Pages

Sunday, October 2, 2011

ယနေ့နေ့လည်က လှည်းတန်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းရှင်များရဲ့ ဆန္ဒပြပွဲ ဖြစ်ပွားရခြင်းအကြောင်း ပေးပို့လာတဲ့(တိုင်ကြားစာ)

 ဓာတ်ပုံ News Eleven ဂျာနယ်...
ယနေ့လှည်းတန်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းရှင်များရဲ့ ဆန္ဒပြပွဲ ဖြစ်ပွားရခြင်းအကြောင်း ပေးပို့တိုင်ကြားလာတဲ့ စာနဲ့ ရုပ်သံဖိုင်ကို ဖော်ပြလိုက်ပါတယ်..။

ယခုပေးပို့လိုက်သော အမိန့်စာဖြင့် ပြည်မြန်မာကုန်တိုက် အတွင်းရှိဆိုင်များအား သော့များရိုက်ဖွင့်ကာ စာရင်းကောက် ချိတ်ပိတ်ခြင်းများအား ယနေ.၂.၁၀.၂၀၁၁ နံနက် ၉း၀၀ တွင် ပြုလုပ်ခဲ့ခြင်းအပေါ် မကျေနပ်သော ဆိုင်ခန်းရှင်အချို့မှ နစ်နာမှုအားတောင်းခံရန်အတွက် လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြမှု တစ်ရပ်ကို နေ့လည် ၁း၀၀ ခန့်တွင်ပြုလုပ်ခဲ့ကြသည်။ အမေစု အိမ်သို့လည်း အဖွဲ့လိုက် ချီတက်သွားကြောင်း သိရပါတယ်။
အထက်က ပေးပို့လာတဲ့ လေးစက္ကန့်ကြာ Movie ဖိုင်မှာ ပါရှိတာကတော့ စီးပွား/ကူးသန်းမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်မှ ဆိုင်ခန်းရှင်တွေကို နစ်နာကြေး မပေးနိုင်ကြောင်းပြောတဲ့Movie တွေပါ.. ဆိုပြီး ပေးပို့တိုင်ကြားလာပါတယ်...။

အမိန့်စာနဲ့ Movie ဖိုင် ထပ်မံရရှိပါက ဆက်လက်ဖော်ပြပေးပါမယ်...။ 

မတရားမှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ပြည်မြန်မာကုန်တိုက်အကြောင်း ယခင်ပေးပို့လာတဲ့ တိုင်ကြားစာနဲ့ ဆက်စပ်သတင်းများအား အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်...။
ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ လုပ်သားပြည်သူများ၏ တိုင်ကြားစာ...
(၂၅ရက်နေ့ ဇူလိုင်လက ပေးပို့လာတဲ့ တိုင်ကြားစာ)
ရန်ကုန်မြို့ကမာရွတ်၊ လှည်းတန်းက ပြည်မြန်မာ ကုန်တိုက်ကို AA medical products က လေလံဆွဲသွားပြီးတဲ့ နောက်မှာ ကုန်တိုက် အတွင်းမှာ ဖွင့်ခဲ့တဲ့ဆိုင်တွေကို လူသားချင်းစာနာ ထောက်ထားမှု မရှိပဲ နစ်နာကြေးတောင်းခံမှုအပေါ် မသိကျိုးကျွန်ပြုကာ စီးပွား/ကူးသန်းနှင်AA medical products တို့ ပူးပေါင်းပြီး ဆိုင်ခန်းရှင်မျာကို အနိုင်ကျင့် မောင်းထုတ်တဲ့ အကြောင်းလေးစုံစမ်းပြီး အများသိအောင် ပြည်သူတွေ အနှိပ်စက်ခံဘ၀တွေကို ဖော်ထုတ်ပေးပါဦး။ ပြည်ပ media တွေပါသိအောင်ပြောပြပေးပါဦး။ ဆိုပြီး ပေးပို့၊ တိုင်ကြားလာပါတယ်..။

ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ တိုင်းရင်းသား လုပ်သားပြည်သူများရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံသို့ ၄ရက် ၄လ ၂၀၁၁နေ့စွဲနဲ့ တိုင်ကြားခဲ့တဲ့ စာပါ...။ စာပါအကြောင်းအရာများအရ ...

