ယနေ့ မနက်ပိုင်းက အင်စိန်ထောင်ရှေ့ မြင်ကွင်း
ဓာတ်ပုံ AP
ဓာတ်ပုံ AP
လောလောဆယ် နိုင်ငံရေးအကျဉ်းသား လတ်တလော ရရှိပြီး စာရင်းအရ ၁၀၀ဦးခန့် ရှိပြီဖြစ်ကြောင်း သိရှိရပါသည်..။
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် နောက်ဆုံးရ သတင်းတိုများ...
ရင်းမြစ် The Voice Weekly Facebook
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့တွင် ဘူးသီးတောင် အကျဉ်းထောင် အကျဉ်းကျခံနေရသူများ အနက်မှ ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း) နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အထိ စုံစမ်းရရှိသော သတင်းများအရ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ လွတ်မြောက်လာသူများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး (တောင်ဥက္ကလာ) တို့ မပါဝင်သေးကြောင်း၊ လွတ်ပေးသည့်စနစ်ကိုလည်း မသိရှိရသေးဘဲ အသုတ်လိုက် ခွဲလွှတ်သည့် စနစ်ဖြစ်ပါက နောက်ပိုင်းရက်များတွင် လွတ်မြောက်လာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။
» ဟာသအနုပညာရှင် ဇာဂနာကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က အခြား ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အကျဉ်းသား တစ်ဦးနှင့်အတူ မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်ပေးလိုက်ပြီ ဖြစ်ပြီး ယနေ့တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာဖွယ် ရှိကြောင်း သိရှိရသည်။
» ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် (SNLD) သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
» ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့လွတ်မြောက်လာမည့်သူများတွင် အကောက်ခွန် ဝန်ထမ်းဟောင်းများနှင့် စစ်ထောက်လှမ်းရေးများ အများအပြား ပါဝင်လာဖွယ်ရှိကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရသည်။
» မြစ်ကြီးနား အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော နာမည်ကျော် ဟာသအနုပညာရှင် မောင်သူရ (ခေါ်) ဇာဂနာ သည် နာရီပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာတော့မည် ဖြစ်ကြောင်း ခိုင်လုံသေချာသည့် သတင်းရပ်ကွက်တစ်ခုထံမှ သိရသည်။
လားရှိုးအကျဉ်းထောင်မှ အကျဉ်းသား ၉၂ ယောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည် ဖြစ်ပြီး လက်ရှိ အချိန်အထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၄ ဦး လွတ်မြောက်မည့် စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။ ၎င်းတို့မှာ ဦးစိန္တိမာ၊ ဦးအောင်ဇော်ဦး (NLD)၊ ဦးအုန်းကျော် (NLD)၊ တင်တင်ချို (NLD) ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ပူတာအို အကျဉ်းထောင်မှ ဒေါ်ဝင်းမြမြနှင့် ကသာအကျဉ်းထောင်မှ ဦးစောလှိုင် (အင်းတော် လွှတ်တော်အမတ် - NLD) တို့လည်း ပြန်လည် လွတ်မြောက်လာကြောင်းလည်း သိရသည်။
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင် အကျဉ်းသား ၆၄၂ ဦး လွတ်မြောက်လာမည် ဖြစ်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၇ ဦးသာ ပါဝင်ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က ပြောကြားသည်။
တောင်ကြီးအကျဉ်းထောင်မှ အကျဉ်းသား အယောက် ၂၀၀ ခန့်လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီး လက်ရှိရရှိသော သတင်းများအရ အသက် ၇၂ နှစ် ရှိပြီ ဖြစ်သော တောင်ကြီး NLD မှ ဦးကျော်ခင် ပါဝင်ကြောင်း သိရသည်။
သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား ၆၅ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၉ ဦး ပါဝင်ပြီး ၎င်းတို့၏ အမည်စာရင်း အချို့မှာ အရှင် နန္ဒဝံသ၊ အရှင် တေဇိန္ဒ၊ ကိုကြည်လွင်၊ ကိုစိုးမြင့်၊ ကိုစိုးလှိုင်၊ မဇန်ဇန်၊ ကိုကျော်မျိုးဝင်း၊ ဦးညွန့်မောင်၊ ကိုလှဝင်း၊ မငယ်၊ ကိုမောင်ဇော်တို့ဖြစ်သည်။

The Voice Weekly Facebook စာမျက်နှာမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်..

"သတ္တုကုလားပဲသည်". ငယ်ငယ်တုံးက. ကုလားတွေက. ကျွန်တော်
ReplyDeleteတို့ဆီကတန်ဘိုးကြီးတဲ့. သတ္တုတွေကို. သူတို့ဆီက. ကုလားပဲတွေနဲ့
အလေးချိန်ဆတူ. အလဲခံခဲ့ရတာကို. ပြန်သတိရမိတယ်ဗျာ၊. အခုလဲ
ကျွန်တော်တို့ရဲ့. တန်ဘိုးကြီးလှတဲ့. နိုင်ငံရေးအကျဉ်းသားသတ္တုတွေကို
ကုလားပဲနဲ့လဲပြီး. ပြန်မပေးတော့ပါဘူးဗျာ။
ဗမာတွေ သိတ်ခက်တယ်။ နှစ် ၅ဝ လုံးလုံး စစ်အုပ်စုက နည်းပေါင်းစုံနဲ့ လိမ်လာတာကို အခါခါ ခံလာရပြီးလဲ အမှတ်မရှိသေးဘူး။
ReplyDeleteအရပ်သားအယောင်ဆောင်အစိုးရက ဘာအပြစ်မှ မရှိဘဲ မတရား အမှုဆင် အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ထဲက ၂ဝ၆ ယောက်ထဲ လွှတ်ပေးတာပါ။ ဒါကလဲ ဟန်ပြ နာမည်ခံဖို့ လွှတ်ပြတာပါ။ အဟုတ်မှတ်မနေကြပါနဲ့။
ပြည်တွင်း၊ ပြည်ပ ဖိအားတွေကြောင့် အာရပ်နိုင်ငံတွေမှာလို လူထုအုံကြွမှုတွေ ဖြစ်လာမှာစိုးလို့ အပေါ်ယံ အပြောင်းအလဲလေးတွေကို ဟန်ပြ ပြောင်းပြတာပါ။
"ဒီထက် လိမ်ရရင် ပြတ်ရုံ ရှိတော့မပေါ့" ဆိုတာလေး ကြားဖူးကြသလား။
ဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်း ပေါင်းထားတာ။
အော်... မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။
အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး....
မြွေဆိုရင် မြွေလိုပဲ မြင် ... နိုင်ကြပါစေ။ဘာအပြစ်မှ မရှိဘဲ မတရား အမှုဆင် အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ထဲက ၂ဝ၇ ယောက်ထဲ လွှတ်ပေးတာပါ။ ဒါကလဲ ဟန်ပြ နာမည်ခံဖို့ လွှတ်ပြတာပါ။
ပြည်တွင်း၊ ပြည်ပ ဖိအားတွေကြောင့် အာရပ်နိုင်ငံတွေမှာလို လူထုအုံကြွမှုတွေ ဖြစ်လာမှာစိုးလို့ အပေါ်ယံ အပြောင်းအလဲလေးတွေကို ဟန်ပြ ပြောင်းပြတာပါ။
"ဒီထက် လိမ်ရရင် ပြတ်ရုံ ရှိတော့မပေါ့" ဆိုတာလေး ကြားဖူးကြသလား။
ဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်း ပေါင်းထားတာ။
အော်... မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။
အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး....
မြွေဆိုရင် မြွေလိုပဲ မြင် ... နိုင်ကြပါစေ။