကို သန်းရွှေလက်ထက်မှာကို မြန်မာ့ရုပ်မြင်သံကြား ပေါ်ကနေ အမျိုးသားရေး လက္ခဏာအဖြစ် အကြိမ်ကြိမ် ပြသွားထားပါတယ်။ အမျိုးသားရေး လက္ခဏာဆိုတာ မျိုးချစ်စိတ်ရှိသူတွေသာ အမျိုးသားရေးဆိုတဲ့ တန်ဖိုးထား တတ်ကြတာပါ။ ဟာဒါအရေးမကြီးဘူး ပြောချင်လား။ ရတယ် အဲဒီလိုပြောတဲ့ အကောင်ဟာ မိန်းမသာဆိုရင် အပျိုရည်ဆိုတာ အလေးထားစရာ မလိုပါဘူး။ ပြောတတ်တဲ့ မိန်းမစားနဲ့ တစ်ထေရာထဲပါဘဲ။ ပြည့်တန်ဆာမဆိုတာ ဒီလိုစိတ်ရှိသူတွေက ဖြစ်လာတာများပါတယ်။

တစ်ခါအမျိုးသားရေး လက္ခဏာ ကို သိပ်အလေး မထားချင်သေးရင် လုံခြုံရေး ရှုဒေါင့်ကနေ သုံးသပ်ကြပါမယ်။ သန်းရွှေဟာ ယောက်ျားတန်မဲ့ ၂၀၀၃-မှာ ဒီပဲယင်း မိန်းမယာဉ်တန်းကို သတ်မိပြီး ပြည်သူလူထုက ဒါသူ့လက်ချက်ဆိုတာ အားလုံးက သိလိုက်ပြီဆိုတော့ (ထောက်လှမ်းရေး အစီရင်ခံစာတွေကနေ သိတာပါ) သူ့လုံခြုံရေးအတွက် ကြပ်ပြေးကို တက်သုတ်ရိုက် ဆောက်တယ် ဘာမှမပြီးသေးဘဲ ရွှေ့တယ်။ ဒါကိုတောင် သူစိတ်မှာ မလုံခြုံလို့ နိုင်ငံတော်ဘဏ္ဍာငွေ ရသမျှကို သူစိတ်လုံခြုံမှုအတွက် မြေအောက်လှိုဏ်ခေါင်းတွေ တူးတဲ့အထိ လုပ်ဆောင်ပါတယ်။ တကယ်က အဲဒီလောက် ကြောက်နေစရာ အကြောင်းလဲ မရှိပါဘူး။ မြစ်ဆုံရေကာတာကြီး ပြိုခဲ့သော်လို့ ကြောက်နေသူတွေကို မိုးမပြိုပြိုခဲ့သော် ပြောချင်သူတွေ မင်းတို့ စစ်ဗိုလ်ချုပ်မှူးကြီး ကြယ်လေးပွင့်တပ်ထားပြီး ဖင်တုန်နေတာကိုပြောပါဦး။ တပ်ထားတဲ့ ကြယ်ပွင့်မှ အားမနာ။ မြစ်ဆုံ ရေကာတာကြီးက စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ထိစပ်နေတယ်။ အပေါ်မှာ တိုးလာမဲ့ ရေထုအလေးချိန် (ဖိအား)က တန်ပေါင်းထရီလျှံနဲ့ များမယ်ဆိုတာကိုတော့ အများကြီး စဉ်းစာရမှာပါ။ မကျိုးနိုင်ပါဘူး ဘယ်သူက လည်ပင်းကြိုး တပ်ကြေးအာမခံမှာလဲ။ ပါးစပ်ဖျားနဲ့ အာမခံတာလာမလုပ်နဲ့။ တစ်ခါ ကျနော်က ပိုပြီး သံသယရှိနေတာက သန်းရွှေစကားကိုဘဲ ပြန်ကိုးကား ပြောပါမယ် ။
မြစ်ဆုံဆည်စီမံကိန်းမှ တရုတ် အလုပ်သမားများ မြင်ကွင်း (၂၀၁၁ခုနှစ် ဇူလိုင်လ)
နိုင်ငံတော်သမ္မတသည် လုံခြုံရေးအမြင်ရှိရမည်တဲ့။ လုံခြုံရေးအမြင် ကျနော်မကန့်ကွက်ပါဘူး။ သူတို့ လုံခြုံရေးအတွက်ဘဲလား လို့သာ မေးစရာဖြစ်လာပါပြီ။ နောက် အခုဆောက်နေတာက တရုတ်တွေကို စိတ်လွတ်လက်လွတ် လုပ်ချင်သလို လုပ်ခွင့်ပေးထားပါတယ်။ ကျနော်ကတော့ ကြံကြံဖန်ဖန် တွေးတာမဟုတ်ဘူး။ တရုတ်က နစ်ရှည်စီမံကိန်းတွေ ချတတ်ကြတတ်တာ ဟိုအရင်ကထဲကိုက။ အခုမြစ်ဆုံ ရေကာတာကြီး တည်ဆောက်မယ်။ ဆည်ကြီးအောက်ခြေမှာ ဗုံးလေးငါးခုလောက် မြုပ်ထားမယ်။ မြုပ်ထားလို့ ရနေပြီလေ။ သူတို့လက်၊ သူတို့ခြေ စိတ်ထင်ထိုင်း လုပ်ခွင့်ပေးထားတာကိုး။ ဆယ်နှစ်လောက် ရေအားလျှပ်စစ် အလုပ်ပြထားပြီး မိုးတွေဆက်တိုက် ရွာတတ်တဲ့နှစ်ပေါ့  အခုထိုင်းမှာ ဖြစ်သလို မိုးလွန်ကဲတဲ့ နှစ်တနှစ်မှာ ဆည်အောက်မှာ မြုပ်ထားတဲ့ဗုံးတွေကို တစ်ပြိုင်ထဲ ဖေါက်ခွဲလိုက်မယ်ဆိုရင် မြန်မာပြည်လူဦးရေ ထက်ဝက်ရေဘေး ဒုက္ခရောက်ကုန်မယ်။