အဆိုပါစာအား (၁၈)ကြိမ်ခန့် သမ္မတဦးသိန်းစိန်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနသို့ တိုင်ကြားခဲ့သော်လည်း လုံးဝပြန်လည် အကြောင်းပြန်ကြားချင်း မရှိဘူးလို့ ဆိုပါတယ်...။ စာပါအကြောင်းအရာများအရ ဆိုင်ခန်းပိုင်ရှင်များမှ ကိုယ်ထူကိုယ်ထ၊ ကိုယ့်စားရိတ်ကိုယ်စိုက် နှစ်စဉ်မွမ်းမံ ပြုပြင်ခဲ့တဲ့ ပြည်မြန်မာကုန်တိုက်အား နောက်ဆုံးမှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက AA medical productsကို လေလံတင် ရောင်းချလိုက်တာ ဖြစ်ပါတယ်...။

AA Medical Products Ltd. လိပ်စာကတော့...
* 408/410, 7th Flr, Maha Bandoola Rd., Corner of 35th St., Samsung Plaza, Ward (3)
* Phone: 249592~3, 391644~50
* Fax: 246896,
* Email: aa.medical@mptmail.net.mm


ပြည်မြန်မာကုန်တိုက်မှ လုပ်သားပြည်သူများ၏ တိုင်ကြားစာ

ဆက်စပ်သတင်းများ
ကိုနစ်နေမန်း ဘလော့(ဂ်)
http://niknayman-niknayman.blogspot.com/2011/07/blog-post_8916.html

http://niknayman-niknayman.blogspot.com/2011/07/blog-post_12.html

News Eleven ဂျာနယ်ပါ..။
ဝေဒနာတွေ ကြားထဲက လှည်းတန်း

2 comments:

  1. AA medical products ပိုင်ရှင်ဦးမြတ်သင်းအောင်ဟာ တရုတ်ပဲ.တရုတ်တွေမြန်မာပြည်မှာလူပါးဝနေတာကြာနေပါပီ..ဧရာဝတီတမျိုး.စစ်ဗိုလ်ချုပ်တွေနဲ့ပူးပေါင်းပီးလူထုအပေါ်အနိုင်ကျင့်နေတာတမျိုးပါ..
    ဦးမြတ်သင်းအောင်ဟာစစ်ဗိုလ်ချုပ်တွေရဲ့ငွေတွေနဲ့စီပွားရေးလုပ်ကိုင်ပီး.လစဉ်.နှစ်စဉ်.အမြတ်အစွန်းတွေကိုပေးနေရတဲ့သူဘဲ.တနည်းအားဖြင့်တေဇနဲ့အတူတူပါဘဲ..သူ့ရဲ့လုပ်ငန်းတွေအတော်များများရှိပါတယ်.လိုင်သာစက်မူ့ဇုံ.ရွှေပြည်သာစက်မူ့ဇုံ.တောင်ဒဂုံစက်မူ့ဇုံတွေမှာ.စစ်ဗိုလ်ချူပ်တွေရဲ့ငွေတွေနဲ့.ရင်းနှီးမြုတ်နှံထားတာ.သန်းနဲ့ချီပီးရှိပါတယ်..စစ်အုပ်စုရဲ့အလိုတော်ရိတစ်ဦးဖြစ်ပီး.ပြည်သူလူထုတွေရဲ့.ငွေတွေကိုစစ်ဗိုလ်တွေနဲ့ပေါင်းပီး.လုပ်စားနေသောတရုတ်တစ်ယောက်ဖြစ်ပါတယ်.
    ယခုကိစ္စမှာလဲ.စစ်ဗိုလချုပ်များနဲ့အပေးအယူလုပ်ပီးအပိုင်စီး.အနိုင်ကျင့်ခြင်းသာဖြစ်ပါတယ်.နစ်နာသူများအားလုံး.လုံးဝဖယ်မပေးပဲမိမိတို့ရပိုင်ခွငိ့တွေကိုမရရအောင်တောင်းကြပါ.
    ဦးမြတ်သင်းအောင်အကြာင်းသိသူတဦး...

    ReplyDelete
  2. အကီး(တိုကျို၊ဂျပန်)October 3, 2011 at 4:46 PM

    ကျွန်တော်လဲမြန်မာပြည်မှာမွေးတဲ့. တရုတ်ကပြားဖြစ်ပါတယ်၊. လူမျိုး
    ချင်းတူပေမဲ့. မွေဖွားကြီးပြင်းတဲ့. နိုင်ငံပေါ်မှာမူတည်ပြီး. လူမှုဆက်
    ဆံရေး. အကျင့်စရိုက်မတူညီကြပါဘူး၊. ဥပမာ. ထိုင်ဝမ်တရုတ်နဲ့
    ပြည်ကြီးတရုတ်၊. တောင်ကိုးရီးယားနဲ့မြောက်ကိုးရီးယား။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။