အဲဒီမှာ သူတို့တာဝန်ပါ ဇွတ်လုပ်၊ တရုတ်တွေကို ကယ်ဆယ်ရေးဗန်းပြပြီး လူဦးရေ သန်းချီ မြန်မာပြည်ထဲဝင်ခိုင်းမယ်။ တရုတ်ပြည်မှာက ကလေးတစ်ဦးထဲဘဲ ယူခွင့်ပြုတော့ တရုတ်ကလဲ မျိုးဆက်နာမည်ကို သားယောက်ျားလေးကသာ မျိုးဆက်အမည် ဆက်ခံရတဲ့ ထုံးစံဆိုတော့ မိန်းခလေး ကိုယ်ဝန်ဆိုရင် ဖျက်ချကြတော့ အခုတရုတ်ပြည်မှာ ယောက်ျားလေးတွေ အတွက်မိန်းမသိပ်ရှားနေတော့ ကယ်ဆယ်ရေးလုပ်ရင် စောင်မကြည့်ရှုလိုက်ရင် တရုတ်ပြည်ကလူဦးရေ တစ်သန်း ကနေ နှစ်သန်းလဲ လျှော့သွားမယ်။ မြန်မာပြည်မှာ မိန်းမလဲရမယ်။ နိုင်ငံသားလဲဖြစ်လာမယ်။ အို ဘက်စုံ ကိုအိုကေလို့။

ဇွတ်ရောအတင်းရော သူတို့မှာ တာဝန်ရှိပါတယ်အော်.. ဘီလျှံပေါင်းများစွာ အကုန်အကျခံ အိုး မြန်မာတွေကို အိမ်ဆောက်ပေး ဆေးကုသပေး စောင်မကြည့်ရှုလိုက်ကြမဲ့ဖြစ်ခြင်း မျက်စေ့ထဲ မြင်ယောင်ကြည့်စမ်း။ တရုတ်မြန်မာ မောင်ရင်းနှမ ပေါင်းခြင်းခွ စီမံကိန်းကြိးလေ။ ဒီတရုတ်တွေ ဗန်းပြပြီးနောက်ထပ် မှတ်ပုံတင်အတုတွေနဲ့ ခင်ညွှန့်တရုတ်သွင်းပေးသလို ထပ်သွင်းလိုက်ရင် ၂၀၃၀-လောက်ဆိုရင် မြန်မာပြည်က လမ်းတွေမှာ ဗမာစာတွေနေရာမှာ တရုတ်စာတွေ ရေးလိုက်ရပါတော့မယ်။ သေနတ်တစ်ချက်တောင် ဖေါက်နေစရာ မလိုပါဘူး။ မြန်မာမတစ်ယောက် မြန်မာအထီး တစ်ယောက်နဲ့ယူသူကို ထောက်ပံ့ကြေး တိုးတိုးတိတ်တိတ် ပေးတာလဲလုပ်နိုင်တယ်။ ငွေကထောနေတာကော သေနတ်ကျည်ဆံဖိုး မကုန် ကမ္ဘာကလဲ အော်ချက်ထုတ်လို့ မရတဲ့ စီမံကိန်းဆိုတော့ ငွေမျှောတာပေါ့။ ဆွေမျိုးအပေါက်ဖေါ် စီမံကိန်း။

အဲဒီတော့ ပြန်သေသေချာချာ စဉ်းစားလိုက်တော့ သန်းရွှေဟာ သူအလှည့်ကျတော့ ကြောက်တတ်လို့ ကြပ်ပြေးကို ခွေးပြေး၊၀က်ပြေးပြေးတယ်။ တစ်ခါ သူ့လုံခြုံရေးအတွက် သုံးဖို့ငွေ ဒေါ်လာသန်း-၅၀၀၀-ကို ကချင်လူမျိုး လူနှစ်သိန်းမကရဲ့ အသက်ကို စတေးပြီး အဲဒီကငွေနဲ့ ထပ်လုံခြုံအောင် လုပ်ချင်တယ်ဆိုတော့ လွန်လွန်မင်းမင်း အတ္တစိတ် လွန်ကဲနေတာပြနေပြီ။ ကျနော်ဟာနိုင်ငံရေးမှာ တစ်ချိန် ဒီမိုကရက် အင်အားစုတွေ အာဏာရလာရင် ဟိုလူကိုကြိုးစင်တင်၊ ဒီလူကိုသတ်ဆိုတာကို ကန့်ကွက်မဲ့သူပါ။ အမှားတစ်ခုအတွက် လူတစ်ယောက်ကို သတ်တာလဲ မလုပ်ချင်ဘူး။ ထောင်ချတာလည်း မလုပ်ချင်ဘူး။ သူတို့ကို ပြည်သူလူထုကို ကိုယ်တိုင်မှားတာတွေ ဘာတွေလုပ်မိခဲ့ပါတယ် ဆိုတာ ကိုယ်တိုင် ပြည်သူတွေရှေ့ထွက် တောင်းပန်ခိုင်းတာဘဲ လုပ်စေချင်သူပါ။ သူတို့ကို သတ်ရလို့လည်း အကျိုးအမြတ်မရှိပါဘူး။ ထောင်ချရင်လဲ အပိုတောင်ကုန်သေးတယ်။

အခုဒီလို သူ့လုံခြုံရေး (စိတ်ကမလုံခြုံမှုလေး) အတွက် ကချင်လူမျိုးနှစ်သိန်း၊ သုံးသိန်းနဲ့ မြန်မာလူမျိုး နောက်ထပ် သိန်းဂဏန်းများစွာရဲ့ အသက်ကို ရင်းတဲ့အထိ လုပ်ဆောင်လာတာ တော်တော့်ကို အသေ သတ်ပြစ်ချင်စိတ် ပေါက်မိတယ်။ လွန်တာမှ တော်တော်ကို လွနပ်ါတယ် ။

ဆက်လက်ရေးသားပါဦးမည်။ တရုတ်ပြည်မှာ ယန်စီမြစ်ကြီး ညစ်ညမ်းလာမှု နောက် အခုရေကာတာကရတဲ့ လျှပ်စစ်ရောင်းဈေးကို တရုတ်ကပေးထားတာ အလွန်နည်းနေတဲ့ ကိစ္စတွေကို နောက်အပတ်မှာ ဆက်လက်ရေးသား တင်ပြပါဦးမည် ။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

16 comments:

  1. one more example of Chinese ( construction companies) greediness can be seen vividly at

    http://www.telegraph.co.uk/news/worldnews/asia/china/1969382/China-earthquake-Building-work-blamed-for-child-death-toll.html

    quote- Poor construction, often caused by concrete being used without steel reinforcement to cut costs, is common enough to have its own nickname in China – "tofu" building.unquote

    the photos of this kind of greediness can be seen at
    http://www.justice999burma.com/

    ReplyDelete
  2. That is right.I've known about that since before1990 from chinese new paper which they sent to Burma

    ReplyDelete
  3. who can save Burma country .Is there anybody who can save Burma country from China colony.I am one of the Chinese who is born in Burma.

    ReplyDelete
  4. ရွှေမြိုင်ထွန်းOctober 20, 2011 at 11:21 AM

    အရေးကြီးတဲ့အချက်အလက်တွေ သိခွင့်ရတဲ့အတွက်. တန်ဘိုးရှိ
    တဲ့ဆောင်းပါးဖြစ်ပါတယ်။

    ReplyDelete
  5. နိုင်ငံအကျိုးအတွက်တန်ဖိုးရှိတဲ့အကြောင်းအရာတွေကိုသိခွင့်ရလို့ 
    စာဖတ်သူတစ်ယောက်အနေနဲ့ ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete
  6. အရှက်မရှိတရုတ်များ

    http://www.youtube.com/watch?v=hsTuKwTFUfA&feature=feedu

    ReplyDelete
  7. ဗိုလ်ချုပ်မှူးကြီး ကြယ်လေးပွင့်တပ်ထားပြီး ဖင်တုန်နေတာကိုပြောပါဦး။

    ReplyDelete
  8. ဒီလို ဆောင်းပါးတွေမျိုးကျတော့ ဒေါက်တာလှိုင်မြင့်ကို လေးစားပါတယ် ... ဖတ်နေရင်းက မျိုးချစ်စိတ်ဓာတ်တွေ တက်ကြွလာပါတယ် .. ဖယ်ဒရယ်ကိစ္စမှာတော့ လုံးဝမကြိုက်တာအမှန်ဘဲ ...

    မျိုးချစ်စိတ်ဓာတ်တွေ ကိုယ့်နိုင်ငံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမချင်းချင်း သင့်မြတ်မဲ့ ဆောင်းပါးတွေကို များများရေးပေးပါလို့လဲ တိုက်တွန်းပါတယ် ..

    ReplyDelete
  9. မာမီစိန်(တောင်ပြုံး)October 21, 2011 at 3:00 AM

    ဗိုလ်ချုပ်မှူးကြီးဖင်တုံတဲ့အကြောင်းများသိချင်တဲ့သူကရှိသေး၊တကယ်တဲ!
    သိချင်ရင် ဒေါ်ကြိုင်ကြိုင့်ကိုမေးပါလားလို့#^*~!" ဘယ်အရွယ်တုံးက
    အတုံဆုံးလဲ?ဘယ်အချိန်မှာအတုံဆုံးလဲ?တနေ့ဘယ်နှစ်ခါတုံသလဲ?တုံပုံ
    တုံနည်းဘယ်နှစ်နည်းလဲ?တုံခါနီးရင်ဘယ်လိုအမူအရာပြသလဲ?တုံပြီးသွား
    ရင်ဘာပြောသလဲ? ကြုံရင်အသေးစိတ်မေးခဲ့စမ်းပါအေ! မာမီ လဲဝါသနာပါ
    အဲလေ. ယောင်လို့. စိတ်ဝင်စားမှုရှိလို့ပါ။

    ReplyDelete
  10. မွန်လေး(နယူးယောက်)October 21, 2011 at 4:10 AM

    ရှမ်းလေးရေ. ! မျိုးချစ်စိတ်ဓါတ်တွေတက်ကြွလာတာသိရလို့ဝမ်းသာတယ်
    ကွာ၊တက်ကြွတာကောင်းတယ်ကွာ၊တက်ကြွလျင်အထက်ကမြှောက်စားဧ။်
    တဲ့။ကြွတက်ရင်တော့မကောင်းဘူးကွာ၊ကြွတက်လျင်လက်ကဖေါက်ပြားဧ။်တဲ့။
    အထက်ကမြှောက်စားလျင်တိုးတက်ဧ။်တဲ့။လက်ကဖောက်ပြားလျင်ခိုးဝှက်ဧ။်တဲ့။

    ReplyDelete
  11. ဦးလှိုင်မြင့်ရေ..၁၉၉၀ လောက်တုံးက ဒလ ဘက် Yangon New City Project(japan) အကြောင်းလေးသိရင် ပြန်လည်ဖေါ်ထုပ်ပေးပါအုံးဗျာ။ အဲ့ဒိ Project စာအုပ်ကြည့်လိုက်ရတယ် ကောင်းကောင်းမမှတ်မိတော့ဘူးဗျ....

    ReplyDelete
  12. ဒလ ဘက် Yangon New City Project(Japan)က မြန်မာ့လူနေမှု.အဆင့်အတန်းကိုမြှင့်တင်ပေးမဲ့ Project ဗျာ ဘာ့ကြောင့်ပျက်သွားရတာလဲစိုတာလေးသိချင်လိုပါ။ သိရင်တင်ပြပေးစေလိုပါတယ်

    ReplyDelete
  13. ကောင်းတယ် ဆက်ရေး ဒကာတော် .။
    ဦးနေ ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  14. မောင်သိချင်October 23, 2011 at 2:12 AM

    ဆရာရေ. အခု ကဒါဖီရဲ့. နောက်ဆုံးအချိန်တွေကိုကြည့်ပြီး မြန်မာပြည်က
    အာဏာရှင်တွေ ဘယ်လိုခံစားရလဲသိချင်လို့ ဆရာစုံစမ်းတင်ပြပေးပါလား
    ခင်ဗျာ။

    ReplyDelete
  15. သိန်းစိန်(နေပြည်တော်မောနင်းကြက်မီဒီယာ)October 23, 2011 at 3:12 PM

    ကိုသိချင်ခင်ဗျား...ဆရာကအားမှာမဟုတ်ဘူးဗျ။စုံစမ်းပေးဖို့ကျွန်တော့်တာဝန်ထားပါ။ကျွန်တော့်မီဒီယာမှာလုပ်နေတဲ့ကောင်လေးနှစ်ကောင်ကိုခိုင်းလိုက်ပါ့မယ်။အမွှာပူးညီအစ်ကိုနှစ်ကောင်ဗျာ၊ဆိုးလိုက်တာကတော့တာတေ့ကိုလန်နေတာဘဲ...ရပ်ကျော်ရွာကျော်ကိုဆိုးတာ..ဘမျိုးဘိုးတူလို့ပြောရမလားတောင်မသိဘူး။ဒီကောင်တွေသုံးလေးနှစ်သားလောက်မှာသူတို့အဖေကဓါးပြသွားတိုက်ရင်းရွာသားတွေဝိုင်းသတ်လို့ သေပါလေရော။သူတို့အမေကတော့ဘယ်ရောက်သွားတယ်မသိဘူး။ရွာဦးကျောင်းမှာကပ်နေပြီးအရွယ်လေးရလာတော့ဇာတိကပြတော့တာဘဲ.................ဆိုးခိုးမူးယစ်ရမ်းကားပြီးသားပျိုသမီးပျိုတွေကိုဖျက်လိုဖျက်ဆီးလုပ်တော့ရွာကလက်မခံတော့လို့ဆရာတော်လည်းမောင်းထုတ်လိုက်ရတယ်။ကျွန်တော်ကသားသမီးချင်းစာနာပြီးကျွန်တော့်မီဒီယာမှာကြည့်ရှုထားတာပါ။အခုနသတင်းမျိုးတော့ဒီနှစ်ကောင်သိပ်တော်တယ်ဗျ။ခင်ဗျားကြားဘူးမလားတော့မသိဘူး။နှစ်ကောင်လုံးကြဿပတေးသားတွေချည်းဘဲ...မြတ်ခိုင်..နဲ့..မင်းဆွေ..လေဗျာ။

    ReplyDelete
  16. ဒေါက်တာလှိုင်မြင့် နာမည်သုံးပြီး တင်ထားတဲ့ ပို့စ် ကိုဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။


    ဆရာဦးလှိုင်မြင့် ခင်ဗျား

    စစ်တပ်အလိုတော်ရိ ပေါက်လွတ်ပဲစားဘလော့တခုမှာ
    ဆရာ့နာမည်ကိုသုံးပြီး ထပ်ရေးနေတာကို ဆရာသိရှိနိုင်ရန် အကြောင်းကြားပါတယ်ခင်ဗျာ။

    သန်းနိုင်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။